ထိုင်ဝမ်ကို လွတ်လပ်တဲ့နိုင်ငံဖြစ်အောင် ကြိုးပမ်းလိုတဲ့ သမ္မတအသစ်က ဘယ်လိုလူစားမျိုးလဲ

 1113

ဂျန်ဇက် (NP News) - မေ ၁ဝ

တရုတ်နိုင်ငံကြား တင်းမာမှုအရှိန်မြင့်တက်နေချိန်မှာပဲ ထိုင်ဝမ်မှာလာမယ့်မေလအတွင်း သမ္မတအသစ်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကိုကျင်းပတော့မှာဖြစ်ပါတယ်။ ထိုင်ဝမ်မှာ ပြီးခဲ့တဲ့နှစ်အတွင်းကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ ထိုင်ဝမ်ဒုတိယ သမ္မတအဖြစ်တာဝန်ယူနေတဲ့ လီချန်တေးဆိုသူက အနိုင်ရခဲ့ပြီး ၂၀၂၄ ခုနှစ်မေလ ၂၀ ရက်နေ့မှာ သမ္မတ အသစ်အဖြစ် ကျန်းသစ္စာကျိန်ဆိုတော့မှာဖြစ်ပါတယ်။

ဝီလီယံလိုင်အဖြစ်လူသိများတဲ့ လီချန်တေးဟာ တရုတ်ဆန့်ကျင့်ရေး သဘောထားပြင်းထန် သူတစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး တရုတ်အစိုးရကိုယ်တိုင်က လီချန်တေး သမ္မတအဖြစ်တာဝန်ယူချိန်မှာ တရုတ်နဲ့ထိုင်ဝမ်ကြား ဆက်ဆံရေးပိုမိုဆိုးရွားလာဖွယ်ရှိတယ်လို့ သတိပေးခဲ့ဖူးပါတယ်။

လီချန်တေးဟာ တက္ကသိုလ်ကျောင်းသားဘဝတည်းက တရုတ်ဆန့်ကျင့်ရေးဝါဒီတစ်ဦးဖြစ်ကာ ဒီမိုကရေစီလို လားသူတစ်ဦးဖြစ်ခဲ့ပြီး အာဏာရပါတီဖြစ်တဲ့ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ DPP အကြံပေးအဖြစ်တာဝန်ယူချိန်မှာလည်း တရုတ်ဆန့်ကျင့် ရေးကိုလုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ လီချန်တေးဟာ ထိုင်ဝမ်ကို လွှတ်လပ်တဲ့နိုင်ငံအဖြစ် ရပ်တည်နိုင်အောင် အကြံပေးဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ ‘‘ထိုင်ဝမ်ဟာ အချုပ်အခြာအာဏာပိုင်ဖြစ်ပြီး လွတ်လပ် တဲ့နိုင်ငံဖြစ်အောင် ကြိုးပမ်းရမယ်”လို့ လူသိရှင်ကြား ပြောဆိုခဲ့ဖူးသူဖြစ်သလို ထိုင်ဝမ်နဲ့ အမေရိကန်နိုင်ငံအပြင် တခြား လစ်ဘရယ်ဒီမိုကရေစီနိုင်ငံတွေနဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ဖို့ ကြိုးပမ်းခဲ့ဖူးသူဖြစ်ပါတယ်။ ထိုင်ဝမ်နဲ့တရုတ်နိုင်ငံကြား အငြင်းပွားမှုအရှိန်မြင့်တက်လာနေချိန်မှာ လီချန်တေး သမ္မတဖြစ်လာခြင်းက ထိုင်ဝမ်နဲ့ တရုတ်နိုင်ငံကြားတင်းမာမှုအရှိန်ပိုမိုမြင့်တက်လာဖွယ်ရှိနေပြီး ထိုင်ဝမ်နဲ့ ပြန်လည်ပေါင်းစည်းလိုတဲ့ တရုတ်နိုင်ငံအတွက် ထိုးနှက်ချက်လည်းဖြစ်လာဖွယ် ရှိနေပါတယ်။
လီချန်တေးဟာ ထိုင်ဝမ်ရှိကျောက်မီးသွေး တွင်းတူးဖော်တဲ့မိသားစုကမွေးဖွားခဲ့သူဖြစ်ပြီး ဘဝကို ခက်ခဲစွာ ရုန်းကန်ခဲ့ရသူဖြစ်ပါတယ်။ မွေးချင်း ၆ ဦးရှိနေတဲ့ လီချန်တေးဟာ ဖခင်ဖြစ်သူ သေဆုံးချိန်မှာ ဘဝကို ဆင်းရဲစွာ ဖြတ်သန်းခဲ့ရတယ်လို့ အင်တာဗျူးတွေမှာဖြေဆိုခဲ့ဖူးပါတယ်။

အသက်နှစ်နှစ်အရွယ်မှာ ဖခင်ဖြစ်သူဟာ ကာဗွန်အဆိပ်မိကာ သေဆုံးခဲ့ပြီးနောက် ၎င်းတို့ မောင်နှမ တွေဟာ မိခင်ဖြစ်သူနဲ့အတူ ဘဝကို ခက်ခဲစွာရုန်းကန်ခဲ့ရတယ်လို့လီချန်တေးကပြောပါတယ်။

‘‘ကျွန်တော်အသက်ငယ်ငယ်မှာ ဖခင်ဖြစ်သူ သေဆုံးသွားတဲ့အတွက် မိသားစုဟာ ခက်ခက် ခဲခဲရုန်းကန် ခဲ့ရပါတယ်။ ဒါကြောင့် ကျွန်တော်ဟာအပြင်းအထန်ကြိုးစားခဲ့ရတယ်။ ကလေးဘဝတည်းက ခိုင်မာတဲ့ဆုံးဖြတ်ချက် တွေလည်း ချမှတ်ခဲ့တယ်။ ငယ်စဉ်ကလေးဘဝတုန်းက ဆရာဝန်ဖြစ်ဖို့ ဆန္ဒပြင်းပြခဲ့တယ်’’လို့ပြောပါတယ်။ လီချန်တေးဟာ မပြည့်စုံတဲ့ဘဝမျိုးနဲ့ ရှင်သန်ခဲ့ရပေမယ့် ထိုင်ဝမ်ရှိ National Taiwan University's Dement of Physical Medicine and Rehabilitation တက္ကသိုလ်တို့မှာ ပညာသင်ကြားခဲ့ဖူးသလို ကမ္ဘာကျော်ဟားဗတ် တက္ကသိုလ်မှာလည်း မာစတာဘွဲ့ ရယူနိုင်ခဲ့သူဖြစ်ပါတယ်။ တက္ကသိုလ်မှာ ပညာသင်ကြားချိန်အတွင်း စစ်မှုထမ်းခဲ့သလို ကြံ့ခိုင်မှု ပိုမိုကောင်းမွန်အောင် လေ့ကျင့်ခဲ့တယ်လို့ဆိုပါတယ်။ တက္ကသိုလ်ပညာသင်ကြားနေချိန်အတွင်းနိုင်ငံရေးအသိအမြင် တွေလည်း ပြောင်းလဲတိုး တက်လာခဲ့ပြီး ထိုင်ဝမ်ကို တရုတ်နိုင်ငံနဲ့နီးစပ်တဲ့ ကူမင်တန်ပါတီ လက်အောက်က ရုန်းထွက်နိုင်အောင်လိုလား နေခဲ့ပါ တယ်။ လီချန်တေးဟာ ထိုင်ဝမ်ကို တစ်ပါတီအာဏာရှင်လက် အောက်ကရုန်းထွက်ပြီး ဒီမိုကရေစီ ပိုမိုဖွံ့ဖြိုးတိုးတက် စေဖို့လိုလားတောင်းဆိုတဲ့တက်ကြွလှုပ်ရှားသူတွေထဲပါဝင်ခဲ့ပါတယ်။

တက္ကသိုလ်ကျောင်းသားဘဝတည်းက နိုင်ငံရေးစိတ်ဝင်စားမှုမြင့်တက်ခဲ့ရာ ဒီမိုကရေစီအရေးလှုပ်ရှားမှု တွေမှာ ပါဝင်ခဲ့ပြီး National Cheng Kung တက္ကသိုလ်တို့ရဲ့ကျောင်းသားဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်ပါတယ်။ လီချန်တေး က “တက္ကသိုလ်ကျောင်းသားဘဝတည်းက ထိုင်ဝမ်ရဲ့ အနာဂတ်နဲ့ ဒီမိုကရေစီအရေးအတွက် စိုးရိမ်မှုမြင့် တက်ခဲ့ဖူး တယ်”လို့ပြောပါတယ်။ လီချန်တေးဟာ ဒီမိုကရေစီအရေးလိုလားတဲ့အဖွဲ့စည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့သလို တခြား တစ်ဖက်မှာလည်း ဆေးပညာနဲ့ဆိုင်တဲ့ တက္ကသိုလ်ပညာတွေကိုလေ့ လာသင်ယူခဲ့ပြီး ဆရာဝန်ဖြစ်အောင် ကြိုးပမ်းခဲ့ပါတယ်။

အဲဒီအချိန်တည်းက လီချန်တေးဟာ ထိုင်ဝမ်မှာ ဒီမိုကရေစီအရေးလိုလားလှုပ်ရှားနေတဲ့ DPP ပါတီကို အားပေး ထောက်ခံခဲ့ပြီး ၁၉၈၄ ခုနှစ်မှာ ပါတီဝင်အဖြစ် ပူးပေါင်းပါဝင်ခဲ့ပါတယ်။ National Physician Support association အဖွဲ့မှာ ဥက္ကဌအဖြစ်တာဝန်ယူခဲ့ပြီး လွှတ်တော်ရွေးကောက်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသူဖြစ်ပါတယ်။ ထိုင်ဝမ်လွှတ်တော်ကိုယ်စား လှယ်အဖြစ် လေးနှစ်ဆက် တိုက်ရွေးချယ်ခံရသလို ၂၀၁၀ ပြည့်နှစ်မှာ တိုင်နန်မြို့ရဲ့ မြို့တော်ဝန်အဖြစ် ယှဉ်ပြိုင်ခဲ့ရာအနိုင်ရခဲ့ပြီး မြို့တော်ဝန်အဖြစ် ၇ နှစ်ကြာ ဆက်လက်တာဝန်ယူခဲ့ သူဖြစ်ပါတယ်။ ထိုင်ဝမ်မြို့တော်ဝန်အဖြစ် တာဝန်ယူချိန်အတွင်း လီချန်တေးရဲ့စွမ်းဆောင်ရည်ကို နှစ်သက်သဘောကျတဲ့အတွက် ထိုင်ဝမ်အာဏာရ ပါတီဖြစ်တဲ့ DPP ပါတီရဲ့ သမ္မတဆိုင်အမ်ဝမ်က လီချန်တေးကို ရာထူးမှနုတ်ထွက်ခဲ့တဲ့ ဝန်ကြီးချုပ် လီချန်းနေရာမှာ အစားထိုးခန့်အပ်ခဲ့ပါတယ်။ အသက် ၆၄ နှစ်အရွယ်ရှိ လီချန်းတေးဟာ ဝန်ကြီးချုပ်အဖြစ် သုံးနှစ်ကြာ တာဝန်ယူချိန်အတွင်း အမေရိကန်အပါအဝင်အနောက်အုပ်စုနိုင်ငံများနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက် နိုင်ခဲ့ပြီး ထိုင်ဝမ်မှာ လူကြိုက်ပိုမိုများပြားလာတဲ့အတွက် ၂၀၂၀ ပြည့်နှစ်မှာ ထိုင်ဝမ် ဒုတိယသမ္မတအဖြစ် ထပ်မံ တာဝန်ယူခွင့် ရခဲ့ပါတယ်။ လီချန်တေးဟာ ၁၉၈၄ခုနှစ်မှာ နိုင်ငံရေးလောကကို ဝင်ရောက်ခဲ့ပေမယ့် DPP ပါတီနဲ့ အကောင်းအဆိုးမျိုးစုံကို ရင်ဆိုင်ခဲ့ရပြီး ထိုင်ဝမ်ကို လွှတ်လပ်တဲ့နိုင်ငံဖြစ်လာအောင်ကြိုးပမ်း နေသူတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသူဖြစ်ပါတယ်။ DPP ပါတီခေါင်းဆောင်တစ်ဦးအဖြစ် တာဝန်ယူခဲ့သလို ထိုင်ဝမ်မှာ လွှတ်တော်ကိုယ်စား လှယ်၊ မြို့တော်ဝန်၊ ဝန်ကြီးချုပ်၊ ဒုတိယသမ္မတအဖြစ် တာဝန်အမျိုးမျိုးရယူနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ ထိုင်ဝမ် အစိုးရ အဖွဲ့မှာ တာဝန်အမျိုးမျိုးရယူချိန်အတွင်း အကောင်းဆုံးစွမ်းဆောင်နိုင်တဲ့အတွက် DPP ပါတီနဲ့ ထိုင်ဝမ်ပြည်သူတွေကြား မှာ လက်ရှိသမ္မတ ဆိုင်အမ်ဝမ်ထက် လူကြိုက်ပိုမိုများ ပြားလာခဲ့ပါတယ်။ ဒါကြောင့်လည်း လီချန်တေးဟာ DPP ပါတီ ခေါင်းဆောင်နေရာရွေးချယ်ရာမှာသမ္မတဖြစ်သလို ပါတီခေါင်းဆောင်တာဝန်ယူထားတဲ့ ဆိုင်အမ်ဝမ်ကို ကျော်ဖြတ် အနိုင်ရယူနိုင်ခဲ့ပါတယ်။ လီချန်တေးဟာ သမ္မတဆိုင်အမ်ဝမ်ကိုကျော်ဖြတ်ပြီး DPP ပါတီခေါင်းဆောင်အဖြစ် တာဝန် ယူမှုနဲ့အတူ ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ခဲ့ရာ အခြားပြိုင်ဘက် တွေကိုထပ်မံအနိုင်ရခဲ့ ကာသမ္မတအဖြစ်ရွေး ကောက် ခံခဲ့ရတာဖြစ်ပါတယ်။ လီချန်တေးဟာ ၁၉၈၆ခုနှစ်မှာ Wu Mei-ju အမည်ရှိအမျိုးသမီးနဲ့ တရားဝင် လက်ထပ်ခဲ့ပြီး သားနှစ်ဦးထွန်းကားခဲ့ပါတယ်။ “ထိုင်ဝမ် ရေလက်ကြားငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကို တည်ငြိမ်ရေး အတွက် အဓိကထားလုပ်ဆောင်မယ်။ ကျွန်တော်တို့ဟာ လက်ရှိအချိန်မှာ တရုတ်နိုင်ငံရဲ့ခြိမ်းခြောက်မှုတွေ၊ နိုင်ထက်စီးနင်းပြုမှု ဆောင်ရွက်ချက်တွေကနေ ထိုင်ဝမ်ကိုဘေးကင်းအောင် လုပ်ဆောင်ရမယ်”လို့ ရွေးကောက်ပွဲပြီးချိန် မှာ လီချန်တေးက ပြောဆိုခဲ့ဖူးပါတယ်။

လီချန်တေးရဲ့ပြောစကားတွေကိုလေ့လာကြည့်မယ်ဆိုရင် တရုတ်ပြည်မနဲ့ ပြန်လည် ပေါင်းစည်း မှာမဟုတ်ဘူးဆိုတဲ့အချက်ကို ရည်ရွယ်ပြောဆိုနေတာမျိုးဖြစ်နေပါတယ်။ တရုတ်နိုင်ငံကထိုင်ဝမ် နဲ့ ပြန်လည်ပေါင်းစည်းဖို့ လိုလားနေချိန်မှာ လီချန်တေး သမ္မတအဖြစ်ရွေးချယ်ခံ ရခြင်းဟာ တရုတ်အစိုးရအတွက် ထိုးနှက်ချက်များ စွာဖြစ်လာစေခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ထိုင်ဝမ်နဲ့ ပြန်လည်ပေါင်းစည်းလိုပေမယ့် ထိုင်ဝမ်ကတော့ လွတ်လပ်တဲ့ နိုင်ငံအဖြစ် ရပ်တည်ခွင့်ရလိုနေရာ တရုတ်က အတင်းအကြပ်အင်အားသုံးမယ်ဆိုရင် ထိုင်ဝမ်ရေလက်ကြား မှာ စစ်မီးတောက်လာဖွယ် ရှိနေပါတယ်။ ထိုင်ဝမ်သမ္မတအဖြစ် ရွေးကောက်ခံ ထားရတဲ့ လီချန်တေးအနေနဲ့ တရုတ်နိုင်ငံ နဲ့ ဆက်ဆံရေးကို ပိုမိုကောင်းမွန်အောင်တည် ဆောက်နိုင်မလားဆိုတာ စိတ်ဝင်စားဖွယ်ကောင်းနေပါတယ်။

zawgyi version
ထိုင္ဝမ္ကို လြတ္လပ္တဲ့ႏိုင္ငံျဖစ္ေအာင္ ႀကိဳးပမ္းလိုတဲ့ သမၼတအသစ္က ဘယ္လိုလူစားမ်ိဳးလဲ
ဂ်န္ဇက္ (NP News) - ေမ ၁ဝ

တ႐ုတ္ႏိုင္ငံၾကား တင္းမာမႈအရွိန္ျမင့္တက္ေနခ်ိန္မွာပဲ ထိုင္ဝမ္မွာလာမယ့္ေမလအတြင္း သမၼတအသစ္ရဲ႕ က်မ္းသစၥာက်ိန္ဆိုပြဲကိုက်င္းပေတာ့မွာျဖစ္ပါတယ္။ ထိုင္ဝမ္မွာ ၿပီးခဲ့တဲ့ႏွစ္အတြင္းက်င္းပခဲ့တဲ့ သမၼတေ႐ြးေကာက္ပြဲမွာ ထိုင္ဝမ္ဒုတိယ သမၼတအျဖစ္တာဝန္ယူေနတဲ့ လီခ်န္ေတးဆိုသူက အႏိုင္ရခဲ့ၿပီး ၂၀၂၄ ခုႏွစ္ေမလ ၂၀ ရက္ေန႔မွာ သမၼတ အသစ္အျဖစ္ က်န္းသစၥာက်ိန္ဆိုေတာ့မွာျဖစ္ပါတယ္။

ဝီလီယံလိုင္အျဖစ္လူသိမ်ားတဲ့ လီခ်န္ေတးဟာ တ႐ုတ္ဆန႔္က်င့္ေရး သေဘာထားျပင္းထန္ သူတစ္ဦးအျဖစ္ သတ္မွတ္ခံထားရၿပီး တ႐ုတ္အစိုးရကိုယ္တိုင္က လီခ်န္ေတး သမၼတအျဖစ္တာဝန္ယူခ်ိန္မွာ တ႐ုတ္နဲ႔ထိုင္ဝမ္ၾကား ဆက္ဆံေရးပိုမိုဆိုး႐ြားလာဖြယ္ရွိတယ္လို႔ သတိေပးခဲ့ဖူးပါတယ္။

လီခ်န္ေတးဟာ တကၠသိုလ္ေက်ာင္းသားဘဝတည္းက တ႐ုတ္ဆန႔္က်င့္ေရးဝါဒီတစ္ဦးျဖစ္ကာ ဒီမိုကေရစီလို လားသူတစ္ဦးျဖစ္ခဲ့ၿပီး အာဏာရပါတီျဖစ္တဲ့ ဒီမိုကရက္တစ္တိုးတက္ေရးပါတီ DPP အႀကံေပးအျဖစ္တာဝန္ယူခ်ိန္မွာလည္း တ႐ုတ္ဆန႔္က်င့္ ေရးကိုလုပ္ေဆာင္ခဲ့သူျဖစ္ပါတယ္။ လီခ်န္ေတးဟာ ထိုင္ဝမ္ကို လႊတ္လပ္တဲ့ႏိုင္ငံအျဖစ္ ရပ္တည္ႏိုင္ေအာင္ အႀကံေပးေဆာင္႐ြက္ခဲ့သူျဖစ္ပါတယ္။ ‘‘ထိုင္ဝမ္ဟာ အခ်ဳပ္အျခာအာဏာပိုင္ျဖစ္ၿပီး လြတ္လပ္ တဲ့ႏိုင္ငံျဖစ္ေအာင္ ႀကိဳးပမ္းရမယ္”လို႔ လူသိရွင္ၾကား ေျပာဆိုခဲ့ဖူးသူျဖစ္သလို ထိုင္ဝမ္နဲ႔ အေမရိကန္ႏိုင္ငံအျပင္ တျခား လစ္ဘရယ္ဒီမိုကေရစီႏိုင္ငံေတြနဲ႔ ဆက္ဆံေရး ပိုမိုေကာင္းမြန္ေအာင္ လုပ္ေဆာင္ဖို႔ ႀကိဳးပမ္းခဲ့ဖူးသူျဖစ္ပါတယ္။ ထိုင္ဝမ္နဲ႔တ႐ုတ္ႏိုင္ငံၾကား အျငင္းပြားမႈအရွိန္ျမင့္တက္လာေနခ်ိန္မွာ လီခ်န္ေတး သမၼတျဖစ္လာျခင္းက ထိုင္ဝမ္နဲ႔ တ႐ုတ္ႏိုင္ငံၾကားတင္းမာမႈအရွိန္ပိုမိုျမင့္တက္လာဖြယ္ရွိေနၿပီး ထိုင္ဝမ္နဲ႔ ျပန္လည္ေပါင္းစည္းလိုတဲ့ တ႐ုတ္ႏိုင္ငံအတြက္ ထိုးႏွက္ခ်က္လည္းျဖစ္လာဖြယ္ ရွိေနပါတယ္။
လီခ်န္ေတးဟာ ထိုင္ဝမ္ရွိေက်ာက္မီးေသြး တြင္းတူးေဖာ္တဲ့မိသားစုကေမြးဖြားခဲ့သူျဖစ္ၿပီး ဘဝကို ခက္ခဲစြာ ႐ုန္းကန္ခဲ့ရသူျဖစ္ပါတယ္။ ေမြးခ်င္း ၆ ဦးရွိေနတဲ့ လီခ်န္ေတးဟာ ဖခင္ျဖစ္သူ ေသဆုံးခ်ိန္မွာ ဘဝကို ဆင္းရဲစြာ ျဖတ္သန္းခဲ့ရတယ္လို႔ အင္တာဗ်ဴးေတြမွာေျဖဆိုခဲ့ဖူးပါတယ္။

အသက္ႏွစ္ႏွစ္အ႐ြယ္မွာ ဖခင္ျဖစ္သူဟာ ကာဗြန္အဆိပ္မိကာ ေသဆုံးခဲ့ၿပီးေနာက္ ၎တို႔ ေမာင္ႏွမ ေတြဟာ မိခင္ျဖစ္သူနဲ႔အတူ ဘဝကို ခက္ခဲစြာ႐ုန္းကန္ခဲ့ရတယ္လို႔လီခ်န္ေတးကေျပာပါတယ္။

‘‘ကြၽန္ေတာ္အသက္ငယ္ငယ္မွာ ဖခင္ျဖစ္သူ ေသဆုံးသြားတဲ့အတြက္ မိသားစုဟာ ခက္ခက္ ခဲခဲ႐ုန္းကန္ ခဲ့ရပါတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္ဟာအျပင္းအထန္ႀကိဳးစားခဲ့ရတယ္။ ကေလးဘဝတည္းက ခိုင္မာတဲ့ဆုံးျဖတ္ခ်က္ ေတြလည္း ခ်မွတ္ခဲ့တယ္။ ငယ္စဥ္ကေလးဘဝတုန္းက ဆရာဝန္ျဖစ္ဖို႔ ဆႏၵျပင္းျပခဲ့တယ္’’လို႔ေျပာပါတယ္။ လီခ်န္ေတးဟာ မျပည့္စုံတဲ့ဘဝမ်ိဳးနဲ႔ ရွင္သန္ခဲ့ရေပမယ့္ ထိုင္ဝမ္ရွိ National Taiwan University's Dement of Physical Medicine and Rehabilitation တကၠသိုလ္တို႔မွာ ပညာသင္ၾကားခဲ့ဖူးသလို ကမာၻေက်ာ္ဟားဗတ္ တကၠသိုလ္မွာလည္း မာစတာဘြဲ႕ ရယူႏိုင္ခဲ့သူျဖစ္ပါတယ္။ တကၠသိုလ္မွာ ပညာသင္ၾကားခ်ိန္အတြင္း စစ္မႈထမ္းခဲ့သလို ႀကံ့ခိုင္မႈ ပိုမိုေကာင္းမြန္ေအာင္ ေလ့က်င့္ခဲ့တယ္လို႔ဆိုပါတယ္။ တကၠသိုလ္ပညာသင္ၾကားေနခ်ိန္အတြင္းႏိုင္ငံေရးအသိအျမင္ ေတြလည္း ေျပာင္းလဲတိုး တက္လာခဲ့ၿပီး ထိုင္ဝမ္ကို တ႐ုတ္ႏိုင္ငံနဲ႔နီးစပ္တဲ့ ကူမင္တန္ပါတီ လက္ေအာက္က ႐ုန္းထြက္ႏိုင္ေအာင္လိုလား ေနခဲ့ပါ တယ္။ လီခ်န္ေတးဟာ ထိုင္ဝမ္ကို တစ္ပါတီအာဏာရွင္လက္ ေအာက္က႐ုန္းထြက္ၿပီး ဒီမိုကေရစီ ပိုမိုဖြံ႕ၿဖိဳးတိုးတက္ ေစဖို႔လိုလားေတာင္းဆိုတဲ့တက္ႂကြလႈပ္ရွားသူေတြထဲပါဝင္ခဲ့ပါတယ္။

တကၠသိုလ္ေက်ာင္းသားဘဝတည္းက ႏိုင္ငံေရးစိတ္ဝင္စားမႈျမင့္တက္ခဲ့ရာ ဒီမိုကေရစီအေရးလႈပ္ရွားမႈ ေတြမွာ ပါဝင္ခဲ့ၿပီး National Cheng Kung တကၠသိုလ္တို႔ရဲ႕ေက်ာင္းသားဥကၠ႒အျဖစ္ တာဝန္ယူခဲ့ဖူးသူျဖစ္ပါတယ္။ လီခ်န္ေတး က “တကၠသိုလ္ေက်ာင္းသားဘဝတည္းက ထိုင္ဝမ္ရဲ႕ အနာဂတ္နဲ႔ ဒီမိုကေရစီအေရးအတြက္ စိုးရိမ္မႈျမင့္ တက္ခဲ့ဖူး တယ္”လို႔ေျပာပါတယ္။ လီခ်န္ေတးဟာ ဒီမိုကေရစီအေရးလိုလားတဲ့အဖြဲ႕စည္းေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္ခဲ့သလို တျခား တစ္ဖက္မွာလည္း ေဆးပညာနဲ႔ဆိုင္တဲ့ တကၠသိုလ္ပညာေတြကိုေလ့ လာသင္ယူခဲ့ၿပီး ဆရာဝန္ျဖစ္ေအာင္ ႀကိဳးပမ္းခဲ့ပါတယ္။

အဲဒီအခ်ိန္တည္းက လီခ်န္ေတးဟာ ထိုင္ဝမ္မွာ ဒီမိုကေရစီအေရးလိုလားလႈပ္ရွားေနတဲ့ DPP ပါတီကို အားေပး ေထာက္ခံခဲ့ၿပီး ၁၉၈၄ ခုႏွစ္မွာ ပါတီဝင္အျဖစ္ ပူးေပါင္းပါဝင္ခဲ့ပါတယ္။ National Physician Support association အဖြဲ႕မွာ ဥကၠဌအျဖစ္တာဝန္ယူခဲ့ၿပီး လႊတ္ေတာ္ေ႐ြးေကာက္ပြဲေတြကို ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ဖူးသူျဖစ္ပါတယ္။ ထိုင္ဝမ္လႊတ္ေတာ္ကိုယ္စား လွယ္အျဖစ္ ေလးႏွစ္ဆက္ တိုက္ေ႐ြးခ်ယ္ခံရသလို ၂၀၁၀ ျပည့္ႏွစ္မွာ တိုင္နန္ၿမိဳ႕ရဲ႕ ၿမိဳ႕ေတာ္ဝန္အျဖစ္ ယွဥ္ၿပိဳင္ခဲ့ရာအႏိုင္ရခဲ့ၿပီး ၿမိဳ႕ေတာ္ဝန္အျဖစ္ ၇ ႏွစ္ၾကာ ဆက္လက္တာဝန္ယူခဲ့ သူျဖစ္ပါတယ္။ ထိုင္ဝမ္ၿမိဳ႕ေတာ္ဝန္အျဖစ္ တာဝန္ယူခ်ိန္အတြင္း လီခ်န္ေတးရဲ႕စြမ္းေဆာင္ရည္ကို ႏွစ္သက္သေဘာက်တဲ့အတြက္ ထိုင္ဝမ္အာဏာရ ပါတီျဖစ္တဲ့ DPP ပါတီရဲ႕ သမၼတဆိုင္အမ္ဝမ္က လီခ်န္ေတးကို ရာထူးမွႏုတ္ထြက္ခဲ့တဲ့ ဝန္ႀကီးခ်ဳပ္ လီခ်န္းေနရာမွာ အစားထိုးခန႔္အပ္ခဲ့ပါတယ္။ အသက္ ၆၄ ႏွစ္အ႐ြယ္ရွိ လီခ်န္းေတးဟာ ဝန္ႀကီးခ်ဳပ္အျဖစ္ သုံးႏွစ္ၾကာ တာဝန္ယူခ်ိန္အတြင္း အေမရိကန္အပါအဝင္အေနာက္အုပ္စုႏိုင္ငံမ်ားနဲ႔ ေကာင္းမြန္တဲ့ ဆက္ဆံေရးတည္ေဆာက္ ႏိုင္ခဲ့ၿပီး ထိုင္ဝမ္မွာ လူႀကိဳက္ပိုမိုမ်ားျပားလာတဲ့အတြက္ ၂၀၂၀ ျပည့္ႏွစ္မွာ ထိုင္ဝမ္ ဒုတိယသမၼတအျဖစ္ ထပ္မံ တာဝန္ယူခြင့္ ရခဲ့ပါတယ္။ လီခ်န္ေတးဟာ ၁၉၈၄ခုႏွစ္မွာ ႏိုင္ငံေရးေလာကကို ဝင္ေရာက္ခဲ့ေပမယ့္ DPP ပါတီနဲ႔ အေကာင္းအဆိုးမ်ိဳးစုံကို ရင္ဆိုင္ခဲ့ရၿပီး ထိုင္ဝမ္ကို လႊတ္လပ္တဲ့ႏိုင္ငံျဖစ္လာေအာင္ႀကိဳးပမ္း ေနသူတစ္ဦးအျဖစ္ သတ္မွတ္ခံခဲ့ရသူျဖစ္ပါတယ္။ DPP ပါတီေခါင္းေဆာင္တစ္ဦးအျဖစ္ တာဝန္ယူခဲ့သလို ထိုင္ဝမ္မွာ လႊတ္ေတာ္ကိုယ္စား လွယ္၊ ၿမိဳ႕ေတာ္ဝန္၊ ဝန္ႀကီးခ်ဳပ္၊ ဒုတိယသမၼတအျဖစ္ တာဝန္အမ်ိဳးမ်ိဳးရယူႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။ ထိုင္ဝမ္ အစိုးရ အဖြဲ႕မွာ တာဝန္အမ်ိဳးမ်ိဳးရယူခ်ိန္အတြင္း အေကာင္းဆုံးစြမ္းေဆာင္ႏိုင္တဲ့အတြက္ DPP ပါတီနဲ႔ ထိုင္ဝမ္ျပည္သူေတြၾကား မွာ လက္ရွိသမၼတ ဆိုင္အမ္ဝမ္ထက္ လူႀကိဳက္ပိုမိုမ်ား ျပားလာခဲ့ပါတယ္။ ဒါေၾကာင့္လည္း လီခ်န္ေတးဟာ DPP ပါတီ ေခါင္းေဆာင္ေနရာေ႐ြးခ်ယ္ရာမွာသမၼတျဖစ္သလို ပါတီေခါင္းေဆာင္တာဝန္ယူထားတဲ့ ဆိုင္အမ္ဝမ္ကို ေက်ာ္ျဖတ္ အႏိုင္ရယူႏိုင္ခဲ့ပါတယ္။ လီခ်န္ေတးဟာ သမၼတဆိုင္အမ္ဝမ္ကိုေက်ာ္ျဖတ္ၿပီး DPP ပါတီေခါင္းေဆာင္အျဖစ္ တာဝန္ ယူမႈနဲ႔အတူ ေ႐ြးေကာက္ပြဲကို ပါဝင္ယွဥ္ၿပိဳင္ခဲ့ရာ အျခားၿပိဳင္ဘက္ ေတြကိုထပ္မံအႏိုင္ရခဲ့ ကာသမၼတအျဖစ္ေ႐ြး ေကာက္ ခံခဲ့ရတာျဖစ္ပါတယ္။ လီခ်န္ေတးဟာ ၁၉၈၆ခုႏွစ္မွာ Wu Mei-ju အမည္ရွိအမ်ိဳးသမီးနဲ႔ တရားဝင္ လက္ထပ္ခဲ့ၿပီး သားႏွစ္ဦးထြန္းကားခဲ့ပါတယ္။ “ထိုင္ဝမ္ ေရလက္ၾကားၿငိမ္းခ်မ္းေရးနဲ႔တည္ၿငိမ္ေရးကို တည္ၿငိမ္ေရး အတြက္ အဓိကထားလုပ္ေဆာင္မယ္။ ကြၽန္ေတာ္တို႔ဟာ လက္ရွိအခ်ိန္မွာ တ႐ုတ္ႏိုင္ငံရဲ႕ၿခိမ္းေျခာက္မႈေတြ၊ ႏိုင္ထက္စီးနင္းျပဳမႈ ေဆာင္႐ြက္ခ်က္ေတြကေန ထိုင္ဝမ္ကိုေဘးကင္းေအာင္ လုပ္ေဆာင္ရမယ္”လို႔ ေ႐ြးေကာက္ပြဲၿပီးခ်ိန္ မွာ လီခ်န္ေတးက ေျပာဆိုခဲ့ဖူးပါတယ္။

လီခ်န္ေတးရဲ႕ေျပာစကားေတြကိုေလ့လာၾကည့္မယ္ဆိုရင္ တ႐ုတ္ျပည္မနဲ႔ ျပန္လည္ ေပါင္းစည္း မွာမဟုတ္ဘူးဆိုတဲ့အခ်က္ကို ရည္႐ြယ္ေျပာဆိုေနတာမ်ိဳးျဖစ္ေနပါတယ္။ တ႐ုတ္ႏိုင္ငံကထိုင္ဝမ္ နဲ႔ ျပန္လည္ေပါင္းစည္းဖို႔ လိုလားေနခ်ိန္မွာ လီခ်န္ေတး သမၼတအျဖစ္ေ႐ြးခ်ယ္ခံ ရျခင္းဟာ တ႐ုတ္အစိုးရအတြက္ ထိုးႏွက္ခ်က္မ်ား စြာျဖစ္လာေစခဲ့ပါတယ္။ တ႐ုတ္ႏိုင္ငံဟာ ထိုင္ဝမ္နဲ႔ ျပန္လည္ေပါင္းစည္းလိုေပမယ့္ ထိုင္ဝမ္ကေတာ့ လြတ္လပ္တဲ့ ႏိုင္ငံအျဖစ္ ရပ္တည္ခြင့္ရလိုေနရာ တ႐ုတ္က အတင္းအၾကပ္အင္အားသုံးမယ္ဆိုရင္ ထိုင္ဝမ္ေရလက္ၾကား မွာ စစ္မီးေတာက္လာဖြယ္ ရွိေနပါတယ္။ ထိုင္ဝမ္သမၼတအျဖစ္ ေ႐ြးေကာက္ခံ ထားရတဲ့ လီခ်န္ေတးအေနနဲ႔ တ႐ုတ္ႏိုင္ငံ နဲ႔ ဆက္ဆံေရးကို ပိုမိုေကာင္းမြန္ေအာင္တည္ ေဆာက္ႏိုင္မလားဆိုတာ စိတ္ဝင္စားဖြယ္ေကာင္းေနပါတယ္။

Related news

© 2021. All rights reserved.