သတင်းဌာန(၈)ခုရဲ့ သတင်းအဆင့်အတန်း ဆန်းစစ်လေ့လာမှုဆိုင်ရာ လစဉ်စစ်တမ်း

2282

NP News - မေ ၁
သတင်းတွေဟာ ကမ္ဘာနဲ့ချီပြီး အဆိပ်သင့်မှုတွေ ဖြစ်ပေါ်လာနေတဲ့ခေတ်ကာလကို ရောက်ရှိနေ ပါတယ်။ မိမိလိုလားတဲ့ ဘက်တစ်ခုအတွက်သာ ရည်ရွယ်ပြီး အများပြည်သူလူ ထုကို လှည့်စားရေးသားခြင်း၊ လိမ်လည်ခြင်းနဲ့ ဝါဒဖြန့်ချိခြင်းတွေကို သတင်းဌာနအများစုက လုပ်ဆောင်လာကြပါတယ်။ အထူးသဖြင့် ၂၀၂၁ နိုင်ငံရေးအခင်းအကျင်းနောက်ပိုင်းမှာ ဖုံးမရ ဖိမရ ပေါ်ပေါက်လာခဲ့တဲ့ အတွင်းဗီဇ တွေဖြစ်နေသလို မြန်မာဘာသာနဲ့ဖော်ပြနေတဲ့ ပြည်ပ အခြေစိုက်သတင်းဌာနတချို့ရဲ့ ရေးသားဖော်ပြ ချက်တွေဟာ ဆိုးရွားသထက် ဆိုးရွားလာနေပါတယ်။ ဒါကြောင့်လည်း NP News ရဲ့ သုတေသန ဝိုင်းတော်သားတွေက မြန်မာဘာသာနဲ့ဖော်ပြတဲ့ ပြည်ပအခြေစိုက်သတင်းဌာန(၈)ခုကို အဓိက ဦးတည်ပြီး သုတေသနပြုလေ့လာမှုတွေ လုပ်ဆောင်ထားပါတယ်။ ဒီစစ်တမ်းထဲမှာတော့ အမေရိကန် ထောက်ပံ့ငွေနဲ့ရပ်တည်နေတဲ့ VOA ၊ RFA သတင်းဌာန၊ ဗြိတိန်အထောက်အပံ့နဲ့ ရပ်တည်နေတဲ့ BBC မြန်မာသတင်းဌာနတို့ကို အုပ်စု(A)အဖြစ် သတ်မှတ်ပြီး မည်သည့်နေရာကနေ ငွေကြေးရရှိနေတာကို အတိအကျမဖော်ပြရဲတဲ့ ဧရာဝတီသတင်းဌာန၊ မဇ္ဇျိမသတင်းဌာန၊ DVB သတင်းဌာန၊ ရန်ကုန်ခေတ်သစ်သတင်းဌာနနဲ့ Myanmar Now တို့ကို အုပ်စု(B)အဖြစ် သတ်မှတ် လေ့လာထားပါတယ်။ အခြားသော သတင်းဌာနများစွာကိုတော့ အုပ်စု (C) ၊ (D) အဖြစ် အဆင့်နိမ့် သတ်မှတ်ပြီး စစ်တမ်းပြုစုမယ့် အထဲမှာ ထည့်ထားခြင်းမရှိခဲ့ပါဘူး။ A Class လို့ သတ်မှတ်ထားတဲ့ သတင်းဌာနသုံးခုနဲ့ B Class လို့ သတ်မှတ်ထားတဲ့ သတင်းဌာနငါးခုကို အဓိက အခြေပြုလေ့လာခြင်း အားဖြင့် မြန်မာနိုင်ငံသားတွေ ဘယ်လောက်အထိ သတင်းအဆိပ်သင့်မှုရှိနေသလဲ ဆိုတာကို တိုင်းတာ နိုင်ပြီလို့ ကောက်ချက်ချနိုင်ပါတယ်။ ဖော်ပြပါစာရင်းဇယားကို ကြည့်မယ်ဆိုရင် သတိပြုဖွယ်ရာတွေ မြင်တွေ့ရမှာပါ။ ဖော်ပြပါစာရင်းဟာ သက်ဆိုင်ရာသတင်းဌာနတွေရဲ့နေ့စဉ် ရေးသားဖော်ပြချက်တွေကို တစ်ပုဒ်ချင်းစီ သေချာ စောင့်ကြည့် ဖတ်ရှုပြီး စစ်တမ်းပြုစုထားခြင်း ဖြစ်ပါတယ်။
ဖော်ပြပါစာရင်းအရ A Class ထဲမှာပါတဲ့ BBC သတင်းဌာနဟာ ဖေဖော်ဝါရီ(၂၁)ရက်ကနေ မတ်လ(၂၀)ရက်အတွင်း စုစုပေါင်း သတင်းပုဒ်ရေ ၁၅၈ ပုဒ်ဖော်ပြခဲ့ပါတယ်။ အဲဒီအထဲမှာ အချက် အလက်မခိုင်မာတဲ့သတင်းတွေကို (၉)ရာခိုင်နှုန်းအထိ ထည့်သွင်းဖော်ပြထားပါတယ်။ အချက်အလက် မခိုင်မာခြင်းဆိုတာဟာ သတင်းမီဒီယာဥပဒေပေတံ အရ ပြောကြားရခြင်းဖြစ်ပြီး သတင်းတစ်ပုဒ်မှာ “ဘယ်သူ ဘယ်ဝါ ဘာလုပ်သလဲ၊ ဘာကြောင့်လုပ်သလဲ၊ ဘယ်သူကအတည်ပြုပေးပြီး ဘယ်သူက သုံးသပ်ပေးထားသလဲ၊ သတင်းဌာနကိုယ်တိုင်က အတည်ပြုရန် စုံစမ်းနေဆဲပါ” အစရှိသော စကားလုံးတွေကို တွင်တွင်သုံးထားခြင်းမျိုးကို ဆိုလိုပါတယ်။ သတင်းမီဒီယာဥပဒေအရ ဒါဟာရေးသား ဖော်ပြလို့ ရတဲ့သတင်းမျိုးမဟုတ်တော့ဘဲ အချက်အလက် မခိုင်မာမှု အတိအလင်းပြဆိုခြင်းမျိုး ဖြစ်ပါတယ်။ ဥပမာအား ဖြင့် “ ရန်ကုန်နှင့်မန္တလေးကို တစ်နာရီတည်းဖြင့် အရောက်သွားခဲ့ပါသည်။ သို့သော်လည်း မည်သည့်ယာဉ်တစ်မျိုးမျိုးဖြင့်သွားသည်ကို မသိရှိရပါ။ ရန်ကုန်နှင့် မန္တလေးသည် မိုင်တစ်ထောင်ကျော်ရှိသည်ဟု အမည်မဖော်လိုသောပုဂ္ဂိုလ်တစ်ဦးကပြောသည်” ဆိုတဲ့ မရေရာ မသေချာမှု၊ အချက်အလက်မခိုင်မာမှုတွေကို ဆိုလိုပါတယ်။ BBC ဟာ အချက်အလက် မခိုင်မာတဲ့ သတင်းတွေ(၉)ရာခိုင်နှုန်းအထိ ရက်ပေါင်း(၃၀)အတွင်းမှာ ရေးသားဖော်ပြခဲ့ပါတယ်။ အလားတူ ပဋိပက္ခလှုံ့ဆော် အားပေးတဲ့သတင်းတွေကို BBC က (၂၇)ရာခိုင်နှုန်းအထိ ရေးသားခဲ့ပါတယ်။ သတင်း ဌာနတွေဟာ ကျင့်ဝတ်ဥပဒေအရဖြစ်စေ၊ သက်ဆိုင်ရာနိုင်ငံအလိုက် တည်ဆဲဥပဒေများအရဖြစ်စေ ပဋိပက္ခဖြစ်စေနိုင်သော သတင်းအချက်အလက်မျိုးကို အားပါးတရဖော်ပြပြီး လူထုကို လမ်းမလွဲစေ သင့်ပါ။ သို့သော်လည်းBBC ဟာ (၂၇)ရာခိုင်နှုန်းအထိ ချိုးဖောက်ခဲ့ပါတယ်။ ဒါ့ပြင် NUG/PDF ဘက်ကို အားပေးအားမြှောက်ပြုတဲ့ သတင်း(၁၇) ရာ ခိုင်နှုန်းအထိ ဖော်ပြခဲ့ပါတယ်။ သတင်းဌာနတစ်ခုဟာ အကြမ်းဖက်မှုဆန်သောလုပ်ရပ်မျိုး လုပ်ဆောင်နေတဲ့ မည်သည့်အဖွဲ့အစည်းကိုမဆို အားပေးအား မြှောက်ပြုခြင်းက ကျင့်ဝတ်အရဖြစ်စေ၊ ဥပဒေအရ ဖြစ်စေ မရှိရပါ။ BBC ရဲ့ ရက်ပေါင်း(၃၀)အတွင်း သတင်းပုဒ်ရေ(၁၅၈)ပုဒ်မှာ (၉)ရာခိုင်နှုန်းက အချက်အလက်မခိုင်မာမှု၊ (၂၇)ရာခိုင်နှုန်းက ပဋိပက္ခအား ပေးလှုံ့ဆော်မှု၊ (၁၇)ရာခိုင်နှုန်းက NUG/PDF ကို အားပေးအားမြှောက်ပြုမှုတွေ A Class ထဲမှာပါတဲ့ VOA သတင်းဌာနဟာလည်း ရက်ပေါင်း(၃၀)အတွင်း သတင်းပုဒ်ရေ(၃၄၀)အထိ ဖော်ပြခဲ့သလို အချက်အလက်မခိုင်မာတဲ့သတင်း(၁၀) ရာခိုင်နှုန်း၊ ပဋိပက္ခအားပေးလှုံ့ဆော်မှု(၄၂)ရာခိုင်နှုန်း၊ NUG/PDF ကို အသားပေး အားပေးဖော်ပြမှု(၂၁)ရာခိုင်နှုန်းအထိ ရှိနေခဲ့တာကို တွေ့ရပါတယ်။ RFA သတင်းဌာန ဟာလည်း (၃၇၅)ပုဒ်အထိ ရေးသားဖော်ပြခဲ့မှုမှာ (၁၃)ရာခိုင်နှုန်းက အချက်အလက် မခိုင်မာတဲ့ သတင်းတွေဖော်ပြထားတာတွေ့ရသလို ပဋိပက္ခဖြစ်စေရန် အားပေးလှုံ့ဆော်ရေးသားမှု(၆၀)ရာခိုင်နှုန်း၊ NUG/PDF ကို အားပေးအားမြှောက်ပြု ရေးသားမှု(၁၇)ရာခိုင်နှုန်းအထိ ရှိနေခဲ့ပါတယ်။ A Class အဆင့်ရှိတဲ့ သတင်းဌာနတွေလို့ ခေါင်းစဉ်တပ်ရခြင်းဟာ သတင်းဌာနတစ်ခုမှာရှိတဲ့ သတင်း ထောက်တွေ၊ အယ်ဒီတာတွေ၊ တည်းဖြတ်တွေ၊ ရုပ် သံတင်ဆက်သူတွေနဲ့ ရုံးသန့်ရှင်းရေးကအစ (၂၀)ဦးထက်မနည်းသော ဝန်ထမ်းအားလုံးအတွက် လုပ်ခ လစာပေးချေရန် ဝင်ငွေရလမ်းကို ဖော်ပြနိုင်တာကြောင့် ဖြစ်ပါတယ်။ ဒါ့ပြင် သက်ဆိုင်ရာသတင်းဌာနရဲ့ နောက်ခံ ငွေကြေးဓနရှင် နိုင်ငံတွေကြောင့် လည်းဖြစ်ပါတယ်။ တစ်နည်းအားဖြင့် B/C/D Class က သတင်းဌာနတွေဟာ မွေးစားသားတွေသာ ဖြစ်ပေမယ့် A Class တွေကတော့ သက်ဆိုင်ရာ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတို့ရဲ့ ကိုယ်တိုင်မွေးထုတ်ခဲ့သူ သားအရင်းတွေ ဖြစ်နေပါတယ်။
B Class လို့ သတ်မှတ်ထားတဲ့ သတင်းဌာနငါးခုထဲက ထိပ်ဆုံးနေရာမှာရှိနေတဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အောင်ဇော်(ဘာတေးလစ်တနာ ရဲ့ပြာတာ)ရဲ့ ဧရာဝတီသတင်းဌာနဟာ ရက်ပေါင်း (၃၀)အတွင်း သတင်း(၆၂၄)ပုဒ် ဖော်ပြခဲ့ပါတယ်။ အဲဒီအထဲက (၃၆)ရာခိုင်နှုန်းဟာ အချက်အလက် မခိုင်မာဘဲ ရေးသားထားတာတွေဖြစ်နေသလို (၂၆)ရာခိုင် နှုန်းအထိ ပဋိပက္ခအားပေးလှုံ့ဆော် ထားပါတယ်။ NUG/PDF တွေကို အားပေးထောက်ခံ ရေးသားထားတာကတော့ (၂၅)ရာခိုင်နှုန်း ရှိနေပါ တယ်။ DVB သတင်းဌာနကလည်း (၈၁၆)ပုဒ်အထိ ရေးသားဖော်ပြထားမှုထဲကနေ အချက်အလက်မခိုင် မာတဲ့သတင်းရေးသားမှု (၁၄)ရာခိုင်နှုန်း ရှိနေပါတယ်။ မြန်မာနိုင်ငံတွင်းမှာ ပဋိပက္ခတွေ ပိုမိုကြီးမား ကျယ်ပြန့်စေဖို့အတွက် ရက်ပေါင်း(၃၀)အတွင်း သတင်းပုဒ်ရေ(၈၀ဝ)ကျော်ထဲကနေ (၅၈)ရာခိုင်နှုန်း အထိ ကျယ်ကျယ်ပြန့်ပြန့်ရေးသားခဲ့ကြပါတယ်။ NUG/PDFကို အားပေးအားမြှောက်ပြု ရေးသား တာကတော့ (၁၅)ရာခိုင်နှုန်းရှိနေပါတယ်။ (၈၈)ကာလက အိန္ဒိယကိုထွက်ပြေးခဲ့ပြီး အိန္ဒိယရဲ့အကူ အညီနဲ့ သတင်းဌာနထူထောင်ခဲ့သူ ဦးစိုးမြင့်ရဲ့ Mizzima ကတော့ (၅၆၂)ပုဒ်အထိ သတင်းတွေ ရေးသားဖော်ပြခဲ့သလို အဲဒီအထဲကမှ (၂၇)ရာခိုင် နှုန်းဟာ အချက်အလက်မခိုင်မာဘဲ ရေးသားထား တာဖြစ်ပြီး ပဋိပက္ခဖြစ်စေရန် လှုံ့ဆော်ရေးသားမှု (၂၆)ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။ NUG/ PDF ကို အားပေးအားမြှောက်ပြု ရေးသားတာကတော့ (၂၆) ရာခိုင်နှုန်းရှိနေပါတယ်။ ဗီးနပ်စ်တို့ The Voice တို့လိုဂျာနယ်တွေမှာ အလုပ်လုပ်ဖူးသူ သာလွန် ဇောင်းထက်ရဲ့ ရန်ကုန်ခေတ်သစ်မီဒီယာကတော့ ရက်ပေါင်း (၃၀)အတွင်း သတင်း(၇၉၂)ပုဒ် ဖော်ပြခဲ့သလို အချက်အလက်မခိုင်မာဘဲ ရေးသားဖော်ပြမှု (၁၁) ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ ပဋိပက္ခဖြစ်စေရန် လှုံ့ ဆော်ရေးသားမှုပေါင်း(၄၃)ရာခိုင်နှုန်းအထိရှိခဲ့ပြီး NUG/PDFကို အားပေးရေးသားမှု (၂၅)ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ အစ္စလာမ်ဘာသာရေးခေါင်းစဉ်အောက် ကနေ အမျိုးသားရေးသမားတွေကို ပစ်မှတ်ထား သတင်းဖော်ပြလေ့ရှိသူ ဆွေဝင်းရဲ့ သတင်းဌာန Myanmar Now ကလည်း သတင်းပုဒ်ရေ(၁၇၉)ပုဒ်ကို ရက်ပေါင်း(၃၀)အတွင်းမှာ ရေးသားခဲ့ပါတယ်။ အဲဒီအထဲကမှ(၃၆)ရာခိုင်နှုန်းဟာ ပဋိပက္ခ ဖြစ်ပွားစေရန် ရည်ရွယ်ရေးသားမှုတွေဖြစ်ခဲ့ပြီး (၄၅) ရာခိုင် နှုန်းကတော့ NUG/PDFတွေကို အားပေးအား မြှောက်ပြုရေးသားခဲ့ပါတယ်။ ဖော်ပြပါ သတင်း ဌာန(၈)ခုထဲမှာမှ Like အများဆုံးရတဲ့ သတင်းဌာနဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနဖြစ်ပြီး ရက်ပေါင်း (၃၀)အတွင်း စုစုပေါင်း(၁၁၇၀ဝဝ)အထိ ရရှိခဲ့ပါတယ်။ အခြားသော သတင်းဌာန(၇)ခုဟာ ရန်ကုန် ခေတ်ကို Like ရရှိမှု အပြတ်အသတ် ကွာဟ သွားခဲ့သလို လူထုထံ သတင်းပျံ့နှံ့ လှုံ့ဆော်မှုအပိုင်း လိုက်မမီတာကိုလည်း မြင်တွေ့ရပါတယ်။ သတင်း ဌာနတစ်ခုချင်းစီရဲ့ ယခုထက်ပိုတိကျတဲ့ အသေး စိတ်အချက်အလက်တွေကို The Statesman သတင်းဂျာနယ်က စုစည်းထားပေမယ့် စာမျက်နှာ အခြေအနေကြောင့် သိသင့်သိထိုက်သလောက်သာ စုစည်းဖော်ပြပေးခဲ့ခြင်းဖြစ်ပါတယ်။ လစဉ်ဖော်ပြပေးနေကျ စစ်တမ်းဖြစ်သလို ကြားကာလ သင်္ကြန်ကြောင့် လစ်ဟင်းခဲ့မှုတွေ ရှိခဲ့ပါတယ်။ လာမယ့် မေလမှာလည်း ထပ်မံဖော်ပြပေးသွားမှာဖြစ်ကြောင်း အသိပေးလိုက်ရပါတယ်။

zawgyi version
သတင္းဌာန(၈)ခုရဲ႕ သတင္းအဆင့္အတန္း ဆန္းစစ္ေလ့လာမႈဆိုင္ရာ လစဥ္စစ္တမ္း
NP News - ေမ ၁
သတင္းေတြဟာ ကမာၻနဲ႔ခ်ီၿပီး အဆိပ္သင့္မႈေတြ ျဖစ္ေပၚလာေနတဲ့ေခတ္ကာလကို ေရာက္ရွိေန ပါတယ္။ မိမိလိုလားတဲ့ ဘက္တစ္ခုအတြက္သာ ရည္႐ြယ္ၿပီး အမ်ားျပည္သူလူ ထုကို လွည့္စားေရးသားျခင္း၊ လိမ္လည္ျခင္းနဲ႔ ဝါဒျဖန႔္ခ်ိျခင္းေတြကို သတင္းဌာနအမ်ားစုက လုပ္ေဆာင္လာၾကပါတယ္။ အထူးသျဖင့္ ၂၀၂၁ ႏိုင္ငံေရးအခင္းအက်င္းေနာက္ပိုင္းမွာ ဖုံးမရ ဖိမရ ေပၚေပါက္လာခဲ့တဲ့ အတြင္းဗီဇ ေတြျဖစ္ေနသလို ျမန္မာဘာသာနဲ႔ေဖာ္ျပေနတဲ့ ျပည္ပ အေျခစိုက္သတင္းဌာနတခ်ိဳ႕ရဲ႕ ေရးသားေဖာ္ျပ ခ်က္ေတြဟာ ဆိုး႐ြားသထက္ ဆိုး႐ြားလာေနပါတယ္။ ဒါေၾကာင့္လည္း NP News ရဲ႕ သုေတသန ဝိုင္းေတာ္သားေတြက ျမန္မာဘာသာနဲ႔ေဖာ္ျပတဲ့ ျပည္ပအေျခစိုက္သတင္းဌာန(၈)ခုကို အဓိက ဦးတည္ၿပီး သုေတသနျပဳေလ့လာမႈေတြ လုပ္ေဆာင္ထားပါတယ္။ ဒီစစ္တမ္းထဲမွာေတာ့ အေမရိကန္ ေထာက္ပံ့ေငြနဲ႔ရပ္တည္ေနတဲ့ VOA ၊ RFA သတင္းဌာန၊ ၿဗိတိန္အေထာက္အပံ့နဲ႔ ရပ္တည္ေနတဲ့ BBC ျမန္မာသတင္းဌာနတို႔ကို အုပ္စု(A)အျဖစ္ သတ္မွတ္ၿပီး မည္သည့္ေနရာကေန ေငြေၾကးရရွိေနတာကို အတိအက်မေဖာ္ျပရဲတဲ့ ဧရာဝတီသတင္းဌာန၊ မဇၨ်ိမသတင္းဌာန၊ DVB သတင္းဌာန၊ ရန္ကုန္ေခတ္သစ္သတင္းဌာနနဲ႔ Myanmar Now တို႔ကို အုပ္စု(B)အျဖစ္ သတ္မွတ္ ေလ့လာထားပါတယ္။ အျခားေသာ သတင္းဌာနမ်ားစြာကိုေတာ့ အုပ္စု (C) ၊ (D) အျဖစ္ အဆင့္နိမ့္ သတ္မွတ္ၿပီး စစ္တမ္းျပဳစုမယ့္ အထဲမွာ ထည့္ထားျခင္းမရွိခဲ့ပါဘူး။ A Class လို႔ သတ္မွတ္ထားတဲ့ သတင္းဌာနသုံးခုနဲ႔ B Class လို႔ သတ္မွတ္ထားတဲ့ သတင္းဌာနငါးခုကို အဓိက အေျချပဳေလ့လာျခင္း အားျဖင့္ ျမန္မာႏိုင္ငံသားေတြ ဘယ္ေလာက္အထိ သတင္းအဆိပ္သင့္မႈရွိေနသလဲ ဆိုတာကို တိုင္းတာ ႏိုင္ၿပီလို႔ ေကာက္ခ်က္ခ်ႏိုင္ပါတယ္။ ေဖာ္ျပပါစာရင္းဇယားကို ၾကည့္မယ္ဆိုရင္ သတိျပဳဖြယ္ရာေတြ ျမင္ေတြ႕ရမွာပါ။ ေဖာ္ျပပါစာရင္းဟာ သက္ဆိုင္ရာသတင္းဌာနေတြရဲ႕ေန႔စဥ္ ေရးသားေဖာ္ျပခ်က္ေတြကို တစ္ပုဒ္ခ်င္းစီ ေသခ်ာ ေစာင့္ၾကည့္ ဖတ္ရႈၿပီး စစ္တမ္းျပဳစုထားျခင္း ျဖစ္ပါတယ္။
ေဖာ္ျပပါစာရင္းအရ A Class ထဲမွာပါတဲ့ BBC သတင္းဌာနဟာ ေဖေဖာ္ဝါရီ(၂၁)ရက္ကေန မတ္လ(၂၀)ရက္အတြင္း စုစုေပါင္း သတင္းပုဒ္ေရ ၁၅၈ ပုဒ္ေဖာ္ျပခဲ့ပါတယ္။ အဲဒီအထဲမွာ အခ်က္ အလက္မခိုင္မာတဲ့သတင္းေတြကို (၉)ရာခိုင္ႏႈန္းအထိ ထည့္သြင္းေဖာ္ျပထားပါတယ္။ အခ်က္အလက္ မခိုင္မာျခင္းဆိုတာဟာ သတင္းမီဒီယာဥပေဒေပတံ အရ ေျပာၾကားရျခင္းျဖစ္ၿပီး သတင္းတစ္ပုဒ္မွာ “ဘယ္သူ ဘယ္ဝါ ဘာလုပ္သလဲ၊ ဘာေၾကာင့္လုပ္သလဲ၊ ဘယ္သူကအတည္ျပဳေပးၿပီး ဘယ္သူက သုံးသပ္ေပးထားသလဲ၊ သတင္းဌာနကိုယ္တိုင္က အတည္ျပဳရန္ စုံစမ္းေနဆဲပါ” အစရွိေသာ စကားလုံးေတြကို တြင္တြင္သုံးထားျခင္းမ်ိဳးကို ဆိုလိုပါတယ္။ သတင္းမီဒီယာဥပေဒအရ ဒါဟာေရးသား ေဖာ္ျပလို႔ ရတဲ့သတင္းမ်ိဳးမဟုတ္ေတာ့ဘဲ အခ်က္အလက္ မခိုင္မာမႈ အတိအလင္းျပဆိုျခင္းမ်ိဳး ျဖစ္ပါတယ္။ ဥပမာအား ျဖင့္ “ ရန္ကုန္ႏွင့္မႏၲေလးကို တစ္နာရီတည္းျဖင့္ အေရာက္သြားခဲ့ပါသည္။ သို႔ေသာ္လည္း မည္သည့္ယာဥ္တစ္မ်ိဳးမ်ိဳးျဖင့္သြားသည္ကို မသိရွိရပါ။ ရန္ကုန္ႏွင့္ မႏၲေလးသည္ မိုင္တစ္ေထာင္ေက်ာ္ရွိသည္ဟု အမည္မေဖာ္လိုေသာပုဂၢိဳလ္တစ္ဦးကေျပာသည္” ဆိုတဲ့ မေရရာ မေသခ်ာမႈ၊ အခ်က္အလက္မခိုင္မာမႈေတြကို ဆိုလိုပါတယ္။ BBC ဟာ အခ်က္အလက္ မခိုင္မာတဲ့ သတင္းေတြ(၉)ရာခိုင္ႏႈန္းအထိ ရက္ေပါင္း(၃၀)အတြင္းမွာ ေရးသားေဖာ္ျပခဲ့ပါတယ္။ အလားတူ ပဋိပကၡလႈံ႕ေဆာ္ အားေပးတဲ့သတင္းေတြကို BBC က (၂၇)ရာခိုင္ႏႈန္းအထိ ေရးသားခဲ့ပါတယ္။ သတင္း ဌာနေတြဟာ က်င့္ဝတ္ဥပေဒအရျဖစ္ေစ၊ သက္ဆိုင္ရာႏိုင္ငံအလိုက္ တည္ဆဲဥပေဒမ်ားအရျဖစ္ေစ ပဋိပကၡျဖစ္ေစႏိုင္ေသာ သတင္းအခ်က္အလက္မ်ိဳးကို အားပါးတရေဖာ္ျပၿပီး လူထုကို လမ္းမလြဲေစ သင့္ပါ။ သို႔ေသာ္လည္းBBC ဟာ (၂၇)ရာခိုင္ႏႈန္းအထိ ခ်ိဳးေဖာက္ခဲ့ပါတယ္။ ဒါ့ျပင္ NUG/PDF ဘက္ကို အားေပးအားေျမႇာက္ျပဳတဲ့ သတင္း(၁၇) ရာ ခိုင္ႏႈန္းအထိ ေဖာ္ျပခဲ့ပါတယ္။ သတင္းဌာနတစ္ခုဟာ အၾကမ္းဖက္မႈဆန္ေသာလုပ္ရပ္မ်ိဳး လုပ္ေဆာင္ေနတဲ့ မည္သည့္အဖြဲ႕အစည္းကိုမဆို အားေပးအား ေျမႇာက္ျပဳျခင္းက က်င့္ဝတ္အရျဖစ္ေစ၊ ဥပေဒအရ ျဖစ္ေစ မရွိရပါ။ BBC ရဲ႕ ရက္ေပါင္း(၃၀)အတြင္း သတင္းပုဒ္ေရ(၁၅၈)ပုဒ္မွာ (၉)ရာခိုင္ႏႈန္းက အခ်က္အလက္မခိုင္မာမႈ၊ (၂၇)ရာခိုင္ႏႈန္းက ပဋိပကၡအား ေပးလႈံ႕ေဆာ္မႈ၊ (၁၇)ရာခိုင္ႏႈန္းက NUG/PDF ကို အားေပးအားေျမႇာက္ျပဳမႈေတြ A Class ထဲမွာပါတဲ့ VOA သတင္းဌာနဟာလည္း ရက္ေပါင္း(၃၀)အတြင္း သတင္းပုဒ္ေရ(၃၄၀)အထိ ေဖာ္ျပခဲ့သလို အခ်က္အလက္မခိုင္မာတဲ့သတင္း(၁၀) ရာခိုင္ႏႈန္း၊ ပဋိပကၡအားေပးလႈံ႕ေဆာ္မႈ(၄၂)ရာခိုင္ႏႈန္း၊ NUG/PDF ကို အသားေပး အားေပးေဖာ္ျပမႈ(၂၁)ရာခိုင္ႏႈန္းအထိ ရွိေနခဲ့တာကို ေတြ႕ရပါတယ္။ RFA သတင္းဌာန ဟာလည္း (၃၇၅)ပုဒ္အထိ ေရးသားေဖာ္ျပခဲ့မႈမွာ (၁၃)ရာခိုင္ႏႈန္းက အခ်က္အလက္ မခိုင္မာတဲ့ သတင္းေတြေဖာ္ျပထားတာေတြ႕ရသလို ပဋိပကၡျဖစ္ေစရန္ အားေပးလႈံ႕ေဆာ္ေရးသားမႈ(၆၀)ရာခိုင္ႏႈန္း၊ NUG/PDF ကို အားေပးအားေျမႇာက္ျပဳ ေရးသားမႈ(၁၇)ရာခိုင္ႏႈန္းအထိ ရွိေနခဲ့ပါတယ္။ A Class အဆင့္ရွိတဲ့ သတင္းဌာနေတြလို႔ ေခါင္းစဥ္တပ္ရျခင္းဟာ သတင္းဌာနတစ္ခုမွာရွိတဲ့ သတင္း ေထာက္ေတြ၊ အယ္ဒီတာေတြ၊ တည္းျဖတ္ေတြ၊ ႐ုပ္ သံတင္ဆက္သူေတြနဲ႔ ႐ုံးသန႔္ရွင္းေရးကအစ (၂၀)ဦးထက္မနည္းေသာ ဝန္ထမ္းအားလုံးအတြက္ လုပ္ခ လစာေပးေခ်ရန္ ဝင္ေငြရလမ္းကို ေဖာ္ျပႏိုင္တာေၾကာင့္ ျဖစ္ပါတယ္။ ဒါ့ျပင္ သက္ဆိုင္ရာသတင္းဌာနရဲ႕ ေနာက္ခံ ေငြေၾကးဓနရွင္ ႏိုင္ငံေတြေၾကာင့္ လည္းျဖစ္ပါတယ္။ တစ္နည္းအားျဖင့္ B/C/D Class က သတင္းဌာနေတြဟာ ေမြးစားသားေတြသာ ျဖစ္ေပမယ့္ A Class ေတြကေတာ့ သက္ဆိုင္ရာ အေမရိကန္နဲ႔ ၿဗိတိန္ႏိုင္ငံတို႔ရဲ႕ ကိုယ္တိုင္ေမြးထုတ္ခဲ့သူ သားအရင္းေတြ ျဖစ္ေနပါတယ္။
B Class လို႔ သတ္မွတ္ထားတဲ့ သတင္းဌာနငါးခုထဲက ထိပ္ဆုံးေနရာမွာရွိေနတဲ့ ႏိုင္ငံေရး တက္ႂကြလႈပ္ရွားသူ ေအာင္ေဇာ္(ဘာေတးလစ္တနာ ရဲ႕ျပာတာ)ရဲ႕ ဧရာဝတီသတင္းဌာနဟာ ရက္ေပါင္း (၃၀)အတြင္း သတင္း(၆၂၄)ပုဒ္ ေဖာ္ျပခဲ့ပါတယ္။ အဲဒီအထဲက (၃၆)ရာခိုင္ႏႈန္းဟာ အခ်က္အလက္ မခိုင္မာဘဲ ေရးသားထားတာေတြျဖစ္ေနသလို (၂၆)ရာခိုင္ ႏႈန္းအထိ ပဋိပကၡအားေပးလႈံ႕ေဆာ္ ထားပါတယ္။ NUG/PDF ေတြကို အားေပးေထာက္ခံ ေရးသားထားတာကေတာ့ (၂၅)ရာခိုင္ႏႈန္း ရွိေနပါ တယ္။ DVB သတင္းဌာနကလည္း (၈၁၆)ပုဒ္အထိ ေရးသားေဖာ္ျပထားမႈထဲကေန အခ်က္အလက္မခိုင္ မာတဲ့သတင္းေရးသားမႈ (၁၄)ရာခိုင္ႏႈန္း ရွိေနပါတယ္။ ျမန္မာႏိုင္ငံတြင္းမွာ ပဋိပကၡေတြ ပိုမိုႀကီးမား က်ယ္ျပန႔္ေစဖို႔အတြက္ ရက္ေပါင္း(၃၀)အတြင္း သတင္းပုဒ္ေရ(၈၀ဝ)ေက်ာ္ထဲကေန (၅၈)ရာခိုင္ႏႈန္း အထိ က်ယ္က်ယ္ျပန႔္ျပန႔္ေရးသားခဲ့ၾကပါတယ္။ NUG/PDFကို အားေပးအားေျမႇာက္ျပဳ ေရးသား တာကေတာ့ (၁၅)ရာခိုင္ႏႈန္းရွိေနပါတယ္။ (၈၈)ကာလက အိႏၵိယကိုထြက္ေျပးခဲ့ၿပီး အိႏၵိယရဲ႕အကူ အညီနဲ႔ သတင္းဌာနထူေထာင္ခဲ့သူ ဦးစိုးျမင့္ရဲ႕ Mizzima ကေတာ့ (၅၆၂)ပုဒ္အထိ သတင္းေတြ ေရးသားေဖာ္ျပခဲ့သလို အဲဒီအထဲကမွ (၂၇)ရာခိုင္ ႏႈန္းဟာ အခ်က္အလက္မခိုင္မာဘဲ ေရးသားထား တာျဖစ္ၿပီး ပဋိပကၡျဖစ္ေစရန္ လႈံ႕ေဆာ္ေရးသားမႈ (၂၆)ရာခိုင္ႏႈန္းအထိ ရွိခဲ့ပါတယ္။ NUG/ PDF ကို အားေပးအားေျမႇာက္ျပဳ ေရးသားတာကေတာ့ (၂၆) ရာခိုင္ႏႈန္းရွိေနပါတယ္။ ဗီးနပ္စ္တို႔ The Voice တို႔လိုဂ်ာနယ္ေတြမွာ အလုပ္လုပ္ဖူးသူ သာလြန္ ေဇာင္းထက္ရဲ႕ ရန္ကုန္ေခတ္သစ္မီဒီယာကေတာ့ ရက္ေပါင္း (၃၀)အတြင္း သတင္း(၇၉၂)ပုဒ္ ေဖာ္ျပခဲ့သလို အခ်က္အလက္မခိုင္မာဘဲ ေရးသားေဖာ္ျပမႈ (၁၁) ရာခိုင္ႏႈန္း ရွိခဲ့ပါတယ္။ ပဋိပကၡျဖစ္ေစရန္ လႈံ႕ ေဆာ္ေရးသားမႈေပါင္း(၄၃)ရာခိုင္ႏႈန္းအထိရွိခဲ့ၿပီး NUG/PDFကို အားေပးေရးသားမႈ (၂၅)ရာခိုင္ႏႈန္း ရွိခဲ့ပါတယ္။ အစၥလာမ္ဘာသာေရးေခါင္းစဥ္ေအာက္ ကေန အမ်ိဳးသားေရးသမားေတြကို ပစ္မွတ္ထား သတင္းေဖာ္ျပေလ့ရွိသူ ေဆြဝင္းရဲ႕ သတင္းဌာန Myanmar Now ကလည္း သတင္းပုဒ္ေရ(၁၇၉)ပုဒ္ကို ရက္ေပါင္း(၃၀)အတြင္းမွာ ေရးသားခဲ့ပါတယ္။ အဲဒီအထဲကမွ(၃၆)ရာခိုင္ႏႈန္းဟာ ပဋိပကၡ ျဖစ္ပြားေစရန္ ရည္႐ြယ္ေရးသားမႈေတြျဖစ္ခဲ့ၿပီး (၄၅) ရာခိုင္ ႏႈန္းကေတာ့ NUG/PDFေတြကို အားေပးအား ေျမႇာက္ျပဳေရးသားခဲ့ပါတယ္။ ေဖာ္ျပပါ သတင္း ဌာန(၈)ခုထဲမွာမွ Like အမ်ားဆုံးရတဲ့ သတင္းဌာနဟာ ရန္ကုန္ေခတ္သစ္သတင္းဌာနျဖစ္ၿပီး ရက္ေပါင္း (၃၀)အတြင္း စုစုေပါင္း(၁၁၇၀ဝဝ)အထိ ရရွိခဲ့ပါတယ္။ အျခားေသာ သတင္းဌာန(၇)ခုဟာ ရန္ကုန္ ေခတ္ကို Like ရရွိမႈ အျပတ္အသတ္ ကြာဟ သြားခဲ့သလို လူထုထံ သတင္းပ်ံ႕ႏွံ႔ လႈံ႕ေဆာ္မႈအပိုင္း လိုက္မမီတာကိုလည္း ျမင္ေတြ႕ရပါတယ္။ သတင္း ဌာနတစ္ခုခ်င္းစီရဲ႕ ယခုထက္ပိုတိက်တဲ့ အေသး စိတ္အခ်က္အလက္ေတြကို The Statesman သတင္းဂ်ာနယ္က စုစည္းထားေပမယ့္ စာမ်က္ႏွာ အေျခအေနေၾကာင့္ သိသင့္သိထိုက္သေလာက္သာ စုစည္းေဖာ္ျပေပးခဲ့ျခင္းျဖစ္ပါတယ္။ လစဥ္ေဖာ္ျပေပးေနက် စစ္တမ္းျဖစ္သလို ၾကားကာလ သၾကၤန္ေၾကာင့္ လစ္ဟင္းခဲ့မႈေတြ ရွိခဲ့ပါတယ္။ လာမယ့္ ေမလမွာလည္း ထပ္မံေဖာ္ျပေပးသြားမွာျဖစ္ေၾကာင္း အသိေပးလိုက္ရပါတယ္။