(၂၆)နာရီကြာမြင့်တဲ့ ကမ္ဘာ့ကစားချိန်အကြာဆုံးဘောလုံးပွဲ ရုရှားမှာ ကျင်းပခဲ့
311
Pika (NP News) - ဇွန် ၂၃
ရုရှားနိုင်ငံ မော်စကိုမြို့ ဆင်ခြေဖုံးရပ်ကွက်ရှိ Luzhniki အိုလံပစ်အားကစားရုံရှိ ဘောလုံး ကွင်းတစ်ကွင်းတွင် မကြာသေးမီက ကျင်းပခဲ့သော ဘောလုံးပွဲသည် အချိန်(၂၆)နာရီကြာမြင့်ခဲ့ပြီး ကမ္ဘာပေါ်တွင် ကစားချိန်အကြာဆုံး ဘောလုံးပွဲတစ် ပွဲဖြစ်ခဲ့ကြောင်းသိရသည်။
ပြီးခဲ့သည့်ဇွန်လ(၁)ရက်နေ့တွင် All-Russian Football Day ကို ဂုဏ်ပြုရန်အတွက် ကစားသမား(၇)ဦးစီပါဝင် သော အသင်းနှစ်သင်းသည် Luzhniki အိုလံပစ်အားကစားရုံရှိ ဘောလုံး ကွင်းတွင် ကစားချိန်အကြာဆုံး ဘောလုံးပွဲ စံချိန် ကို ချိုးဖျက်ရန် စုဝေးခဲ့ကြကြောင်းသိရသည်။
အဆိုပါကစားပွဲကို ဇွန်လ(၁)ရက်နေ့ နေ့လယ်(၁၂)နာရီတွင်စတင်ခဲ့ပြီး (၂၆)နာရီကြာ ကစားခဲ့ပြီးနောက် ဇွန်လ (၂)ရက်နေ့ နေ့လယ်(၂)နာရီတွင် ပြီးဆုံးသွားခဲ့ကြောင်းသိရသည်။
ကစားချိန်အကြာဆုံးဘောလုံးပွဲ ယခင်စံချိန်မှာ ၂၀၁၄ ခုနှစ်တွင် စံချိန်တင်ခဲ့ခြင်းဖြစ်ပြီး ဘောလုံးအသင်းနှစ် သင်းက အချိန်(၂၄)နာရီကြာ ကစားခဲ့ကြခြင်းဖြစ်သည်။ အချိန်(၂၆)နာရီကြာ ကစားခဲ့သည့်ဘောလုံးပွဲတွင် အနီအသင်း က သွင်း ဂိုး(၄၁၆)ဂိုး သွင်းယူနိုင်ခဲ့ကာ (၄၀၉) ဂိုးသွင်းယူ နိုင်ခဲ့သော အဖြူအသင်းကို အနိုင်ယူနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါကစားပွဲကို ကစားသမား(၇)ဦးစီ ပါဝင်သည့်ပုံစံဖြင့် ကစားခဲ့သည့်အတွက် ကမ္ဘာ့ဂင်း နစ်စံချိန်က မှတ်တမ်း တင်/မတင်ဆိုသည့်အချက်ကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးကြောင်းသိရသည်။ သို့သော်လည်း အဆိုပါကစားပွဲကို ရုရှား၏မှတ်တမ်းစာအုပ်များတွင် မှတ်တမ်းတင်ထား မည်လည်းဖြစ်သည်။ အချိန်(၂၆)နာရီကျော်ကြာ ကစားခဲ့သည့်ပွဲအတွင်း ကစားသမားများသည် (၂)နာရီဆက်တိုက် ကစားကာ (၈)မိနစ်အနားယူခြင်းကို လုပ်ဆောင်ခဲ့ကြကြောင်းလည်းသိရသည်။
zawgyi version
(၂၆)နာရီၾကာျမင့္တဲ့ ကမာၻ႔ကစားခ်ိန္အၾကာဆုံးေဘာလုံးပြဲ ႐ုရွားမွာ က်င္းပခဲ့
Pika (NP News) - ဇြန္ ၂၃
႐ုရွားႏိုင္ငံ ေမာ္စကိုၿမိဳ႕ ဆင္ေျခဖုံးရပ္ကြက္ရွိ Luzhniki အိုလံပစ္အားကစား႐ုံရွိ ေဘာလုံး ကြင္းတစ္ကြင္းတြင္ မၾကာေသးမီက က်င္းပခဲ့ေသာ ေဘာလုံးပြဲသည္ အခ်ိန္(၂၆)နာရီၾကာျမင့္ခဲ့ၿပီး ကမာၻေပၚတြင္ ကစားခ်ိန္အၾကာဆုံး ေဘာလုံးပြဲတစ္ ပြဲျဖစ္ခဲ့ေၾကာင္းသိရသည္။
ၿပီးခဲ့သည့္ဇြန္လ(၁)ရက္ေန႔တြင္ All-Russian Football Day ကို ဂုဏ္ျပဳရန္အတြက္ ကစားသမား(၇)ဦးစီပါဝင္ ေသာ အသင္းႏွစ္သင္းသည္ Luzhniki အိုလံပစ္အားကစား႐ုံရွိ ေဘာလုံး ကြင္းတြင္ ကစားခ်ိန္အၾကာဆုံး ေဘာလုံးပြဲ စံခ်ိန္ ကို ခ်ိဳးဖ်က္ရန္ စုေဝးခဲ့ၾကေၾကာင္းသိရသည္။
အဆိုပါကစားပြဲကို ဇြန္လ(၁)ရက္ေန႔ ေန႔လယ္(၁၂)နာရီတြင္စတင္ခဲ့ၿပီး (၂၆)နာရီၾကာ ကစားခဲ့ၿပီးေနာက္ ဇြန္လ (၂)ရက္ေန႔ ေန႔လယ္(၂)နာရီတြင္ ၿပီးဆုံးသြားခဲ့ေၾကာင္းသိရသည္။
ကစားခ်ိန္အၾကာဆုံးေဘာလုံးပြဲ ယခင္စံခ်ိန္မွာ ၂၀၁၄ ခုႏွစ္တြင္ စံခ်ိန္တင္ခဲ့ျခင္းျဖစ္ၿပီး ေဘာလုံးအသင္းႏွစ္ သင္းက အခ်ိန္(၂၄)နာရီၾကာ ကစားခဲ့ၾကျခင္းျဖစ္သည္။ အခ်ိန္(၂၆)နာရီၾကာ ကစားခဲ့သည့္ေဘာလုံးပြဲတြင္ အနီအသင္း က သြင္း ဂိုး(၄၁၆)ဂိုး သြင္းယူႏိုင္ခဲ့ကာ (၄၀၉) ဂိုးသြင္းယူ ႏိုင္ခဲ့ေသာ အျဖဴအသင္းကို အႏိုင္ယူႏိုင္ခဲ့ေၾကာင္း သိရသည္။
အဆိုပါကစားပြဲကို ကစားသမား(၇)ဦးစီ ပါဝင္သည့္ပုံစံျဖင့္ ကစားခဲ့သည့္အတြက္ ကမာၻ႔ဂင္း နစ္စံခ်ိန္က မွတ္တမ္း တင္/မတင္ဆိုသည့္အခ်က္ကို လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္းမသိရွိရေသးေၾကာင္းသိရသည္။ သို႔ေသာ္လည္း အဆိုပါကစားပြဲကို ႐ုရွား၏မွတ္တမ္းစာအုပ္မ်ားတြင္ မွတ္တမ္းတင္ထား မည္လည္းျဖစ္သည္။ အခ်ိန္(၂၆)နာရီေက်ာ္ၾကာ ကစားခဲ့သည့္ပြဲအတြင္း ကစားသမားမ်ားသည္ (၂)နာရီဆက္တိုက္ ကစားကာ (၈)မိနစ္အနားယူျခင္းကို လုပ္ေဆာင္ခဲ့ၾကေၾကာင္းလည္းသိရသည္။