မြန်မာနိုင်ငံအပေါ်ချမှတ်ထားသည့် ပိတ်ဆို့မှုများကို အမြန်ဆုံးပြန်လည်ရုတ်သိမ်းပေးရန် နိုင်ငံရေးပါတီ(၂၅)ခု တောင်းဆို

 1828

Pearl (NP News) - မေ ၂၈

မြန်မာနိုင်ငံအပေါ်ချမှတ်ထားသည့် ပိတ်ဆို့မှုများကို အမြန်ဆုံးပြန်လည်ရုတ်သိမ်းပေးရန် နိုင်ငံရေးပါတီ (၂၅)ခု တောင်းဆိုထားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရေစီပါတီသစ် (ကချင်) ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ၊ ပအိုဝ်အမျိုးသားအဖွဲ့ချုပ် (PNO)ပါတီ နှင့်လီဆူအမျိုးသားဖွံ့ဖြိုးတိုးတတ်ရေးပါတီ(ဒူးလေးပါတီ)အပါအဝင် စုစုပေါင်း နိုင်ငံရေးပါတီ (၂၅) ခုက ယနေ့ ( မေလ ၂၈ ရက်) တွင် သဘောထားကြေညာချက်ထုတ်ပြန်ကာအထက်ပါကဲ့သို့ တောင်းဆိုထားခြင်းဖြစ်သည်။

နိုင်ငံတော်အနေဖြင့် ပြည်တွင်းပဋိပက္ခအား အထူးအလေးထား ဖြေရှင်းဆောင်ရွက်နေချိန် အင်အားကြီးနိုင်ငံအချို့နှင့်ကမ္ဘာ့အဖွဲ့အစည်းအချို့တို့က လိုလားသူ တစ်ဖက်ဖက်သို့ တိုက်ရိုက်/သွယ်ဝိုက် နည်းလမ်းများဖြင့် အားပေးအားမြှောက်ပြုခြင်း၊ အခြားတစ်ဖက်သို့ နိုင်ငံရေး/ စီးပွာရေးအရ အကြပ်အတည်းဖြစ်စေပြီးလိုသလို ဆွဲယူပုံဖော်စေခြင်းတို့ကို ဆောင်ရွက်နိုင်ရန် ပိတ်ဆို့တားဆီးမှု (Sanctions)များကို ဆောင်ရွက်လာခဲ့ကြသည်ဟု ဆိုသည်။

ထိုသို့ မြန်မာနိုင်ငံအပေါ် ၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလ (၁၁)ရက်မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၃၀)ရက်အထိ ချမှတ်ခဲ့သော ပိတ်ဆို့တားဆီးမှုများအားလေ့လာရာတွင် ပုဂ္ဂလိကပိုင်ဆိုင်မှုများ ပိတ်ပင်ခြင်း၊ အစိုးရနှင့်ထောက်ပံ့ဆက်သွယ်မှုများကို ဖြတ်တောက်ခြင်းအပါအဝင် လူမှုစီးပွားဘဝဆိုင်ရာလုပ်ငန်းစဉ်များ၊ ငွေလွှဲပြောင်းမှုများ ၊ ကုန်ပစ္စည်းတင်ပို့မှုများ၊ ခရီးသွားလာခွင့်များကို ပိတ်ဆို့ခြင်း၊ တားမြစ်ကန့်သတ်ခြင်းများပါဝင်ကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။

ထို့ပြင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆက်ဆံဆောင်ရွက်နေရမည့်ကိစ္စများ ဆိုင်းငံ့ထားခြင်း၊ ကမ္ဘာ့အဖွဲ့အစည်းများတွင် မဲပေးခွင့်မရှိအောင် ပိတ်ပင်တားမြစ်ခြင်း၊ ကမ္ဘာ့မူပိုင်ခွင့်အစည်းအဝေးမှန်သမျှ တက်ရောက်ခွင့်ပိတ်ပင်ခြင်း စသည့်များစွာသောပိတ်ဆို့မှုများအား အချိန်ကိုက်အရှိန်မြှင့်ဆောင်ရွက်မှုများ ပါဝင်လာကြောင်းတွေ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ပိတ်ဆို့မှုများသည် ကုလသမဂ္ဂလူ့အခွင့်အရေးကြေညာစာတမ်း Article (7)ပါ "တန်းတူကာကွယ်စောင့်ရှောက်မှုအစား ခွဲခြားဆက်ဆံခြင်း၊ ထိုသို့ခွဲခြားဆက်ဆံရန် လှုံ့ဆော်ခြင်းနှင့် တူညီသောကာ ကွယ်စောင့်ရှောက်မှုကို ခံစားစေရမည်" စသည့် ကြေညာချက်စာတမ်းပါ အချက်များအား ဖောက်ဖျက်ကျူးလွန်နေကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။ ထို့ပြင် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း စည်းမျဉ်း Article (2) အပိုဒ်(၁)ပါ "အဖွဲ့ဝင်အားလုံး၏ အချုပ်အခြာအာဏာတန်းတူညီမျှမှုကို အခြေခံထားသည်"ဟူသော မူကိုလည်းကောင်း၊ Article (4) ပါ "နိုင်ငံတကာဆက်ဆံရေးတွင် နိုင်ငံရေးလွတ်လပ်မှုကိုဆန့်ကျင်သည့် ခြိမ်းခြောက်မှု (သို့မဟုတ်) အင်အားအသုံးပြုခြင်းမှ ရှောင်ကျဉ်ရမည်" ဟူသော မူ ကိုလည်းကောင်း ဥပေက္ခာပြုဆောင်ရွက်ခြင်းဖြစ်သည်ဟုလည်း သုံးသပ်ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းကဲ့သို့ အရေးယူပိတ်ဆို့မှုများသည် နိုင်ငံတော်အစိုးရအပေါ်ဦးတည် ဒါဏ်ခတ်အရေးယူ ပိတ်ဆို့သည်ဟု အကြောင်းပြပြောဆိုနေသော်လည်း ပကတိအခြေအနေသည် ပြည်သူများအပေါ်ထိခိုက်နစ်နာစေကြောင်း ဖော်ပြထားသည်။ ထို့ပြင် နိုင်ငံတော်မှ ကြိုးပမ်းဆောင်ရွက်နေသော ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို နှောင့်နှေးရပ်တန့်စေခြင်းနှင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတစ်ရပ် ဖြစ်ထွန်းပေါ်ပေါက်စေရေး အခင်းအကျင်းကို ပျက်စီးစေကြောင်းလည်း ဆိုထားသည်။ ထို့ကြောင့် မြန်မာနိုင်ငံအပေါ်ချမှတ်ထားသော ပိတ်ဆို့မှုများပြန်လည်ရုပ်သိမ်းပေးရန်နှင့် ကမ္ဘာ့နိုင်ငံများကလည်း အကျိုးသက်ရောက်မှု အခြေအနေမှန် ကို မူတည်စဉ်းစား၍ ဝိုင်းဝန်းကူညီပေးရန် တောင်းဆိုထားပြီး မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုလုပ်ရပ်များကို ၎င်းတို့နိုင်ငံရေးပါတီ(၂၅)ခုက လုံးဝ(လုံးဝ) လက်မခံ ဆန့်ကျင်ကန့်ကွက်ရှုတ်သည်ဟု သဘောထားထုတ်ပြန်ထားသည်။

zawgyi version
ျမန္မာႏိုင္ငံအေပၚခ်မွတ္ထားသည့္ ပိတ္ဆို႔မႈမ်ားကို အျမန္ဆုံးျပန္လည္႐ုတ္သိမ္းေပးရန္ ႏိုင္ငံေရးပါတီ(၂၅)ခု ေတာင္းဆို
Pearl (NP News) - ေမ ၂၈

ျမန္မာႏိုင္ငံအေပၚခ်မွတ္ထားသည့္ ပိတ္ဆို႔မႈမ်ားကို အျမန္ဆုံးျပန္လည္႐ုတ္သိမ္းေပးရန္ ႏိုင္ငံေရးပါတီ (၂၅)ခု ေတာင္းဆိုထားသည္။

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ၊ ျမန္မာျပည္သူ႔ဒီမိုကရက္တစ္ပါတီ၊ ဒီမိုကေရစီပါတီသစ္ (ကခ်င္) ၊ တိုင္းရင္းသားစည္းလုံးညီၫြတ္ေရးပါတီ၊ ရခိုင္ျပည္နယ္အမ်ိဳးသားအင္အားစုပါတီ၊ ပအိုဝ္အမ်ိဳးသားအဖြဲ႕ခ်ဳပ္ (PNO)ပါတီ ႏွင့္လီဆူအမ်ိဳးသားဖြံ႕ၿဖိဳးတိုးတတ္ေရးပါတီ(ဒူးေလးပါတီ)အပါအဝင္ စုစုေပါင္း ႏိုင္ငံေရးပါတီ (၂၅) ခုက ယေန႔ ( ေမလ ၂၈ ရက္) တြင္ သေဘာထားေၾကညာခ်က္ထုတ္ျပန္ကာအထက္ပါကဲ့သို႔ ေတာင္းဆိုထားျခင္းျဖစ္သည္။

ႏိုင္ငံေတာ္အေနျဖင့္ ျပည္တြင္းပဋိပကၡအား အထူးအေလးထား ေျဖရွင္းေဆာင္႐ြက္ေနခ်ိန္ အင္အားႀကီးႏိုင္ငံအခ်ိဳ႕ႏွင့္ကမာၻ႔အဖြဲ႕အစည္းအခ်ိဳ႕တို႔က လိုလားသူ တစ္ဖက္ဖက္သို႔ တိုက္႐ိုက္/သြယ္ဝိုက္ နည္းလမ္းမ်ားျဖင့္ အားေပးအားေျမႇာက္ျပဳျခင္း၊ အျခားတစ္ဖက္သို႔ ႏိုင္ငံေရး/ စီးပြာေရးအရ အၾကပ္အတည္းျဖစ္ေစၿပီးလိုသလို ဆြဲယူပုံေဖာ္ေစျခင္းတို႔ကို ေဆာင္႐ြက္ႏိုင္ရန္ ပိတ္ဆို႔တားဆီးမႈ (Sanctions)မ်ားကို ေဆာင္႐ြက္လာခဲ့ၾကသည္ဟု ဆိုသည္။

ထိုသို႔ ျမန္မာႏိုင္ငံအေပၚ ၂၀၂၁ ခုႏွစ္ ၊ ေဖေဖာ္ဝါရီလ (၁၁)ရက္မွ ၂၀၂၄ ခုႏွစ္၊ ဇန္နဝါရီလ (၃၀)ရက္အထိ ခ်မွတ္ခဲ့ေသာ ပိတ္ဆို႔တားဆီးမႈမ်ားအားေလ့လာရာတြင္ ပုဂၢလိကပိုင္ဆိုင္မႈမ်ား ပိတ္ပင္ျခင္း၊ အစိုးရႏွင့္ေထာက္ပံ့ဆက္သြယ္မႈမ်ားကို ျဖတ္ေတာက္ျခင္းအပါအဝင္ လူမႈစီးပြားဘဝဆိုင္ရာလုပ္ငန္းစဥ္မ်ား၊ ေငြလႊဲေျပာင္းမႈမ်ား ၊ ကုန္ပစၥည္းတင္ပို႔မႈမ်ား၊ ခရီးသြားလာခြင့္မ်ားကို ပိတ္ဆို႔ျခင္း၊ တားျမစ္ကန႔္သတ္ျခင္းမ်ားပါဝင္ေၾကာင္း ေတြ႕ရွိရသည္ဟု ဆိုသည္။

ထို႔ျပင္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားႏွင့္ ဆက္သြယ္ဆက္ဆံေဆာင္႐ြက္ေနရမည့္ကိစၥမ်ား ဆိုင္းငံ့ထားျခင္း၊ ကမာၻ႔အဖြဲ႕အစည္းမ်ားတြင္ မဲေပးခြင့္မရွိေအာင္ ပိတ္ပင္တားျမစ္ျခင္း၊ ကမာၻ႔မူပိုင္ခြင့္အစည္းအေဝးမွန္သမွ် တက္ေရာက္ခြင့္ပိတ္ပင္ျခင္း စသည့္မ်ားစြာေသာပိတ္ဆို႔မႈမ်ားအား အခ်ိန္ကိုက္အရွိန္ျမႇင့္ေဆာင္႐ြက္မႈမ်ား ပါဝင္လာေၾကာင္းေတြ႕ရသည္ဟု ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

အဆိုပါ ပိတ္ဆို႔မႈမ်ားသည္ ကုလသမဂၢလူ႔အခြင့္အေရးေၾကညာစာတမ္း Article (7)ပါ "တန္းတူကာကြယ္ေစာင့္ေရွာက္မႈအစား ခြဲျခားဆက္ဆံျခင္း၊ ထိုသို႔ခြဲျခားဆက္ဆံရန္ လႈံ႕ေဆာ္ျခင္းႏွင့္ တူညီေသာကာ ကြယ္ေစာင့္ေရွာက္မႈကို ခံစားေစရမည္" စသည့္ ေၾကညာခ်က္စာတမ္းပါ အခ်က္မ်ားအား ေဖာက္ဖ်က္က်ဴးလြန္ေနေၾကာင္း ေတြ႕ရွိရသည္ဟု ဆိုသည္။ ထို႔ျပင္ ကုလသမဂၢ ပဋိညာဥ္စာတမ္း စည္းမ်ဥ္း Article (2) အပိုဒ္(၁)ပါ "အဖြဲ႕ဝင္အားလုံး၏ အခ်ဳပ္အျခာအာဏာတန္းတူညီမွ်မႈကို အေျခခံထားသည္"ဟူေသာ မူကိုလည္းေကာင္း၊ Article (4) ပါ "ႏိုင္ငံတကာဆက္ဆံေရးတြင္ ႏိုင္ငံေရးလြတ္လပ္မႈကိုဆန႔္က်င္သည့္ ၿခိမ္းေျခာက္မႈ (သို႔မဟုတ္) အင္အားအသုံးျပဳျခင္းမွ ေရွာင္က်ဥ္ရမည္" ဟူေသာ မူ ကိုလည္းေကာင္း ဥေပကၡာျပဳေဆာင္႐ြက္ျခင္းျဖစ္သည္ဟုလည္း သုံးသပ္ရေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ယင္းကဲ့သို႔ အေရးယူပိတ္ဆို႔မႈမ်ားသည္ ႏိုင္ငံေတာ္အစိုးရအေပၚဦးတည္ ဒါဏ္ခတ္အေရးယူ ပိတ္ဆို႔သည္ဟု အေၾကာင္းျပေျပာဆိုေနေသာ္လည္း ပကတိအေျခအေနသည္ ျပည္သူမ်ားအေပၚထိခိုက္နစ္နာေစေၾကာင္း ေဖာ္ျပထားသည္။ ထို႔ျပင္ ႏိုင္ငံေတာ္မွ ႀကိဳးပမ္းေဆာင္႐ြက္ေနေသာ ေရွ႕လုပ္ငန္းစဥ္(၅)ရပ္ကို ေႏွာင့္ေႏွးရပ္တန႔္ေစျခင္းႏွင့္ လြတ္လပ္၍ တရားမွ်တေသာ ေ႐ြးေကာက္ပြဲတစ္ရပ္ ျဖစ္ထြန္းေပၚေပါက္ေစေရး အခင္းအက်င္းကို ပ်က္စီးေစေၾကာင္းလည္း ဆိုထားသည္။ ထို႔ေၾကာင့္ ျမန္မာႏိုင္ငံအေပၚခ်မွတ္ထားေသာ ပိတ္ဆို႔မႈမ်ားျပန္လည္႐ုပ္သိမ္းေပးရန္ႏွင့္ ကမာၻ႔ႏိုင္ငံမ်ားကလည္း အက်ိဳးသက္ေရာက္မႈ အေျခအေနမွန္ ကို မူတည္စဥ္းစား၍ ဝိုင္းဝန္းကူညီေပးရန္ ေတာင္းဆိုထားၿပီး ျမန္မာႏိုင္ငံအေပၚ အေရးယူပိတ္ဆို႔မႈလုပ္ရပ္မ်ားကို ၎တို႔ႏိုင္ငံေရးပါတီ(၂၅)ခုက လုံးဝ(လုံးဝ) လက္မခံ ဆန႔္က်င္ကန႔္ကြက္ရႈတ္သည္ဟု သေဘာထားထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.