နိုင်ငံကူးလက်မှတ်ပြုလုပ်ရန်အတွက် Online Booking စနစ် လျှောက်ထားနိုင်ပြီး မြို့ (၁၁)ခုကို ထပ်မံထိုးချဲ့ထား

 2524

‌စော (NP News) - ဧပြီ ၂၇

နိုင်ငံကူးလက်မှတ်ပြုလုပ်ရန်အတွက် Online Booking စနစ်လျှောက်ထားနိုင်ပြီး မြို့ (၁၁)ခုကို ထပ်မံတိုးချဲ့ထား ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက ဧပြီလ (၂၆)ရက်တွင် အသိပေးကြေညာထားသည်။

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့အနေဖြင့် နိုင်ငံကူးလက်မှတ်များအား Online Booking စနစ်ဖြင့် မူလက လျှောက်ထားခွင့်ပြုရာတွင် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (ရန်ကုန်)တွင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်ကလည်းကောင်း၊ နေပြည်တော်၊ မန္တလေး၊ ပုသိမ်၊ ပဲခူးတို့တွင် ယခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်တို့က လည်းကောင်း စတင်ထုတ်ပေးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ထပ်တိုးမြို့နယ်များအနေဖြင့် မြစ်ကြီးနား၊ မုံရွာ၊ လားရှိုး၊ တောင်ကြီး၊ ကျိုင်းတုံ၊ စစ်တွေ၊ ဟားခါး၊ ဘားအံ၊ မော်လမြိုင်၊ ထားဝယ် နှင့် မကွေးတို့တွင် မေလ ၂ ရက်နေ့မှ စ၍ Online Appointment System ဖြင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက ဆိုသည်။

အလားတူ နေပြည်တော်ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲတွင် ရန်ကုန်တိုင်းဒေသကြီးအိမ်ထောင်စုစာရင်း နှင့် Online Booking လျှောက်ထားနိုင်ပြီး ကယားပြည်နယ် အိမ်ထောင်စုစာရင်းဝင်သူများသည် ပြည်နယ်အစိုးရ အဖွဲ့ (သို့မဟုတ်) တိုင်းစစ်ဌာနချုပ် ထောက်ခံချက်ဖြင့် တောင်ကြီးရုံးခွဲကို ရွေးချယ်လျှောက်ထားနိုင်ကြောင်း သိရသည်။

ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ရုံးခွဲများတွင် သက်ဆိုင်ရာအိမ်ထောင်စုစာရင်းဝင်များကိုသာ လက်ခံ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နှင့် နိုင်ငံကူးလက်မှတ်လျှောက်ထားမည့်သူများသည် မေလ ၁ ရက်၊ နံနက် ၉ နာရီမှစ၍ ရက်ချိန်းယူနိုင်ကြောင်း သိရသည်။

Zawgyi Version;
ႏိုင္ငံကူးလက္မွတ္ျပဳလုပ္ရန္အတြက္ Online Booking စနစ္ ေလွ်ာက္ထားႏိုင္ၿပီး ၿမိဳ႕ (၁၁)ခုကို ထပ္မံထိုးခ်ဲ႕ထား
‌ေစာ (NP News) - ဧၿပီ ၂၇

ႏိုင္ငံကူးလက္မွတ္ျပဳလုပ္ရန္အတြက္ Online Booking စနစ္ေလွ်ာက္ထားႏိုင္ၿပီး ၿမိဳ႕ (၁၁)ခုကို ထပ္မံတိုးခ်ဲ႕ထား ေၾကာင္း ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရး႐ုံးက ဧၿပီလ (၂၆)ရက္တြင္ အသိေပးေၾကညာထားသည္။

ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရးအဖြဲ႕အေနျဖင့္ ႏိုင္ငံကူးလက္မွတ္မ်ားအား Online Booking စနစ္ျဖင့္ မူလက ေလွ်ာက္ထားခြင့္ျပဳရာတြင္ ႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရး႐ုံး (ရန္ကုန္)တြင္ ၂၀၂၃ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂၄ ရက္ကလည္းေကာင္း၊ ေနျပည္ေတာ္၊ မႏၲေလး၊ ပုသိမ္၊ ပဲခူးတို႔တြင္ ယခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂၆ ရက္တို႔က လည္းေကာင္း စတင္ထုတ္ေပးခဲ့ျခင္းျဖစ္သည္။

ထို႔ျပင္ ထပ္တိုးၿမိဳ႕နယ္မ်ားအေနျဖင့္ ျမစ္ႀကီးနား၊ မုံ႐ြာ၊ လားရႈိး၊ ေတာင္ႀကီး၊ က်ိဳင္းတုံ၊ စစ္ေတြ၊ ဟားခါး၊ ဘားအံ၊ ေမာ္လၿမိဳင္၊ ထားဝယ္ ႏွင့္ မေကြးတို႔တြင္ ေမလ ၂ ရက္ေန႔မွ စ၍ Online Appointment System ျဖင့္ ေဆာင္႐ြက္ သြားမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရး႐ုံးက ဆိုသည္။

အလားတူ ေနျပည္ေတာ္ရွိ ႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရး႐ုံးခြဲတြင္ ရန္ကုန္တိုင္းေဒသႀကီးအိမ္ေထာင္စုစာရင္း ႏွင့္ Online Booking ေလွ်ာက္ထားႏိုင္ၿပီး ကယားျပည္နယ္ အိမ္ေထာင္စုစာရင္းဝင္သူမ်ားသည္ ျပည္နယ္အစိုးရ အဖြဲ႕ (သို႔မဟုတ္) တိုင္းစစ္ဌာနခ်ဳပ္ ေထာက္ခံခ်က္ျဖင့္ ေတာင္ႀကီး႐ုံးခြဲကို ေ႐ြးခ်ယ္ေလွ်ာက္ထားႏိုင္ေၾကာင္း သိရသည္။

က်န္ျပည္နယ္ႏွင့္ တိုင္းေဒသႀကီးမ်ားရွိ ႐ုံးခြဲမ်ားတြင္ သက္ဆိုင္ရာအိမ္ေထာင္စုစာရင္းဝင္မ်ားကိုသာ လက္ခံ ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း ႏွင့္ ႏိုင္ငံကူးလက္မွတ္ေလွ်ာက္ထားမည့္သူမ်ားသည္ ေမလ ၁ ရက္၊ နံနက္ ၉ နာရီမွစ၍ ရက္ခ်ိန္းယူႏိုင္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.