ကိုလံဘီယာနိုင်ငံမှာ စစ်တပ်ရဟတ်ယာဉ်တစ်စင်းပျက်ကျခဲ့ပြီး လိုက်ပါသွားသူအားလုံး သေဆုံး

 511

Pika (NP News) - ဧပြီ ၃ဝ

ကိုလံဘီယာနိုင်ငံမြောက်ပိုင်းမှာ ဧပြီလ(၂၉)ရက်က ရဟတ်ယာဉ်တစ်စင်းပျက်ကျခဲ့ပြီး ကိုလံဘီယာစစ်တပ် အဖွဲ့ဝင် (၉)ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ရုရှားနိုင်ငံထုတ် MI-17 ရဟတ်ယာဉ်ဟာ ကာရေဘီယံကမ်းရိုးတန်း Santa Rosa del Sur မြို့မှာရှိတဲ့ စစ်သားတွေ အတွက် ထောက်ပံ့ရေးပစ္စည်းတွေ ပို့ဆောင်နေတဲ့အချိန်မှာ ပျက်ကျခဲ့တာလို့ ကိုလံဘီယာစစ်တပ်က ပြောကြားခဲ့ ပါတယ်။ မကြာသေးခင်က အဲဒီဒေသမှာ ကိုလံဘီယာစစ်တပ်နဲ့ မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်ရေး ဂိုဏ်းအဖွဲ့ကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တာလို့လည်း သိရပါတယ်။

အဲဒီဂိုဏ်းဟာ ကိုလံဘီယာနိုင်ငံမှာ ဩဇာအကြီးဆုံး ရာဇဝတ်ဂိုဏ်းတွေထဲက တစ်ခုဖြစ်ပြီး လက်နက်ကိုင် တပ်ဖွဲ့ဝင်(၆)ထောင်ခန့်ရှိတယ်လို့လည်း သိရပါတယ်။ MI-17 ရဟတ်ယာဉ်ဟာ ပျံသန်းနေစဉ်အချိန်အတွင်း အခြေစိုက်စခန်းနဲ့ အဆက်အသွယ်ပြတ်သွားတာကြောင့် အရေးပေါ်ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ချက်ချင်းလုပ်ဆောင်ခဲ့ရတယ်လို့လည်း သိရပါတယ်။

MI-17 ရဟတ်ယာဉ် ပျက်ကျမှု ဘာကြောင့်ဖြစ်ပွားရတယ်ဆိုတဲ့အချက်ကိုတော့ လက်ရှိအချိန်အထိ ရှင်းရှင်း လင်းလင်း မသိရှိရသေးပါဘူး။ ဒီပျက်ကျမှုကို နည်းပညာပိုင်းဆိုင်ရာပြဿနာတွေကြောင့်လို့ စစ်တပ်က သံသယ ရှိပေမယ့်လည်း မတော်တဆမှုတစ်ခုလို့ပဲ သတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
ကိုလံဘီယာႏိုင္ငံမွာ စစ္တပ္ရဟတ္ယာဥ္တစ္စင္းပ်က္က်ခဲ့ၿပီး လိုက္ပါသြားသူအားလုံး ေသဆုံး
Pika (NP News) - ဧၿပီ ၃ဝ

ကိုလံဘီယာႏိုင္ငံေျမာက္ပိုင္းမွာ ဧၿပီလ(၂၉)ရက္က ရဟတ္ယာဥ္တစ္စင္းပ်က္က်ခဲ့ၿပီး ကိုလံဘီယာစစ္တပ္ အဖြဲ႕ဝင္ (၉)ဦး ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။

႐ုရွားႏိုင္ငံထုတ္ MI-17 ရဟတ္ယာဥ္ဟာ ကာေရဘီယံကမ္း႐ိုးတန္း Santa Rosa del Sur ၿမိဳ႕မွာရွိတဲ့ စစ္သားေတြ အတြက္ ေထာက္ပံ့ေရးပစၥည္းေတြ ပို႔ေဆာင္ေနတဲ့အခ်ိန္မွာ ပ်က္က်ခဲ့တာလို႔ ကိုလံဘီယာစစ္တပ္က ေျပာၾကားခဲ့ ပါတယ္။ မၾကာေသးခင္က အဲဒီေဒသမွာ ကိုလံဘီယာစစ္တပ္နဲ႔ မူးယစ္ေဆးဝါးေမွာင္ခိုေရာင္းဝယ္ေရး ဂိုဏ္းအဖြဲ႕ၾကား တိုက္ပြဲေတြျဖစ္ပြားခဲ့တာလို႔လည္း သိရပါတယ္။

အဲဒီဂိုဏ္းဟာ ကိုလံဘီယာႏိုင္ငံမွာ ဩဇာအႀကီးဆုံး ရာဇဝတ္ဂိုဏ္းေတြထဲက တစ္ခုျဖစ္ၿပီး လက္နက္ကိုင္ တပ္ဖြဲ႕ဝင္(၆)ေထာင္ခန႔္ရွိတယ္လို႔လည္း သိရပါတယ္။ MI-17 ရဟတ္ယာဥ္ဟာ ပ်ံသန္းေနစဥ္အခ်ိန္အတြင္း အေျခစိုက္စခန္းနဲ႔ အဆက္အသြယ္ျပတ္သြားတာေၾကာင့္ အေရးေပၚရွာေဖြေရးနဲ႔ ကယ္ဆယ္ေရးလုပ္ငန္းေတြကို ခ်က္ခ်င္းလုပ္ေဆာင္ခဲ့ရတယ္လို႔လည္း သိရပါတယ္။

MI-17 ရဟတ္ယာဥ္ ပ်က္က်မႈ ဘာေၾကာင့္ျဖစ္ပြားရတယ္ဆိုတဲ့အခ်က္ကိုေတာ့ လက္ရွိအခ်ိန္အထိ ရွင္းရွင္း လင္းလင္း မသိရွိရေသးပါဘူး။ ဒီပ်က္က်မႈကို နည္းပညာပိုင္းဆိုင္ရာျပႆနာေတြေၾကာင့္လို႔ စစ္တပ္က သံသယ ရွိေပမယ့္လည္း မေတာ္တဆမႈတစ္ခုလို႔ပဲ သတ္မွတ္ခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.