မလေးရှားမှာ တရုတ်နိုင်ငံမှ တင်သွင်းလာတဲ့ ငါးသေတ္တာ စည်သွတ်ဘူး ၁၆ တန်ကျော်မှာ ကပ်ပါးပိုးကောင်များ တွေ့ရှိ

 221

ရောင်နီ (NP News) - ဧပြီ ၂၆

မလေးရှားမှာ စင်ကာပူနိုင်ငံမှတစ်ဆင့် တင်သွင်းလာတဲ့ တရုတ်နိုင်ငံ ထုတ်၊ ငါးသေတ္တာ စည်သွတ်ဘူး ၁၆ တန် ကျော်မှာ ကပ်ပါးပိုးတွေ ပါလာတာကို တွေ့ရှိသိမ်းဆည်းမိတယ်လို့ မလေးရှားအာဏာပိုင်တွေက ပြောပါတယ်။

Malaysian Quarantine and Inspection Services Department (Maqis) မှ ကောက်ယူ ရရှိထားတဲ့ နမူနာတွေမှာ စားသုံးမိရင် ဗိုက်နာခြင်း၊ ပျို့အန်ခြင်း၊ အော့အန်ခြင်းနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါတို့ ဖြစ်နိုင်တဲ့ ကပ်ပါးပိုးအမျိုးအစားတစ်ခုဖြစ်တဲ့ anisakis သန်ကောင်တွေနဲ့ အခြားညစ်ညမ်းမှုတွေကို တွေ့ရတယ်လို့ ဆိုပါတယ်။

အဆိုပါ ငါးသေတ္တာတွေဟာ မတ်လ ၂၇ ရက်က တရုတ်နိုင်ငံမှ RM 83,879 (S$ 24,000) တန်ဖိုးရှိ စည်သွတ်ဗူးတွေ မလေးရှားနိုင်ငံသို့ရောက်ရှိလာတာဖြစ်ပြီး Johor Bahru ရှိ Bangunan Sultan Iskandar (BSI) စစ်ဆေးရေးဂိတ်ရှိ အကောက်ခွန်၊ လူဝင်မှုကြီးကြပ်ရေး၊ Quarantine Complex မှာ သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။

မလေးရှားနိုင်ငံမှာ ရောဂါဖြစ်စေတဲ့ ညစ်ညမ်းပစ္စည်းများ တင်သွင်းခြင်းအတွက် ပြစ်မှုထင်ရှားရင် ရင်းဂစ်တစ်သိန်း အထိ ဒဏ်ရိုက်နိုင်ပြီး ထောင်ဒဏ် ခြောက်နှစ်အထိ (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ သိရပါ တယ်။

Zawgyi Version;
မေလးရွားမွာ တ႐ုတ္ႏိုင္ငံမွ တင္သြင္းလာတဲ့ ငါးေသတၱာ စည္သြတ္ဘူး ၁၆ တန္ေက်ာ္မွာ ကပ္ပါးပိုးေကာင္မ်ား ေတြ႕ရွိ
ေရာင္နီ (NP News) - ဧၿပီ ၂၆

မေလးရွားမွာ စင္ကာပူႏိုင္ငံမွတစ္ဆင့္ တင္သြင္းလာတဲ့ တ႐ုတ္ႏိုင္ငံ ထုတ္၊ ငါးေသတၱာ စည္သြတ္ဘူး ၁၆ တန္ ေက်ာ္မွာ ကပ္ပါးပိုးေတြ ပါလာတာကို ေတြ႕ရွိသိမ္းဆည္းမိတယ္လို႔ မေလးရွားအာဏာပိုင္ေတြက ေျပာပါတယ္။

Malaysian Quarantine and Inspection Services Department (Maqis) မွ ေကာက္ယူ ရရွိထားတဲ့ နမူနာေတြမွာ စားသုံးမိရင္ ဗိုက္နာျခင္း၊ ပ်ိဳ႕အန္ျခင္း၊ ေအာ့အန္ျခင္းနဲ႔ ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါတို႔ ျဖစ္ႏိုင္တဲ့ ကပ္ပါးပိုးအမ်ိဳးအစားတစ္ခုျဖစ္တဲ့ anisakis သန္ေကာင္ေတြနဲ႔ အျခားညစ္ညမ္းမႈေတြကို ေတြ႕ရတယ္လို႔ ဆိုပါတယ္။

အဆိုပါ ငါးေသတၱာေတြဟာ မတ္လ ၂၇ ရက္က တ႐ုတ္ႏိုင္ငံမွ RM 83,879 (S$ 24,000) တန္ဖိုးရွိ စည္သြတ္ဗူးေတြ မေလးရွားႏိုင္ငံသို႔ေရာက္ရွိလာတာျဖစ္ၿပီး Johor Bahru ရွိ Bangunan Sultan Iskandar (BSI) စစ္ေဆးေရးဂိတ္ရွိ အေကာက္ခြန္၊ လူဝင္မႈႀကီးၾကပ္ေရး၊ Quarantine Complex မွာ သိမ္းဆည္းရမိခဲ့တာျဖစ္ပါတယ္။

မေလးရွားႏိုင္ငံမွာ ေရာဂါျဖစ္ေစတဲ့ ညစ္ညမ္းပစၥည္းမ်ား တင္သြင္းျခင္းအတြက္ ျပစ္မႈထင္ရွားရင္ ရင္းဂစ္တစ္သိန္း အထိ ဒဏ္႐ိုက္ႏိုင္ၿပီး ေထာင္ဒဏ္ ေျခာက္ႏွစ္အထိ (သို႔မဟုတ္) ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ႏိုင္တယ္လို႔ သိရပါ တယ္။

Related news

© 2021. All rights reserved.