အင်းစိန်မြို့နယ်တွင် စက်ရုံဖယ်ရီကားတစ်စီး လမ်းချော်၍ လမ်းဘေးသစ်ပင်ဝင်တိုက်မိရာ လူ(၉)ဦး ထိခိုက်ဒဏ်ရာရ

 5200

သန့်ဇင် (NP News) - မေ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် စက်ရုံဖယ်ရီကားတစ်စီး လမ်းချော်၍ လမ်းဘေးသစ်ပင်ဝင်တိုက်မိရာ လူ(၉)ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(မေ ၂၅ရက်)၊ ညနေ ၅ နာရီ ၃ဝ မိနစ်အချိန်ခန့်က အင်းစိန်မြို့နယ်၊ ရွာမအရှေ့၊ ဘုရင့်နောက်လမ်းမကြီး၊ (G.T.I) ကျောင်းရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သိရတာတော့ မနေ့ကမိုးရွာနေတော့ စလစ်ဖြစ်ပြီး လမ်းဘေးဆွဲချတာမှာ လမ်းဘေးက သစ်ပင်ကိုဝင်တိုက်မိတာ။ စက်ရုံဖယ်ရီကားပါ။ ဘယ်စက်ရုံကကားလည်းတော့ ကျွန်တော်တို့လည်း သေချာမသိရပါဘူး” ဟု တွဲလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။


အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ကားပေါ်တွင်လိုက်ပါလာသူများအနက် အမျိုးသား(၄)ဦး နှင့် အမျိုးသမီး(၅)ဦး စုစုပေါင်း(၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“လူနာက အားလုံးပေါင်း(၉)ယောက်ရှိတယ်။ အသက်(၂၅)နှစ်အရွယ် အမျိုးသားတစ်ယောက်ကတော့ ပေါင်ကျိုး သွားတယ်။ ကျန်တဲ့သူတွေကတော့ မှန်စရှတာတို့ ပွန်းပဲ့ဒဏ်ရာတွေရတယ်။ အကြံပြုချင်တာကတော့ မိုးရာသီ လည်း ရောက်လာပြီ။ ကျောင်းတွေလည်း ပြန်ဖွင့်လာပြီဆိုတော့ ကားသမားတိုင်းကို သေချာလေးဂရုစိုက်ပြီး မောင်းကြပါလို့ ပြောချင်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ထို့ကြောင့် ခိုက်ဒဏ်ရာရရှိသူများကို တွဲလက်လူမှုကူညီရေးအသင်းက အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

Zawgyi Version;
အင္းစိန္ၿမိဳ႕နယ္တြင္ စက္႐ုံဖယ္ရီကားတစ္စီး လမ္းေခ်ာ္၍ လမ္းေဘးသစ္ပင္ဝင္တိုက္မိရာ လူ(၉)ဦး ထိခိုက္ဒဏ္ရာရ
သန႔္ဇင္ (NP News) - ေမ ၂၆

ရန္ကုန္တိုင္းေဒသႀကီး၊ အင္းစိန္ၿမိဳ႕နယ္တြင္ စက္႐ုံဖယ္ရီကားတစ္စီး လမ္းေခ်ာ္၍ လမ္းေဘးသစ္ပင္ဝင္တိုက္မိရာ လူ(၉)ဦးထိခိုက္ ဒဏ္ရာရရွိခဲ့ေၾကာင္း တြဲလက္လူမႈကူညီေရးအသင္းထံမွ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ေမ ၂၅ရက္)၊ ညေန ၅ နာရီ ၃ဝ မိနစ္အခ်ိန္ခန႔္က အင္းစိန္ၿမိဳ႕နယ္၊ ႐ြာမအေရွ႕၊ ဘုရင့္ေနာက္လမ္းမႀကီး၊ (G.T.I) ေက်ာင္းေရွ႕တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“သိရတာေတာ့ မေန႔ကမိုး႐ြာေနေတာ့ စလစ္ျဖစ္ၿပီး လမ္းေဘးဆြဲခ်တာမွာ လမ္းေဘးက သစ္ပင္ကိုဝင္တိုက္မိတာ။ စက္႐ုံဖယ္ရီကားပါ။ ဘယ္စက္႐ုံကကားလည္းေတာ့ ကြၽန္ေတာ္တို႔လည္း ေသခ်ာမသိရပါဘူး” ဟု တြဲလက္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။


အဆိုပါယာဥ္တိုက္မႈျဖစ္စဥ္ေၾကာင့္ ကားေပၚတြင္လိုက္ပါလာသူမ်ားအနက္ အမ်ိဳးသား(၄)ဦး ႏွင့္ အမ်ိဳးသမီး(၅)ဦး စုစုေပါင္း(၉)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
“လူနာက အားလုံးေပါင္း(၉)ေယာက္ရွိတယ္။ အသက္(၂၅)ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ေယာက္ကေတာ့ ေပါင္က်ိဳး သြားတယ္။ က်န္တဲ့သူေတြကေတာ့ မွန္စရွတာတို႔ ပြန္းပဲ့ဒဏ္ရာေတြရတယ္။ အႀကံျပဳခ်င္တာကေတာ့ မိုးရာသီ လည္း ေရာက္လာၿပီ။ ေက်ာင္းေတြလည္း ျပန္ဖြင့္လာၿပီဆိုေတာ့ ကားသမားတိုင္းကို ေသခ်ာေလးဂ႐ုစိုက္ၿပီး ေမာင္းၾကပါလို႔ ေျပာခ်င္ပါတယ္” ဟု ၎က ဆက္ေျပာသည္။

ထို႔ေၾကာင့္ ခိုက္ဒဏ္ရာရရွိသူမ်ားကို တြဲလက္လူမႈကူညီေရးအသင္းက အင္းစိန္ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.