Miss Universe Philippines သရဖူကို ပထမဆုံးအကြိမ်အဖြစ် လူမည်းအမျိုးသမီးမှ ရရှိ

 1042

ရောင်နီ (NP News) - မေ ၂၆

ဖိလစ်ပိုင်နိုင်ငံရဲ့ ဗုဒ္ဓဟူးနေ့(မေလ ၂၂ ရက်) က ပြုလုပ်တဲ့ Miss Universe Philippines ဖိုင်နယ်ပြိုင်ပွဲမှာ ချယ်လ်ဆီး မန်နာလို အမည်ရှိ လူမည်အမျိုးသမီး အလှမယ်က သရဖူဆောင်း ရွေးချယ်ခံရကာ ဖိလစ်ပိုင်မှာ ပထမဆုံး Miss Universe Philippines ဖြစ်တဲ့ လူမည်းအမျိုးသမီး ဖြစ်လာခဲ့ပါတယ်။

ဖိလစ်ပိုင်မိခင်နဲ့ အာဖရိကန်အမေရိကန်ဖခင်မှ မွေးဖွားလာသူ ချယ်လ်ဆီးမန်နာလို (အသက် ၂၄ နှစ်) ရဲ့ ပြိုင်ပွဲ အောင်မြင်မှုဟာ နိုင်ငံရဲ့ ရိုးရာအလှ စံနှုန်းတွေနဲ့ သွေဖယ်ခဲ့ပါတယ်။ "ချဲလ်ဆီးရဲ့အနိုင်ရမှုက ကျွန်တော်တို့ နိုင်ငံ မှာရှိတဲ့ အသားအရေအရောင်တွေနဲ့ပတ်သက်ပြီး အရိုးစွဲ ကြိုက်နှစ်သက်မှုတွေကို စိန်ခေါ်လိုက်တာပဲ" လို့ Miss Universe Philippines ရဲ့ Instagram ပို့စ်မှာ comment မှာ ဆိုရှယ်မီဒီယာ အသုံးပြုသူတစ်ဦးက ရေးသားခဲ့ပါ တယ်။ နောက်တစ်ဦးကလည်း "ဖိလစ်ပိုင် အလှတရားစံနှုန်းဟာ အခုအစိတ်စိတ် အပိုင်းပိုင်း ပျက်စီးသွားပြီ" လို့ ရေးသားမှတ်ချက်ပြုခဲ့ပါတယ်။

ဘူလာကန်ပြည်နယ် ကိုယ်စားပြုအလှမယ်ဖြစ်တဲ့ ချယ်လ်ဆီးဟာ ပြိုင်ပွဲစဉ်အဆင့်ဆင့်ကို ကျော်ဖြတ်ပြီး Miss Univese Philippines 2024 ရဲ့ Winner သရဖူကို ဆောင်းခဲ့ပါတယ်။ အဲဒီ အောင်မြင်မှုနဲ့ ပတ်သက်ပြီး သူမက "အသားအရောင်ရင့်တဲ့ အမျိုးသမီး တစ်ယောက်အနေနဲ့ ကျွန်မ ဘဝမှာ စိန်ခေါ်မှုတွေကို အမြဲရင်ဆိုင်ခဲ့ရတယ်။ အလှတရားမှာ စံနှုန်းတွေရှိတယ် လို့ ကျွန်မကိုပြောခဲ့ကြတယ်၊ ဒါပေမယ့် အမေကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည် ဖို့ သင်ပေးခဲ့ပါတယ်။ ကျွန်မရဲ့အသားအရေနဲ့ ဆံပင်ပုံစံကြောင့် အမြဲတမ်းအနိုင်ကျင့်ခံရလို့ မလုံခြုံမှုတွေနဲ့ ကြီးပြင်းလာခဲ့ရပါတယ်။ ဒါပေမယ့် အမေနဲ့ သူငယ်ချင်းတွေကတော့ ကျွန်မဟာ ထူးခြားတဲ့ပုံစံနဲ့လှတယ်ဆိုတာ သိစေဖို့ ကူညီပေးခဲ့ကြပါတယ်။ ဒါကြောင့် သူတို့အတွက်လည်း ဒီနေရာကနေ ဂုဏ်ပြုပါတယ်” လို့ စင်မြင့်ပေါ်မှာ ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးဟာ အသက် ၁၄ နှစ် ကတည်းက မော်ဒယ် အလုပ်အကိုင်လမ်းကို လျှောက်လှမ်းခဲ့တာဖြစ်ပါတယ်။ အခု Miss Universe Philippines ဖြစ်လာတဲ့ သူမဟာ လာမယ့် စက်တင်ဘာလအတွင်း မက္ကဆီကိုမှာ ကျင်းပမယ့် Miss Universe ပြိုင်ပွဲကို ဖိလစ်ပိုင်နိုင် ငံကိုယ်စားပြုအဖြစ် ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

Zawgyi Version;
Miss Universe Philippines သရဖူကို ပထမဆုံးအႀကိမ္အျဖစ္ လူမည္းအမ်ိဳးသမီးမွ ရရွိ
ေရာင္နီ (NP News) - ေမ ၂၆

ဖိလစ္ပိုင္ႏိုင္ငံရဲ႕ ဗုဒၶဟူးေန႔(ေမလ ၂၂ ရက္) က ျပဳလုပ္တဲ့ Miss Universe Philippines ဖိုင္နယ္ၿပိဳင္ပြဲမွာ ခ်ယ္လ္ဆီး မန္နာလို အမည္ရွိ လူမည္အမ်ိဳးသမီး အလွမယ္က သရဖူေဆာင္း ေ႐ြးခ်ယ္ခံရကာ ဖိလစ္ပိုင္မွာ ပထမဆုံး Miss Universe Philippines ျဖစ္တဲ့ လူမည္းအမ်ိဳးသမီး ျဖစ္လာခဲ့ပါတယ္။

ဖိလစ္ပိုင္မိခင္နဲ႔ အာဖရိကန္အေမရိကန္ဖခင္မွ ေမြးဖြားလာသူ ခ်ယ္လ္ဆီးမန္နာလို (အသက္ ၂၄ ႏွစ္) ရဲ႕ ၿပိဳင္ပြဲ ေအာင္ျမင္မႈဟာ ႏိုင္ငံရဲ႕ ႐ိုးရာအလွ စံႏႈန္းေတြနဲ႔ ေသြဖယ္ခဲ့ပါတယ္။ "ခ်ဲလ္ဆီးရဲ႕အႏိုင္ရမႈက ကြၽန္ေတာ္တို႔ ႏိုင္ငံ မွာရွိတဲ့ အသားအေရအေရာင္ေတြနဲ႔ပတ္သက္ၿပီး အ႐ိုးစြဲ ႀကိဳက္ႏွစ္သက္မႈေတြကို စိန္ေခၚလိုက္တာပဲ" လို႔ Miss Universe Philippines ရဲ႕ Instagram ပို႔စ္မွာ comment မွာ ဆိုရွယ္မီဒီယာ အသုံးျပဳသူတစ္ဦးက ေရးသားခဲ့ပါ တယ္။ ေနာက္တစ္ဦးကလည္း "ဖိလစ္ပိုင္ အလွတရားစံႏႈန္းဟာ အခုအစိတ္စိတ္ အပိုင္းပိုင္း ပ်က္စီးသြားၿပီ" လို႔ ေရးသားမွတ္ခ်က္ျပဳခဲ့ပါတယ္။

ဘူလာကန္ျပည္နယ္ ကိုယ္စားျပဳအလွမယ္ျဖစ္တဲ့ ခ်ယ္လ္ဆီးဟာ ၿပိဳင္ပြဲစဥ္အဆင့္ဆင့္ကို ေက်ာ္ျဖတ္ၿပီး Miss Univese Philippines 2024 ရဲ႕ Winner သရဖူကို ေဆာင္းခဲ့ပါတယ္။ အဲဒီ ေအာင္ျမင္မႈနဲ႔ ပတ္သက္ၿပီး သူမက "အသားအေရာင္ရင့္တဲ့ အမ်ိဳးသမီး တစ္ေယာက္အေနနဲ႔ ကြၽန္မ ဘဝမွာ စိန္ေခၚမႈေတြကို အၿမဲရင္ဆိုင္ခဲ့ရတယ္။ အလွတရားမွာ စံႏႈန္းေတြရွိတယ္ လို႔ ကြၽန္မကိုေျပာခဲ့ၾကတယ္၊ ဒါေပမယ့္ အေမကေတာ့ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္ ဖို႔ သင္ေပးခဲ့ပါတယ္။ ကြၽန္မရဲ႕အသားအေရနဲ႔ ဆံပင္ပုံစံေၾကာင့္ အၿမဲတမ္းအႏိုင္က်င့္ခံရလို႔ မလုံၿခဳံမႈေတြနဲ႔ ႀကီးျပင္းလာခဲ့ရပါတယ္။ ဒါေပမယ့္ အေမနဲ႔ သူငယ္ခ်င္းေတြကေတာ့ ကြၽန္မဟာ ထူးျခားတဲ့ပုံစံနဲ႔လွတယ္ဆိုတာ သိေစဖို႔ ကူညီေပးခဲ့ၾကပါတယ္။ ဒါေၾကာင့္ သူတို႔အတြက္လည္း ဒီေနရာကေန ဂုဏ္ျပဳပါတယ္” လို႔ စင္ျမင့္ေပၚမွာ ေျပာၾကားခဲ့ပါတယ္။

ခ်ဲလ္ဆီးဟာ အသက္ ၁၄ ႏွစ္ ကတည္းက ေမာ္ဒယ္ အလုပ္အကိုင္လမ္းကို ေလွ်ာက္လွမ္းခဲ့တာျဖစ္ပါတယ္။ အခု Miss Universe Philippines ျဖစ္လာတဲ့ သူမဟာ လာမယ့္ စက္တင္ဘာလအတြင္း မကၠဆီကိုမွာ က်င္းပမယ့္ Miss Universe ၿပိဳင္ပြဲကို ဖိလစ္ပိုင္ႏိုင္ ငံကိုယ္စားျပဳအျဖစ္ ပါဝင္ယွဥ္ၿပိဳင္မွာ ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.