အမျိုးသားအလုပ်ခေါ်စာများကို ယာယီဆိုင်းငံ့ထားပြီး ပြည်ပထွက်ခွင့် လုံးဝပိတ်ပင်ခြင်းမျိုးမရှိ

 3462

မြူနစ်၊ Pearl (NP News) - မေ ၆

ပြည်ပနိုင်ငံများမှ မြန်မာအမျိုးသားအလုပ်ခေါ်စာ (Demand Letter) များကို မေလ ၁ ရက်မှစ၍ ယာယီ ဆိုင်းငံ့ လိုက်ပြီဖြစ်သော်လည်း အမျိုးသားများကို ပြည်ပထွက်ခွင့် လုံးဝပိတ်ပင်လိုက်ခြင်းမျိုးမရှိကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။

အမျိုးသားများကို ပြည်ပထွက်ခွာအလုပ်လုပ်ခွင့်ကို နစကမှ ပိတ်ပင်လိုက်ပြီဟုဆိုသောသတင်းများက လူမှုကွန် ရက်စာမျက်နှာများမှတစ်ဆင့် မေလ ၂ ရက်တွင် လူထုကြားပျံ့နှံ့ခဲ့သည်ကိုတွေ့ရှိရသည်။

ထိုကဲ့သို့ ပျံ့နှံ့လာသော သတင်းများနှင့်ပတ်သက်၍ NP News က အလုပ်သမားဝန်ကြီးဌာန၏ ပြောရေးဆိုခွင့် ရှိသူ အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းကို ဆက်သွယ်မေးမြန်းခဲ့ရာတွင် ၎င်းက “ယာယီဆိုင်းငံ့တာပါ။ လောလောဆယ် demand တင်ရင်၊ အမျိုးသား demand ပါလာရင် ခွင့်မပြုဘူးပေါ့ဗျာ။ လတ်တလောခွင့်မပြုဘူးပေါ့ဗျာ။ ဒါပါပဲ။ အခြေ အနေအရအပေါ့။ လိုအပ်လို့ ကျွန်တော်တို့ ဆိုင်းငံ့ပါတယ်။ ဒီအစီအစဉ်ကလည်း လိုအပ်ချက်အရပါ။ အတိုင်းအတာ တစ်ခုမှာ လိုအပ်ရင်လိုအပ်သလို ပြန်ပြီးတော့ပေးမှာ။ အဲဒီတော့ပြောချင်တာက ဒါကြီးကိုချဲ့ကားပြီးတော့ တွေးမနေဖို့ပဲ လိုပါတယ်။ လတ်တလောမှာတော့ လိုအပ်ချက်အရပဲ ယာယီဆိုင်းငံ့တယ်ဆိုတဲ့ ဒီစကားလုံးအသုံးအနှုန်းလေးကို အားလုံးက သဘောပေါက်ကြမယ်လို့ ထင်ပါတယ်။ ဒီလောက်ပဲ ပြောချင်ပါတယ်”ဟု ဖြေ ကြားသည်။

ထိုသို့ ဖြေကြားပြီးနောက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာနက ပြည်ပထွက်ခွာခွင့် ကိစ္စရပ်များ ပိုမိုအချိန်ယူ စိစစ်နိုင်ရန်နှင့် အခြားအခြေအနေများအရ ယာယီအားဖြင့် ဆိုင်းငံ့ထားခြင်းဖြစ်ပါကြောင်း ထပ်မံ၍ မီဒီယာများကို အသိပေးဖြေဆိုထားသည်။ မြန်မာနိုင်ငံရှိ အမျိုးသားများကို ပြည်ပထွက်ခွာအလုပ်လုပ်ခွင့်ကို ယာယီဆိုင်းငံ့ထားခြင်းသာဖြစ်ပြီး အချိန် တစ်ခုသို့ ရောက်ရှိချိန်တွင် ပြန်လည် ခွင့်ပြုပေးသွားမည့်သဘောမျိုးလည်းဖြစ်သည်။

ကိုဗစ်ကပ်ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်သည့်အချိန်မှစ၍ လတ်တလောကာလအထိ မြန်မာနိုင်ငံရှိ အမျိုးသား၊ အမျိုးသမီးများအနေဖြင့် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့သို့ ထွက်ခွာကာ အလုပ်လုပ် ကိုင်မှုများရှိခဲ့ကြသည်။ ထိုသို့ ပြည်ပထွက်ခွာအလုပ်လုပ်ကိုင်ရာတွင် မြန်မာအမျိုးသားများနှင့်ပတ်သက်၍ အလုပ်ခေါ် စာ (Demand Letter) များကို ထိုင်းနိုင်ငံထံမှ အများဆုံးရရှိကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများထံမှ သိရသည်။ မြန်မာအမျိုးသား၊ အမျိုးသမီး လုပ်သား (၁၀ဝဝဝ)ဝန်းကျင်သည် လစဉ် ထိုင်းနိုင်ငံသို့ တရားဝင်သွားရောက်လုပ်ကိုင်မှု များရှိနေကြောင်းလည်း အထက်ပါအေဂျင်စီများက ဆိုသည်။

“ယောကျာ်းလေးခေါ်တဲ့ Demand ဆို ထိုင်းကများတယ်။ တခြားနိုင်ငံတွေကနည်းတယ်။ တရားမဝင် သွား တယ်ဆိုတာကလည်း များသောအားဖြင့် ထိုင်းကိုပဲ။ တရားဝင်လွှတ်နေတဲ့အချိန် တုန်းကလည်း တရားမဝင်သွားတဲ့ လူတွေကအများကြီးပဲ။ အခုဆို ပိုများလာနိုင်တယ်။ တခြားနိုင်ငံတွေ ဥပမာ ဂျပန်တို့ ကိုးရီးယားတို့က တရားမဝင် သွားလို့ မရတဲ့အတွက်ကြောင့်မို့ ပြဿနာတော့သိပ်မရှိဘူး”ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုမှ လုပ်ငန်းရှင် တစ်ဦးက NP News ကို သုံးသပ်ပြောကြားသည်။

ယခုကဲ့သို့ အမျိုးသားများကို ပြည်ပထွက်ခွာအလုပ်လုပ်ခွင့် ယာယီဆိုင်းငံ့လိုက်ခြင်းနှင့်ပတ် သက်၍ ပြည်ပ ရောက်သတင်းဌာနအချို့နှင့်ဆိုရှယ် မီဒီယာပလက်ဖောင်းအချို့တွင် စစ်မှုထမ်းကိစ္စနှင့် ရောထွေးသုံးသပ်မှုများ လည်းရှိ နေသည်။ အထူးသဖြင့်စစ်မှုထမ်းရန်ဆန္ဒမရှိသော အမျိုးသားများက ပြည်တွင်းမှပုံစံမျိုးစုံဖြင့် ထွက်ခွာနေမှုကို နစက အစိုးရက ပိတ်ပင်တားဆီး၍ စစ်မှုထမ်းအင်အားတိုးပွားလာစေရန် ကြံဆခြင်းမျိုးဖြစ်ကြောင်း ပြောကြားမှုများ ရှိနေ သည်။ စက်မှုကုန်ထုတ်လုပ်ငန်းရှင်နှင့် ပြည်တွင်းအလုပ်သမားကဏ္ဍဘက်မှ သုံးသပ်မှုများ၌ လူ့စွမ်းအားရင်းမြစ် များလို အပ်သည်ထက်ပို၍ ပြည်ပထွက်ခွာနေခြင်းသည် တိုင်းပြည်ကုန်ထုတ်လုပ်မှု ကဏ္ဍအတွက် ကောင်းသော လက္ခဏာ မဟုတ်သောကြောင့် စနစ်တကျစီမံခန့်ခွဲသင့်သည်ဟု ထောက်ပြထားကြသည်။

ပြီးခဲ့သော ကာလများအတွင်း၌ မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန်အတွက် တရားမဝင် သွားရောက်မှုများရှိခဲ့ပြီး ယင်းကဲ့သို့ သွားရောက်မှုများကြောင့် အာဏာပိုင်များ ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို မကြာခဏဆိုသကဲ့သို့ ခံခဲ့ရဖူးသည်။ မြန်မာနိုင်ငံသားများအနေဖြင့် ပြည်ပနိုင်ငံများသို့ တရားမဝင် သွားရောက်ပါက သက်ဆိုင်ရာနိုင်ငံ အာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံရနိုင်သကဲ့သို့ လူကုန်ကူးခံရနိုင်ခြေမှာလည်း များပြားကြောင်း သုံးသပ်မှုများရှိနေသည်။

လက်ရှိတွင် မြန်မာအမျိုးသားများ ပြည်ပထွက် အလုပ်လုပ်ခွင့်ကို ယာယီရပ်ဆိုင်းထားခြင်းသာ ဖြစ်သည့် အတွက် ယာယီဆိုသော အချိန်ကာလသည် ၄၊ ၅ ရက် သို့မဟုတ် တစ်လ၊ နှစ်လလည်းကြာ ကောင်းကြာနိုင်ပြီး အဆိုပါအခြေအနေကို စောင့်ကြည့်သွားရန်လိုအပ် ကြောင်းလည်း ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုမှ လုပ်ငန်းရှင်က ဆိုသည်။ “လော လောဆယ် ဆိုင်းငံ့လို့ ပြောတာ၊ ဘယ်ထိဆိုင်းငံ့မလဲက မသိဘူး။ ဆိုင်းငံ့တယ်ဆိုတော့ အချိန်မရွေး ပြန်ပွင့်သွားနိုင်တယ်လေ။ အခြေအနေ ကြည့်ရမှာပေါ့။ ယာယီလို့ ပြောထားတဲ့အတွက်ကြောင့်မို့ တစ်ခါတလေကျ ရင်လည်း (၄)(၅) ရက်နဲ့လည်း ယာယီလို့ပြောတာပဲ။ (၁)လ (၂)လလည်း ကြာချင်ကြာမယ် အခြေအနေကြည့်ရမှာ ပေါ့။ အခုဘာလုပ်ရမယ်ဆိုတာ ချက်ချင်းဆုံးဖြတ်ချက်ချလို့ မရဘူးပေါ့။ လုံးလုံးပိတ်သွားပြီဆိုရင်တော့ တစ်မျိုးပေါ့လေ။ သိပ်မကြာဘူးဆိုရင်တော့ ပုံမှန်အတိုင်း ပြန်ဖြစ် သွားမှာ”ဟု ၎င်းက ဆက်လက်ပြောသည်။

ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားဦးရေသည် သန်းနှင့်ချီရှိကြောင်း သိရပြီး နိုင်ငံသားအများစုသည် ထိုင်းနိုင်ငံသို့ကာသွားရောက်အလုပ်လုပ်ကိုင်နေခြင်းဖြစ်ကြောင်း သိရသည်။

zawgyi version
အမ်ိဳးသားအလုပ္ေခၚစာမ်ားကို ယာယီဆိုင္းငံ့ထားၿပီး ျပည္ပထြက္ခြင့္ လုံးဝပိတ္ပင္ျခင္းမ်ိဳးမရွိ
ျမဴနစ္၊ Pearl (NP News) - ေမ ၆

ျပည္ပႏိုင္ငံမ်ားမွ ျမန္မာအမ်ိဳးသားအလုပ္ေခၚစာ (Demand Letter) မ်ားကို ေမလ ၁ ရက္မွစ၍ ယာယီ ဆိုင္းငံ့ လိုက္ၿပီျဖစ္ေသာ္လည္း အမ်ိဳးသားမ်ားကို ျပည္ပထြက္ခြင့္ လုံးဝပိတ္ပင္လိုက္ျခင္းမ်ိဳးမရွိေၾကာင္း အလုပ္သမားဝန္ႀကီးဌာနမွ သိရသည္။

အမ်ိဳးသားမ်ားကို ျပည္ပထြက္ခြာအလုပ္လုပ္ခြင့္ကို နစကမွ ပိတ္ပင္လိုက္ၿပီဟုဆိုေသာသတင္းမ်ားက လူမႈကြန္ ရက္စာမ်က္ႏွာမ်ားမွတစ္ဆင့္ ေမလ ၂ ရက္တြင္ လူထုၾကားပ်ံ႕ႏွံ႔ခဲ့သည္ကိုေတြ႕ရွိရသည္။

ထိုကဲ့သို႔ ပ်ံ႕ႏွံ႔လာေသာ သတင္းမ်ားႏွင့္ပတ္သက္၍ NP News က အလုပ္သမားဝန္ႀကီးဌာန၏ ေျပာေရးဆိုခြင့္ ရွိသူ အၿမဲတမ္းအတြင္းဝန္ ဦးၫြန႔္ဝင္းကို ဆက္သြယ္ေမးျမန္းခဲ့ရာတြင္ ၎က “ယာယီဆိုင္းငံ့တာပါ။ ေလာေလာဆယ္ demand တင္ရင္၊ အမ်ိဳးသား demand ပါလာရင္ ခြင့္မျပဳဘူးေပါ့ဗ်ာ။ လတ္တေလာခြင့္မျပဳဘူးေပါ့ဗ်ာ။ ဒါပါပဲ။ အေျခ အေနအရအေပါ့။ လိုအပ္လို႔ ကြၽန္ေတာ္တို႔ ဆိုင္းငံ့ပါတယ္။ ဒီအစီအစဥ္ကလည္း လိုအပ္ခ်က္အရပါ။ အတိုင္းအတာ တစ္ခုမွာ လိုအပ္ရင္လိုအပ္သလို ျပန္ၿပီးေတာ့ေပးမွာ။ အဲဒီေတာ့ေျပာခ်င္တာက ဒါႀကီးကိုခ်ဲ႕ကားၿပီးေတာ့ ေတြးမေနဖို႔ပဲ လိုပါတယ္။ လတ္တေလာမွာေတာ့ လိုအပ္ခ်က္အရပဲ ယာယီဆိုင္းငံ့တယ္ဆိုတဲ့ ဒီစကားလုံးအသုံးအႏႈန္းေလးကို အားလုံးက သေဘာေပါက္ၾကမယ္လို႔ ထင္ပါတယ္။ ဒီေလာက္ပဲ ေျပာခ်င္ပါတယ္”ဟု ေျဖ ၾကားသည္။

ထိုသို႔ ေျဖၾကားၿပီးေနာက္ပိုင္းတြင္ အလုပ္သမားဝန္ႀကီးဌာနက ျပည္ပထြက္ခြာခြင့္ ကိစၥရပ္မ်ား ပိုမိုအခ်ိန္ယူ စိစစ္ႏိုင္ရန္ႏွင့္ အျခားအေျခအေနမ်ားအရ ယာယီအားျဖင့္ ဆိုင္းငံ့ထားျခင္းျဖစ္ပါေၾကာင္း ထပ္မံ၍ မီဒီယာမ်ားကို အသိေပးေျဖဆိုထားသည္။ ျမန္မာႏိုင္ငံရွိ အမ်ိဳးသားမ်ားကို ျပည္ပထြက္ခြာအလုပ္လုပ္ခြင့္ကို ယာယီဆိုင္းငံ့ထားျခင္းသာျဖစ္ၿပီး အခ်ိန္ တစ္ခုသို႔ ေရာက္ရွိခ်ိန္တြင္ ျပန္လည္ ခြင့္ျပဳေပးသြားမည့္သေဘာမ်ိဳးလည္းျဖစ္သည္။

ကိုဗစ္ကပ္ေရာဂါကူးစက္မႈကို ထိန္းခ်ဳပ္ႏိုင္သည့္အခ်ိန္မွစ၍ လတ္တေလာကာလအထိ ျမန္မာႏိုင္ငံရွိ အမ်ိဳးသား၊ အမ်ိဳးသမီးမ်ားအေနျဖင့္ ထိုင္း၊ မေလးရွား၊ စင္ကာပူ၊ ဂ်ပန္ႏွင့္ ကိုရီးယားႏိုင္ငံတို႔သို႔ ထြက္ခြာကာ အလုပ္လုပ္ ကိုင္မႈမ်ားရွိခဲ့ၾကသည္။ ထိုသို႔ ျပည္ပထြက္ခြာအလုပ္လုပ္ကိုင္ရာတြင္ ျမန္မာအမ်ိဳးသားမ်ားႏွင့္ပတ္သက္၍ အလုပ္ေခၚ စာ (Demand Letter) မ်ားကို ထိုင္းႏိုင္ငံထံမွ အမ်ားဆုံးရရွိေၾကာင္း ျပည္ပအလုပ္အကိုင္ေအဂ်င္စီမ်ားထံမွ သိရသည္။ ျမန္မာအမ်ိဳးသား၊ အမ်ိဳးသမီး လုပ္သား (၁၀ဝဝဝ)ဝန္းက်င္သည္ လစဥ္ ထိုင္းႏိုင္ငံသို႔ တရားဝင္သြားေရာက္လုပ္ကိုင္မႈ မ်ားရွိေနေၾကာင္းလည္း အထက္ပါေအဂ်င္စီမ်ားက ဆိုသည္။

“ေယာက်ာ္းေလးေခၚတဲ့ Demand ဆို ထိုင္းကမ်ားတယ္။ တျခားႏိုင္ငံေတြကနည္းတယ္။ တရားမဝင္ သြား တယ္ဆိုတာကလည္း မ်ားေသာအားျဖင့္ ထိုင္းကိုပဲ။ တရားဝင္လႊတ္ေနတဲ့အခ်ိန္ တုန္းကလည္း တရားမဝင္သြားတဲ့ လူေတြကအမ်ားႀကီးပဲ။ အခုဆို ပိုမ်ားလာႏိုင္တယ္။ တျခားႏိုင္ငံေတြ ဥပမာ ဂ်ပန္တို႔ ကိုးရီးယားတို႔က တရားမဝင္ သြားလို႔ မရတဲ့အတြက္ေၾကာင့္မို႔ ျပႆနာေတာ့သိပ္မရွိဘူး”ဟု ျပည္ပအလုပ္အကိုင္ေအဂ်င္စီတစ္ခုမွ လုပ္ငန္းရွင္ တစ္ဦးက NP News ကို သုံးသပ္ေျပာၾကားသည္။

ယခုကဲ့သို႔ အမ်ိဳးသားမ်ားကို ျပည္ပထြက္ခြာအလုပ္လုပ္ခြင့္ ယာယီဆိုင္းငံ့လိုက္ျခင္းႏွင့္ပတ္ သက္၍ ျပည္ပ ေရာက္သတင္းဌာနအခ်ိဳ႕ႏွင့္ဆိုရွယ္ မီဒီယာပလက္ေဖာင္းအခ်ိဳ႕တြင္ စစ္မႈထမ္းကိစၥႏွင့္ ေရာေထြးသုံးသပ္မႈမ်ား လည္းရွိ ေနသည္။ အထူးသျဖင့္စစ္မႈထမ္းရန္ဆႏၵမရွိေသာ အမ်ိဳးသားမ်ားက ျပည္တြင္းမွပုံစံမ်ိဳးစုံျဖင့္ ထြက္ခြာေနမႈကို နစက အစိုးရက ပိတ္ပင္တားဆီး၍ စစ္မႈထမ္းအင္အားတိုးပြားလာေစရန္ ႀကံဆျခင္းမ်ိဳးျဖစ္ေၾကာင္း ေျပာၾကားမႈမ်ား ရွိေန သည္။ စက္မႈကုန္ထုတ္လုပ္ငန္းရွင္ႏွင့္ ျပည္တြင္းအလုပ္သမားက႑ဘက္မွ သုံးသပ္မႈမ်ား၌ လူ႔စြမ္းအားရင္းျမစ္ မ်ားလို အပ္သည္ထက္ပို၍ ျပည္ပထြက္ခြာေနျခင္းသည္ တိုင္းျပည္ကုန္ထုတ္လုပ္မႈ က႑အတြက္ ေကာင္းေသာ လကၡဏာ မဟုတ္ေသာေၾကာင့္ စနစ္တက်စီမံခန႔္ခြဲသင့္သည္ဟု ေထာက္ျပထားၾကသည္။

ၿပီးခဲ့ေသာ ကာလမ်ားအတြင္း၌ ျမန္မာႏိုင္ငံသားမ်ားသည္ ထိုင္းႏိုင္ငံတြင္ အလုပ္လုပ္ကိုင္ရန္အတြက္ တရားမဝင္ သြားေရာက္မႈမ်ားရွိခဲ့ၿပီး ယင္းကဲ့သို႔ သြားေရာက္မႈမ်ားေၾကာင့္ အာဏာပိုင္မ်ား ၏ ဖမ္းဆီးထိန္းသိမ္းျခင္းကို မၾကာခဏဆိုသကဲ့သို႔ ခံခဲ့ရဖူးသည္။ ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ ျပည္ပႏိုင္ငံမ်ားသို႔ တရားမဝင္ သြားေရာက္ပါက သက္ဆိုင္ရာႏိုင္ငံ အာဏာပိုင္မ်ား၏ ဖမ္းဆီးျခင္းကို ခံရႏိုင္သကဲ့သို႔ လူကုန္ကူးခံရႏိုင္ေျခမွာလည္း မ်ားျပားေၾကာင္း သုံးသပ္မႈမ်ားရွိေနသည္။

လက္ရွိတြင္ ျမန္မာအမ်ိဳးသားမ်ား ျပည္ပထြက္ အလုပ္လုပ္ခြင့္ကို ယာယီရပ္ဆိုင္းထားျခင္းသာ ျဖစ္သည့္ အတြက္ ယာယီဆိုေသာ အခ်ိန္ကာလသည္ ၄၊ ၅ ရက္ သို႔မဟုတ္ တစ္လ၊ ႏွစ္လလည္းၾကာ ေကာင္းၾကာႏိုင္ၿပီး အဆိုပါအေျခအေနကို ေစာင့္ၾကည့္သြားရန္လိုအပ္ ေၾကာင္းလည္း ျပည္ပအလုပ္အကိုင္ေအဂ်င္စီတစ္ခုမွ လုပ္ငန္းရွင္က ဆိုသည္။ “ေလာ ေလာဆယ္ ဆိုင္းငံ့လို႔ ေျပာတာ၊ ဘယ္ထိဆိုင္းငံ့မလဲက မသိဘူး။ ဆိုင္းငံ့တယ္ဆိုေတာ့ အခ်ိန္မေ႐ြး ျပန္ပြင့္သြားႏိုင္တယ္ေလ။ အေျခအေန ၾကည့္ရမွာေပါ့။ ယာယီလို႔ ေျပာထားတဲ့အတြက္ေၾကာင့္မို႔ တစ္ခါတေလက် ရင္လည္း (၄)(၅) ရက္နဲ႔လည္း ယာယီလို႔ေျပာတာပဲ။ (၁)လ (၂)လလည္း ၾကာခ်င္ၾကာမယ္ အေျခအေနၾကည့္ရမွာ ေပါ့။ အခုဘာလုပ္ရမယ္ဆိုတာ ခ်က္ခ်င္းဆုံးျဖတ္ခ်က္ခ်လို႔ မရဘူးေပါ့။ လုံးလုံးပိတ္သြားၿပီဆိုရင္ေတာ့ တစ္မ်ိဳးေပါ့ေလ။ သိပ္မၾကာဘူးဆိုရင္ေတာ့ ပုံမွန္အတိုင္း ျပန္ျဖစ္ သြားမွာ”ဟု ၎က ဆက္လက္ေျပာသည္။

ျပည္ပႏိုင္ငံမ်ားတြင္ သြားေရာက္အလုပ္လုပ္ကိုင္ေနသည့္ ျမန္မာႏိုင္ငံသားဦးေရသည္ သန္းႏွင့္ခ်ီရွိေၾကာင္း သိရၿပီး ႏိုင္ငံသားအမ်ားစုသည္ ထိုင္းႏိုင္ငံသို႔ကာသြားေရာက္အလုပ္လုပ္ကိုင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.