နီပေါနိုင်ငံရှိ တရုတ်ဆောက်လုပ်ပေးသည့် လေဆိပ်၌ လေကြောင်းလိုင်းများ ပျံသန်းမှုမရှိ၊ ခရီးသည် ဗလာဖြစ်နေ

 2970

HtayOung (NP News) - ဇွန် ၂၁

နီပေါနိုင်ငံရဲ့ "ပိုခါရာ အပြည်ပြည်ဆိုင် ရာလေဆိပ်"ဟာ အမေရိကန်ဒေါ်လာ ၂၁၅ ဒသမ ၉၆ သန်းကုန်ကျခံတည်ဆောက်ထားပေမယ့် နိုင်ငံတကာ လေကြောင်းပျံသန်းမှုမရှိဘဲဖြစ်နေပါတယ်။ ပြုပြင် ထိန်းသိမ်းရေးစရိတ်ကြီးသလောက် အသုံးဝင်မှု အလွန်နည်းပေမယ့် အလွယ်တကူ စွန့်ပစ်လို့လည်း မရဘဲ "ဆင်ဖြူတော်စီမံကိန်း" နဲ့ တူလာတယ်။ တရုတ်ချေးငွေနဲ့တည်ဆောက်ခဲ့တာဖြစ်လို့ အတိုးနှုန်း တရိပ်ရိပ်မြင့်တက်နေတဲ့ကိစ္စကလည်း ဟိမဝန္တာ တောင်တန်းဒေသ ကုန်းတွင်းပိတ်နိုင်ငံအတွက် မကြာမီ အကြွေးလည်ပင်းခိုက်လာမယ့်ပြဿနာနဲ့ ရင်ဆိုင်ရတော့မှာသေချာနေပြီလို့ “ယူရေးရှားတိုင်းမ်စ်” ဒီဂျစ်တယ် သတင်းဝက်ဘ်ဆိုက်က ဇွန်လ ၇ ရက်မှာ ရေးသားခဲ့တယ်။ အဲဒီပရောဂျက်ရဲ့အန္တရာယ်တွေ အကြောင်း "ဂျင်ဒြာဗုဒတ် သိုကီ"အမည်ရှိ နီပေါဂျာ နယ်လစ်တစ်ဦးက လူသိရှင်ကြားဖွင့်ချလိုက်တဲ့အခါ တရုတ်တို့ရဲ့ "ဝံပုလွေစစ်သည်တော်" သံခင်းတမန်ခင်း နဲ့ အဆုံးသတ်သွားတယ်။ အများပြည်သူသိရှိထားတာ ကတော့ ပိုခါရာ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို တရုတ်ကုမ္ပဏီတွေကတည်ဆောက်ပေးပြီး တရုတ် ချေးငွေ အမေရိကန်ဒေါ်လာ ၂၁၅ ဒသမ ၉၆ သန်းအတွက် နီပေါအစိုးရက အတိုး ၂ ရာခိုင်နှုန်း ပေးဆောင်ရမယ်ဆိုတာလောက်သာဖြစ်ပါတယ်။

ဒါပေမဲ့ အမှန်တကယ်ပေးဆောင်ရမယ့် အတိုးနှုန်းက ၅ ရာခိုင်နှုန်းဖြစ်နေတယ်လို့ လက် မှတ် ရေးထိုးထားတဲ့ တရားဝင်စာရွက်စာတမ်းကို ကိုးကား ပြီး နီပေါအကြီးတန်းသတင်းထောက်က ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး နီပေါနိုင်ငံဆိုင်ရာ တရုတ်သံအ မတ်ကြီးချန်ဆွန်က ရှင်းလင်းချက်ပေးဖို့ ဗုဒတ် သိုကီ က X လူမှုကွန်ရက်ပလက်ဖောင်းမှာ ရေးသားလွှင့် တင်ခဲ့ပါတယ်။ အဲဒီလိုရေးသားတဲ့အတွက် တရုတ် သံအမတ်ကြီးက ပြင်းပြင်းထန်ထန်တုံ့ပြန်လိုက်ပြီး သတင်းထောက်အနေနဲ့ ဝန်ချတောင်းပန်ရမယ်လို့ လည်းတောင်းဆိုခဲ့ပါတယ်။

ဝံပုလွေစစ်သည်တော်ဆိုတာ ယခင်ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်နဲ့ ဟူကျင်းတောင်တို့ရဲ့ သံတမန်ကျင့်ထုံးတွေကိုပြောင်းပြန်လှန်ပြီး ၂ဝ၁ဝ ပြည့် နှစ်နှောင်းပိုင်း တရုတ်သံအရာရှိတွေ လက်ခံကျင့်သုံးတဲ့ လူထုဆက်ဆံရေးရာဆိုင်ရာ သံတမန်နည်း လမ်းဖြစ်ပါတယ်။ ပူးပေါင်းဆောင်ရွက်ရေးစကားလုံး ကို ရေပက်မဝင်အောင်သုံးပြီး အငြင်းပွားမှုတွေ၊ ထိပ် တိုက်တွေ့မှုတွေကိုရှောင်ရှားတဲ့နည်းလမ်း ဖြစ်ပါ တယ်။ လက်တွေ့မှာတော့ တရုတ်ကွန်မြူနစ်ပါတီ၊ တရုတ်အစိုးရနဲ့ တရုတ်မီဒီယာတွေအပေါ် ဆန့်ကျင် ဝေဖန်သူတွေ-ဆန္ဒပြသူတွေကို ပေကျင်း ထောက်ခံ သူတို့က လူမှုကွန်ရက်မှာ ရှုတ်ချဆဲဆိုခြင်း၊ ကိုယ်ထိ လက်ရောက် အကြမ်းဖက်တာအထိ ပါဝင်ပါတယ်။ တရုတ်အကျိုးစီးပွားကို ခုခံကာကွယ်ဖို့နဲ့ တခြားနိုင်ငံ ရဲ့ထင်မြင်ယူဆချက် ခြိမ်းခြောက်မှုတွေကိုစိန်ခေါ်ဖို့ အထူးသဖြင့် လူမှုမီဒီယာမှာ ပြင်းထန်ရန်လိုတဲ့ စကား လုံးတွေနဲ့ထိုးနှက်တာပဲဖြစ်ပါတယ်။ အဲဒီ အသုံးအနှုန်းဟာ နိုင်ငံရပ်ခြားရန်သူတွေနဲ့ယှဉ်ပြိုင်နေသူ မျိုးချစ်စစ်သားတစ်ဦးပါရှိတဲ့ နာမည်ကြီး တရုတ်အက်ရှင် "ဝံပုလွေစစ်သည်တော်" ရုပ်ရှင်စီးရီးမှ ဆန်းသစ်လာ ခြင်းဖြစ်ပြီး Covid-19 ကူးစက်ကပ်ရောဂါကာလမှာ ကမ္ဘာတစ်ခွင်လူသိများခဲ့ပါတယ်။ နီပေါသတင်း ထောက်ကလည်း အမှန်တကယ် အတိုးနှုန်းမှာ ၅ ရာခိုင်နှုန်းဖြစ်ကြောင်း လက်မှတ်ရေးထိုးထားတဲ့ တရားဝင်စာရွက်စာတမ်းမိတ္တူတစ်ခု သူ့လက်ထဲမှာရှိနေ တယ်လို့ပြောပါတယ်။ လွန်ခဲ့တဲ့ မေလ ၂၇ ရက်နေ့ တရုတ်သံအမတ်ကြီးက ရှင်းလင်းချက်ပေးရာမှာ နီပေါသတင်းထောက်ကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချထားပြီး တောင်းပန်ရမယ်လို့ ဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။

မြင်ဖူးသမျှထဲ အဆိုးရွားဆုံးလိမ်ညာမှုဖြစ် ကြောင်း၊ အများသူငါသိရှိပြီး သတင်းအချက်အလက် ကိုတောင် မျက်နှာပြောင်တိုက် လိမ်ညာဝံ့ကြောင်း၊ “တက်ဆာမဂ္ဂဇင်း” အယ်ဒီတာချုပ်ဖြစ်သူ ဂါဂျင်ဒြာ ဗုဒတ်သိုကီကိုယ်တိုင် ဒါမှမဟုတ် ကိုယ်စားပြုသူ တစ်ဦးဦးက ဝန်ချတောင်းပန်ရမယ်လို့ သံအမတ်ကြီး ရဲ့ X လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါ တယ်။ အထောက်အထားရှိနေတဲ့အတွက် သူ့ကိုမ ခြိမ်းခြောက်ဖို့ ဗုဒတ်သိုကီကလည်း တုံ့ပြန်ရေးသားပါတယ်။

နီပေါနိုင်ငံရဲ့ ဒုတိယအကြီးဆုံးလေဆိပ်ကို တရုတ်ချေးငွေနဲ့ဆောက်လုပ်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှာ လူပရိသတ် အမြောက်အမြားတက်ရောက် တဲ့အခမ်းအနားနဲ့ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ချေးငွေအတွက်အတိုးနှုန်းမှာ (၂)ရာခိုင်နှုန်းဖြစ်ကြောင်း စောစောပိုင်းကသိရှိထားကြပါတယ်။ ဒါပေမဲ့ ဗုဒတ်သိုကီ ကတော့ တရုတ် ပို့ကုန်-သွင်းကုန်ဘဏ်ရဲ့ ချေးငွေ သဘောတူညီချက်မှာ ၅ ရာခိုင်နှုန်းဖြစ်ကြောင်း ဖော်ပြထားပြီး တရားဝင်လက်မှတ်ရေးထိုးထားတဲ့ အဲဒီစာရွက်စာတမ်းတွေဟာ သူ့လက်ထဲမှာရှိနေတယ်လို့ အခိုင်အမာပြောဆိုနေပါတယ်။

တရုတ်သံအမတ်ကြီးနဲ့ နီပေါသတင်း ထောက်တို့အကြားအငြင်းပွားမှုဟာ ၎င်းတို့ရဲ့ အိမ်ရှင် အစိုးရတွေကိုဝေဖန်ရာမှာ တရုတ်သံတမန်တွေအသုံး ပြုလေ့ရှိတဲ့ ပြင်းထန် ဘောင်လွန်လူထု ဆက် ဆံရေး ဥပမာတစ်ခုဖြစ်တယ်လို့ ပွဲကြည့်ပရိသတ်လုပ်နေသူ အိန္ဒိယသတင်းစာ “အီကော်နိုမစ်တိုင်းမ်းစ်” က ကင်ပွန်းတပ်ပါတယ်။

တရုတ်သံအမတ်ကြီးဆွန်ရဲ့ စိတ်လိုက် မာန်ပါရေးသားချက်ဟာ နီပေါရှိ သံတမန်ဟောင်းတွေ နဲ့ ဂျာနယ်လစ်တွေရဲ့ဒေါသကို ဖိတ်ခေါ်သလိုဖြစ် သွားပါတယ်။ နိုင်ငံခြားသံတမန်တစ်ယောက်အနေနဲ့ လူမှုကွန်ရက်မှာလွှင့်တင်တဲ့သတင်းအတွက် အိမ်ရှင် နိုင်ငံ သတင်းထောက်တစ်ယောက်ကို တောင်းပန်ရ မယ်လို့ဆိုခြင်းဟာ ထူးဆန်းလွန်းနေကြောင်း၊ နီပေါ အစိုးရက ငြင်းဆို/ချေပ သို့မဟုတ် ရှင်းလင်းပေးရန် တောင်းဆိုနိုင်ကြောင်း၊ နီပေါနိုင်ငံခြားရေးဝန်ကြီးဌာ နအနေနဲ့ အများပြည်သူသံတမန်ဆက်ဆံရေး ကန့် သတ်ချက်တွေနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံမှုအန္တရာယ် တွေအကြောင်း တရုတ်သံအမတ်ကြီးကို ခေါ်ယူသတိ ပေးသင့်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ နီပေါနိုင်ငံ အမြဲ တမ်းသံအမတ်ကြီး “မန္ဒူရာ မန်အာချာရာ” က သူ့ရဲ့ X လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားပါတယ်။ ပြည်တွင်း လေဆိပ်ဟောင်းတစ်ခုရဲ့ အရှေ့ဘက် (၂)မိုင်ခန့်အကွာမှာတည်ရှိတဲ့ အဲ့ဒီလေဆိပ်ဟာ တစ်နှစ်လျှင် ခရီးသည် တစ်သန်းအထိ ဝန်ဆောင်မှုပေးရန် မျှော်မှန်းထားပေမယ့် ၂ဝ၂၄ ခုနှစ်သာရောက်ရှိလာ တယ် ပုံမှန်ပျံသန်းမယ့် နိုင်ငံတကာလေကြောင်းလိုင်း ရယ်လို့ တစ်ခုမှမရှိပါဘူး။ လွန်ခဲ့တဲ့ဆယ်နှစ်ခန့်က လေဆိပ်တည်ဆောက်ဖို့အတွက် တရုတ်နိုင်ငံက ချေးငွေထုတ်ပေးဖို့သဘောတူညီခဲ့ပြီး တရုတ်အစိုးရပိုင် “စီအေအမ်စီ အင်ဂျင်နီယာရင်း” ဆောက်လုပ်ရေး ကုမ္ပဏီက လေဆိပ်ကို တည်ဆောက်ပေးခဲ့ပါတယ်။

ဒါပေမဲ့ အပြည်ပြည်ဆိုင်ရာလေဆိပ်တစ်ခု အနေနဲ့ ပုံမှန်နိုင်ငံတကာ လေကြောင်းခရီးစဉ်တွေကို ဆွဲဆောင်နိုင်ခြင်းမရှိဘဲ တရုတ်နိုင်ငံမှ ပျံသန်းမှုအ နည်းငယ်သာရှိနေခဲ့ပါတယ်။ အဲဒါကြောင့် တရုတ် ချေးငွေကိုပြန်ဆပ်ဖို့အတွက် လေဆိပ်အနေနဲ့ ဘယ် ပုံဘယ်နည်းဝင်ငွေရရှိမယ်ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ နီပေါအစိုးရဟာ နိုင်ငံရဲ့ဘဏ္ဍာရေး ဝန်ထုပ်ဝန်ပိုးကိုဖြေလျှော့ဖို့ ချေးငွေသတ်မှတ်ချက် တွေကိုပြောင်းလဲဖို့ ပေကျင်းထံ ချဉ်းကပ်နေပေမယ့် တရုတ်နိုင်ငံကတော့ ယခုအချိန်အထိ ဖြေလျှော့ပေး ခြင်းမရှိသေးပါဘူး။ ၂ဝ၂၃ ခုနှစ် နိုဝင်ဘာလ “ နယူး ယောက်တိုင်းမ်စ် ” အမေရိကန်သတင်းစာအဆိုအရ နီပေါနိုင်ငံရှိ တရုတ်ဆောက်လုပ်ရေးကုမ္ပဏီဟာ ပ ရောဂျက်ရဲ့ကုန်ကျစရိတ်ကို မြင့်တက်စေပြီး အရည် အသွေးထိန်းချုပ်မှုထက် ကုမ္ပဏီရဲ့ ကိုယ်ပိုင်အကျိုးစီး ပွားကိုသာ ဦးစားပေးလုပ်ဆောင်ခဲ့ကြောင်း၊ နီပေါ မြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့ဟာ ပေကျင်းနဲ့ ပွတ်တိုက်မှုမဖြစ်စေဖို့အတွက် အဆိုပါမှားယွင်းမှု တွေကို လျစ်လျူရှုခဲ့ကြောင်း၊ အဲဒီပြဿနာဟာ နီပေါ နိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ စုံစမ်း စစ်ဆေးရေးကော်မရှင်က မြို့ပြလေကြောင်း အာဏာ ပိုင်ရုံးများအတွင်း ဝင်ရောက်စီးနင်းပြီး စုံစမ်းစစ်ဆေး ရာမှစတင်လာခဲ့ကြောင်း၊ ကနဦးအစီ ရင်ခံစာအရ ပို ခါရာအပြည်ပြည်ဆိုင်ရာလေဆိပ်ဟာ အဲယားဘတ်စ် A320 နဲ့ A319 တို့လို ကိုယ်ထည်ကျဉ်း အင်ဂျင်နှစ် လုံးတပ် ဂျက်လေယာဉ်တွေအနေနဲ့ အနီးနားရှိအတားအဆီးတွေကြောင့် ဝန်တင် အလေးချိန် ၅ တန်မှ ၁၀ တန်အထိ လျှော့ချရမယ့် ပြဿနာများရှိနေကြောင်း တွေ့ရှိရပါတယ်။

ကန့်သတ်ချက်တွေဟာ ပုံမှန်အားဖြင့် ခရီးသည် (၁ဝ၇)ဦးမှ (၁၈၆)ဦးအထိတင်ဆောင်ပြီး ကွင်းတက်အလေးချိန် ၆၈ တန်မှ ၉၄ တန်အထိ သယ်ဆောင်နိုင်တဲ့ အဲဒီလေယာဉ်တွေအတွက် ထိုင်ခုံအလွတ်တွေနဲ့ပျံသန်းခြင်း သို့မဟုတ် လေယာဉ် လက်မှတ်ဈေးနှုန်းတွေကိုမြှင့်တင်ဖို့ ဖြစ်ပေါ်စေခဲ့ ကြောင်း ပေါ်ပေါက်လာပါတယ်။

တခြားတစ်ဖက်မှာလည်း တရုတ်ရဲ့ “ရပ်ဝန်းနဲ့လမ်း” BRI ခေါင်းစဉ်အောက် လေဆိပ်ပ ရောဂျက်မှာ တရုတ်ရဲ့ပါဝင်ပတ်သက်မှုဟာ အိန္ဒိယနဲ့ တင်းမာမှုတွေဖြစ်ပေါ်ပါတယ်။ နီပေါဟာ အိန္ဒိယ နိုင်ငံက “ပစောက်ပုံ” ဝိုင်းပတ်ထားပြီး အထက်ပိုင်းမှာ တရုတ်(တိဗက်ဒေသ)နဲ့ထိစပ်နေတဲ့ ဟိမဝန္တာတောင် တန်းဒေသ ကုန်းတွင်းပိတ်နိုင်ငံငယ် ဖြစ်ပါတယ်။ မူလက တရုတ်နဲ့ ပရောဂျက် ၃၅ ခု အကောင်အထည် ဖော်ရန်အစီအစဉ်ရှိခဲ့ပေမယ့် နောက်ပိုင်း အရေအ တွက် ၉ ခုသို့ လျှော့ချခဲ့ပါတယ်။

ငွေကြေးထောက်ပံ့မှုနဲ့ပတ်သက်ပြီး နီပေါ ဘက်မှာ စိုးရိမ်မှုတွေရှိနေပေမယ့် တရုတ်ကတော့ ပဏာမစီမံကိန်းတချို့ကို ပြီးစီးအောင် လုပ်ဆောင်ဖို့ ဖိအားပေးနေပါတယ်။ နီပေါလေဆိပ်သစ်ရဲ့ ကံကြမ္မာ ဟာ သီရိလင်္ကာရှိ တရုတ်ချေးငွေနဲ့ တည်ဆောက်ထား တဲ့ “မက်တာလာ-ရာဂျာပက်ဆာ” အပြည်ပြည် ဆိုင်ရာ လေဆိပ်အတိုင်း ထက်ကြပ်လိုက်နေပါတယ်။ (၂၀၁၃)ခုနှစ် သီရိလင်္ကာတောင်ပိုင်း မက်တာလာမြို့ အနီးမှာဖွင့်လှစ်ခဲ့တဲ့ အဲဒီလေဆိပ်ဟာ အရွယ်အစား ကြီးမားပေမယ့် ပျံသန်းမှုနည်းပါးခြင်း၊ ရေရှည်ရပ်နား ခြင်းဝန်ဆောင်မှုများအပြင် လေဆိပ်ရဲ့ ပျံသန်းရေးနဲ့ ပြုပြင်ထိန်းသိမ်းရေးလိုအပ်ချက်များကြောင့် (၂ဝ၁၈)ခုနှစ်မှာ လေကြောင်းလိုင်းအတော်များများ ထွက်ခွာ သွားကြပါတယ်။ “ဗလာလေဆိပ်” လို့ မီဒီယာတွေရဲ့ပြောင် လှောင်ခံရတဲ့ အဲဒီလေဆိပ်ဟာ (၂၀၂၂)ခုနှစ်အထိ အရှုံးနဲ့လည်ပတ်နေရပြီး ပြည်ပကြွေးမြီ ဒေဝါလီခံ လိုက်ရတဲ့ သီရိလင်္ကာအစိုးရမှာလည်း တရုတ်ရဲ့အ ကြွေးက ဒီရေလို တရိပ်ရိပ်တက်နေပါတယ်။ ပေ ကျင်းကစီစဉ်ထောက်ပံ့ထားတဲ့ ပရောဂျက်တွေအ တွက် တရုတ်ချေးငွေရယူခဲ့တဲ့ နိုင်ငံတော်တော်များ များဟာ ငွေကြေးဆိုင်ရာရုန်းကန်မှုတွေအပြင် ပထဝီဝင်နိုင်ငံရေးအရ ဖိအားပေးခံရမှုတွေလည်း ကြုံတွေ့နေရပါတယ်။ ချေးငွေတွေအတွက် တရုတ်ရဲ့ စည်းကမ်းချက်များမှာ မကြာခဏဆိုသလို လျှို့ဝှက် ထားတဲ့အပိုဒ်တွေနဲ့ ချေးငွေပြန်လည်သတ်မှတ်ခြင်းဆိုင်ရာကန့်သတ်ချက်များပါနေရှိပြီး၊ အဲဒီအချက်တွေကြောင့်ပဲ တရုတ်အနေနဲ့ ငွေချေးယူတဲ့ နိုင်ငံတွေက သူ့ရဲ့မျက်နှာကြည့်နေရတဲ့အဖြစ်မျိုးကို သက်ဆင်းရပါတော့တယ်။

zawgyi version
နီေပါႏိုင္ငံရွိ တ႐ုတ္ေဆာက္လုပ္ေပးသည့္ ေလဆိပ္၌ ေလေၾကာင္းလိုင္းမ်ား ပ်ံသန္းမႈမရွိ၊ ခရီးသည္ ဗလာျဖစ္ေန
HtayOung (NP News) - ဇြန္ ၂၁

နီေပါႏိုင္ငံရဲ႕ "ပိုခါရာ အျပည္ျပည္ဆိုင္ ရာေလဆိပ္"ဟာ အေမရိကန္ေဒၚလာ ၂၁၅ ဒသမ ၉၆ သန္းကုန္က်ခံတည္ေဆာက္ထားေပမယ့္ ႏိုင္ငံတကာ ေလေၾကာင္းပ်ံသန္းမႈမရွိဘဲျဖစ္ေနပါတယ္။ ျပဳျပင္ ထိန္းသိမ္းေရးစရိတ္ႀကီးသေလာက္ အသုံးဝင္မႈ အလြန္နည္းေပမယ့္ အလြယ္တကူ စြန႔္ပစ္လို႔လည္း မရဘဲ "ဆင္ျဖဴေတာ္စီမံကိန္း" နဲ႔ တူလာတယ္။ တ႐ုတ္ေခ်းေငြနဲ႔တည္ေဆာက္ခဲ့တာျဖစ္လို႔ အတိုးႏႈန္း တရိပ္ရိပ္ျမင့္တက္ေနတဲ့ကိစၥကလည္း ဟိမဝႏၲာ ေတာင္တန္းေဒသ ကုန္းတြင္းပိတ္ႏိုင္ငံအတြက္ မၾကာမီ အေႂကြးလည္ပင္းခိုက္လာမယ့္ျပႆနာနဲ႔ ရင္ဆိုင္ရေတာ့မွာေသခ်ာေနၿပီလို႔ “ယူေရးရွားတိုင္းမ္စ္” ဒီဂ်စ္တယ္ သတင္းဝက္ဘ္ဆိုက္က ဇြန္လ ၇ ရက္မွာ ေရးသားခဲ့တယ္။ အဲဒီပေရာဂ်က္ရဲ႕အႏၲရာယ္ေတြ အေၾကာင္း "ဂ်င္ျဒာဗုဒတ္ သိုကီ"အမည္ရွိ နီေပါဂ်ာ နယ္လစ္တစ္ဦးက လူသိရွင္ၾကားဖြင့္ခ်လိုက္တဲ့အခါ တ႐ုတ္တို႔ရဲ႕ "ဝံပုေလြစစ္သည္ေတာ္" သံခင္းတမန္ခင္း နဲ႔ အဆုံးသတ္သြားတယ္။ အမ်ားျပည္သူသိရွိထားတာ ကေတာ့ ပိုခါရာ အျပည္ျပည္ဆိုင္ရာေလဆိပ္ကို တ႐ုတ္ကုမၸဏီေတြကတည္ေဆာက္ေပးၿပီး တ႐ုတ္ ေခ်းေငြ အေမရိကန္ေဒၚလာ ၂၁၅ ဒသမ ၉၆ သန္းအတြက္ နီေပါအစိုးရက အတိုး ၂ ရာခိုင္ႏႈန္း ေပးေဆာင္ရမယ္ဆိုတာေလာက္သာျဖစ္ပါတယ္။

ဒါေပမဲ့ အမွန္တကယ္ေပးေဆာင္ရမယ့္ အတိုးႏႈန္းက ၅ ရာခိုင္ႏႈန္းျဖစ္ေနတယ္လို႔ လက္ မွတ္ ေရးထိုးထားတဲ့ တရားဝင္စာ႐ြက္စာတမ္းကို ကိုးကား ၿပီး နီေပါအႀကီးတန္းသတင္းေထာက္က ဆိုပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး နီေပါႏိုင္ငံဆိုင္ရာ တ႐ုတ္သံအ မတ္ႀကီးခ်န္ဆြန္က ရွင္းလင္းခ်က္ေပးဖို႔ ဗုဒတ္ သိုကီ က X လူမႈကြန္ရက္ပလက္ေဖာင္းမွာ ေရးသားလႊင့္ တင္ခဲ့ပါတယ္။ အဲဒီလိုေရးသားတဲ့အတြက္ တ႐ုတ္ သံအမတ္ႀကီးက ျပင္းျပင္းထန္ထန္တုံ႔ျပန္လိုက္ၿပီး သတင္းေထာက္အေနနဲ႔ ဝန္ခ်ေတာင္းပန္ရမယ္လို႔ လည္းေတာင္းဆိုခဲ့ပါတယ္။

ဝံပုေလြစစ္သည္ေတာ္ဆိုတာ ယခင္ေခါင္းေဆာင္ႀကီး တိန႔္ေရွာင္ဖိန္နဲ႔ ဟူက်င္းေတာင္တို႔ရဲ႕ သံတမန္က်င့္ထုံးေတြကိုေျပာင္းျပန္လွန္ၿပီး ၂ဝ၁ဝ ျပည့္ ႏွစ္ေႏွာင္းပိုင္း တ႐ုတ္သံအရာရွိေတြ လက္ခံက်င့္သုံးတဲ့ လူထုဆက္ဆံေရးရာဆိုင္ရာ သံတမန္နည္း လမ္းျဖစ္ပါတယ္။ ပူးေပါင္းေဆာင္႐ြက္ေရးစကားလုံး ကို ေရပက္မဝင္ေအာင္သုံးၿပီး အျငင္းပြားမႈေတြ၊ ထိပ္ တိုက္ေတြ႕မႈေတြကိုေရွာင္ရွားတဲ့နည္းလမ္း ျဖစ္ပါ တယ္။ လက္ေတြ႕မွာေတာ့ တ႐ုတ္ကြန္ျမဴနစ္ပါတီ၊ တ႐ုတ္အစိုးရနဲ႔ တ႐ုတ္မီဒီယာေတြအေပၚ ဆန႔္က်င္ ေဝဖန္သူေတြ-ဆႏၵျပသူေတြကို ေပက်င္း ေထာက္ခံ သူတို႔က လူမႈကြန္ရက္မွာ ရႈတ္ခ်ဆဲဆိုျခင္း၊ ကိုယ္ထိ လက္ေရာက္ အၾကမ္းဖက္တာအထိ ပါဝင္ပါတယ္။ တ႐ုတ္အက်ိဳးစီးပြားကို ခုခံကာကြယ္ဖို႔နဲ႔ တျခားႏိုင္ငံ ရဲ႕ထင္ျမင္ယူဆခ်က္ ၿခိမ္းေျခာက္မႈေတြကိုစိန္ေခၚဖို႔ အထူးသျဖင့္ လူမႈမီဒီယာမွာ ျပင္းထန္ရန္လိုတဲ့ စကား လုံးေတြနဲ႔ထိုးႏွက္တာပဲျဖစ္ပါတယ္။ အဲဒီ အသုံးအႏႈန္းဟာ ႏိုင္ငံရပ္ျခားရန္သူေတြနဲ႔ယွဥ္ၿပိဳင္ေနသူ မ်ိဳးခ်စ္စစ္သားတစ္ဦးပါရွိတဲ့ နာမည္ႀကီး တ႐ုတ္အက္ရွင္ "ဝံပုေလြစစ္သည္ေတာ္" ႐ုပ္ရွင္စီးရီးမွ ဆန္းသစ္လာ ျခင္းျဖစ္ၿပီး Covid-19 ကူးစက္ကပ္ေရာဂါကာလမွာ ကမာၻတစ္ခြင္လူသိမ်ားခဲ့ပါတယ္။ နီေပါသတင္း ေထာက္ကလည္း အမွန္တကယ္ အတိုးႏႈန္းမွာ ၅ ရာခိုင္ႏႈန္းျဖစ္ေၾကာင္း လက္မွတ္ေရးထိုးထားတဲ့ တရားဝင္စာ႐ြက္စာတမ္းမိတၱဴတစ္ခု သူ႔လက္ထဲမွာရွိေန တယ္လို႔ေျပာပါတယ္။ လြန္ခဲ့တဲ့ ေမလ ၂၇ ရက္ေန႔ တ႐ုတ္သံအမတ္ႀကီးက ရွင္းလင္းခ်က္ေပးရာမွာ နီေပါသတင္းေထာက္ကို ျပင္းျပင္းထန္ထန္ ျပစ္တင္ရႈတ္ခ်ထားၿပီး ေတာင္းပန္ရမယ္လို႔ ေဖာ္ျပလိုက္ျခင္း ျဖစ္ပါတယ္။

ျမင္ဖူးသမွ်ထဲ အဆိုး႐ြားဆုံးလိမ္ညာမႈျဖစ္ ေၾကာင္း၊ အမ်ားသူငါသိရွိၿပီး သတင္းအခ်က္အလက္ ကိုေတာင္ မ်က္ႏွာေျပာင္တိုက္ လိမ္ညာဝံ့ေၾကာင္း၊ “တက္ဆာမဂၢဇင္း” အယ္ဒီတာခ်ဳပ္ျဖစ္သူ ဂါဂ်င္ျဒာ ဗုဒတ္သိုကီကိုယ္တိုင္ ဒါမွမဟုတ္ ကိုယ္စားျပဳသူ တစ္ဦးဦးက ဝန္ခ်ေတာင္းပန္ရမယ္လို႔ သံအမတ္ႀကီး ရဲ႕ X လူမႈကြန္ရက္စာမ်က္ႏွာမွာ ေရးသားထားပါ တယ္။ အေထာက္အထားရွိေနတဲ့အတြက္ သူ႔ကိုမ ၿခိမ္းေျခာက္ဖို႔ ဗုဒတ္သိုကီကလည္း တုံ႔ျပန္ေရးသားပါတယ္။

နီေပါႏိုင္ငံရဲ႕ ဒုတိယအႀကီးဆုံးေလဆိပ္ကို တ႐ုတ္ေခ်းေငြနဲ႔ေဆာက္လုပ္ခဲ့ၿပီး ၂၀၂၃ ခုႏွစ္ ဇန္နဝါရီလမွာ လူပရိသတ္ အေျမာက္အျမားတက္ေရာက္ တဲ့အခမ္းအနားနဲ႔ စတင္ဖြင့္လွစ္ခဲ့ပါတယ္။ ေခ်းေငြအတြက္အတိုးႏႈန္းမွာ (၂)ရာခိုင္ႏႈန္းျဖစ္ေၾကာင္း ေစာေစာပိုင္းကသိရွိထားၾကပါတယ္။ ဒါေပမဲ့ ဗုဒတ္သိုကီ ကေတာ့ တ႐ုတ္ ပို႔ကုန္-သြင္းကုန္ဘဏ္ရဲ႕ ေခ်းေငြ သေဘာတူညီခ်က္မွာ ၅ ရာခိုင္ႏႈန္းျဖစ္ေၾကာင္း ေဖာ္ျပထားၿပီး တရားဝင္လက္မွတ္ေရးထိုးထားတဲ့ အဲဒီစာ႐ြက္စာတမ္းေတြဟာ သူ႔လက္ထဲမွာရွိေနတယ္လို႔ အခိုင္အမာေျပာဆိုေနပါတယ္။

တ႐ုတ္သံအမတ္ႀကီးနဲ႔ နီေပါသတင္း ေထာက္တို႔အၾကားအျငင္းပြားမႈဟာ ၎တို႔ရဲ႕ အိမ္ရွင္ အစိုးရေတြကိုေဝဖန္ရာမွာ တ႐ုတ္သံတမန္ေတြအသုံး ျပဳေလ့ရွိတဲ့ ျပင္းထန္ ေဘာင္လြန္လူထု ဆက္ ဆံေရး ဥပမာတစ္ခုျဖစ္တယ္လို႔ ပြဲၾကည့္ပရိသတ္လုပ္ေနသူ အိႏၵိယသတင္းစာ “အီေကာ္ႏိုမစ္တိုင္းမ္းစ္” က ကင္ပြန္းတပ္ပါတယ္။

တ႐ုတ္သံအမတ္ႀကီးဆြန္ရဲ႕ စိတ္လိုက္ မာန္ပါေရးသားခ်က္ဟာ နီေပါရွိ သံတမန္ေဟာင္းေတြ နဲ႔ ဂ်ာနယ္လစ္ေတြရဲ႕ေဒါသကို ဖိတ္ေခၚသလိုျဖစ္ သြားပါတယ္။ ႏိုင္ငံျခားသံတမန္တစ္ေယာက္အေနနဲ႔ လူမႈကြန္ရက္မွာလႊင့္တင္တဲ့သတင္းအတြက္ အိမ္ရွင္ ႏိုင္ငံ သတင္းေထာက္တစ္ေယာက္ကို ေတာင္းပန္ရ မယ္လို႔ဆိုျခင္းဟာ ထူးဆန္းလြန္းေနေၾကာင္း၊ နီေပါ အစိုးရက ျငင္းဆို/ေခ်ပ သို႔မဟုတ္ ရွင္းလင္းေပးရန္ ေတာင္းဆိုႏိုင္ေၾကာင္း၊ နီေပါႏိုင္ငံျခားေရးဝန္ႀကီးဌာ နအေနနဲ႔ အမ်ားျပည္သူသံတမန္ဆက္ဆံေရး ကန႔္ သတ္ခ်က္ေတြနဲ႔ တိုက္႐ိုက္ထိေတြ႕ဆက္ဆံမႈအႏၲရာယ္ ေတြအေၾကာင္း တ႐ုတ္သံအမတ္ႀကီးကို ေခၚယူသတိ ေပးသင့္တယ္လို႔ ကုလသမဂၢဆိုင္ရာ နီေပါႏိုင္ငံ အၿမဲ တမ္းသံအမတ္ႀကီး “မႏၵဴရာ မန္အာခ်ာရာ” က သူ႔ရဲ႕ X လူမႈကြန္ရက္စာမ်က္ႏွာမွာ ေရးသားပါတယ္။ ျပည္တြင္း ေလဆိပ္ေဟာင္းတစ္ခုရဲ႕ အေရွ႕ဘက္ (၂)မိုင္ခန႔္အကြာမွာတည္ရွိတဲ့ အဲ့ဒီေလဆိပ္ဟာ တစ္ႏွစ္လွ်င္ ခရီးသည္ တစ္သန္းအထိ ဝန္ေဆာင္မႈေပးရန္ ေမွ်ာ္မွန္းထားေပမယ့္ ၂ဝ၂၄ ခုႏွစ္သာေရာက္ရွိလာ တယ္ ပုံမွန္ပ်ံသန္းမယ့္ ႏိုင္ငံတကာေလေၾကာင္းလိုင္း ရယ္လို႔ တစ္ခုမွမရွိပါဘူး။ လြန္ခဲ့တဲ့ဆယ္ႏွစ္ခန႔္က ေလဆိပ္တည္ေဆာက္ဖို႔အတြက္ တ႐ုတ္ႏိုင္ငံက ေခ်းေငြထုတ္ေပးဖို႔သေဘာတူညီခဲ့ၿပီး တ႐ုတ္အစိုးရပိုင္ “စီေအအမ္စီ အင္ဂ်င္နီယာရင္း” ေဆာက္လုပ္ေရး ကုမၸဏီက ေလဆိပ္ကို တည္ေဆာက္ေပးခဲ့ပါတယ္။

ဒါေပမဲ့ အျပည္ျပည္ဆိုင္ရာေလဆိပ္တစ္ခု အေနနဲ႔ ပုံမွန္ႏိုင္ငံတကာ ေလေၾကာင္းခရီးစဥ္ေတြကို ဆြဲေဆာင္ႏိုင္ျခင္းမရွိဘဲ တ႐ုတ္ႏိုင္ငံမွ ပ်ံသန္းမႈအ နည္းငယ္သာရွိေနခဲ့ပါတယ္။ အဲဒါေၾကာင့္ တ႐ုတ္ ေခ်းေငြကိုျပန္ဆပ္ဖို႔အတြက္ ေလဆိပ္အေနနဲ႔ ဘယ္ ပုံဘယ္နည္းဝင္ေငြရရွိမယ္ဆိုတာ ေမးခြန္းထုတ္စရာ ျဖစ္လာပါတယ္။ နီေပါအစိုးရဟာ ႏိုင္ငံရဲ႕ဘ႑ာေရး ဝန္ထုပ္ဝန္ပိုးကိုေျဖေလွ်ာ့ဖို႔ ေခ်းေငြသတ္မွတ္ခ်က္ ေတြကိုေျပာင္းလဲဖို႔ ေပက်င္းထံ ခ်ဥ္းကပ္ေနေပမယ့္ တ႐ုတ္ႏိုင္ငံကေတာ့ ယခုအခ်ိန္အထိ ေျဖေလွ်ာ့ေပး ျခင္းမရွိေသးပါဘူး။ ၂ဝ၂၃ ခုႏွစ္ ႏိုဝင္ဘာလ “ နယူး ေယာက္တိုင္းမ္စ္ ” အေမရိကန္သတင္းစာအဆိုအရ နီေပါႏိုင္ငံရွိ တ႐ုတ္ေဆာက္လုပ္ေရးကုမၸဏီဟာ ပ ေရာဂ်က္ရဲ႕ကုန္က်စရိတ္ကို ျမင့္တက္ေစၿပီး အရည္ အေသြးထိန္းခ်ဳပ္မႈထက္ ကုမၸဏီရဲ႕ ကိုယ္ပိုင္အက်ိဳးစီး ပြားကိုသာ ဦးစားေပးလုပ္ေဆာင္ခဲ့ေၾကာင္း၊ နီေပါ ၿမိဳ႕ျပေလေၾကာင္း အာဏာပိုင္အဖြဲ႕ဟာ ေပက်င္းနဲ႔ ပြတ္တိုက္မႈမျဖစ္ေစဖို႔အတြက္ အဆိုပါမွားယြင္းမႈ ေတြကို လ်စ္လ်ဴရႈခဲ့ေၾကာင္း၊ အဲဒီျပႆနာဟာ နီေပါ ႏိုင္ငံ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးအဖြဲ႕ စုံစမ္း စစ္ေဆးေရးေကာ္မရွင္က ၿမိဳ႕ျပေလေၾကာင္း အာဏာ ပိုင္႐ုံးမ်ားအတြင္း ဝင္ေရာက္စီးနင္းၿပီး စုံစမ္းစစ္ေဆး ရာမွစတင္လာခဲ့ေၾကာင္း၊ ကနဦးအစီ ရင္ခံစာအရ ပို ခါရာအျပည္ျပည္ဆိုင္ရာေလဆိပ္ဟာ အဲယားဘတ္စ္ A320 နဲ႔ A319 တို႔လို ကိုယ္ထည္က်ဥ္း အင္ဂ်င္ႏွစ္ လုံးတပ္ ဂ်က္ေလယာဥ္ေတြအေနနဲ႔ အနီးနားရွိအတားအဆီးေတြေၾကာင့္ ဝန္တင္ အေလးခ်ိန္ ၅ တန္မွ ၁၀ တန္အထိ ေလွ်ာ့ခ်ရမယ့္ ျပႆနာမ်ားရွိေနေၾကာင္း ေတြ႕ရွိရပါတယ္။

ကန႔္သတ္ခ်က္ေတြဟာ ပုံမွန္အားျဖင့္ ခရီးသည္ (၁ဝ၇)ဦးမွ (၁၈၆)ဦးအထိတင္ေဆာင္ၿပီး ကြင္းတက္အေလးခ်ိန္ ၆၈ တန္မွ ၉၄ တန္အထိ သယ္ေဆာင္ႏိုင္တဲ့ အဲဒီေလယာဥ္ေတြအတြက္ ထိုင္ခုံအလြတ္ေတြနဲ႔ပ်ံသန္းျခင္း သို႔မဟုတ္ ေလယာဥ္ လက္မွတ္ေဈးႏႈန္းေတြကိုျမႇင့္တင္ဖို႔ ျဖစ္ေပၚေစခဲ့ ေၾကာင္း ေပၚေပါက္လာပါတယ္။

တျခားတစ္ဖက္မွာလည္း တ႐ုတ္ရဲ႕ “ရပ္ဝန္းနဲ႔လမ္း” BRI ေခါင္းစဥ္ေအာက္ ေလဆိပ္ပ ေရာဂ်က္မွာ တ႐ုတ္ရဲ႕ပါဝင္ပတ္သက္မႈဟာ အိႏၵိယနဲ႔ တင္းမာမႈေတြျဖစ္ေပၚပါတယ္။ နီေပါဟာ အိႏၵိယ ႏိုင္ငံက “ပေစာက္ပုံ” ဝိုင္းပတ္ထားၿပီး အထက္ပိုင္းမွာ တ႐ုတ္(တိဗက္ေဒသ)နဲ႔ထိစပ္ေနတဲ့ ဟိမဝႏၲာေတာင္ တန္းေဒသ ကုန္းတြင္းပိတ္ႏိုင္ငံငယ္ ျဖစ္ပါတယ္။ မူလက တ႐ုတ္နဲ႔ ပေရာဂ်က္ ၃၅ ခု အေကာင္အထည္ ေဖာ္ရန္အစီအစဥ္ရွိခဲ့ေပမယ့္ ေနာက္ပိုင္း အေရအ တြက္ ၉ ခုသို႔ ေလွ်ာ့ခ်ခဲ့ပါတယ္။

ေငြေၾကးေထာက္ပံ့မႈနဲ႔ပတ္သက္ၿပီး နီေပါ ဘက္မွာ စိုးရိမ္မႈေတြရွိေနေပမယ့္ တ႐ုတ္ကေတာ့ ပဏာမစီမံကိန္းတခ်ိဳ႕ကို ၿပီးစီးေအာင္ လုပ္ေဆာင္ဖို႔ ဖိအားေပးေနပါတယ္။ နီေပါေလဆိပ္သစ္ရဲ႕ ကံၾကမၼာ ဟာ သီရိလကၤာရွိ တ႐ုတ္ေခ်းေငြနဲ႔ တည္ေဆာက္ထား တဲ့ “မက္တာလာ-ရာဂ်ာပက္ဆာ” အျပည္ျပည္ ဆိုင္ရာ ေလဆိပ္အတိုင္း ထက္ၾကပ္လိုက္ေနပါတယ္။ (၂၀၁၃)ခုႏွစ္ သီရိလကၤာေတာင္ပိုင္း မက္တာလာၿမိဳ႕ အနီးမွာဖြင့္လွစ္ခဲ့တဲ့ အဲဒီေလဆိပ္ဟာ အ႐ြယ္အစား ႀကီးမားေပမယ့္ ပ်ံသန္းမႈနည္းပါးျခင္း၊ ေရရွည္ရပ္နား ျခင္းဝန္ေဆာင္မႈမ်ားအျပင္ ေလဆိပ္ရဲ႕ ပ်ံသန္းေရးနဲ႔ ျပဳျပင္ထိန္းသိမ္းေရးလိုအပ္ခ်က္မ်ားေၾကာင့္ (၂ဝ၁၈)ခုႏွစ္မွာ ေလေၾကာင္းလိုင္းအေတာ္မ်ားမ်ား ထြက္ခြာ သြားၾကပါတယ္။ “ဗလာေလဆိပ္” လို႔ မီဒီယာေတြရဲ႕ေျပာင္ ေလွာင္ခံရတဲ့ အဲဒီေလဆိပ္ဟာ (၂၀၂၂)ခုႏွစ္အထိ အရႈံးနဲ႔လည္ပတ္ေနရၿပီး ျပည္ပေႂကြးၿမီ ေဒဝါလီခံ လိုက္ရတဲ့ သီရိလကၤာအစိုးရမွာလည္း တ႐ုတ္ရဲ႕အ ေႂကြးက ဒီေရလို တရိပ္ရိပ္တက္ေနပါတယ္။ ေပ က်င္းကစီစဥ္ေထာက္ပံ့ထားတဲ့ ပေရာဂ်က္ေတြအ တြက္ တ႐ုတ္ေခ်းေငြရယူခဲ့တဲ့ ႏိုင္ငံေတာ္ေတာ္မ်ား မ်ားဟာ ေငြေၾကးဆိုင္ရာ႐ုန္းကန္မႈေတြအျပင္ ပထဝီဝင္ႏိုင္ငံေရးအရ ဖိအားေပးခံရမႈေတြလည္း ႀကဳံေတြ႕ေနရပါတယ္။ ေခ်းေငြေတြအတြက္ တ႐ုတ္ရဲ႕ စည္းကမ္းခ်က္မ်ားမွာ မၾကာခဏဆိုသလို လွ်ိဳ႕ဝွက္ ထားတဲ့အပိုဒ္ေတြနဲ႔ ေခ်းေငြျပန္လည္သတ္မွတ္ျခင္းဆိုင္ရာကန႔္သတ္ခ်က္မ်ားပါေနရွိၿပီး၊ အဲဒီအခ်က္ေတြေၾကာင့္ပဲ တ႐ုတ္အေနနဲ႔ ေငြေခ်းယူတဲ့ ႏိုင္ငံေတြက သူ႔ရဲ႕မ်က္ႏွာၾကည့္ေနရတဲ့အျဖစ္မ်ိဳးကို သက္ဆင္းရပါေတာ့တယ္။

Related news

© 2021. All rights reserved.