စင်ကာပူဝန်ကြီးချုပ်ဖြစ်ရေးအတွက် ကျော်ဖြတ်ရသောအဆင့်များ

 375

Alynn(NP News) - ‌ဇွန် ၂

အသက် ၇၂ နှစ်အရွယ်ရှိပြီဖြစ်သော စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းသည် ၎င်းနေရာတွင် ဆက်ခံရန်အတွက် လက်ထောက်ဖြစ်သူ ၅၁ နှစ်အရွယ်ရှိ လောရင့်စ်ဝေါင်အား အာဏာလွှဲပြောင်းပေးမှု ကို မေလ ၁၅ ရက်တွင် ပြုလုပ်ခဲ့သည်။ အာဏာလွှဲပြောင်းမှုနှင့်အတူ ဝန်ကြီးချုပ်သစ်အတွက် ပြည်တွင်း၊ ပြည်ပရေးရာ စိန်ခေါ်မှုများက စောင့်ကြိုနေမည်ဖြစ်သလို ၎င်း၏အာဏာရပါတီ PAP (People's Action Party) ၏ ဩဇာအရှိန်အဝါအား ဆက်လက်ထိန်းသိမ်းထားဖို့ကိုလည်း အထူးဂရုပြုဆောင်ရွက် ရမည်ဖြစ်သည်။

စင်ကာပူတွင် ဝန်ကြီးချုပ်အပြောင်းအလဲအတွက် တိတိကျကျသတ်မှတ်ထားသည့် စည်းမျဉ်း များရှိမနေပါ။ ရွေးကောက်ပွဲများမရှိ၊ အတိုက်အခံပါတီများမရှိဘဲ ထိပ်တန်းခေါင်းဆောင်များအကြား တံခါးပိတ် ရွေးချယ်ခြင်းသာပြုလုပ်ခဲ့ပြီး ဆက်ခံမည့်သူကို နုတ်ထွက်မည့်ဝန်ကြီးချုပ်က သတင်းစာ ရှင်းလင်းပွဲတွင် ကြေညာလေ့ရှိသည်။ ၁၉၆၅ ခုနှစ်တွင် သမ္မတနိုင်ငံကို စတင်တည်ထောင်ပြီးကတည်းက ၁၉၉၁ နှင့် ၂၀ဝ၄ ခုနှစ်များတွင် ဝန်ကြီးချုပ်အပြောင်းအလဲနှစ်ခုကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့သည်။

၂၀၁၉ ခုနှစ်တွင်လည်း ဝန်ကြီးချုပ်လီရှန်လွန်းသည် Heng Swee Keat ကို တင်မြှောက်ရန် လျာထားခဲ့သော်လည်း နှစ်နှစ်အကြာတွင် ၎င်းက နုတ်ထွက်သွားသောကြောင့် အာဏာလွှဲပြောင်းခြင်း မအောင်မြင်ခဲ့ပေ။ စတုတ္ထမြောက် ရာထူးဆက်ခံသူအဖြစ် ရွေးချယ်ခံရသောဝေါင်သည် စိတ်ချလက်ချ လက်လွှဲနိုင်သူဖြစ်နေသည်။ ပုဂ္ဂိုလ်ရေးအရဖြစ်စေ၊ ပေါင်းသင်းဆက်ဆံရေးအရဖြစ်စေ ပြီးပြည့်စုံသော သူဖြစ်သလို ၎င်း၏ လုပ်ဖော်ကိုင်ဖက်များကိုလည်း အထောက်အပံ့ကောင်းများစွာပေးနိုင်သူဖြစ်သည်။ သို့တိုင် ၎င်း၏အားနည်းချက်မှာမူ အခြားဆက်ခံသူများလို အာဏာကျောထောက်နောက်ခံမရှိပေ။ ဝေါင် သည် ဝန်ကြီးချုပ်လီ၏ ပုဂ္ဂိုလ်ရေးရာအတွင်းရေးမှူး အဖြစ်ထမ်းဆောင်ခဲ့ဖူးသောကြောင့် ၎င်း၏ ထောက်ခံမှုကိုသာ လုံးလုံးလျားလျားမှီခိုနေရသည်။

အဆင်ပြေချောမွေ့ပြီး အားလုံး၏ သဘောတူညီချက်ကိုအခြေခံသော ခေါင်းဆောင်အလွှဲအ ပြောင်းသည် စင်ကာပူ၏ ကိုယ်ပိုင်ဟန် အုပ်ချုပ်ရေးပုံစံဖြစ်သည်။ ခေါင်းဆောင်သည် ပြည်ပတွင် စီး ပွားရေး အရသော်လည်းကောင်း၊ ပြည်တွင်းနိုင်ငံရေးတွင် PAP ၏ အာဏာလွှမ်းမိုးမှုကို ဆက်လက်ထိန်း သိမ်းထားခြင်းဖြင့်သော်လည်းကောင်း တည်ငြိမ်အေးချမ်းသောအခြေအနေတစ်ရပ်ကို ထိန်းထားနိုင် ရမည် ဖြစ်သည်။ ဤနှစ်ချက်အပေါ် အထူးအလေးထားအခြေခံ၍ ရွေးကောက်ပွဲမရှိ ယုံကြည်စွာ အာဏာအပ်နှင်းခြင်းကို ဆောင်ရွက်ကြလေ့ရှိသည်။ PAP ၏ရွေးကောက်ပွဲအပေါ်လွှမ်းမိုးချုပ်ကိုင် နိုင်မှုနှင့် ပါတီစည်းမျဉ်းများကို ထိန်းကျောင်းရာတွင် ၎င်း၏အစဉ်အလာ ဆက်ခံရေးအစီအစဉ်ကိုကျင့်သုံးခြင်းသည် ပြည်တွင်းနိုင်ငံရေးကိစ္စဖြစ်နေသော်လည်း ခေတ်ကာလအရ လူထုသဘောထားအမြင်နှင့် အ လှမ်းဝေးနေပေသည်။ ထို့ကြောင့် သာမန်စင်ကာပူနိုင်ငံသားများသည်ပင်PAPမှ၎င်း၏ ခေါင်းဆောင်များ ကို မည်သို့ရွေးချယ်သည်ကို အသေအချာမသိရှိကြပေ။ ထို့ကြောင့် ယေဘုယျအားဖြင့် စင်ကာပူဝန်ကြီး ချုပ် မည်သို့ဖြစ်လာသည်ကို သိရှိနိုင်ဖို့ရာ အဆင့် (၇) ဆင့်ဖြင့် ရှင်းလင်းဖော်ပြလိုက်ပါသည်။

အဆင့် (၁)
လေ့လာသင်ယူဆည်းပူးခြင်း
ဝန်ကြီးချုပ်တစ်ဦးဖြစ်ရန် ရွေးကောက်ခံပါလီမန် အမတ်တစ်ဦးဖြစ်ရမည်ဖြစ်ပြီး အာဏာရ ပါတီ၏ အဖွဲ့ဝင်လည်းဖြစ်ရမည်။ PAP သည် ၁၉၅၉ ခုနှစ်ကတည်းက ရွေးကောက်ပွဲတိုင်းတွင်အနိုင်ရပြီး အစိုးရဖွဲ့နိုင်သည့်ပါတီဖြစ်သည့်အားလျော်စွာ ဝန်ကြီး ချုပ်တစ်ဦးဖြစ်ရန် PAP ပါတီဝင်ဖြစ်ပါက ပိုမိုလွယ် ကူမည်ဖြစ်သည်။ စင်ကာပူ၏ လက်ရှိ ဝန်ကြီးများနှင့် ၎င်းတို့၏ ပညာရေးနောက်ခံကို လေ့လာကြည့် ခြင်းအားဖြင့် ဝန်ကြီးချုပ်တစ်ဦးဖြစ်ရန် ပညာရေးတွင် ကောင်းမွန်သောမှတ်တမ်းများ ရှိရန်လိုအပ်မည် ဖြစ်ပြီး အထူးသဖြင့် စီးပွားရေးနှင့်ဆက်နွှယ်သော ပညာရပ်များကို လေ့လာလိုက်စားသင့်သည်။ ထို့ပြင် စင်ကာပူ၏ ဂုဏ်သိက္ခာရှိသော ပညာသင်ဆုများကို ရရှိထားသောပညာသင်များကိုလည်း နိုင်ငံရေးတွင် ပါဝင်လာအောင် PAP က စည်းရုံးတတ်ပါသေးသည်။ ပညာတတ်ပြီး စွမ်းဆောင်ရည်ကောင်းသော ခေါင်းဆောင်များသည် အမျိုးမျိုးသောစိန်ခေါ်မှုများ၊ ပြဿနာများကို ဖြေရှင်းနိုင်မည်ဟု PAP က ယုံကြည်ခြင်းကြောင့် ဖြစ်မည်။

အဆင့် (၂)
ခေါ်ယူခြင်းကို စောင့်ဆိုင်းခြင်း
အခြားနိုင်ငံများတွင် နိုင်ငံ‌ရေးကို စိတ်ဝင်စားသူများသည် ပါတီတွင်းသို့ဝင်ရောက်ပြီး အောက် ခြေမှ တဖြည်းဖြည်းချင်းလှုပ်ရှားကြရကာ အခြားသော နိုင်ငံရေးခေါင်းဆောင်များနှင့် ကျွမ်းဝင်အောင် လုပ်ခြင်းဖြင့် ဤနယ်ပယ်တွင် နေရာတစ်နေရာရအောင် ဖန်တီးကြရသည်။ သို့သော် စင်ကာပူ၏ PAP ပါတီတွင်မူ ထိုကဲ့သို့ ပါတီဝင်များအား အောက်ခြေမှစ စုဆောင်းခြင်းမျိုးကို မတွေ့ရပေ။ PAP သည် ရာထူးနေရာခန့်အပ်ရာတွင် သစ္စာတော်ခံများ၊ အောက်ခြေအဖွဲ့ဝင်များကို ဦးစားပေးထည့်သွင်း စဉ်း စားခြင်းမရှိပါ။ ယင်းအစား PAP ခေါင်းဆောင်များက ထောက်ခံချက်ပေးထားပြီး အရည်အချင်းရှိသည် ဟုသတ်မှတ်ခံရသော အမတ်များ၊ အစိုးရဝန်ထမ်းများ၊ ဥပဒေပညာရှင်များ၊ ဘဏ်လုပ်ငန်းနှင့် စစ်ဘက်မှ လူများကို ပါတီက စုဆောင်းလေ့ရှိကြသည်။ ထို့ကြောင့် ကိုယ်စားလှယ်လောင်းများအနေဖြင့် အောက်ခြေမှ စကြိုးပမ်းစရာမလိုဘဲ အရည်အချင်းရှိလျှင် အမြင့်သို့တန်းရောက်မည့်အနေအထားမျိုး ဖြစ်ပါသည်။ ထို့ကြောင့် စင်ကာပူနိုင်ငံရေးတွင်မူ အလားအလာရှိသော ကိုယ်စားလှယ်လောင်းများ အနေဖြင့် ပါတီဘက်ကစ၍ ချဉ်းကပ်ခေါ်ယူခြင်းခံရမည်ဖြစ်ပါသည်။

အဆင့် (၃)
လက်ဖက်ရည် စကားဝိုင်းများနှင့် ခုံဖွဲ့မေးမြန်းခြင်းများ
PAP ဘက်မှဆက်သွယ်လာပြီးနောက် ကိုယ်စားလှယ်လောင်းများဖြတ်ကျော်ရမည့် နောက် ထပ်အဆင့်တစ်ခုမှာ လက်ဖက်ရည်စကားဝိုင်းများနှင့် အင်တာဗျူးများဖြစ်သည်။ ဤစကားဝိုင်းများတွင် ကိုယ်စားလှယ်လောင်း ၆ ဦးမှ ၈ ဦးအထိ အဖွဲ့များသည် ဝန်ကြီးများနှင့် မိနစ် ၆၀ မှ ၁၅၀ ကြားအကြာ ဆွေးနွေးမှုများပြုလုပ်ကြရသည်။ ပြည်ပတွင်ရောက်ရှိနေသော စင်ကာပူနိုင်ငံသားအများအပြားကို ထည့် သွင်းစဉ်းစားပြီး အဆိုပါဆွေးနွေးပွဲများကို ကမ္ဘာတစ်ဝန်းတွင်လည်း ကျင်းပပေးကာ နှစ်စဉ် ကိုယ်စား လှယ်လောင်း ၁၀ဝ ခန့် ဖိတ်ကြားခံရပါသည်။ ထိုကဲ့သို့ မိတ်ဆက်တွေ့ဆုံမှုများပြီးနောက် ပဏာမရွေး ချယ်ခံရသူများသည် PAP ရုံးချုပ်ရှိ အဆင့်မြင့်ခုံအဖွဲ့ ၏ တရားဝင်တွေ့ဆုံမေးမြန်းမှု နှစ်ကြိမ်ပြုလုပ်ခြင်း ခံရမည်ဖြစ်သည်။ အကြီးအကဲလီ ဦးဆောင်သော ဝန်ကြီးဆယ်ဦးပါ အဆင့်မြင့်ခုံအဖွဲ့က ပဏာမရွေး ချယ်ခံရသော ကိုယ်စားလှယ်လောင်းကို ၄၅ မိနစ်ခန့် စစ်ဆေးမေးမြန်းမည်ဖြစ်သည်။ ဤတွင် ၎င်း၏ အဖြေများအပြင် မျက်နှာအမူအရာနှင့် ကိုယ်ဟန်အမူ အရာတို့ကိုပါ ဆန်းစစ်အကဲဖြတ်သွားမည်ဖြစ်ပါ သည်။ လူတွေ့စစ်ဆေးခံရသော ကိုယ်စားလှယ်လောင်းသုံးဦးလျှင် တစ်ဦးခန့်သာ အောင်မြင်တတ်ပါ သည်။ ထို့နောက် အဆိုပါအဆင့်တွင် အောင်မြင်သောပုဂ္ဂိုလ်များသည် အစိုးရအဖွဲ့ဝန်ကြီးများနှင့် တွေ့ဆုံရန် ဖိတ်ကြားခံရပြီး ၎င်းတို့အနက်မှ အလားအလာပိုကောင်းသူများကို အဆင့်မြင့်ရာထူးများ အတွက် ခွဲခြားသတ်မှတ်ထားမည်ဖြစ်သည်။

အဆင့် (၄)
စာမေးပွဲစစ်ခြင်း
PAP ကိုယ်စားလှယ်လောင်းစုဆောင်းရေးစနစ်၏ နောက်ထပ်ထူးခြားချက်တစ်ခုမှာ စာမေးပွဲ ဖြစ်သည်။ အင်တာဗျူးများမှ ရွေးချယ်ခံရသူများသည် မေးခွန်းပေါင်း ၁ဝဝဝ ကျော်ပါဝင်သော စိတ်ပိုင်း ဆိုင်ရာ စစ်ဆေးမှုအဆင့်တစ်ခုကို ဖြတ်သန်းရမည်ဖြစ်သည်။ အဆိုပါ စာမေးပွဲသည် တစ်ရက်ခွဲခန့် ကြာ မြင့်တတ်သည်။ စာမေးပွဲများ၏ မူလဇာစ် မြစ်မှာ အကြီးအကဲလီဖြစ်ပြီး ၁၉၈၀ ပြည့်နှစ်များတွင် စတင် အသုံးပြုခဲ့ပါသည်။ ယင်းစာမေးပွဲများအပြီးတွင် ကိုယ်စားလှယ်လောင်းငါးဦးမှ ခြောက်ဦးသည် ဝန်ကြီး အဆင့်အရည်အချင်းများရှိသည်ဟု သတ်မှတ်ခံရပြီး အဆင့်မြင့်ရာထူးများ ခန့်အပ်ခြင်းခံရသည်။

အဆင့် (၅)
အမတ်အဖြစ်တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခြင်း
ရွေးကောက်ပွဲမတိုင်မီ ရက်သတ္တပတ်များအတွင်း ရွေးချယ်ခံရသော ကိုယ်စားလှယ်လောင်းများ သည် မဲဆန္ဒနယ်အသီးသီးသို့ ကွင်းဆင်းကြရသည်။ ထို့ပြင် ရွေးကောက်ပွဲကာလအတွင်း မီဒီယာများနှင့် ပတ်သက်သည့်မေးခွန်းများကို ဖြေကြားတတ်ရန် ကိုယ်စားလှယ်လောင်းများအား လူထုရှေ့ စကားပြော ဆိုခြင်းနှင့် ဆက်သွယ်ရေးစွမ်းရည်ဆိုင်ရာ သင်တန်းများသို့ စေလွှတ်ပေးသည်။ အကယ်၍ ကိုယ်စား လှယ် လောင်းတစ်ဦးသည် အမတ်နေရာအတွက် အနိုင်ရရှိပါက တာဝန်များကို မည်သို့ထမ်းဆောင် မည်ကို သေချာစွာစောင့်ကြည့်ရမည်ဖြစ်သည်။ ထို့နောက် ဆက်လက်ပြီး ကောင်းမွန်စွာလုပ်ဆောင်ပါက သက်တမ်း တစ်ခုပြီးလျှင် အငယ်တန်းဝန်ကြီးအဖြစ် ရာထူးတိုးမြှင့်ခံရပြီး ထို့နောက်တွင်မူ ဝန်ကြီးတစ်ဦး ဖြစ်လာမည်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ပါတီဝင်များက ဝန်ကြီးအသစ်များသည် PAP ၏ ဗဟိုအလုပ် မှုဆောင် ကော်မတီ (CEC) အတွက် သင့်လျော်မှု ရှိမရှိကို ဂရုတစိုက် စောင့်ကြည့်လျက်ရှိနေသည်။ ပါတီ၏ အမြင့်ဆုံး အာဏာရကော်မတီဖြစ်သည့် CEC ၏ “အတွင်းစည်း” ဖြစ်လာစေရန် ကိုယ်စားလှယ် လောင်းများသည် ကေဒါဟုခေါ်သော ပါတီဝင်များ၏ အထင်ကြီးမျက်စိကျအောင် နေထိုင်ရမည် ဖြစ်သည်။ ပါတီခေါင်းဆောင်မှုကိစ္စရပ်များကို ပါတီဝင်အားလုံး မဲပေးနိုင်သည့် အခြားနိုင်ငံများနှင့်မတူဘဲ စင်ကာပူတွင် နိုင်ငံရေးပါတီအများစုသည် ကေဒါစနစ်ကို ကျင့်သုံးကြသည်။ ဤတွင် CEC သည် နှစ်ရှည် လများ တာဝန်ထမ်းဆောင်လျက်ရှိသော ပါတီဝင်များထဲမှ ကေဒါများကိုရွေးချယ်ကြပြီး ကေဒါများသည် တစ်ဖန် CEC အသစ်ကိုဖွဲ့စည်းနိုင်ရန် မဲပေးကြရသည်။ တစ်နည်းဆိုရသော် ကေဒါများကို အာဏာရ အထက်တန်းလွှာများပါဝင်သော CEC က ရွေးချယ်ထားသောကြောင့် နှစ်ဦးနှစ်ဖက်ကြား ပြင်းပြင်းထန် ထန် သဘောထားကွဲလွဲမှုများ မရှိတတ်ပေ။ ထို့ကြောင့် ထိပ်တန်းရာထူးကိုလိုလားသော ဝန်ကြီးများ သည် လက်ရှိပါတီ၏ အာဏာရအထက်တန်းလွှာများထံမှ မှတ်ချက်ကောင်းများလိုအပ်မည်ဖြစ်သည်။ PAP ကေဒါများသည် CEC ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ရာတွင် ပြည်သူလူထုကိုဗဟိုပြုပြီး ခေါင်းဆောင်မှုစွမ်းရည်များနှင့်ပြည့်စုံကာ စာနာစိတ်ရှိသူများကို ရွေးချယ်လေ့ရှိသည်။

အဆင့် (၆)
ယှဉ်ပြိုင်ဘက်များထံမှ ယုံကြည်မှုကိုရယူခြင်း
ဤလုပ်ငန်းစဉ်တွင် လူငယ်များပါဝင်သော ဝန်ကြီးအဖွဲ့တစ်ဖွဲ့ကို နောက်မျိုးဆက်ခေါင်းဆောင် များအဖြစ် သတ်မှတ်ကြသည်။ ဤအလားအလာရှိသော ယှဉ်ပြိုင်ဘက်များကို ကာကွယ်ရေးနှင့် ဘဏ္ဍာ ရေးကဲ့သို့ ခက်ခဲသောဝန်ကြီးဌာနများတွင်ခန့်ထား၍ စမ်းသပ်ကြသည်။ အချိန်အတော်ကြာပြီးနောက် ယင်းအုပ်စုထဲမှ (Primus Inter Pares သို့မဟုတ် “ တန်းတူများထဲမှ ပထမ” တစ်ဦး) ခေါင်းဆောင် တစ် ဦးကို အားလုံး၏သဘောတူညီချက်ဖြင့် ပြန်လည်ရွေးချယ်ကြရသည်။

အဆင့် (၇)
ရာထူးအတွက်ပြင်ဆင်ခြင်း
အများဆန္ဒဖြင့် ဝန်ကြီးချုပ်ရာထူးအတွက် ခေါင်းဆောင်တစ်ဦးကိုရွေးချယ်ပြီးသည်နှင့် လုပ်ငန်း စဉ်မှာ အတော်လေး ရိုးရှင်းသွားပြီဖြစ်သည်။ တင်မြှောက်ခံရသူသည် CEC အတွင်း ပထမဆုံး လက်ထောက် အထွေထွေအတွင်းရေးမှူးအဖြစ် ရာထူးတိုးခံရပြီး ဒုတိယဝန်ကြီးချုပ်အဖြစ် စတင်တာဝန် ထမ်းဆောင်ရသည်။ ထို့နောက် ဆက်ခံသူသည် စင်ကာပူနိုင်ငံနှင့်ပတ်သက်၍ ၎င်း၏မျှော်မှန်းချက် များကို မိန့်ခွန်းများ၊ ဟောပြောမှုများပြုလုပ်ရင်း ၎င်း၏ထင်ရှားကျော်ကြားမှုကို တည်ဆောက်ရပါသည်။ ဥပမာအားဖြင့် ဝန်ကြီးချုပ်လီသည် ဝန်ကြီးချုပ်ရာ ထူးမထမ်းဆောင်မီ လေးလအလိုတွင် “ပြည်သူ့လူ့ အဖွဲ့အစည်းတစ်ရပ်ကို တည်ဆောက်ခြင်း” ဟူသော မိန့်ခွန်းကို ပြောကြားခဲ့သည်။ ယင်းမိန့်ခွန်းသည် ဒေသတွင်း သတင်းစာများအပြင် The New York Times ကဲ့သို့ နိုင်ငံတကာစာနယ်ဇင်းများအထိပါ လွှမ်းမိုးသွားခဲ့သည်။

ယေဘုယျအားဖြင့် အထွေထွေ ရွေးကောက်ပွဲအပြီး နှစ်နှစ်မှသုံးနှစ်အကြာတွင် အာဏာ လွှဲပြောင်းရန် အချိန်ကျရောက်လေ့ရှိသည်။ ဝန်ကြီး ချုပ်ဟောင်းသည် ၎င်း၏နုတ်ထွက်စာကို သမ္မတထံ တင်သွင်းရမည်ဖြစ်သည်။ အဆိုပါနုတ်ထွက်စာတွင် ယခုတက်လာသော ခေါင်းဆောင်အသစ်သည် ပါလီ မန်အမတ်အများစု၏ယုံကြည်မှုကို ခံယူထိုက်သူဖြစ်ပြီး ဝန်ကြီးချုပ်အသစ်အဖြစ် ခန့်အပ်ပေးရန် သမ္မတအား အကြံပြုရေးသားထားတတ်သည်။ ထို့နောက် မကြာမီမှာပင် သမ္မတက ခေါင်းဆောင်သစ် အား အစိုးရဖွဲ့ပေးရန် ဖိတ်ခေါ်ရသည်။ ယင်းနောက် ရက်အနည်းငယ်အကြာတွင် ၎င်းအား ဝန်ကြီး ချုပ်အဖြစ်ခန့်အပ်ကြောင်းစာရွက်စာတမ်းကို လက်ခံရယူရန်နှင့် ကျမ်းသစ္စာကျိန်ဆိုရန် အခမ်းအနား ကိုကျင်းပပေးပြီး ဝန်ကြီးချုပ်အဖြစ် ဘိသိက်ခံယူရသည်။

စင်ကာပူသည် သမိုင်းကြောင်းတစ်လျှောက် အခြားနိုင်ငံများနှင့်မတူ ခေါင်းဆောင်များကို အချိန်အတော်ကြာ အဆင့်ဆင့်လေ့ကျင့်ပျိုးထောင်ပေးပြီး အာဏာလွှဲပြောင်းသည့်စနစ်ကို ကျင့်သုံး သည်မှာ ထူးခြားနေသည်။ ထိုကဲ့သို့ နှစ်ရှည်လများ အရည်အချင်းပြည့်ဝအောင် ပြုစုပျိုးထောင်ပြီးဖြစ် သောခေါင်းဆောင်များကိုရွေးချယ်၍ ဝန်ကြီးချုပ် တင်မြှောက်ခြင်းကြောင့် စင်ကာပူ၏ အာဏာ လွှဲပြောင်းခြင်းလုပ်ငန်းစဉ်သည် အဆင်ပြေချောမွေ့ပြီး ပြည်တွင်း၌ ခေါင်းဆောင်မှုနှင့်ပတ်သက်၍ အငြင်းပွားဖွယ်ပြဿနာများလည်း မရှိခြင်းဖြစ်မည်။ သို့ဖြစ်ပါ၍ ဤဆောင်းပါးတွင် စင်ကာပူ၌ ဝန်ကြီးချုပ် ရွေးချယ်ခန့်အပ်ပုံ ယေဘုယျ အဆင့် (၇) ဆင့်ကို စာဖတ်သူတို့ ဗဟုသုတဖြစ်ဖွယ် သိရှိနိုင်ပါရန် အထူးအလေးပေး ရေးသားဖော်ပြလိုက်ရခြင်းဖြစ်သည်။

zawgyi version
စင္ကာပူဝန္ႀကီးခ်ဳပ္ျဖစ္ေရးအတြက္ ေက်ာ္ျဖတ္ရေသာအဆင့္မ်ား
Alynn(NP News) - ‌ဇြန္ ၂

အသက္ ၇၂ ႏွစ္အ႐ြယ္ရွိၿပီျဖစ္ေသာ စင္ကာပူဝန္ႀကီးခ်ဳပ္ လီရွန္လြန္းသည္ ၎ေနရာတြင္ ဆက္ခံရန္အတြက္ လက္ေထာက္ျဖစ္သူ ၅၁ ႏွစ္အ႐ြယ္ရွိ ေလာရင့္စ္ေဝါင္အား အာဏာလႊဲေျပာင္းေပးမႈ ကို ေမလ ၁၅ ရက္တြင္ ျပဳလုပ္ခဲ့သည္။ အာဏာလႊဲေျပာင္းမႈႏွင့္အတူ ဝန္ႀကီးခ်ဳပ္သစ္အတြက္ ျပည္တြင္း၊ ျပည္ပေရးရာ စိန္ေခၚမႈမ်ားက ေစာင့္ႀကိဳေနမည္ျဖစ္သလို ၎၏အာဏာရပါတီ PAP (People's Action Party) ၏ ဩဇာအရွိန္အဝါအား ဆက္လက္ထိန္းသိမ္းထားဖို႔ကိုလည္း အထူးဂ႐ုျပဳေဆာင္႐ြက္ ရမည္ျဖစ္သည္။

စင္ကာပူတြင္ ဝန္ႀကီးခ်ဳပ္အေျပာင္းအလဲအတြက္ တိတိက်က်သတ္မွတ္ထားသည့္ စည္းမ်ဥ္း မ်ားရွိမေနပါ။ ေ႐ြးေကာက္ပြဲမ်ားမရွိ၊ အတိုက္အခံပါတီမ်ားမရွိဘဲ ထိပ္တန္းေခါင္းေဆာင္မ်ားအၾကား တံခါးပိတ္ ေ႐ြးခ်ယ္ျခင္းသာျပဳလုပ္ခဲ့ၿပီး ဆက္ခံမည့္သူကို ႏုတ္ထြက္မည့္ဝန္ႀကီးခ်ဳပ္က သတင္းစာ ရွင္းလင္းပြဲတြင္ ေၾကညာေလ့ရွိသည္။ ၁၉၆၅ ခုႏွစ္တြင္ သမၼတႏိုင္ငံကို စတင္တည္ေထာင္ၿပီးကတည္းက ၁၉၉၁ ႏွင့္ ၂၀ဝ၄ ခုႏွစ္မ်ားတြင္ ဝန္ႀကီးခ်ဳပ္အေျပာင္းအလဲႏွစ္ခုကို ေအာင္ျမင္စြာျပဳလုပ္ႏိုင္ခဲ့သည္။

၂၀၁၉ ခုႏွစ္တြင္လည္း ဝန္ႀကီးခ်ဳပ္လီရွန္လြန္းသည္ Heng Swee Keat ကို တင္ေျမႇာက္ရန္ လ်ာထားခဲ့ေသာ္လည္း ႏွစ္ႏွစ္အၾကာတြင္ ၎က ႏုတ္ထြက္သြားေသာေၾကာင့္ အာဏာလႊဲေျပာင္းျခင္း မေအာင္ျမင္ခဲ့ေပ။ စတုတၳေျမာက္ ရာထူးဆက္ခံသူအျဖစ္ ေ႐ြးခ်ယ္ခံရေသာေဝါင္သည္ စိတ္ခ်လက္ခ် လက္လႊဲႏိုင္သူျဖစ္ေနသည္။ ပုဂၢိဳလ္ေရးအရျဖစ္ေစ၊ ေပါင္းသင္းဆက္ဆံေရးအရျဖစ္ေစ ၿပီးျပည့္စုံေသာ သူျဖစ္သလို ၎၏ လုပ္ေဖာ္ကိုင္ဖက္မ်ားကိုလည္း အေထာက္အပံ့ေကာင္းမ်ားစြာေပးႏိုင္သူျဖစ္သည္။ သို႔တိုင္ ၎၏အားနည္းခ်က္မွာမူ အျခားဆက္ခံသူမ်ားလို အာဏာေက်ာေထာက္ေနာက္ခံမရွိေပ။ ေဝါင္ သည္ ဝန္ႀကီးခ်ဳပ္လီ၏ ပုဂၢိဳလ္ေရးရာအတြင္းေရးမႉး အျဖစ္ထမ္းေဆာင္ခဲ့ဖူးေသာေၾကာင့္ ၎၏ ေထာက္ခံမႈကိုသာ လုံးလုံးလ်ားလ်ားမွီခိုေနရသည္။

အဆင္ေျပေခ်ာေမြ႕ၿပီး အားလုံး၏ သေဘာတူညီခ်က္ကိုအေျခခံေသာ ေခါင္းေဆာင္အလႊဲအ ေျပာင္းသည္ စင္ကာပူ၏ ကိုယ္ပိုင္ဟန္ အုပ္ခ်ဳပ္ေရးပုံစံျဖစ္သည္။ ေခါင္းေဆာင္သည္ ျပည္ပတြင္ စီး ပြားေရး အရေသာ္လည္းေကာင္း၊ ျပည္တြင္းႏိုင္ငံေရးတြင္ PAP ၏ အာဏာလႊမ္းမိုးမႈကို ဆက္လက္ထိန္း သိမ္းထားျခင္းျဖင့္ေသာ္လည္းေကာင္း တည္ၿငိမ္ေအးခ်မ္းေသာအေျခအေနတစ္ရပ္ကို ထိန္းထားႏိုင္ ရမည္ ျဖစ္သည္။ ဤႏွစ္ခ်က္အေပၚ အထူးအေလးထားအေျခခံ၍ ေ႐ြးေကာက္ပြဲမရွိ ယုံၾကည္စြာ အာဏာအပ္ႏွင္းျခင္းကို ေဆာင္႐ြက္ၾကေလ့ရွိသည္။ PAP ၏ေ႐ြးေကာက္ပြဲအေပၚလႊမ္းမိုးခ်ဳပ္ကိုင္ ႏိုင္မႈႏွင့္ ပါတီစည္းမ်ဥ္းမ်ားကို ထိန္းေက်ာင္းရာတြင္ ၎၏အစဥ္အလာ ဆက္ခံေရးအစီအစဥ္ကိုက်င့္သုံးျခင္းသည္ ျပည္တြင္းႏိုင္ငံေရးကိစၥျဖစ္ေနေသာ္လည္း ေခတ္ကာလအရ လူထုသေဘာထားအျမင္ႏွင့္ အ လွမ္းေဝးေနေပသည္။ ထို႔ေၾကာင့္ သာမန္စင္ကာပူႏိုင္ငံသားမ်ားသည္ပင္PAPမွ၎၏ ေခါင္းေဆာင္မ်ား ကို မည္သို႔ေ႐ြးခ်ယ္သည္ကို အေသအခ်ာမသိရွိၾကေပ။ ထို႔ေၾကာင့္ ေယဘုယ်အားျဖင့္ စင္ကာပူဝန္ႀကီး ခ်ဳပ္ မည္သို႔ျဖစ္လာသည္ကို သိရွိႏိုင္ဖို႔ရာ အဆင့္ (၇) ဆင့္ျဖင့္ ရွင္းလင္းေဖာ္ျပလိုက္ပါသည္။

အဆင့္ (၁)
ေလ့လာသင္ယူဆည္းပူးျခင္း
ဝန္ႀကီးခ်ဳပ္တစ္ဦးျဖစ္ရန္ ေ႐ြးေကာက္ခံပါလီမန္ အမတ္တစ္ဦးျဖစ္ရမည္ျဖစ္ၿပီး အာဏာရ ပါတီ၏ အဖြဲ႕ဝင္လည္းျဖစ္ရမည္။ PAP သည္ ၁၉၅၉ ခုႏွစ္ကတည္းက ေ႐ြးေကာက္ပြဲတိုင္းတြင္အႏိုင္ရၿပီး အစိုးရဖြဲ႕ႏိုင္သည့္ပါတီျဖစ္သည့္အားေလ်ာ္စြာ ဝန္ႀကီး ခ်ဳပ္တစ္ဦးျဖစ္ရန္ PAP ပါတီဝင္ျဖစ္ပါက ပိုမိုလြယ္ ကူမည္ျဖစ္သည္။ စင္ကာပူ၏ လက္ရွိ ဝန္ႀကီးမ်ားႏွင့္ ၎တို႔၏ ပညာေရးေနာက္ခံကို ေလ့လာၾကည့္ ျခင္းအားျဖင့္ ဝန္ႀကီးခ်ဳပ္တစ္ဦးျဖစ္ရန္ ပညာေရးတြင္ ေကာင္းမြန္ေသာမွတ္တမ္းမ်ား ရွိရန္လိုအပ္မည္ ျဖစ္ၿပီး အထူးသျဖင့္ စီးပြားေရးႏွင့္ဆက္ႏႊယ္ေသာ ပညာရပ္မ်ားကို ေလ့လာလိုက္စားသင့္သည္။ ထို႔ျပင္ စင္ကာပူ၏ ဂုဏ္သိကၡာရွိေသာ ပညာသင္ဆုမ်ားကို ရရွိထားေသာပညာသင္မ်ားကိုလည္း ႏိုင္ငံေရးတြင္ ပါဝင္လာေအာင္ PAP က စည္း႐ုံးတတ္ပါေသးသည္။ ပညာတတ္ၿပီး စြမ္းေဆာင္ရည္ေကာင္းေသာ ေခါင္းေဆာင္မ်ားသည္ အမ်ိဳးမ်ိဳးေသာစိန္ေခၚမႈမ်ား၊ ျပႆနာမ်ားကို ေျဖရွင္းႏိုင္မည္ဟု PAP က ယုံၾကည္ျခင္းေၾကာင့္ ျဖစ္မည္။

အဆင့္ (၂)
ေခၚယူျခင္းကို ေစာင့္ဆိုင္းျခင္း
အျခားႏိုင္ငံမ်ားတြင္ ႏိုင္ငံ‌ေရးကို စိတ္ဝင္စားသူမ်ားသည္ ပါတီတြင္းသို႔ဝင္ေရာက္ၿပီး ေအာက္ ေျခမွ တျဖည္းျဖည္းခ်င္းလႈပ္ရွားၾကရကာ အျခားေသာ ႏိုင္ငံေရးေခါင္းေဆာင္မ်ားႏွင့္ ကြၽမ္းဝင္ေအာင္ လုပ္ျခင္းျဖင့္ ဤနယ္ပယ္တြင္ ေနရာတစ္ေနရာရေအာင္ ဖန္တီးၾကရသည္။ သို႔ေသာ္ စင္ကာပူ၏ PAP ပါတီတြင္မူ ထိုကဲ့သို႔ ပါတီဝင္မ်ားအား ေအာက္ေျခမွစ စုေဆာင္းျခင္းမ်ိဳးကို မေတြ႕ရေပ။ PAP သည္ ရာထူးေနရာခန႔္အပ္ရာတြင္ သစၥာေတာ္ခံမ်ား၊ ေအာက္ေျခအဖြဲ႕ဝင္မ်ားကို ဦးစားေပးထည့္သြင္း စဥ္း စားျခင္းမရွိပါ။ ယင္းအစား PAP ေခါင္းေဆာင္မ်ားက ေထာက္ခံခ်က္ေပးထားၿပီး အရည္အခ်င္းရွိသည္ ဟုသတ္မွတ္ခံရေသာ အမတ္မ်ား၊ အစိုးရဝန္ထမ္းမ်ား၊ ဥပေဒပညာရွင္မ်ား၊ ဘဏ္လုပ္ငန္းႏွင့္ စစ္ဘက္မွ လူမ်ားကို ပါတီက စုေဆာင္းေလ့ရွိၾကသည္။ ထို႔ေၾကာင့္ ကိုယ္စားလွယ္ေလာင္းမ်ားအေနျဖင့္ ေအာက္ေျခမွ စႀကိဳးပမ္းစရာမလိုဘဲ အရည္အခ်င္းရွိလွ်င္ အျမင့္သို႔တန္းေရာက္မည့္အေနအထားမ်ိဳး ျဖစ္ပါသည္။ ထို႔ေၾကာင့္ စင္ကာပူႏိုင္ငံေရးတြင္မူ အလားအလာရွိေသာ ကိုယ္စားလွယ္ေလာင္းမ်ား အေနျဖင့္ ပါတီဘက္ကစ၍ ခ်ဥ္းကပ္ေခၚယူျခင္းခံရမည္ျဖစ္ပါသည္။

အဆင့္ (၃)
လက္ဖက္ရည္ စကားဝိုင္းမ်ားႏွင့္ ခုံဖြဲ႕ေမးျမန္းျခင္းမ်ား
PAP ဘက္မွဆက္သြယ္လာၿပီးေနာက္ ကိုယ္စားလွယ္ေလာင္းမ်ားျဖတ္ေက်ာ္ရမည့္ ေနာက္ ထပ္အဆင့္တစ္ခုမွာ လက္ဖက္ရည္စကားဝိုင္းမ်ားႏွင့္ အင္တာဗ်ဴးမ်ားျဖစ္သည္။ ဤစကားဝိုင္းမ်ားတြင္ ကိုယ္စားလွယ္ေလာင္း ၆ ဦးမွ ၈ ဦးအထိ အဖြဲ႕မ်ားသည္ ဝန္ႀကီးမ်ားႏွင့္ မိနစ္ ၆၀ မွ ၁၅၀ ၾကားအၾကာ ေဆြးေႏြးမႈမ်ားျပဳလုပ္ၾကရသည္။ ျပည္ပတြင္ေရာက္ရွိေနေသာ စင္ကာပူႏိုင္ငံသားအမ်ားအျပားကို ထည့္ သြင္းစဥ္းစားၿပီး အဆိုပါေဆြးေႏြးပြဲမ်ားကို ကမာၻတစ္ဝန္းတြင္လည္း က်င္းပေပးကာ ႏွစ္စဥ္ ကိုယ္စား လွယ္ေလာင္း ၁၀ဝ ခန႔္ ဖိတ္ၾကားခံရပါသည္။ ထိုကဲ့သို႔ မိတ္ဆက္ေတြ႕ဆုံမႈမ်ားၿပီးေနာက္ ပဏာမေ႐ြး ခ်ယ္ခံရသူမ်ားသည္ PAP ႐ုံးခ်ဳပ္ရွိ အဆင့္ျမင့္ခုံအဖြဲ႕ ၏ တရားဝင္ေတြ႕ဆုံေမးျမန္းမႈ ႏွစ္ႀကိမ္ျပဳလုပ္ျခင္း ခံရမည္ျဖစ္သည္။ အႀကီးအကဲလီ ဦးေဆာင္ေသာ ဝန္ႀကီးဆယ္ဦးပါ အဆင့္ျမင့္ခုံအဖြဲ႕က ပဏာမေ႐ြး ခ်ယ္ခံရေသာ ကိုယ္စားလွယ္ေလာင္းကို ၄၅ မိနစ္ခန႔္ စစ္ေဆးေမးျမန္းမည္ျဖစ္သည္။ ဤတြင္ ၎၏ အေျဖမ်ားအျပင္ မ်က္ႏွာအမူအရာႏွင့္ ကိုယ္ဟန္အမူ အရာတို႔ကိုပါ ဆန္းစစ္အကဲျဖတ္သြားမည္ျဖစ္ပါ သည္။ လူေတြ႕စစ္ေဆးခံရေသာ ကိုယ္စားလွယ္ေလာင္းသုံးဦးလွ်င္ တစ္ဦးခန႔္သာ ေအာင္ျမင္တတ္ပါ သည္။ ထို႔ေနာက္ အဆိုပါအဆင့္တြင္ ေအာင္ျမင္ေသာပုဂၢိဳလ္မ်ားသည္ အစိုးရအဖြဲ႕ဝန္ႀကီးမ်ားႏွင့္ ေတြ႕ဆုံရန္ ဖိတ္ၾကားခံရၿပီး ၎တို႔အနက္မွ အလားအလာပိုေကာင္းသူမ်ားကို အဆင့္ျမင့္ရာထူးမ်ား အတြက္ ခြဲျခားသတ္မွတ္ထားမည္ျဖစ္သည္။

အဆင့္ (၄)
စာေမးပြဲစစ္ျခင္း
PAP ကိုယ္စားလွယ္ေလာင္းစုေဆာင္းေရးစနစ္၏ ေနာက္ထပ္ထူးျခားခ်က္တစ္ခုမွာ စာေမးပြဲ ျဖစ္သည္။ အင္တာဗ်ဴးမ်ားမွ ေ႐ြးခ်ယ္ခံရသူမ်ားသည္ ေမးခြန္းေပါင္း ၁ဝဝဝ ေက်ာ္ပါဝင္ေသာ စိတ္ပိုင္း ဆိုင္ရာ စစ္ေဆးမႈအဆင့္တစ္ခုကို ျဖတ္သန္းရမည္ျဖစ္သည္။ အဆိုပါ စာေမးပြဲသည္ တစ္ရက္ခြဲခန႔္ ၾကာ ျမင့္တတ္သည္။ စာေမးပြဲမ်ား၏ မူလဇာစ္ ျမစ္မွာ အႀကီးအကဲလီျဖစ္ၿပီး ၁၉၈၀ ျပည့္ႏွစ္မ်ားတြင္ စတင္ အသုံးျပဳခဲ့ပါသည္။ ယင္းစာေမးပြဲမ်ားအၿပီးတြင္ ကိုယ္စားလွယ္ေလာင္းငါးဦးမွ ေျခာက္ဦးသည္ ဝန္ႀကီး အဆင့္အရည္အခ်င္းမ်ားရွိသည္ဟု သတ္မွတ္ခံရၿပီး အဆင့္ျမင့္ရာထူးမ်ား ခန႔္အပ္ျခင္းခံရသည္။

အဆင့္ (၅)
အမတ္အျဖစ္တာဝန္ကို ေက်ပြန္စြာထမ္းေဆာင္ျခင္း
ေ႐ြးေကာက္ပြဲမတိုင္မီ ရက္သတၱပတ္မ်ားအတြင္း ေ႐ြးခ်ယ္ခံရေသာ ကိုယ္စားလွယ္ေလာင္းမ်ား သည္ မဲဆႏၵနယ္အသီးသီးသို႔ ကြင္းဆင္းၾကရသည္။ ထို႔ျပင္ ေ႐ြးေကာက္ပြဲကာလအတြင္း မီဒီယာမ်ားႏွင့္ ပတ္သက္သည့္ေမးခြန္းမ်ားကို ေျဖၾကားတတ္ရန္ ကိုယ္စားလွယ္ေလာင္းမ်ားအား လူထုေရွ႕ စကားေျပာ ဆိုျခင္းႏွင့္ ဆက္သြယ္ေရးစြမ္းရည္ဆိုင္ရာ သင္တန္းမ်ားသို႔ ေစလႊတ္ေပးသည္။ အကယ္၍ ကိုယ္စား လွယ္ ေလာင္းတစ္ဦးသည္ အမတ္ေနရာအတြက္ အႏိုင္ရရွိပါက တာဝန္မ်ားကို မည္သို႔ထမ္းေဆာင္ မည္ကို ေသခ်ာစြာေစာင့္ၾကည့္ရမည္ျဖစ္သည္။ ထို႔ေနာက္ ဆက္လက္ၿပီး ေကာင္းမြန္စြာလုပ္ေဆာင္ပါက သက္တမ္း တစ္ခုၿပီးလွ်င္ အငယ္တန္းဝန္ႀကီးအျဖစ္ ရာထူးတိုးျမႇင့္ခံရၿပီး ထို႔ေနာက္တြင္မူ ဝန္ႀကီးတစ္ဦး ျဖစ္လာမည္ျဖစ္သည္။

တစ္ခ်ိန္တည္းမွာပင္ ပါတီဝင္မ်ားက ဝန္ႀကီးအသစ္မ်ားသည္ PAP ၏ ဗဟိုအလုပ္ မႈေဆာင္ ေကာ္မတီ (CEC) အတြက္ သင့္ေလ်ာ္မႈ ရွိမရွိကို ဂ႐ုတစိုက္ ေစာင့္ၾကည့္လ်က္ရွိေနသည္။ ပါတီ၏ အျမင့္ဆုံး အာဏာရေကာ္မတီျဖစ္သည့္ CEC ၏ “အတြင္းစည္း” ျဖစ္လာေစရန္ ကိုယ္စားလွယ္ ေလာင္းမ်ားသည္ ေကဒါဟုေခၚေသာ ပါတီဝင္မ်ား၏ အထင္ႀကီးမ်က္စိက်ေအာင္ ေနထိုင္ရမည္ ျဖစ္သည္။ ပါတီေခါင္းေဆာင္မႈကိစၥရပ္မ်ားကို ပါတီဝင္အားလုံး မဲေပးႏိုင္သည့္ အျခားႏိုင္ငံမ်ားႏွင့္မတူဘဲ စင္ကာပူတြင္ ႏိုင္ငံေရးပါတီအမ်ားစုသည္ ေကဒါစနစ္ကို က်င့္သုံးၾကသည္။ ဤတြင္ CEC သည္ ႏွစ္ရွည္ လမ်ား တာဝန္ထမ္းေဆာင္လ်က္ရွိေသာ ပါတီဝင္မ်ားထဲမွ ေကဒါမ်ားကိုေ႐ြးခ်ယ္ၾကၿပီး ေကဒါမ်ားသည္ တစ္ဖန္ CEC အသစ္ကိုဖြဲ႕စည္းႏိုင္ရန္ မဲေပးၾကရသည္။ တစ္နည္းဆိုရေသာ္ ေကဒါမ်ားကို အာဏာရ အထက္တန္းလႊာမ်ားပါဝင္ေသာ CEC က ေ႐ြးခ်ယ္ထားေသာေၾကာင့္ ႏွစ္ဦးႏွစ္ဖက္ၾကား ျပင္းျပင္းထန္ ထန္ သေဘာထားကြဲလြဲမႈမ်ား မရွိတတ္ေပ။ ထို႔ေၾကာင့္ ထိပ္တန္းရာထူးကိုလိုလားေသာ ဝန္ႀကီးမ်ား သည္ လက္ရွိပါတီ၏ အာဏာရအထက္တန္းလႊာမ်ားထံမွ မွတ္ခ်က္ေကာင္းမ်ားလိုအပ္မည္ျဖစ္သည္။ PAP ေကဒါမ်ားသည္ CEC ကိုယ္စားလွယ္ေလာင္းမ်ားကို ေ႐ြးခ်ယ္ရာတြင္ ျပည္သူလူထုကိုဗဟိုျပဳၿပီး ေခါင္းေဆာင္မႈစြမ္းရည္မ်ားႏွင့္ျပည့္စုံကာ စာနာစိတ္ရွိသူမ်ားကို ေ႐ြးခ်ယ္ေလ့ရွိသည္။

အဆင့္ (၆)
ယွဥ္ၿပိဳင္ဘက္မ်ားထံမွ ယုံၾကည္မႈကိုရယူျခင္း
ဤလုပ္ငန္းစဥ္တြင္ လူငယ္မ်ားပါဝင္ေသာ ဝန္ႀကီးအဖြဲ႕တစ္ဖြဲ႕ကို ေနာက္မ်ိဳးဆက္ေခါင္းေဆာင္ မ်ားအျဖစ္ သတ္မွတ္ၾကသည္။ ဤအလားအလာရွိေသာ ယွဥ္ၿပိဳင္ဘက္မ်ားကို ကာကြယ္ေရးႏွင့္ ဘ႑ာ ေရးကဲ့သို႔ ခက္ခဲေသာဝန္ႀကီးဌာနမ်ားတြင္ခန႔္ထား၍ စမ္းသပ္ၾကသည္။ အခ်ိန္အေတာ္ၾကာၿပီးေနာက္ ယင္းအုပ္စုထဲမွ (Primus Inter Pares သို႔မဟုတ္ “ တန္းတူမ်ားထဲမွ ပထမ” တစ္ဦး) ေခါင္းေဆာင္ တစ္ ဦးကို အားလုံး၏သေဘာတူညီခ်က္ျဖင့္ ျပန္လည္ေ႐ြးခ်ယ္ၾကရသည္။

အဆင့္ (၇)
ရာထူးအတြက္ျပင္ဆင္ျခင္း
အမ်ားဆႏၵျဖင့္ ဝန္ႀကီးခ်ဳပ္ရာထူးအတြက္ ေခါင္းေဆာင္တစ္ဦးကိုေ႐ြးခ်ယ္ၿပီးသည္ႏွင့္ လုပ္ငန္း စဥ္မွာ အေတာ္ေလး ႐ိုးရွင္းသြားၿပီျဖစ္သည္။ တင္ေျမႇာက္ခံရသူသည္ CEC အတြင္း ပထမဆုံး လက္ေထာက္ အေထြေထြအတြင္းေရးမႉးအျဖစ္ ရာထူးတိုးခံရၿပီး ဒုတိယဝန္ႀကီးခ်ဳပ္အျဖစ္ စတင္တာဝန္ ထမ္းေဆာင္ရသည္။ ထို႔ေနာက္ ဆက္ခံသူသည္ စင္ကာပူႏိုင္ငံႏွင့္ပတ္သက္၍ ၎၏ေမွ်ာ္မွန္းခ်က္ မ်ားကို မိန႔္ခြန္းမ်ား၊ ေဟာေျပာမႈမ်ားျပဳလုပ္ရင္း ၎၏ထင္ရွားေက်ာ္ၾကားမႈကို တည္ေဆာက္ရပါသည္။ ဥပမာအားျဖင့္ ဝန္ႀကီးခ်ဳပ္လီသည္ ဝန္ႀကီးခ်ဳပ္ရာ ထူးမထမ္းေဆာင္မီ ေလးလအလိုတြင္ “ျပည္သူ႔လူ႔ အဖြဲ႕အစည္းတစ္ရပ္ကို တည္ေဆာက္ျခင္း” ဟူေသာ မိန႔္ခြန္းကို ေျပာၾကားခဲ့သည္။ ယင္းမိန႔္ခြန္းသည္ ေဒသတြင္း သတင္းစာမ်ားအျပင္ The New York Times ကဲ့သို႔ ႏိုင္ငံတကာစာနယ္ဇင္းမ်ားအထိပါ လႊမ္းမိုးသြားခဲ့သည္။

ေယဘုယ်အားျဖင့္ အေထြေထြ ေ႐ြးေကာက္ပြဲအၿပီး ႏွစ္ႏွစ္မွသုံးႏွစ္အၾကာတြင္ အာဏာ လႊဲေျပာင္းရန္ အခ်ိန္က်ေရာက္ေလ့ရွိသည္။ ဝန္ႀကီး ခ်ဳပ္ေဟာင္းသည္ ၎၏ႏုတ္ထြက္စာကို သမၼတထံ တင္သြင္းရမည္ျဖစ္သည္။ အဆိုပါႏုတ္ထြက္စာတြင္ ယခုတက္လာေသာ ေခါင္းေဆာင္အသစ္သည္ ပါလီ မန္အမတ္အမ်ားစု၏ယုံၾကည္မႈကို ခံယူထိုက္သူျဖစ္ၿပီး ဝန္ႀကီးခ်ဳပ္အသစ္အျဖစ္ ခန႔္အပ္ေပးရန္ သမၼတအား အႀကံျပဳေရးသားထားတတ္သည္။ ထို႔ေနာက္ မၾကာမီမွာပင္ သမၼတက ေခါင္းေဆာင္သစ္ အား အစိုးရဖြဲ႕ေပးရန္ ဖိတ္ေခၚရသည္။ ယင္းေနာက္ ရက္အနည္းငယ္အၾကာတြင္ ၎အား ဝန္ႀကီး ခ်ဳပ္အျဖစ္ခန႔္အပ္ေၾကာင္းစာ႐ြက္စာတမ္းကို လက္ခံရယူရန္ႏွင့္ က်မ္းသစၥာက်ိန္ဆိုရန္ အခမ္းအနား ကိုက်င္းပေပးၿပီး ဝန္ႀကီးခ်ဳပ္အျဖစ္ ဘိသိက္ခံယူရသည္။

စင္ကာပူသည္ သမိုင္းေၾကာင္းတစ္ေလွ်ာက္ အျခားႏိုင္ငံမ်ားႏွင့္မတူ ေခါင္းေဆာင္မ်ားကို အခ်ိန္အေတာ္ၾကာ အဆင့္ဆင့္ေလ့က်င့္ပ်ိဳးေထာင္ေပးၿပီး အာဏာလႊဲေျပာင္းသည့္စနစ္ကို က်င့္သုံး သည္မွာ ထူးျခားေနသည္။ ထိုကဲ့သို႔ ႏွစ္ရွည္လမ်ား အရည္အခ်င္းျပည့္ဝေအာင္ ျပဳစုပ်ိဳးေထာင္ၿပီးျဖစ္ ေသာေခါင္းေဆာင္မ်ားကိုေ႐ြးခ်ယ္၍ ဝန္ႀကီးခ်ဳပ္ တင္ေျမႇာက္ျခင္းေၾကာင့္ စင္ကာပူ၏ အာဏာ လႊဲေျပာင္းျခင္းလုပ္ငန္းစဥ္သည္ အဆင္ေျပေခ်ာေမြ႕ၿပီး ျပည္တြင္း၌ ေခါင္းေဆာင္မႈႏွင့္ပတ္သက္၍ အျငင္းပြားဖြယ္ျပႆနာမ်ားလည္း မရွိျခင္းျဖစ္မည္။ သို႔ျဖစ္ပါ၍ ဤေဆာင္းပါးတြင္ စင္ကာပူ၌ ဝန္ႀကီးခ်ဳပ္ ေ႐ြးခ်ယ္ခန႔္အပ္ပုံ ေယဘုယ် အဆင့္ (၇) ဆင့္ကို စာဖတ္သူတို႔ ဗဟုသုတျဖစ္ဖြယ္ သိရွိႏိုင္ပါရန္ အထူးအေလးေပး ေရးသားေဖာ္ျပလိုက္ရျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.