သေဒဏ်ချမှတ်ခံထားရသည့် ပါကစ္စတန် ရေတပ်အရာရှိဟောင်း (၅) ဦးကို အစ္စလာမာဘတ် တရားရုံးချုပ် ကွပ်မျက်မိန့်ရွှေ့ဆိုင်း

 1044

Htay Oung (NP News) - ဇွန် ၇

ရေတပ်သင်္ဘောကျင်း တိုက်ခိုက်မှုကိစ္စနဲ့ ပတ်သက်ပြီး ပါကစ္စတန် ရေတပ်အရာရှိဟောင်း ၅ ဦးရဲ့ သေဒဏ်ချမှတ်ခံထားရမှုကို အစ္စလာမာဘတ်တရား ရုံးချုပ်က ကွပ်မျက်မိန့်ကို ရွှေ့ဆိုင်းလိုက်တယ်လို့ အိန္ဒိယအခြေစိုက် ဟိန္ဒူစတန်တိုင်းမ် သတင်းစာက ယမန်နေ့(ဇွန်လ ၆ ရက်) မှာ ရေးသားပါတယ်။

၂၀၁၄ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုနဲ ပတ်သက်ပြီး ရေတပ်အရာရှိဟောင်း ၅ ဦးအပေါ် ပါကစ္စတန်စစ်တရားရုံးက ချမှတ်ထားတဲ့ သေဒဏ်အမိန့်ကို အမြင့်ဆုံးဖြစ်တဲ့တရားရုံးဖြစ်တဲ့ အစ္စလာမ်မာဘတ်တရားရုံးချုပ်က ကွပ်မျက်မိန့်နဲ့ပတ်သက်လို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။ အထွေထွေစစ်ခုံရုံးက အမိန့်ချမှတ်စဉ် စွပ်စွဲခြင်းခံရသူတွေဟာ ဥပဒေကြောင်းအရ ခုခံချေပခွင့် မလုံလောက်ခဲ့ကြောင်း ရေတပ်အရာရှိများရဲ့ လျှောက်ထားချက်ကို ယမန်နေ့ ကြားနားပြီးနောက် အစ္စလာမာဘတ် တရားရုံးချုပ် တရားသူကြီးက စာဖြင့်ရေးသား အမိန့်ချမှတ်လိုက်ခြင်းဖြစ်တယ်လို့ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ ဒေါင်းနယူးစ် ပါကစ္စတန် သတင်းစာ ကဖော်ပြပါတယ်။

ရေတပ်သင်္ဘောကျင်း တိုက်ခိုက်ခံရမှုကိစ္စနဲ့ ဆက်စပ်ပြီး ၂၀၁၆ ခုနှစ်မှာ အဲ့ဒီ အရာရှိ ၅-ဦးကို ဖမ်းဆီးခဲ့ပြီးနောက် ရေတပ်စစ်ခုံရုံးက စီရင်ချက်ချခဲ့ပါတယ်။ ၎င်းတို့ဟာ ရေတပ်မတော်အတွင်း ခေါင်းဆောင်မှုကို ဆန့်ကျင်ရန် မကောင်းကြံစည်ရာမှာ ပူးပေါင်းခြင်းဖြင့် အပြစ်ရှိကြောင်း ထင်ရှားတယ်လို့ အမိန့်ချမှတ်ခဲ့ပါတယ်။

၂၀၁၄ ခုနှစ် စက်တင်ဘာလ ကရာချိမြို့ရေတပ်သင်္ဘောကျင်းမှာ တိုက်ခိုက်ခံခဲ့ရမှုဖြစ်ပွားခဲ့ပါတယ်။ တိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်တယ်လို့ ပါကစ္စတန်နိုင်ငံမှာ မတရားအသင်းအဖြစ်ကြေညာခံထားရတဲ့ တာရစ်အီးတာလီဘန်ပါကစ္စတန်စစ်သွေးကြွအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဲဒီအချိန် ပါကစ္စတန်ရေတပ်မတော်က ထုတ်ပြန်တဲ့ ကြေညာချက်အရ စစ်သွေးကြွ ၂-ဦးနဲ့ ရေတပ်ဝန်ထမ်း တစ်ဦး သေဆုံးခဲ့ကြောင်း သိရှိရပါတယ်။ တိုက်ခိုက်သူ ၄-ဦးကို ဖမ်းဆီးရမိထားတယ်လို့လည်း ဆိုပါတယ်။ လျှောက်ထားခံရသူများကို ကိုယ်စားပြုတဲ့ ရှေ့နေများကတော့ ၎င်းတို့အနေနဲ့အမှုသည်များ ကြည့်ရှုခွင့်-မျှ ဝေရယူပိုင်ခွင့်ရှိတဲ့ အထောက်အထား အကျဉ်းချုပ်များနဲ့ စုံစမ်းစစ်ဆေးတွေ့ရှိချက်မျိုးလိူ အရေးကြီးစာရွက်စာတမ်းများကို မရရှိခဲ့ကြောင်း စောဒကတက်ခဲ့ပါတယ်။ သေဒဏ်အတွက် အယူခံလွှာကို အဆိုပါစာရွက်စာတမ်းများမပါဘဲ တင်သွင်းခဲ့ရပြီး ပယ်ချခံခဲ့ရခြင်းဖြစ်ကြောင်း၊ စီရင်ချက်ချမှတ်ရခြင်းရဲ့ အကြောင်းရင်းများကိုလည်း လျှောက်ထားသူများထံ မျှဝေခြင်း မပြုခဲ့ကြောင်း၊ ဒါ့အပြင် တရားရုံးက အမိန့်ပေးထားပြီးဖြစ်ပေမယ့် စာရွက်စာတမ်းများကို ဝင်ရောက်ကြည့်ရှုခွင့်မှ ကန့်သတ်ထားတဲ့အတွက် အယူခံဝင်သူများအတွက် ခုခံကာ ကွယ်နိုင်စွမ်းအပေါ် အဟန့်အတားဖြစ်စေလျက်ရှိကြောင်း လျှောက်လဲပါတယ်။

စစ်ခုံရုံးကိုယ်စား လက်ထောက်ရှေ့နေချုပ်က ငြင်းဆိုရာမှာ ရေတပ်ဦးစီးချုပ်အနေနဲ စာရွက်စာတမ်းများကို ကြည့်ရှုရန် အခွင့်အာဏာရှိကြောင်း ချေပပါတယ်။ “၁၉၆၁-ခုနှစ်၊ ပါကစ္စတန် ရေတပ်မတော်ဥပဒေ ပုဒ်မ ၁၉၃” အရ တရားစွဲဆိုခြင်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်များကို မျှဝေခြင်းဟာ နိုင်ငံတော်ဘေးကင်းလုံခြုံ ရေးနဲ့အကျိုးစီးပွားအပေါ် ထိခိုက်နိုင်ခြင်း ရှိ-မရှိ ဆုံးဖြတ်နိုင်ကြောင်း၊ ယခုအမှုမှာ သေဒဏ်ကျခံထိုက်ကြောင်း တွေ့ရှိချက်များနဲ့ အယူခံဆုံးဖြတ်ချက်များအပါအဝင် စစ်ခုံရုံးရဲ့ အသေးစိတ်အချက်အလက်များကို မျှဝေခြင်းအားဖြင့် နိုင်ငံတော်ကို အန္တရာယ်ဖြစ်စေနိုင်ကြောင်း ပါကစ္စတန်ရေတပ်ဦးစီးချုပ်က ဆုံးဖြတ်ခဲ့တယ်လို့ ထုချေပါတယ်။

ရေတပ်အကြီးအကဲရဲ့ သဘောထားကို ယခု တင်ပြနိုင်ခြင်း ရှိ-မရှိ လျှောက်ထားသူများရဲ့ ရှေ့နေများမေးခွန်းကို လက်ထောက်ရှေ့နေချုပ်က “ မရှိကြောင်း” ပြန်လည်ဖြေဆိုပြီး၊ မှတ်တမ်းကို ပါကစ္စတန် ရေတပ်ဌာနချုပ်မှာ ထားရှိမှာဖြစ်ကြောင်း၊ စစ်ခုံရုံးတင်စစ်ဆေးခြင်းမှ အချို့သောအသေးစိတ်အချက်အလက်များကို မျှဝေခြင်းဟာ နိုင်ငံတော်လုံခြုံရေး သို့မဟုတ် အကျိုးစီးပွားကို ထိခိုက်နိုင်တယ်လို့ ဖြေရှင်းပါတယ်။

တရားသူကြီးက သုံးသပ်ရာမှာ ယခုမေးခွန်းဟာ လူတစ်ဦးတစ်ယောက်ရဲ့ အသက်ရှင်သန်ခွင့်နဲ့ ကာကွယ်စောင့်ရှောက်ခြင်းတို့လို အရေးကြီးပြဿနာများပါဝင်နေခြင်းအပေါ် မူတည်စဉ်းစားရမှာဖြစ်ကြောင်း၊ အဲဒီကိစ္စမှာ မပြေလည်မချင်း အစ္စလာမာဘတ် တရားရုံးချုပ်က ကွပ်မျက်မှုကို ရပ်တန့်လိုက်ကြောင်း၊ လျှောက်ထားသူများဟာ ရေတပ်ဦးစီးချုပ်ရဲ့ ထင်မြင်ချက်ကို ရက်သတ္တပတ်သုံးပတ်အတွင်း တင်ပြရန်၊ ယခုအမှုမှာ လျှောက်ထားခံရသူများနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်များ မျှဝေခြင်းဟာ နိုင်ငံတော် အကျိုးစီးပွားကို ထိခိုက်စေကြောင်း ၎င်းအနေနဲ့ ယုံကြည်ရတဲ့ အကြောင်းရင်းကို ရှင်းလင်းချက်နဲ့အတူ ဖြေကြားရန် အမိန့် ချမှတ်လိုက်တယ်လို့ ဆိုပါတယ်။ အဆိုပါအမှုကို ဇူလိုင် ၁ ရက်အထိ ရွှေ့ဆိုင်းထားကြောင်း သိရှိရတယ်လို့ သတင်းမှာ ဆက်လက်ဖော်ပြပါတယ်။

(စစ်အုပ်ချုပ်ရေး ကြေညာထားခြင်း မရှိတဲ့ နယ်မြေမှာ စစ်ခုံရုံးနဲ့ အရပ်ဘက် တရားရုံးကိစ္စပါ။ ကျွန်တော့်အနေနဲ့ အလွန်စိတ်ဝင်စားစရာကောင်းတယ်လို့ ယူဆမိတဲ့အတွက် မူရင်းအာဘော် အတိအကျ နီးပါးဖြစ်အောင် ကြိုးစားထားပါတယ်။ ။သတင်းဘာသာပြန်သူ၏ )

(Hindustan Times., 5 June 2024,” Islamabad High Court stays execution of five former Pakistan Navy officers sentenced to death in Navy Dockyard attack case” ကို ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

zawgyi version
ေသဒဏ္ခ်မွတ္ခံထားရသည့္ ပါကစၥတန္ ေရတပ္အရာရွိေဟာင္း (၅) ဦးကို အစၥလာမာဘတ္ တရား႐ုံးခ်ဳပ္ ကြပ္မ်က္မိန႔္ေ႐ႊ႕ဆိုင္း
Htay Oung (NP News) - ဇြန္ ၇

ေရတပ္သေဘၤာက်င္း တိုက္ခိုက္မႈကိစၥနဲ႔ ပတ္သက္ၿပီး ပါကစၥတန္ ေရတပ္အရာရွိေဟာင္း ၅ ဦးရဲ႕ ေသဒဏ္ခ်မွတ္ခံထားရမႈကို အစၥလာမာဘတ္တရား ႐ုံးခ်ဳပ္က ကြပ္မ်က္မိန႔္ကို ေ႐ႊ႕ဆိုင္းလိုက္တယ္လို႔ အိႏၵိယအေျခစိုက္ ဟိႏၵဴစတန္တိုင္းမ္ သတင္းစာက ယမန္ေန႔(ဇြန္လ ၆ ရက္) မွာ ေရးသားပါတယ္။

၂၀၁၄ ခုႏွစ္မွာ ျဖစ္ပြားခဲ့တဲ့ တိုက္ခိုက္မႈနဲ ပတ္သက္ၿပီး ေရတပ္အရာရွိေဟာင္း ၅ ဦးအေပၚ ပါကစၥတန္စစ္တရား႐ုံးက ခ်မွတ္ထားတဲ့ ေသဒဏ္အမိန႔္ကို အျမင့္ဆုံးျဖစ္တဲ့တရား႐ုံးျဖစ္တဲ့ အစၥလာမ္မာဘတ္တရား႐ုံးခ်ဳပ္က ကြပ္မ်က္မိန႔္နဲ႔ပတ္သက္လို႔ ဆုံးျဖတ္လိုက္ျခင္းျဖစ္ေၾကာင္း သိရွိရပါတယ္။ အေထြေထြစစ္ခုံ႐ုံးက အမိန႔္ခ်မွတ္စဥ္ စြပ္စြဲျခင္းခံရသူေတြဟာ ဥပေဒေၾကာင္းအရ ခုခံေခ်ပခြင့္ မလုံေလာက္ခဲ့ေၾကာင္း ေရတပ္အရာရွိမ်ားရဲ႕ ေလွ်ာက္ထားခ်က္ကို ယမန္ေန႔ ၾကားနားၿပီးေနာက္ အစၥလာမာဘတ္ တရား႐ုံးခ်ဳပ္ တရားသူႀကီးက စာျဖင့္ေရးသား အမိန႔္ခ်မွတ္လိုက္ျခင္းျဖစ္တယ္လို႔ အဂၤလိပ္ဘာသာနဲ႔ ထုတ္ေဝတဲ့ ေဒါင္းနယူးစ္ ပါကစၥတန္ သတင္းစာ ကေဖာ္ျပပါတယ္။

ေရတပ္သေဘၤာက်င္း တိုက္ခိုက္ခံရမႈကိစၥနဲ႔ ဆက္စပ္ၿပီး ၂၀၁၆ ခုႏွစ္မွာ အဲ့ဒီ အရာရွိ ၅-ဦးကို ဖမ္းဆီးခဲ့ၿပီးေနာက္ ေရတပ္စစ္ခုံ႐ုံးက စီရင္ခ်က္ခ်ခဲ့ပါတယ္။ ၎တို႔ဟာ ေရတပ္မေတာ္အတြင္း ေခါင္းေဆာင္မႈကို ဆန႔္က်င္ရန္ မေကာင္းႀကံစည္ရာမွာ ပူးေပါင္းျခင္းျဖင့္ အျပစ္ရွိေၾကာင္း ထင္ရွားတယ္လို႔ အမိန႔္ခ်မွတ္ခဲ့ပါတယ္။

၂၀၁၄ ခုႏွစ္ စက္တင္ဘာလ ကရာခ်ိၿမိဳ႕ေရတပ္သေဘၤာက်င္းမွာ တိုက္ခိုက္ခံခဲ့ရမႈျဖစ္ပြားခဲ့ပါတယ္။ တိုက္ခိုက္မႈဟာ သူတို႔လက္ခ်က္ျဖစ္တယ္လို႔ ပါကစၥတန္ႏိုင္ငံမွာ မတရားအသင္းအျဖစ္ေၾကညာခံထားရတဲ့ တာရစ္အီးတာလီဘန္ပါကစၥတန္စစ္ေသြးႂကြအဖြဲ႕က သတင္းထုတ္ျပန္ခဲ့ပါတယ္။

အဲဒီအခ်ိန္ ပါကစၥတန္ေရတပ္မေတာ္က ထုတ္ျပန္တဲ့ ေၾကညာခ်က္အရ စစ္ေသြးႂကြ ၂-ဦးနဲ႔ ေရတပ္ဝန္ထမ္း တစ္ဦး ေသဆုံးခဲ့ေၾကာင္း သိရွိရပါတယ္။ တိုက္ခိုက္သူ ၄-ဦးကို ဖမ္းဆီးရမိထားတယ္လို႔လည္း ဆိုပါတယ္။ ေလွ်ာက္ထားခံရသူမ်ားကို ကိုယ္စားျပဳတဲ့ ေရွ႕ေနမ်ားကေတာ့ ၎တို႔အေနနဲ႔အမႈသည္မ်ား ၾကည့္ရႈခြင့္-မွ် ေဝရယူပိုင္ခြင့္ရွိတဲ့ အေထာက္အထား အက်ဥ္းခ်ဳပ္မ်ားနဲ႔ စုံစမ္းစစ္ေဆးေတြ႕ရွိခ်က္မ်ိဳးလိူ အေရးႀကီးစာ႐ြက္စာတမ္းမ်ားကို မရရွိခဲ့ေၾကာင္း ေစာဒကတက္ခဲ့ပါတယ္။ ေသဒဏ္အတြက္ အယူခံလႊာကို အဆိုပါစာ႐ြက္စာတမ္းမ်ားမပါဘဲ တင္သြင္းခဲ့ရၿပီး ပယ္ခ်ခံခဲ့ရျခင္းျဖစ္ေၾကာင္း၊ စီရင္ခ်က္ခ်မွတ္ရျခင္းရဲ႕ အေၾကာင္းရင္းမ်ားကိုလည္း ေလွ်ာက္ထားသူမ်ားထံ မွ်ေဝျခင္း မျပဳခဲ့ေၾကာင္း၊ ဒါ့အျပင္ တရား႐ုံးက အမိန႔္ေပးထားၿပီးျဖစ္ေပမယ့္ စာ႐ြက္စာတမ္းမ်ားကို ဝင္ေရာက္ၾကည့္ရႈခြင့္မွ ကန႔္သတ္ထားတဲ့အတြက္ အယူခံဝင္သူမ်ားအတြက္ ခုခံကာ ကြယ္ႏိုင္စြမ္းအေပၚ အဟန႔္အတားျဖစ္ေစလ်က္ရွိေၾကာင္း ေလွ်ာက္လဲပါတယ္။

စစ္ခုံ႐ုံးကိုယ္စား လက္ေထာက္ေရွ႕ေနခ်ဳပ္က ျငင္းဆိုရာမွာ ေရတပ္ဦးစီးခ်ဳပ္အေနနဲ စာ႐ြက္စာတမ္းမ်ားကို ၾကည့္ရႈရန္ အခြင့္အာဏာရွိေၾကာင္း ေခ်ပပါတယ္။ “၁၉၆၁-ခုႏွစ္၊ ပါကစၥတန္ ေရတပ္မေတာ္ဥပေဒ ပုဒ္မ ၁၉၃” အရ တရားစြဲဆိုျခင္းနဲ႔ ပတ္သက္တဲ့ သတင္းအခ်က္အလက္မ်ားကို မွ်ေဝျခင္းဟာ ႏိုင္ငံေတာ္ေဘးကင္းလုံၿခဳံ ေရးနဲ႔အက်ိဳးစီးပြားအေပၚ ထိခိုက္ႏိုင္ျခင္း ရွိ-မရွိ ဆုံးျဖတ္ႏိုင္ေၾကာင္း၊ ယခုအမႈမွာ ေသဒဏ္က်ခံထိုက္ေၾကာင္း ေတြ႕ရွိခ်က္မ်ားနဲ႔ အယူခံဆုံးျဖတ္ခ်က္မ်ားအပါအဝင္ စစ္ခုံ႐ုံးရဲ႕ အေသးစိတ္အခ်က္အလက္မ်ားကို မွ်ေဝျခင္းအားျဖင့္ ႏိုင္ငံေတာ္ကို အႏၲရာယ္ျဖစ္ေစႏိုင္ေၾကာင္း ပါကစၥတန္ေရတပ္ဦးစီးခ်ဳပ္က ဆုံးျဖတ္ခဲ့တယ္လို႔ ထုေခ်ပါတယ္။

ေရတပ္အႀကီးအကဲရဲ႕ သေဘာထားကို ယခု တင္ျပႏိုင္ျခင္း ရွိ-မရွိ ေလွ်ာက္ထားသူမ်ားရဲ႕ ေရွ႕ေနမ်ားေမးခြန္းကို လက္ေထာက္ေရွ႕ေနခ်ဳပ္က “ မရွိေၾကာင္း” ျပန္လည္ေျဖဆိုၿပီး၊ မွတ္တမ္းကို ပါကစၥတန္ ေရတပ္ဌာနခ်ဳပ္မွာ ထားရွိမွာျဖစ္ေၾကာင္း၊ စစ္ခုံ႐ုံးတင္စစ္ေဆးျခင္းမွ အခ်ိဳ႕ေသာအေသးစိတ္အခ်က္အလက္မ်ားကို မွ်ေဝျခင္းဟာ ႏိုင္ငံေတာ္လုံၿခဳံေရး သို႔မဟုတ္ အက်ိဳးစီးပြားကို ထိခိုက္ႏိုင္တယ္လို႔ ေျဖရွင္းပါတယ္။

တရားသူႀကီးက သုံးသပ္ရာမွာ ယခုေမးခြန္းဟာ လူတစ္ဦးတစ္ေယာက္ရဲ႕ အသက္ရွင္သန္ခြင့္နဲ႔ ကာကြယ္ေစာင့္ေရွာက္ျခင္းတို႔လို အေရးႀကီးျပႆနာမ်ားပါဝင္ေနျခင္းအေပၚ မူတည္စဥ္းစားရမွာျဖစ္ေၾကာင္း၊ အဲဒီကိစၥမွာ မေျပလည္မခ်င္း အစၥလာမာဘတ္ တရား႐ုံးခ်ဳပ္က ကြပ္မ်က္မႈကို ရပ္တန႔္လိုက္ေၾကာင္း၊ ေလွ်ာက္ထားသူမ်ားဟာ ေရတပ္ဦးစီးခ်ဳပ္ရဲ႕ ထင္ျမင္ခ်က္ကို ရက္သတၱပတ္သုံးပတ္အတြင္း တင္ျပရန္၊ ယခုအမႈမွာ ေလွ်ာက္ထားခံရသူမ်ားနဲ႔ ပတ္သက္တဲ့ သတင္းအခ်က္အလက္မ်ား မွ်ေဝျခင္းဟာ ႏိုင္ငံေတာ္ အက်ိဳးစီးပြားကို ထိခိုက္ေစေၾကာင္း ၎အေနနဲ႔ ယုံၾကည္ရတဲ့ အေၾကာင္းရင္းကို ရွင္းလင္းခ်က္နဲ႔အတူ ေျဖၾကားရန္ အမိန႔္ ခ်မွတ္လိုက္တယ္လို႔ ဆိုပါတယ္။ အဆိုပါအမႈကို ဇူလိုင္ ၁ ရက္အထိ ေ႐ႊ႕ဆိုင္းထားေၾကာင္း သိရွိရတယ္လို႔ သတင္းမွာ ဆက္လက္ေဖာ္ျပပါတယ္။

(စစ္အုပ္ခ်ဳပ္ေရး ေၾကညာထားျခင္း မရွိတဲ့ နယ္ေျမမွာ စစ္ခုံ႐ုံးနဲ႔ အရပ္ဘက္ တရား႐ုံးကိစၥပါ။ ကြၽန္ေတာ့္အေနနဲ႔ အလြန္စိတ္ဝင္စားစရာေကာင္းတယ္လို႔ ယူဆမိတဲ့အတြက္ မူရင္းအာေဘာ္ အတိအက် နီးပါးျဖစ္ေအာင္ ႀကိဳးစားထားပါတယ္။ ။သတင္းဘာသာျပန္သူ၏ )

(Hindustan Times., 5 June 2024,” Islamabad High Court stays execution of five former Pakistan Navy officers sentenced to death in Navy Dockyard attack case” ကို ဆီေလ်ာ္ေအာင္ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

© 2021. All rights reserved.