အစ္စရေးစစ်သားတွေ လူအခွင့်အရေးချိုးဖောက်ခဲ့ပေမယ့် အမေရိကန်အစိုးရက အရေးယူမယ့် အစီအစဉ်မရှိသေး ဟုဆို

 543

ဂျန်ဇက် (NP News) - ဧပြီ ၃ဝ

အမေရိကန်အစိုးရက အစ္စရေးစစ်တပ်ရဲ့တပ်ဖွဲ့ အနည်းဆုံး ၅ ဖွဲ့ဟာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့နဲ့ နောက်ဆုံး ဖြစ်ပွားတဲ့ စစ်ပွဲအတွင်း လူအခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့တယ်လို့ စွပ်စွဲပြောဆိုခဲ့ပေမယ့် အစ္စရေးနိုင်ငံကို အရေး ပိတ်ဆို့မှုတွေချခြင်း (သို့မဟုတ်) စစ်ရေးအကူအညီပေးခြင်း၊ ကန့်သတ်တာတွေ လုပ်ဆောင်မှာ မဟုတ်ကြောင်း သိရပါတယ်။

အစ္စရေးစစ်သားတွေဟာ ဂါဇာစစ်ပွဲမှာ လူအခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့တယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူ တွေက ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံဟာ အစ္စရေးနိုင်ငံကို ကာလအတန်ကြာ ကူညီထောက်ပံ့ပေးနေတဲ့နိုင်ငံဖြစ်ပြီး ဟားမက်စ်လက်နက်ကိုင်အဖွဲ့နဲ့ စစ်ပွဲဖြစ်လာချိန်မှာလည်း အစ္စရေးကို စစ်ရေးအကူအညီတွေ ပေးခဲ့ကြောင်း သိရပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ ဗီဒန်က အစ္စရေးစစ်သားတွေ လူအခွင့်အရေး ချိုးဖောက်တယ်ဆိုတဲ့အချက်ကို ထုတ်ဖော်ပြောဆိုခဲ့ပေမယ့် ဘယ်သူဘယ်ဝါ ကျူးလွန်ခဲ့သလဲဆိုတဲ့အချက်ကို အတိအကျပြောဆိုခြင်းမျိုးမရှိကြောင်း သိရပါတယ်။

၎င်းက "အစ္စရေးစစ်တပ်ရဲ့တပ်ဖွဲ့ ၅ ဖွဲ့လောက်ဟာ လူအခွင့်အရေး ချိုးဖောက်ခဲ့တယ်။ အမေရိကန်အစိုးရ တာဝန်ရှိ သူတွေဟာ လူအခွင့်အရေးချိုးဖောက်မှုတွေကို ဖြေရှင်းနိုင်ဖို့ အစ္စရေးအစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေး မယ်။ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်ပြီးချိန်မှာ ဘာတွေ ထပ်မံလုပ်ဆောင်မလဲဆိုတာ အပြီးသတ်ဆုံးဖြတ် မယ်" လို့ ပြောပါတယ်။

အစ္စရေးအစိုးရဟာ အမေရိကန်အစိုးရတာဝန်ရှိသူတွေရဲ့ပြောဆိုချက်တွေ နဲ့ပတ်သက်ပြီး တစ်စုံတရာ တုံ့ပြန် ပြောဆိုခြင်းမျိုးမရှိသေးသလို ဘယ်လိုမျိုးလုပ်ဆောင်မလဲဆိုတဲ့အချက်ကိုလည်း ထုတ်ဖော်ပြောဆိုခြင်းမျိုး မရှိသေးကြောင်း သိရပါတယ်။

Zawgyi Version;
အစၥေရးစစ္သားေတြ လူအခြင့္အေရးခ်ိဳးေဖာက္ခဲ့ေပမယ့္ အေမရိကန္အစိုးရက အေရးယူမယ့္ အစီအစဥ္မရွိေသး ဟုဆို
ဂ်န္ဇက္ (NP News) - ဧၿပီ ၃ဝ

အေမရိကန္အစိုးရက အစၥေရးစစ္တပ္ရဲ႕တပ္ဖြဲ႕ အနည္းဆုံး ၅ ဖြဲ႕ဟာ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕နဲ႔ ေနာက္ဆုံး ျဖစ္ပြားတဲ့ စစ္ပြဲအတြင္း လူအခြင့္အေရးခ်ိဳးေဖာက္မႈေတြ ရွိခဲ့တယ္လို႔ စြပ္စြဲေျပာဆိုခဲ့ေပမယ့္ အစၥေရးႏိုင္ငံကို အေရး ပိတ္ဆို႔မႈေတြခ်ျခင္း (သို႔မဟုတ္) စစ္ေရးအကူအညီေပးျခင္း၊ ကန႔္သတ္တာေတြ လုပ္ေဆာင္မွာ မဟုတ္ေၾကာင္း သိရပါတယ္။

အစၥေရးစစ္သားေတြဟာ ဂါဇာစစ္ပြဲမွာ လူအခြင့္အေရးခ်ိဳးေဖာက္မႈေတြ ရွိခဲ့တယ္လို႔ အေမရိကန္အစိုးရ တာဝန္ရွိသူ ေတြက ၿပီးခဲ့တဲ့ရက္ပိုင္းမွာ သတင္းထုတ္ျပန္ခဲ့ပါတယ္။ အေမရိကန္ႏိုင္ငံဟာ အစၥေရးႏိုင္ငံကို ကာလအတန္ၾကာ ကူညီေထာက္ပံ့ေပးေနတဲ့ႏိုင္ငံျဖစ္ၿပီး ဟားမက္စ္လက္နက္ကိုင္အဖြဲ႕နဲ႔ စစ္ပြဲျဖစ္လာခ်ိန္မွာလည္း အစၥေရးကို စစ္ေရးအကူအညီေတြ ေပးခဲ့ေၾကာင္း သိရပါတယ္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူတစ္ဦးျဖစ္တဲ့ ဗီဒန္က အစၥေရးစစ္သားေတြ လူအခြင့္အေရး ခ်ိဳးေဖာက္တယ္ဆိုတဲ့အခ်က္ကို ထုတ္ေဖာ္ေျပာဆိုခဲ့ေပမယ့္ ဘယ္သူဘယ္ဝါ က်ဴးလြန္ခဲ့သလဲဆိုတဲ့အခ်က္ကို အတိအက်ေျပာဆိုျခင္းမ်ိဳးမရွိေၾကာင္း သိရပါတယ္။

၎က "အစၥေရးစစ္တပ္ရဲ႕တပ္ဖြဲ႕ ၅ ဖြဲ႕ေလာက္ဟာ လူအခြင့္အေရး ခ်ိဳးေဖာက္ခဲ့တယ္။ အေမရိကန္အစိုးရ တာဝန္ရွိ သူေတြဟာ လူအခြင့္အေရးခ်ိဳးေဖာက္မႈေတြကို ေျဖရွင္းႏိုင္ဖို႔ အစၥေရးအစိုးရတာဝန္ရွိသူေတြနဲ႔ ေတြ႕ဆုံေဆြးေႏြး မယ္။ ေတြ႕ဆုံေဆြးေႏြးမႈေတြ လုပ္ေဆာင္ၿပီးခ်ိန္မွာ ဘာေတြ ထပ္မံလုပ္ေဆာင္မလဲဆိုတာ အၿပီးသတ္ဆုံးျဖတ္ မယ္" လို႔ ေျပာပါတယ္။

အစၥေရးအစိုးရဟာ အေမရိကန္အစိုးရတာဝန္ရွိသူေတြရဲ႕ေျပာဆိုခ်က္ေတြ နဲ႔ပတ္သက္ၿပီး တစ္စုံတရာ တုံ႔ျပန္ ေျပာဆိုျခင္းမ်ိဳးမရွိေသးသလို ဘယ္လိုမ်ိဳးလုပ္ေဆာင္မလဲဆိုတဲ့အခ်က္ကိုလည္း ထုတ္ေဖာ္ေျပာဆိုျခင္းမ်ိဳး မရွိေသးေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.