သဘာဝပတ်ဝန်းကျင်ကို အကျိုးပြုသည့် ဝါးထွက်ကုန်ပစ္စည်းများကို လူစိတ်ဝင်စားမှုများပြားနေ

 786

photo - Green Bamboo Life

စော (NP News) - ‌ဇွန် ၅

သဘာဝပတ်ဝန်းကျင်ကို အကျိုးပြုသည့် ဝါးထွက်ကုန်ပစ္စည်းများကို လူစိတ်ဝင်စားမှုများပြားနေကြောင်း မျှစ်နှင့်ဝါးစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ ဝါးပညာရှင် ဦးကျော်ဝင်းမှ NP News ကို ပြောကြားချက်အရ သိရသည်။

၎င်းတို့အနေဖြင့် ဝါးအဆောက်အအုံ နှင့် ဝါးပရိဘောဂတို့ကို အဓိကထားကာ ထုတ်လုပ်လျက်ရှိပြီး ဝါးနှင့်ပတ်သက်သော ဝါးမီးသွေးဖုတ်ခြင်း၊ ဝါးပေါင်းခံရည်ထုတ်ခြင်း၊ ဝါးဆပ်ပြာနှင့် ဝါးခေါင်းလျှော်ရည်ထုတ်လုပ်ခြင်းစသဖြင့် သင်တန်းများပေးနေကြောင်းလည်း သိရသည်။ “အရင်နှစ်ကထက်စာရင် တဲလေးတွေ၊ ပရိဘောဂတွေတော့ ရောင်းအားနည်းနည်း နည်းလာတယ်။ အရင်တုန်းကတော့ ကျွန်တော်တို့နေ့ဆိုင်း၊ ညဆိုင်းတွေနဲ့ တောက်လျှောက်လုပ်နေရတာပေါ့နော်။ အခုကတော့ အဲဒီလောက် မလုပ်ရတော့ဘူးပေါ့။ ဈေးကွက်က ကျန်တဲ့ဥစ္စာတွေကတော့ ပုံမှန်ပါပဲ။ ကျွန်တော်တို့ နားရက်တော့မရှိဘူး။ လုပ်ငန်းနှစ်ခု၊ သုံးခုတပြိုင်နက်တည်း‌တော့ လုပ်နေရတာပေါ့။ စိတ်ဝင်စားမှုတော့ များပါတယ်။ တောက် လျှောက်တော့ လုပ်နေရပါတယ်။ ပရိဘောဂလည်း စိတ်ဝင်စားပါတယ်။ ဝါးနဲ့ကုတင်တို့၊ နားနေဆောင်လေးတွေကတော့ Resort ၊ စားသောက်ဆိုင်တို့မှာ အသုံးပိုများတယ်။ ဝါးယင်းလိပ်ကလေးတွေလည်း မိုးရာသီလည်းမိုးရာသီမို့၊ နွေရာသီလည်းနွေရာသီမို့ သူလည်း တောက် လျှောက်တော့ အဝယ်လိုက်တယ်”ဟု ဦးကျော်ဝင်းက ပြောသည်။

လက်ရှိအခြေအနေတွင် ဝါးကုန်ကြမ်းသည် ရှားပါးသည့်အနေအထားဖြစ်ကာ ဝါးဈေးလည်းမြင့်တက်နေပြီး သယ်ယူပို့ဆောင်ခနှင့် လုပ်အားခဈေးတက်ခြင်းတို့ကြောင့် ယခင်က ငွေကျပ် ၇၀၀ ကျသင့်ရာမှ ယခုအခါငွေကျပ် (၁၅၀၀)ကျသင့်ကြောင်း သိရသည်။ “ကျွန်တော်တို့ပစ္စည်းဈေးတွေကလည်း တက်တယ်။ ဝါးကုန်ကြမ်းလည်း ဈေးတက်တယ်။ ဆေးတို့၊ သုတ်ဆေးတို့ပေါ့။ သုံးတဲ့ပစ္စည်းတွေကလည်း ဈေးတက်တယ်။ အရင်ထက်စာရင် မြင့်တက်လာတာဆိုတော့ ကျွန်တော်တို့ပစ္စည်းတွေလည်း အရင်က ၇ သိန်းရောင်းတဲ့ဥစ္စာတွေဆိုရင် အခု ၁၂သိန်းလောက်ဖြစ်သွားတာပေ့ါ”ဟု ၎င်းက‌ဆက်လက်ပြောသည်။

ထို့ပြင် ဝါးမီးအိမ်၊ ဝါးတစ်ရှူး Box စသည့် လက်ဆောင်ပစ္စည်းများကို လက်ရာကောင်း ကောင်းထုတ်လုပ်နိုင်ပါက ဝယ်လိုအားကောင်းပြီး ဈေးကွက်ရှိသော်လည်း ထုတ်လုပ်သူနည်းပါးကြောင်း သိရသည်။

zawgyi version
သဘာဝပတ္ဝန္းက်င္ကို အက်ိဳးျပဳသည့္ ဝါးထြက္ကုန္ပစၥည္းမ်ားကို လူစိတ္ဝင္စားမႈမ်ားျပားေန
ေစာ (NP News) - ‌ဇြန္ ၅

သဘာဝပတ္ဝန္းက်င္ကို အက်ိဳးျပဳသည့္ ဝါးထြက္ကုန္ပစၥည္းမ်ားကို လူစိတ္ဝင္စားမႈမ်ားျပားေနေၾကာင္း မွ်စ္ႏွင့္ဝါးစိုက္ပ်ိဳးထုတ္လုပ္သူမ်ားအသင္းမွ ဝါးပညာရွင္ ဦးေက်ာ္ဝင္းမွ NP News ကို ေျပာၾကားခ်က္အရ သိရသည္။

၎တို႔အေနျဖင့္ ဝါးအေဆာက္အအုံ ႏွင့္ ဝါးပရိေဘာဂတို႔ကို အဓိကထားကာ ထုတ္လုပ္လ်က္ရွိၿပီး ဝါးႏွင့္ပတ္သက္ေသာ ဝါးမီးေသြးဖုတ္ျခင္း၊ ဝါးေပါင္းခံရည္ထုတ္ျခင္း၊ ဝါးဆပ္ျပာႏွင့္ ဝါးေခါင္းေလွ်ာ္ရည္ထုတ္လုပ္ျခင္းစသျဖင့္ သင္တန္းမ်ားေပးေနေၾကာင္းလည္း သိရသည္။ “အရင္ႏွစ္ကထက္စာရင္ တဲေလးေတြ၊ ပရိေဘာဂေတြေတာ့ ေရာင္းအားနည္းနည္း နည္းလာတယ္။ အရင္တုန္းကေတာ့ ကြၽန္ေတာ္တို႔ေန႔ဆိုင္း၊ ညဆိုင္းေတြနဲ႔ ေတာက္ေလွ်ာက္လုပ္ေနရတာေပါ့ေနာ္။ အခုကေတာ့ အဲဒီေလာက္ မလုပ္ရေတာ့ဘူးေပါ့။ ေဈးကြက္က က်န္တဲ့ဥစၥာေတြကေတာ့ ပုံမွန္ပါပဲ။ ကြၽန္ေတာ္တို႔ နားရက္ေတာ့မရွိဘူး။ လုပ္ငန္းႏွစ္ခု၊ သုံးခုတၿပိဳင္နက္တည္း‌ေတာ့ လုပ္ေနရတာေပါ့။ စိတ္ဝင္စားမႈေတာ့ မ်ားပါတယ္။ ေတာက္ ေလွ်ာက္ေတာ့ လုပ္ေနရပါတယ္။ ပရိေဘာဂလည္း စိတ္ဝင္စားပါတယ္။ ဝါးနဲ႔ကုတင္တို႔၊ နားေနေဆာင္ေလးေတြကေတာ့ Resort ၊ စားေသာက္ဆိုင္တို႔မွာ အသုံးပိုမ်ားတယ္။ ဝါးယင္းလိပ္ကေလးေတြလည္း မိုးရာသီလည္းမိုးရာသီမို႔၊ ေႏြရာသီလည္းေႏြရာသီမို႔ သူလည္း ေတာက္ ေလွ်ာက္ေတာ့ အဝယ္လိုက္တယ္”ဟု ဦးေက်ာ္ဝင္းက ေျပာသည္။

လက္ရွိအေျခအေနတြင္ ဝါးကုန္ၾကမ္းသည္ ရွားပါးသည့္အေနအထားျဖစ္ကာ ဝါးေဈးလည္းျမင့္တက္ေနၿပီး သယ္ယူပို႔ေဆာင္ခႏွင့္ လုပ္အားခေဈးတက္ျခင္းတို႔ေၾကာင့္ ယခင္က ေငြက်ပ္ ၇၀၀ က်သင့္ရာမွ ယခုအခါေငြက်ပ္ (၁၅၀၀)က်သင့္ေၾကာင္း သိရသည္။ “ကြၽန္ေတာ္တို႔ပစၥည္းေဈးေတြကလည္း တက္တယ္။ ဝါးကုန္ၾကမ္းလည္း ေဈးတက္တယ္။ ေဆးတို႔၊ သုတ္ေဆးတို႔ေပါ့။ သုံးတဲ့ပစၥည္းေတြကလည္း ေဈးတက္တယ္။ အရင္ထက္စာရင္ ျမင့္တက္လာတာဆိုေတာ့ ကြၽန္ေတာ္တို႔ပစၥည္းေတြလည္း အရင္က ၇ သိန္းေရာင္းတဲ့ဥစၥာေတြဆိုရင္ အခု ၁၂သိန္းေလာက္ျဖစ္သြားတာေပ့ါ”ဟု ၎က‌ဆက္လက္ေျပာသည္။

ထို႔ျပင္ ဝါးမီးအိမ္၊ ဝါးတစ္ရႉး Box စသည့္ လက္ေဆာင္ပစၥည္းမ်ားကို လက္ရာေကာင္း ေကာင္းထုတ္လုပ္ႏိုင္ပါက ဝယ္လိုအားေကာင္းၿပီး ေဈးကြက္ရွိေသာ္လည္း ထုတ္လုပ္သူနည္းပါးေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.