အထူးအစီအစဉ်ဖြင့် ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲကို လာရောက်ဖြေဆိုသူ (၃၀ဝ) နီးပါးရှိပြီး တိုင်းနှင့် ပြည်နယ် (၈)ခုတွင် ဖြေဆိုသူမရှိ

 1470

စော (NP News) -‌ မေ ၆

အထူးအစီအစဉ်ဖြင့်ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲကို လာရောက်ဖြေဆိုသူ (၃၀ဝ)နီးပါးရှိပြီး တိုင်းနှင့် ပြည်နယ် (၈)ခုတွင် ဖြေဆိုသူမရှိကြောင်း ပညာရေးဝန်ကြီးဌာန၏ အချက် အလက်များအရ သိရသည်။

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုရန် မှတ်ပုံတင်ထားပြီးဖြစ်သော်လည်း လုံခြုံရေးအခြေအနေအရ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆို ခွင့်မရခဲ့ကြသည့် ဒေသအချို့ရှိ ကျောင်းသား၊ ကျောင်းသူများအတွက် သတ်မှတ်ထားသည့် အခြေခံပညာကျောင်းများရှိ စာစစ်ဌာနများသို့ ကျောင်းသား ကျောင်းသူများကို စုစည်းခေါ်ယူ၍ စာမေးပွဲဖြေဆိုစေ လျက်ရှိကြောင်း သိရသည်။

အဆိုပါစာမေးပွဲကို ပြီးခဲ့သည့် (ဧပြီလ ၂၉ ရက်)မှ (မေလ ၆ရက်)အထိ မြန်မာနိုင်ငံရှိ စာစစ်ဌာန (၁၂)ခု၌ ကျင်းပ လျက်ရှိရာ ဧပြီလ ၂၉ ရက်တွင် မြန်မာဘာသာရပ်၊ ဧပြီ ၃၀ ရက်တွင် အင်္ဂလိပ်စာဘာသာရပ်နှင့် မေလ ၂ ရက်နှင့် ၃ ရက် တို့တွင်လည်း သက်ဆိုင်ရာ ဘာသာရပ်အလိုက်အဆင်ပြေအောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။ စာစစ်ဌာန (၁၂)ခုထဲတွင် တက္ကသိုလ်ဝင် စာမေးပွဲလာရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူအရေအတွက်မှာ ရခိုင်ပြည်နယ်တွင် အများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။

အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် စာရင်းပေးသွင်း သူဦးရေ (၅၃၅)ဦးရှိ ပြီး မြန်မာစာဘာသာရပ်ကို လာရောက်ဖြေဆိုသူဦးရေ စုစုပေါင်း (၂၇၈)ဦးရှိသဖြင့် (၅၁ ဒသမ ၉၆) ရာခိုင်နှုန်း ရှိခဲ့ကြောင်း သိရသည်။ အလားတူ အင်္ဂလိပ်စာ ဘာသာရပ်နှင့် သင်္ချာဘာသာရပ်တို့ကို လာရောက်ဖြေဆိုသူ စုစုပေါင်း (၂၇၇) ဦးရှိသဖြင့် ( ၅၁ ဒသမ ၇၈) ရာခိုင်နှုန်းရှိခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနက ဆိုသည်။

စာစစ်ဌာန (၁၂)ခုအနက် တက္ကသိုလ်ဝင် စာမေးပွဲလာရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူအရေ အတွက်မှာ ရခိုင်ပြည်နယ်တွင် အများဆုံးဖြစ်ခဲ့ပြီး ကချင်ပြည်နယ်၊ ပဲခူး (အ‌ရှေ့ပိုင်း)နှင့် နေပြည်တော်တို့တွင် လာ ရောက်ဖြေဆိုသူ အနည်းဆုံးဖြစ်ခဲ့ကြောင်း အချက်အလက်များအရ သိရသည်။

“အခုဖြေသွားတဲ့ Grade 12 ကလေ ကိုဗစ်နဲ့ပိတ်ထားပြီးတော့မှ ပြန်တက်တဲ့ ကလေးတွေဆိုတော့ အဲဒီတုန်းက လည်း Boycott လုပ်ကြတာများတော့ ကလေးတွေက မတက်ရဲဘူး။ အဲဒါကြောင့် ကြောက်ပြီးတော့ ကျောင်းလာရင် တောင်မှ အမှိုက်အိတ်လေးနဲ့ လွယ်အိတ်လေးထည့်ပြီးတော့ လာရတာ။ လူတွေက ကျောင်းသွားတက်တယ်ဆို ဝိုင်း ပြောကြတာလေ”ဟု သင်္ဃန်းကျွန်းမြို့နယ်ရှိ အထက်တန်းပြဆရာမတစ်ဦးက NP News ကို ပြောသည်။

ယခု ကျင်းပလျက်ရှိသော တက္ကသိုလ်ဝင် စနစ်သစ်စာမေးပွဲကို ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း (အနောက်)၊ မကွေးတိုင်း၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ဧရာဝတီတိုင်းတို့တွင် လာရောက်ဖြေဆိုသူမရှိခဲ့ ကြောင်း သိရသည်။

ယခုကဲ့သို့ အထူးအစဉ်အစီအစဉ်ဖြင့် ကျင်းပသည့် တက္ကသိုလ်ဝင်စားမေးပွဲတွင် အကြောင်းအမျိုးမျိုးကြောင့် ဖြေဆိုခွင့်မရရှိခဲ့သူများနှင့် နေရပ်စွန့်ခွာနေရသည့် ကျောင်းသား၊ ကျောင်းသူများအတွက် စီစဉ်သည့်စာမေးပွဲ တစ်ရပ်ဖြစ် သော်လည်း ဝင်ရောက်ဖြေဆိုသူ နည်းပါးခဲ့သည်ကိုတွေ့ရသည်။ “အခု အထူးအစီအစဉ်ဖြင့် ကျင်းပတဲ့စာမေးပွဲမှာ ရန်ကုန်မှာ ဖြေတဲ့သူနည်းတယ်။ ဘာလို့လဲဆိုတော့ ရန်ကုန်တစ်တိုင်းလုံးက ပြီးခဲ့တဲ့စာမေးပွဲမှာ မဖြေတဲ့လူ မရှိ သလောက် ဝင်ဖြေကြတာ အဲဒါကြောင့် နည်းတာပါ’’ဟု အထက်ပါဆရာမက ဆက်လက်ပြောသည်။

ပြီးခဲ့သော မတ်လအတွင်းကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စနစ်သစ်စာမေးပွဲကို ဖြေဆိုရန် ကျောင်းသား၊ ကျောင်း သူ (၁၄၆၅၂၃)ဦး စာရင်းသွင်းခဲ့သော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် (၁၂၈၈၀၁)ဦးသာ လာရောက် ဖြေဆိုခဲ့ပြီး ပျက်ကွက်ခဲ့သူဦးရေမှာ (၁၇၇၂၂) ဦးအထိရှိခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့ကြား တိုက်ပွဲအပြင်း အထန်ဖြစ်ပွား ခဲ့သော ရှမ်းပြည်နယ်မြောက်ပိုင်း အပါအဝင် တိုင်းနှင့်ပြည်နယ်အားလုံးနီးပါး၌ စာစစ်ဌာနများ ဖွင့်လှစ်နိုင်ခဲ့သော်လည်း ကယားပြည်နယ် တစ်ခုလုံးတွင် စာစစ်ဌာနလုံးဝမရှိခဲ့ကြောင်း ဝန်ကြီးဌာန၏ အချက်အလက်များအရသိရသည်။

zawgyi version
အထူးအစီအစဥ္ျဖင့္ က်င္းပသည့္ တကၠသိုလ္ဝင္စာေမးပြဲကို လာေရာက္ေျဖဆိုသူ (၃၀ဝ) နီးပါးရွိၿပီး တိုင္းႏွင့္ ျပည္နယ္ (၈)ခုတြင္ ေျဖဆိုသူမရွိ
ေစာ (NP News) -‌ ေမ ၆

အထူးအစီအစဥ္ျဖင့္က်င္းပသည့္ တကၠသိုလ္ဝင္စာေမးပြဲကို လာေရာက္ေျဖဆိုသူ (၃၀ဝ)နီးပါးရွိၿပီး တိုင္းႏွင့္ ျပည္နယ္ (၈)ခုတြင္ ေျဖဆိုသူမရွိေၾကာင္း ပညာေရးဝန္ႀကီးဌာန၏ အခ်က္ အလက္မ်ားအရ သိရသည္။

၂၀၂၄ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲတြင္ ေျဖဆိုရန္ မွတ္ပုံတင္ထားၿပီးျဖစ္ေသာ္လည္း လုံၿခဳံေရးအေျခအေနအရ တကၠသိုလ္ဝင္စာေမးပြဲေျဖဆို ခြင့္မရခဲ့ၾကသည့္ ေဒသအခ်ိဳ႕ရွိ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ သတ္မွတ္ထားသည့္ အေျခခံပညာေက်ာင္းမ်ားရွိ စာစစ္ဌာနမ်ားသို႔ ေက်ာင္းသား ေက်ာင္းသူမ်ားကို စုစည္းေခၚယူ၍ စာေမးပြဲေျဖဆိုေစ လ်က္ရွိေၾကာင္း သိရသည္။

အဆိုပါစာေမးပြဲကို ၿပီးခဲ့သည့္ (ဧၿပီလ ၂၉ ရက္)မွ (ေမလ ၆ရက္)အထိ ျမန္မာႏိုင္ငံရွိ စာစစ္ဌာန (၁၂)ခု၌ က်င္းပ လ်က္ရွိရာ ဧၿပီလ ၂၉ ရက္တြင္ ျမန္မာဘာသာရပ္၊ ဧၿပီ ၃၀ ရက္တြင္ အဂၤလိပ္စာဘာသာရပ္ႏွင့္ ေမလ ၂ ရက္ႏွင့္ ၃ ရက္ တို႔တြင္လည္း သက္ဆိုင္ရာ ဘာသာရပ္အလိုက္အဆင္ေျပေအာင္ျမင္စြာ က်င္းပႏိုင္ခဲ့ေၾကာင္း သိရသည္။ စာစစ္ဌာန (၁၂)ခုထဲတြင္ တကၠသိုလ္ဝင္ စာေမးပြဲလာေရာက္ေျဖဆိုသည့္ ေက်ာင္းသား၊ ေက်ာင္းသူအေရအတြက္မွာ ရခိုင္ျပည္နယ္တြင္ အမ်ားဆုံးျဖစ္ခဲ့ေၾကာင္း သိရသည္။

အထူးအစီအစဥ္တစ္ရပ္အေနျဖင့္ က်င္းပသည့္ တကၠသိုလ္ဝင္စာေမးပြဲတြင္ စာရင္းေပးသြင္း သူဦးေရ (၅၃၅)ဦးရွိ ၿပီး ျမန္မာစာဘာသာရပ္ကို လာေရာက္ေျဖဆိုသူဦးေရ စုစုေပါင္း (၂၇၈)ဦးရွိသျဖင့္ (၅၁ ဒသမ ၉၆) ရာခိုင္ႏႈန္း ရွိခဲ့ေၾကာင္း သိရသည္။ အလားတူ အဂၤလိပ္စာ ဘာသာရပ္ႏွင့္ သခ်ၤာဘာသာရပ္တို႔ကို လာေရာက္ေျဖဆိုသူ စုစုေပါင္း (၂၇၇) ဦးရွိသျဖင့္ ( ၅၁ ဒသမ ၇၈) ရာခိုင္ႏႈန္းရွိခဲ့ေၾကာင္း ပညာေရးဝန္ႀကီးဌာနက ဆိုသည္။

စာစစ္ဌာန (၁၂)ခုအနက္ တကၠသိုလ္ဝင္ စာေမးပြဲလာေရာက္ေျဖဆိုသည့္ ေက်ာင္းသား၊ ေက်ာင္းသူအေရ အတြက္မွာ ရခိုင္ျပည္နယ္တြင္ အမ်ားဆုံးျဖစ္ခဲ့ၿပီး ကခ်င္ျပည္နယ္၊ ပဲခူး (အ‌ေရွ႕ပိုင္း)ႏွင့္ ေနျပည္ေတာ္တို႔တြင္ လာ ေရာက္ေျဖဆိုသူ အနည္းဆုံးျဖစ္ခဲ့ေၾကာင္း အခ်က္အလက္မ်ားအရ သိရသည္။

“အခုေျဖသြားတဲ့ Grade 12 ကေလ ကိုဗစ္နဲ႔ပိတ္ထားၿပီးေတာ့မွ ျပန္တက္တဲ့ ကေလးေတြဆိုေတာ့ အဲဒီတုန္းက လည္း Boycott လုပ္ၾကတာမ်ားေတာ့ ကေလးေတြက မတက္ရဲဘူး။ အဲဒါေၾကာင့္ ေၾကာက္ၿပီးေတာ့ ေက်ာင္းလာရင္ ေတာင္မွ အမႈိက္အိတ္ေလးနဲ႔ လြယ္အိတ္ေလးထည့္ၿပီးေတာ့ လာရတာ။ လူေတြက ေက်ာင္းသြားတက္တယ္ဆို ဝိုင္း ေျပာၾကတာေလ”ဟု သဃၤန္းကြၽန္းၿမိဳ႕နယ္ရွိ အထက္တန္းျပဆရာမတစ္ဦးက NP News ကို ေျပာသည္။

ယခု က်င္းပလ်က္ရွိေသာ တကၠသိုလ္ဝင္ စနစ္သစ္စာေမးပြဲကို ကယားျပည္နယ္၊ ကရင္ျပည္နယ္၊ ပဲခူးတိုင္း (အေနာက္)၊ မေကြးတိုင္း၊ မြန္ျပည္နယ္၊ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ႏွင့္ ဧရာဝတီတိုင္းတို႔တြင္ လာေရာက္ေျဖဆိုသူမရွိခဲ့ ေၾကာင္း သိရသည္။

ယခုကဲ့သို႔ အထူးအစဥ္အစီအစဥ္ျဖင့္ က်င္းပသည့္ တကၠသိုလ္ဝင္စားေမးပြဲတြင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေျဖဆိုခြင့္မရရွိခဲ့သူမ်ားႏွင့္ ေနရပ္စြန႔္ခြာေနရသည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ စီစဥ္သည့္စာေမးပြဲ တစ္ရပ္ျဖစ္ ေသာ္လည္း ဝင္ေရာက္ေျဖဆိုသူ နည္းပါးခဲ့သည္ကိုေတြ႕ရသည္။ “အခု အထူးအစီအစဥ္ျဖင့္ က်င္းပတဲ့စာေမးပြဲမွာ ရန္ကုန္မွာ ေျဖတဲ့သူနည္းတယ္။ ဘာလို႔လဲဆိုေတာ့ ရန္ကုန္တစ္တိုင္းလုံးက ၿပီးခဲ့တဲ့စာေမးပြဲမွာ မေျဖတဲ့လူ မရွိ သေလာက္ ဝင္ေျဖၾကတာ အဲဒါေၾကာင့္ နည္းတာပါ’’ဟု အထက္ပါဆရာမက ဆက္လက္ေျပာသည္။

ၿပီးခဲ့ေသာ မတ္လအတြင္းက်င္းပခဲ့သည့္ တကၠသိုလ္ဝင္စနစ္သစ္စာေမးပြဲကို ေျဖဆိုရန္ ေက်ာင္းသား၊ ေက်ာင္း သူ (၁၄၆၅၂၃)ဦး စာရင္းသြင္းခဲ့ေသာ္လည္း တစ္ႏိုင္ငံလုံးအတိုင္းအတာအေနျဖင့္ (၁၂၈၈၀၁)ဦးသာ လာေရာက္ ေျဖဆိုခဲ့ၿပီး ပ်က္ကြက္ခဲ့သူဦးေရမွာ (၁၇၇၂၂) ဦးအထိရွိခဲ့ေၾကာင္း သိရသည္။

၂၀၂၃ ခုႏွစ္ ႏွစ္ကုန္ပိုင္းတြင္ တပ္မေတာ္ႏွင့္ ေျမာက္ပိုင္းမဟာမိတ္(၃)ဖြဲ႕ၾကား တိုက္ပြဲအျပင္း အထန္ျဖစ္ပြား ခဲ့ေသာ ရွမ္းျပည္နယ္ေျမာက္ပိုင္း အပါအဝင္ တိုင္းႏွင့္ျပည္နယ္အားလုံးနီးပါး၌ စာစစ္ဌာနမ်ား ဖြင့္လွစ္ႏိုင္ခဲ့ေသာ္လည္း ကယားျပည္နယ္ တစ္ခုလုံးတြင္ စာစစ္ဌာနလုံးဝမရွိခဲ့ေၾကာင္း ဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရသိရသည္။

Related news

© 2021. All rights reserved.