KIA-PDF နဲ့ အကြိတ်အနယ် နွှဲခဲ့ရတဲ့ “ဆင်ဘိုတိုက်ပွဲ” ဘာတွေဖြစ်ခဲ့သလဲ

 8702

Pearl (NP News) - ဇွန် ၁၆

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလကစတင်၍ ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ဆင်ဘိုမြို့နယ်ရှိ တပ်မတော် လုံခြုံရေးစခန်းကို KIA ပူးပေါင်းအဖွဲ့က စတင်ဝင်ရောက်တိုက်ခိုက်မှုများပြုလုပ်ခဲ့သဖြင့် တိုက်ပွဲများပြင်းထန်ခဲ့သည်။ တိုက်ပွဲများအတွင်း KIA ပူးပေါင်းအဖွဲ့က အကျအဆုံးများစွာဖြင့် အကြိမ်ကြိမ်ပြန်လည်ဆုတ်ခွာသွားခဲ့ရသော်လည်း ပြီးခဲ့သည့် ဧပြီလတွင် ပူးပေါင်းအဖွဲ့က သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည့်အတွက် တိုက်ပွဲပိုမိုပြင်းထန်လာခဲ့ပြီး တပ်မတော်လုံခြုံရေးအဖွဲ့က တပ်စခန်းကို ယာယီစွန့်ခွာခဲ့ရကြောင်း သိရသည်။ အဆိုပါ တိုက်ပွဲများနှင့်ပတ်သက်၍ တိုက်ပွဲအတွင်း ပြန်လည်ခုခံတိုက်ခိုက်ခဲ့သူ တစ်ဦးအား NP News က ဆက်သွယ်မေးမြန်းထားမှုများကို ဖော်ပြလိုက်ပါသည်။

မေး - ပထမဦးဆုံးမေးချင်တာက ဆင်ဘိုဆိုတာ ဘယ်ဒေသမှာရှိတာလဲ။ ဒေသခံတွေကကော ဘာ တွေလုပ်ကိုင်စားသောက်ကြလဲ။ ပတ်ဝန်းကျင်မှာ ဘယ်လိုမြို့တွေရှိလဲရှင့်။
ဖြေ- ဆင်ဘိုကတော့ မြစ်ကြီးနားမြို့နယ်ထဲမှာပါ ပါ တယ်။ မြစ်ကြီးနားမြို့နဲ့ မိုင် (၇၀) ဝေးတာပေါ့နော်။ လူမျိုးတွေက ရှမ်း ။ ဗမာတွေ အများစုနေပါတယ်။ ဆင်ဘိုကတော့ ရွာအဆင့်ကနေ မြို့အဆင့်ကို ပေး လိုက်တာ ၂၀ဝ၃ လောက်မှာ ပေးလိုက်တာပေါ့နော်။ ဒေသခံတွေကတော့ တောင်သူ၊ လယ်လုပ်ကြတာ ပေါ့နော်။ ပြီးရင် တောင်ယာတွေ ဘာတွေလုပ်တယ်။ ပတ်ဝန်းကျင်ကတော့ အထက်မှာဆိုရင် မြစ်ကြီး နား မြို့၊ အောက်မှာဆိုရင် ဗန်းမော်မြို့ရှိပါတယ်။

မေး- ဆင်ဘိုရဲစခန်းတို့၊ လုံခြုံရေးတပ်စခန်းတွေက‌ရော ဆင်ဘိုရဲ့ဘယ်လိုနေရာမျိုးတွေမှာရှိတာလဲ။ စခန်းတွေကိုလာတိုက်မယ်ဆိုတာ သတင်းကြိုရလား။ ရရင် ဘာတွေကြိုတင်ပြင်ဆင်ထားလဲ။
ဖြေ- ဟုတ်ကဲ့။ ဆင်ဘိုရဲစခန်းကတော့ မြို့ရဲ့အလယ်မှာပေါ့။ ဧရာဦးရပ်ကွက်ထဲမှာ ပါပါတယ်။ တပ်က တော့ ဆင်ဘိုနဲ့ (၃)မိုင်လောက်ဝေးပါတယ်။ မတိုက်ခင်ကတော့ ကျွန်တော်တို့ကဒေသခံတွေနဲ့ ရင်းနှီးနေ တာဆိုတော့ ဒေသခံတွေက အဲဒီလိုဖြစ်လာနိုင်တယ်ဆိုပြီး ကြိုသတိပေးတာပေါ့။ ကျွန်တော်တို့ဘက်က တော့ လိုအပ်တာတွေပြင်ဆင်ထားပါတယ်။

မေး - ရဲစခန်းနဲ့လုံခြုံရေးစခန်းတွေကို လက်နက်ကိုင်တွေက ဘယ်နေ့ကစပြီးတော့ တိုက်ခဲ့တာတာလဲ။ ဘယ်လိုပုံစံမျိုးနဲ့ တိုက်ပွဲလာဖော်ခဲ့တာလဲ။
ဖြေ- ဆင်ဘိုရဲစခန်းကတော့ ကနဦး တိုက်ပွဲမဖြစ်ခင်တည်းက တပ်ထဲကို ရွှေ့ထားလိုက်တာပေါ့နော်။ ၁၄၁ တပ်ရင်းထဲကို။ တိုက်ပွဲကတော့ ဖေဖော်ဝါရီလ(၁၀) ရက်က စပြီးလာတိုက်တာ။ သူတို့က ပထမ အဆင့်ကတော့ ဒရုန်းနဲ့စကျဲတယ်။ လက်နက် ချဖို့၊ အလံဖြူထောင်ဖို့ပြောတယ်။ တပ်ရင်းကိုက ပတ် လည်(၁၁)နေရာ လုံခြုံရေးယူထားတာပေါ့။ ကာကင်းကုန်းကို သူတို့စပြီးလာတိုက်ပါတယ်။ (၂)လပိုင်း (၁၀)ရက်မှာ ကာကင်းကုန်းကို သူတို့စတိုက်တယ်။ မရပါဘူး။ မရတဲ့အပြင်ကို သူတို့ အကျအဆုံးတွေ များစွာနဲ့ ပြန်ဆုတ်သွားရတယ်။

မေး - တိုက်ပွဲက ဘယ်လောက်ကြာသွားလဲ။ ဘယ်လောက်အထိကော ပြင်းထန်ခဲ့လဲ။ ပြီးတော့ ဘာတွေ ကြုံတွေ့ရလဲဆိုတာ တိုက်ပွဲအတွေ့အကြုံနဲ့ပတ်သက်ပြီးတော့ ပြောပေးလို့ရမလားရှင့်။
ဖြေ - (၂)လပိုင်း (၁၀)ရက်ပြီးသွားတော့ အဲဒီကြားမှာ နည်းနည်းခြားသွားတာပေါ့။ (၂)လပိုင်း (၁၉)ရက် မှာတော့ တိုက်ပွဲက တော်တော်ပြင်းထန်ပါတယ်။ အင်အားတွေကလည်း အများကြီးပဲ။ ပထမတိုက်စစ်၊ ဒုတိယတိုက်စစ်၊ တတိယတိုက်စစ် အဲဒီလိုမျိုးယူပြီးမှ တိုက်ခဲ့တာတွေ့ရတယ်။ တကယ် ပြင်းထန်ပါ တယ်။ Drop Bomb တွေ ဘာတွေပါလာတယ်။ ပတ်လည်ကို အကုန်လုံး၊ ကာကင်းကုန်းတွေပေါ့။ တပ်က ကုန်း လေးကုန်း ရှိတယ်။ အဲဒီနေ့က လေးဖက်လေးတန်ကို Drop Bomb တွေ ချခံရတယ်။ ကျွန်တော်တို့ဘက်ကလည်း ခံစစ်ကောင်းတဲ့အတွက် အဲဒီအချိန်က ဘာမှမဖြစ်ပါဘူး။ အဲဒီနေ့ကလည်း သူတို့ဘက်က အင်အားကလည်း (၁၀ဝဝ)ဝန်းကျင်လောက်ရှိတယ်။ အဲဒီနေ့က ကျွန်တော်တို့ဘက်က အကျအဆုံး ဘာညာတော့မရှိဘူး။ အစမှန်တာလောက်ပဲ ရှိတယ်။ အဲဒီနေ့က လေးဖက်လေးတန်ကနေ သူတို့ လက်နက်ကြီးတွေနဲ့ပစ်လို့ ကျွန်တော်တို့ ခေါင်းတောင်မဖော်နိုင်ဘူး။ ခန့်မှန်း (၂၀) လောက်ရှိမယ် ထင်တယ်။ ဘေး၊ ဘယ် ညာကနေ ဝိုင်းပစ်ကြတာ။ ထမင်းတောင် ည (၇)နာရီလောက်မှ စားရတယ်။ လက်နက်ငယ်ရော ဘာရော (၇) နာရီလောက်မှရပ်သွားတယ်။ Drop Bomb တွေ၊ လက်နက်ကြီး တွေကတော့ (၉) နာရီ လောက်မှရပ်သွားတာ။ ရပ်သွားတယ်ဆိုတာ အများကြီးပစ်တာရပ်တာ။ ဟိုလိုရပ်တာမဟုတ်ဘူး။ အထဲကိုဝင်ဖို့အတွက် နည်းမျိုးစုံနဲ့ သူတို့တွေလုပ်ကြတာပေါ့။

မေး - (၁၀)ရက်နဲ့ (၁၉)ရက်ကြားမှာကော တပ်ဘက်က ဘယ်လိုအခြေအနေတွေရင်ဆိုင်ခဲ့ရလဲ။ လုံးဝ ငြိမ်နေတာလား။ ပုံမှန်အတိုင်း လုံးဝသွားလာလို့ရနေလား။ ပြီးတော့ကော ဘယ်ရက်တွေမှာ လာတိုက် သေးလဲ။ ကြားထဲမှာကော ဒီအတိုင်း အေးအေးဆေးဆေးပဲ နေခဲ့ရတာလား။ တိုက်ပွဲက ဘယ်လောက် ကြာသွားလဲ။
ဖြေ- အဲဒီကြားထဲမှာတော့ ကျွန်တော်တို့ အပြင်ထွက်ပြီးတော့ ရှင်းလိုက်သေးတယ်။ တပ်နဲ့ တစ်မိုင် ပတ်ဝန်းကျင်လောက်ပေါ့။ အဲဒီအချိန်မှာ မိုင်းတွေ ထောင်ခဲ့တာတွေ တွေ့တယ်။ ကျွန်တော်တို့ဘက်က တော့ ခံစစ်ကတော့ နေ့တိုင်းပြင်နေခဲ့ရတယ်။ ကျွန်တော် ခုနကပြောသွားတဲ့ရက်စွဲလေးတွေက ပြင်းထန် တဲ့ရက်တွေ။ နေ့စဉ်နဲ့အမျှက သူတို့က ကျွန်တော်တို့ တပ်ကပတ်ပတ်လည်မှာ အုတ်တံတိုင်းကာထား တာရှိတယ်။ နောက်တစ်ခု သွပ်ဆူးကြိုးကာထားတာရှိတယ်။ ခြံစည်းရိုးဖောက်ဝင်တာရှိတယ်။ ကာကင်း ကုန်းရဲ့ အထက်မှာ နည်းနည်းမြင့်တဲ့ကုန်းတစ်ကုန်းရှိတယ်။
ဒေသအခေါ် လွဲလင်တောင်ကျောလို့ခေါ် ပါတယ်။ အဲဒီတောင်ကုန်းက ကျွန်တော်တို့ထက် နည်းနည်းမြင့်တာကိုး။ အဲဒီမှာ ပွိုင့်-၅ တွေရော လက်နက်ကြီးတွေနဲ့ရော ထောက်ထားပါတယ်။ ကာ ကင်းကုန်းက ခံစစ်တွေဘာတွေ ပြင်ပြီဆိုတာနဲ့၊ လှုပ်ပြီဆိုတာနဲ့ သူတို့က လှမ်းပစ်တယ်။ သူတို့က အပေါ် ကနေအမြဲ အသင့်လုပ်ထားတာ။ နောက်ဆုံး (၄)လ ပိုင်း (၂၅)ရက်က စဖြစ်တဲ့တိုက်ပွဲက (၂၈) ရက်နေ့မှာ ပြီးသွားတယ်။ (၂၅)ရက်နေ့တိုက်ပွဲက ပိုပြီးပြင်းထန်တယ်။ အဲဒီမှာ ခြံစည်းရိုးဖောက်ဝင်လာတယ်။ သူတို့ဘက်က လက်နက်ကြီးလည်း တောက်လျှောက်ပစ်တယ်။ အဲဒီအချိန်မှာ ကာကင်းကုန်း ကျသွား တာပေါ့။ (၂၆)ရက်နေ့ပေါ့။ ကာကင်းကုန်းနဲ့ မီတာ (၁၀ဝ)လောက် ဝေးတဲ့ တောင်ကုန်းကနေ ပွိုင့်-၅ တွေ ၊ စက်လက်တွေနဲ့ လှုပ်တာနဲ့ပစ်တော့ ကျွန်တော်တို့ နောက်ဆုံးမှာ ကာကင်းကုန်း ကို ဆုတ်ပေးလိုက် ရတယ်။ မီးလောင် ဗုံးတွေနဲ့လည်းချတယ်။ ကျွန်တော်တို့ဆီမှာလည်း ခဲယမ်းတွေနည်းသွားတဲ့အချိန်မို့ ဆုတ်ပေးလိုက်ရတာ။ တိုက်တဲ့ သူတို့အဖွဲ့တွေကတော့ တပ်ရင်း(၅)ပေါ့။ တပ်ရင်း(၅)က ဦးဆောင်ပြီး တိုက်တာပေါ့။ တပ်ရင်း (၈)၊ တပ်ရင်း (၁၁)၊ PDF အဖွဲ့တွေတိုက်တာပေါ့။ ဒေသခံတွေပြောတာ သူတို့ လည်း အကျအဆုံးများတယ်။ ပထမပိုင်းတော့ သူတို့လည်း နည်းနည်း အကျအဆုံး နည်းတော့ ကျင်းတူးပြီးမြှုပ်နိုင်တယ်။
နောက်ကျတော့ များလာလေလေ ဘူဒိုဇာ နဲ့ထိုးပြီး ဒီအတိုင်း မြှုပ်ရတယ်လို့ ကြားတယ်။ မြစ် ချောင်းတွေမှာ ပစ်ချတာများတယ်။ အထူးသဖြင့် PDF တွေကပဲ တိုက်တာပေါ့။ PDF တွေ သေတယ်။ PDF တွေ ဒဏ်ရာရတယ်။ လုံးဝဆေးကုလိုက်လို့ ပြန်ကောင်းတဲ့အနေအထားဆို ဆေးကုပေးတယ်။ ဆေးကုလို့မရနိုင်ဘူးဆိုရင် တစ်ခါတည်းရှော့လိုက်တာလို့ ကြားရတယ်။ သူတို့ဘက်က အင်အားတော် တော်များတယ်။ ကျွန်တော်တို့ဘက်က ရဲတွေရော၊ မှီခိုသူတွေ၊ ကလေးတွေရော ပေါင်းလိုက်ရင်တော့ (၂၀ဝ) နီးပါးလောက်ရှိပါတယ်။ (၁၀)ယောက် လောက်ကတော့ တိုက်ပွဲကျပြီးကျန်ခဲ့တယ်။ မိသားစုဝင် တွေတော့ ပထမ စစ်ကူလာတဲ့လေယာဉ်နဲ့ ထည့်ပေးလိုက်တယ်။ ပထမအသုတ်၊ ဒုတိယအသုတ် ဆိုပြီး တော့။ နောက်ဆုံးတိုက်ပွဲထဲမှာတော့ အင်အားကတော့ (၁၀ဝ)ဝန်းကျင်တော့ရှိတယ်။ တချို့လည်း ဒဏ်ရာရတာလေးတွေပါတယ်။

မေး- တိုက်ပွဲတွင်းမှာ လက်နက်ခဲယမ်းတွေ၊ ရိက္ခာ အခြေအနေကကော ဘယ်လိုမျိုးရှိခဲ့လဲ။ တိုက်ပွဲအ တွင်း ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရလဲ။
ဖြေ- ရိက္ခာကတော့ အများကြီးရှိပါတယ်။ ခဲယမ်းကတော့ တိုက်ပွဲကာလ ကြာမြင့်တဲ့အတွက် လျော့နည်း တာရှိပါတယ်။ ခဲယမ်းတွေကိုတော့ အပေါ်က လေယာဉ်နဲ့ချပေးပါတယ်။ ဥပမာ (၁၀) ထုပ်လောက်ချ ပေးရင် ကျွန်တော်တို့ဘက်ကို (၇၊ ၈) ထုပ်လောက် ကျတာပေါ့။ နှစ်ထုပ်လောက်ကတော့ သူတို့နယ်မြေ ထဲကို ရောက်သွားတယ်။ အဲဒီအချိန်မှာ သူတို့က ဖြည်းဖြည်းချင်း တပ်နားကိုကပ်လာပြီ။ ပြီးတော့ ခဲ ယမ်းချတဲ့လေယာဉ်ကိုလည်း သူတို့က ပွိုင့်-၅နဲ့ လှမ်းပစ်တယ်။ ရိက္ခာပိုင်းကတော့ အခက်အခဲမရှိပါဘူး။ တိုက်ပွဲကာလကကြာမြင့်လည်း လူတွေရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာကတော့ ကောင်းပါတယ်။ အခက်အခဲ ကတော့ သိပ်မရှိဘူး။
နောက်ဆုံး ခဲယမ်းလုံလောက်မှုမရှိတဲ့အခါကျတော့ တိုက်ပွဲဝင်တဲ့အချိန် ခဲယမ်းက အဓိက ကျတယ်လေ။ ခဲယမ်းချတဲ့လေယာဉ်တွေကလည်း ပွိုင့်-၅ နဲ့ပစ်တယ်လေ။ ပွိုင့်-၅ကလည်း (၄၊ ၅)လက် လောက်ရှိတယ်လေ။ သူတို့ဆီက အလောင်းတွေရရင်တော့ ခဲယမ်းတွေရတယ်။ သူတို့က တစ်ယောက် မှာ (၅၀ဝ)လောက်ပါတယ်။ သူတို့ဆီမှာ ခဲယမ်းတွေပါတယ်။ ရေသန့်ဘူးတွေ ပါတယ်။ ခေါက်ဆွဲထုပ် လေးတွေပါတယ်။ မုန့်လေးတွေပါတယ်။ သူတို့ကတော့ အင်အားများတဲ့အတွက်ကြောင့်မို့ လူအလဲအ လှယ်တော့ ရှိတာပေါ့နော်။

မေး - စစ်ကူတွေ မလာဘူးလား။ လာလို့မရဘူးလား။ ပြီးတော့ အစ်ကိုပြောသလို အခက်အခက် သိပ်မရှိ ဘူးဆိုရင် စခန်းကို ဘာလို့စွန့်ခွာခဲ့ရတာလဲ။
ဖြေ- ဟုတ်ကဲ့။ ကျွန်တော်တို့တပ်ရင်းက ဗန်းမော်နဲ့ မြစ်ကြီးနားကြားပေါ့။ ဘေးပတ်ဝန်းကျင်မှာတော့ တောင်ကြောတွေပဲရှိတယ်။ အနေအထားက အလယ်အလောက်မှာပေါ့။ ဘေးနားကပစ်ကူပေးမယ့်တပ် မရှိဘူးပေါ့။ လွယ်လွယ်နဲ့ ရောက်မလာနိုင်ဘူးပေါ့။ ပြီးရင် လာမယ်ဆိုရင်လည်း ရေလမ်းတစ်ခုပဲရှိတယ်။ ကုန်းလမ်းမှန်သမျှ သူတို့က နေရာယူထားပြီးသား။ စစ်ကူကတော့ တစ်ခေါက်ရောက်လာပါတယ်။ လေ ယာဉ်နဲ့။ လေယာဉ်ကိုဝိုင်းပစ်လို့ လေယာဉ်မှူးကလည်း မလာရဲတော့ဘူးလို့ကြားပါတယ်။ ပထမ စစ်ကူ လာတယ်။ ဒုတိယကတော့ (၂၆) ရက်နေ့ပေါ့။ နောက်ဆုံးစစ်ကူ ရောက်လာတယ်။ အဲဒီအချိန် ပြင်းထန် နေပြီပေါ့နော်။ လုံးဝ လေးဖက်လေးတန်ပေါ့နော်။ အဲဒီလာတဲ့ တပ်ရင်းမှူးတောင်ရောက်ပြီး နာရီဝက် မကြာဘူး ကျသွားတယ်လေ။ တခြားစစ်ကူကတော့ တောင်ကြောတွေဖြစ်တဲ့အတွက်ကြောင့်မို့ လာဖို့မ လွယ်ဘူး။ လေကြောင်းကိုပဲ အဓိကအားကိုးရတဲ့ အပိုင်းတွေပါခဲ့တာပေါ့ ။
တစ်ခါတလေ လေကြောင်းနဲ့ပစ်ကူပေးသော်ငြားလည်း ပစ်မှတ်နဲ့လွဲတာတွေလည်း ကြုံခဲ့ရ တာပေါ့။ သူတို့ ဗုံးကျဲပြီးပြန်သွားရင် ဟိုဘက်ကလည်း ဒရုန်းတွေနဲ့ဝင်လာပြီ။ ကျွန်တော်တို့က ခဲယမ်း နည်း သွားပြီလေ။ ခဲယမ်းနည်းသွားတော့ သူတို့ဘက်က အင်အားက (၁၀ဝဝ) နီးပါးလောက်ရှိတယ်။ တိုက်စစ်က ပြင်းထန်လာတာပေါ့။ သူတို့က ကာကင်းကုန်းရ သွားတော့ အပေါ်ကနေ အကုန်မြင် တယ်လေ။ ခဲယမ်း နည်းတာပါတယ်။ ပြီးတော့ ဒဏ်ရာရတာတွေ ပါလာတာပေါ့နော်။ ပြီးတော့ ဒရုန်း ကလည်း တောက်လျှောက်ဆိုတော့။ ခဲယမ်းနည်းလို့ ဆုတ်ပေးလိုက်ရတာပါ။ ခဲယမ်းတွေလည်း ရှိနေ ရင်တော့ ဆက်တိုက်နေမှာပါ။ ကျွန်တော်တို့က ခံစစ်ကို ခဲယမ်းနည်းနေလို့ပါ။ ရိက္ခာပိုင်းကတော့ အကုန်ရှိတယ်။ စိတ်ဓာတ်ပိုင်းဆိုရင်လည်း နောက်ဆုံးအချိန်ထိအကုန် ကောင်းပါတယ်။ ဖရိုဖရဲ ဖြစ်ပြီး တော့ ဆုတ်ပေးခဲ့ရတာလည်းမဟုတ်ဘူး။ ခဲယမ်းတွေ အချိန်မီမပို့ပေးနိုင်တော့ ဆုတ်ပေးလိုက်ရတာပါ။

မေး - ဟုတ်။ ဘယ်လိုပုံစံမျိုးနဲ့ ဆုတ်လာခဲ့တာလဲ။
ဖြေ - ကျွန်တော်တို့ရဲ့ အဓိကကုန်းကို သူတို့က ရလိုက်တာကိုး။ အဓိက ကာကင်းကုန်း၊ ကုန်းက (၄) ကုန်း ရှိတာကိုး။ အဓိက ကုန်းတွေပေးလိုက်ရတော့။ အများကြီးပေးလိုက်ရတော့ ကျွန်တော်တို့ ခုခံကာ ကွယ်ဖို့ မရှိတော့ဘူးပေါ့။ ကျွန်တော်တို့ ပြန်ပြီးဆုတ် လာတဲ့အချိန် ဘယ်နားမှာ ဘယ်လိုရှိနိုင်လဲ စုံစမ်း ထောက်လှမ်းပြီးတော့ ပြန်ဆုတ်လာခဲ့တာ။ ကျွန်တော်တို့က မြေပုံကိုင်ထားတယ်လေ။ သူတို့ကိုလှည့် လိုက်တာပေါ့။ တစ်ဖက်ဖက်ကို ဦးတည်ပြီးထွက်လိုက်တယ်။ သူတို့က ကျွန်တော်တို့ဘက်ကို ရောက်နေ ပြီ။ ကျွန်တော်တို့ကို လိုက်ပိတ်ဆို့တယ်။ ဥပမာ မြောက်ဘက်ကို ထွက်မယ်။ မြောက်ဘက်မှာက မြစ်ကြီးနား ရှိတာကိုး။ ကျွန်တော်တို့ တောင်ဘက်ကိုဦးတည်ပြီး ထွက်လိုက်တာ။ တောင်ဘက်မှာ သူတို့နေရာတွေ ရှိတယ်။ တပ်ရင်း၊ ဌာနချုပ်တွေရှိတယ်။ ကျွန်တော်တို့ အဲဒီဘက်ကို ထွက်လိုက်တယ်။ အပင်ပန်းတော့ခံရတာပေါ့။ လမ်းမှာ ထမင်းငတ်တာရှိတယ်။ ဆန်ပြုတ်လေး နှစ်ဇွန်းလောက်စားတယ်။ ရက်က (၁၄)ရက်လောက် ကြာတာကိုး။ ထိတွေ့မှုတော့မဖြစ်တော့ဘူး။ သူတို့ စခန်းတွေရဲ့ မီတာ (၅၀ဝ၊ ၆၀ဝ၊ ၇၀ဝ)လောက်က ဖြတ်တယ်။ သူတို့က စခန်းတွေမှာမနေဘူး။ ကျွန်တော်တို့ဘက်ကို အုပ်နေတာကိုး။

မေး - လက်ရှိ ဆင်ဘိုရဲ့အခြေအနေလေးကိုကော ပြောပြပေးလို့ရလား။
ဖြေ - လက်ရှိကတော့ ကျွန်တော်တို့တပ်ထဲ သူတို့ဝင်ထိုင်ထားတယ်။ သူတို့ ကျောင်းတွေ ဖွင့်ဖို့၊ ကချင်ဘာသာ တစ်ဘာသာပါမယ်ကြားတယ်။ ရွာသူ ရွာသားတွေလည်း အလှည့်ကျသေနတ်ကိုင်ရမယ် ပေါ့။ လယ်တစ်ဧက နှစ်သောင်း အခွန်ဆောင်ရမှာတို့။ ဥပမာ လယ်တစ်ဧက စပါးတစ်ရာဆို သူတို့ကို (၃၀)ပေးရမှာတို့။ ဒါမျိုးလေးတွေတော့ ကြားနေရပါတယ်။ ဒေသခံတွေကတော့ အကုန်လုံး ပြန်မရောက် သေး ဘူးလို့ကြားတယ်။ အဘိုးကြီး အဘွားကြီးတွေပဲ ကျန်နေခဲ့တာ။

မေး - ဘာဖြည့်စွက်ပြီး ပြောချင်သေးလဲရှင့်။
ဖြေ - အုပ်ချုပ်မှုပိုင်းဆိုင်ရာ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ အားလုံးကောင်းပါတယ်။ ခံစစ်တွေပြင်ထားတာလည်း ကောင်းပါတယ်။ နောက်ဆုံးတိုက်ပွဲဖြစ်ပြီဆိုရင် ဘာလို့လဲဆိုတော့ ခုခံဖို့လက်နက်ခဲယမ်းလိုပါတယ်။ ရိက္ခာပိုင်း ကျွန်တော်တို့က အဆင်ပြေတယ်။ ကျွန်တော်တို့ အခု ဆုတ်ပေးလိုက်ရတယ်ဆိုတာကလည်း ကျွန်တော်တို့က ဖရိုဖရဲဖြစ်ပြီးတော့ဆုတ်ပေးခဲ့တာ မဟုတ်ဘူး။ သူတို့ဘက်ကလည်း အလံဖြူထောင်ဖို့၊ လက်နက်ချဖို့ ပြောနေတာတွေရှိတယ်။ ကျွန်တော်တို့ကတော့ လုံးဝမထောင်နိုင်ဘူး။ စိတ်ဓာတ်တွေအကုန်ကောင်းတယ် စစ်သည်တွေက။ တိုက်ပွဲကာလက ကြာလာ ပြီဖြစ်တဲ့အတွက်ကြောင့် ခဲယမ်းတွေက နည်းတာပေါ့။ နည်းတော့ ကျွန်တော်တို့က ပြန်ပြီးတော့ ခုခံချင်တာ။ အားမရခဲ့ဘူးပေါ့။ ခဲယမ်းက လေယာဉ်ကလည်း ချမပေးနိုင်တာပါတာပေါ့။ ပွိုင့်-၅တွေက လည်း အောက်ကနေချိန်ထားတာကိုး။ ညလာချတယ်။ ညလာချတာတောင်မှ သူတို့ အောက်ကနေ ပွိုင့်-၅ နဲ့ပစ်တာ။ တိုက်ပွဲကာလမှာ ခရီးသည်တင် တောင်လှမ်းပစ်နေလို့ စိတ်ပူနေရသေးတယ်။ အောက် ကနေ ဘုရားစာရွတ်ပေးနေရတာ။ ခရီးသည်တင်တွေက သာမန်အားဖြင့် မြို့ပေါ်ကနေ ဖြတ်တာ များတယ်။ အဲဒီကာလမှာ ကျွန်တော်တို့အပေါ်ကနေ မဖြတ်ခိုင်းတာလား ဘာလားမသိဘူး။ အဲဒီမှာ ခရီးသည်တင် ယာဉ်တွေလာရင် လိုက်ပစ်နေလို့။ ခရီးသည်တင် ယာဉ်တွေက အမြင့်ကြီးပါ။ ဒါကို လှမ်းပစ်နေလို့။ အဓိကကတော့ ကျွန်တော်တို့အားနည်းချက်ကတော့ လက်နက်ခဲယမ်းပါပဲ။

ဟုတ်ကဲ့ ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ် . . .

zawgyi version
KIA-PDF နဲ႔ အႀကိတ္အနယ္ ႏႊဲခဲ့ရတဲ့ “ဆင္ဘိုတိုက္ပြဲ” ဘာေတြျဖစ္ခဲ့သလဲ
Pearl (NP News) - ဇြန္ ၁၆

၂၀၂၄ ခုႏွစ္၊ ေဖေဖာ္ဝါရီလကစတင္၍ ကခ်င္ျပည္နယ္ ျမစ္ႀကီးနားခ႐ိုင္ ဆင္ဘိုၿမိဳ႕နယ္ရွိ တပ္မေတာ္ လုံၿခဳံေရးစခန္းကို KIA ပူးေပါင္းအဖြဲ႕က စတင္ဝင္ေရာက္တိုက္ခိုက္မႈမ်ားျပဳလုပ္ခဲ့သျဖင့္ တိုက္ပြဲမ်ားျပင္းထန္ခဲ့သည္။ တိုက္ပြဲမ်ားအတြင္း KIA ပူးေပါင္းအဖြဲ႕က အက်အဆုံးမ်ားစြာျဖင့္ အႀကိမ္ႀကိမ္ျပန္လည္ဆုတ္ခြာသြားခဲ့ရေသာ္လည္း ၿပီးခဲ့သည့္ ဧၿပီလတြင္ ပူးေပါင္းအဖြဲ႕က သာလြန္အင္အားျဖင့္ ထိုးစစ္ဆင္ တိုက္ခိုက္ခဲ့သည့္အတြက္ တိုက္ပြဲပိုမိုျပင္းထန္လာခဲ့ၿပီး တပ္မေတာ္လုံၿခဳံေရးအဖြဲ႕က တပ္စခန္းကို ယာယီစြန႔္ခြာခဲ့ရေၾကာင္း သိရသည္။ အဆိုပါ တိုက္ပြဲမ်ားႏွင့္ပတ္သက္၍ တိုက္ပြဲအတြင္း ျပန္လည္ခုခံတိုက္ခိုက္ခဲ့သူ တစ္ဦးအား NP News က ဆက္သြယ္ေမးျမန္းထားမႈမ်ားကို ေဖာ္ျပလိုက္ပါသည္။

ေမး - ပထမဦးဆုံးေမးခ်င္တာက ဆင္ဘိုဆိုတာ ဘယ္ေဒသမွာရွိတာလဲ။ ေဒသခံေတြကေကာ ဘာ ေတြလုပ္ကိုင္စားေသာက္ၾကလဲ။ ပတ္ဝန္းက်င္မွာ ဘယ္လိုၿမိဳ႕ေတြရွိလဲရွင့္။
ေျဖ- ဆင္ဘိုကေတာ့ ျမစ္ႀကီးနားၿမိဳ႕နယ္ထဲမွာပါ ပါ တယ္။ ျမစ္ႀကီးနားၿမိဳ႕နဲ႔ မိုင္ (၇၀) ေဝးတာေပါ့ေနာ္။ လူမ်ိဳးေတြက ရွမ္း ။ ဗမာေတြ အမ်ားစုေနပါတယ္။ ဆင္ဘိုကေတာ့ ႐ြာအဆင့္ကေန ၿမိဳ႕အဆင့္ကို ေပး လိုက္တာ ၂၀ဝ၃ ေလာက္မွာ ေပးလိုက္တာေပါ့ေနာ္။ ေဒသခံေတြကေတာ့ ေတာင္သူ၊ လယ္လုပ္ၾကတာ ေပါ့ေနာ္။ ၿပီးရင္ ေတာင္ယာေတြ ဘာေတြလုပ္တယ္။ ပတ္ဝန္းက်င္ကေတာ့ အထက္မွာဆိုရင္ ျမစ္ႀကီး နား ၿမိဳ႕၊ ေအာက္မွာဆိုရင္ ဗန္းေမာ္ၿမိဳ႕ရွိပါတယ္။

ေမး- ဆင္ဘိုရဲစခန္းတို႔၊ လုံၿခဳံေရးတပ္စခန္းေတြက‌ေရာ ဆင္ဘိုရဲ႕ဘယ္လိုေနရာမ်ိဳးေတြမွာရွိတာလဲ။ စခန္းေတြကိုလာတိုက္မယ္ဆိုတာ သတင္းႀကိဳရလား။ ရရင္ ဘာေတြႀကိဳတင္ျပင္ဆင္ထားလဲ။
ေျဖ- ဟုတ္ကဲ့။ ဆင္ဘိုရဲစခန္းကေတာ့ ၿမိဳ႕ရဲ႕အလယ္မွာေပါ့။ ဧရာဦးရပ္ကြက္ထဲမွာ ပါပါတယ္။ တပ္က ေတာ့ ဆင္ဘိုနဲ႔ (၃)မိုင္ေလာက္ေဝးပါတယ္။ မတိုက္ခင္ကေတာ့ ကြၽန္ေတာ္တို႔ကေဒသခံေတြနဲ႔ ရင္းႏွီးေန တာဆိုေတာ့ ေဒသခံေတြက အဲဒီလိုျဖစ္လာႏိုင္တယ္ဆိုၿပီး ႀကိဳသတိေပးတာေပါ့။ ကြၽန္ေတာ္တို႔ဘက္က ေတာ့ လိုအပ္တာေတြျပင္ဆင္ထားပါတယ္။

ေမး - ရဲစခန္းနဲ႔လုံၿခဳံေရးစခန္းေတြကို လက္နက္ကိုင္ေတြက ဘယ္ေန႔ကစၿပီးေတာ့ တိုက္ခဲ့တာတာလဲ။ ဘယ္လိုပုံစံမ်ိဳးနဲ႔ တိုက္ပြဲလာေဖာ္ခဲ့တာလဲ။
ေျဖ- ဆင္ဘိုရဲစခန္းကေတာ့ ကနဦး တိုက္ပြဲမျဖစ္ခင္တည္းက တပ္ထဲကို ေ႐ႊ႕ထားလိုက္တာေပါ့ေနာ္။ ၁၄၁ တပ္ရင္းထဲကို။ တိုက္ပြဲကေတာ့ ေဖေဖာ္ဝါရီလ(၁၀) ရက္က စၿပီးလာတိုက္တာ။ သူတို႔က ပထမ အဆင့္ကေတာ့ ဒ႐ုန္းနဲ႔စက်ဲတယ္။ လက္နက္ ခ်ဖို႔၊ အလံျဖဴေထာင္ဖို႔ေျပာတယ္။ တပ္ရင္းကိုက ပတ္ လည္(၁၁)ေနရာ လုံၿခဳံေရးယူထားတာေပါ့။ ကာကင္းကုန္းကို သူတို႔စၿပီးလာတိုက္ပါတယ္။ (၂)လပိုင္း (၁၀)ရက္မွာ ကာကင္းကုန္းကို သူတို႔စတိုက္တယ္။ မရပါဘူး။ မရတဲ့အျပင္ကို သူတို႔ အက်အဆုံးေတြ မ်ားစြာနဲ႔ ျပန္ဆုတ္သြားရတယ္။

ေမး - တိုက္ပြဲက ဘယ္ေလာက္ၾကာသြားလဲ။ ဘယ္ေလာက္အထိေကာ ျပင္းထန္ခဲ့လဲ။ ၿပီးေတာ့ ဘာေတြ ႀကဳံေတြ႕ရလဲဆိုတာ တိုက္ပြဲအေတြ႕အႀကဳံနဲ႔ပတ္သက္ၿပီးေတာ့ ေျပာေပးလို႔ရမလားရွင့္။
ေျဖ - (၂)လပိုင္း (၁၀)ရက္ၿပီးသြားေတာ့ အဲဒီၾကားမွာ နည္းနည္းျခားသြားတာေပါ့။ (၂)လပိုင္း (၁၉)ရက္ မွာေတာ့ တိုက္ပြဲက ေတာ္ေတာ္ျပင္းထန္ပါတယ္။ အင္အားေတြကလည္း အမ်ားႀကီးပဲ။ ပထမတိုက္စစ္၊ ဒုတိယတိုက္စစ္၊ တတိယတိုက္စစ္ အဲဒီလိုမ်ိဳးယူၿပီးမွ တိုက္ခဲ့တာေတြ႕ရတယ္။ တကယ္ ျပင္းထန္ပါ တယ္။ Drop Bomb ေတြ ဘာေတြပါလာတယ္။ ပတ္လည္ကို အကုန္လုံး၊ ကာကင္းကုန္းေတြေပါ့။ တပ္က ကုန္း ေလးကုန္း ရွိတယ္။ အဲဒီေန႔က ေလးဖက္ေလးတန္ကို Drop Bomb ေတြ ခ်ခံရတယ္။ ကြၽန္ေတာ္တို႔ဘက္ကလည္း ခံစစ္ေကာင္းတဲ့အတြက္ အဲဒီအခ်ိန္က ဘာမွမျဖစ္ပါဘူး။ အဲဒီေန႔ကလည္း သူတို႔ဘက္က အင္အားကလည္း (၁၀ဝဝ)ဝန္းက်င္ေလာက္ရွိတယ္။ အဲဒီေန႔က ကြၽန္ေတာ္တို႔ဘက္က အက်အဆုံး ဘာညာေတာ့မရွိဘူး။ အစမွန္တာေလာက္ပဲ ရွိတယ္။ အဲဒီေန႔က ေလးဖက္ေလးတန္ကေန သူတို႔ လက္နက္ႀကီးေတြနဲ႔ပစ္လို႔ ကြၽန္ေတာ္တို႔ ေခါင္းေတာင္မေဖာ္ႏိုင္ဘူး။ ခန႔္မွန္း (၂၀) ေလာက္ရွိမယ္ ထင္တယ္။ ေဘး၊ ဘယ္ ညာကေန ဝိုင္းပစ္ၾကတာ။ ထမင္းေတာင္ ည (၇)နာရီေလာက္မွ စားရတယ္။ လက္နက္ငယ္ေရာ ဘာေရာ (၇) နာရီေလာက္မွရပ္သြားတယ္။ Drop Bomb ေတြ၊ လက္နက္ႀကီး ေတြကေတာ့ (၉) နာရီ ေလာက္မွရပ္သြားတာ။ ရပ္သြားတယ္ဆိုတာ အမ်ားႀကီးပစ္တာရပ္တာ။ ဟိုလိုရပ္တာမဟုတ္ဘူး။ အထဲကိုဝင္ဖို႔အတြက္ နည္းမ်ိဳးစုံနဲ႔ သူတို႔ေတြလုပ္ၾကတာေပါ့။

ေမး - (၁၀)ရက္နဲ႔ (၁၉)ရက္ၾကားမွာေကာ တပ္ဘက္က ဘယ္လိုအေျခအေနေတြရင္ဆိုင္ခဲ့ရလဲ။ လုံးဝ ၿငိမ္ေနတာလား။ ပုံမွန္အတိုင္း လုံးဝသြားလာလို႔ရေနလား။ ၿပီးေတာ့ေကာ ဘယ္ရက္ေတြမွာ လာတိုက္ ေသးလဲ။ ၾကားထဲမွာေကာ ဒီအတိုင္း ေအးေအးေဆးေဆးပဲ ေနခဲ့ရတာလား။ တိုက္ပြဲက ဘယ္ေလာက္ ၾကာသြားလဲ။
ေျဖ- အဲဒီၾကားထဲမွာေတာ့ ကြၽန္ေတာ္တို႔ အျပင္ထြက္ၿပီးေတာ့ ရွင္းလိုက္ေသးတယ္။ တပ္နဲ႔ တစ္မိုင္ ပတ္ဝန္းက်င္ေလာက္ေပါ့။ အဲဒီအခ်ိန္မွာ မိုင္းေတြ ေထာင္ခဲ့တာေတြ ေတြ႕တယ္။ ကြၽန္ေတာ္တို႔ဘက္က ေတာ့ ခံစစ္ကေတာ့ ေန႔တိုင္းျပင္ေနခဲ့ရတယ္။ ကြၽန္ေတာ္ ခုနကေျပာသြားတဲ့ရက္စြဲေလးေတြက ျပင္းထန္ တဲ့ရက္ေတြ။ ေန႔စဥ္နဲ႔အမွ်က သူတို႔က ကြၽန္ေတာ္တို႔ တပ္ကပတ္ပတ္လည္မွာ အုတ္တံတိုင္းကာထား တာရွိတယ္။ ေနာက္တစ္ခု သြပ္ဆူးႀကိဳးကာထားတာရွိတယ္။ ၿခံစည္း႐ိုးေဖာက္ဝင္တာရွိတယ္။ ကာကင္း ကုန္းရဲ႕ အထက္မွာ နည္းနည္းျမင့္တဲ့ကုန္းတစ္ကုန္းရွိတယ္။
ေဒသအေခၚ လြဲလင္ေတာင္ေက်ာလို႔ေခၚ ပါတယ္။ အဲဒီေတာင္ကုန္းက ကြၽန္ေတာ္တို႔ထက္ နည္းနည္းျမင့္တာကိုး။ အဲဒီမွာ ပြိဳင့္-၅ ေတြေရာ လက္နက္ႀကီးေတြနဲ႔ေရာ ေထာက္ထားပါတယ္။ ကာ ကင္းကုန္းက ခံစစ္ေတြဘာေတြ ျပင္ၿပီဆိုတာနဲ႔၊ လႈပ္ၿပီဆိုတာနဲ႔ သူတို႔က လွမ္းပစ္တယ္။ သူတို႔က အေပၚ ကေနအၿမဲ အသင့္လုပ္ထားတာ။ ေနာက္ဆုံး (၄)လ ပိုင္း (၂၅)ရက္က စျဖစ္တဲ့တိုက္ပြဲက (၂၈) ရက္ေန႔မွာ ၿပီးသြားတယ္။ (၂၅)ရက္ေန႔တိုက္ပြဲက ပိုၿပီးျပင္းထန္တယ္။ အဲဒီမွာ ၿခံစည္း႐ိုးေဖာက္ဝင္လာတယ္။ သူတို႔ဘက္က လက္နက္ႀကီးလည္း ေတာက္ေလွ်ာက္ပစ္တယ္။ အဲဒီအခ်ိန္မွာ ကာကင္းကုန္း က်သြား တာေပါ့။ (၂၆)ရက္ေန႔ေပါ့။ ကာကင္းကုန္းနဲ႔ မီတာ (၁၀ဝ)ေလာက္ ေဝးတဲ့ ေတာင္ကုန္းကေန ပြိဳင့္-၅ ေတြ ၊ စက္လက္ေတြနဲ႔ လႈပ္တာနဲ႔ပစ္ေတာ့ ကြၽန္ေတာ္တို႔ ေနာက္ဆုံးမွာ ကာကင္းကုန္း ကို ဆုတ္ေပးလိုက္ ရတယ္။ မီးေလာင္ ဗုံးေတြနဲ႔လည္းခ်တယ္။ ကြၽန္ေတာ္တို႔ဆီမွာလည္း ခဲယမ္းေတြနည္းသြားတဲ့အခ်ိန္မို႔ ဆုတ္ေပးလိုက္ရတာ။ တိုက္တဲ့ သူတို႔အဖြဲ႕ေတြကေတာ့ တပ္ရင္း(၅)ေပါ့။ တပ္ရင္း(၅)က ဦးေဆာင္ၿပီး တိုက္တာေပါ့။ တပ္ရင္း (၈)၊ တပ္ရင္း (၁၁)၊ PDF အဖြဲ႕ေတြတိုက္တာေပါ့။ ေဒသခံေတြေျပာတာ သူတို႔ လည္း အက်အဆုံးမ်ားတယ္။ ပထမပိုင္းေတာ့ သူတို႔လည္း နည္းနည္း အက်အဆုံး နည္းေတာ့ က်င္းတူးၿပီးျမႇဳပ္ႏိုင္တယ္။
ေနာက္က်ေတာ့ မ်ားလာေလေလ ဘူဒိုဇာ နဲ႔ထိုးၿပီး ဒီအတိုင္း ျမႇဳပ္ရတယ္လို႔ ၾကားတယ္။ ျမစ္ ေခ်ာင္းေတြမွာ ပစ္ခ်တာမ်ားတယ္။ အထူးသျဖင့္ PDF ေတြကပဲ တိုက္တာေပါ့။ PDF ေတြ ေသတယ္။ PDF ေတြ ဒဏ္ရာရတယ္။ လုံးဝေဆးကုလိုက္လို႔ ျပန္ေကာင္းတဲ့အေနအထားဆို ေဆးကုေပးတယ္။ ေဆးကုလို႔မရႏိုင္ဘူးဆိုရင္ တစ္ခါတည္းေရွာ့လိုက္တာလို႔ ၾကားရတယ္။ သူတို႔ဘက္က အင္အားေတာ္ ေတာ္မ်ားတယ္။ ကြၽန္ေတာ္တို႔ဘက္က ရဲေတြေရာ၊ မွီခိုသူေတြ၊ ကေလးေတြေရာ ေပါင္းလိုက္ရင္ေတာ့ (၂၀ဝ) နီးပါးေလာက္ရွိပါတယ္။ (၁၀)ေယာက္ ေလာက္ကေတာ့ တိုက္ပြဲက်ၿပီးက်န္ခဲ့တယ္။ မိသားစုဝင္ ေတြေတာ့ ပထမ စစ္ကူလာတဲ့ေလယာဥ္နဲ႔ ထည့္ေပးလိုက္တယ္။ ပထမအသုတ္၊ ဒုတိယအသုတ္ ဆိုၿပီး ေတာ့။ ေနာက္ဆုံးတိုက္ပြဲထဲမွာေတာ့ အင္အားကေတာ့ (၁၀ဝ)ဝန္းက်င္ေတာ့ရွိတယ္။ တခ်ိဳ႕လည္း ဒဏ္ရာရတာေလးေတြပါတယ္။

ေမး- တိုက္ပြဲတြင္းမွာ လက္နက္ခဲယမ္းေတြ၊ ရိကၡာ အေျခအေနကေကာ ဘယ္လိုမ်ိဳးရွိခဲ့လဲ။ တိုက္ပြဲအ တြင္း ဘယ္လိုအခက္အခဲေတြ ရင္ဆိုင္ရလဲ။
ေျဖ- ရိကၡာကေတာ့ အမ်ားႀကီးရွိပါတယ္။ ခဲယမ္းကေတာ့ တိုက္ပြဲကာလ ၾကာျမင့္တဲ့အတြက္ ေလ်ာ့နည္း တာရွိပါတယ္။ ခဲယမ္းေတြကိုေတာ့ အေပၚက ေလယာဥ္နဲ႔ခ်ေပးပါတယ္။ ဥပမာ (၁၀) ထုပ္ေလာက္ခ် ေပးရင္ ကြၽန္ေတာ္တို႔ဘက္ကို (၇၊ ၈) ထုပ္ေလာက္ က်တာေပါ့။ ႏွစ္ထုပ္ေလာက္ကေတာ့ သူတို႔နယ္ေျမ ထဲကို ေရာက္သြားတယ္။ အဲဒီအခ်ိန္မွာ သူတို႔က ျဖည္းျဖည္းခ်င္း တပ္နားကိုကပ္လာၿပီ။ ၿပီးေတာ့ ခဲ ယမ္းခ်တဲ့ေလယာဥ္ကိုလည္း သူတို႔က ပြိဳင့္-၅နဲ႔ လွမ္းပစ္တယ္။ ရိကၡာပိုင္းကေတာ့ အခက္အခဲမရွိပါဘူး။ တိုက္ပြဲကာလကၾကာျမင့္လည္း လူေတြရဲ႕စိတ္ဓာတ္ပိုင္းဆိုင္ရာကေတာ့ ေကာင္းပါတယ္။ အခက္အခဲ ကေတာ့ သိပ္မရွိဘူး။
ေနာက္ဆုံး ခဲယမ္းလုံေလာက္မႈမရွိတဲ့အခါက်ေတာ့ တိုက္ပြဲဝင္တဲ့အခ်ိန္ ခဲယမ္းက အဓိက က်တယ္ေလ။ ခဲယမ္းခ်တဲ့ေလယာဥ္ေတြကလည္း ပြိဳင့္-၅ နဲ႔ပစ္တယ္ေလ။ ပြိဳင့္-၅ကလည္း (၄၊ ၅)လက္ ေလာက္ရွိတယ္ေလ။ သူတို႔ဆီက အေလာင္းေတြရရင္ေတာ့ ခဲယမ္းေတြရတယ္။ သူတို႔က တစ္ေယာက္ မွာ (၅၀ဝ)ေလာက္ပါတယ္။ သူတို႔ဆီမွာ ခဲယမ္းေတြပါတယ္။ ေရသန႔္ဘူးေတြ ပါတယ္။ ေခါက္ဆြဲထုပ္ ေလးေတြပါတယ္။ မုန႔္ေလးေတြပါတယ္။ သူတို႔ကေတာ့ အင္အားမ်ားတဲ့အတြက္ေၾကာင့္မို႔ လူအလဲအ လွယ္ေတာ့ ရွိတာေပါ့ေနာ္။

ေမး - စစ္ကူေတြ မလာဘူးလား။ လာလို႔မရဘူးလား။ ၿပီးေတာ့ အစ္ကိုေျပာသလို အခက္အခက္ သိပ္မရွိ ဘူးဆိုရင္ စခန္းကို ဘာလို႔စြန႔္ခြာခဲ့ရတာလဲ။
ေျဖ- ဟုတ္ကဲ့။ ကြၽန္ေတာ္တို႔တပ္ရင္းက ဗန္းေမာ္နဲ႔ ျမစ္ႀကီးနားၾကားေပါ့။ ေဘးပတ္ဝန္းက်င္မွာေတာ့ ေတာင္ေၾကာေတြပဲရွိတယ္။ အေနအထားက အလယ္အေလာက္မွာေပါ့။ ေဘးနားကပစ္ကူေပးမယ့္တပ္ မရွိဘူးေပါ့။ လြယ္လြယ္နဲ႔ ေရာက္မလာႏိုင္ဘူးေပါ့။ ၿပီးရင္ လာမယ္ဆိုရင္လည္း ေရလမ္းတစ္ခုပဲရွိတယ္။ ကုန္းလမ္းမွန္သမွ် သူတို႔က ေနရာယူထားၿပီးသား။ စစ္ကူကေတာ့ တစ္ေခါက္ေရာက္လာပါတယ္။ ေလ ယာဥ္နဲ႔။ ေလယာဥ္ကိုဝိုင္းပစ္လို႔ ေလယာဥ္မႉးကလည္း မလာရဲေတာ့ဘူးလို႔ၾကားပါတယ္။ ပထမ စစ္ကူ လာတယ္။ ဒုတိယကေတာ့ (၂၆) ရက္ေန႔ေပါ့။ ေနာက္ဆုံးစစ္ကူ ေရာက္လာတယ္။ အဲဒီအခ်ိန္ ျပင္းထန္ ေနၿပီေပါ့ေနာ္။ လုံးဝ ေလးဖက္ေလးတန္ေပါ့ေနာ္။ အဲဒီလာတဲ့ တပ္ရင္းမႉးေတာင္ေရာက္ၿပီး နာရီဝက္ မၾကာဘူး က်သြားတယ္ေလ။ တျခားစစ္ကူကေတာ့ ေတာင္ေၾကာေတြျဖစ္တဲ့အတြက္ေၾကာင့္မို႔ လာဖို႔မ လြယ္ဘူး။ ေလေၾကာင္းကိုပဲ အဓိကအားကိုးရတဲ့ အပိုင္းေတြပါခဲ့တာေပါ့ ။
တစ္ခါတေလ ေလေၾကာင္းနဲ႔ပစ္ကူေပးေသာ္ျငားလည္း ပစ္မွတ္နဲ႔လြဲတာေတြလည္း ႀကဳံခဲ့ရ တာေပါ့။ သူတို႔ ဗုံးက်ဲၿပီးျပန္သြားရင္ ဟိုဘက္ကလည္း ဒ႐ုန္းေတြနဲ႔ဝင္လာၿပီ။ ကြၽန္ေတာ္တို႔က ခဲယမ္း နည္း သြားၿပီေလ။ ခဲယမ္းနည္းသြားေတာ့ သူတို႔ဘက္က အင္အားက (၁၀ဝဝ) နီးပါးေလာက္ရွိတယ္။ တိုက္စစ္က ျပင္းထန္လာတာေပါ့။ သူတို႔က ကာကင္းကုန္းရ သြားေတာ့ အေပၚကေန အကုန္ျမင္ တယ္ေလ။ ခဲယမ္း နည္းတာပါတယ္။ ၿပီးေတာ့ ဒဏ္ရာရတာေတြ ပါလာတာေပါ့ေနာ္။ ၿပီးေတာ့ ဒ႐ုန္း ကလည္း ေတာက္ေလွ်ာက္ဆိုေတာ့။ ခဲယမ္းနည္းလို႔ ဆုတ္ေပးလိုက္ရတာပါ။ ခဲယမ္းေတြလည္း ရွိေန ရင္ေတာ့ ဆက္တိုက္ေနမွာပါ။ ကြၽန္ေတာ္တို႔က ခံစစ္ကို ခဲယမ္းနည္းေနလို႔ပါ။ ရိကၡာပိုင္းကေတာ့ အကုန္ရွိတယ္။ စိတ္ဓာတ္ပိုင္းဆိုရင္လည္း ေနာက္ဆုံးအခ်ိန္ထိအကုန္ ေကာင္းပါတယ္။ ဖ႐ိုဖရဲ ျဖစ္ၿပီး ေတာ့ ဆုတ္ေပးခဲ့ရတာလည္းမဟုတ္ဘူး။ ခဲယမ္းေတြ အခ်ိန္မီမပို႔ေပးႏိုင္ေတာ့ ဆုတ္ေပးလိုက္ရတာပါ။

ေမး - ဟုတ္။ ဘယ္လိုပုံစံမ်ိဳးနဲ႔ ဆုတ္လာခဲ့တာလဲ။
ေျဖ - ကြၽန္ေတာ္တို႔ရဲ႕ အဓိကကုန္းကို သူတို႔က ရလိုက္တာကိုး။ အဓိက ကာကင္းကုန္း၊ ကုန္းက (၄) ကုန္း ရွိတာကိုး။ အဓိက ကုန္းေတြေပးလိုက္ရေတာ့။ အမ်ားႀကီးေပးလိုက္ရေတာ့ ကြၽန္ေတာ္တို႔ ခုခံကာ ကြယ္ဖို႔ မရွိေတာ့ဘူးေပါ့။ ကြၽန္ေတာ္တို႔ ျပန္ၿပီးဆုတ္ လာတဲ့အခ်ိန္ ဘယ္နားမွာ ဘယ္လိုရွိႏိုင္လဲ စုံစမ္း ေထာက္လွမ္းၿပီးေတာ့ ျပန္ဆုတ္လာခဲ့တာ။ ကြၽန္ေတာ္တို႔က ေျမပုံကိုင္ထားတယ္ေလ။ သူတို႔ကိုလွည့္ လိုက္တာေပါ့။ တစ္ဖက္ဖက္ကို ဦးတည္ၿပီးထြက္လိုက္တယ္။ သူတို႔က ကြၽန္ေတာ္တို႔ဘက္ကို ေရာက္ေန ၿပီ။ ကြၽန္ေတာ္တို႔ကို လိုက္ပိတ္ဆို႔တယ္။ ဥပမာ ေျမာက္ဘက္ကို ထြက္မယ္။ ေျမာက္ဘက္မွာက ျမစ္ႀကီးနား ရွိတာကိုး။ ကြၽန္ေတာ္တို႔ ေတာင္ဘက္ကိုဦးတည္ၿပီး ထြက္လိုက္တာ။ ေတာင္ဘက္မွာ သူတို႔ေနရာေတြ ရွိတယ္။ တပ္ရင္း၊ ဌာနခ်ဳပ္ေတြရွိတယ္။ ကြၽန္ေတာ္တို႔ အဲဒီဘက္ကို ထြက္လိုက္တယ္။ အပင္ပန္းေတာ့ခံရတာေပါ့။ လမ္းမွာ ထမင္းငတ္တာရွိတယ္။ ဆန္ျပဳတ္ေလး ႏွစ္ဇြန္းေလာက္စားတယ္။ ရက္က (၁၄)ရက္ေလာက္ ၾကာတာကိုး။ ထိေတြ႕မႈေတာ့မျဖစ္ေတာ့ဘူး။ သူတို႔ စခန္းေတြရဲ႕ မီတာ (၅၀ဝ၊ ၆၀ဝ၊ ၇၀ဝ)ေလာက္က ျဖတ္တယ္။ သူတို႔က စခန္းေတြမွာမေနဘူး။ ကြၽန္ေတာ္တို႔ဘက္ကို အုပ္ေနတာကိုး။

ေမး - လက္ရွိ ဆင္ဘိုရဲ႕အေျခအေနေလးကိုေကာ ေျပာျပေပးလို႔ရလား။
ေျဖ - လက္ရွိကေတာ့ ကြၽန္ေတာ္တို႔တပ္ထဲ သူတို႔ဝင္ထိုင္ထားတယ္။ သူတို႔ ေက်ာင္းေတြ ဖြင့္ဖို႔၊ ကခ်င္ဘာသာ တစ္ဘာသာပါမယ္ၾကားတယ္။ ႐ြာသူ ႐ြာသားေတြလည္း အလွည့္က်ေသနတ္ကိုင္ရမယ္ ေပါ့။ လယ္တစ္ဧက ႏွစ္ေသာင္း အခြန္ေဆာင္ရမွာတို႔။ ဥပမာ လယ္တစ္ဧက စပါးတစ္ရာဆို သူတို႔ကို (၃၀)ေပးရမွာတို႔။ ဒါမ်ိဳးေလးေတြေတာ့ ၾကားေနရပါတယ္။ ေဒသခံေတြကေတာ့ အကုန္လုံး ျပန္မေရာက္ ေသး ဘူးလို႔ၾကားတယ္။ အဘိုးႀကီး အဘြားႀကီးေတြပဲ က်န္ေနခဲ့တာ။

ေမး - ဘာျဖည့္စြက္ၿပီး ေျပာခ်င္ေသးလဲရွင့္။
ေျဖ - အုပ္ခ်ဳပ္မႈပိုင္းဆိုင္ရာ၊ စိတ္ဓာတ္ပိုင္းဆိုင္ရာ အားလုံးေကာင္းပါတယ္။ ခံစစ္ေတြျပင္ထားတာလည္း ေကာင္းပါတယ္။ ေနာက္ဆုံးတိုက္ပြဲျဖစ္ၿပီဆိုရင္ ဘာလို႔လဲဆိုေတာ့ ခုခံဖို႔လက္နက္ခဲယမ္းလိုပါတယ္။ ရိကၡာပိုင္း ကြၽန္ေတာ္တို႔က အဆင္ေျပတယ္။ ကြၽန္ေတာ္တို႔ အခု ဆုတ္ေပးလိုက္ရတယ္ဆိုတာကလည္း ကြၽန္ေတာ္တို႔က ဖ႐ိုဖရဲျဖစ္ၿပီးေတာ့ဆုတ္ေပးခဲ့တာ မဟုတ္ဘူး။ သူတို႔ဘက္ကလည္း အလံျဖဴေထာင္ဖို႔၊ လက္နက္ခ်ဖို႔ ေျပာေနတာေတြရွိတယ္။ ကြၽန္ေတာ္တို႔ကေတာ့ လုံးဝမေထာင္ႏိုင္ဘူး။ စိတ္ဓာတ္ေတြအကုန္ေကာင္းတယ္ စစ္သည္ေတြက။ တိုက္ပြဲကာလက ၾကာလာ ၿပီျဖစ္တဲ့အတြက္ေၾကာင့္ ခဲယမ္းေတြက နည္းတာေပါ့။ နည္းေတာ့ ကြၽန္ေတာ္တို႔က ျပန္ၿပီးေတာ့ ခုခံခ်င္တာ။ အားမရခဲ့ဘူးေပါ့။ ခဲယမ္းက ေလယာဥ္ကလည္း ခ်မေပးႏိုင္တာပါတာေပါ့။ ပြိဳင့္-၅ေတြက လည္း ေအာက္ကေနခ်ိန္ထားတာကိုး။ ညလာခ်တယ္။ ညလာခ်တာေတာင္မွ သူတို႔ ေအာက္ကေန ပြိဳင့္-၅ နဲ႔ပစ္တာ။ တိုက္ပြဲကာလမွာ ခရီးသည္တင္ ေတာင္လွမ္းပစ္ေနလို႔ စိတ္ပူေနရေသးတယ္။ ေအာက္ ကေန ဘုရားစာ႐ြတ္ေပးေနရတာ။ ခရီးသည္တင္ေတြက သာမန္အားျဖင့္ ၿမိဳ႕ေပၚကေန ျဖတ္တာ မ်ားတယ္။ အဲဒီကာလမွာ ကြၽန္ေတာ္တို႔အေပၚကေန မျဖတ္ခိုင္းတာလား ဘာလားမသိဘူး။ အဲဒီမွာ ခရီးသည္တင္ ယာဥ္ေတြလာရင္ လိုက္ပစ္ေနလို႔။ ခရီးသည္တင္ ယာဥ္ေတြက အျမင့္ႀကီးပါ။ ဒါကို လွမ္းပစ္ေနလို႔။ အဓိကကေတာ့ ကြၽန္ေတာ္တို႔အားနည္းခ်က္ကေတာ့ လက္နက္ခဲယမ္းပါပဲ။

ဟုတ္ကဲ့ ေျဖၾကားေပးတာ ေက်းဇူးတင္ပါတယ္ . . .

Related news

© 2021. All rights reserved.