မလေးရှားနိုင်ငံ၊ ပီနန်မြို့၊ ဂျာလန်ဘာမက်ဟ် လမ်းပေါ်မှာ တွင်းပေါက်ကြီးတစ်ခု ထွက်ပေါ်လာ

 511

ရောင်နီ (NP News) - စက်တင်ဘာ ၂၂
မလေးရှားနိုင်ငံ ပီနန်မြို့၊ ၆၅ ထပ်ရှိ အထင်ကရ မျှော်စင် ကွန်တာအနီးရှိ ဂျာလန်ဘာမက်ဟ် လမ်းပေါ်မှာ စက်တင်ဘာ ၂၁ ရက်က တွင်းပေါက်ကြီးတစ်ခုဖြစ်ပေါ်လာခဲ့ပြီး ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။
တွင်းပေါက်ဟာ အကျယ် ၁.၅ မီတာ၊ အနက် ၂.၅ မီတာခန့်ရှိပြီး စက်တင်ဘာ ၂၁ ရက် နံနက် ၉ နာရီအချိန်ခန့်က စတင်ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ လက်တလောတော့ တွင်းပေါက်ကြီးဖြစ်ပေါ်လာတဲ့အကြောင်းရင်းကို မြေအောက် မိလ္လာပိုက်ပေါက်ခြင်းကြောင့် ဖြစ်ပေါ်လာတယ်လို့ ယူဆထားကြပါတယ်။ အဆိုပါမြေအောက်ပိုက်လိုင်း ပျက်စီးယိုစိမ့်မှုတွေကိုပြုပြင်ဖို့ တာဝန်ရှိတဲ့ Indah Water Konsortium ကုမ္ပဏီက သူ့ရဲ့ကန်ထရိုက်တာတွေကို အဖြစ်အပျက်ဖြစ်ပွားရာနေရာမှာ နေရာချထားတယ်လို့ သိရပါတယ်။
ဒေသန္တရအစိုးရအာဏာပိုင်တွေဖြစ်တဲ့ Penang Island City Council (MBPP) ကလည်း ယာဉ်အသွားအလာလမ်းကြောင်းပြောင်းဖို့အတွက် ကြိုးပမ်းလုပ်ဆောင်နေပြီး မကြာခင် ယာဉ်ကြောပိတ်ဆို့မှုတွေ ရှင်းပေးနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ ဒီဖြစ်ရပ်ကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရသူတွေတော့ မရှိဘူးလို့ သိရပါတယ်။

Zawgyi Version:
မေလးရွားႏိုင္ငံ၊ ပီနန္ၿမိဳ႕၊ ဂ်ာလန္ဘာမက္ဟ္ လမ္းေပၚမွာ တြင္းေပါက္ႀကီးတစ္ခု ထြက္ေပၚလာ
ေရာင္နီ (NP News) - စက္တင္ဘာ ၂၂
မေလးရွားႏိုင္ငံ ပီနန္ၿမိဳ႕၊ ၆၅ ထပ္ရွိ အထင္ကရ ေမွ်ာ္စင္ ကြန္တာအနီးရွိ ဂ်ာလန္ဘာမက္ဟ္ လမ္းေပၚမွာ စက္တင္ဘာ ၂၁ ရက္က တြင္းေပါက္ႀကီးတစ္ခုျဖစ္ေပၚလာခဲ့ၿပီး ယာဥ္ေၾကာပိတ္ဆို႔မႈေတြ ျဖစ္ေပၚေစခဲ့ပါတယ္။
တြင္းေပါက္ဟာ အက်ယ္ ၁.၅ မီတာ၊ အနက္ ၂.၅ မီတာခန႔္ရွိၿပီး စက္တင္ဘာ ၂၁ ရက္ နံနက္ ၉ နာရီအခ်ိန္ခန႔္က စတင္ျဖစ္ေပၚခဲ့တယ္လို႔ သိရပါတယ္။ လက္တေလာေတာ့ တြင္းေပါက္ႀကီးျဖစ္ေပၚလာတဲ့အေၾကာင္းရင္းကို ေျမေအာက္ မိလႅာပိုက္ေပါက္ျခင္းေၾကာင့္ ျဖစ္ေပၚလာတယ္လို႔ ယူဆထားၾကပါတယ္။ အဆိုပါေျမေအာက္ပိုက္လိုင္း ပ်က္စီးယိုစိမ့္မႈေတြကိုျပဳျပင္ဖို႔ တာဝန္ရွိတဲ့ Indah Water Konsortium ကုမၸဏီက သူ႔ရဲ႕ကန္ထ႐ိုက္တာေတြကို အျဖစ္အပ်က္ျဖစ္ပြားရာေနရာမွာ ေနရာခ်ထားတယ္လို႔ သိရပါတယ္။
ေဒသႏၲရအစိုးရအာဏာပိုင္ေတြျဖစ္တဲ့ Penang Island City Council (MBPP) ကလည္း ယာဥ္အသြားအလာလမ္းေၾကာင္းေျပာင္းဖို႔အတြက္ ႀကိဳးပမ္းလုပ္ေဆာင္ေနၿပီး မၾကာခင္ ယာဥ္ေၾကာပိတ္ဆို႔မႈေတြ ရွင္းေပးႏိုင္ဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ ဆိုပါတယ္။ ဒီျဖစ္ရပ္ေၾကာင့္ ေသဆုံး၊ ထိခိုက္ဒဏ္ရာရသူေတြေတာ့ မရွိဘူးလို႔ သိရပါတယ္။

Related news

© 2021. All rights reserved.