ရွှေတိဂုံဘုရားအနီးရှိ ဖြတ်သန်းသွားလာနိုင်မည့် မြေအောက်လမ်းကူး လူသွားဥမင် တည် ဆောက်မှု ထက်ဝက်ကျော်ပြီးစီး

 2754

Pearl (NP News) - မေ ၉

တစ်နာရီလျှင် လူဦးရေ(၁၄၀ဝဝ) ကျော် ဖြတ်သန်းသွားလာနိုင်သည့် ရွှေတိဂုံဘုရားအနီးရှိ မြေအောက်လမ်းကူးလူသွား ဥမင် တည်ဆောက်မှုထက်ဝက်ကျော်ပြီးစီးပြီဖြစ် ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ အချက်အလက်များအရ သိရသည်။

ရွှေတိဂုံစေတီတော်နှင့် ပြည်သူ့ရင်ပြင်သို့ ပြည်သူများသွားလာရာတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေပြီး သက်သောင့်သက်သာ ဖြတ်သန်းသွားလာနိုင်ရန် နှင့် ခေတ်မီအခြေခံ အဆောက်အအုံတစ်ခု ပေါ်ပေါက်လာရန် ရည်ရွယ်၍ ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်နှင့် ပြည်သူ့ ရင်ပြင် ပန်းခြံတို့ကြား မြေအောက်လမ်းကူး လူသွားဥမင် (Underpass) ကို တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဥမင်တည်ဆောက်ရန်အတွက် မြေသန့်မင်္ဂလာအခမ်းအနားကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလကကျင်းပခဲ့ပြီးနောက် တည်ဆောက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ မြေအောက်လမ်းကူး လူသွားဥမင်သည် ၂၃ ပေ ကျယ်ဝန်းပြီး တစ်နာရီလျှင် လူဦးရေ ၁၄၀ဝ၀ ဖြတ်သန်းသွားလာနိုင်ကာ ရွေ့လျားစက် လှေကား (၄)စင်း၊ သက်ကြီးရွယ်အို များ၊ မသန်စွမ်းသူများ အသုံးပြုရန် ဓာတ်လှေကား ၁၀ ယောက်စီး နှစ်စင်းပါရှိကြောင်းလည်း သိရသည်။

စီမံကိန်းကို ခန့်မှန်းလျာထားကာလမှာ (၁၄) လခန့်ဖြစ်ပြီး လက်ရှိတွင် လုပ်ငန်းအား လုံး၏ ၆၀ ဒသမ ၇၁ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်းလည်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၏ အချက်အလက်များအရ သိရသည်။ ရန်ကုန်မြို့၏ ပထမဆုံး မြေအောက်လမ်းကူးလူသွားဥမင်ကို ကမာရွတ်မြို့နယ် ၊ ရန်ကုန်ပညာရေးတက္ကသိုလ်အနီး ပြည် လမ်းအောက်တွင် ဖြတ်သန်းဖောက်လုပ်ထားပြီး လက်ရှိတွင်လည်း အများပြည်သူများ အသုံးပြုနေပြီဖြစ်ကြောင်းလည်းသိရသည်။

zawgyi version
ေ႐ႊတိဂုံဘုရားအနီးရွိ ျဖတ္သန္းသြားလာႏိုင္မည့္ ေျမေအာက္လမ္းကူး လူသြားဥမင္ တည္ ေဆာက္မႈ ထက္ဝက္ေက်ာ္ၿပီးစီး
Pearl (NP News) - ေမ ၉

တစ္နာရီလွ်င္ လူဦးေရ(၁၄၀ဝဝ) ေက်ာ္ ျဖတ္သန္းသြားလာႏိုင္သည့္ ေ႐ႊတိဂုံဘုရားအနီးရွိ ေျမေအာက္လမ္းကူးလူသြား ဥမင္ တည္ေဆာက္မႈထက္ဝက္ေက်ာ္ၿပီးစီးၿပီျဖစ္ ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ၏ အခ်က္အလက္မ်ားအရ သိရသည္။

ေ႐ႊတိဂုံေစတီေတာ္ႏွင့္ ျပည္သူ႔ရင္ျပင္သို႔ ျပည္သူမ်ားသြားလာရာတြင္ ယာဥ္အႏၲရာယ္၊ လမ္းအႏၲရာယ္ကင္းရွင္းေစၿပီး သက္ေသာင့္သက္သာ ျဖတ္သန္းသြားလာႏိုင္ရန္ ႏွင့္ ေခတ္မီအေျခခံ အေဆာက္အအုံတစ္ခု ေပၚေပါက္လာရန္ ရည္႐ြယ္၍ ေ႐ႊတိဂုံေစတီေတာ္ အေနာက္ဘက္မုခ္ႏွင့္ ျပည္သူ႔ ရင္ျပင္ ပန္းၿခံတို႔ၾကား ေျမေအာက္လမ္းကူး လူသြားဥမင္ (Underpass) ကို တည္ေဆာက္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ဥမင္တည္ေဆာက္ရန္အတြက္ ေျမသန႔္မဂၤလာအခမ္းအနားကို ၿပီးခဲ့သည့္ ၂၀၂၃ ခုႏွစ္ ေအာက္တိုဘာလကက်င္းပခဲ့ၿပီးေနာက္ တည္ေဆာက္ေရးလုပ္ငန္းမ်ားကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ခဲ့ျခင္းျဖစ္သည္။ ေျမေအာက္လမ္းကူး လူသြားဥမင္သည္ ၂၃ ေပ က်ယ္ဝန္းၿပီး တစ္နာရီလွ်င္ လူဦးေရ ၁၄၀ဝ၀ ျဖတ္သန္းသြားလာႏိုင္ကာ ေ႐ြ႕လ်ားစက္ ေလွကား (၄)စင္း၊ သက္ႀကီး႐ြယ္အို မ်ား၊ မသန္စြမ္းသူမ်ား အသုံးျပဳရန္ ဓာတ္ေလွကား ၁၀ ေယာက္စီး ႏွစ္စင္းပါရွိေၾကာင္းလည္း သိရသည္။

စီမံကိန္းကို ခန႔္မွန္းလ်ာထားကာလမွာ (၁၄) လခန႔္ျဖစ္ၿပီး လက္ရွိတြင္ လုပ္ငန္းအား လုံး၏ ၆၀ ဒသမ ၇၁ ရာခိုင္ႏႈန္း ၿပီးစီးေနၿပီျဖစ္ေၾကာင္းလည္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္ သာယာေရးေကာ္မတီ၏ အခ်က္အလက္မ်ားအရ သိရသည္။ ရန္ကုန္ၿမိဳ႕၏ ပထမဆုံး ေျမေအာက္လမ္းကူးလူသြားဥမင္ကို ကမာ႐ြတ္ၿမိဳ႕နယ္ ၊ ရန္ကုန္ပညာေရးတကၠသိုလ္အနီး ျပည္ လမ္းေအာက္တြင္ ျဖတ္သန္းေဖာက္လုပ္ထားၿပီး လက္ရွိတြင္လည္း အမ်ားျပည္သူမ်ား အသုံးျပဳေနၿပီျဖစ္ေၾကာင္းလည္းသိရသည္။

Related news

© 2021. All rights reserved.