အညာဒေသသည် KIA ၊ AA လက်နက်ကိုင်အဖွဲ့များ၏ ကြားခံ ဟန့်တားနယ်မြေ အဖြစ် အသုံးချခံနေရပြီး အလုံးစုံချွတ်ခြုံကျသွားနိုင်ဟု သုံးသပ်မှုများရှိနေ (သတင်းဆောင်းပါး)

 9989

မြူနစ် (NP News) - ဇွန် ၄

အညာဒေသများဖြစ်သော စစ်ကိုင်းနှင့် မကွေးတို့သည် KIA/ AA လက်နက်ကိုင် အဖွဲ့များ၏ ကြားခံဟန့်တားနယ်မြေအဖြစ် အသုံးချခံနေရပြီး အလုံးစုံချွတ်ခြုံကျသွားနိုင်ကြောင်း နိုင်ငံရေးပါတီအသိုင်းအဝိုင်းက သုံးသပ်ထားသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ တပ်မတော်က နိုင်ငံတော်အာဏာရယူခဲ့ပြီးနောက်ပိုင်းတွင် အညာဒေသ၌ PDF ဟုခေါ်သော လက်နက်ကိုင်အဖွဲ့အစည်း အများအပြားပေါ်ပေါက်လာသကဲ့သို့ ပစ်ခတ်တိုက်ခိုက်မှုများမှာလည်း နေ့စဉ်လိုလို ဖြစ်ပွားနေလျက်ရှိသည်။စစ်ကိုင်းတိုင်းသည် ကချင်လက်နက်ကိုင် အဖွဲ့ KIA လှုပ်ရှားရာနယ်မြေများနှင့် ထိစပ် နေသကဲ့သို့ မကွေးတိုင်းသည်လည်း ရခိုင်လက်နက်ကိုင် အဖွဲ့ AA လှုပ်ရှားနယ်မြေများနှင့် ထိစပ်နေ လျက်ရှိသည်။

၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားချိန်တွင် KIA နှင့် AA အဖွဲ့တို့သည် PDF အဖွဲ့ဝင် များကို စစ်သင်တန်းသင်ကြားပေးမှုနှင့်အတူ လက်နက်ထောက်ပံ့မှုများကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။ လက်ရှိတွင် အညာဒေသသည် KIA ၊ AA လက်နက်ကိုင်အဖွဲ့အပါအဝင် ချင်းလက်နက် ကိုင်အဖွဲ့များ၏ ကြားခံဟန့်တားနယ်မြေတစ်ခုအဖြစ် အသုံးချခံနေရပြီး စစ်ပွဲဖော်ဆောင်ရာ နယ်မြေတစ်ခုအဖြစ် ရှိနေကြောင်း နိုင်ငံရေးပါတီအသိုင်းအဝိုင်းက သုံးသပ်နေကြသည်။

‘ ချင်းတို့၊ ကချင်တို့ကို အခြေပြုလာတဲ့ လက်နက်ကိုင်တွေ၊ မူလလက်နက်ကိုင်ကတော့ ကချင်မှာဆိုရင် KIA ပေါ့။ အဲဒီလိုမဟုတ်ဘဲနဲ့ တခြားလက်နက်ကိုင်အဖွဲ့အစည်းတွေပါလာတယ် ဆိုရင် စစ်ကိုင်းသည် ပြည်မနဲ့ ကချင်တို့၊ ချင်းတို့ ကြားမှာ ကြားခံဇုန်ဖြစ်သွားမှာပေါ့။ အဲဒီတော့ စစ်ကိုင်းက အများအားဖြင့်တော့ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေရဲ့ ရှေ့ထွက်ကင်းတွေရဲ့နေရာ၊ စစ်မြေပြင် ဖြစ်သွား မှာပေါ့။ အဲဒီတော့ ဒါမျိုးကို မကွေးလည်း ဖြစ်တတ်တာပေါ့။ စစ်ကိုင်းလည်း ဖြစ်တတ်ပါတယ်။ နှစ်ဖက် ရဲ့ စစ်မက်ပြိုင်ကြတဲ့နေရာကြားထဲမှာ မြေစာပင် ဖြစ်သွားတာပေါ့ ’ ဟု ပြည်တွင်းရှိ နိုင်ငံရေးပါတီ တစ်ခု၏ ခေါင်းဆောင်က NP News ကို သုံးသပ်ပြောကြားသည်။

လက်ရှိတွင် အညာဒေသ၌ ဒေသခံပြည် သူ့ကာကွယ်ရေးအဖွဲ့(LPDF)ဟုခေါ်ဆိုသော အဖွဲ့အစည်းပေါင်း ရာနှင့်ချီကာရှိနေကြောင်းသိရှိရပြီး ၎င်းတို့ဖော်ဆောင်သည့်တိုက်ပွဲများတွင်လည်း KIA အဖွဲ့၏တပ်ဖွဲ့ဝင်များက ပူးပေါင်းပါဝင်တိုက်ခိုက်မှုများ ရှိနေကြောင်း သိရသည်။ အညာဒေသတွင် တပ်မတော်နှင့် PDF အဖွဲ့တို့ကြား၌ ထိတွေ့တိုက်ပွဲများ မကြာခဏဆို သကဲ့သို့ ဖြစ်ပွားနေလျက်ရှိသည့်အပြင် အကြမ်းဖက် သတ်ဖြတ်မှု၊ လုယက်မှု၊ ပြန်ပေးဆွဲမှု စသော ဖြစ်စဉ် များမှာလည်း ပိုမိုဖြစ်ပွားလာနေသည်ကို တွေ့ရှိရသည်။

“ အများအားဖြင့် ကျွန်တော်တို့လည်း ကြားပါတယ်။ KIA သည် လေ့ကျင့်ထားတဲ့ ပြည်မ ဗဟို ပြုတဲ့ PDF တို့၊ ဘာတို့ကိုလည်း ဒီဘက်နယ်ထဲကို လွှတ်မှာပေါ့ဗျာ။ အဲဒီလိုပဲ ULA^AA ဘက်ကလည်း မကွေးနယ်ထဲကို လွှတ်မှာပေါ့။ သူရဲ့နယ်မြေကို ကာဖို့အတွက်လေ။ သတ်မှတ်ဧရိယာရဲ့ ပြင်ပကို ထွက်တဲ့ ကာကင်းလုပ်ပေးရမှာပေါ့။ အဲဒီလိုပဲ ဒီဘက်က အစိုးရဘက်ကလည်း KIA ဘက်ကို ထိုးဖောက် ဖို့အတွက် စစ်ကိုင်းသည် ကြားခံနယ်မြေတစ်ခုဖြစ်တာပေါ့။ အဲဒီတော့ ကျေးလက်လူထုက စစ်မက်ပြိုင် ဆိုင်တဲ့နေရာမှာ နှစ်ဖက်ရဲ့ကြားထဲကို ညပ်မိနေတာပေါ့ဗျာ။ အထိအတွေ့များမယ်။ အသေအပျောက်များမယ် ” ဟု နိုင်ငံရေးပါတီတစ်ခု၏ခေါင်းဆောင်က ဆက်လက်ပြောသည်။

ယခုအခြေအနေတွင် အညာဒေသရှိ ပြည်သူလူထုသည် ပြည်တွင်းစစ်၏ ဒဏ်ရာ ဒဏ်ချက်များကို အပြင်းအထန်ခံစားနေရလျက်ရှိပြီး နှစ်ဖက်လက်နက်ကိုင်အဖွဲ့များကြား မြေစာပင်အဖြစ် ရှင်သန်ရပ်တည်နေရလျက်ရှိကြောင်း သုံးသပ်မှုများရှိနေသည်။ “ပွင့်ပွင့်လင်းလင်းပြောရရင် မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့ရဲ့ဦးတည်ချက်ကို ကြည့်လေ။ တစ်က ကျားဖျန့်ပပျောက်ဖို့၊ နှစ်ကတော့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးဆိုတာကို ဦးတည်တာပေါ့။ အဲဒီဦးတည်ချက်က လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေမှာ NUG နဲ့နွယ်တဲ့ PDF အဖွဲ့တွေ အကုန်လုံးကို ဒီစစ်ဆင်ရေးအပေါ်မှာပါလာအောင် ဖိတ်ခေါ်လိုက်တာပဲလေ။ တကယ်ဗဟိုပြုတာက စစ်အာဏာရှင်စနစ်ကိုတိုက်ဖို့ ဗဟိုချက်ဖြစ်တဲ့အခါကျတော့ အခုနက စစ်ကိုင်းထဲမှာရှိတဲ့ ဗမာ လူမျိုးတွေ၊ လူငယ်တွေကလည်းပဲ အဲဒီအတွက် လက်နက်ကိုင်တယ်။ ကိုင်တဲ့လက်နက်ကို ဟိုဘက်က ထောက်ပံ့တယ်။ ကိုင်လို့ရအောင် လေ့ကျင့်ပေးတယ်ပေါ့ဗျာ။ KIA တို့ဘက်ကလည်း သူ့ဘက်ကို လာမတိုက်ရဲအောင် buffer zone လုပ်တာပေါ့။ အဲဒီမှာ KIA ခေါင်းဆောင်တွေနဲ့ ဒီဘက်က ကြားခံ နယ်ထဲမှာ PDF တွေကို လေ့ကျင့်ပေးမယ်။ ပြီးတော့မှ မြန်မာ့တပ်မတော် ဘက်က သူ့ဘက်ကို မလာနိုင်အောင် ဟန့်တားမှာပေါ့။ အဲဒီတော့ ကြားခံစစ်မြေပြင်ဖြစ်နေတယ်။ နှစ်ဖက် တိုက်ကြတော့ ရွာတွေ မီးလောင်တာပေါ့ဗျာ။ သူကဆုတ်ပေးရင် ကိုယ်က အဲဒီနေရာမှာ ခိုမယ်။ အဲဒီနေရာက ကျည်ဆန်ထွက်ရင် ပစ်မယ်။ အဲဒီတော့ ရွာပျက်တာပေါ့ ” ဟု အထက်ပါခေါင်းဆောင်က ဆက် လက်ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လမှစ၍ လက်ရှိအချိန်ထိ အကြမ်းဖက်သတ်ခံရသူ ဦးရေမှာ (၈၀ဝဝ) ကျော်အထိရှိနေပြီး အကြမ်းဖက် သတ်ဖြတ်မှုဖြစ်စဉ်အများစုသည် အညာဒေသတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နစက၏ သတင်းအချက်အလက်များအရ သိရသည်။ မြန်မာနိုင်ငံတွင် အနည်း ဆုံးလူ(၃)ဦးနှင့်အထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံခဲ့ရသောဖြစ်စဉ်သည် လက်ရှိနစကအစိုးရ လက်ထက်တွင် (၇၅)ခုထက်မနည်း ဖြစ်ပွားခဲ့သည်ကို တွေ့ရှိရသည်။

ထို့ပြင် အညာဒေသတွင် လက်နက်ကိုင် အဖွဲ့အစည်းများအကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများ ကြောင့် မြို့ရွာအဆောက်အအုံအများအပြားပျက်စီးမှုများ ရှိနေသကဲ့သို့ ဒေသခံပြည်သူအများအပြား သည်လည်း နေရပ်စွန့်ခွာစစ်ဘေးရှောင်နေရလျက်ရှိသည်။

‘ အခုဆိုရင် တစ်ရွာနဲ့တစ်ရွာ လွတ်လွတ် လပ်လပ်သွားဖို့ မဖြစ်နိုင်တော့ဘူး။ တစ်ယောက်နဲ့ တစ်ယောက်က မယုံကြည်တော့သလို ဖြစ်သွားကြ တယ်။ ကိုယ့်အလုပ်ကိုယ်လုပ်နေရင်တောင်မှ ဘယ် သူ့ကို မထောက်ခံလို့၊ ငါ့ကိုမထောက်ခံလို့ဆိုတာတွေ ဖြစ်လာတယ်။ ဒီမှာက အကြမ်းဖက်ဖမ်းဆီးသတ် ဖြတ်တာတွေပါ ဖြစ်လာတယ်။ ပိုပြီးတော့ မလုံမခြုံ ဖြစ်လာတယ်။ ပြီးတော့ မီးရှို့ခံရတဲ့ရွာတွေကလည်း မနည်းတော့ဘူး။ ကားလမ်းတွေ၊ ရွာလမ်းတွေမှာ မိုင်း တွေအတော်လေးကို များလာတယ်။ အဲဒါတွေ ကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ထိခိုက်တယ်။ သွားရ လာရတာမလုံခြုံဘူး။ အတော်လေးကို ခက်ခဲပါတယ်’ ဟု စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ရှိ မဒေါင်းလှရွာမှ ဒေသခံတစ်ဦးက NP News ကို ပြောသည်။

စစ်ကိုင်းတိုင်းအတွင်း၌ လက်နက်ကိုင် ပဋိပက္ခများ ပိုမိုရှုပ်ထွေးလာမှုနှင့်အတူ မကြာခဏဖြစ် ပွားနေသည့်တိုက်ပွဲများကြောင့် ဒေသခံပြည်သူလူထုအနေဖြင့်လည်း နေရပ်စွန့်စွာစစ်ဘေးရှောင်နေရ သည့်အပြင် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးလုပ်ငန်းများတွင်လည်း နစ်နာမှုများဖြစ်ပေါ်နေကြောင်း သိရသည်။ ပြီးခဲ့သော ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တွင် စစ်ကိုင်းတိုင်းအတွင်း အခြေခံပညာကျောင်းပေါင်း (၄၀၇၇)ကျောင်းမှာ ဖွင့်လှစ်သင်ကြားပေးနိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။

ထိုသို့ ပြည်သူလူထုခံစားနေရသည့် ဆင်းရဲဒုက္ခများကိုကျော်လွှားနိုင်ရန်အတွက် နစက အနေဖြင့် အဆိုပါပဋိပက္ခများကို နိုင်ငံရေးနည်းဖြင့် အဖြေ ရှာသင့်ကြောင်း နိုင်ငံရေးပါတီအသိုင်းအဝိုင်းက အကြံပြုထားသည်။ “အဲဒါကို နိုင်ငံရေးအားဖြင့် ဒီကိစ္စတွေကို ထွက်ပေါက်ပေးရမှာပေါ့။ လက်နက်ကိုင် ပဋိပက္ခ ကြားမှာညပ်တဲ့ ကျေးလက်လူထု ၊ အဲဒီမတိုင်ခင်ရှိခဲ့တဲ့ အိုးတွေ၊ အိမ်တွေ ပျက်ကြပြုကြ၊ ဒုက္ခသည် ဖြစ်ကြ၊ စစ်ပြေးရှောင်ကြပေါ့ဗျာ။ အဲဒီနောက်မှာ အကုန်လုံး ကျန်းမာရေး၊ ပညာရေးကအစ အကုန်လုံးချွတ်ခြုံ ကျကုန်တာပေါ့ ဆက်သွယ်ရေးကအစလေ။ ဒါတွေကို ဖြေရှင်းနိုင်တဲ့နည်းသည် နိုင်ငံရေးနည်းဆိုတာလေးကို ဒုက္ခသည်တွေဖြစ်သွားတဲ့ ကျေးလက်လူထုဘက်က သဘောပေါက် လာသည်နဲ့အမျှ ဒီပြဿနာက တဖြည်းဖြည်းနဲ့ အစားသွင်းဖြေရှင်းလာနိုင်တာပေါ့။ အစိုးရဘက် ကလည်း နိုင်ငံရေးဘောင်ကို ပြန်ချဲ့သင့်တာပေါ့ ” ဟု နိုင်ငံရေးပါတီတစ်ခုမှ ခေါင်းဆောင်တစ်ဦး ကပြောသည်။

လက်ရှိတွင် နစကအစိုးရအနေဖြင့် အညာ ဒေသရှိ ပုလဲ၊ ခင်ဦး၊ တန့်ဆည်၊ မြောင်အပါအဝင် မြို့နယ်ပေါင်း (၁၆) ခုထက်မနည်းကို စစ်အုပ်ချုပ်ရေးအမိန့် ကြေညာထားသည်။

zawgyi version
အညာေဒသသည္ KIA ၊ AA လက္နက္ကိုင္အဖြဲ႕မ်ား၏ ၾကားခံ ဟန႔္တားနယ္ေျမ
အျဖစ္ အသုံးခ်ခံေနရၿပီး အလုံးစုံခြၽတ္ၿခဳံက်သြားႏိုင္ဟု သုံးသပ္မႈမ်ားရွိေန (သတင္းေဆာင္းပါး)

ျမဴနစ္ (NP News) - ဇြန္ ၄

အညာေဒသမ်ားျဖစ္ေသာ စစ္ကိုင္းႏွင့္ မေကြးတို႔သည္ KIA/ AA လက္နက္ကိုင္ အဖြဲ႕မ်ား၏ ၾကားခံဟန႔္တားနယ္ေျမအျဖစ္ အသုံးခ်ခံေနရၿပီး အလုံးစုံခြၽတ္ၿခဳံက်သြားႏိုင္ေၾကာင္း ႏိုင္ငံေရးပါတီအသိုင္းအဝိုင္းက သုံးသပ္ထားသည္။

၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလမွစ၍ တပ္မေတာ္က ႏိုင္ငံေတာ္အာဏာရယူခဲ့ၿပီးေနာက္ပိုင္းတြင္ အညာေဒသ၌ PDF ဟုေခၚေသာ လက္နက္ကိုင္အဖြဲ႕အစည္း အမ်ားအျပားေပၚေပါက္လာသကဲ့သို႔ ပစ္ခတ္တိုက္ခိုက္မႈမ်ားမွာလည္း ေန႔စဥ္လိုလို ျဖစ္ပြားေနလ်က္ရွိသည္။စစ္ကိုင္းတိုင္းသည္ ကခ်င္လက္နက္ကိုင္ အဖြဲ႕ KIA လႈပ္ရွားရာနယ္ေျမမ်ားႏွင့္ ထိစပ္ ေနသကဲ့သို႔ မေကြးတိုင္းသည္လည္း ရခိုင္လက္နက္ကိုင္ အဖြဲ႕ AA လႈပ္ရွားနယ္ေျမမ်ားႏွင့္ ထိစပ္ေန လ်က္ရွိသည္။

၂၀၂၁ ခုႏွစ္ ႏိုင္ငံေရးအေျပာင္းအလဲျဖစ္ပြားခ်ိန္တြင္ KIA ႏွင့္ AA အဖြဲ႕တို႔သည္ PDF အဖြဲ႕ဝင္ မ်ားကို စစ္သင္တန္းသင္ၾကားေပးမႈႏွင့္အတူ လက္နက္ေထာက္ပံ့မႈမ်ားကိုလည္း ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။ လက္ရွိတြင္ အညာေဒသသည္ KIA ၊ AA လက္နက္ကိုင္အဖြဲ႕အပါအဝင္ ခ်င္းလက္နက္ ကိုင္အဖြဲ႕မ်ား၏ ၾကားခံဟန႔္တားနယ္ေျမတစ္ခုအျဖစ္ အသုံးခ်ခံေနရၿပီး စစ္ပြဲေဖာ္ေဆာင္ရာ နယ္ေျမတစ္ခုအျဖစ္ ရွိေနေၾကာင္း ႏိုင္ငံေရးပါတီအသိုင္းအဝိုင္းက သုံးသပ္ေနၾကသည္။

‘ ခ်င္းတို႔၊ ကခ်င္တို႔ကို အေျချပဳလာတဲ့ လက္နက္ကိုင္ေတြ၊ မူလလက္နက္ကိုင္ကေတာ့ ကခ်င္မွာဆိုရင္ KIA ေပါ့။ အဲဒီလိုမဟုတ္ဘဲနဲ႔ တျခားလက္နက္ကိုင္အဖြဲ႕အစည္းေတြပါလာတယ္ ဆိုရင္ စစ္ကိုင္းသည္ ျပည္မနဲ႔ ကခ်င္တို႔၊ ခ်င္းတို႔ ၾကားမွာ ၾကားခံဇုန္ျဖစ္သြားမွာေပါ့။ အဲဒီေတာ့ စစ္ကိုင္းက အမ်ားအားျဖင့္ေတာ့ ႏွစ္ဖက္ထိေတြ႕တိုက္ပြဲေတြရဲ႕ ေရွ႕ထြက္ကင္းေတြရဲ႕ေနရာ၊ စစ္ေျမျပင္ ျဖစ္သြား မွာေပါ့။ အဲဒီေတာ့ ဒါမ်ိဳးကို မေကြးလည္း ျဖစ္တတ္တာေပါ့။ စစ္ကိုင္းလည္း ျဖစ္တတ္ပါတယ္။ ႏွစ္ဖက္ ရဲ႕ စစ္မက္ၿပိဳင္ၾကတဲ့ေနရာၾကားထဲမွာ ေျမစာပင္ ျဖစ္သြားတာေပါ့ ’ ဟု ျပည္တြင္းရွိ ႏိုင္ငံေရးပါတီ တစ္ခု၏ ေခါင္းေဆာင္က NP News ကို သုံးသပ္ေျပာၾကားသည္။

လက္ရွိတြင္ အညာေဒသ၌ ေဒသခံျပည္ သူ႔ကာကြယ္ေရးအဖြဲ႕(LPDF)ဟုေခၚဆိုေသာ အဖြဲ႕အစည္းေပါင္း ရာႏွင့္ခ်ီကာရွိေနေၾကာင္းသိရွိရၿပီး ၎တို႔ေဖာ္ေဆာင္သည့္တိုက္ပြဲမ်ားတြင္လည္း KIA အဖြဲ႕၏တပ္ဖြဲ႕ဝင္မ်ားက ပူးေပါင္းပါဝင္တိုက္ခိုက္မႈမ်ား ရွိေနေၾကာင္း သိရသည္။ အညာေဒသတြင္ တပ္မေတာ္ႏွင့္ PDF အဖြဲ႕တို႔ၾကား၌ ထိေတြ႕တိုက္ပြဲမ်ား မၾကာခဏဆို သကဲ့သို႔ ျဖစ္ပြားေနလ်က္ရွိသည့္အျပင္ အၾကမ္းဖက္ သတ္ျဖတ္မႈ၊ လုယက္မႈ၊ ျပန္ေပးဆြဲမႈ စေသာ ျဖစ္စဥ္ မ်ားမွာလည္း ပိုမိုျဖစ္ပြားလာေနသည္ကို ေတြ႕ရွိရသည္။

“ အမ်ားအားျဖင့္ ကြၽန္ေတာ္တို႔လည္း ၾကားပါတယ္။ KIA သည္ ေလ့က်င့္ထားတဲ့ ျပည္မ ဗဟို ျပဳတဲ့ PDF တို႔၊ ဘာတို႔ကိုလည္း ဒီဘက္နယ္ထဲကို လႊတ္မွာေပါ့ဗ်ာ။ အဲဒီလိုပဲ ULA^AA ဘက္ကလည္း မေကြးနယ္ထဲကို လႊတ္မွာေပါ့။ သူရဲ႕နယ္ေျမကို ကာဖို႔အတြက္ေလ။ သတ္မွတ္ဧရိယာရဲ႕ ျပင္ပကို ထြက္တဲ့ ကာကင္းလုပ္ေပးရမွာေပါ့။ အဲဒီလိုပဲ ဒီဘက္က အစိုးရဘက္ကလည္း KIA ဘက္ကို ထိုးေဖာက္ ဖို႔အတြက္ စစ္ကိုင္းသည္ ၾကားခံနယ္ေျမတစ္ခုျဖစ္တာေပါ့။ အဲဒီေတာ့ ေက်းလက္လူထုက စစ္မက္ၿပိဳင္ ဆိုင္တဲ့ေနရာမွာ ႏွစ္ဖက္ရဲ႕ၾကားထဲကို ညပ္မိေနတာေပါ့ဗ်ာ။ အထိအေတြ႕မ်ားမယ္။ အေသအေပ်ာက္မ်ားမယ္ ” ဟု ႏိုင္ငံေရးပါတီတစ္ခု၏ေခါင္းေဆာင္က ဆက္လက္ေျပာသည္။

ယခုအေျခအေနတြင္ အညာေဒသရွိ ျပည္သူလူထုသည္ ျပည္တြင္းစစ္၏ ဒဏ္ရာ ဒဏ္ခ်က္မ်ားကို အျပင္းအထန္ခံစားေနရလ်က္ရွိၿပီး ႏွစ္ဖက္လက္နက္ကိုင္အဖြဲ႕မ်ားၾကား ေျမစာပင္အျဖစ္ ရွင္သန္ရပ္တည္ေနရလ်က္ရွိေၾကာင္း သုံးသပ္မႈမ်ားရွိေနသည္။ “ပြင့္ပြင့္လင္းလင္းေျပာရရင္ ေျမာက္ပိုင္းမဟာမိတ္(၃)ဖြဲ႕ရဲ႕ဦးတည္ခ်က္ကို ၾကည့္ေလ။ တစ္က က်ားဖ်န႔္ပေပ်ာက္ဖို႔၊ ႏွစ္ကေတာ့ စစ္အာဏာရွင္စနစ္ ခ်ဳပ္ၿငိမ္းေရးဆိုတာကို ဦးတည္တာေပါ့။ အဲဒီဦးတည္ခ်က္က လက္နက္ကိုင္ေတာ္လွန္ေရးအဖြဲ႕အစည္းေတြမွာ NUG နဲ႔ႏြယ္တဲ့ PDF အဖြဲ႕ေတြ အကုန္လုံးကို ဒီစစ္ဆင္ေရးအေပၚမွာပါလာေအာင္ ဖိတ္ေခၚလိုက္တာပဲေလ။ တကယ္ဗဟိုျပဳတာက စစ္အာဏာရွင္စနစ္ကိုတိုက္ဖို႔ ဗဟိုခ်က္ျဖစ္တဲ့အခါက်ေတာ့ အခုနက စစ္ကိုင္းထဲမွာရွိတဲ့ ဗမာ လူမ်ိဳးေတြ၊ လူငယ္ေတြကလည္းပဲ အဲဒီအတြက္ လက္နက္ကိုင္တယ္။ ကိုင္တဲ့လက္နက္ကို ဟိုဘက္က ေထာက္ပံ့တယ္။ ကိုင္လို႔ရေအာင္ ေလ့က်င့္ေပးတယ္ေပါ့ဗ်ာ။ KIA တို႔ဘက္ကလည္း သူ႔ဘက္ကို လာမတိုက္ရဲေအာင္ buffer zone လုပ္တာေပါ့။ အဲဒီမွာ KIA ေခါင္းေဆာင္ေတြနဲ႔ ဒီဘက္က ၾကားခံ နယ္ထဲမွာ PDF ေတြကို ေလ့က်င့္ေပးမယ္။ ၿပီးေတာ့မွ ျမန္မာ့တပ္မေတာ္ ဘက္က သူ႔ဘက္ကို မလာႏိုင္ေအာင္ ဟန႔္တားမွာေပါ့။ အဲဒီေတာ့ ၾကားခံစစ္ေျမျပင္ျဖစ္ေနတယ္။ ႏွစ္ဖက္ တိုက္ၾကေတာ့ ႐ြာေတြ မီးေလာင္တာေပါ့ဗ်ာ။ သူကဆုတ္ေပးရင္ ကိုယ္က အဲဒီေနရာမွာ ခိုမယ္။ အဲဒီေနရာက က်ည္ဆန္ထြက္ရင္ ပစ္မယ္။ အဲဒီေတာ့ ႐ြာပ်က္တာေပါ့ ” ဟု အထက္ပါေခါင္းေဆာင္က ဆက္ လက္ေျပာသည္။

ျမန္မာႏိုင္ငံတြင္ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီ လမွစ၍ လက္ရွိအခ်ိန္ထိ အၾကမ္းဖက္သတ္ခံရသူ ဦးေရမွာ (၈၀ဝဝ) ေက်ာ္အထိရွိေနၿပီး အၾကမ္းဖက္ သတ္ျဖတ္မႈျဖစ္စဥ္အမ်ားစုသည္ အညာေဒသတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း နစက၏ သတင္းအခ်က္အလက္မ်ားအရ သိရသည္။ ျမန္မာႏိုင္ငံတြင္ အနည္း ဆုံးလူ(၃)ဦးႏွင့္အထက္ အစုလိုက္အၿပဳံလိုက္သတ္ျဖတ္ခံခဲ့ရေသာျဖစ္စဥ္သည္ လက္ရွိနစကအစိုးရ လက္ထက္တြင္ (၇၅)ခုထက္မနည္း ျဖစ္ပြားခဲ့သည္ကို ေတြ႕ရွိရသည္။

ထို႔ျပင္ အညာေဒသတြင္ လက္နက္ကိုင္ အဖြဲ႕အစည္းမ်ားအၾကား ျဖစ္ပြားခဲ့ေသာ တိုက္ပြဲမ်ား ေၾကာင့္ ၿမိဳ႕႐ြာအေဆာက္အအုံအမ်ားအျပားပ်က္စီးမႈမ်ား ရွိေနသကဲ့သို႔ ေဒသခံျပည္သူအမ်ားအျပား သည္လည္း ေနရပ္စြန႔္ခြာစစ္ေဘးေရွာင္ေနရလ်က္ရွိသည္။

‘ အခုဆိုရင္ တစ္႐ြာနဲ႔တစ္႐ြာ လြတ္လြတ္ လပ္လပ္သြားဖို႔ မျဖစ္ႏိုင္ေတာ့ဘူး။ တစ္ေယာက္နဲ႔ တစ္ေယာက္က မယုံၾကည္ေတာ့သလို ျဖစ္သြားၾက တယ္။ ကိုယ့္အလုပ္ကိုယ္လုပ္ေနရင္ေတာင္မွ ဘယ္ သူ႔ကို မေထာက္ခံလို႔၊ ငါ့ကိုမေထာက္ခံလို႔ဆိုတာေတြ ျဖစ္လာတယ္။ ဒီမွာက အၾကမ္းဖက္ဖမ္းဆီးသတ္ ျဖတ္တာေတြပါ ျဖစ္လာတယ္။ ပိုၿပီးေတာ့ မလုံမၿခဳံ ျဖစ္လာတယ္။ ၿပီးေတာ့ မီးရႈိ႕ခံရတဲ့႐ြာေတြကလည္း မနည္းေတာ့ဘူး။ ကားလမ္းေတြ၊ ႐ြာလမ္းေတြမွာ မိုင္း ေတြအေတာ္ေလးကို မ်ားလာတယ္။ အဲဒါေတြ ေၾကာင့္ စိုက္ပ်ိဳးေရးလုပ္ငန္းေတြမွာ ထိခိုက္တယ္။ သြားရ လာရတာမလုံၿခဳံဘူး။ အေတာ္ေလးကို ခက္ခဲပါတယ္’ ဟု စစ္ကိုင္းတိုင္း ခင္ဦးၿမိဳ႕နယ္ရွိ မေဒါင္းလွ႐ြာမွ ေဒသခံတစ္ဦးက NP News ကို ေျပာသည္။

စစ္ကိုင္းတိုင္းအတြင္း၌ လက္နက္ကိုင္ ပဋိပကၡမ်ား ပိုမိုရႈပ္ေထြးလာမႈႏွင့္အတူ မၾကာခဏျဖစ္ ပြားေနသည့္တိုက္ပြဲမ်ားေၾကာင့္ ေဒသခံျပည္သူလူထုအေနျဖင့္လည္း ေနရပ္စြန႔္စြာစစ္ေဘးေရွာင္ေနရ သည့္အျပင္ ပညာေရး၊ က်န္းမာေရး၊ စီးပြားေရးလုပ္ငန္းမ်ားတြင္လည္း နစ္နာမႈမ်ားျဖစ္ေပၚေနေၾကာင္း သိရသည္။ ၿပီးခဲ့ေသာ ၂၀၂၃-၂၀၂၄ ပညာသင္ႏွစ္ တြင္ စစ္ကိုင္းတိုင္းအတြင္း အေျခခံပညာေက်ာင္းေပါင္း (၄၀၇၇)ေက်ာင္းမွာ ဖြင့္လွစ္သင္ၾကားေပးႏိုင္ျခင္း မရွိခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ျပည္သူလူထုခံစားေနရသည့္ ဆင္းရဲဒုကၡမ်ားကိုေက်ာ္လႊားႏိုင္ရန္အတြက္ နစက အေနျဖင့္ အဆိုပါပဋိပကၡမ်ားကို ႏိုင္ငံေရးနည္းျဖင့္ အေျဖ ရွာသင့္ေၾကာင္း ႏိုင္ငံေရးပါတီအသိုင္းအဝိုင္းက အႀကံျပဳထားသည္။ “အဲဒါကို ႏိုင္ငံေရးအားျဖင့္ ဒီကိစၥေတြကို ထြက္ေပါက္ေပးရမွာေပါ့။ လက္နက္ကိုင္ ပဋိပကၡ ၾကားမွာညပ္တဲ့ ေက်းလက္လူထု ၊ အဲဒီမတိုင္ခင္ရွိခဲ့တဲ့ အိုးေတြ၊ အိမ္ေတြ ပ်က္ၾကျပဳၾက၊ ဒုကၡသည္ ျဖစ္ၾက၊ စစ္ေျပးေရွာင္ၾကေပါ့ဗ်ာ။ အဲဒီေနာက္မွာ အကုန္လုံး က်န္းမာေရး၊ ပညာေရးကအစ အကုန္လုံးခြၽတ္ၿခဳံ က်ကုန္တာေပါ့ ဆက္သြယ္ေရးကအစေလ။ ဒါေတြကို ေျဖရွင္းႏိုင္တဲ့နည္းသည္ ႏိုင္ငံေရးနည္းဆိုတာေလးကို ဒုကၡသည္ေတြျဖစ္သြားတဲ့ ေက်းလက္လူထုဘက္က သေဘာေပါက္ လာသည္နဲ႔အမွ် ဒီျပႆနာက တျဖည္းျဖည္းနဲ႔ အစားသြင္းေျဖရွင္းလာႏိုင္တာေပါ့။ အစိုးရဘက္ ကလည္း ႏိုင္ငံေရးေဘာင္ကို ျပန္ခ်ဲ႕သင့္တာေပါ့ ” ဟု ႏိုင္ငံေရးပါတီတစ္ခုမွ ေခါင္းေဆာင္တစ္ဦး ကေျပာသည္။

လက္ရွိတြင္ နစကအစိုးရအေနျဖင့္ အညာ ေဒသရွိ ပုလဲ၊ ခင္ဦး၊ တန႔္ဆည္၊ ေျမာင္အပါအဝင္ ၿမိဳ႕နယ္ေပါင္း (၁၆) ခုထက္မနည္းကို စစ္အုပ္ခ်ဳပ္ေရးအမိန႔္ ေၾကညာထားသည္။

Related news

© 2021. All rights reserved.