မြန်မာနိုင်ငံ၏ ခေါင်မိုးတွင် ရွာတည်ထားသည်ဟု တင်စားဖွယ်ရှိနေသော ရေခဲတောင်များအလယ်က ရှိန်းခေါင်ရွာ သို့ လည်ပတ်ရန် စိတ်ဝင်စားမှုများနေ

 7899

‌စော (NP News) - ဧပြီ ၂၇

မြန်မာနိုင်ငံ၏ ခေါင်မိုးတွင် ရွာတည်ထားသည်ဟု တင်စားဖွယ်ရှိနေသော ရေခဲတောင်များအလယ်က ရှိန်းခေါင်ရွာ သို့လည်ပတ်ရန် စိတ်ဝင်စားမှုများနေကြောင်း ခရီးသွားတိုးဂိုက်စီစဉ်သူ ကိုမိုးမင်းသိန်းက NP News ကို ပြောကြား သည်။

ရှိန်းခေါင်ရွာသည် ကချင်ပြည်နယ်၊ ခေါင်လန်းဖူးမြို့နယ်တွင် တည်ရှိခြင်းဖြစ်ပြီး ခရီးသွားများ လည်ပတ်ရန် စိတ်ဝင်စားမှုများရှိနေသော်လည်း လမ်းပန်းဆက်သွယ်ရေးအခြေအနေကြောင့် သွားရောက်ရန် ခက်ခဲနေသေး ကြောင်း သိရသည်။

အဆိုပါရွာသို့ ပူတာအိုမြို့မှ သွားမည်ဆိုပါက ကား၊ ဆိုင်ကယ်၊ ခြေလျင် အဆင့်ဆင့်သွားရမည်ဖြစ်ကြောင်း သိရသည်။

“အဓိက ရေခဲပေါ့။ အဲဒီရွာက ရေခဲနှင်းကျတယ်ဆိုတော့။ မြန်မာပြည်ကျ ရေခဲတောင်ကျတော့ တက်ရတာ အရမ်း ခက်ခဲတယ်။ လမ်းလည်းမလျှောက်နိုင်ဘူး။ တောင်လည်းမတက်နိုင်ကျတော့ ကျန်တဲ့တောင်တွေကျတော့ အရမ်း ပင်ပန်းတော့ မသွားချင်ကြဘူး။ ရှိန်းခေါင်ကျတော့ ကားလမ်း‌ပေါက်တယ်လို့ အဲဒီလိုမျိုး သတင်းလေးပျံနေတော့ အဲဒါလေးကို စိတ်ဝင်စားကြတာပေါ့” ဟု ၎င်းက ပြောသည်။

ရှိန်းခေါင်ရွာသို့ သွားရောက်လည်ပတ်ရန် စိတ်ဝင်စားသူများသည် အဆိုပါကျေးရွာများ၏ မြင်ကွင်းကို အွန်လိုင်းက တွေ့မြင်ကာ သွားရောက်လိုကြခြင်းဖြစ်ကြောင်း သိရသည်။

ရှိန်းခေါင်းရွာသို့ သွားရောက်လည်ပတ်ရာတွင် နိုဝင်ဘာလမှ မတ်လအတွင်းသည် သွားရောက်လည်ပတ်ရန် အကောင်းဆုံးအချိန်ဖြစ်ပြီး လမ်းတစ်လျှောက်တွင် မလိခမြစ်၊ မေခမြစ် မြစ်နှစ်သွယ်နှင့်အတူ ဒေသခံများသည့် လူနေမှုပုံစံနှင့် ‌ရေခဲတောင်များကိုလည်း ဝဲယာတွင် တွေ့မြင်ရမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ျမန္မာႏိုင္ငံ၏ ေခါင္မိုးတြင္ ႐ြာတည္ထားသည္ဟု တင္စားဖြယ္ရွိေနေသာ ေရခဲေတာင္မ်ားအလယ္က ရွိန္းေခါင္႐ြာ သို႔ လည္ပတ္ရန္ စိတ္ဝင္စားမႈမ်ားေန
‌ေစာ (NP News) - ဧၿပီ ၂၇

ျမန္မာႏိုင္ငံ၏ ေခါင္မိုးတြင္ ႐ြာတည္ထားသည္ဟု တင္စားဖြယ္ရွိေနေသာ ေရခဲေတာင္မ်ားအလယ္က ရွိန္းေခါင္႐ြာ သို႔လည္ပတ္ရန္ စိတ္ဝင္စားမႈမ်ားေနေၾကာင္း ခရီးသြားတိုးဂိုက္စီစဥ္သူ ကိုမိုးမင္းသိန္းက NP News ကို ေျပာၾကား သည္။

ရွိန္းေခါင္႐ြာသည္ ကခ်င္ျပည္နယ္၊ ေခါင္လန္းဖူးၿမိဳ႕နယ္တြင္ တည္ရွိျခင္းျဖစ္ၿပီး ခရီးသြားမ်ား လည္ပတ္ရန္ စိတ္ဝင္စားမႈမ်ားရွိေနေသာ္လည္း လမ္းပန္းဆက္သြယ္ေရးအေျခအေနေၾကာင့္ သြားေရာက္ရန္ ခက္ခဲေနေသး ေၾကာင္း သိရသည္။

အဆိုပါ႐ြာသို႔ ပူတာအိုၿမိဳ႕မွ သြားမည္ဆိုပါက ကား၊ ဆိုင္ကယ္၊ ေျခလ်င္ အဆင့္ဆင့္သြားရမည္ျဖစ္ေၾကာင္း သိရသည္။

“အဓိက ေရခဲေပါ့။ အဲဒီ႐ြာက ေရခဲႏွင္းက်တယ္ဆိုေတာ့။ ျမန္မာျပည္က် ေရခဲေတာင္က်ေတာ့ တက္ရတာ အရမ္း ခက္ခဲတယ္။ လမ္းလည္းမေလွ်ာက္ႏိုင္ဘူး။ ေတာင္လည္းမတက္ႏိုင္က်ေတာ့ က်န္တဲ့ေတာင္ေတြက်ေတာ့ အရမ္း ပင္ပန္းေတာ့ မသြားခ်င္ၾကဘူး။ ရွိန္းေခါင္က်ေတာ့ ကားလမ္း‌ေပါက္တယ္လို႔ အဲဒီလိုမ်ိဳး သတင္းေလးပ်ံေနေတာ့ အဲဒါေလးကို စိတ္ဝင္စားၾကတာေပါ့” ဟု ၎က ေျပာသည္။

ရွိန္းေခါင္႐ြာသို႔ သြားေရာက္လည္ပတ္ရန္ စိတ္ဝင္စားသူမ်ားသည္ အဆိုပါေက်း႐ြာမ်ား၏ ျမင္ကြင္းကို အြန္လိုင္းက ေတြ႕ျမင္ကာ သြားေရာက္လိုၾကျခင္းျဖစ္ေၾကာင္း သိရသည္။

ရွိန္းေခါင္း႐ြာသို႔ သြားေရာက္လည္ပတ္ရာတြင္ ႏိုဝင္ဘာလမွ မတ္လအတြင္းသည္ သြားေရာက္လည္ပတ္ရန္ အေကာင္းဆုံးအခ်ိန္ျဖစ္ၿပီး လမ္းတစ္ေလွ်ာက္တြင္ မလိချမစ္၊ ေမချမစ္ ျမစ္ႏွစ္သြယ္ႏွင့္အတူ ေဒသခံမ်ားသည့္ လူေနမႈပုံစံႏွင့္ ‌ေရခဲေတာင္မ်ားကိုလည္း ဝဲယာတြင္ ေတြ႕ျမင္ရမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.