စင်ကာပူမှာ ဆယ်စုနှစ်အတွင်း ကိုယ်တွင်းအင်္ဂါ အစားထိုးကုသမှုနှုန်း မြင့်တက်

144

ရောင်နီ (NP News) - အောက်တိုဘာ ၂ဝ
နိုင်ငံသား သို့မဟုတ် နေထိုင်သူမှ ကိုယ်တွင်းအင်္ဂါ လှူဒါန်းမှုအတွက် တရားဝင်ပြဋ္ဌာန်းထားတဲ့ စင်ကာပူမှာ ဆယ်စုနှစ်တစ်ခုအတွင်း ကိုယ်တွင်းအင်္ဂါ အစားထိုးကုသမှုနှုန်း မြင့်တက်လာခဲ့တယ်လို့ အချက်အလက်တွေအရ သိရပါတယ်။
ကျန်းမာရေးဝန်ကြီးဌာန (MOH) ရဲ့နောက်ဆုံးထွက်ကိန်းဂဏန်းတွေအရ သေဆုံးသူ လှူဒါန်းသွားတဲ့ ကိုယ်တွင်းအင်္ဂါကို အစားထိုးကုသမှုနှုန်းဟာ ပြီးခဲ့တဲ့ ၁ဝ နှစ်တာ ကာလအတွင်း မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။ ကျောက်ကပ်လှူဒါန်းတဲ့ သေဆုံးသူ အလှူရှင်ဟာ ၂၀၁၃ ခုနှစ်က လူဦးရေ တစ်သန်းကို 6.3pmp နှုန်း ရှိရာမှ ၂ဝ၂၃ ခုနှစ်မှာ ၆.၅၉ pmp ထိ မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။ အလားတူကာလမှာ သေဆုံးသူ အလှူရှင် ရဲ့အသည်းလှူဒါန်းမှုနှုန်းဟာလည်း ၃.၅၂ pmp မှ ၃.၈၉ pmp ထိ တိုးလာကာ၊ နှလုံးလှူဒါန်းမှုကတော့ ၀.၇၄ pmp မှ ၀.၈၅ pmp ထိ တိုးလာတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း လှူဒါန်းသူရဲ့မိသားစုတွေက ငြင်းဆိုမှုတွေ ရှိတာ ကြောင့် စင်ကာပူရှိ လူနာ ၄၀၀ ကျော်ဟာ သင့်လျော်တဲ့ အသက်ကယ်အစားထိုးကုသမှုအတွက် ငါးနှစ်မှ ၁၇ နှစ် အထိ စောင့်ဆိုင်းနေရဆဲဖြစ်ပါတယ်။
စင်ကာပူမှာ လူတစ်ဦးချင်းစီဟာ အသက်ကယ်ဖို့၊ သုတေသနပြုဖို့အတွက် လိုအပ်တဲ့ အင်္ဂါအစိတ်အပိုင်းတွေ ကို ဆေးသိပ္ပံပညာ (ကုထုံး၊ ပညာရေးနှင့် သုတေသန) အက်ဥပဒေ (MTERA) မှတဆင့် Brain Bank Singapore ကို လှူဒါန်းခွင့်ရှိပါတယ်။ MTERA ဟာ လူတွေသေဆုံးပြီးနောက် ၎င်းတို့ရဲ့ ကိုယ်တွင်းအင်္ဂါတွေ (သို့) ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို အစားထိုးကုသဖို့၊ သုတေသနပြုနိုင်ဖို့အတွက် ရွေးချယ်လှူဒါန်းနိုင်တဲ့အစီအစဉ် တစ်ခုဖြစ်ပါတယ်။
၂၀၂၀ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း နှစ်စဉ် လူပေါင်း ၅၀၀ ကျော်ဟာ ဒီအစီအစဉ်မှတဆင့် ကိုယ်အင်္ဂါ လှူဒါန်းမှု တွေ ပြုလုပ်ဖို့ ကတိပြုခဲ့ကြတယ်လို့ အချက်အလက်တွေအရ သိရပါတယ်။

Zawgyi Version:
စင္ကာပူမွာ ဆယ္စုႏွစ္အတြင္း ကိုယ္တြင္းအဂၤါ အစားထိုးကုသမႈႏႈန္း ျမင့္တက္
ေရာင္နီ (NP News) - ေအာက္တိုဘာ ၂ဝ
ႏိုင္ငံသား သို႔မဟုတ္ ေနထိုင္သူမွ ကိုယ္တြင္းအဂၤါ လႉဒါန္းမႈအတြက္ တရားဝင္ျပ႒ာန္းထားတဲ့ စင္ကာပူမွာ ဆယ္စုႏွစ္တစ္ခုအတြင္း ကိုယ္တြင္းအဂၤါ အစားထိုးကုသမႈႏႈန္း ျမင့္တက္လာခဲ့တယ္လို႔ အခ်က္အလက္ေတြအရ သိရပါတယ္။
က်န္းမာေရးဝန္ႀကီးဌာန (MOH) ရဲ႕ေနာက္ဆုံးထြက္ကိန္းဂဏန္းေတြအရ ေသဆုံးသူ လႉဒါန္းသြားတဲ့ ကိုယ္တြင္းအဂၤါကို အစားထိုးကုသမႈႏႈန္းဟာ ၿပီးခဲ့တဲ့ ၁ဝ ႏွစ္တာ ကာလအတြင္း ျမင့္တက္လာခဲ့တယ္လို႔ ဆိုပါတယ္။ ေက်ာက္ကပ္လႉဒါန္းတဲ့ ေသဆုံးသူ အလႉရွင္ဟာ ၂၀၁၃ ခုႏွစ္က လူဦးေရ တစ္သန္းကို 6.3pmp ႏႈန္း ရွိရာမွ ၂ဝ၂၃ ခုႏွစ္မွာ ၆.၅၉ pmp ထိ ျမင့္တက္လာခဲ့တယ္လို႔ ဆိုပါတယ္။ အလားတူကာလမွာ ေသဆုံးသူ အလႉရွင္ ရဲ႕အသည္းလႉဒါန္းမႈႏႈန္းဟာလည္း ၃.၅၂ pmp မွ ၃.၈၉ pmp ထိ တိုးလာကာ၊ ႏွလုံးလႉဒါန္းမႈကေတာ့ ၀.၇၄ pmp မွ ၀.၈၅ pmp ထိ တိုးလာတယ္လို႔ သိရပါတယ္။ ဒါေပမယ့္လည္း လႉဒါန္းသူရဲ႕မိသားစုေတြက ျငင္းဆိုမႈေတြ ရွိတာ ေၾကာင့္ စင္ကာပူရွိ လူနာ ၄၀၀ ေက်ာ္ဟာ သင့္ေလ်ာ္တဲ့ အသက္ကယ္အစားထိုးကုသမႈအတြက္ ငါးႏွစ္မွ ၁၇ ႏွစ္ အထိ ေစာင့္ဆိုင္းေနရဆဲျဖစ္ပါတယ္။
စင္ကာပူမွာ လူတစ္ဦးခ်င္းစီဟာ အသက္ကယ္ဖို႔၊ သုေတသနျပဳဖို႔အတြက္ လိုအပ္တဲ့ အဂၤါအစိတ္အပိုင္းေတြ ကို ေဆးသိပၸံပညာ (ကုထုံး၊ ပညာေရးႏွင့္ သုေတသန) အက္ဥပေဒ (MTERA) မွတဆင့္ Brain Bank Singapore ကို လႉဒါန္းခြင့္ရွိပါတယ္။ MTERA ဟာ လူေတြေသဆုံးၿပီးေနာက္ ၎တို႔ရဲ႕ ကိုယ္တြင္းအဂၤါေတြ (သို႔) ခႏၶာကိုယ္ အစိတ္အပိုင္းေတြကို အစားထိုးကုသဖို႔၊ သုေတသနျပဳႏိုင္ဖို႔အတြက္ ေ႐ြးခ်ယ္လႉဒါန္းႏိုင္တဲ့အစီအစဥ္ တစ္ခုျဖစ္ပါတယ္။
၂၀၂၀ ခုႏွစ္မွ ၂၀၂၄ ခုႏွစ္အတြင္း ႏွစ္စဥ္ လူေပါင္း ၅၀၀ ေက်ာ္ဟာ ဒီအစီအစဥ္မွတဆင့္ ကိုယ္အဂၤါ လႉဒါန္းမႈ ေတြ ျပဳလုပ္ဖို႔ ကတိျပဳခဲ့ၾကတယ္လို႔ အခ်က္အလက္ေတြအရ သိရပါတယ္။