မော်လမြိုင်မြို့တွင် သထုံတံတားပေါ်မှခုန်ချသည့် အမျိုးသားအလောင်းကို (၂၁)နာရီခန့်အကြာတွင် သံလွင်တံတားအနီး၌ ပြန်လည်တွေ့ရှိ

 1827

သန့်ဇင် (NP News) - မေ ၇

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် သထုံတံတားပေါ်မှခုန်ချသည့် အမျိုးသားအလောင်းကို (၂၁)နာရီခန့်အကြာတွင် သံလွင်တံတားအနီး၌ ပြန်လည်တွေ့ရှိခဲ့ကြောင်း ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါအမျိုးသားအလောင်းကို ယနေ့(မေလ ၇ ရက်)၊ နံနက် ၉ နာရီ ၄၀ မိနစ်အချိန်တွင် မော်လမြိုင်မြို့၊ သံလွင်တံတားအောက်တွင် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မနေ့က နေ့လည် ၁ နာရီလောက်က ကမ်းနားလမ်းက သထုံတံတားပေါ်ကနေ သံလွင်မြစ်ထဲကိုခုန်ချတာ။ ဘာလို့ခုန်ချလည်းတော့ မသိဘူး။ မနေ့ကလည်းရှာတယ်။ ဒီနေ့တော့ သံလွင်တံတားအောက်က ကျောက်တုံးတွေနားမှာပြန်တွေ့တာပါ” ဟု ရာမညအရေးပေါ် ကယ်ဆယ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြော သည်။

အဆိုပါသေဆုံးသူမှာ မော်လမြိုင်မြို့၊ ရွှေပြည်စိုးရပ်ကွက်တွင်နေထိုင်သည့် အသက်(၃၈)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ကြောင်း သိရသည်။ “အခုခုန်ချပြီးသေသွားတဲ့လူက မိန်းမရှိတယ်လို့တော့သိရတယ်။ မော်လမြိုင်မှာက ဒီဘက်ကမ်းမှာရော ဟိုဘက်ကမ်းရော အခုလို မြစ်ထဲခုန်ချတဲ့လူတွေကတော့ရှိ‌နေတာပဲ။ တစ်ချို့ဆိုလည်း ကျွန်တော်တို့က ရှာဖွေရေးတွေလုပ်လို့ သူတို့က မြစ်ထဲခုန်ချတဲ့ပုံစံလုပ်ပြီး ယောက်ျားနောက်လိုက်သွားတဲ့လူတွေလည်းရှိတယ်” ဟု ၎င်းကဆက်လက်ပြောသည်။

ထို့ကြောင့် သေဆုံးသူအမျိုးသား၏ ရုပ်အလောင်းကို ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေး နှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့က မော်လမြိုင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

zawgyi version
ေမာ္လၿမိဳင္ၿမိဳ႕တြင္ သထုံတံတားေပၚမွခုန္ခ်သည့္ အမ်ိဳးသားအေလာင္းကို (၂၁)နာရီခန႔္အၾကာတြင္ သံလြင္တံတားအနီး၌ ျပန္လည္ေတြ႕ရွိ

သန႔္ဇင္ (NP News) - ေမ ၇

မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕တြင္ သထုံတံတားေပၚမွခုန္ခ်သည့္ အမ်ိဳးသားအေလာင္းကို (၂၁)နာရီခန႔္အၾကာတြင္ သံလြင္တံတားအနီး၌ ျပန္လည္ေတြ႕ရွိခဲ့ေၾကာင္း ရာမညအေရးေပၚလူမႈကယ္ဆယ္ေရးႏွင့္ရွာေဖြကယ္ဆယ္ေရးအဖြဲ႕ထံမွ သိရသည္။

အဆိုပါအမ်ိဳးသားအေလာင္းကို ယေန႔(ေမလ ၇ ရက္)၊ နံနက္ ၉ နာရီ ၄၀ မိနစ္အခ်ိန္တြင္ ေမာ္လၿမိဳင္ၿမိဳ႕၊ သံလြင္တံတားေအာက္တြင္ ျပန္လည္ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“မေန႔က ေန႔လည္ ၁ နာရီေလာက္က ကမ္းနားလမ္းက သထုံတံတားေပၚကေန သံလြင္ျမစ္ထဲကိုခုန္ခ်တာ။ ဘာလို႔ခုန္ခ်လည္းေတာ့ မသိဘူး။ မေန႔ကလည္းရွာတယ္။ ဒီေန႔ေတာ့ သံလြင္တံတားေအာက္က ေက်ာက္တုံးေတြနားမွာျပန္ေတြ႕တာပါ” ဟု ရာမညအေရးေပၚ ကယ္ဆယ္ေရးႏွင့္ရွာေဖြကယ္ဆယ္ေရးအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာ သည္။

အဆိုပါေသဆုံးသူမွာ ေမာ္လၿမိဳင္ၿမိဳ႕၊ ေ႐ႊျပည္စိုးရပ္ကြက္တြင္ေနထိုင္သည့္ အသက္(၃၈)ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးျဖစ္ေၾကာင္း သိရသည္။ “အခုခုန္ခ်ၿပီးေသသြားတဲ့လူက မိန္းမရွိတယ္လို႔ေတာ့သိရတယ္။ ေမာ္လၿမိဳင္မွာက ဒီဘက္ကမ္းမွာေရာ ဟိုဘက္ကမ္းေရာ အခုလို ျမစ္ထဲခုန္ခ်တဲ့လူေတြကေတာ့ရွိ‌ေနတာပဲ။ တစ္ခ်ိဳ႕ဆိုလည္း ကြၽန္ေတာ္တို႔က ရွာေဖြေရးေတြလုပ္လို႔ သူတို႔က ျမစ္ထဲခုန္ခ်တဲ့ပုံစံလုပ္ၿပီး ေယာက္်ားေနာက္လိုက္သြားတဲ့လူေတြလည္းရွိတယ္” ဟု ၎ကဆက္လက္ေျပာသည္။

ထို႔ေၾကာင့္ ေသဆုံးသူအမ်ိဳးသား၏ ႐ုပ္အေလာင္းကို ရာမညအေရးေပၚလူမႈကယ္ဆယ္ေရး ႏွင့္ ရွာေဖြကယ္ဆယ္ေရးအဖြဲ႕က ေမာ္လၿမိဳင္ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.