သန်လျင်တံတားသစ်သည် ပြည်တွင်းစီးပွားရေး တိုးတက်မှုအတွက် အထောက်အပံ့တစ်ခုအနေဖြင့်ရှိနေသော်လည်း စီးပွားရေးဆိုင်ရာမူဝါဒများကို ထပ်မံပြင်ဆင်ရန်လိုအပ်နေသေးကြောင်း အကြံပြု

 5242

ယွန်း (NP News) - ဇွန် ၁၅

ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ် - ၃) ဖွင့်လှစ်ခြင်းသည် ပြည်တွင်းစီးပွားရေးတိုးတက်မှုအတွက် အထောက်အပံ့တစ်ခုအနေဖြင့်ရှိနေသော်လည်း စီးပွားရေးဆိုင်ရာ မူဝါဒများကို ထပ်မံပြင်ဆင်ရန်လိုအပ်နေကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က NP News ကတဆင့် အကြံပြုပြောကြားထားသည်။

ရန်ကုန်တိုင်းရှိ အဆိုပါတံတားသစ်ဖွင့်ပွဲအခမ်းအနားကို ပြီးခဲ့သည့် ဇွန်လ ၈ ရက်တွင် ကျင်းပခဲ့ပြီး ဇွန်လ ၁၆ ရက်တွင် တံတားဖြတ်သန်းခများကို ယာဥ်အမျိုးအစားပေါ်မူတည်၍ ‌ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ သန်လျင်တံတားအမှတ်-၃ ဖွင့်လှစ်လိုက်ခြင်းသည် ကုန်စည်စီးဆင်းမှုကို ပိုမိုမြန်ဆန်နိုင်ပြီး စီးပွားရေးတိုးတက်မှုအတွက် အထောက်အပံ့တစ်ခုဖြစ်သော်လည်း လျှပ်စစ်မီးအပါအဝင် ပေါ်လစီများကိုလည်း ပြင်ဆင်ရန်လိုကြောင်း ပြည်တွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

“ပြည်တွင်းစီးပွား‌ရေးတိုးတက်မှုအတွက် အထောက်အပံ့တစ်ခုအနေနဲ့ရှိပါတယ်။ များသော အားဖြင့် စီးပွားရေးနဲ့ပတ်သက်တဲ့နေရာတွေကိုသွားတဲ့ infrastructure တွေ များလာရင်တော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်တာပေါ့။ ဒါပေမဲ့ လမ်း၊ တံတား၊ မီး နဲ့ နိုင်ငံတော်ရဲ့ပေါ်လစီတွေ အားလုံးပြင်ဖို့လည်း လိုသေးတယ်။ တံတားတွေ၊ လမ်းတွေကတော့ ကုန်ပစ္စည်းသယ်ပို့တဲ့နေရာမှာ ကုန်စည်စီးဆင်းမှုမြန်ဖို့များများလိုတယ်။ ဒါတွေအားလုံးကတော့ သယ်ယူပို့ဆောင်ရေးအတွက် လိုအပ်တာပေါ့။ ဒါတွေလုပ်တာတော့ ဖွံ့ဖြိုးနိုင်တာတော့အမှန်ပဲ။ ဆိပ်ကမ်းကနေ ကုန်စည်မြန်မြန် စီးဆင်းလာမယ်။ ပစ္စည်းသယ်တာတွေဘာတွေ များများလုပ်လို့ရတာပေါ့” ဟု အထက်ပါ ဆောက်လုပ်ရေးလုပ်ငန်းရှင်က NP News ကို ပြောသည်။

အဆိုပါ တံတားသစ်အား သီလဝါအထူးစီးပွားရေးဇုန်ကို အကြောင်းပြု၍ ပြည်တွင်းပြည်ပစီးပွားရေးလုပ်ငန်းများတိုးတက်စေရန် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “သီလဝါစီးပွားရေးဇုန်အတွက်ကို ဆောက်တဲ့တံတားပေါ့။ သွင်းကုန်ထုတ်ကုန်ရယ် စိုက်ပျိုးရေးရယ် အထောက်အပံ့ဖြစ်တဲ့သဘောပဲရှိတယ်။ တံတားတစ်စင်းပြီးလို့ အကုန်လုံးအဆင်ပြေသွားရမယ်လို့တော့ မဖြစ်နိုင်သေးဘူး။ အထောက်အပံ့တစ်ခုတော့ဖြစ်နိုင်တယ်။ တံတားတစ်စင်းဆောက်လိုက်တာနဲ့တော့ ဘာမှထူးထူးခြားခြားကြီး မဖြစ်နိုင်သေးဘူး။ သွားရလာရတော့ အရင်ထက်လွယ်ကူတယ်”ဟု ပြည်တွင်းရှိ ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ပြည်တွင်းစီးပွားရေးတိုးတက်ရေးအတွက် အုပ်ချုပ်သူအစိုးရအပါအဝင် ပြည်သူများအနေဖြင့် ပြည်တွင်းထုတ်လုပ်မှုကို တပြေးညီလုပ်ဆောင်ရန် လိုအပ်ကြောင်း ၎င်းကဆက်လက်ပြော သည်။ “ပြည်တွင်းစီးပွားရေးတိုးတက်ဖို့ဆိုရင် တိုင်းပြည်မှာနှစ်ခုပဲရှိတယ်။ အုပ်ချုပ်သူအစိုးရဘက်နဲ့ ပြည်သူတွေနေတဲ့ဘက်ဆိုပြီး နှစ်ခြမ်းရှိတယ်။ အုပ်ချုပ်သူဘက်ကလည်း အုပ်ချုပ်သူအပိုင်းလုပ်ရမယ်။ ပြည်သူကလည်း ပြည်သူအပိုင်းလုပ်ရမယ်။ ထုတ်ကုန်သွင်းကုန်ရယ်၊ ပြည်တွင်းထုတ်လုပ်မှုရယ်ဆိုင်တဲ့အတွက် အဲဒါတွေအားလုံးက တပြေးညီတက်မှပဲ နိုင်ငံတိုးတက်မှာ။ အဲဒါကလည်း အနည်းဆုံး နှစ်(၃၀)၊ (၄၀)လောက်လုပ်ခဲ့မှရမှာ။ ချက်ချင်းကြီး လုပ်ဖို့က မလွယ်ဘူး။ နှစ်(၃၀)၊ (၄၀)ကို တစ်ပြိုင်ထဲ တည့်တည့်မတ်မတ်နဲ့လုပ်မှရမှာ။ အဲဒါကအဓိကပဲ”ဟု အထက်ပါစီးပွားရေးလုပ်ငန်းရှင်က ဆိုသည်။

ပဲခူးမြစ်ကူးတံတား တည်ဆောက်ရေးစီမံကိန်းကို ဂျပန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA) နှင့် မြန်မာနိုင်ငံရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ စီမံကိန်းအကောင်အထည် ဖော်ရေး သဘောတူညီချက်အရ ၂၀၁၃ ခုနှစ်တွင်စတင်၍ စီမံကိန်းလုပ်ငန်းအဆင့်အလိုက် အဆင့်ဆင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါတံတားကို တည်ဆောက်ပြီးစီးခဲ့သည့်အတွက် သံလျင်တံတားအမှတ်(၁) တွင် ဖြစ်ပေါ်လျက်ရှိသည့် ယာဉ်ကြောပိတ်ဆို့မှုများအား ဖြေရှင်းပေးနိုင်မည်ဖြစ်ပြီး သီလဝါအထူးစီးပွားရေးဇုန်ကို အကြောင်းပြု၍ ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းများတိုးပွားလာမှုကြောင့် ရန်ကုန်မြို့ အပါအဝင် သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွဒေသရှိ ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် သီလဝါအထူးစီးပွားရေးဇုန်နှင့် သန်လျင်ဒေသဖွံ့ဖြိုးတိုးတက်လာမည်သာမက အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးကိုအသုံးပြု၍ ဘားအံ-မြဝတီအထိ ဆက်စပ်သွားလာနိုင်မည်ဖြစ်သောကြောင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အကျိုးပြုမည်သာမက ဒေသတွင်းနိုင်ငံများနှင့်ပါ ဆက်သွယ်မှုပိုမိုဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
သန္လ်င္တံတားသစ္သည္ ျပည္တြင္းစီးပြားေရး တိုးတက္မႈအတြက္ အေထာက္အပံ့တစ္ခုအေနျဖင့္ရွိေနေသာ္လည္း စီးပြားေရးဆိုင္ရာမူဝါဒမ်ားကို ထပ္မံျပင္ဆင္ရန္လိုအပ္ေနေသးေၾကာင္း အႀကံျပဳ

ယြန္း (NP News) - ဇြန္ ၁၅

ပဲခူးျမစ္ကူးတံတား (သန္လ်င္တံတားအမွတ္ - ၃) ဖြင့္လွစ္ျခင္းသည္ ျပည္တြင္းစီးပြားေရးတိုးတက္မႈအတြက္ အေထာက္အပံ့တစ္ခုအေနျဖင့္ရွိေနေသာ္လည္း စီးပြားေရးဆိုင္ရာ မူဝါဒမ်ားကို ထပ္မံျပင္ဆင္ရန္လိုအပ္ေနေၾကာင္း စီးပြားေရးလုပ္ငန္းရွင္အခ်ိဳ႕က NP News ကတဆင့္ အႀကံျပဳေျပာၾကားထားသည္။

ရန္ကုန္တိုင္းရွိ အဆိုပါတံတားသစ္ဖြင့္ပြဲအခမ္းအနားကို ၿပီးခဲ့သည့္ ဇြန္လ ၈ ရက္တြင္ က်င္းပခဲ့ၿပီး ဇြန္လ ၁၆ ရက္တြင္ တံတားျဖတ္သန္းခမ်ားကို ယာဥ္အမ်ိဳးအစားေပၚမူတည္၍ ‌ေကာက္ခံသြားမည္ျဖစ္ေၾကာင္း သိရသည္။ သန္လ်င္တံတားအမွတ္-၃ ဖြင့္လွစ္လိုက္ျခင္းသည္ ကုန္စည္စီးဆင္းမႈကို ပိုမိုျမန္ဆန္ႏိုင္ၿပီး စီးပြားေရးတိုးတက္မႈအတြက္ အေထာက္အပံ့တစ္ခုျဖစ္ေသာ္လည္း လွ်ပ္စစ္မီးအပါအဝင္ ေပၚလစီမ်ားကိုလည္း ျပင္ဆင္ရန္လိုေၾကာင္း ျပည္တြင္းရွိ ေဆာက္လုပ္ေရးလုပ္ငန္းရွင္တစ္ဦးက ဆိုသည္။

“ျပည္တြင္းစီးပြား‌ေရးတိုးတက္မႈအတြက္ အေထာက္အပံ့တစ္ခုအေနနဲ႔ရွိပါတယ္။ မ်ားေသာ အားျဖင့္ စီးပြားေရးနဲ႔ပတ္သက္တဲ့ေနရာေတြကိုသြားတဲ့ infrastructure ေတြ မ်ားလာရင္ေတာ့ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အေထာက္အကူျဖစ္တာေပါ့။ ဒါေပမဲ့ လမ္း၊ တံတား၊ မီး နဲ႔ ႏိုင္ငံေတာ္ရဲ႕ေပၚလစီေတြ အားလုံးျပင္ဖို႔လည္း လိုေသးတယ္။ တံတားေတြ၊ လမ္းေတြကေတာ့ ကုန္ပစၥည္းသယ္ပို႔တဲ့ေနရာမွာ ကုန္စည္စီးဆင္းမႈျမန္ဖို႔မ်ားမ်ားလိုတယ္။ ဒါေတြအားလုံးကေတာ့ သယ္ယူပို႔ေဆာင္ေရးအတြက္ လိုအပ္တာေပါ့။ ဒါေတြလုပ္တာေတာ့ ဖြံ႕ၿဖိဳးႏိုင္တာေတာ့အမွန္ပဲ။ ဆိပ္ကမ္းကေန ကုန္စည္ျမန္ျမန္ စီးဆင္းလာမယ္။ ပစၥည္းသယ္တာေတြဘာေတြ မ်ားမ်ားလုပ္လို႔ရတာေပါ့” ဟု အထက္ပါ ေဆာက္လုပ္ေရးလုပ္ငန္းရွင္က NP News ကို ေျပာသည္။

အဆိုပါ တံတားသစ္အား သီလဝါအထူးစီးပြားေရးဇုန္ကို အေၾကာင္းျပဳ၍ ျပည္တြင္းျပည္ပစီးပြားေရးလုပ္ငန္းမ်ားတိုးတက္ေစရန္ တည္ေဆာက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ “သီလဝါစီးပြားေရးဇုန္အတြက္ကို ေဆာက္တဲ့တံတားေပါ့။ သြင္းကုန္ထုတ္ကုန္ရယ္ စိုက္ပ်ိဳးေရးရယ္ အေထာက္အပံ့ျဖစ္တဲ့သေဘာပဲရွိတယ္။ တံတားတစ္စင္းၿပီးလို႔ အကုန္လုံးအဆင္ေျပသြားရမယ္လို႔ေတာ့ မျဖစ္ႏိုင္ေသးဘူး။ အေထာက္အပံ့တစ္ခုေတာ့ျဖစ္ႏိုင္တယ္။ တံတားတစ္စင္းေဆာက္လိုက္တာနဲ႔ေတာ့ ဘာမွထူးထူးျခားျခားႀကီး မျဖစ္ႏိုင္ေသးဘူး။ သြားရလာရေတာ့ အရင္ထက္လြယ္ကူတယ္”ဟု ျပည္တြင္းရွိ ပို႔ကုန္လုပ္ငန္းရွင္တစ္ဦးက ဆိုသည္။

ျပည္တြင္းစီးပြားေရးတိုးတက္ေရးအတြက္ အုပ္ခ်ဳပ္သူအစိုးရအပါအဝင္ ျပည္သူမ်ားအေနျဖင့္ ျပည္တြင္းထုတ္လုပ္မႈကို တေျပးညီလုပ္ေဆာင္ရန္ လိုအပ္ေၾကာင္း ၎ကဆက္လက္ေျပာ သည္။ “ျပည္တြင္းစီးပြားေရးတိုးတက္ဖို႔ဆိုရင္ တိုင္းျပည္မွာႏွစ္ခုပဲရွိတယ္။ အုပ္ခ်ဳပ္သူအစိုးရဘက္နဲ႔ ျပည္သူေတြေနတဲ့ဘက္ဆိုၿပီး ႏွစ္ျခမ္းရွိတယ္။ အုပ္ခ်ဳပ္သူဘက္ကလည္း အုပ္ခ်ဳပ္သူအပိုင္းလုပ္ရမယ္။ ျပည္သူကလည္း ျပည္သူအပိုင္းလုပ္ရမယ္။ ထုတ္ကုန္သြင္းကုန္ရယ္၊ ျပည္တြင္းထုတ္လုပ္မႈရယ္ဆိုင္တဲ့အတြက္ အဲဒါေတြအားလုံးက တေျပးညီတက္မွပဲ ႏိုင္ငံတိုးတက္မွာ။ အဲဒါကလည္း အနည္းဆုံး ႏွစ္(၃၀)၊ (၄၀)ေလာက္လုပ္ခဲ့မွရမွာ။ ခ်က္ခ်င္းႀကီး လုပ္ဖို႔က မလြယ္ဘူး။ ႏွစ္(၃၀)၊ (၄၀)ကို တစ္ၿပိဳင္ထဲ တည့္တည့္မတ္မတ္နဲ႔လုပ္မွရမွာ။ အဲဒါကအဓိကပဲ”ဟု အထက္ပါစီးပြားေရးလုပ္ငန္းရွင္က ဆိုသည္။

ပဲခူးျမစ္ကူးတံတား တည္ေဆာက္ေရးစီမံကိန္းကို ဂ်ပန္ႏိုင္ငံ၊ အျပည္ျပည္ဆိုင္ရာပူးေပါင္းေဆာင္႐ြက္ေရးေအဂ်င္စီ(JICA) ႏွင့္ ျမန္မာႏိုင္ငံရွိ စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာန၊ ေဆာက္လုပ္ေရးဝန္ႀကီးဌာနႏွင့္ သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားမွ စီမံကိန္းအေကာင္အထည္ ေဖာ္ေရး သေဘာတူညီခ်က္အရ ၂၀၁၃ ခုႏွစ္တြင္စတင္၍ စီမံကိန္းလုပ္ငန္းအဆင့္အလိုက္ အဆင့္ဆင့္ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။ အဆိုပါတံတားကို တည္ေဆာက္ၿပီးစီးခဲ့သည့္အတြက္ သံလ်င္တံတားအမွတ္(၁) တြင္ ျဖစ္ေပၚလ်က္ရွိသည့္ ယာဥ္ေၾကာပိတ္ဆို႔မႈမ်ားအား ေျဖရွင္းေပးႏိုင္မည္ျဖစ္ၿပီး သီလဝါအထူးစီးပြားေရးဇုန္ကို အေၾကာင္းျပဳ၍ ျပည္တြင္း၊ ျပည္ပ စီးပြားေရးလုပ္ငန္းမ်ားတိုးပြားလာမႈေၾကာင့္ ရန္ကုန္ၿမိဳ႕ အပါအဝင္ သန္လ်င္၊ ေက်ာက္တန္း၊ ခရမ္း၊ သုံးခြေဒသရွိ ျပည္သူမ်ား၏ လူမႈစီးပြားဘဝတိုးတက္လာမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ သီလဝါအထူးစီးပြားေရးဇုန္ႏွင့္ သန္လ်င္ေဒသဖြံ႕ၿဖိဳးတိုးတက္လာမည္သာမက အေရွ႕-အေနာက္ စီးပြားေရးစႀကႍလမ္းမႀကီးကိုအသုံးျပဳ၍ ဘားအံ-ျမဝတီအထိ ဆက္စပ္သြားလာႏိုင္မည္ျဖစ္ေသာေၾကာင့္ မြန္ျပည္နယ္၊ ကရင္ျပည္နယ္ ဖြံ႕ၿဖိဳးတိုးတက္မႈကိုလည္း အက်ိဳးျပဳမည္သာမက ေဒသတြင္းႏိုင္ငံမ်ားႏွင့္ပါ ဆက္သြယ္မႈပိုမိုဖြံ႕ၿဖိဳးလာမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.