မြန်မာနိုင်ငံ၌ ငါးသယံဇာတကျန်ရှိမှု အလွန်နည်းနေပြီး လာမည့် (၁၀)နှစ်အကြာတွင် ငါးရှားပါးမှုနှင့် ရင်ဆိုင်ရဖွယ်ရှိ

 1245

ယွန်း (NP News) - မေ ၁ဝ

မြန်မာနိုင်ငံတွင် ငါးသယံဇာတ ကျန်ရှိမှု အလွန်နည်းနေပြီး နောက်(၁၀)နှစ်အကြာအထိ စနစ်တကျ မဟုတ်ဘဲ ထုတ်ယူသုံးစွဲနေပါက ငါးရှားပါးမှုနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း တနင်္သာရီတိုင်း အခြေစိုက် ပင်လယ်ရေထွက် ကုန်လုပ်ငန်း လုပ်ကိုင်နေသည့် ငါးလုပ်ငန်းရှင်တစ်ဦးက NP News သို့ ပြောသည်။

နော်ဝေနိုင်ငံမှ လာရောက်ပြုလုပ်ထားသည့် သုတေသနစာရင်းဇယားများအရ မြန်မာနိုင်ငံ၌ ရေပေါ် ငါးသယံဇာ တ (၃၀)ရာခိုင်နှုန်း၊ ရေအောက် ငါးသယံဇာတ (၃၀)ရာခိုင်နှုန်းသာကျန်ရှိပြီး (၁၀)နှစ်ခြားတစ်ကြိမ် ငါးသယံဇာတ လျော့နည်းလာကြောင်း အထက်ပါလုပ်ငန်းရှင်က ကိုးကားပြောကြားသည်။

“နော်ဝေသုတေသနက ငါးနှစ်တစ်ကြိမ်၊ ဆယ်နှစ်တစ်ကြိမ်လာလာလုပ်ပေးတယ်။ အဲဒီစာရင်း ဇယားအရ ရေပေါ်ငါး ၃၀ ရာခိုင်နှုန်း၊ ရေအောက် ငါး ၃၀ ရာခိုင်နှုန်းပဲရှိတော့တယ်တဲ့။ (၁၀)နှစ်ခြား၊ (၁၀)နှစ်ခြားတစ်ကြိမ်လျော့ လျော့လာတယ်။ နောက်(၁၀)နှစ်အထိ ထုတ်ယူသုံးစွဲမယ်ဆိုရင် ငါးရှားပါးမှုတွေ ဖြစ်လာမယ်”ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံသည် ငါးသယံဇာတ ကြွယ်ဝသည့်နိုင်ငံဖြစ်ပြီးပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စစ်တမ်းများအရ ကမ္ဘာပေါ်တွင် ငါးနှင့် ရေသယံဇာတ ပိုင်ဆိုင်မှု အဆင့်(၁၄)တွင်ရှိကြောင်း သိရသည်။ သို့သော် လက်ရှိတွင် ငါးထုတ်ယူမှုမြင့် တက်လျက်ရှိပြီး ရေအောက်သန္တာကျောက်တန်းများ ပြန်လည်တည် ဆောက်ပေးရန် လိုအပ်နေကြောင်းသိရသည်။

“ကျွန်းတုတွေလုပ်ရမယ်။ ရေအောက် သန္တာကျောက်တန်းတွေ ပြန်တည်ဆောက်ပေးရမယ်။ အဲဒီလိုမှ မဆောက်နိုင်ဘူးဆိုရင် ထိုင်းလိုလုပ်ရမယ်။ ထိုင်းလို မလုပ်နိုင်ဘူးဆိုရင်တော့ နောက်(၁၀)နှစ်၊ (၁၅)နှစ်မှာ ငါးကုန် ထုတ်မှုဟာ ကျဆင်းသွားမယ့်ပုံစံ သူတို့သုံးသပ်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ ကံကောင်းတာက ဒီရေအောက် တောတွေရှိနေ သေးတယ်။ ပြန်စိုက်ထားတာလည်းရှိနေသေးတယ်။ သန္တာကျောက်တန်းတွေ ပျက်စီးမှုတွေကို မလုပ်နိုင် သေးပေမယ့် ခံသာနေသေးတဲ့ အနေအထားတော့ ရှိတာပေါ့။ ဒါပေမဲ့ တိုးပွားမှုအနေအထားကတော့ ဒီရေအောက်တော တွေအပြင် သန္တာကျောက်တန်းတွေပါ ထိန်းသိမ်းရမှာတွေ အများကြီးရှိတယ်လေ။ ပျက်စီးထားတာတွေ အများကြီးရှိတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံ ရေချိုငါးဖမ်းလုပ်ငန်း၏ ထုတ်လုပ်မှုသည် အရှေ့တောင်အာရှတွင် အမြင့်ဆုံးဖြစ်ပြီး ပြည်တွင်း ငါးထုတ်လုပ်မှု၏ ၂၈ ရာခိုင်နှုန်းခန့်ရှိကြောင်း စစ်တမ်းများက ဖော်ပြထားသော်လည်း ၂၀၁၈ ခုနှစ် ရေပေါ်လွှာ ငါးပမာဏသည် ၁၉၇၉-၁၉၈၀ ပြည့်နှစ်ရှိ ပမာဏနှင့်နှိုင်းယှဉ်ပါက ၈၀ ရာခိုင်နှုန်း လျော့နည်းသွားကြောင်း နော်ဝေသု တေသန၏ စစ်တမ်းများအရ သိရသည်။ ထိုသို့ ရေအောက်သန္တာကျောက်တန်းများ ပြန်လည်တည် ဆောက်ရာတွင် ထိုင်းနိုင်ငံကဲ့သို့ လွယ်ကူသည့်နည်းဖြင့် သန္တာကျောက်တန်းအတုများကို တည်ဆောက်သင့်ကြောင်း အထက်ပါလုပ်ငန်းရှင်က အကြံပြု ပြောကြားသည်။

“ထိုင်းက ဒီနှစ်(၂၀) လုံးလုံး ငါးကုန်ခဲ့တယ်လေ။ ဒါပေမဲ့ နောက်(၁၀)နှစ်မှာ သူတို့ ငါးပြန်ပေါ်တော့မယ် သိလား။ သန္တာကျောက်တန်း အတုတွေရာနဲ့ချီပြီး လုပ်ထားတယ်။ ကားတာယာ အစုတ်အပြတ်တွေကို ဘိလပ်မြေ လောင်းလိုက်တယ်။ အလေးကြီးဖြစ်သွားတယ်။ အဲဒါကို ငါးဖမ်းသင်္ဘောပေါ်တင်သွားပြီးတော့ ငါး(လုပ်ငန်း)ဦးစီးက သတ် မှတ်ထားတဲ့နေရာမှာ သွားချရတယ်။ ပုံလာတဲ့အခါကျမှ သတ်မှတ်ထားတဲ့အနေအထားတစ်ခုရောက်ပြီဆိုရင် ခရင်း ကောင်တွေလာကပ်ပြီးတော့ သန္တာကျောက်တန်းဖြစ်သွားရော။ အဲဒီကာလက နှစ်(၂၀)နဲ့ (၃၀) ကြား ကြာတယ်။ အခုသူတို့လုပ်လာတာ နှစ်(၂၀)ကျော်ပြီ။ မကြာခင်သူတို့ ငါးပြန်ပေါ်တော့ မှာ” ဟု ၎င်းကဆိုသည်။

မြန်မာ့ပင်လယ်ပြင်အတွင်း ပင်လယ်ပြင် ကန့်သတ်ထားသည့် ငါးဖမ်းကိရိယာများနှင့် စည်းကမ်းမဲ့ ငါးဖမ်းဆီးမှုများ၊ ကမ်းဝေးငါးဖမ်းလှေအချို့ ကမ်းနီးသို့ ဥပဒေမဲ့ ဝင်ရောက်ဖမ်းဆီးမှုများ၊ ငါးမဖမ်းရ ကာလအတွင်း စည်းကမ်း ဖောက်ဖျက်သော ကမ်းဝေး ငါးဖမ်းရေယာဉ်များလည်း ရှိနေကြောင်း သိရသည်။

zawgyi version
ျမန္မာႏိုင္ငံ၌ ငါးသယံဇာတက်န္ရွိမႈ အလြန္နည္းေနၿပီး လာမည့္ (၁၀)ႏွစ္အၾကာတြင္ ငါးရွားပါးမႈႏွင့္ ရင္ဆိုင္ရဖြယ္ရွိ
ယြန္း (NP News) - ေမ ၁ဝ

ျမန္မာႏိုင္ငံတြင္ ငါးသယံဇာတ က်န္ရွိမႈ အလြန္နည္းေနၿပီး ေနာက္(၁၀)ႏွစ္အၾကာအထိ စနစ္တက် မဟုတ္ဘဲ ထုတ္ယူသုံးစြဲေနပါက ငါးရွားပါးမႈႏွင့္ ရင္ဆိုင္ရဖြယ္ရွိေၾကာင္း တနသၤာရီတိုင္း အေျခစိုက္ ပင္လယ္ေရထြက္ ကုန္လုပ္ငန္း လုပ္ကိုင္ေနသည့္ ငါးလုပ္ငန္းရွင္တစ္ဦးက NP News သို႔ ေျပာသည္။

ေနာ္ေဝႏိုင္ငံမွ လာေရာက္ျပဳလုပ္ထားသည့္ သုေတသနစာရင္းဇယားမ်ားအရ ျမန္မာႏိုင္ငံ၌ ေရေပၚ ငါးသယံဇာ တ (၃၀)ရာခိုင္ႏႈန္း၊ ေရေအာက္ ငါးသယံဇာတ (၃၀)ရာခိုင္ႏႈန္းသာက်န္ရွိၿပီး (၁၀)ႏွစ္ျခားတစ္ႀကိမ္ ငါးသယံဇာတ ေလ်ာ့နည္းလာေၾကာင္း အထက္ပါလုပ္ငန္းရွင္က ကိုးကားေျပာၾကားသည္။

“ေနာ္ေဝသုေတသနက ငါးႏွစ္တစ္ႀကိမ္၊ ဆယ္ႏွစ္တစ္ႀကိမ္လာလာလုပ္ေပးတယ္။ အဲဒီစာရင္း ဇယားအရ ေရေပၚငါး ၃၀ ရာခိုင္ႏႈန္း၊ ေရေအာက္ ငါး ၃၀ ရာခိုင္ႏႈန္းပဲရွိေတာ့တယ္တဲ့။ (၁၀)ႏွစ္ျခား၊ (၁၀)ႏွစ္ျခားတစ္ႀကိမ္ေလ်ာ့ ေလ်ာ့လာတယ္။ ေနာက္(၁၀)ႏွစ္အထိ ထုတ္ယူသုံးစြဲမယ္ဆိုရင္ ငါးရွားပါးမႈေတြ ျဖစ္လာမယ္”ဟု ၎ကဆိုသည္။

ျမန္မာႏိုင္ငံသည္ ငါးသယံဇာတ ႂကြယ္ဝသည့္ႏိုင္ငံျဖစ္ၿပီးၿပီးခဲ့သည့္ ၂၀၂၂ ခုႏွစ္ စစ္တမ္းမ်ားအရ ကမာၻေပၚတြင္ ငါးႏွင့္ ေရသယံဇာတ ပိုင္ဆိုင္မႈ အဆင့္(၁၄)တြင္ရွိေၾကာင္း သိရသည္။ သို႔ေသာ္ လက္ရွိတြင္ ငါးထုတ္ယူမႈျမင့္ တက္လ်က္ရွိၿပီး ေရေအာက္သႏၲာေက်ာက္တန္းမ်ား ျပန္လည္တည္ ေဆာက္ေပးရန္ လိုအပ္ေနေၾကာင္းသိရသည္။

“ကြၽန္းတုေတြလုပ္ရမယ္။ ေရေအာက္ သႏၲာေက်ာက္တန္းေတြ ျပန္တည္ေဆာက္ေပးရမယ္။ အဲဒီလိုမွ မေဆာက္ႏိုင္ဘူးဆိုရင္ ထိုင္းလိုလုပ္ရမယ္။ ထိုင္းလို မလုပ္ႏိုင္ဘူးဆိုရင္ေတာ့ ေနာက္(၁၀)ႏွစ္၊ (၁၅)ႏွစ္မွာ ငါးကုန္ ထုတ္မႈဟာ က်ဆင္းသြားမယ့္ပုံစံ သူတို႔သုံးသပ္တယ္။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ဆီမွာ ကံေကာင္းတာက ဒီေရေအာက္ ေတာေတြရွိေန ေသးတယ္။ ျပန္စိုက္ထားတာလည္းရွိေနေသးတယ္။ သႏၲာေက်ာက္တန္းေတြ ပ်က္စီးမႈေတြကို မလုပ္ႏိုင္ ေသးေပမယ့္ ခံသာေနေသးတဲ့ အေနအထားေတာ့ ရွိတာေပါ့။ ဒါေပမဲ့ တိုးပြားမႈအေနအထားကေတာ့ ဒီေရေအာက္ေတာ ေတြအျပင္ သႏၲာေက်ာက္တန္းေတြပါ ထိန္းသိမ္းရမွာေတြ အမ်ားႀကီးရွိတယ္ေလ။ ပ်က္စီးထားတာေတြ အမ်ားႀကီးရွိတယ္” ဟု ၎က ဆက္လက္ေျပာသည္။

ျမန္မာႏိုင္ငံ ေရခ်ိဳငါးဖမ္းလုပ္ငန္း၏ ထုတ္လုပ္မႈသည္ အေရွ႕ေတာင္အာရွတြင္ အျမင့္ဆုံးျဖစ္ၿပီး ျပည္တြင္း ငါးထုတ္လုပ္မႈ၏ ၂၈ ရာခိုင္ႏႈန္းခန႔္ရွိေၾကာင္း စစ္တမ္းမ်ားက ေဖာ္ျပထားေသာ္လည္း ၂၀၁၈ ခုႏွစ္ ေရေပၚလႊာ ငါးပမာဏသည္ ၁၉၇၉-၁၉၈၀ ျပည့္ႏွစ္ရွိ ပမာဏႏွင့္ႏႈိင္းယွဥ္ပါက ၈၀ ရာခိုင္ႏႈန္း ေလ်ာ့နည္းသြားေၾကာင္း ေနာ္ေဝသု ေတသန၏ စစ္တမ္းမ်ားအရ သိရသည္။ ထိုသို႔ ေရေအာက္သႏၲာေက်ာက္တန္းမ်ား ျပန္လည္တည္ ေဆာက္ရာတြင္ ထိုင္းႏိုင္ငံကဲ့သို႔ လြယ္ကူသည့္နည္းျဖင့္ သႏၲာေက်ာက္တန္းအတုမ်ားကို တည္ေဆာက္သင့္ေၾကာင္း အထက္ပါလုပ္ငန္းရွင္က အႀကံျပဳ ေျပာၾကားသည္။

“ထိုင္းက ဒီႏွစ္(၂၀) လုံးလုံး ငါးကုန္ခဲ့တယ္ေလ။ ဒါေပမဲ့ ေနာက္(၁၀)ႏွစ္မွာ သူတို႔ ငါးျပန္ေပၚေတာ့မယ္ သိလား။ သႏၲာေက်ာက္တန္း အတုေတြရာနဲ႔ခ်ီၿပီး လုပ္ထားတယ္။ ကားတာယာ အစုတ္အျပတ္ေတြကို ဘိလပ္ေျမ ေလာင္းလိုက္တယ္။ အေလးႀကီးျဖစ္သြားတယ္။ အဲဒါကို ငါးဖမ္းသေဘၤာေပၚတင္သြားၿပီးေတာ့ ငါး(လုပ္ငန္း)ဦးစီးက သတ္ မွတ္ထားတဲ့ေနရာမွာ သြားခ်ရတယ္။ ပုံလာတဲ့အခါက်မွ သတ္မွတ္ထားတဲ့အေနအထားတစ္ခုေရာက္ၿပီဆိုရင္ ခရင္း ေကာင္ေတြလာကပ္ၿပီးေတာ့ သႏၲာေက်ာက္တန္းျဖစ္သြားေရာ။ အဲဒီကာလက ႏွစ္(၂၀)နဲ႔ (၃၀) ၾကား ၾကာတယ္။ အခုသူတို႔လုပ္လာတာ ႏွစ္(၂၀)ေက်ာ္ၿပီ။ မၾကာခင္သူတို႔ ငါးျပန္ေပၚေတာ့ မွာ” ဟု ၎ကဆိုသည္။

ျမန္မာ့ပင္လယ္ျပင္အတြင္း ပင္လယ္ျပင္ ကန႔္သတ္ထားသည့္ ငါးဖမ္းကိရိယာမ်ားႏွင့္ စည္းကမ္းမဲ့ ငါးဖမ္းဆီးမႈမ်ား၊ ကမ္းေဝးငါးဖမ္းေလွအခ်ိဳ႕ ကမ္းနီးသို႔ ဥပေဒမဲ့ ဝင္ေရာက္ဖမ္းဆီးမႈမ်ား၊ ငါးမဖမ္းရ ကာလအတြင္း စည္းကမ္း ေဖာက္ဖ်က္ေသာ ကမ္းေဝး ငါးဖမ္းေရယာဥ္မ်ားလည္း ရွိေနေၾကာင္း သိရသည္။

Picture

Chaungthar Apple

11/05/2024 00:22

ချောင်းတွင်း ဘ၀င်းပိတ်ငါးဖမ်းခြင်စ ပင်လယ်ပြင် မီးထွန်းငါးဖမ်းခြင်းကို တားမြစ်သင့်ပါတယ်

Related news

© 2021. All rights reserved.