သဲကန္တာရအလယ်မှာ တည်ဆောက်နေတဲ့ ဆော်ဒီအာရေးဗျနိုင်ငံရဲ့ တောင်ပေါ်ခရီးသွား အပန်းဖြေစခန်း Trojena

 976

Pika (NP News) - မေ ၆

ဆော်ဒီအာရေးဗျနိုင်ငံသည် သဲကန္တာရအလယ်တွင် Trojena အမည်ပေးထားသည့် တောင်ပေါ် ခရီးသွားအပန်းဖြေစခန်းတစ်ခုကိုတည် ဆောက်နေကြောင်းသိရသည်။ Trojena ကို ဆော်ဒီအာရေးဗျနိုင်ငံ Tabuk ပြည်နယ် Neom မြို့ပြ ဧရိယာအသစ်တွင် တည်ဆောက်နေခြင်းဖြစ်ကြောင်းလည်းသိရသည်။

Trojena သည် မြို့ပြ ဧရိယာအသစ်ဖြစ်သော Neom ၏ ကြေညာထားသောဒေသများထဲမှတစ်ခုဖြစ်ပြီး Aqaba ပင်လယ်ကွေ့မှ (၅၀)ကီလို မီတာအကွာတွင်တည်ရှိကာ စုစုပေါင်းဧရိယာ အကျယ်အဝန်းမှာ (၆၀)ကီလိုမီတာရှိကြောင်းလည်း သိရသည်။ ထို့ပြင် Trojena ၏အမြင့်သည် ပင်လယ်ရေမျက်နှာပြင်အထက် (၁၅၀ဝ) မီတာ မှ (၂၆၀ဝ)မီတာကြားရှိမည် လည်းဖြစ်သည်။ ခရီးသွား အပန်းဖြေစခန်း Trojenaonf Saudi Vision ၂၀၃၀ ပရောဂျက်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ၂၀၂၆ ပြည့်နှစ်တွင် အပြီးသတ်နိုင်ရန်စီစဉ်ထားကြောင်း သိရသည်။ ထို့ပြင် Trojena သည် ၂၀၃၀ ပြည့်နှစ်တွင် ခရီးသွား(၇)သိန်းနှင့် အမြဲတမ်းနေထိုင်သူ (၇၀ဝဝ)တို့ကို ဆွဲဆောင်နိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။

Trojena သည် နိုင်ငံဂျီဒီပီကို အမေရိကန်ဒေါ်လာ သန်း(၈၀ဝ)ပံ့ပိုးပေးကာ အလုပ်အကိုင်ပေါင်း (၁)သောင်းခန့် ဖန်တီးပေးနိုင်မည်ဟု ဆော်ဒီအာရေး ဗျအာဏာပိုင်များက ခန့်မှန်းထားကြသည်။ တောင်ပေါ်ခရီးသွားအပန်းဖြေစခန်း Trojena တွင် နှင်း လျှောစီးအပန်းဖြေ စခန်း၊ စားသောက်ဆိုင်အမျိုးမျိုးနှင့် လက်လီစတိုးဆိုင်များ၊ ဇိမ်ခံနေရာများနှင့် ကျန်းမာရေးဆိုင်ရာ အပန်းဖြေစခန်းများ အပြင် တောင်တက်စက်ဘီးစီးခြင်း၊ နှင်းလျှောစီးခြင်း၊ ရေနှင့်ဆိုင်သော အားကစားများနှင့် အပြန်အလှန်အကျိုးပြုမည့် သဘာဝဘေးမဲ့တောလည်း ပါဝင်မည်ဖြစ်သည်။

ဆော်ဒီသတင်းအေဂျင်စီ၏အဆိုအရ Trojenaတွင် တစ်နှစ်ပတ်လုံးပျမ်း မျှအပူချိန်သည် အိမ်နီးချင်းဒေသများအောက် (၁၀)ဒီဂရီဆဲလ်ဆီး ယပ်စ်တွင် ရှိမည်ဖြစ်ပြီး ဆောင်းရာသီတွင် အပူချိန်မှာ သုညအောက်သို့ကျဆင်းသွားမည်ဖြစ်ကြောင်း လည်းသိရသည်။ ၂၀၂၂ခုနှစ် ဩဂုတ်လ(၃)ရက်နေ့ တွင် ဆော်ဒီအာရေးဗျ အိုလံပစ်နှင့် မသန်စွမ်းကော် မတီ(SOPC)သည် (၁၀)ကြိမ်မြောက် အာရှဆောင်း ရာသီအားကစားပြိုင်ပွဲကို Trojena တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် စိတ်ဝင်စားသည့် စာတစ်စောင်ကို အာရှအိုလံပစ်ကောင်စီ (OCA)ဆီ ပေးပို့ခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် အောက်တိုဘာလ (၅)ရက်နေ့တွင် ဆော်ဒီအာရေးဗျနိုင်ငံသည် ၂၀၂၉ ခုနှစ် အာရှဆောင်းရာသီ အားကစားပြိုင်ပွဲကို Trojena တွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပရန် တရားဝင်ရွေးချယ်ခံခဲ့ရကြောင်းလည်း သိရသည်။ တောင်ပေါ်ခရီးသွားအပန်းဖြေစခန်း Trojena သည် နှင်းလျှောစီးသူများအတွက် တစ်နှစ်လျှင် (၃)လကြာ အသုံးပြုနိုင် မည်ဖြစ်ပြီး ကျန်ရှိနေသည့်အချိန်များတွင် ခရီးသွားများအနေဖြင့် ရေနှင့်ဆိုင်သော အားကစားများနှင့် တောင်တက် စက်ဘီးစီးခြင်းတို့ကို လုပ်ဆောင်နိုင်မည်လည်းဖြစ်သည်။

ထို့ပြင် Trojena တွင် လူလုပ်ရေကန်၊ အခြားဗိသုကာလက်ရာ များနှင့် စွဲမက်ဖွယ်ကောင်းသော ရှုခင်းများလည်း ပါဝင်မည်ဖြစ် ကြောင်းသိရသည်။ Trojena တွင် (၂ ဒသမ ၈)ကီလိုမီ တာရှည်လျားသော ရေချိုကန်ကို ဖန်တီးရန်အတွက် ဆည်အသစ်(၃)ခုလည်း ပါဝင်မည်ဖြစ်သည်။ ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းတစ်ခုဖြစ်ရန်အတွက် Trojena ၏ တည်ဆောက်သူများသည် နှင်းများပြုလုပ်ရာတွင် ရေအသုံးပြုမှုကို အနည်းဆုံးဖြစ်စေရန်နှင့် ရေပြန်လည်ရရှိစေရန်အတွက် အာရုံစိုက်ကာ လုပ်ဆောင်နေကြကြောင်းလည်း သိရသည်။ Neom အတွက် ဈေးကွက်ရှာဖွေရေးနှင့် ဆက်သွယ်ရေးကို စီမံခန့်ခွဲသည့် ကလာ့ခ်ဝီလျံက ‘‘နှင်းတွေကိုဖန်တီးဖို့ အတွက် ရေရှည်တည်တံ့ခိုင်မြဲတဲ့ အရင်းအမြစ်တွေအားလုံးကို ကျွန်တော်တို့ အသုံးချသွားမှာပါ။ ပြီးတော့ desalination plant က ရေတွေကို အသုံးပြုသွားမှာဖြစ်ပြီး နှင်းတွေအရည်ပျော်တာကနေ ရေတွေပြန်လည်ရရှိနိုင်အောင် ကြိုးပမ်းလုပ် ဆောင်သွားမှာပါ။”ဟုပြောဆိုခဲ့သည်။ ထို့ပြင် အဆိုပါရေများသည် တောင်စောင်းများတွင် နှင်းများ ဖန်တီးပေးမည့် စနစ်ထဲသို့ ပြန်လည်ရောက်ရှိသွားမည်ဖြစ်ကြောင်းလည်း ကလာ့ခ်ဝီလျံကပြောဆိုခဲ့သည်။ ပုံမှန်တောင်ပေါ်ရွာတစ်ရွာ တွင် ခရီးသွားများ တွေ့မြင်နိုင်မည့် အရာများအားလုံးကို Trojena တွင် တွေ့မြင်ရမည်ဖြစ်ကြောင်း တည်ဆောက်သူ များက ပြောဆိုထားသည်။

၂၀၂၆ ခုနှစ် နှောင်းပိုင်း သို့မဟုတ် ၂၀၂၇ ခုနှစ်အစောပိုင်းတွင် Trojena ကို စတင်ဖွင့်လှစ်မည် ဖြစ်ပြီး ဖွင့်လှစ်ချိန်တွင်ခရီးသွားများကို ချက်ချင်းလက်ခံနိုင်မည့် ဟိုတယ်အများအပြားလည်း ပါဝင်မည်ဖြစ်ကြောင်း ကလာ့ခ်ဝီလျံကပြောဆိုခဲ့သည်။ Trojena သည် မြို့ပြဧရိယာအသစ်ဖြစ်သော Neom ၏ အဓိကအစိတ်အပိုင်းလေးခု ထဲမှ တစ်ခုဖြစ်လာမည်ဖြစ်သည်။ Neom တွင်ပါဝင်သည့် အခြားအစိတ်အပိုင်းများမှာ ၂၀၂၄ ခုနှစ်တွင် ဖွင့်လှစ်မည့် ပင်လယ်နီတွင်းရှိ ဇိမ်ခံကျွန်း Sindalah ၊ အနာဂတ်ရေပေါ်စက်မှုမြို့တော် OXAGON၊ လူပေါင်း (၉)သန်းခန့် နေထိုင်နိုင် မည့် (၁၇၀)ကီလိုမီတာရှည် လျားသော မျဉ်းဖြောင့်ပုံစံ စမတ်မြို့ THE LINE တို့ ဖြစ်ကြောင်းလည်းသိရသည်။ Neom ၏ခရီးသွား လုပ်ငန်းအကြီးအကဲ Niall Gibbons က” Neom ဟာ Saudi Vision ၂၀၃၀ အစီအစဉ်ရဲ့တစ်စိတ် တစ်ပိုင်းအဖြစ် ထုတ်ပြန်ကြေညာထားတဲ့ ပရောဂျက် ကြီးတစ်ခုပဲဖြစ်ပါတယ်။ Neom ဘယ်လ်ဂျီယံ နိုင်ငံရဲ့ အရွယ် အစားလောက်ရှိပြီး လာမယ့် ၂၀၃၀ ပြည့်နှစ်မှာ ခရီးသွား (၃ ဒသမ ၅) သန်းကို ကြိုဆို သွားမှာပါ” ဟု ပြောဆိုခဲ့သည်။

zawgyi version
သဲကႏၲာရအလယ္မွာ တည္ေဆာက္ေနတဲ့ ေဆာ္ဒီအာေရးဗ်ႏိုင္ငံရဲ႕ ေတာင္ေပၚခရီးသြား အပန္းေျဖစခန္း Trojena
Pika (NP News) - ေမ ၆

ေဆာ္ဒီအာေရးဗ်ႏိုင္ငံသည္ သဲကႏၲာရအလယ္တြင္ Trojena အမည္ေပးထားသည့္ ေတာင္ေပၚ ခရီးသြားအပန္းေျဖစခန္းတစ္ခုကိုတည္ ေဆာက္ေနေၾကာင္းသိရသည္။ Trojena ကို ေဆာ္ဒီအာေရးဗ်ႏိုင္ငံ Tabuk ျပည္နယ္ Neom ၿမိဳ႕ျပ ဧရိယာအသစ္တြင္ တည္ေဆာက္ေနျခင္းျဖစ္ေၾကာင္းလည္းသိရသည္။

Trojena သည္ ၿမိဳ႕ျပ ဧရိယာအသစ္ျဖစ္ေသာ Neom ၏ ေၾကညာထားေသာေဒသမ်ားထဲမွတစ္ခုျဖစ္ၿပီး Aqaba ပင္လယ္ေကြ႕မွ (၅၀)ကီလို မီတာအကြာတြင္တည္ရွိကာ စုစုေပါင္းဧရိယာ အက်ယ္အဝန္းမွာ (၆၀)ကီလိုမီတာရွိေၾကာင္းလည္း သိရသည္။ ထို႔ျပင္ Trojena ၏အျမင့္သည္ ပင္လယ္ေရမ်က္ႏွာျပင္အထက္ (၁၅၀ဝ) မီတာ မွ (၂၆၀ဝ)မီတာၾကားရွိမည္ လည္းျဖစ္သည္။ ခရီးသြား အပန္းေျဖစခန္း Trojenaonf Saudi Vision ၂၀၃၀ ပေရာဂ်က္၏ တစ္စိတ္တစ္ပိုင္းျဖစ္ၿပီး ၂၀၂၆ ျပည့္ႏွစ္တြင္ အၿပီးသတ္ႏိုင္ရန္စီစဥ္ထားေၾကာင္း သိရသည္။ ထို႔ျပင္ Trojena သည္ ၂၀၃၀ ျပည့္ႏွစ္တြင္ ခရီးသြား(၇)သိန္းႏွင့္ အၿမဲတမ္းေနထိုင္သူ (၇၀ဝဝ)တို႔ကို ဆြဲေဆာင္ႏိုင္ရန္ ရည္မွန္းထားေၾကာင္း သိရသည္။

Trojena သည္ ႏိုင္ငံဂ်ီဒီပီကို အေမရိကန္ေဒၚလာ သန္း(၈၀ဝ)ပံ့ပိုးေပးကာ အလုပ္အကိုင္ေပါင္း (၁)ေသာင္းခန႔္ ဖန္တီးေပးႏိုင္မည္ဟု ေဆာ္ဒီအာေရး ဗ်အာဏာပိုင္မ်ားက ခန႔္မွန္းထားၾကသည္။ ေတာင္ေပၚခရီးသြားအပန္းေျဖစခန္း Trojena တြင္ ႏွင္း ေလွ်ာစီးအပန္းေျဖ စခန္း၊ စားေသာက္ဆိုင္အမ်ိဳးမ်ိဳးႏွင့္ လက္လီစတိုးဆိုင္မ်ား၊ ဇိမ္ခံေနရာမ်ားႏွင့္ က်န္းမာေရးဆိုင္ရာ အပန္းေျဖစခန္းမ်ား အျပင္ ေတာင္တက္စက္ဘီးစီးျခင္း၊ ႏွင္းေလွ်ာစီးျခင္း၊ ေရႏွင့္ဆိုင္ေသာ အားကစားမ်ားႏွင့္ အျပန္အလွန္အက်ိဳးျပဳမည့္ သဘာဝေဘးမဲ့ေတာလည္း ပါဝင္မည္ျဖစ္သည္။

ေဆာ္ဒီသတင္းေအဂ်င္စီ၏အဆိုအရ Trojenaတြင္ တစ္ႏွစ္ပတ္လုံးပ်မ္း မွ်အပူခ်ိန္သည္ အိမ္နီးခ်င္းေဒသမ်ားေအာက္ (၁၀)ဒီဂရီဆဲလ္ဆီး ယပ္စ္တြင္ ရွိမည္ျဖစ္ၿပီး ေဆာင္းရာသီတြင္ အပူခ်ိန္မွာ သုညေအာက္သို႔က်ဆင္းသြားမည္ျဖစ္ေၾကာင္း လည္းသိရသည္။ ၂၀၂၂ခုႏွစ္ ဩဂုတ္လ(၃)ရက္ေန႔ တြင္ ေဆာ္ဒီအာေရးဗ် အိုလံပစ္ႏွင့္ မသန္စြမ္းေကာ္ မတီ(SOPC)သည္ (၁၀)ႀကိမ္ေျမာက္ အာရွေဆာင္း ရာသီအားကစားၿပိဳင္ပြဲကို Trojena တြင္ အိမ္ရွင္အျဖစ္ လက္ခံက်င္းပရန္ စိတ္ဝင္စားသည့္ စာတစ္ေစာင္ကို အာရွအိုလံပစ္ေကာင္စီ (OCA)ဆီ ေပးပို႔ခဲ့ေၾကာင္း သိရသည္။

၂၀၂၂ ခုႏွစ္ ေအာက္တိုဘာလ (၅)ရက္ေန႔တြင္ ေဆာ္ဒီအာေရးဗ်ႏိုင္ငံသည္ ၂၀၂၉ ခုႏွစ္ အာရွေဆာင္းရာသီ အားကစားၿပိဳင္ပြဲကို Trojena တြင္ အိမ္ရွင္အျဖစ္လက္ခံက်င္းပရန္ တရားဝင္ေ႐ြးခ်ယ္ခံခဲ့ရေၾကာင္းလည္း သိရသည္။ ေတာင္ေပၚခရီးသြားအပန္းေျဖစခန္း Trojena သည္ ႏွင္းေလွ်ာစီးသူမ်ားအတြက္ တစ္ႏွစ္လွ်င္ (၃)လၾကာ အသုံးျပဳႏိုင္ မည္ျဖစ္ၿပီး က်န္ရွိေနသည့္အခ်ိန္မ်ားတြင္ ခရီးသြားမ်ားအေနျဖင့္ ေရႏွင့္ဆိုင္ေသာ အားကစားမ်ားႏွင့္ ေတာင္တက္ စက္ဘီးစီးျခင္းတို႔ကို လုပ္ေဆာင္ႏိုင္မည္လည္းျဖစ္သည္။

ထို႔ျပင္ Trojena တြင္ လူလုပ္ေရကန္၊ အျခားဗိသုကာလက္ရာ မ်ားႏွင့္ စြဲမက္ဖြယ္ေကာင္းေသာ ရႈခင္းမ်ားလည္း ပါဝင္မည္ျဖစ္ ေၾကာင္းသိရသည္။ Trojena တြင္ (၂ ဒသမ ၈)ကီလိုမီ တာရွည္လ်ားေသာ ေရခ်ိဳကန္ကို ဖန္တီးရန္အတြက္ ဆည္အသစ္(၃)ခုလည္း ပါဝင္မည္ျဖစ္သည္။ ေရရွည္တည္တံ့ေသာ ခရီးသြားလုပ္ငန္းတစ္ခုျဖစ္ရန္အတြက္ Trojena ၏ တည္ေဆာက္သူမ်ားသည္ ႏွင္းမ်ားျပဳလုပ္ရာတြင္ ေရအသုံးျပဳမႈကို အနည္းဆုံးျဖစ္ေစရန္ႏွင့္ ေရျပန္လည္ရရွိေစရန္အတြက္ အာ႐ုံစိုက္ကာ လုပ္ေဆာင္ေနၾကေၾကာင္းလည္း သိရသည္။ Neom အတြက္ ေဈးကြက္ရွာေဖြေရးႏွင့္ ဆက္သြယ္ေရးကို စီမံခန႔္ခြဲသည့္ ကလာ့ခ္ဝီလ်ံက ‘‘ႏွင္းေတြကိုဖန္တီးဖို႔ အတြက္ ေရရွည္တည္တံ့ခိုင္ၿမဲတဲ့ အရင္းအျမစ္ေတြအားလုံးကို ကြၽန္ေတာ္တို႔ အသုံးခ်သြားမွာပါ။ ၿပီးေတာ့ desalination plant က ေရေတြကို အသုံးျပဳသြားမွာျဖစ္ၿပီး ႏွင္းေတြအရည္ေပ်ာ္တာကေန ေရေတြျပန္လည္ရရွိႏိုင္ေအာင္ ႀကိဳးပမ္းလုပ္ ေဆာင္သြားမွာပါ။”ဟုေျပာဆိုခဲ့သည္။ ထို႔ျပင္ အဆိုပါေရမ်ားသည္ ေတာင္ေစာင္းမ်ားတြင္ ႏွင္းမ်ား ဖန္တီးေပးမည့္ စနစ္ထဲသို႔ ျပန္လည္ေရာက္ရွိသြားမည္ျဖစ္ေၾကာင္းလည္း ကလာ့ခ္ဝီလ်ံကေျပာဆိုခဲ့သည္။ ပုံမွန္ေတာင္ေပၚ႐ြာတစ္႐ြာ တြင္ ခရီးသြားမ်ား ေတြ႕ျမင္ႏိုင္မည့္ အရာမ်ားအားလုံးကို Trojena တြင္ ေတြ႕ျမင္ရမည္ျဖစ္ေၾကာင္း တည္ေဆာက္သူ မ်ားက ေျပာဆိုထားသည္။

၂၀၂၆ ခုႏွစ္ ေႏွာင္းပိုင္း သို႔မဟုတ္ ၂၀၂၇ ခုႏွစ္အေစာပိုင္းတြင္ Trojena ကို စတင္ဖြင့္လွစ္မည္ ျဖစ္ၿပီး ဖြင့္လွစ္ခ်ိန္တြင္ခရီးသြားမ်ားကို ခ်က္ခ်င္းလက္ခံႏိုင္မည့္ ဟိုတယ္အမ်ားအျပားလည္း ပါဝင္မည္ျဖစ္ေၾကာင္း ကလာ့ခ္ဝီလ်ံကေျပာဆိုခဲ့သည္။ Trojena သည္ ၿမိဳ႕ျပဧရိယာအသစ္ျဖစ္ေသာ Neom ၏ အဓိကအစိတ္အပိုင္းေလးခု ထဲမွ တစ္ခုျဖစ္လာမည္ျဖစ္သည္။ Neom တြင္ပါဝင္သည့္ အျခားအစိတ္အပိုင္းမ်ားမွာ ၂၀၂၄ ခုႏွစ္တြင္ ဖြင့္လွစ္မည့္ ပင္လယ္နီတြင္းရွိ ဇိမ္ခံကြၽန္း Sindalah ၊ အနာဂတ္ေရေပၚစက္မႈၿမိဳ႕ေတာ္ OXAGON၊ လူေပါင္း (၉)သန္းခန႔္ ေနထိုင္ႏိုင္ မည့္ (၁၇၀)ကီလိုမီတာရွည္ လ်ားေသာ မ်ဥ္းေျဖာင့္ပုံစံ စမတ္ၿမိဳ႕ THE LINE တို႔ ျဖစ္ေၾကာင္းလည္းသိရသည္။ Neom ၏ခရီးသြား လုပ္ငန္းအႀကီးအကဲ Niall Gibbons က” Neom ဟာ Saudi Vision ၂၀၃၀ အစီအစဥ္ရဲ႕တစ္စိတ္ တစ္ပိုင္းအျဖစ္ ထုတ္ျပန္ေၾကညာထားတဲ့ ပေရာဂ်က္ ႀကီးတစ္ခုပဲျဖစ္ပါတယ္။ Neom ဘယ္လ္ဂ်ီယံ ႏိုင္ငံရဲ႕ အ႐ြယ္ အစားေလာက္ရွိၿပီး လာမယ့္ ၂၀၃၀ ျပည့္ႏွစ္မွာ ခရီးသြား (၃ ဒသမ ၅) သန္းကို ႀကိဳဆို သြားမွာပါ” ဟု ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.