ဗြိတိန်ဝန်ကြီးချုပ်က စစ်မှုမထမ်းမနေရစနစ်ကို ပြန်လည်ကျင့်သုံးသွားမည်ဖြစ်ကြောင်း ကတိပြု

 777

ALynn (NP News) - မေ ၂၇

ကွန်ဆာဗေးတစ်ပါတီသည် ဇူလိုင်လတွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအပြီးတွင် အာဏာဆက်လက်တည်မြဲပါက မဖြစ်မနေ နိုင်ငံတော်တာဝန်ထမ်းဆောင်ရန် ဝန်ကြီးချုပ် ရီရှီဆူနက်က ကတိပြုခဲ့ကြောင်း ဗြိတိန်မီဒီယာများက တနင်္ဂနွေနေ့ (မေလ ၂၆ ရက်) တွင် ဖော်ပြခဲ့သည်။

တစ်နှစ်လျှင် စတာလင်ပေါင် ၂ ဒသမ ၅ ဘီလျံ (ဒေါ်လာ ၃ ဒသမ ၁၉ ဘီလျံ) ကုန်ကျမည်ဟု ခန့်မှန်းထားသည့် အဆိုပါ အစီအစဉ်အရ အသက် ၁၈ နှစ်အရွယ် လူငယ်များအားလုံးသည် အချိန်ပြည့်စစ်မှုထမ်းရန် သို့မဟုတ် တစ်လလျှင် တစ်ပတ်စေတနာ့ဝန်ထမ်းအဖြစ် ရဲတပ်ဖွဲ့နှင့် အမျိုးသားကျန်းမာရေးဝန်ဆောင်မှုများတွင် လုပ်အားပေးရမည်ဖြစ်သည်။ ဆူနက်က “မဖြစ်မနေနိုင်ငံတော်တာဝန် ထမ်းဆောင်စေခြင်းသည် ‘အမျိုးသားရေးစိတ်ဓာတ်’ ကို ပြန် လည်ရှင်သန်စေပြီး လူငယ်များ၏ ဘဝပြောင်းလဲနိုင်ဖို့ အခွင့်အလမ်းများဖြစ်ကြောင်း” တိုက်တွန်းထားသည်ကို ဗြိတိန်မီဒီယာ၏ ဖော်ပြချက်မှတစ်ဆင့် သိရသည်။ “နိုင်ငံကြီးဆိုပေမယ့် မျိုးဆက်သစ်လူငယ်တွေဟာ သူတို့နဲ့ထိုက်တန်တဲ့ အခွင့်အလမ်းတွေ၊ အတွေ့အကြုံတွေ မရကြသလိုဖြစ်နေပြီး ခုလိုအန္တရာယ်တွေတိုးပွားလာနေတဲ့ မသေချာမရေရာတဲ့ ကမ္ဘာကြီးမှာ ကြိုပြင်ထားသင့်ကြောင်း” ကိုလည်း ဆူနက်က ပြောကြားခဲ့သည်။

ကွန်ဆာဗေးတစ်ပါတီသည် ပြန်လည်အရွေးခံရပါက “နိုင်ငံတော်တာဝန်ထမ်းဆောင်မှုအစီအစဉ်”ကို အကောင်အထည်ဖော်ရန် တော်ဝင်ကော်မရှင်တစ်ရပ်ကိုဖွဲ့စည်းကာ ရှေ့ပြေးလုပ်ငန်းစဉ်များကို လာမည့်နှစ် စက်တင်ဘာလတွင် စတင်မည်ဖြစ်သည်။ နိုင်ငံတော်တာဝန်ထမ်းဆောင်မှု အစီအစဉ်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ဆူနက်၏အနီး ကပ်အကြံပေး ပုဂ္ဂိုလ်များသာသိရှိပြီး လျှို့ဝှက်ရေးဆွဲထားခြင်းဖြစ်သည်။ စာမျက်နှာ ၄၀ ပါ စီမံချက်တွင် “ရုရှားနှင့် တရုတ်ကဲ့သို့သော နိုင်ငံများ၏ ကြီးထွားလာနေသော နိုင်ငံတကာ ခြိမ်းခြောက်မှုများ” ကို ရင်ဆိုင်နေရချိန်တွင် လက်နက်ကိုင်တပ်ဖွဲ့များ တိုးချဲ့ရန် လိုအပ်ကြောင်း အကြံပေးအရာရှိများက တိုက်တွန်းထားသည်။ အဆိုပါကြေညာချက်နှင့်ပတ် သက်၍ ကွန်ဆာဗေးတစ်များသည် ဗြိတိန်စီးပွားရေးကို ပျက်ပြားစေကာ တပ်အင်အားအရေအတွက်ကို လျှော့ချနေသည်ဟု အတိုက်အခံများက ပြစ်တင်ရှုတ်ချခဲ့သည်။ ၎င်း၏ ၃၆၄ နှစ်တာသမိုင်းတစ်လျှောက်တွင် ဗြိတိသျှစစ်တပ်သည် အများအားဖြင့် သဘောဆန္ဒအလျောက် စစ်မှုထမ်းစေခဲ့သည်။ သို့သော် ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်ကာလများအတွင်း စစ်မှုမထမ်းမနေရအဖြစ်သတ်မှတ်ခဲ့သော်လည်း ၁၉၆၀ ခုနှစ်တွင်မူ ၎င်းကိုကျင့်သုံးခြင်းမပြုတော့ပေ။ ၂၀၁၀ မှ ၂၀၂၄ ခုနှစ်များအတွင်း တပ်ဖွဲ့ဝင်အရေအတွက်ကို လေးပုံ တစ်ပုံကျော်အထိ လျှော့ချပစ်ခဲ့သည်။

zawgyi version
ၿဗိတိန္ဝန္ႀကီးခ်ဳပ္က စစ္မႈမထမ္းမေနရစနစ္ကို ျပန္လည္က်င့္သုံးသြားမည္ျဖစ္ေၾကာင္း ကတိျပဳ
ALynn (NP News) - ေမ ၂၇

ကြန္ဆာေဗးတစ္ပါတီသည္ ဇူလိုင္လတြင္က်င္းပမည့္ အေထြေထြေ႐ြးေကာက္ပြဲအၿပီးတြင္ အာဏာဆက္လက္တည္ၿမဲပါက မျဖစ္မေန ႏိုင္ငံေတာ္တာဝန္ထမ္းေဆာင္ရန္ ဝန္ႀကီးခ်ဳပ္ ရီရွီဆူနက္က ကတိျပဳခဲ့ေၾကာင္း ၿဗိတိန္မီဒီယာမ်ားက တနဂၤေႏြေန႔ (ေမလ ၂၆ ရက္) တြင္ ေဖာ္ျပခဲ့သည္။

တစ္ႏွစ္လွ်င္ စတာလင္ေပါင္ ၂ ဒသမ ၅ ဘီလ်ံ (ေဒၚလာ ၃ ဒသမ ၁၉ ဘီလ်ံ) ကုန္က်မည္ဟု ခန႔္မွန္းထားသည့္ အဆိုပါ အစီအစဥ္အရ အသက္ ၁၈ ႏွစ္အ႐ြယ္ လူငယ္မ်ားအားလုံးသည္ အခ်ိန္ျပည့္စစ္မႈထမ္းရန္ သို႔မဟုတ္ တစ္လလွ်င္ တစ္ပတ္ေစတနာ့ဝန္ထမ္းအျဖစ္ ရဲတပ္ဖြဲ႕ႏွင့္ အမ်ိဳးသားက်န္းမာေရးဝန္ေဆာင္မႈမ်ားတြင္ လုပ္အားေပးရမည္ျဖစ္သည္။ ဆူနက္က “မျဖစ္မေနႏိုင္ငံေတာ္တာဝန္ ထမ္းေဆာင္ေစျခင္းသည္ ‘အမ်ိဳးသားေရးစိတ္ဓာတ္’ ကို ျပန္ လည္ရွင္သန္ေစၿပီး လူငယ္မ်ား၏ ဘဝေျပာင္းလဲႏိုင္ဖို႔ အခြင့္အလမ္းမ်ားျဖစ္ေၾကာင္း” တိုက္တြန္းထားသည္ကို ၿဗိတိန္မီဒီယာ၏ ေဖာ္ျပခ်က္မွတစ္ဆင့္ သိရသည္။ “ႏိုင္ငံႀကီးဆိုေပမယ့္ မ်ိဳးဆက္သစ္လူငယ္ေတြဟာ သူတို႔နဲ႔ထိုက္တန္တဲ့ အခြင့္အလမ္းေတြ၊ အေတြ႕အႀကဳံေတြ မရၾကသလိုျဖစ္ေနၿပီး ခုလိုအႏၲရာယ္ေတြတိုးပြားလာေနတဲ့ မေသခ်ာမေရရာတဲ့ ကမာၻႀကီးမွာ ႀကိဳျပင္ထားသင့္ေၾကာင္း” ကိုလည္း ဆူနက္က ေျပာၾကားခဲ့သည္။

ကြန္ဆာေဗးတစ္ပါတီသည္ ျပန္လည္အေ႐ြးခံရပါက “ႏိုင္ငံေတာ္တာဝန္ထမ္းေဆာင္မႈအစီအစဥ္”ကို အေကာင္အထည္ေဖာ္ရန္ ေတာ္ဝင္ေကာ္မရွင္တစ္ရပ္ကိုဖြဲ႕စည္းကာ ေရွ႕ေျပးလုပ္ငန္းစဥ္မ်ားကို လာမည့္ႏွစ္ စက္တင္ဘာလတြင္ စတင္မည္ျဖစ္သည္။ ႏိုင္ငံေတာ္တာဝန္ထမ္းေဆာင္မႈ အစီအစဥ္ႏွင့္ပတ္သက္၍ အေသးစိတ္အခ်က္အလက္မ်ားကို ဆူနက္၏အနီး ကပ္အႀကံေပး ပုဂၢိဳလ္မ်ားသာသိရွိၿပီး လွ်ိဳ႕ဝွက္ေရးဆြဲထားျခင္းျဖစ္သည္။ စာမ်က္ႏွာ ၄၀ ပါ စီမံခ်က္တြင္ “႐ုရွားႏွင့္ တ႐ုတ္ကဲ့သို႔ေသာ ႏိုင္ငံမ်ား၏ ႀကီးထြားလာေနေသာ ႏိုင္ငံတကာ ၿခိမ္းေျခာက္မႈမ်ား” ကို ရင္ဆိုင္ေနရခ်ိန္တြင္ လက္နက္ကိုင္တပ္ဖြဲ႕မ်ား တိုးခ်ဲ႕ရန္ လိုအပ္ေၾကာင္း အႀကံေပးအရာရွိမ်ားက တိုက္တြန္းထားသည္။ အဆိုပါေၾကညာခ်က္ႏွင့္ပတ္ သက္၍ ကြန္ဆာေဗးတစ္မ်ားသည္ ၿဗိတိန္စီးပြားေရးကို ပ်က္ျပားေစကာ တပ္အင္အားအေရအတြက္ကို ေလွ်ာ့ခ်ေနသည္ဟု အတိုက္အခံမ်ားက ျပစ္တင္ရႈတ္ခ်ခဲ့သည္။ ၎၏ ၃၆၄ ႏွစ္တာသမိုင္းတစ္ေလွ်ာက္တြင္ ၿဗိတိသွ်စစ္တပ္သည္ အမ်ားအားျဖင့္ သေဘာဆႏၵအေလ်ာက္ စစ္မႈထမ္းေစခဲ့သည္။ သို႔ေသာ္ ပထမကမာၻစစ္ႏွင့္ ဒုတိယကမာၻစစ္ကာလမ်ားအတြင္း စစ္မႈမထမ္းမေနရအျဖစ္သတ္မွတ္ခဲ့ေသာ္လည္း ၁၉၆၀ ခုႏွစ္တြင္မူ ၎ကိုက်င့္သုံးျခင္းမျပဳေတာ့ေပ။ ၂၀၁၀ မွ ၂၀၂၄ ခုႏွစ္မ်ားအတြင္း တပ္ဖြဲ႕ဝင္အေရအတြက္ကို ေလးပုံ တစ္ပုံေက်ာ္အထိ ေလွ်ာ့ခ်ပစ္ခဲ့သည္။

Related news

© 2021. All rights reserved.