မန္တလေးတွင် သံဃာတော်အပါး (၁၀ဝဝဝ)ကျော်အား ဆွမ်းလောင်းလှူပွဲကို ဗုဒ္ဓနေ့၌ ကျင်းပသွားမည်

 852

စော (NP News) - မေ ၁၁

မန္တလေးမြို့တွင် သံဃာတော် (၁၀၂၇၂)ပါးအား ဆွမ်း၊ ဆွမ်းဟင်းများ၊ နဝကမ္မဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူပွဲကို ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့)၌ ကျင်းပသွားမည်ဖြစ် ကြောင်း မန္တလေးတိုင်း အစိုးရအဖွဲ့ထံမှ သိရသည်။

အဆိုပါလောင်းလှူပွဲ အခမ်းအနားကို မန္တလေးမြို့၊ လေးပြင်လေးရပ်၌ မေ (၂၂)ရက်တွင် ကျရောက်မည့် ကဆုန်လပြည့်နေ( ဗုဒ္ဓနေ့)တွင် ကျင်းပသွားမည်ဖြစ်သည်။

ဆွမ်းလောင်းလှူပွဲကို မန္တလေးတိုင်းအစိုးရအဖွဲ့က ဦးဆောင်၍ အလှူရှင်များက သာသနာတော်နှစ် ၂၅၆၇ မှ ၂၅၆၈ သို့ ရောက်ရှိမှု အထိမ်းအမှတ်နှင့် နိုင်ငံသူနိုင်ငံသားများ ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

“နှစ်စဉ်လုပ်နေကြပဲ။ ဒါဆို တတိယအကြိမ်ပေါ့။ အပါးတစ်သောင်းကျော်၊ လေးဖက်လေးလန်ခွဲပြီးတော့ တစ်ဖက်၊ တစ်ဖက်ကို ၂၅၀၀ ကျော်ပေါ့။ အဲဒါကို တစ်ဖက်စီ၊ တစ်ဖက်စီပေါ့။ ကဆုန်လပြည့်နေ့ဆိုတာ ဗုဒ္ဓဖွားမြင်တော်မူတဲ့နေ့ အဲဒါကြောင့်မို့ ကျွန်တော်တို့က ဗုဒ္ဓဖွားမြင်တော်မူတဲ့နေ့မှာ လုပ်တာပါ”ဟု မန္တလေးတိုင်းအစိုးရအဖွဲ့မှ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး က NP News ကိုပြောသည်။

လာမည့် ကဆုန်လပြည့်နေ့ (မေလ ၂၂ ရက်)တွင် နံနက် (၆)နာရီမှစ၍ ကျုံး၏ အရှေ့ဘက် (အရှေ့ပြင်) ၆၆ လမ်း၊ တောင်ဘက် (တောင်ပြင်) ၂၆လမ်း၊ အနောက်ဘက် (အနောက်ပြင်) လမ်း ၈၀နှင့် မြောက်ဘက် (မြောက်ပြင်) ၁၂ လမ်းအတိုင်း သံဃာတော် (၂၅၆၈)ပါးစီ စုစုပေါင်း ဆရာတော် သံဃာတော်အပါး (၁၀၂၇၂)အား ဆွမ်း၊ ဆွမ်းဟင်းများ၊ နဝကမ္မဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူသွားမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
မႏၲေလးတြင္ သံဃာေတာ္အပါး (၁၀ဝဝဝ)ေက်ာ္အား ဆြမ္းေလာင္းလႉပြဲကို ဗုဒၶေန႔၌ က်င္းပသြားမည္

ေစာ (NP News) - ေမ ၁၁

မႏၲေလးၿမိဳ႕တြင္ သံဃာေတာ္ (၁၀၂၇၂)ပါးအား ဆြမ္း၊ ဆြမ္းဟင္းမ်ား၊ နဝကမၼဝတၳဳေငြႏွင့္ လႉဖြယ္ပစၥည္းမ်ား ေလာင္းလႉပြဲကို ကဆုန္လျပည့္ေန႔ (ဗုဒၶေန႔)၌ က်င္းပသြားမည္ျဖစ္ ေၾကာင္း မႏၲေလးတိုင္း အစိုးရအဖြဲ႕ထံမွ သိရသည္။

အဆိုပါေလာင္းလႉပြဲ အခမ္းအနားကို မႏၲေလးၿမိဳ႕၊ ေလးျပင္ေလးရပ္၌ ေမ (၂၂)ရက္တြင္ က်ေရာက္မည့္ ကဆုန္လျပည့္ေန( ဗုဒၶေန႔)တြင္ က်င္းပသြားမည္ျဖစ္သည္။

ဆြမ္းေလာင္းလႉပြဲကို မႏၲေလးတိုင္းအစိုးရအဖြဲ႕က ဦးေဆာင္၍ အလႉရွင္မ်ားက သာသနာေတာ္ႏွစ္ ၂၅၆၇ မွ ၂၅၆၈ သို႔ ေရာက္ရွိမႈ အထိမ္းအမွတ္ႏွင့္ ႏိုင္ငံသူႏိုင္ငံသားမ်ား ေဘးအႏၲရာယ္ကင္းရွင္းေစရန္ ရည္႐ြယ္၍ လႉဒါန္းျခင္းျဖစ္ေၾကာင္း သိရသည္။

“ႏွစ္စဥ္လုပ္ေနၾကပဲ။ ဒါဆို တတိယအႀကိမ္ေပါ့။ အပါးတစ္ေသာင္းေက်ာ္၊ ေလးဖက္ေလးလန္ခြဲၿပီးေတာ့ တစ္ဖက္၊ တစ္ဖက္ကို ၂၅၀၀ ေက်ာ္ေပါ့။ အဲဒါကို တစ္ဖက္စီ၊ တစ္ဖက္စီေပါ့။ ကဆုန္လျပည့္ေန႔ဆိုတာ ဗုဒၶဖြားျမင္ေတာ္မူတဲ့ေန႔ အဲဒါေၾကာင့္မို႔ ကြၽန္ေတာ္တို႔က ဗုဒၶဖြားျမင္ေတာ္မူတဲ့ေန႔မွာ လုပ္တာပါ”ဟု မႏၲေလးတိုင္းအစိုးရအဖြဲ႕မွ စီးပြားေရးရာဝန္ႀကီး ဦးသိန္းေဌး က NP News ကိုေျပာသည္။

လာမည့္ ကဆုန္လျပည့္ေန႔ (ေမလ ၂၂ ရက္)တြင္ နံနက္ (၆)နာရီမွစ၍ က်ဳံး၏ အေရွ႕ဘက္ (အေရွ႕ျပင္) ၆၆ လမ္း၊ ေတာင္ဘက္ (ေတာင္ျပင္) ၂၆လမ္း၊ အေနာက္ဘက္ (အေနာက္ျပင္) လမ္း ၈၀ႏွင့္ ေျမာက္ဘက္ (ေျမာက္ျပင္) ၁၂ လမ္းအတိုင္း သံဃာေတာ္ (၂၅၆၈)ပါးစီ စုစုေပါင္း ဆရာေတာ္ သံဃာေတာ္အပါး (၁၀၂၇၂)အား ဆြမ္း၊ ဆြမ္းဟင္းမ်ား၊ နဝကမၼဝတၳဳေငြႏွင့္ လႉဖြယ္ပစၥည္းမ်ား ေလာင္းလႉသြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.