တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က တင်းမာမှုတွေကို ပိုမိုမြင့်တက်လာအောင်လုပ်ဆောင်နေတယ်လို့ ဖိလစ်ပိုင်အစိုးရစွပ်စွဲပြောဆို

 705

Pika (NP News) - မေ ၁

တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့တွေဟာ ဖိလစ်ပိုင်သင်္ဘောတွေကို မီးသတ်ပိုက်နဲ့ထိုးခဲ့ပြီး တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှုတွေကို မြင့်တက်လာအောင်လုပ်နေတယ်လို့ ဖိလစ်ပိုင်အစိုးရက မေလ(၁)ရက်နေ့မှာ စွပ်စွဲပြောဆိုလိုက်ပါတယ်။

ဖိလစ်ပိုင်ကမ်းခြေစောင့်သင်္ဘောတစ်စီးဟာ ဖိလစ်ပိုင်ငါးဖမ်းသင်္ဘောကို ကူညီဖို့အတွက် Scarborough Shoal ကျွန်းအနီးကို သွားနေတဲ့အချိန်မှာ တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က မီးသတ်ပိုက်နဲ့ထိုးခဲ့တာလို့လည်း သိရပါတယ်။ ဧပြီလ(၃၀)ရက်နေ့ကဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်အတွင်း ဖိလစ်ပိုင်ကမ်းခြေစောင့်သင်္ဘောနဲ့ငါးဖမ်းသင်္ဘောတို့ ပျက်စီးမှုတွေရှိခဲ့တယ်လို့ ဖိလစ်ပိုင်တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ ဗိုလ်မှူးကြီး Jay Tarriela က 'တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ဟာ ဖိလစ်ပိုင်ကမ်းခြေစောင့်သင်္ဘောနဲ့ငါးဖမ်းသင်္ဘောတို့ကို မီးသတ်ပိုက်နဲ့ထိုးပြီး တင်းမာမှုနဲ့ရန်လိုမှုတွေကို မြင့်တက်အောင်လုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့ရဲ့ ကမ်းခြေစောင့်သင်္ဘောမှာ ပျက်စီးမှုတွေရှိခဲ့တဲ့အထိ မီးသတ်ပိုက်နဲ့ထိုးခံရတာ ဒါကပထမဆုံးအကြိမ်ပါပဲ'လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့ပြင် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ဟာ ဖိလစ်ပိုင်သင်္ဘောတွေကို မီးသတ် ပိုက်နဲ့ထိုးတဲ့အချိန်မှာ ရေဖိအားကိုတိုးမြှင့်ထားတယ်လို့လည်း ဗိုလ်မှူးကြီး Jay Tarriela ကပြောဆိုခဲ့ပါတယ်။ တရုတ်နဲ့ဖိလစ်ပိုင်တို့ဟာ အငြင်းပွားကျွန်းတွေအနီးမှာ ထိပ်တိုက်တွေ့ဆုံမှုတွေ မကြာခဏဖြစ်ပွားခဲ့ပြီးတဲ့နောက်မှာတော့ နှစ်နိုင်ငံကြား တင်းမာမှုတွေက ပိုမိုမြင့်တက်လာခဲ့တယ်လို့လည်း သိရပါတယ်။ တောင်တရုတ်ပင်လယ် တစ်ခုလုံးနီးပါးကို ၎င်းတို့ပိုင် ဆိုင်ကြောင်း တရုတ်ဘက်ကပြောဆိုထားသလို ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား နဲ့ ဘရူနိုင်းနိုင်ငံတို့ကလည်း တောင်တရုတ်ပင်လယ်အတွင်း တစ်စိတ်တစ်ပိုင်းကို ၎င်းတို့ ပိုင်ဆိုင်တယ်လို့ အခိုင်အမာပြောဆိုထားပါတယ်။

zawgyi version
တ႐ုတ္ကမ္းေျခေစာင့္တပ္ဖြဲ႕က တင္းမာမႈေတြကို ပိုမိုျမင့္တက္လာေအာင္လုပ္ေဆာင္ေနတယ္လို႔ ဖိလစ္ပိုင္အစိုးရစြပ္စြဲေျပာဆို
Pika (NP News) - ေမ ၁

တ႐ုတ္ကမ္းေျခေစာင့္တပ္ဖြဲ႕ေတြဟာ ဖိလစ္ပိုင္သေဘၤာေတြကို မီးသတ္ပိုက္နဲ႔ထိုးခဲ့ၿပီး ေတာင္တ႐ုတ္ပင္လယ္အတြင္း တင္းမာမႈေတြကို ျမင့္တက္လာေအာင္လုပ္ေနတယ္လို႔ ဖိလစ္ပိုင္အစိုးရက ေမလ(၁)ရက္ေန႔မွာ စြပ္စြဲေျပာဆိုလိုက္ပါတယ္။

ဖိလစ္ပိုင္ကမ္းေျခေစာင့္သေဘၤာတစ္စီးဟာ ဖိလစ္ပိုင္ငါးဖမ္းသေဘၤာကို ကူညီဖို႔အတြက္ Scarborough Shoal ကြၽန္းအနီးကို သြားေနတဲ့အခ်ိန္မွာ တ႐ုတ္ကမ္းေျခေစာင့္တပ္ဖြဲ႕က မီးသတ္ပိုက္နဲ႔ထိုးခဲ့တာလို႔လည္း သိရပါတယ္။ ဧၿပီလ(၃၀)ရက္ေန႔ကျဖစ္ပြားခဲ့တဲ့ ျဖစ္ရပ္အတြင္း ဖိလစ္ပိုင္ကမ္းေျခေစာင့္သေဘၤာနဲ႔ငါးဖမ္းသေဘၤာတို႔ ပ်က္စီးမႈေတြရွိခဲ့တယ္လို႔ ဖိလစ္ပိုင္တာဝန္ရွိသူေတြက ေျပာၾကားခဲ့ပါတယ္။ ဗိုလ္မႉးႀကီး Jay Tarriela က 'တ႐ုတ္ကမ္းေျခေစာင့္တပ္ဖြဲ႕ဟာ ဖိလစ္ပိုင္ကမ္းေျခေစာင့္သေဘၤာနဲ႔ငါးဖမ္းသေဘၤာတို႔ကို မီးသတ္ပိုက္နဲ႔ထိုးၿပီး တင္းမာမႈနဲ႔ရန္လိုမႈေတြကို ျမင့္တက္ေအာင္လုပ္ေဆာင္ေနပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ ကမ္းေျခေစာင့္သေဘၤာမွာ ပ်က္စီးမႈေတြရွိခဲ့တဲ့အထိ မီးသတ္ပိုက္နဲ႔ထိုးခံရတာ ဒါကပထမဆုံးအႀကိမ္ပါပဲ'လို႔ ေျပာဆိုခဲ့ပါတယ္။

ဒါ့ျပင္ တ႐ုတ္ကမ္းေျခေစာင့္တပ္ဖြဲ႕ဟာ ဖိလစ္ပိုင္သေဘၤာေတြကို မီးသတ္ ပိုက္နဲ႔ထိုးတဲ့အခ်ိန္မွာ ေရဖိအားကိုတိုးျမႇင့္ထားတယ္လို႔လည္း ဗိုလ္မႉးႀကီး Jay Tarriela ကေျပာဆိုခဲ့ပါတယ္။ တ႐ုတ္နဲ႔ဖိလစ္ပိုင္တို႔ဟာ အျငင္းပြားကြၽန္းေတြအနီးမွာ ထိပ္တိုက္ေတြ႕ဆုံမႈေတြ မၾကာခဏျဖစ္ပြားခဲ့ၿပီးတဲ့ေနာက္မွာေတာ့ ႏွစ္ႏိုင္ငံၾကား တင္းမာမႈေတြက ပိုမိုျမင့္တက္လာခဲ့တယ္လို႔လည္း သိရပါတယ္။ ေတာင္တ႐ုတ္ပင္လယ္ တစ္ခုလုံးနီးပါးကို ၎တို႔ပိုင္ ဆိုင္ေၾကာင္း တ႐ုတ္ဘက္ကေျပာဆိုထားသလို ဖိလစ္ပိုင္၊ ဗီယက္နမ္၊ အင္ဒိုနီးရွား၊ မေလးရွား နဲ႔ ဘ႐ူႏိုင္းႏိုင္ငံတို႔ကလည္း ေတာင္တ႐ုတ္ပင္လယ္အတြင္း တစ္စိတ္တစ္ပိုင္းကို ၎တို႔ ပိုင္ဆိုင္တယ္လို႔ အခိုင္အမာေျပာဆိုထားပါတယ္။

Related news

© 2021. All rights reserved.