ငါးရက်အတွင်း မိုးကြိုးပစ်ခံရမှုကြောင့် လူ(၁)ဦးနှင့် နွားအကောင်(၃၀)နီးပါးသေဆုံးကာ (၂)ဦးဒဏ်ရာရ

 743

သန့်ဇင်(NP News) - မေ ၈

နိုင်ငံတစ်ဝန်းတွင် ရက်ပိုင်းအတွင်း မိုးကြိုးပစ်ခံရမှုကြောင့် လူ(၁)ဦးနှင့် နွားအကောင်(၃၀) နီးပါးသေဆုံးကာ (၂)ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံပရိတအသင်းများထံမှ သိရသည်။

မေလ ၃ ရက်မှ ၇ရက်အတွင်း ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်နှင့် မွန်ပြည်နယ်၊ သထုံမြို့နယ်တို့တွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးရွာသွန်းခြင်းများနှင့်အတူ မိုးကြိုးပစ်ခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဖြစ်ပွားခဲ့ရာ မိုးကြိုးပစ်ခံရမှုကြောင့် မေလ ၃ ရက်တွင် မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာအနီးမှ နွား(၂၄)ကောင်မိုးကြိုးထိမှန် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့ပြင် မေလ ၅ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ဂျပန်ကျွန်းစုကျေးရွာတွင် နွား(၄)ကောင်နှင့်အတူ လယ်ထဲမှ လှည်းဖြင့်ပြန်လာသော အမျိုးသားတစ်ဦး မိုးကြိုးထိမှန်ခဲ့ရာ အဆိုပါအမျိုးသားနှင့်အတူ နွား(၄)ကောင်လည်း သေဆုံးသွားခဲ့ကြောင်း သိရသည်။

အလားတူ မေလ ၇ ရက်က သထုံမြို့နယ်၊ သိမ်ဆိပ်ကျေးရွာ၊ မင်းတဲစုရပ်ကွက်တွင် သားအမိ(၂)ဦး မိုးကြိုးစက်ကွင်းမလွတ်သဖြင့် သတိလစ်မေ့မျောသွားခဲ့ရာ သိမ်ဆိပ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

“ကျိုက်ကော်၊ အနန်းကုန်းဘက်မှနေတဲ့သားအမိ(၂)ယောက်က အလုပ်လုပ်ပြီးပြန်လာတာမှာ မိုးတွေရွာလို့ တဲလေးထဲဝင်နေတုန်းမိုးကြိုးပစ်လို့ စက်ကွင်းမလွတ်ဖြစ်သွားတာ။ အဲဒီမှာ အမေ(၃၀)နှစ်နဲ့ သမီးလေးက(၁၁)နှစ် သတိလစ်သွားတာ။ ဒီမှာက မိုးတွင်းရောက်တိုင်း မိုးကြိုးပစ်ခံရတာရှိတယ်။ တစ်နှစ်ကို ကျွန်တော်တို့တင်(၂)လောင်းလောက်ကောက်ရတယ်” ဟု ပီတိနှလုံးသားလူမှုကယ်ဆယ်ရေးနှင့် နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ မိုးကြိုးမုန်တိုင်းများဖြစ်ပွားမှုများပြားနေခြင်းမှာ အပူချိန်မြင့်တက်လာမှုအပါအဝင် အနောက်မြောက်ဘက်မှဝင်လာသည့် တိမ်များ၏ ဖွဲ့စည်းပုံမတူညီခြင်းကြောင့် မိုးကြိုးပစ်ခြင်းနှင့် လျှပ်စီးလက်ခြင်းများဖြစ်ပေါ်ပြီး မိုးကြိုးမုန်တိုင်းများဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း သိရသည်။

zawgyi version
ငါးရက္အတြင္း မိုးႀကိဳးပစ္ခံရမႈေၾကာင့္ လူ(၁)ဦးႏွင့္ ႏြားအေကာင္(၃၀)နီးပါးေသဆုံးကာ (၂)ဦးဒဏ္ရာရ
သန႔္ဇင္(NP News) - ေမ ၈

ႏိုင္ငံတစ္ဝန္းတြင္ ရက္ပိုင္းအတြင္း မိုးႀကိဳးပစ္ခံရမႈေၾကာင့္ လူ(၁)ဦးႏွင့္ ႏြားအေကာင္(၃၀) နီးပါးေသဆုံးကာ (၂)ဦးဒဏ္ရာရရွိခဲ့ေၾကာင္း ေဒသခံပရိတအသင္းမ်ားထံမွ သိရသည္။

ေမလ ၃ ရက္မွ ၇ရက္အတြင္း ကခ်င္ျပည္နယ္၊ မိုးေကာင္းၿမိဳ႕နယ္၊ စစ္ကိုင္းတိုင္းေဒသႀကီး၊ ကသာၿမိဳ႕နယ္ႏွင့္ မြန္ျပည္နယ္၊ သထုံၿမိဳ႕နယ္တို႔တြင္ ေလျပင္းတိုက္ခတ္ျခင္း၊ မိုး႐ြာသြန္းျခင္းမ်ားႏွင့္အတူ မိုးႀကိဳးပစ္ျခင္းမ်ားျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။

ထိုသို႔ျဖစ္ပြားခဲ့ရာ မိုးႀကိဳးပစ္ခံရမႈေၾကာင့္ ေမလ ၃ ရက္တြင္ မိုးေကာင္းၿမိဳ႕နယ္၊ ဆားေမွာ္ေက်း႐ြာအနီးမွ ႏြား(၂၄)ေကာင္မိုးႀကိဳးထိမွန္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ေမလ ၅ရက္က စစ္ကိုင္းတိုင္းေဒသႀကီး၊ ကသာၿမိဳ႕နယ္၊ဂ်ပန္ကြၽန္းစုေက်း႐ြာတြင္ ႏြား(၄)ေကာင္ႏွင့္အတူ လယ္ထဲမွ လွည္းျဖင့္ျပန္လာေသာ အမ်ိဳးသားတစ္ဦး မိုးႀကိဳးထိမွန္ခဲ့ရာ အဆိုပါအမ်ိဳးသားႏွင့္အတူ ႏြား(၄)ေကာင္လည္း ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

အလားတူ ေမလ ၇ ရက္က သထုံၿမိဳ႕နယ္၊ သိမ္ဆိပ္ေက်း႐ြာ၊ မင္းတဲစုရပ္ကြက္တြင္ သားအမိ(၂)ဦး မိုးႀကိဳးစက္ကြင္းမလြတ္သျဖင့္ သတိလစ္ေမ့ေမ်ာသြားခဲ့ရာ သိမ္ဆိပ္တိုက္နယ္ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ရေၾကာင္း သိရသည္။

“က်ိဳက္ေကာ္၊ အနန္းကုန္းဘက္မွေနတဲ့သားအမိ(၂)ေယာက္က အလုပ္လုပ္ၿပီးျပန္လာတာမွာ မိုးေတြ႐ြာလို႔ တဲေလးထဲဝင္ေနတုန္းမိုးႀကိဳးပစ္လို႔ စက္ကြင္းမလြတ္ျဖစ္သြားတာ။ အဲဒီမွာ အေမ(၃၀)ႏွစ္နဲ႔ သမီးေလးက(၁၁)ႏွစ္ သတိလစ္သြားတာ။ ဒီမွာက မိုးတြင္းေရာက္တိုင္း မိုးႀကိဳးပစ္ခံရတာရွိတယ္။ တစ္ႏွစ္ကို ကြၽန္ေတာ္တို႔တင္(၂)ေလာင္းေလာက္ေကာက္ရတယ္” ဟု ပီတိႏွလုံးသားလူမႈကယ္ဆယ္ေရးႏွင့္ နာေရးကူညီမႈအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

လက္ရွိတြင္ ျမန္မာႏိုင္ငံ၌ မိုးႀကိဳးမုန္တိုင္းမ်ားျဖစ္ပြားမႈမ်ားျပားေနျခင္းမွာ အပူခ်ိန္ျမင့္တက္လာမႈအပါအဝင္ အေနာက္ေျမာက္ဘက္မွဝင္လာသည့္ တိမ္မ်ား၏ ဖြဲ႕စည္းပုံမတူညီျခင္းေၾကာင့္ မိုးႀကိဳးပစ္ျခင္းႏွင့္ လွ်ပ္စီးလက္ျခင္းမ်ားျဖစ္ေပၚၿပီး မိုးႀကိဳးမုန္တိုင္းမ်ားျဖစ္ေပၚလာရျခင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.