“အကြမ်းဖက်သောင်းကျန်းသူတွေကြောင့် ဆေးရုံအချို့ကို ပိတ်ထားရတယ် ” မဖြေသောမေးခွန်းများနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ သုံးနှစ်ကျော်ခရီး (အင်တာဗျူး)

 1246

ယွန်း (NP News) - ‌ဇွန် ၁ဝ

နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားခဲ့သည့် ၂၀၂၁ ခုနှစ်မှစတင်ကာ ပဋိပက္ခများ ပြင်းထန် လာမှုနှင့်အတူ ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ဆေးရုံ၊ ဆေးခန်းများလည်း မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခံရမှုများရှိခဲ့သည်။ ထို့ပြင် ကျန်းမာရေးဝန်ထမ်းများကိုလည်း NUG နှင့် ၎င်း၏လက်အောက်ခံ PDF များက ပစ်မှတ်ထားဖမ်းဆီးမှုနှင့် သတ်ဖြတ်မှုများလည်း အများအပြားရှိခဲ့သည်။ နိုင်ငံတော်အနေဖြင့် ဆေးရုံ၊ ဆေးခန်းအသစ်များကို တည်ဆောက်လျက်ရှိသော်လည်း အချို့ဒေသများ ၌ နိုင်ငံရေး အခြေအနေအရ လက်ရှိအချိန်အထိ ဆေးရုံ၊ ဆေးခန်းမဖွင့်နိုင်သေးသည့် အခြေအနေနှင့် ကြုံတွေ့လျက်ရှိသည်။ ယင်းကဲ့သို့ အကြောင်းအရာများ အပါအဝင် ပြည်သူလူထု၏ ကျန်းမာရေးဆိုင်ရာ ကိစ္စများနှင့်ပတ်သက်၍ The Statesman ဂျာနယ်က ကျန်းမာရေးဝန်ကြီးဌာနသို့ မေးမြန်းခဲ့သည့်အပေါ် ဝန်ကြီးဌာနဘက်မှ ပြန်လည်ဖြေကြားချက်များကို မူရင်းအတိုင်း NP News တွင် ထပ်ဆင့်ဖော်ပြလိုက်ပါသည်။

မေး- မြန်မာတစ်နိုင်ငံလုံးမှာ ဗဟိုအဆင့်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ တိုက်နယ်အဆင့် ပြည်သူ့ဆေးရုံ အရေအတွက် ဘယ်လောက်ရှိလဲ သိလိုပါတယ်။
ဖြေ- ကုသရေးဦးစီးဌာနလက်အောက်ရှိ ပြည်သူ့ ဆေးရုံများ . . .
အထူးကုဆေးရုံ(၃၃) ရုံ၊ ခုတင်(၂၀ဝဝ)- ၁ ရုံ၊ ခုတင်(၁၅၀ဝ)- ၁ ရုံ၊ ခုတင်(၁၀ဝဝ)- ၁ ရုံ၊ ခုတင်(၈၀ဝ)- ၁ ရုံ၊ ခုတင်(၅၀ဝ)- ၁၃ ရုံ၊ ခုတင်(၃၀ဝ)- ၄ ရုံ၊ ခုတင်(၂၀ဝ)- ၃၂ ရုံ၊ ခုတင်(၁၅၀)- ၂ ရုံ၊ ခုတင်(၁၀ဝ)- ၄၂ ရုံ၊ ခုတင်(၅၀)- ၁၂၁ ရုံ၊ (၂၅) ခုတင်- ၁၄၆ ရုံ၊ (၁၆) ခုတင်- ၉ ရုံ၊ တိုက်နယ်ဆေးရုံ- ၇၇၂ ရုံ၊ ဆေးရုံစုစုပေါင်း- ၁၁၇၈ ရုံရှိပါသည်။
ပြည်သူ့ကျန်းမာရေးဦးစီးဌာနလက်အောက်ရှိ ကျန်းမာရေးဌာနများ ....
ကျေးလက်ကျန်းမာရေးဌာန- ၁၉၀၄ ခု၊ ကျေးလက် ကျန်းမာရေးဌာနခွဲ- ၉၀၇၇ ခု၊ ဒေသန္တရ ကျန်းမာရေး ဌာန- ၉၈ ခု။ စုစုပေါင်း- ၁၁၀၇၉ ခု ရှိပါသည်။

မေး- တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူ့ဆေးရုံတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းအရေအတွက် ဘယ်လောက်ရှိပါသလဲ။ အလားတူ ပုဂ္ဂလိကဆေးရုံ ဝန်ထမ်းအရေအတွက် ဘယ်လောက်ရှိပါသလဲ။
ဖြေ- ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ကျန်းမာရေးဝန်ထမ်းစုစုပေါင်း- (၆၈၅၂၆)ဦး ရှိသည့် အနက် အရာထမ်း- ၈၆၂၆ ဦးဖြစ်ပြီး အမှုထမ်း- ၅၉၉၀ဝ ဦးဖြစ်ပါသည်။ ပုဂ္ဂလိကဆေးရုံ/ဆေးခန်းဆောင်ရွက်သူ အရေအတွက်မှာ ဆရာဝန် ၈၀၃၇ ဦး၊ သူနာပြု ၂၅၂၆ ဦး၊ ကျွမ်းကျင် ၂၃၄၈ ဦး၊ အခြား ၁၆၃၃၆ ဦး၊ စုစုပေါင်း (၂၉၂၄၇)ဦး ဖြစ်ပါသည်။

မေး- ပြည်သူ့ဆေးရုံတွေမှာ လူနာတွေကို အတတ်နိုင်ဆုံး ကုန်ကျစရိတ်မရှိစေဖို့ ဆေးကုသနိုင်ရေး ဘတ်ဂျက်တွေကို နိုင်ငံတော်ကနေ နှစ်စဉ်တိုးမြှင့်ပေးနေတယ်လို့ သိရပါတယ်။ နှစ်စဉ်ဘယ်လောက်ထိ တိုးမြှင့်ပေးနေလဲ။
ဖြေ- နိုင်ငံတော်အစိုးရက ကျန်းမာရေးဝန်ကြီးဌာနအတွက် ဘဏ္ဍာငွေများကို နှစ်အလိုက်တိုးမြှင့်ချထား ပေးလျက်ရှိရာမှာ-
၂၀၂၁ ခုနှစ်အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ (၆)လ- စုစုပေါင်းအသုံးစရိတ် ကျပ်သန်းပေါင်း ၄၉၉,၇၃၁.၅၉၁
၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်- စုစုပေါင်း အသုံးစရိတ်ကျပ်သန်းပေါင်း ၈၆၇,၂၅၁.၉၃၂
၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်- စုစုပေါင်း အသုံးစရိတ်ကျပ်သန်းပေါင်း ၈၁၄,၆၉၇. ၇၇၅
၂၀၂၄- ၂၀၂၅ - စုစုပေါင်းအသုံးစရိတ်ကျပ်သန်းပေါင်း ၈၇၁,၆၄၅.၄၄၂ ဖြစ်ပါသည်။

မေး- ဝန်ကြီးဌာနအနေနဲ့ လိုင်စင်ခွင့်ပြုပေးထားတဲ့ ပုဂ္ဂလိကဆေးရုံအရေအတွက် ဘယ်လောက်ရှိလဲ။
ဖြေ- (၃၀-၄-၂၀၂၄) ရက်နေ့အထိ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာဗဟိုအဖွဲ့မှ လိုင်စင်စိစစ်ခွင့် ပြုခဲ့သော ပုဂ္ဂလိကဆေးရုံအရေအတွက် (၂၉၅) ရုံ ရှိပါသည်။

မေး- လိုင်စင်ခွင့်ပြုချက်ရဖို့ လျှောက်ထားတဲ့ ပုဂ္ဂလိကဆေးရုံအရေအတွက် ဘယ်လောက်ရှိနေလဲ။ ဘယ်ဒေသက အများဆုံးလဲ။
ဖြေ- လိုင်စင်ခွင့်ပြုချက်ရဖို့ လျှောက်ထားဆဲ ပုဂ္ဂလိကဆေးရုံအရေအတွက်- ၆၁ ခုရှိပါသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် အများဆုံးဖြစ်ပါသည်။

မေး- ၂၀၂၁ ခုနှစ် အခင်းအကျင်းကနေစပြီး လက်ရှိ အချိန်အထိ လုပ်ငန်းလိုင်စင်ပိတ်သိမ်းထားတဲ့ ပုဂ္ဂလိ ကဆေးရုံအရေအတွက် ဘယ်လောက်ရှိလဲ။ ဘကြောင့် ပိတ်သိမ်းခဲ့တာလဲ။
ဖြေ- ၂၀၂၁ ခုနှစ်ကနေစပြီး လက်ရှိအချိန်အထိ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေပုဒ်မ ၂၆၊ ပုဒ်မခွဲ(ဃ)အရ ပုဂ္ဂလိက ဆေးရုံလုပ်ငန်းလိုင်စင် ပယ်ဖျက်ခဲ့သည့် ဆေးရုံ(၄) ရုံ ရှိပါသည်။
ဆေးရုံလုပ်ငန်းလိုင်စင် ပယ်ဖျက်ခံရသည့် အဓိကအကြောင်းအရင်းမှာ ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းဆိုင်ရာ ဥပဒေပါ လိုင်စင်စည်းကမ်းများကို လိုက်နာရန် ပျက်ကွက်ခြင်းကြောင့် ဖြစ်ပါသည်။

မေး- ၂၀၂၁ ခုနှစ် အခင်းအကျင်းကနေစပြီးတော့ လက်ရှိအချိန်အထိ နိုင်ငံတစ်ဝန်းဖျက်ဆီးခံခဲ့ရတဲ့ ဆေးရုံ၊ ဆေးခန်းအရေအတွက် ဘယ်လောက်ရှိလဲ။ ဘယ်တိုင်းဒေသကြီးနဲ့ ပြည်နယ်မှာ အများဆုံးလဲ။
မဖြေပါ----

မေး- CDM ဝင်ရောက်သွားတဲ့ ကျန်းမာရေးဝန်ထမ်းအရေအတွက် ဘယ်လောက်ရှိပါသလဲ။ ပြန်လည်အစားထိုးခန့်အပ်မှုကကော ဘယ်လောက်ရှိပါသလဲ သိလိုပါတယ်။
မဖြေပါ - - -

မေး- ဆေးရုံဆေးခန်းပိတ်ထားရတဲ့ ဒေသတွေက ပြည်သူလူထုရဲ့ ကျန်းမာရေးအတွက် ဝန်ကြီးဌာနက ဘယ်လိုမျိုးတွေ ဆောင်ရွက်ပေးထားလဲ။
ဖြေ- ပြည်သူလူထုအားလုံး၏ ကျန်းမာရေးစောင့်ရှောက်မှုများကို အရှိန်အဟုန်မြှင့်တင်၍ စဉ်ဆက် မပြတ် ဆောင်ရွက်ပေးလျက်ရှိပြီး အထူးသဖြင့် အထူးကုသမှုများ (Super Speciality) လိုအပ်သော ပြည်သူများအနေဖြင့် ဆေးဝါးကုသမှုများကို လက်လှမ်းမီ ရရှိစေရေးအတွက် ရန်ကုန်/ မန္တလေး/ နေပြည်တော်မှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ ပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့များသည် တိုင်းဒေသကြီး/ ပြည်နယ်များသို့ ကွင်းဆင်းသွားရောက်ခြင်းကို ၂၀၂၃ ခုနှစ်၊ ဇွန်လမှ စတင်၍ မိုခါမုန်တိုင်းသင့် ဒေသ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ စတင်ကာ ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ်တွင် (၁၅)ကြိမ်နှင့် ၂၀၂၄ ခုနှစ် ဧပြီလအထိ (၁၂)ကြိမ် ဆောင်ရွက်ခဲ့ပြီး လူနာပေါင်း (၃၃,၇၂၃) ဦးကို ကြည့်ရှုကုသပေးနိုင်ခဲ့ပါသည်။ ဆက်လက်၍ ၂၀၂၄ ခုနှစ် ဇွန်လမှစတင်၍ (၂)ပတ်တစ်ကြိမ် ဆောင် ရွက်မည် ဖြစ်ပါသည်။
ထို့ပြင် တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် ခုတင်(၁၀ဝ)နှင့်အထက် ပြည်သူ့ဆေးရုံများမှ အထူးကုဆရာဝန်များပါဝင်သော အထူးကု ကွင်းဆင်း စစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ်အတွင်း (၁၂၇)ကြိမ်၊ ၂၀၂၄ ခုနှစ်အတွင်း ဧပြီလအထိ (၅၀)ကြိမ် ဆောင်ရွက်နိုင်ခဲ့ပါသည်။
ပြည်သူများ၏ ကိုယ်ပိုင်ငွေကြေး စိုက်ထုတ်ကုန်ကျရမှု သက်သာစေရေးအတွက် မျက်စိ အတွင်းတိမ်ခွဲစိတ်ကုသမှုနှင့် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ခွဲစိတ်ကုသမှုတို့ကို ကျွမ်းကျင် ဆေး ပညာရှင်အဖွဲ့များဖြင့် နိုင်ငံတစ်ဝန်းသို့ အလှည့်ကျ သွားရောက်အားဖြည့်ဆောင်ရွက်လျက်ရှိပါသည်။ မျက်စိအတွင်းတိမ်ခွဲစိတ် ကုသမှုအနေဖြင့် မျက်စိ အထူးကုဆေးအဖွဲ့များကို မျက်စိခွဲစိတ်ကုသမှုအား နည်းသည့်ဒေသများ၊ လူနာများပြားသည့်ဒေသများသို့ စေလွှတ်ခဲ့ရာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၄ ခုနှစ်၊ ဧပြီလအထိ (၁၀)ကြိမ်သွားရောက်ပြီးဖြစ်ကာ မျက်စိ အတွင်းတိမ်လူနာ(၁ç၃၂၂) ဦး ကို ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီး အတွင်းမှန်ဘီလူး (IOL)များ၊ မျက်မှန်များလည်း ထောက်ပံ့ပေးနိုင်ခဲ့ပါသည်။ ၂၀၂၄ ခုနှစ် မေလ (၂၆)ရက်နေ့မှစတင်၍ ပုံမှန်အစီအစဉ်ဖြင့် ဆက်လက်ဆောင်ရွက်မည် ဖြစ်ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရတာဝန်ယူစဉ်ကာလတွင် ဆေးရုံအဆောက် အအုံသစ်များ ဖွင့်လှစ်နိုင်မှုအနေဖြင့် ၂၀၂၂ ခုနှစ် အတွင်း၊ ဖေဖော်ဝါရီလတွင် ပြည်သူ့ဆေးရုံကြီး- ဟင်္သာတမြို့(၃)ထပ်ကုသဆောင်သစ်၊ မတ်လတွင် ပြည်သူ့ဆေးရုံကြီး- မကွေးမြို့ သားဖွားမီးယပ်နှင့် မွေးကင်းစကုသဆောင်သစ်၊ စက်တင်ဘာလတွင် ပြည်သူ့ဆေးရုံကြီး- မုံရွာမြို့ (၅)ထပ် ကုသဆောင် သစ်၊ အောက်တိုဘာလတွင် ပြည်သူ့ဆေးရုံကြီး- ဘားအံမြို့ (၃)ထပ် ကုသဆောင်သစ်နှင့် ဝေဘာဂီ အထူးကုဆေးရုံကြီး အထူးကူးစက်ရောဂါကုသဆောင်သစ်၊ ဒီဇင်ဘာလတွင် ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ဆေးရုံ- ကျိုက်လတ်မြို့ (၂)ထပ်ကုသဆောင်သစ်၊ ပြည်သူ့ဆေးရုံကြီး- ပုသိမ်မြို့ (၉)ထပ်ကုသ ဆောင်သစ်နှင့် အရိုးရောဂါအထူးကု ဆေးရုံကြီး- ရန်ကုန် (၅)ထပ် ကုသဆောင်သစ်တို့ကို ဖွင့်လှစ် ပေးနိုင်ခဲ့ပါသည်။
၂၀၂၄ ခုနှစ်အတွင်း၌ ဇန်နဝါရီလတွင် တောင်ကြီးမြို့၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီး (၅)ထပ် ကုသဆောင်သစ်၊ ပြည်သူ့ဆေးရုံကြီး- ပြည်မြို့ (၅)ထပ်ကုသဆောင်သစ်၊ ပြည်သူ့ဆေးရုံ- ပန်းတောင်း မြို့/ ကြို့ပင်ကောက်မြို့/ လက်ပံတန်းမြို့ တို့၌ (၂)ထပ် ကုသဆောင်သစ်များနှင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး (၇)ထပ် ကုသဆောင်သစ်၊ မတ်လတွင် အရိုးရောဂါအထူးကုဆေးရုံကြီး- မန္တလေး(၄)ထပ် ကုသဆောင်သစ်နှင့် ပြည်သူ့ဆေးရုံ- နတ္တလင်းမြို့ (၂)ထပ် ကုသဆောင်သစ်တို့ကို ဖွင့်လှစ်နိုင်ခဲ့ပါသည်။

မေး- မီးရှို့ဖျက်ဆီးခံခဲ့ရမှုနဲ့ မိုင်းခွဲခံခဲ့ရတဲ့ ဆေးရုံ၊ ဆေးခန်းတွေကို ဘယ်လိုမျိုး ပြန်လည်ပြင်ဆင်နေလဲ။ ပြင်ဆင်နိုင်ခြင်းမရှိတဲ့ ဆေးရုံ၊ ဆေးခန်းအရေအတွက် ဘယ်လောက်ရှိပါသလဲ။
မဖြေပါ - - -

မေး- အကြမ်းဖက်အဖွဲ့ရဲ့ ဖမ်းဆီးခြင်းခံရတဲ့ ကျန်းမာရေးဝန်ထမ်းပေါင်း ဘယ်လောက်ရှိလဲ။ ပြီးတော့ သတ်ဖြတ်ခံခဲ့ရတဲ့ ကျန်းမာရေးဝန်ထမ်းဦးရေကကော ဘယ်လောက်ရှိလဲ။
ဖြေ- အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်ဆောင်ရွက်မှုများကြောင့် နိုင်ငံတစ်ဝန်း ကျန်းမာရေးဝန်ထမ်း (၁၅)ဦး သေဆုံးခဲ့ပြီး (၁၁)ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။

မေး- သတ်ဖြတ်ခံခဲ့ရတဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ မိသားစုတွေကို ဝန်ကြီးဌာနအနေနဲ့ ထောက်ပံ့ပေးတာ မျိုးတွေရှိလား။ ဘယ်လိုမျိုးထောက်ပံ့ပေးနေလဲ။
ဖြေ- သတ်ဖြတ်ခံခဲ့ရသော ကျန်းမာရေးဝန်ထမ်းများအား နိုင်ငံတော်က ဂုဏ်ထူးဆောင်ဘွဲ့/ တံဆိပ်များ ချီးမြှင့်ခဲ့ပြီး မိသားစုများအားလည်း နိုင်ငံတော်စိုးရနှင့် ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့်လည်း ထောက်ပံ့ ချီးမြှင့်မှုများ ဆောင်ရွက်ပေးခဲ့ပါသည်။ နိုင်ငံတော်က ဂုဏ်ထူးဆောင်ဘွဲ့/ တံဆိပ်များ ချီးမြှင့်အပ်နှင်းရာတွင် (၄-၁-၂၀၂၂)ရက်နေ့မှ (၄-၁-၂၀၂၄) ရက်နေ့အထိ ရဲသူရတံဆိပ်(၁)ဦး၊ ရဲဗလတံဆိပ်(၁၆)ဦးကို ချီးမြှင့်ခဲ့ပါသည်။

မေး- လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ လုံခြုံရေးအတွက်ကော ဘယ်လို အာမခံချက်တွေပေးထားလဲ။ ဘယ်လိုတာဝန်ယူမှုတွေ ရှိနေလဲ။
ဖြေ- ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ ဒေသဆိုင်ရာ အစိုးရ အဖွဲ့များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လုံခြုံရေးအဖွဲ့အစည်းများမှ လုံခြုံရေးဆိုင်ရာစောင့်ရှောက်မှု များ ဆောင်ရွက်ပေးခြင်း၊ လုံခြုံရေးအရ အန္တရာယ်ရှိသော ဒေသများရှိ ကျန်းမာရေးဝန်ထမ်းများအား သင့်လျော်သော ဒေသများတွင် တွဲဖက်တာဝန်ချထားခြင်းနှင့် အုပ်ချုပ်စီမံဆိုင်ရာကိစ္စများအား အချိန်နှင့်တစ်ပြေးညီ ပံ့ပိုးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

မေး- လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေး ဝန်ထမ်းအရေအတွက်ကကော ကုသပေးနေတဲ့ ဆေးရုံ၊ ဆေးခန်းတွေအတွက် လုံလောက်မှုရှိရဲ့လား။
ဖြေ- ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ပြည်သူများ၏ ကိုယ်ပိုင်ငွေကြေး စိုက်ထုတ်ကုန်ကျရမှု လျော့နည်းစေရေးအတွက် အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုများနှင့် အခြေခံကျပြီး မရှိမဖြစ် လိုအပ်သော ဆေးဝါးများကို ထောက်ပံ့ပေးလျက်ရှိပါသည်။ ရေရှည်တွင်လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေး အာမခံစနစ်တစ်ရပ် ပေါ်ပေါက်လာစေရေးအတွက် အဖွဲ့များဖွဲ့ပြီး စနစ်တကျဆောင်ရွက် လျက်ရှိပါသည်။ ထိုသို့ ကျန်းမာရေးအာမခံစနစ် မပေါ်ပေါက်မီ ကာလအတွင်းတွင် အရေးပေါ်နှင့် မရှိမဖြစ်လိုအပ်သော အခြေခံဆေးဝါးများနှင့် ကျန်းမာရေးစောင့်ရှောက်မှု ကုန်ကျစရိတ်များကို နိုင်ငံတော်ဘဏ္ဍာငွေဖြင့် တတ်နိုင်သရွေ့ စိုက်ထုတ် သုံးစွဲပေးလျက်ရှိပါသည်။
ပြည်သူ့ဆေးရုံများတွင် ဆေးကုသမှု အရည်အသွေး မြင့်မားစေရေးအတွက် ဆောင်ရွက် လျက်ရှိရာမှာ အထူးကုပြင်ပလူနာဌာနများ တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်ခြင်းနှင့် အထူးကု ဆရာဝန်ကြီးများ ကွင်းဆင်းဆေးကုသမှုပေးခြင်းများလည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။ တစ်ဖက်မှလည်း ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍ စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများကို ဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံတွင် ယခင်က ကူးစက်တတ်သောရောဂါများ အဖြစ်များခဲ့သော်လည်း ယခုအခါတွင် မကူးစက်နိုင်သောရောဂါများ (အထူးသဖြင့် သွေးတိုး၊ ဆီချို၊ နှလုံး၊ ကင်ဆာ စသည့်ရောဂါများ)လည်း တိုးတက်ဖြစ်ပွားလျက်ရှိသဖြင့် ကင်ဆာ ရောဂါနှင့်ပတ်သက်၍ ဒဂုံဆိပ်ကမ်းတွင် အမျိုးသား ကင်ဆာရောဂါ ကုသရေးဌာနအသစ်တစ်ခုကို ဖွင့်လှစ်နိုင်ရေးဆောင်ရွက်လျက်ရှိပါသည်။ ယခုကဲ့သို့ မကူးစက်တတ်သောရောဂါများကို ကာကွယ် နှိမ်နှင်းလျှော့ချရေး လုပ်ငန်းများသည် နေ့ချင်းညချင်း အောင်မြင်ရန် ခက်ခဲသော်လည်း ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကာလတို၊ ကာလရှည် လုပ်ငန်း စီမံချက်များချမှတ်ပြီး တစ်ဆင့်ပြီးတစ်ဆင့် အောင်မြင်လာစေရေး အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါသည်။
ပြည်သူ့ဆေးရုံများ ဖွင့်လှစ်နိုင်မှုအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူစဉ် ကာလတွင် ခုတင်- ၅၀ ဆံ့ အဆင့်အထိ ပြည်သူ့ ဆေးရုံ အားလုံး ဖွင့်လှစ်နိုင်ခဲ့သော်လည်း ယခုကာလ တွင် အကြမ်းဖက်သောင်းကျန်းသူများ၏ အဖျက် အမှောင့် လုပ်ရပ်များကြောင့် ဆေးရုံအချို့ကို ပြန် လည် ပိတ်ထားရပါသည်။ အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲရှိသော ဒေသများမှ ကျန်းမာရေးဝန်ထမ်းများအား သင့်လျော်သည့် ဒေသများတွင် တွဲဖက်တာဝန်ချထားပြီး စီမံအုပ်ချုပ် ထောက်ပံ့မှုလုပ်ငန်းများ ဆောင်ရွက်ပေးထား၍ ၎င်းတို့အနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို အရှိန်အဟုန်မပျက်ဆောင်ရွက်လျက်ရှိပါသည်။
ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ တိုးတက်ရရှိရေးနှင့်ပတ်သက်၍ ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားမှုများ လျော့နည်းကျဆင်းလာသည် နှင့်အညီ ဆေးတက္ကသိုလ်များကို အမြန်ဆုံး ပြန်လည် ဖွင့်လှစ်ခဲ့ပြီး (၂၀၂၂) ခုနှစ်တွင် လက်ထောက် ဆရာဝန် ၃၀ဝ ဦးကျော်နှင့် (၂၀၂၃) ခုနှစ်တွင် (၆၂၅)ဦး အလုပ်ဝင်ရောက်ခဲ့ပါသည်။ ယခု (၂၀၂၄) ခုနှစ်တွင်လည်း အလုပ်သင်ဆရာဝန်(၁၂၀ဝ)ကျော် ဝင် ရောက်မည်ဖြစ်ပြီး ၎င်းတို့သည် (၂၀၂၅)ခုနှစ်တွင် လက်ထောက် ဆရာဝန်များအဖြစ် အလုပ်ဝင်ရောက် လာမည် ဖြစ်ပါသည်။ သူနာပြုအင်အားအနေဖြင့် ၂၀၂၃ ခုနှစ်တွင် (၁၈၀ဝ) ဦး လုပ်ငန်းခွင်သို့ ဝင်ရောက်ခဲ့ပြီးဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် (၂၂၀ဝ)ဦး၊ ၂၀၂၅ ခုနှစ်တွင် (၃၀ဝဝ)ဦး လုပ်ငန်းခွင်သို့ ဝင်ရောက်လာမည်ဖြစ်ပါသည်။
ထို့အတူ ပြည်သူ့ကျန်းမာရေးကဏ္ဍတွင်လည်း ၂၀၂၃ ခုနှစ်တွင် ကျန်းမာရေးမှူး (၄) (၃၀ဝဝ)ဦး အလုပ်ဝင်ရောက်ခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ၂၀ဝ၀ ဦးကျော် ထပ်မံခန့်ထားမည် ဖြစ်ပါသည်။

zawgyi version
“အၾကမ္းဖက္ေသာင္းက်န္းသူေတြေၾကာင့္ ေဆး႐ုံအခ်ိဳ႕ကို ပိတ္ထားရတယ္ ”
မေျဖေသာေမးခြန္းမ်ားႏွင့္ က်န္းမာေရးဝန္ႀကီးဌာန၏ သုံးႏွစ္ေက်ာ္ခရီး (အင္တာဗ်ဴး)
ယြန္း (NP News) - ‌ဇြန္ ၁ဝ

ႏိုင္ငံေရးအေျပာင္းအလဲျဖစ္ပြားခဲ့သည့္ ၂၀၂၁ ခုႏွစ္မွစတင္ကာ ပဋိပကၡမ်ား ျပင္းထန္ လာမႈႏွင့္အတူ က်န္းမာေရးဝန္ႀကီးဌာနလက္ေအာက္ရွိ ေဆး႐ုံ၊ ေဆးခန္းမ်ားလည္း မိုင္းေထာင္ ေဖာက္ခြဲဖ်က္ဆီးခံရမႈမ်ားရွိခဲ့သည္။ ထို႔ျပင္ က်န္းမာေရးဝန္ထမ္းမ်ားကိုလည္း NUG ႏွင့္ ၎၏လက္ေအာက္ခံ PDF မ်ားက ပစ္မွတ္ထားဖမ္းဆီးမႈႏွင့္ သတ္ျဖတ္မႈမ်ားလည္း အမ်ားအျပားရွိခဲ့သည္။ ႏိုင္ငံေတာ္အေနျဖင့္ ေဆး႐ုံ၊ ေဆးခန္းအသစ္မ်ားကို တည္ေဆာက္လ်က္ရွိေသာ္လည္း အခ်ိဳ႕ေဒသမ်ား ၌ ႏိုင္ငံေရး အေျခအေနအရ လက္ရွိအခ်ိန္အထိ ေဆး႐ုံ၊ ေဆးခန္းမဖြင့္ႏိုင္ေသးသည့္ အေျခအေနႏွင့္ ႀကဳံေတြ႕လ်က္ရွိသည္။ ယင္းကဲ့သို႔ အေၾကာင္းအရာမ်ား အပါအဝင္ ျပည္သူလူထု၏ က်န္းမာေရးဆိုင္ရာ ကိစၥမ်ားႏွင့္ပတ္သက္၍ The Statesman ဂ်ာနယ္က က်န္းမာေရးဝန္ႀကီးဌာနသို႔ ေမးျမန္းခဲ့သည့္အေပၚ ဝန္ႀကီးဌာနဘက္မွ ျပန္လည္ေျဖၾကားခ်က္မ်ားကို မူရင္းအတိုင္း NP News တြင္ ထပ္ဆင့္ေဖာ္ျပလိုက္ပါသည္။

ေမး- ျမန္မာတစ္ႏိုင္ငံလုံးမွာ ဗဟိုအဆင့္၊ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္၊ ခ႐ိုင္၊ ၿမိဳ႕နယ္၊ တိုက္နယ္အဆင့္ ျပည္သူ႔ေဆး႐ုံ အေရအတြက္ ဘယ္ေလာက္ရွိလဲ သိလိုပါတယ္။
ေျဖ- ကုသေရးဦးစီးဌာနလက္ေအာက္ရွိ ျပည္သူ႔ ေဆး႐ုံမ်ား . . .
အထူးကုေဆး႐ုံ(၃၃) ႐ုံ၊ ခုတင္(၂၀ဝဝ)- ၁ ႐ုံ၊ ခုတင္(၁၅၀ဝ)- ၁ ႐ုံ၊ ခုတင္(၁၀ဝဝ)- ၁ ႐ုံ၊ ခုတင္(၈၀ဝ)- ၁ ႐ုံ၊ ခုတင္(၅၀ဝ)- ၁၃ ႐ုံ၊ ခုတင္(၃၀ဝ)- ၄ ႐ုံ၊ ခုတင္(၂၀ဝ)- ၃၂ ႐ုံ၊ ခုတင္(၁၅၀)- ၂ ႐ုံ၊ ခုတင္(၁၀ဝ)- ၄၂ ႐ုံ၊ ခုတင္(၅၀)- ၁၂၁ ႐ုံ၊ (၂၅) ခုတင္- ၁၄၆ ႐ုံ၊ (၁၆) ခုတင္- ၉ ႐ုံ၊ တိုက္နယ္ေဆး႐ုံ- ၇၇၂ ႐ုံ၊ ေဆး႐ုံစုစုေပါင္း- ၁၁၇၈ ႐ုံရွိပါသည္။
ျပည္သူ႔က်န္းမာေရးဦးစီးဌာနလက္ေအာက္ရွိ က်န္းမာေရးဌာနမ်ား ....
ေက်းလက္က်န္းမာေရးဌာန- ၁၉၀၄ ခု၊ ေက်းလက္ က်န္းမာေရးဌာနခြဲ- ၉၀၇၇ ခု၊ ေဒသႏၲရ က်န္းမာေရး ဌာန- ၉၈ ခု။ စုစုေပါင္း- ၁၁၀၇၉ ခု ရွိပါသည္။

ေမး- တစ္ႏိုင္ငံလုံးမွာရွိတဲ့ ျပည္သူ႔ေဆး႐ုံေတြမွာ တာဝန္ထမ္းေဆာင္ေနတဲ့ ဝန္ထမ္းအေရအတြက္ ဘယ္ေလာက္ရွိပါသလဲ။ အလားတူ ပုဂၢလိကေဆး႐ုံ ဝန္ထမ္းအေရအတြက္ ဘယ္ေလာက္ရွိပါသလဲ။
ေျဖ- က်န္းမာေရးဝန္ႀကီးဌာနလက္ေအာက္ရွိ က်န္းမာေရးဝန္ထမ္းစုစုေပါင္း- (၆၈၅၂၆)ဦး ရွိသည့္ အနက္ အရာထမ္း- ၈၆၂၆ ဦးျဖစ္ၿပီး အမႈထမ္း- ၅၉၉၀ဝ ဦးျဖစ္ပါသည္။ ပုဂၢလိကေဆး႐ုံ/ေဆးခန္းေဆာင္႐ြက္သူ အေရအတြက္မွာ ဆရာဝန္ ၈၀၃၇ ဦး၊ သူနာျပဳ ၂၅၂၆ ဦး၊ ကြၽမ္းက်င္ ၂၃၄၈ ဦး၊ အျခား ၁၆၃၃၆ ဦး၊ စုစုေပါင္း (၂၉၂၄၇)ဦး ျဖစ္ပါသည္။

ေမး- ျပည္သူ႔ေဆး႐ုံေတြမွာ လူနာေတြကို အတတ္ႏိုင္ဆုံး ကုန္က်စရိတ္မရွိေစဖို႔ ေဆးကုသႏိုင္ေရး ဘတ္ဂ်က္ေတြကို ႏိုင္ငံေတာ္ကေန ႏွစ္စဥ္တိုးျမႇင့္ေပးေနတယ္လို႔ သိရပါတယ္။ ႏွစ္စဥ္ဘယ္ေလာက္ထိ တိုးျမႇင့္ေပးေနလဲ။
ေျဖ- ႏိုင္ငံေတာ္အစိုးရက က်န္းမာေရးဝန္ႀကီးဌာနအတြက္ ဘ႑ာေငြမ်ားကို ႏွစ္အလိုက္တိုးျမႇင့္ခ်ထား ေပးလ်က္ရွိရာမွာ-
၂၀၂၁ ခုႏွစ္ေအာက္တိုဘာလမွ ၂၀၂၂ ခုႏွစ္ မတ္လအထိ (၆)လ- စုစုေပါင္းအသုံးစရိတ္ က်ပ္သန္းေပါင္း ၄၉၉,၇၃၁.၅၉၁
၂၀၂၂- ၂၀၂၃ ဘ႑ာႏွစ္- စုစုေပါင္း အသုံးစရိတ္က်ပ္သန္းေပါင္း ၈၆၇,၂၅၁.၉၃၂
၂၀၂၃- ၂၀၂၄ ဘ႑ာႏွစ္- စုစုေပါင္း အသုံးစရိတ္က်ပ္သန္းေပါင္း ၈၁၄,၆၉၇. ၇၇၅
၂၀၂၄- ၂၀၂၅ - စုစုေပါင္းအသုံးစရိတ္က်ပ္သန္းေပါင္း ၈၇၁,၆၄၅.၄၄၂ ျဖစ္ပါသည္။

ေမး- ဝန္ႀကီးဌာနအေနနဲ႔ လိုင္စင္ခြင့္ျပဳေပးထားတဲ့ ပုဂၢလိကေဆး႐ုံအေရအတြက္ ဘယ္ေလာက္ရွိလဲ။
ေျဖ- (၃၀-၄-၂၀၂၄) ရက္ေန႔အထိ ပုဂၢလိက က်န္းမာေရးလုပ္ငန္းဆိုင္ရာဗဟိုအဖြဲ႕မွ လိုင္စင္စိစစ္ခြင့္ ျပဳခဲ့ေသာ ပုဂၢလိကေဆး႐ုံအေရအတြက္ (၂၉၅) ႐ုံ ရွိပါသည္။

ေမး- လိုင္စင္ခြင့္ျပဳခ်က္ရဖို႔ ေလွ်ာက္ထားတဲ့ ပုဂၢလိကေဆး႐ုံအေရအတြက္ ဘယ္ေလာက္ရွိေနလဲ။ ဘယ္ေဒသက အမ်ားဆုံးလဲ။
ေျဖ- လိုင္စင္ခြင့္ျပဳခ်က္ရဖို႔ ေလွ်ာက္ထားဆဲ ပုဂၢလိကေဆး႐ုံအေရအတြက္- ၆၁ ခုရွိပါသည္။ ရန္ကုန္တိုင္းေဒသႀကီးတြင္ အမ်ားဆုံးျဖစ္ပါသည္။

ေမး- ၂၀၂၁ ခုႏွစ္ အခင္းအက်င္းကေနစၿပီး လက္ရွိ အခ်ိန္အထိ လုပ္ငန္းလိုင္စင္ပိတ္သိမ္းထားတဲ့ ပုဂၢလိ ကေဆး႐ုံအေရအတြက္ ဘယ္ေလာက္ရွိလဲ။ ဘေၾကာင့္ ပိတ္သိမ္းခဲ့တာလဲ။
ေျဖ- ၂၀၂၁ ခုႏွစ္ကေနစၿပီး လက္ရွိအခ်ိန္အထိ ပုဂၢလိက က်န္းမာေရးလုပ္ငန္းဆိုင္ရာ ဥပေဒပုဒ္မ ၂၆၊ ပုဒ္မခြဲ(ဃ)အရ ပုဂၢလိက ေဆး႐ုံလုပ္ငန္းလိုင္စင္ ပယ္ဖ်က္ခဲ့သည့္ ေဆး႐ုံ(၄) ႐ုံ ရွိပါသည္။
ေဆး႐ုံလုပ္ငန္းလိုင္စင္ ပယ္ဖ်က္ခံရသည့္ အဓိကအေၾကာင္းအရင္းမွာ ပုဂၢလိကက်န္းမာေရး လုပ္ငန္းဆိုင္ရာ ဥပေဒပါ လိုင္စင္စည္းကမ္းမ်ားကို လိုက္နာရန္ ပ်က္ကြက္ျခင္းေၾကာင့္ ျဖစ္ပါသည္။

ေမး- ၂၀၂၁ ခုႏွစ္ အခင္းအက်င္းကေနစၿပီးေတာ့ လက္ရွိအခ်ိန္အထိ ႏိုင္ငံတစ္ဝန္းဖ်က္ဆီးခံခဲ့ရတဲ့ ေဆး႐ုံ၊ ေဆးခန္းအေရအတြက္ ဘယ္ေလာက္ရွိလဲ။ ဘယ္တိုင္းေဒသႀကီးနဲ႔ ျပည္နယ္မွာ အမ်ားဆုံးလဲ။
မေျဖပါ----

ေမး- CDM ဝင္ေရာက္သြားတဲ့ က်န္းမာေရးဝန္ထမ္းအေရအတြက္ ဘယ္ေလာက္ရွိပါသလဲ။ ျပန္လည္အစားထိုးခန႔္အပ္မႈကေကာ ဘယ္ေလာက္ရွိပါသလဲ သိလိုပါတယ္။
မေျဖပါ - - -

ေမး- ေဆး႐ုံေဆးခန္းပိတ္ထားရတဲ့ ေဒသေတြက ျပည္သူလူထုရဲ႕ က်န္းမာေရးအတြက္ ဝန္ႀကီးဌာနက ဘယ္လိုမ်ိဳးေတြ ေဆာင္႐ြက္ေပးထားလဲ။
ေျဖ- ျပည္သူလူထုအားလုံး၏ က်န္းမာေရးေစာင့္ေရွာက္မႈမ်ားကို အရွိန္အဟုန္ျမႇင့္တင္၍ စဥ္ဆက္ မျပတ္ ေဆာင္႐ြက္ေပးလ်က္ရွိၿပီး အထူးသျဖင့္ အထူးကုသမႈမ်ား (Super Speciality) လိုအပ္ေသာ ျပည္သူမ်ားအေနျဖင့္ ေဆးဝါးကုသမႈမ်ားကို လက္လွမ္းမီ ရရွိေစေရးအတြက္ ရန္ကုန္/ မႏၲေလး/ ေနျပည္ေတာ္မွ ပါေမာကၡ/အထူးကုဆရာဝန္ႀကီးမ်ား ပါဝင္သည့္ အထူးကုေဆးကုသေရးအဖြဲ႕မ်ားသည္ တိုင္းေဒသႀကီး/ ျပည္နယ္မ်ားသို႔ ကြင္းဆင္းသြားေရာက္ျခင္းကို ၂၀၂၃ ခုႏွစ္၊ ဇြန္လမွ စတင္၍ မိုခါမုန္တိုင္းသင့္ ေဒသ ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕မွ စတင္ကာ ေဆာင္႐ြက္ခဲ့ရာ ၂၀၂၃ ခုႏွစ္တြင္ (၁၅)ႀကိမ္ႏွင့္ ၂၀၂၄ ခုႏွစ္ ဧၿပီလအထိ (၁၂)ႀကိမ္ ေဆာင္႐ြက္ခဲ့ၿပီး လူနာေပါင္း (၃၃,၇၂၃) ဦးကို ၾကည့္ရႈကုသေပးႏိုင္ခဲ့ပါသည္။ ဆက္လက္၍ ၂၀၂၄ ခုႏွစ္ ဇြန္လမွစတင္၍ (၂)ပတ္တစ္ႀကိမ္ ေဆာင္ ႐ြက္မည္ ျဖစ္ပါသည္။
ထို႔ျပင္ တိုင္းေဒသႀကီး/ ျပည္နယ္မ်ားအလိုက္ ခုတင္(၁၀ဝ)ႏွင့္အထက္ ျပည္သူ႔ေဆး႐ုံမ်ားမွ အထူးကုဆရာဝန္မ်ားပါဝင္ေသာ အထူးကု ကြင္းဆင္း စစ္ေဆးမႈမ်ားကို ေဆာင္႐ြက္လ်က္ရွိရာ ၂၀၂၃ ခုႏွစ္အတြင္း (၁၂၇)ႀကိမ္၊ ၂၀၂၄ ခုႏွစ္အတြင္း ဧၿပီလအထိ (၅၀)ႀကိမ္ ေဆာင္႐ြက္ႏိုင္ခဲ့ပါသည္။
ျပည္သူမ်ား၏ ကိုယ္ပိုင္ေငြေၾကး စိုက္ထုတ္ကုန္က်ရမႈ သက္သာေစေရးအတြက္ မ်က္စိ အတြင္းတိမ္ခြဲစိတ္ကုသမႈႏွင့္ ေမြးရာပါ ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲ ခြဲစိတ္ကုသမႈတို႔ကို ကြၽမ္းက်င္ ေဆး ပညာရွင္အဖြဲ႕မ်ားျဖင့္ ႏိုင္ငံတစ္ဝန္းသို႔ အလွည့္က် သြားေရာက္အားျဖည့္ေဆာင္႐ြက္လ်က္ရွိပါသည္။ မ်က္စိအတြင္းတိမ္ခြဲစိတ္ ကုသမႈအေနျဖင့္ မ်က္စိ အထူးကုေဆးအဖြဲ႕မ်ားကို မ်က္စိခြဲစိတ္ကုသမႈအား နည္းသည့္ေဒသမ်ား၊ လူနာမ်ားျပားသည့္ေဒသမ်ားသို႔ ေစလႊတ္ခဲ့ရာ ၂၀၂၃ ခုႏွစ္ ဒီဇင္ဘာလမွ ၂၀၂၄ ခုႏွစ္၊ ဧၿပီလအထိ (၁၀)ႀကိမ္သြားေရာက္ၿပီးျဖစ္ကာ မ်က္စိ အတြင္းတိမ္လူနာ(၁ç၃၂၂) ဦး ကို ခြဲစိတ္ကုသေပးႏိုင္ခဲ့ၿပီး အတြင္းမွန္ဘီလူး (IOL)မ်ား၊ မ်က္မွန္မ်ားလည္း ေထာက္ပံ့ေပးႏိုင္ခဲ့ပါသည္။ ၂၀၂၄ ခုႏွစ္ ေမလ (၂၆)ရက္ေန႔မွစတင္၍ ပုံမွန္အစီအစဥ္ျဖင့္ ဆက္လက္ေဆာင္႐ြက္မည္ ျဖစ္ပါသည္။
ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ အစိုးရတာဝန္ယူစဥ္ကာလတြင္ ေဆး႐ုံအေဆာက္ အအုံသစ္မ်ား ဖြင့္လွစ္ႏိုင္မႈအေနျဖင့္ ၂၀၂၂ ခုႏွစ္ အတြင္း၊ ေဖေဖာ္ဝါရီလတြင္ ျပည္သူ႔ေဆး႐ုံႀကီး- ဟသၤာတၿမိဳ႕(၃)ထပ္ကုသေဆာင္သစ္၊ မတ္လတြင္ ျပည္သူ႔ေဆး႐ုံႀကီး- မေကြးၿမိဳ႕ သားဖြားမီးယပ္ႏွင့္ ေမြးကင္းစကုသေဆာင္သစ္၊ စက္တင္ဘာလတြင္ ျပည္သူ႔ေဆး႐ုံႀကီး- မုံ႐ြာၿမိဳ႕ (၅)ထပ္ ကုသေဆာင္ သစ္၊ ေအာက္တိုဘာလတြင္ ျပည္သူ႔ေဆး႐ုံႀကီး- ဘားအံၿမိဳ႕ (၃)ထပ္ ကုသေဆာင္သစ္ႏွင့္ ေဝဘာဂီ အထူးကုေဆး႐ုံႀကီး အထူးကူးစက္ေရာဂါကုသေဆာင္သစ္၊ ဒီဇင္ဘာလတြင္ ဧရာဝတီတိုင္းေဒသႀကီး ျပည္သူ႔ေဆး႐ုံ- က်ိဳက္လတ္ၿမိဳ႕ (၂)ထပ္ကုသေဆာင္သစ္၊ ျပည္သူ႔ေဆး႐ုံႀကီး- ပုသိမ္ၿမိဳ႕ (၉)ထပ္ကုသ ေဆာင္သစ္ႏွင့္ အ႐ိုးေရာဂါအထူးကု ေဆး႐ုံႀကီး- ရန္ကုန္ (၅)ထပ္ ကုသေဆာင္သစ္တို႔ကို ဖြင့္လွစ္ ေပးႏိုင္ခဲ့ပါသည္။
၂၀၂၄ ခုႏွစ္အတြင္း၌ ဇန္နဝါရီလတြင္ ေတာင္ႀကီးၿမိဳ႕၊ စဝ္စံထြန္းျပည္သူ႔ေဆး႐ုံႀကီး (၅)ထပ္ ကုသေဆာင္သစ္၊ ျပည္သူ႔ေဆး႐ုံႀကီး- ျပည္ၿမိဳ႕ (၅)ထပ္ကုသေဆာင္သစ္၊ ျပည္သူ႔ေဆး႐ုံ- ပန္းေတာင္း ၿမိဳ႕/ ႀကိဳ႕ပင္ေကာက္ၿမိဳ႕/ လက္ပံတန္းၿမိဳ႕ တို႔၌ (၂)ထပ္ ကုသေဆာင္သစ္မ်ားႏွင့္ ရန္ကုန္ျပည္သူ႔ ေဆး႐ုံႀကီး (၇)ထပ္ ကုသေဆာင္သစ္၊ မတ္လတြင္ အ႐ိုးေရာဂါအထူးကုေဆး႐ုံႀကီး- မႏၲေလး(၄)ထပ္ ကုသေဆာင္သစ္ႏွင့္ ျပည္သူ႔ေဆး႐ုံ- နတၱလင္းၿမိဳ႕ (၂)ထပ္ ကုသေဆာင္သစ္တို႔ကို ဖြင့္လွစ္ႏိုင္ခဲ့ပါသည္။

ေမး- မီးရႈိ႕ဖ်က္ဆီးခံခဲ့ရမႈနဲ႔ မိုင္းခြဲခံခဲ့ရတဲ့ ေဆး႐ုံ၊ ေဆးခန္းေတြကို ဘယ္လိုမ်ိဳး ျပန္လည္ျပင္ဆင္ေနလဲ။ ျပင္ဆင္ႏိုင္ျခင္းမရွိတဲ့ ေဆး႐ုံ၊ ေဆးခန္းအေရအတြက္ ဘယ္ေလာက္ရွိပါသလဲ။
မေျဖပါ - - -

ေမး- အၾကမ္းဖက္အဖြဲ႕ရဲ႕ ဖမ္းဆီးျခင္းခံရတဲ့ က်န္းမာေရးဝန္ထမ္းေပါင္း ဘယ္ေလာက္ရွိလဲ။ ၿပီးေတာ့ သတ္ျဖတ္ခံခဲ့ရတဲ့ က်န္းမာေရးဝန္ထမ္းဦးေရကေကာ ဘယ္ေလာက္ရွိလဲ။
ေျဖ- အၾကမ္းဖက္အဖြဲ႕မ်ား၏ အၾကမ္းဖက္ေဆာင္႐ြက္မႈမ်ားေၾကာင့္ ႏိုင္ငံတစ္ဝန္း က်န္းမာေရးဝန္ထမ္း (၁၅)ဦး ေသဆုံးခဲ့ၿပီး (၁၁)ဦး ျပင္းထန္စြာ ထိခိုက္ဒဏ္ရာ ရရွိခဲ့ပါသည္။

ေမး- သတ္ျဖတ္ခံခဲ့ရတဲ့ က်န္းမာေရးဝန္ထမ္းေတြရဲ႕ မိသားစုေတြကို ဝန္ႀကီးဌာနအေနနဲ႔ ေထာက္ပံ့ေပးတာ မ်ိဳးေတြရွိလား။ ဘယ္လိုမ်ိဳးေထာက္ပံ့ေပးေနလဲ။
ေျဖ- သတ္ျဖတ္ခံခဲ့ရေသာ က်န္းမာေရးဝန္ထမ္းမ်ားအား ႏိုင္ငံေတာ္က ဂုဏ္ထူးေဆာင္ဘြဲ႕/ တံဆိပ္မ်ား ခ်ီးျမႇင့္ခဲ့ၿပီး မိသားစုမ်ားအားလည္း ႏိုင္ငံေတာ္စိုးရႏွင့္ က်န္းမာေရးဝန္ႀကီးဌာန အေနျဖင့္လည္း ေထာက္ပံ့ ခ်ီးျမႇင့္မႈမ်ား ေဆာင္႐ြက္ေပးခဲ့ပါသည္။ ႏိုင္ငံေတာ္က ဂုဏ္ထူးေဆာင္ဘြဲ႕/ တံဆိပ္မ်ား ခ်ီးျမႇင့္အပ္ႏွင္းရာတြင္ (၄-၁-၂၀၂၂)ရက္ေန႔မွ (၄-၁-၂၀၂၄) ရက္ေန႔အထိ ရဲသူရတံဆိပ္(၁)ဦး၊ ရဲဗလတံဆိပ္(၁၆)ဦးကို ခ်ီးျမႇင့္ခဲ့ပါသည္။

ေမး- လက္ရွိတာဝန္ထမ္းေဆာင္ေနတဲ့ က်န္းမာေရးဝန္ထမ္းေတြရဲ႕ လုံၿခဳံေရးအတြက္ေကာ ဘယ္လို အာမခံခ်က္ေတြေပးထားလဲ။ ဘယ္လိုတာဝန္ယူမႈေတြ ရွိေနလဲ။
ေျဖ- ျပည္ေထာင္စုနယ္ေျမ၊ ေနျပည္ေတာ္၊ တိုင္းေဒသႀကီး/ ျပည္နယ္မ်ားရွိ ေဒသဆိုင္ရာ အစိုးရ အဖြဲ႕မ်ား၊ အုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းမ်ား၊ လုံၿခဳံေရးအဖြဲ႕အစည္းမ်ားမွ လုံၿခဳံေရးဆိုင္ရာေစာင့္ေရွာက္မႈ မ်ား ေဆာင္႐ြက္ေပးျခင္း၊ လုံၿခဳံေရးအရ အႏၲရာယ္ရွိေသာ ေဒသမ်ားရွိ က်န္းမာေရးဝန္ထမ္းမ်ားအား သင့္ေလ်ာ္ေသာ ေဒသမ်ားတြင္ တြဲဖက္တာဝန္ခ်ထားျခင္းႏွင့္ အုပ္ခ်ဳပ္စီမံဆိုင္ရာကိစၥမ်ားအား အခ်ိန္ႏွင့္တစ္ေျပးညီ ပံ့ပိုးျခင္းမ်ားကို ေဆာင္႐ြက္ေပးလ်က္ရွိပါသည္။

ေမး- လက္ရွိတာဝန္ထမ္းေဆာင္ေနတဲ့ က်န္းမာေရး ဝန္ထမ္းအေရအတြက္ကေကာ ကုသေပးေနတဲ့ ေဆး႐ုံ၊ ေဆးခန္းေတြအတြက္ လုံေလာက္မႈရွိရဲ႕လား။
ေျဖ- က်န္းမာေရးေစာင့္ေရွာက္မႈေပးရာတြင္ ျပည္သူမ်ား၏ ကိုယ္ပိုင္ေငြေၾကး စိုက္ထုတ္ကုန္က်ရမႈ ေလ်ာ့နည္းေစေရးအတြက္ အေရးေပၚက်န္းမာေရး ေစာင့္ေရွာက္မႈမ်ားႏွင့္ အေျခခံက်ၿပီး မရွိမျဖစ္ လိုအပ္ေသာ ေဆးဝါးမ်ားကို ေထာက္ပံ့ေပးလ်က္ရွိပါသည္။ ေရရွည္တြင္လူတိုင္းလက္လွမ္းမီသည့္ က်န္းမာေရး အာမခံစနစ္တစ္ရပ္ ေပၚေပါက္လာေစေရးအတြက္ အဖြဲ႕မ်ားဖြဲ႕ၿပီး စနစ္တက်ေဆာင္႐ြက္ လ်က္ရွိပါသည္။ ထိုသို႔ က်န္းမာေရးအာမခံစနစ္ မေပၚေပါက္မီ ကာလအတြင္းတြင္ အေရးေပၚႏွင့္ မရွိမျဖစ္လိုအပ္ေသာ အေျခခံေဆးဝါးမ်ားႏွင့္ က်န္းမာေရးေစာင့္ေရွာက္မႈ ကုန္က်စရိတ္မ်ားကို ႏိုင္ငံေတာ္ဘ႑ာေငြျဖင့္ တတ္ႏိုင္သေ႐ြ႕ စိုက္ထုတ္ သုံးစြဲေပးလ်က္ရွိပါသည္။
ျပည္သူ႔ေဆး႐ုံမ်ားတြင္ ေဆးကုသမႈ အရည္အေသြး ျမင့္မားေစေရးအတြက္ ေဆာင္႐ြက္ လ်က္ရွိရာမွာ အထူးကုျပင္ပလူနာဌာနမ်ား တိုးခ်ဲ႕ဖြင့္လွစ္ေဆာင္႐ြက္ျခင္းႏွင့္ အထူးကု ဆရာဝန္ႀကီးမ်ား ကြင္းဆင္းေဆးကုသမႈေပးျခင္းမ်ားလည္း ေဆာင္႐ြက္ေပးလ်က္ရွိပါသည္။ တစ္ဖက္မွလည္း ပုဂၢလိက က်န္းမာေရးက႑ စနစ္တက် ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ လိုအပ္သည့္ အေရးယူေဆာင္႐ြက္မႈမ်ားကို ေဆာင္႐ြက္လ်က္ရွိပါသည္။
ျမန္မာႏိုင္ငံတြင္ ယခင္က ကူးစက္တတ္ေသာေရာဂါမ်ား အျဖစ္မ်ားခဲ့ေသာ္လည္း ယခုအခါတြင္ မကူးစက္ႏိုင္ေသာေရာဂါမ်ား (အထူးသျဖင့္ ေသြးတိုး၊ ဆီခ်ိဳ၊ ႏွလုံး၊ ကင္ဆာ စသည့္ေရာဂါမ်ား)လည္း တိုးတက္ျဖစ္ပြားလ်က္ရွိသျဖင့္ ကင္ဆာ ေရာဂါႏွင့္ပတ္သက္၍ ဒဂုံဆိပ္ကမ္းတြင္ အမ်ိဳးသား ကင္ဆာေရာဂါ ကုသေရးဌာနအသစ္တစ္ခုကို ဖြင့္လွစ္ႏိုင္ေရးေဆာင္႐ြက္လ်က္ရွိပါသည္။ ယခုကဲ့သို႔ မကူးစက္တတ္ေသာေရာဂါမ်ားကို ကာကြယ္ ႏွိမ္ႏွင္းေလွ်ာ့ခ်ေရး လုပ္ငန္းမ်ားသည္ ေန႔ခ်င္းညခ်င္း ေအာင္ျမင္ရန္ ခက္ခဲေသာ္လည္း က်န္းမာေရးဝန္ႀကီးဌာနအေနျဖင့္ ကာလတို၊ ကာလရွည္ လုပ္ငန္း စီမံခ်က္မ်ားခ်မွတ္ၿပီး တစ္ဆင့္ၿပီးတစ္ဆင့္ ေအာင္ျမင္လာေစေရး အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ လ်က္ရွိပါသည္။
ျပည္သူ႔ေဆး႐ုံမ်ား ဖြင့္လွစ္ႏိုင္မႈအေနျဖင့္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ တာဝန္ယူစဥ္ ကာလတြင္ ခုတင္- ၅၀ ဆံ့ အဆင့္အထိ ျပည္သူ႔ ေဆး႐ုံ အားလုံး ဖြင့္လွစ္ႏိုင္ခဲ့ေသာ္လည္း ယခုကာလ တြင္ အၾကမ္းဖက္ေသာင္းက်န္းသူမ်ား၏ အဖ်က္ အေမွာင့္ လုပ္ရပ္မ်ားေၾကာင့္ ေဆး႐ုံအခ်ိဳ႕ကို ျပန္ လည္ ပိတ္ထားရပါသည္။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အခက္အခဲရွိေသာ ေဒသမ်ားမွ က်န္းမာေရးဝန္ထမ္းမ်ားအား သင့္ေလ်ာ္သည့္ ေဒသမ်ားတြင္ တြဲဖက္တာဝန္ခ်ထားၿပီး စီမံအုပ္ခ်ဳပ္ ေထာက္ပံ့မႈလုပ္ငန္းမ်ား ေဆာင္႐ြက္ေပးထား၍ ၎တို႔အေနျဖင့္ က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားကို အရွိန္အဟုန္မပ်က္ေဆာင္႐ြက္လ်က္ရွိပါသည္။
က်န္းမာေရးလူ႔စြမ္းအားအရင္းအျမစ္မ်ား တိုးတက္ရရွိေရးႏွင့္ပတ္သက္၍ ကိုဗစ္- ၁၉ ေရာဂါ ျဖစ္ပြားမႈမ်ား ေလ်ာ့နည္းက်ဆင္းလာသည္ ႏွင့္အညီ ေဆးတကၠသိုလ္မ်ားကို အျမန္ဆုံး ျပန္လည္ ဖြင့္လွစ္ခဲ့ၿပီး (၂၀၂၂) ခုႏွစ္တြင္ လက္ေထာက္ ဆရာဝန္ ၃၀ဝ ဦးေက်ာ္ႏွင့္ (၂၀၂၃) ခုႏွစ္တြင္ (၆၂၅)ဦး အလုပ္ဝင္ေရာက္ခဲ့ပါသည္။ ယခု (၂၀၂၄) ခုႏွစ္တြင္လည္း အလုပ္သင္ဆရာဝန္(၁၂၀ဝ)ေက်ာ္ ဝင္ ေရာက္မည္ျဖစ္ၿပီး ၎တို႔သည္ (၂၀၂၅)ခုႏွစ္တြင္ လက္ေထာက္ ဆရာဝန္မ်ားအျဖစ္ အလုပ္ဝင္ေရာက္ လာမည္ ျဖစ္ပါသည္။ သူနာျပဳအင္အားအေနျဖင့္ ၂၀၂၃ ခုႏွစ္တြင္ (၁၈၀ဝ) ဦး လုပ္ငန္းခြင္သို႔ ဝင္ေရာက္ခဲ့ၿပီးျဖစ္ၿပီး ၂၀၂၄ ခုႏွစ္တြင္ (၂၂၀ဝ)ဦး၊ ၂၀၂၅ ခုႏွစ္တြင္ (၃၀ဝဝ)ဦး လုပ္ငန္းခြင္သို႔ ဝင္ေရာက္လာမည္ျဖစ္ပါသည္။
ထို႔အတူ ျပည္သူ႔က်န္းမာေရးက႑တြင္လည္း ၂၀၂၃ ခုႏွစ္တြင္ က်န္းမာေရးမႉး (၄) (၃၀ဝဝ)ဦး အလုပ္ဝင္ေရာက္ခဲ့ၿပီး ၂၀၂၄ ခုႏွစ္တြင္ ၂၀ဝ၀ ဦးေက်ာ္ ထပ္မံခန႔္ထားမည္ ျဖစ္ပါသည္။

Related news

© 2021. All rights reserved.