ကိုလိုနီခေတ်က ပြီးဆုံးသွားပြီလို့ ရုရှားသမ္မတဟောင်းပြော

909

Pika (NP News) - ဇွန် ၁၅
နိုင်ငံအများအပြားဟာ ကိုလိုနီစနစ်အောက်ကနေ လွတ်မြောက်ချင်နေကြတယ်လို့ ရုရှားသမ္မတဟောင်း ဒီမစ်ထရီမက်ဗီဒက်က ပြောဆိုခဲ့ပါတယ်။ အနောက်အုပ်စုရဲ့ နယ်ချဲ့အာဏာ ရှင်ဟောင်းတွေဟာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ရုရှားအပေါ် မကြုံစဖူးပိတ်ဆို့အရေးယူမှုတွေချမှတ်ခဲ့ပြီး နီယိုကိုလိုနီနယ်ချဲ့မူဝါဒနဲ့ပတ်သက်ပြီး ရုရှားဘက်က ပြစ်တင်ဝေဖန်မှုတွေကို ဖြစ်ပေါ်လာစေခဲ့တယ်လို့ ဒီမစ်ထရီမက်ဗီဒက်ကပြောကြားခဲ့ပါတယ်။
ရုရှားလုံခြုံရေးကောင်စီမှာ ဒုဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဒီမစ်ထရီမက်ဗီဒက်ဟာ Rossiyskaya Gazeta သတင်းစာအတွက် 'ကိုလိုနီအာဏာကုန်ဆုံးချိန်'ဆိုတဲ့ခေါင်းစဉ်နဲ့ ယခုလိုမှတ်ချက်ပြုပြောဆိုခဲ့တာဖြစ်ပါတယ်။ ၎င်းက 'နိုင်ငံအများအပြားဟာ နိုင်ငံစုံမူဝါဒ၊အချုပ် အခြာအာဏာညီမျှမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနဲ့ မတူညီတဲ့နိုင်ငံတွေကြား အပြန်အလှန်လေးစားမှုကို အခြေခံထားတဲ့ ကိုလိုနီစနစ်ကင်းစင်တဲ့ ကမ္ဘာကြီးမှာ နေထိုင်ဖို့ဆန္ဒရှိနေကြပါတယ်'လို့ ပြောဆိုခဲ့ပါတယ်။
အနောက်အုပ်စုနိုင်ငံတွေဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ မညီမျှတဲ့စီးပွားရေးနဲ့ နိုင်ငံရေးဆက်ဆံရေးစနစ်ကိုထားရှိဖို့ ကြိုးပမ်းမှုတွေအဖြစ် ကမ္ဘာလုံးဆိုင်ရာနီယိုကိုလိုနီနယ်ချဲ့စနစ်ကို ကူးပြောင်းနေတယ်လို့ ၎င်းကပြစ်တင်ဝေဖန်ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် ကိုလိုနီနယ်ချဲ့အာဏာရှင်တွေ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ဆိုင်တဲ့ ကုလသမဂ္ဂဒေတာဘေ့စ်ကိုလည်း ဖန်တီးဖို့ ၎င်းကအဆိုပြုခဲ့တယ်လို့ သိရပါတယ်။ ဒီမစ်ထရီမက်ဗီဒက်ဟာ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိ ရုရှားသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၂၀၁၂ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
zawgyi version
ကိုလိုနီေခတ္က ၿပီးဆုံးသြားၿပီလို႔ ႐ုရွားသမၼတေဟာင္းေျပာ
Pika (NP News) - ဇြန္ ၁၅
ႏိုင္ငံအမ်ားအျပားဟာ ကိုလိုနီစနစ္ေအာက္ကေန လြတ္ေျမာက္ခ်င္ေနၾကတယ္လို႔ ႐ုရွားသမၼတေဟာင္း ဒီမစ္ထရီမက္ဗီဒက္က ေျပာဆိုခဲ့ပါတယ္။ အေနာက္အုပ္စုရဲ႕ နယ္ခ်ဲ႕အာဏာ ရွင္ေဟာင္းေတြဟာ ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး ႐ုရွားအေပၚ မႀကဳံစဖူးပိတ္ဆို႔အေရးယူမႈေတြခ်မွတ္ခဲ့ၿပီး နီယိုကိုလိုနီနယ္ခ်ဲ႕မူဝါဒနဲ႔ပတ္သက္ၿပီး ႐ုရွားဘက္က ျပစ္တင္ေဝဖန္မႈေတြကို ျဖစ္ေပၚလာေစခဲ့တယ္လို႔ ဒီမစ္ထရီမက္ဗီဒက္ကေျပာၾကားခဲ့ပါတယ္။
႐ုရွားလုံၿခဳံေရးေကာင္စီမွာ ဒုဥကၠ႒အျဖစ္ တာဝန္ထမ္းေဆာင္ေနတဲ့ ဒီမစ္ထရီမက္ဗီဒက္ဟာ Rossiyskaya Gazeta သတင္းစာအတြက္ 'ကိုလိုနီအာဏာကုန္ဆုံးခ်ိန္'ဆိုတဲ့ေခါင္းစဥ္နဲ႔ ယခုလိုမွတ္ခ်က္ျပဳေျပာဆိုခဲ့တာျဖစ္ပါတယ္။ ၎က 'ႏိုင္ငံအမ်ားအျပားဟာ ႏိုင္ငံစုံမူဝါဒ၊အခ်ဳပ္ အျခာအာဏာညီမွ်မႈ၊ ၿငိမ္းခ်မ္းစြာ အတူယွဥ္တြဲေနထိုင္ေရးနဲ႔ မတူညီတဲ့ႏိုင္ငံေတြၾကား အျပန္အလွန္ေလးစားမႈကို အေျခခံထားတဲ့ ကိုလိုနီစနစ္ကင္းစင္တဲ့ ကမာၻႀကီးမွာ ေနထိုင္ဖို႔ဆႏၵရွိေနၾကပါတယ္'လို႔ ေျပာဆိုခဲ့ပါတယ္။
အေနာက္အုပ္စုႏိုင္ငံေတြဟာ ကမာၻတစ္ဝွမ္းလုံးမွာ မညီမွ်တဲ့စီးပြားေရးနဲ႔ ႏိုင္ငံေရးဆက္ဆံေရးစနစ္ကိုထားရွိဖို႔ ႀကိဳးပမ္းမႈေတြအျဖစ္ ကမာၻလုံးဆိုင္ရာနီယိုကိုလိုနီနယ္ခ်ဲ႕စနစ္ကို ကူးေျပာင္းေနတယ္လို႔ ၎ကျပစ္တင္ေဝဖန္ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ ကိုလိုနီနယ္ခ်ဲ႕အာဏာရွင္ေတြ က်ဴးလြန္ခဲ့တဲ့ ရာဇဝတ္မႈေတြနဲ႔ဆိုင္တဲ့ ကုလသမဂၢေဒတာေဘ့စ္ကိုလည္း ဖန္တီးဖို႔ ၎ကအဆိုျပဳခဲ့တယ္လို႔ သိရပါတယ္။ ဒီမစ္ထရီမက္ဗီဒက္ဟာ ၂၀၀၈ ခုႏွစ္ကေန ၂၀၁၂ ခုႏွစ္အထိ ႐ုရွားသမၼတအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ၿပီးေနာက္ ၂၀၁၂ ခုႏွစ္ကေန ၂၀၂၀ ခုႏွစ္အထိ ဝန္ႀကီးခ်ဳပ္အျဖစ္ ဆက္လက္တာဝန္ထမ္းေဆာင္ခဲ့သူျဖစ္ပါတယ္။