အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော်အသစ်ဖြစ်လာမယ့် နူဆန်တာရာမြို့တော်အကြောင်း

 1030

Pika(NP News) - ‌ဇွန် ၂

အင်ဒိုနီးရှားအစိုးရသည် နိုင်ငံ၏ မြို့တော်အသစ်ဖြစ်လာမည့် နူဆန်တာရာမြို့ကို ဘော်နီယို ကျွန်းအရှေ့ဘက်ကမ်းရိုးတန်းရှိ အရှေ့ကာလီမန်တန် ပြည်နယ်တွင်တည်ဆောက်နေကြောင်းသိရသည်။ နူဆန်တာရာမြို့တော်သည် အင်ဒိုနီးရှား နိုင်ငံ၏ အနာဂတ်မြို့တော်သစ် ဖြစ်လာမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ် ဩဂုတ်လ(၁၇)ရက်နေ့တွင် ဖွင့်ပွဲကျင်းပရန် စီစဉ်ထားကြောင်းသိရသည်။နူဆန်တာရာမြို့ကို အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော်အဖြစ် ဂျာကာတာမြို့နေရာတွင်အစားထိုးသွားမည်ဖြစ်ပြီး လွတ်လပ်ရေး ရခဲ့သည့် ၁၉၄၅ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် မြို့တော်အသစ် ပြောင်းလဲခြင်းဖြစ်ကြောင်းလည်း သိရသည်။

နူဆန်တာရာမြို့သည် ဧရိယာအကျယ်အဝန်း (၂၅၆၀) စတုရန်းကီလိုမီတာရှိမည်ဖြစ်ပြီး တောင် ကုန်းရှုခင်းများ၊ သစ်တော၊ သဘာဝပင်လယ်အော်တို့ဖြင့် ဝန်းရံထားမည်လည်းဖြစ်သည်။ နူဆန်တာရာ မြို့တော်အတွက် မြေရာရှင်းလင်းခြင်း၊ လမ်းများဖောက်လုပ်ခြင်းတို့နှင့်အတူ တည်ဆောက်မှုများကို ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် စတင်ခဲ့ကြောင်းသိရသည်။

"Government Central Area zone" ဟု လူသိများသော အစောပိုင်းအဆင့်တွင် အစိုးရရုံးများ ၊ ကျောင်းများနှင့်ဆေးရုံများကို တည်ဆောက်မှုများပါဝင်မည်ဖြစ်သည်။ အဆိုပါ စီမံကိန်းသည် စုစုပေါင်း ကုန်ကျစရိတ် အမေရိကန် ဒေါ်လာ (၃၅)ဘီလျံခန့်ရှိမည်ဟု ခန့်မှန်းထားကြပြီး တည်ဆောက်မှုများတွင် အဆင့်(၅)ဆင့်ပါဝင်မည်ဖြစ်ကြောင်းလည်းသိရသည်။
နူဆန်တာရာမြို့တော်အတွက် အဆင့် (၁)ကို ၂၀၂၂ ခုနှစ် ဩဂုတ်လတွင်စတင်ခဲ့ပြီး အင်ဒိုနီး ရှားနိုင်ငံတစ်ဝန်းမှ အလုပ်သမားဦးရေ(၁၅၀ဝဝဝ)မှ (၂)သိန်းဝန်းကျင်ထိ ပါဝင်ခဲ့ကြောင်းသိရ သည်။ထို့ ပြင် နူဆန်တာရာမြို့တော် စီမံကိန်းကို ၂၀၄၅ခု နှစ်တွင် အပြီးသတ်နိုင်မည်ဟု မျှော်လင့်ထားကြ ကြောင်းလည်းသိရသည်။ အင်ဒိုနီးရှားရွေးကောက်ခံသမ္မတ ပရာဘိုဝိုစူဘီယန်တို ၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲအတွက် အချိန် မီ ၂၀၂၄ခုနှစ် အောက်တိုဘာလတွင် နူဆန်တာရာမြို့တော်သို့ နိုင်ငံ့ဝန်ထမ်း ပေါင်း(၆)ထောင်ခန့် ပြောင်းရွှေ့သွားနိုင်ဖွယ်ရှိနေကြောင်းလည်းသိရသည်။

၂၀၂၄ ခုနှစ်အကုန်တွင် နူဆန်တာရာမြို့တော်သို့ နိုင်ငံ့ဝန်ထမ်းပေါင်း(၁၂၀ဝဝ)ခန့် ပြောင်း ရွှေ့နိုင်မည်ဟု အာဏာပိုင်များက မျှော်လင့်ထားကြသည်။ ထို့ပြင် အင်ဒိုနီးရှားသမ္မတရုံးပြီးလျှင် မြို့ပြ နှင့်အိမ်ရာဖွံ့ဖြိုးရေးဝန်ကြီးဌာနသည် ၂၀၂၄ခုနှစ် ဇူလိုင်လတွင် နူဆန်တာရာမြို့တော်သို့ ပြောင်းရွှေ့ သွားမည့် ပထမဆုံးသောဝန်ကြီးဌာန ဖြစ်လာမည်ဖြစ်ကြောင်းလည်းသိရသည်။

၂၀၁၇ ခုနှစ် ဧပြီလတွင် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို၏အစိုးရသည် ဂျာကာတာမြို့တော်ကို အစားထိုးရန် လှုပ်ရှားမှုကို ပြန်လည်စတင်ခဲ့ပြီး အဆိုပါ နှစ်အကုန်တွင် နိုင်ငံ၏မြို့တော်အသစ်အတွက် အလားအလာရှိသော အစားထိုးနေရာများကို အကဲဖြတ်သွားမည်ဟု ကတိပြုခဲ့ကြောင်း သိရသည်။ အင်ဒိုနီးရှားအစိုးရသည် မြို့တော်အသစ် အတွက်နေရာကို ဂျာဗားကျွန်းအပြင်ဘက်တွင် တည် ဆောက်ရန်ဆုံးဖြတ်ခဲ့ကြောင်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဝန်ကြီးဌာန၏ အရာရှိများက ပြောကြား ခဲ့သည်။ အဆိုပါအစီအစဉ်ကို ထုတ်ပြန်ကြေညာပြီးနောက် မကြာမီ သမ္မတဂျိုကိုဝီဒိုဒိုသည် အရှေ့ ကာလီမန်တန်ပြည်နယ်ရှိ Bukit Soeharto ဒေသနှင့်Palangka Raya မြို့အနီးရှိ တြိဂံဒေသသို့ သွားရောက် လည်ပတ်ခဲ့ကြောင်းသိရသည်။

ထို့နောက် အင်ဒိုနီးရှားအစိုးရသည် မြို့တော်အသစ်သို့ အစိုးရရုံးများအားလုံးကို ပြောင်းရွှေ့ မည့်(၁၀)နှစ်စီမံကိန်းကို ၂၀၁၉ခုနှစ် ဧပြီလတွင် ထုတ်ပြန်ကြေညာခဲ့သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဝန်ကြီးဌာနသည် ဂျိုကိုဝီဒိုဒိုသွားရောက် လည်ပတ်ခဲ့သည့် တောင်၊အလယ်ပိုင်းနှင့် အရှေ့ကာလီ မန်တန် ပြည်နယ်သုံးခုကို အကြံပြုခဲ့ပြီး ပြည်နယ်တစ်ခုချင်းစီသည်မြို့တော် အသစ်တစ်ခု၏ လိုအပ်ချက်များနှင့်ကိုက်ညီကြောင်းပြောဆိုခဲ့သည်။ နူဆန်တာရာမြို့အတွက် ပြောင်းရွှေ့မှု များကို ၁၉၆၀ ခုနှစ်တွင် မြို့တော်အသစ်ဖြစ်သော Brasilia မြို့ကို ရီယိုဒီဂျနေးရီးယိုးမြို့နေရာတွင် အစားထိုးခဲ့သော ဘရာဇီးနိုင်ငံထံမှ သင်ခန်းစာယူထား ခြင်းဖြစ်ကြောင်းသိရသည်။ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဝန်ကြီးဌာနသည် နူဆန်တာရာမြို့အတွက် ဒီဇိုင်းပြိုင်ပွဲကို ၂၀၁၉ ခုနှစ်နှောင်းပိုင်းတွင် ကျင်းပခဲ့ပြီး အနိုင်ရရှိသူမှာ Nagara Rimba Nusa ဟု ခေါ်သော အင်ဒိုနီးရှားဗိသုကာကုမ္ပဏီ Urban+ ဖြစ်ကြောင်း ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ(၂၃)ရက်နေ့တွင် တရားဝင် ကြေညာခဲ့သည်။ ထို့ပြင် နူဆန်တာရာမြို့ ဒီဇိုင်းတွင် ပါဝင်ရန်အတွက် တရုတ်၊အမေရိကန်နှင့် ဂျပန်တို့မှ ဒီဇိုင်နာများကို အင်ဒိုနီးရှားအစိုးရက ကမ်းလှမ်းခဲ့ကြောင်းလည်း သိရသည်။

နူဆန်တာရာမြို့သည် ၎င်း၏ပတ်ဝန်းကျင်ရှိ ကာလီမန်တန်သစ်တောများကို ရေရှည်တည်တံ့ ခိုင်မာစေရန်နှင့် ကာကွယ်ရန်အတွက် ဒီဇိုင်း ဆွဲထားကြောင်းလည်းသိရသည်။
ထို့ပြင် နူဆန်တာရာမြို့၏ (၈၀)ရာခိုင်နှုန်းကို အများပြည်သူသယ်ယူပို့ဆောင်ရေး၊ စက်ဘီး စီးခြင်း သို့မဟုတ် လမ်းလျှောက်ခြင်းနှင့် အသုံးပြုမည့် စွမ်းအင်အားလုံးကို ပြန်လည်ပြည့်ဖြိုးမြဲ အရင်း အမြစ်များမှ ထုတ်ယူရန်အတွက် အသုံးပြုသွားမည်ဖြစ်ပြီး ဧရိယာ၏(၁၀)ရာခိုင်နှုန်းကို အစားအသောက် ထုတ်လုပ်ရန်အတွက် အသုံးပြုသွားမည်ဖြစ်သည်။

၂၀၂၂ ခုနှစ်တွင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဝန်ကြီးဌာနသည် ဒုသမ္မတရုံး၊ ဥပဒေပြုလွှတ်တော်ရုံး အဆောက်အအုံ၊ တရားစီရင်ရေးရုံး အဆောက်အအုံနှင့် Pancasila ရေကန်ဘေးရှိ အများပြည်သူဝတ်ပြု ဆုတောင်းနိုင်မည့် အဆောက်အအုံအတွက် ဒီဇိုင်း ပြိုင်ပွဲကို ထပ်မံကျင်းပခဲ့ကြောင်းသိရသည်။

၂၀၂၂ ခုနှစ် ဇူလိုင်လတွင် အင်ဒိုနီးရှား အစိုးရသည် နိုင်ငံတစ်ဝန်းမှ အလုပ်သမား(၁)သိန်း ကို နူဆန်တာရာမြို့တည်ဆောက်မည့်နေရာသို့ စေလွှတ်ခဲ့ကြောင်းသိရသည်။ သို့သော်လည်း ဒေသခံအ လုပ်သမားများ လုံလောက်စွာပါဝင်ခြင်းမရှိသည့်အတွက် အဆိုပါဆုံးဖြတ်ချက်အပေါ် ပြစ်တင်ဝေဖန်မှု များ ထွက်ပေါ်လာခဲ့ကြောင်းသိရသည်။ အဆိုပါ ပြစ်တင်ဝေဖန်မှုများကို တုံ့ပြန်သည့်အနေဖြင့် သမ္မတဂျိုကိုဝီဒိုဒိုသည် နူဆန်တာရာမြို့တော် တည်ဆောက်မည့်နေရာတွင် ဒေသခံအလုပ်သမားများ ပါဝင်ကြောင်းသေချာစေရန်အတွက် အလုပ်သမားအင်အားကို (၁၅၀ဝဝဝ)မှ (၂)သိန်းကြားထိ တိုးမြှင့်ရန် နူဆန်တာရာမြို့ အာဏာပိုင်များကို ညွှန်ကြားခဲ့ကြောင်း သိရသည်။ သို့သော်လည်း ကိုဗစ်(၁၉)ကပ် ရောဂါ ကာကွယ်ဆေးထိုးနှံမှု မပြီးဆုံးခင်အချိန် ၂၀၂၂ ခုနှစ် မတ်လအထိ ဆောက်လုပ်ရေးလုပ်ငန်းများ နှောင့်နှေးခဲ့ရကြောင်းလည်းသိရသည်။ ထို့ပြင် ငွေကြေး မလုံလောက်မှုများကြောင့် ၂၀၂၂ခုနှစ် မတ်လ တွင် ဂျပန် SoftBank Group ကုမ္ပဏီသည် အဆိုပါ စီမံကိန်းမှ နုတ်ထွက်ခဲ့ကြောင်းသိရသည်။ အင်ဒိုနီးရှားအစိုးရသည် အဆိုပါစီမံကိန်း ရန်ပုံငွေ၏ (၁၉ဒသမ၂)ရာခိုင်နှုန်းကိုသာ ထောက်ပံ့ ပေးမည်ဖြစ်ပြီး အခြားရန်ပုံငွေများမှာ ပြည်တွင်းနှင့် ပြည်ပ ရင်းနှီးမြှုပ်နှံသူများထံမှ ရရှိရန်စီစဉ်ထား ခြင်းဖြစ်ကြောင်းသိရသည်။ တောင်ကုန်းရှုခင်းပါဝင်သော နူဆန်တာရာမြို့သည် ကမ္ဘာပေါ်တွင် တတိယ မြောက် အကြီးဆုံးကျွန်းတစ်ခုဖြစ်သော ဘော်နီယိုကျွန်းအရှေ့ဘက်ကမ်းရိုးတန်းတွင် တည်ရှိမည် ဖြစ်သည်။အဆိုပါမြို့တော်သည် အရှေ့ကာလီမန်တန်ပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး အရှေ့ ဘက်တွင် Makassar ရေလက်ကြားနှင့် တောင်ဘက်တွင် Balikpapan ပင်လယ်အော်အထိရှည်သော ကမ်းရိုးတန်းလည်း ပါရှိမည်ဖြစ်သည်။

zawgyi version
အင္ဒိုနီးရွားႏိုင္ငံရဲ႕ ၿမိဳ႕ေတာ္အသစ္ျဖစ္လာမယ့္ ႏူဆန္တာရာၿမိဳ႕ေတာ္အေၾကာင္း
Pika(NP News) - ‌ဇြန္ ၂

အင္ဒိုနီးရွားအစိုးရသည္ ႏိုင္ငံ၏ ၿမိဳ႕ေတာ္အသစ္ျဖစ္လာမည့္ ႏူဆန္တာရာၿမိဳ႕ကို ေဘာ္နီယို ကြၽန္းအေရွ႕ဘက္ကမ္း႐ိုးတန္းရွိ အေရွ႕ကာလီမန္တန္ ျပည္နယ္တြင္တည္ေဆာက္ေနေၾကာင္းသိရသည္။ ႏူဆန္တာရာၿမိဳ႕ေတာ္သည္ အင္ဒိုနီးရွား ႏိုင္ငံ၏ အနာဂတ္ၿမိဳ႕ေတာ္သစ္ ျဖစ္လာမည္ျဖစ္ၿပီး ၂၀၂၄ ခုႏွစ္ ဩဂုတ္လ(၁၇)ရက္ေန႔တြင္ ဖြင့္ပြဲက်င္းပရန္ စီစဥ္ထားေၾကာင္းသိရသည္။ႏူဆန္တာရာၿမိဳ႕ကို အင္ဒိုနီးရွားႏိုင္ငံ၏ ၿမိဳ႕ေတာ္အျဖစ္ ဂ်ာကာတာၿမိဳ႕ေနရာတြင္အစားထိုးသြားမည္ျဖစ္ၿပီး လြတ္လပ္ေရး ရခဲ့သည့္ ၁၉၄၅ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္ ၿမိဳ႕ေတာ္အသစ္ ေျပာင္းလဲျခင္းျဖစ္ေၾကာင္းလည္း သိရသည္။

ႏူဆန္တာရာၿမိဳ႕သည္ ဧရိယာအက်ယ္အဝန္း (၂၅၆၀) စတုရန္းကီလိုမီတာရွိမည္ျဖစ္ၿပီး ေတာင္ ကုန္းရႈခင္းမ်ား၊ သစ္ေတာ၊ သဘာဝပင္လယ္ေအာ္တို႔ျဖင့္ ဝန္းရံထားမည္လည္းျဖစ္သည္။ ႏူဆန္တာရာ ၿမိဳ႕ေတာ္အတြက္ ေျမရာရွင္းလင္းျခင္း၊ လမ္းမ်ားေဖာက္လုပ္ျခင္းတို႔ႏွင့္အတူ တည္ေဆာက္မႈမ်ားကို ၂၀၂၂ ခုႏွစ္ ဇူလိုင္လတြင္ စတင္ခဲ့ေၾကာင္းသိရသည္။

"Government Central Area zone" ဟု လူသိမ်ားေသာ အေစာပိုင္းအဆင့္တြင္ အစိုးရ႐ုံးမ်ား ၊ ေက်ာင္းမ်ားႏွင့္ေဆး႐ုံမ်ားကို တည္ေဆာက္မႈမ်ားပါဝင္မည္ျဖစ္သည္။ အဆိုပါ စီမံကိန္းသည္ စုစုေပါင္း ကုန္က်စရိတ္ အေမရိကန္ ေဒၚလာ (၃၅)ဘီလ်ံခန႔္ရွိမည္ဟု ခန႔္မွန္းထားၾကၿပီး တည္ေဆာက္မႈမ်ားတြင္ အဆင့္(၅)ဆင့္ပါဝင္မည္ျဖစ္ေၾကာင္းလည္းသိရသည္။
ႏူဆန္တာရာၿမိဳ႕ေတာ္အတြက္ အဆင့္ (၁)ကို ၂၀၂၂ ခုႏွစ္ ဩဂုတ္လတြင္စတင္ခဲ့ၿပီး အင္ဒိုနီး ရွားႏိုင္ငံတစ္ဝန္းမွ အလုပ္သမားဦးေရ(၁၅၀ဝဝဝ)မွ (၂)သိန္းဝန္းက်င္ထိ ပါဝင္ခဲ့ေၾကာင္းသိရ သည္။ထို႔ ျပင္ ႏူဆန္တာရာၿမိဳ႕ေတာ္ စီမံကိန္းကို ၂၀၄၅ခု ႏွစ္တြင္ အၿပီးသတ္ႏိုင္မည္ဟု ေမွ်ာ္လင့္ထားၾက ေၾကာင္းလည္းသိရသည္။ အင္ဒိုနီးရွားေ႐ြးေကာက္ခံသမၼတ ပရာဘိုဝိုစူဘီယန္တို ၏ က်မ္းသစၥာ က်ိန္ဆိုပြဲအတြက္ အခ်ိန္ မီ ၂၀၂၄ခုႏွစ္ ေအာက္တိုဘာလတြင္ ႏူဆန္တာရာၿမိဳ႕ေတာ္သို႔ ႏိုင္ငံ့ဝန္ထမ္း ေပါင္း(၆)ေထာင္ခန႔္ ေျပာင္းေ႐ႊ႕သြားႏိုင္ဖြယ္ရွိေနေၾကာင္းလည္းသိရသည္။

၂၀၂၄ ခုႏွစ္အကုန္တြင္ ႏူဆန္တာရာၿမိဳ႕ေတာ္သို႔ ႏိုင္ငံ့ဝန္ထမ္းေပါင္း(၁၂၀ဝဝ)ခန႔္ ေျပာင္း ေ႐ႊ႕ႏိုင္မည္ဟု အာဏာပိုင္မ်ားက ေမွ်ာ္လင့္ထားၾကသည္။ ထို႔ျပင္ အင္ဒိုနီးရွားသမၼတ႐ုံးၿပီးလွ်င္ ၿမိဳ႕ျပ ႏွင့္အိမ္ရာဖြံ႕ၿဖိဳးေရးဝန္ႀကီးဌာနသည္ ၂၀၂၄ခုႏွစ္ ဇူလိုင္လတြင္ ႏူဆန္တာရာၿမိဳ႕ေတာ္သို႔ ေျပာင္းေ႐ႊ႕ သြားမည့္ ပထမဆုံးေသာဝန္ႀကီးဌာန ျဖစ္လာမည္ျဖစ္ေၾကာင္းလည္းသိရသည္။

၂၀၁၇ ခုႏွစ္ ဧၿပီလတြင္ အင္ဒိုနီးရွားသမၼတ ဂ်ိဳကိုဝီဒိုဒို၏အစိုးရသည္ ဂ်ာကာတာၿမိဳ႕ေတာ္ကို အစားထိုးရန္ လႈပ္ရွားမႈကို ျပန္လည္စတင္ခဲ့ၿပီး အဆိုပါ ႏွစ္အကုန္တြင္ ႏိုင္ငံ၏ၿမိဳ႕ေတာ္အသစ္အတြက္ အလားအလာရွိေသာ အစားထိုးေနရာမ်ားကို အကဲျဖတ္သြားမည္ဟု ကတိျပဳခဲ့ေၾကာင္း သိရသည္။ အင္ဒိုနီးရွားအစိုးရသည္ ၿမိဳ႕ေတာ္အသစ္ အတြက္ေနရာကို ဂ်ာဗားကြၽန္းအျပင္ဘက္တြင္ တည္ ေဆာက္ရန္ဆုံးျဖတ္ခဲ့ေၾကာင္း ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရး စီမံကိန္းဝန္ႀကီးဌာန၏ အရာရွိမ်ားက ေျပာၾကား ခဲ့သည္။ အဆိုပါအစီအစဥ္ကို ထုတ္ျပန္ေၾကညာၿပီးေနာက္ မၾကာမီ သမၼတဂ်ိဳကိုဝီဒိုဒိုသည္ အေရွ႕ ကာလီမန္တန္ျပည္နယ္ရွိ Bukit Soeharto ေဒသႏွင့္Palangka Raya ၿမိဳ႕အနီးရွိ ႀတိဂံေဒသသို႔ သြားေရာက္ လည္ပတ္ခဲ့ေၾကာင္းသိရသည္။

ထို႔ေနာက္ အင္ဒိုနီးရွားအစိုးရသည္ ၿမိဳ႕ေတာ္အသစ္သို႔ အစိုးရ႐ုံးမ်ားအားလုံးကို ေျပာင္းေ႐ႊ႕ မည့္(၁၀)ႏွစ္စီမံကိန္းကို ၂၀၁၉ခုႏွစ္ ဧၿပီလတြင္ ထုတ္ျပန္ေၾကညာခဲ့သည္။ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရး စီမံကိန္းဝန္ႀကီးဌာနသည္ ဂ်ိဳကိုဝီဒိုဒိုသြားေရာက္ လည္ပတ္ခဲ့သည့္ ေတာင္၊အလယ္ပိုင္းႏွင့္ အေရွ႕ကာလီ မန္တန္ ျပည္နယ္သုံးခုကို အႀကံျပဳခဲ့ၿပီး ျပည္နယ္တစ္ခုခ်င္းစီသည္ၿမိဳ႕ေတာ္ အသစ္တစ္ခု၏ လိုအပ္ခ်က္မ်ားႏွင့္ကိုက္ညီေၾကာင္းေျပာဆိုခဲ့သည္။ ႏူဆန္တာရာၿမိဳ႕အတြက္ ေျပာင္းေ႐ႊ႕မႈ မ်ားကို ၁၉၆၀ ခုႏွစ္တြင္ ၿမိဳ႕ေတာ္အသစ္ျဖစ္ေသာ Brasilia ၿမိဳ႕ကို ရီယိုဒီဂ်ေနးရီးယိုးၿမိဳ႕ေနရာတြင္ အစားထိုးခဲ့ေသာ ဘရာဇီးႏိုင္ငံထံမွ သင္ခန္းစာယူထား ျခင္းျဖစ္ေၾကာင္းသိရသည္။ ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႕ၿဖိဳးေရး ဝန္ႀကီးဌာနသည္ ႏူဆန္တာရာၿမိဳ႕အတြက္ ဒီဇိုင္းၿပိဳင္ပြဲကို ၂၀၁၉ ခုႏွစ္ေႏွာင္းပိုင္းတြင္ က်င္းပခဲ့ၿပီး အႏိုင္ရရွိသူမွာ Nagara Rimba Nusa ဟု ေခၚေသာ အင္ဒိုနီးရွားဗိသုကာကုမၸဏီ Urban+ ျဖစ္ေၾကာင္း ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလ(၂၃)ရက္ေန႔တြင္ တရားဝင္ ေၾကညာခဲ့သည္။ ထို႔ျပင္ ႏူဆန္တာရာၿမိဳ႕ ဒီဇိုင္းတြင္ ပါဝင္ရန္အတြက္ တ႐ုတ္၊အေမရိကန္ႏွင့္ ဂ်ပန္တို႔မွ ဒီဇိုင္နာမ်ားကို အင္ဒိုနီးရွားအစိုးရက ကမ္းလွမ္းခဲ့ေၾကာင္းလည္း သိရသည္။

ႏူဆန္တာရာၿမိဳ႕သည္ ၎၏ပတ္ဝန္းက်င္ရွိ ကာလီမန္တန္သစ္ေတာမ်ားကို ေရရွည္တည္တံ့ ခိုင္မာေစရန္ႏွင့္ ကာကြယ္ရန္အတြက္ ဒီဇိုင္း ဆြဲထားေၾကာင္းလည္းသိရသည္။
ထို႔ျပင္ ႏူဆန္တာရာၿမိဳ႕၏ (၈၀)ရာခိုင္ႏႈန္းကို အမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရး၊ စက္ဘီး စီးျခင္း သို႔မဟုတ္ လမ္းေလွ်ာက္ျခင္းႏွင့္ အသုံးျပဳမည့္ စြမ္းအင္အားလုံးကို ျပန္လည္ျပည့္ၿဖိဳးၿမဲ အရင္း အျမစ္မ်ားမွ ထုတ္ယူရန္အတြက္ အသုံးျပဳသြားမည္ျဖစ္ၿပီး ဧရိယာ၏(၁၀)ရာခိုင္ႏႈန္းကို အစားအေသာက္ ထုတ္လုပ္ရန္အတြက္ အသုံးျပဳသြားမည္ျဖစ္သည္။

၂၀၂၂ ခုႏွစ္တြင္ ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႕ၿဖိဳးေရး ဝန္ႀကီးဌာနသည္ ဒုသမၼတ႐ုံး၊ ဥပေဒျပဳလႊတ္ေတာ္႐ုံး အေဆာက္အအုံ၊ တရားစီရင္ေရး႐ုံး အေဆာက္အအုံႏွင့္ Pancasila ေရကန္ေဘးရွိ အမ်ားျပည္သူဝတ္ျပဳ ဆုေတာင္းႏိုင္မည့္ အေဆာက္အအုံအတြက္ ဒီဇိုင္း ၿပိဳင္ပြဲကို ထပ္မံက်င္းပခဲ့ေၾကာင္းသိရသည္။

၂၀၂၂ ခုႏွစ္ ဇူလိုင္လတြင္ အင္ဒိုနီးရွား အစိုးရသည္ ႏိုင္ငံတစ္ဝန္းမွ အလုပ္သမား(၁)သိန္း ကို ႏူဆန္တာရာၿမိဳ႕တည္ေဆာက္မည့္ေနရာသို႔ ေစလႊတ္ခဲ့ေၾကာင္းသိရသည္။ သို႔ေသာ္လည္း ေဒသခံအ လုပ္သမားမ်ား လုံေလာက္စြာပါဝင္ျခင္းမရွိသည့္အတြက္ အဆိုပါဆုံးျဖတ္ခ်က္အေပၚ ျပစ္တင္ေဝဖန္မႈ မ်ား ထြက္ေပၚလာခဲ့ေၾကာင္းသိရသည္။ အဆိုပါ ျပစ္တင္ေဝဖန္မႈမ်ားကို တုံ႔ျပန္သည့္အေနျဖင့္ သမၼတဂ်ိဳကိုဝီဒိုဒိုသည္ ႏူဆန္တာရာၿမိဳ႕ေတာ္ တည္ေဆာက္မည့္ေနရာတြင္ ေဒသခံအလုပ္သမားမ်ား ပါဝင္ေၾကာင္းေသခ်ာေစရန္အတြက္ အလုပ္သမားအင္အားကို (၁၅၀ဝဝဝ)မွ (၂)သိန္းၾကားထိ တိုးျမႇင့္ရန္ ႏူဆန္တာရာၿမိဳ႕ အာဏာပိုင္မ်ားကို ၫႊန္ၾကားခဲ့ေၾကာင္း သိရသည္။ သို႔ေသာ္လည္း ကိုဗစ္(၁၉)ကပ္ ေရာဂါ ကာကြယ္ေဆးထိုးႏွံမႈ မၿပီးဆုံးခင္အခ်ိန္ ၂၀၂၂ ခုႏွစ္ မတ္လအထိ ေဆာက္လုပ္ေရးလုပ္ငန္းမ်ား ေႏွာင့္ေႏွးခဲ့ရေၾကာင္းလည္းသိရသည္။ ထို႔ျပင္ ေငြေၾကး မလုံေလာက္မႈမ်ားေၾကာင့္ ၂၀၂၂ခုႏွစ္ မတ္လ တြင္ ဂ်ပန္ SoftBank Group ကုမၸဏီသည္ အဆိုပါ စီမံကိန္းမွ ႏုတ္ထြက္ခဲ့ေၾကာင္းသိရသည္။ အင္ဒိုနီးရွားအစိုးရသည္ အဆိုပါစီမံကိန္း ရန္ပုံေငြ၏ (၁၉ဒသမ၂)ရာခိုင္ႏႈန္းကိုသာ ေထာက္ပံ့ ေပးမည္ျဖစ္ၿပီး အျခားရန္ပုံေငြမ်ားမွာ ျပည္တြင္းႏွင့္ ျပည္ပ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားထံမွ ရရွိရန္စီစဥ္ထား ျခင္းျဖစ္ေၾကာင္းသိရသည္။ ေတာင္ကုန္းရႈခင္းပါဝင္ေသာ ႏူဆန္တာရာၿမိဳ႕သည္ ကမာၻေပၚတြင္ တတိယ ေျမာက္ အႀကီးဆုံးကြၽန္းတစ္ခုျဖစ္ေသာ ေဘာ္နီယိုကြၽန္းအေရွ႕ဘက္ကမ္း႐ိုးတန္းတြင္ တည္ရွိမည္ ျဖစ္သည္။အဆိုပါၿမိဳ႕ေတာ္သည္ အေရွ႕ကာလီမန္တန္ျပည္နယ္ႏွင့္ နယ္နိမိတ္ခ်င္းထိစပ္ေနၿပီး အေရွ႕ ဘက္တြင္ Makassar ေရလက္ၾကားႏွင့္ ေတာင္ဘက္တြင္ Balikpapan ပင္လယ္ေအာ္အထိရွည္ေသာ ကမ္း႐ိုးတန္းလည္း ပါရွိမည္ျဖစ္သည္။

Related news

© 2021. All rights reserved.