အကျဉ်းထောင်နဲ့ အနေမစိမ်းသူ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ဆိုတာ ဘယ်လိုလူစားမျိုးလဲ (ဆောင်းပါး)

 856

ဂျန်ဇက် (NP News) - ဇွန် ၂၃

မလေးရှားဝန်ကြီးချုပ် အန်ဝါဘင် အီဘရာ ဟင်ဟာ ၂၀၂၂ ခုနှစ်နောက်ပိုင်းတည်းက မလေးရှား နိုင်ငံရဲ့၁၀ဦး မြောက် ဝန်ကြီးချုပ်အဖြစ် လက်ရှိအချိန်အထိ တာဝန်ယူနေသူဖြစ်ပါတယ်။
မလေးရှားဝန်ကြီးချုပ်အဖြစ်တာဝန်ယူပြီးနောက်ပိုင်းတည်းက မြန်မာအရေးနဲ့ပတ်သက်ပြီး မကြာခဏဝေ ဖန်ပြစ်တင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ ၁၉၄၇ခုနှစ်မှာမွေးဖွားခဲ့ပြီး လက်ရှိအချိန်မှာ အသက်၇၆နှစ်အရွယ်ရှိနေတဲ့ အီဘရာ ဟင်ဟာ မလေးရှားဝန် ကြီးချုပ်အဖြစ်တာဝန်ယူခွင့်မရခင် ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့အတွက် အကျဉ်းထောင်အတွင်း နှစ်အတန်ကြာနေထိုင်ခဲ့ရသူဖြစ်ပါတယ်။ မလေးရှားနိုင်ငံရေးနဲ့ ဘာသာရေးတက် ကြွလှုပ်ရှားသူခေါင်း ဆောင်တစ်ဦး အဖြစ် လူသိများတဲ့ အန်ဝါအီဘရာဟင်ဟာ တက္ကသိုလ်ကျောင်းသားဘဝမှာ တည်းကနိုင်ငံရေးလှုပ်ရှားခဲ့ပြီး အစ္စလာမ္မစ် လူငယ်ခေါင်းဆောင်တစ်ဦးအဖြစ် ထင်ရှားခဲ့သူဖြစ်ပါတယ်။ ၁၉၇၂ခုနှစ်မှာ မလေးရှား အစ္စလာမ္မစ် လူငယ်များအဖွဲ့ (ABIM)ကို ဦးဆောင်တည်ဆောင်ခဲ့ပြီး အဲဒီအဖွဲ့စည်းကြောင့် အီဘရာဟင်ဟာ မလေးရှားနိုင်ငံရှိလူငယ်တွေကြားမှာ ထင်ရှားတဲ့ ခေါင်းဆောင် ဖြစ်လာစေခဲ့ပါတယ်။

အီဘရာဟင်ဟာ ဆင်းရဲမွဲတေမှုတိုက် ဖျက်ရေးဆန္ဒပြပွဲတွေမှာ ဦးဆောင်ပါဝင်တဲ့အတွက် ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရပြီး ၁၉၇၄ ခုနှစ်ကနေ ၁၉၇၆ ခုနှစ်အထိအကျဉ်းကျခံခဲ့ရပါတယ်။ အစိုးရအဖွဲ့ဝန် ကြီးတွေမှာတာဝန်ယူချိန်အတွင်း အီဘရာဟင်ဟာ အကျင့်ပျက်လာဘ်စားမှုတွေအပြင် လိင်တူဆက်ဆံမှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ၁၉၉၉ ခုနှစ် မှာလည်း ထောင်ဒဏ်အပြစ်ပေးခံရပြီး ၂၀၁၈ ခုနှစ် အထိ အကျဉ်းကျခဲ့တယ်လို့ ဆိုပါတယ်။ အီဘရာဟင်ဟာ အကျင့်ပျက်လာဘ်စားမှုတွေနဲ့ ပြစ်ဒဏ်မကျခင် မလေးရှားအစိုးရအဖွဲ့ဝန်ကြီး ဌာနတွေမှာ ပညာရေးဝန်ကြီး၊ စိုက်ပျိုးရေးဝန်ကြီး၊ ယဉ်ကျေးမှု၊ လူငယ်နဲ့ အားကစားရေးရာဝန်ကြီး၊ ဘဏ္ဍာရေးဝန်ကြီးတွေအပြင် ဒုတိယဝန်ကြီးချုပ်တာဝန် တွေကိုထမ်းဆောင်ခဲ့ဖူးသူဖြစ်ပါတယ်။

၎င်းဟာအစိုးရအဖွဲ့ဝန်ကြီးအဖြစ်တာဝန်ယူချိန်အတွင်း အကျင့်ပျက်လာဘ်စားမှုတွေ၊ လိင်တူဆက်ဆံမှုတွေနဲ့ ပတ်သက်ပြီးဝေဖန်ပြစ်တင်ခံရကာ စွဲချက်တင်ခံရပြီး ထောင်ဒဏ်အပြစ်ပေးခံလိုက်ရတာ ဖြစ်ပါတယ်။ အကျဉ်းထောင် ကပြန်လည်လွတ် မြောက်လာခဲ့ပြီးနောက်ပိုင်း မလေးရှားလွှတ်တော်အတွင်း အဓိကအရေးပါသူဖြစ် လာခဲ့ကာ နိုင်ငံရေး လောကကိုတစ်ကျော့ပြန် ဝင်ရောက်လာခဲ့သူဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဟောင်း မဟာသီယာဘင် မိုဟာမက်နဲ့ ရင်းနှီးတဲ့ မိတ်ဆွေဖြစ်ပေမယ့် ၎င်းဟာ မဟာသီယာ မိုဟာမက်ဒ် ဦးဆောင်တဲ့အစိုးရအဖွဲ့ကို မကြာခဏဝေဖန်မှုတွေကြောင့် ပိုမို လူသိများထင်ရှားခဲ့သူဖြစ်ပါတယ်။

အီဘရာဟင်ဟာ မလေးရှားတက္ကသိုလ်၊ ကွာလာကန်ဆာတက္ကသိုလ်နဲ့ SK Stowell ကျောင်းတွေမှာ တက် ရောက်ပညာသင်ကြားခဲ့ဖူးပြီး ဘွဲ့ရရှိခဲ့ကာမလေးရှားအမျိုးသားတက္ကသိုလ်မှာ စာပေဆိုင်ရာ ဘာသာရပ်နဲ့ မဟာဘွဲ့ယူဖို့ လေ့လာသင်ကြားခဲ့သူဖြစ် သလိုကမ္ဘာကျော်အော်စဖိုဒ့်တက္ကသိုလ်နဲ့ George town တက္ကသိုလ်တွေမှာလည်း ပညာသင် ကြားခဲ့ဖူးသူဖြစ်ပါတယ်။

အန်ဝါအီဘရာဟင်ဟာ ဝန်ကြီးချုပ်အဖြစ် တာဝန်မယူခင် အတိုက်ခံပါတီခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီး အစိုးရအဖွဲ့ရဲ့လုပ်ရပ်တွေကိုဝေဖန် ထောက်ပြခဲ့သူဖြစ်ပါတယ်။ လူငယ်ဘဝမှာတည်းက အစ္စလာမ်ဘာသာနဲ့ ပတ်သက် ပြီး သက်ဝင်ယုံကြည်မှု အားကောင်းသူဖြစ်ရာ လက်ရှိအချိန်မှာလည်းကမ္ဘာတစ်ဝန်းရှိ မွတ်စလင်နိုင်ငံတွေနဲ့ ပတ်သက် ပြီး ရပ်တည်ကာကွယ်ပြောဆိုတာတွေ မကြာခဏ လုပ်ဆောင်နေဆဲဖြစ်ရာ ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး အစ္စ ရေးနိုင်ငံ လည်း ဆက်ဆံရေးတင်းမာမှုတွေ ပိုမိုဖြစ်လာခဲ့ပါတယ်။
အီဘရာဟင်ဟာ နိုင်ငံရေးသမားဘဝကိုစတင်ဝင်ရောက်တဲ့ ၁၉၆၀ ပြည့်နှစ်နောက်ပိုင်းတည်းက မလေးရှား နိုင်ငံရဲ့စီးပွားရေးလုပ်ငန်းတွေမှာ တရုတ်လုပ်ငန်းရှင်တွေ လွှမ်းမိုးမှုတွေကို စိုးရိမ်နေခဲ့သူဖြစ်ရာ ဝေဖန်ပြစ်တင်မှုတွေ လုပ်ဆောင်ခဲ့ဖူးပေမယ့် လက်ရှိအချိန်မှာတော့ မလေးရှားနိုင်ငံအတွင်းရှိ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေ အပေါ်ထားရှိ တဲ့ အမြင်တွေ ပြောင်းလဲနေပြီဖြစ်ပါတယ်။ အီဘရာဟင်က မလေးရှားနိုင်ငံအတွင်း နေထိုင်နေတဲ့ ဆင်းရဲတဲ့လူတိုင်းကို အသား အရောင်ခွဲခြားမှုမရှိဘဲ တန်းတူညီမျှအခွင့်ရေးပေး ရမှာဖြစ်တယ်လို့ လက်ရှိအချိန်မှာ ပြောဆိုထားပါတယ်။

မလေးရှားနိုင်ငံရဲ့ စီးပွားရေးစနစ်၊ ရွေးကောက်ပွဲစနစ်အပါအဝင် ခေတ်နဲ့အံမဝင်တဲ့ စနစ်တွေကို ပြုပြင်ပြောင်း လဲဖို့ လိုလားခဲ့သူ ဖြစ်ပြီးနိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီး ဆန္ဒပြပွဲတွေကို ဦးဆောင်လုပ်ကိုင်ခဲ့သူဖြစ် ပါတယ်။ ဝန်ကြီးချုပ်ဟောင်း မဟာသီယာ ဦးဆောင်တဲ့အစိုးရအဖွဲ့ကို မကြာခဏဝေဖန် ပြစ်တင်ခဲ့ပေမယ့် မဟာသီ ယာဟာ အီဘရာဟင်ကို အကျဉ်းကျနေချိန်အတွင်း လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး နိုင်ငံရေးလောကမှာ တစ်ကျော့ပြန် ပါဝင်ခွင့်ပေးဖို့ ဘုရင်ထံ တောင်းဆိုခဲ့ဖူးပါတယ်။

အီဘရာဟင်ဟာ ၂၀၁၈ခုနှစ်နောက်ပိုင်းမှာ နိုင်ငံရေးလောကကို ပြန်လည်ဝင်ရောက်လာခဲ့ပြီး ၂၀၂၂ခုနှစ်အတွင်း ကျင်းပတဲ့မလေးရှားရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ကာ အနိုင်ရပြီး ဝန်ကြီးချုပ်ဖြစ် လာခဲ့သူဖြစ်ပါတယ်။ ဝန်ကြီးချုပ် ဖြစ်လာခဲ့ပြီး နောက်ပိုင်း ဥရောပတိုက်မှာ ကိုရမ်ကျမ်း စာမီးရှို့ဖျက် ဆီးခံရမှုတွေ၊ အစ္စရေးနဲ့ဟားမတ်စ်လက်နက်ကိုင် အဖွဲ့ကြားဖြစ်ပွားတဲ့ ဂါဇာစစ်ပွဲတွေမှာ ဝေဖန်ပြစ်တင်မှုတွေ လူသိရှင်ကြားလုပ်ဆောင်ခဲ့ဖူးတဲ့အစ္စလာမ် ခေါင်းဆောင် တစ်ဦးလည်းဖြစ်ခဲ့ပါတယ်။

အန်ဝါအီဘရာဟင်ဟာ မွတ်စလင်ကမ္ဘာမှာ မလေးရှားနိုင်ငံရဲ့ဒီမိုကရေစီအလေ့ထကိုတခြားမွတ် စလင်နိုင်ငံ တွေ အတုယူစေလောက်တဲ့ ဒီမိုကရေစီစ နစ်မျိုးဖြစ်စေဖို့ မျှော်လင့်နေသူဖြစ်ပါတယ်။ အီဘရာဟင်ကို လစ်ဘရယ် ပြုပြင်ပြောင်းလဲရေးသမား၊ ဉာဏ်ရည်ထက်မြက်သူ ၊ အာရှတိုက်ရဲ့လူအများ ဆုံးသော မွတ်စလင်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မလေးရှားကို အာရပ်နွေဦးယူဆောင်လာပေးသူအဖြစ်ချီးကျူးပြောဆိုတာတွေလည်းရှိနေပါတယ်။

အန်ဝါအီဘရာဟင်ဟာမွတ်စလင်နိုင်ငံတွေရဲ့ဒီမိုကရေစီအတွက် မူဘောင်တွေနဲ့ပတ်သက်ပြီး Ummah အယူ အဆသဘောတရားကို လက်ခံသူဖြစ်ပါတယ်။ မလေးရှားဝန်ကြီးချုပ်အဖြစ် တာဝန်ယူချိန်အတွင်း စာသင်ကျောင်း တွေမှာ အစ္စလာမ်ဘာသာရပ် လေ့လာသင်ယူမှုတွေကို အပြောင်းအလဲလုပ်ဖို့ကြိုးပမ်းတာတွေနဲ့ပတ်သက်ပြီး ဝေဖန်ပြစ် တင်မှုတွေကို ရင်ဆိုင်နေရသူဖြစ်ပါတယ်။ ဒါ့အပြင် အီဘရာဟင်ဟာ ဝန်ကြီးချုပ်အဖြစ်တာဝန် ယူချိန်အတွင်းရွေး ကောက်ပွဲကာလတုန်းကပေးခဲ့တဲ့ ကတိတွေကိုလက်တွေ့အကောင်ထည်ဖော်နိုင်ခြင်းမ ရှိဘူးလို့လည်းဝေဖန်ခံနေရ သူဖြစ်ပါတယ်။ ဝန်ကြီးချုပ်အဖြစ်တာဝန်ယူချိန်အတွင်း စိန်ခေါ်မှုအမျိုးမျိုးနဲ့ ရင်ဆိုင်နေရပေမယ့် အကောင်းဆုံးရင်ဆိုင် ဖြေရှင်းမယ်လို့ ဆိုထားပါတယ်။ ဝန်ကြီးချုပ် အီဘရာဟင်က ‘ကျွန်တော် ဦးဆောင်တဲ့ မလေးရှားအစိုးရအဖွဲ့ဟာ နိုင်ငံအချုပ်အခြာ၊ နိုင်ငံလုံခြုံရေး၊ နိုင်ငံအကျိုးစီးပွားကို ကာကွယ်ဖို့ ရပ်တန့်မှုရှိမှာမ ဟုတ်ဘူး၊ မလေးရှားအစိုးရဟာ မလေးရှားပြည်သူ တွေအတွက် မှန်ကန်မျှတမှုတွေနဲ့ တရားမျှတမှုတွေ ရရှိအောင်အရာရာတိုင်းလုပ်ဆောင်မယ်လို့ ယုံကြည် ထားတယ်’ လို့ပြောပါတယ်။

ဝန်ကြီးချုပ် အီဘရာဟင်ဟာ အာဆီယံဒေသအတွင်းနိုင်ငံတွေရဲ့ခေါင်းဆောင်တွေထဲမှာအခက်ခဲ ပြသာနာတိုင်းကို နုတ်ဆိတ်မှုမရှိဘဲ ဝေဖန်တုံ့ပြန်မှုတွေ မကြာခဏလုပ်ဆောင်ခဲ့ရာ အာဆီယံခေါင်း ဆောင်တွေထဲမှာ ဝေဖန်သံအများဆုံးပြုလုပ်တဲ့ ဝန်ကြီးချုပ်အဖြစ် သတ်မှတ်ခံထားရပါတယ်။

zawgyi version
အက်ဥ္းေထာင္နဲ႔ အေနမစိမ္းသူ မေလးရွားဝန္ႀကီးခ်ဳပ္ အန္ဝါအီဘရာဟင္ ဆိုတာ ဘယ္လိုလူစားမ်ိဳးလဲ (ေဆာင္းပါး)
ဂ်န္ဇက္ (NP News) - ဇြန္ ၂၃

မေလးရွားဝန္ႀကီးခ်ဳပ္ အန္ဝါဘင္ အီဘရာ ဟင္ဟာ ၂၀၂၂ ခုႏွစ္ေနာက္ပိုင္းတည္းက မေလးရွား ႏိုင္ငံရဲ႕၁၀ဦး ေျမာက္ ဝန္ႀကီးခ်ဳပ္အျဖစ္ လက္ရွိအခ်ိန္အထိ တာဝန္ယူေနသူျဖစ္ပါတယ္။
မေလးရွားဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူၿပီးေနာက္ပိုင္းတည္းက ျမန္မာအေရးနဲ႔ပတ္သက္ၿပီး မၾကာခဏေဝ ဖန္ျပစ္တင္ခဲ့သူတစ္ဦးျဖစ္ပါတယ္။ ၁၉၄၇ခုႏွစ္မွာေမြးဖြားခဲ့ၿပီး လက္ရွိအခ်ိန္မွာ အသက္၇၆ႏွစ္အ႐ြယ္ရွိေနတဲ့ အီဘရာ ဟင္ဟာ မေလးရွားဝန္ ႀကီးခ်ဳပ္အျဖစ္တာဝန္ယူခြင့္မရခင္ ရာဇဝတ္မႈေတြ က်ဴးလြန္ခဲ့တဲ့အတြက္ အက်ဥ္းေထာင္အတြင္း ႏွစ္အတန္ၾကာေနထိုင္ခဲ့ရသူျဖစ္ပါတယ္။ မေလးရွားႏိုင္ငံေရးနဲ႔ ဘာသာေရးတက္ ႂကြလႈပ္ရွားသူေခါင္း ေဆာင္တစ္ဦး အျဖစ္ လူသိမ်ားတဲ့ အန္ဝါအီဘရာဟင္ဟာ တကၠသိုလ္ေက်ာင္းသားဘဝမွာ တည္းကႏိုင္ငံေရးလႈပ္ရွားခဲ့ၿပီး အစၥလာမၼစ္ လူငယ္ေခါင္းေဆာင္တစ္ဦးအျဖစ္ ထင္ရွားခဲ့သူျဖစ္ပါတယ္။ ၁၉၇၂ခုႏွစ္မွာ မေလးရွား အစၥလာမၼစ္ လူငယ္မ်ားအဖြဲ႕ (ABIM)ကို ဦးေဆာင္တည္ေဆာင္ခဲ့ၿပီး အဲဒီအဖြဲ႕စည္းေၾကာင့္ အီဘရာဟင္ဟာ မေလးရွားႏိုင္ငံရွိလူငယ္ေတြၾကားမွာ ထင္ရွားတဲ့ ေခါင္းေဆာင္ ျဖစ္လာေစခဲ့ပါတယ္။

အီဘရာဟင္ဟာ ဆင္းရဲမြဲေတမႈတိုက္ ဖ်က္ေရးဆႏၵျပပြဲေတြမွာ ဦးေဆာင္ပါဝင္တဲ့အတြက္ ဖမ္းဆီးထိန္းသိမ္း ခံခဲ့ရၿပီး ၁၉၇၄ ခုႏွစ္ကေန ၁၉၇၆ ခုႏွစ္အထိအက်ဥ္းက်ခံခဲ့ရပါတယ္။ အစိုးရအဖြဲ႕ဝန္ ႀကီးေတြမွာတာဝန္ယူခ်ိန္အတြင္း အီဘရာဟင္ဟာ အက်င့္ပ်က္လာဘ္စားမႈေတြအျပင္ လိင္တူဆက္ဆံမႈေတြ ရွိတယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြေၾကာင့္ ၁၉၉၉ ခုႏွစ္ မွာလည္း ေထာင္ဒဏ္အျပစ္ေပးခံရၿပီး ၂၀၁၈ ခုႏွစ္ အထိ အက်ဥ္းက်ခဲ့တယ္လို႔ ဆိုပါတယ္။ အီဘရာဟင္ဟာ အက်င့္ပ်က္လာဘ္စားမႈေတြနဲ႔ ျပစ္ဒဏ္မက်ခင္ မေလးရွားအစိုးရအဖြဲ႕ဝန္ႀကီး ဌာနေတြမွာ ပညာေရးဝန္ႀကီး၊ စိုက္ပ်ိဳးေရးဝန္ႀကီး၊ ယဥ္ေက်းမႈ၊ လူငယ္နဲ႔ အားကစားေရးရာဝန္ႀကီး၊ ဘ႑ာေရးဝန္ႀကီးေတြအျပင္ ဒုတိယဝန္ႀကီးခ်ဳပ္တာဝန္ ေတြကိုထမ္းေဆာင္ခဲ့ဖူးသူျဖစ္ပါတယ္။

၎ဟာအစိုးရအဖြဲ႕ဝန္ႀကီးအျဖစ္တာဝန္ယူခ်ိန္အတြင္း အက်င့္ပ်က္လာဘ္စားမႈေတြ၊ လိင္တူဆက္ဆံမႈေတြနဲ႔ ပတ္သက္ၿပီးေဝဖန္ျပစ္တင္ခံရကာ စြဲခ်က္တင္ခံရၿပီး ေထာင္ဒဏ္အျပစ္ေပးခံလိုက္ရတာ ျဖစ္ပါတယ္။ အက်ဥ္းေထာင္ ကျပန္လည္လြတ္ ေျမာက္လာခဲ့ၿပီးေနာက္ပိုင္း မေလးရွားလႊတ္ေတာ္အတြင္း အဓိကအေရးပါသူျဖစ္ လာခဲ့ကာ ႏိုင္ငံေရး ေလာကကိုတစ္ေက်ာ့ျပန္ ဝင္ေရာက္လာခဲ့သူျဖစ္ပါတယ္။ ဝန္ႀကီးခ်ဳပ္ေဟာင္း မဟာသီယာဘင္ မိုဟာမက္နဲ႔ ရင္းႏွီးတဲ့ မိတ္ေဆြျဖစ္ေပမယ့္ ၎ဟာ မဟာသီယာ မိုဟာမက္ဒ္ ဦးေဆာင္တဲ့အစိုးရအဖြဲ႕ကို မၾကာခဏေဝဖန္မႈေတြေၾကာင့္ ပိုမို လူသိမ်ားထင္ရွားခဲ့သူျဖစ္ပါတယ္။

အီဘရာဟင္ဟာ မေလးရွားတကၠသိုလ္၊ ကြာလာကန္ဆာတကၠသိုလ္နဲ႔ SK Stowell ေက်ာင္းေတြမွာ တက္ ေရာက္ပညာသင္ၾကားခဲ့ဖူးၿပီး ဘြဲ႕ရရွိခဲ့ကာမေလးရွားအမ်ိဳးသားတကၠသိုလ္မွာ စာေပဆိုင္ရာ ဘာသာရပ္နဲ႔ မဟာဘြဲ႕ယူဖို႔ ေလ့လာသင္ၾကားခဲ့သူျဖစ္ သလိုကမာၻေက်ာ္ေအာ္စဖိုဒ့္တကၠသိုလ္နဲ႔ George town တကၠသိုလ္ေတြမွာလည္း ပညာသင္ ၾကားခဲ့ဖူးသူျဖစ္ပါတယ္။

အန္ဝါအီဘရာဟင္ဟာ ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္မယူခင္ အတိုက္ခံပါတီေခါင္းေဆာင္အျဖစ္ တာဝန္ယူခဲ့ၿပီး အစိုးရအဖြဲ႕ရဲ႕လုပ္ရပ္ေတြကိုေဝဖန္ ေထာက္ျပခဲ့သူျဖစ္ပါတယ္။ လူငယ္ဘဝမွာတည္းက အစၥလာမ္ဘာသာနဲ႔ ပတ္သက္ ၿပီး သက္ဝင္ယုံၾကည္မႈ အားေကာင္းသူျဖစ္ရာ လက္ရွိအခ်ိန္မွာလည္းကမာၻတစ္ဝန္းရွိ မြတ္စလင္ႏိုင္ငံေတြနဲ႔ ပတ္သက္ ၿပီး ရပ္တည္ကာကြယ္ေျပာဆိုတာေတြ မၾကာခဏ လုပ္ေဆာင္ေနဆဲျဖစ္ရာ ဂါဇာစစ္ပြဲနဲ႔ပတ္သက္ၿပီး အစၥ ေရးႏိုင္ငံ လည္း ဆက္ဆံေရးတင္းမာမႈေတြ ပိုမိုျဖစ္လာခဲ့ပါတယ္။
အီဘရာဟင္ဟာ ႏိုင္ငံေရးသမားဘဝကိုစတင္ဝင္ေရာက္တဲ့ ၁၉၆၀ ျပည့္ႏွစ္ေနာက္ပိုင္းတည္းက မေလးရွား ႏိုင္ငံရဲ႕စီးပြားေရးလုပ္ငန္းေတြမွာ တ႐ုတ္လုပ္ငန္းရွင္ေတြ လႊမ္းမိုးမႈေတြကို စိုးရိမ္ေနခဲ့သူျဖစ္ရာ ေဝဖန္ျပစ္တင္မႈေတြ လုပ္ေဆာင္ခဲ့ဖူးေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ မေလးရွားႏိုင္ငံအတြင္းရွိ တ႐ုတ္စီးပြားေရးလုပ္ငန္းရွင္ေတြ အေပၚထားရွိ တဲ့ အျမင္ေတြ ေျပာင္းလဲေနၿပီျဖစ္ပါတယ္။ အီဘရာဟင္က မေလးရွားႏိုင္ငံအတြင္း ေနထိုင္ေနတဲ့ ဆင္းရဲတဲ့လူတိုင္းကို အသား အေရာင္ခြဲျခားမႈမရွိဘဲ တန္းတူညီမွ်အခြင့္ေရးေပး ရမွာျဖစ္တယ္လို႔ လက္ရွိအခ်ိန္မွာ ေျပာဆိုထားပါတယ္။

မေလးရွားႏိုင္ငံရဲ႕ စီးပြားေရးစနစ္၊ ေ႐ြးေကာက္ပြဲစနစ္အပါအဝင္ ေခတ္နဲ႔အံမဝင္တဲ့ စနစ္ေတြကို ျပဳျပင္ေျပာင္း လဲဖို႔ လိုလားခဲ့သူ ျဖစ္ၿပီးႏိုင္ငံေရးစနစ္ ျပဳျပင္ေျပာင္းလဲေရးနဲ႔ပတ္သက္ၿပီး ဆႏၵျပပြဲေတြကို ဦးေဆာင္လုပ္ကိုင္ခဲ့သူျဖစ္ ပါတယ္။ ဝန္ႀကီးခ်ဳပ္ေဟာင္း မဟာသီယာ ဦးေဆာင္တဲ့အစိုးရအဖြဲ႕ကို မၾကာခဏေဝဖန္ ျပစ္တင္ခဲ့ေပမယ့္ မဟာသီ ယာဟာ အီဘရာဟင္ကို အက်ဥ္းက်ေနခ်ိန္အတြင္း လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးၿပီး ႏိုင္ငံေရးေလာကမွာ တစ္ေက်ာ့ျပန္ ပါဝင္ခြင့္ေပးဖို႔ ဘုရင္ထံ ေတာင္းဆိုခဲ့ဖူးပါတယ္။

အီဘရာဟင္ဟာ ၂၀၁၈ခုႏွစ္ေနာက္ပိုင္းမွာ ႏိုင္ငံေရးေလာကကို ျပန္လည္ဝင္ေရာက္လာခဲ့ၿပီး ၂၀၂၂ခုႏွစ္အတြင္း က်င္းပတဲ့မေလးရွားေ႐ြးေကာက္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ခဲ့ကာ အႏိုင္ရၿပီး ဝန္ႀကီးခ်ဳပ္ျဖစ္ လာခဲ့သူျဖစ္ပါတယ္။ ဝန္ႀကီးခ်ဳပ္ ျဖစ္လာခဲ့ၿပီး ေနာက္ပိုင္း ဥေရာပတိုက္မွာ ကိုရမ္က်မ္း စာမီးရႈိ႕ဖ်က္ ဆီးခံရမႈေတြ၊ အစၥေရးနဲ႔ဟားမတ္စ္လက္နက္ကိုင္ အဖြဲ႕ၾကားျဖစ္ပြားတဲ့ ဂါဇာစစ္ပြဲေတြမွာ ေဝဖန္ျပစ္တင္မႈေတြ လူသိရွင္ၾကားလုပ္ေဆာင္ခဲ့ဖူးတဲ့အစၥလာမ္ ေခါင္းေဆာင္ တစ္ဦးလည္းျဖစ္ခဲ့ပါတယ္။

အန္ဝါအီဘရာဟင္ဟာ မြတ္စလင္ကမာၻမွာ မေလးရွားႏိုင္ငံရဲ႕ဒီမိုကေရစီအေလ့ထကိုတျခားမြတ္ စလင္ႏိုင္ငံ ေတြ အတုယူေစေလာက္တဲ့ ဒီမိုကေရစီစ နစ္မ်ိဳးျဖစ္ေစဖို႔ ေမွ်ာ္လင့္ေနသူျဖစ္ပါတယ္။ အီဘရာဟင္ကို လစ္ဘရယ္ ျပဳျပင္ေျပာင္းလဲေရးသမား၊ ဉာဏ္ရည္ထက္ျမက္သူ ၊ အာရွတိုက္ရဲ႕လူအမ်ား ဆုံးေသာ မြတ္စလင္ႏိုင္ငံတစ္ႏိုင္ငံျဖစ္တဲ့ မေလးရွားကို အာရပ္ေႏြဦးယူေဆာင္လာေပးသူအျဖစ္ခ်ီးက်ဴးေျပာဆိုတာေတြလည္းရွိေနပါတယ္။

အန္ဝါအီဘရာဟင္ဟာမြတ္စလင္ႏိုင္ငံေတြရဲ႕ဒီမိုကေရစီအတြက္ မူေဘာင္ေတြနဲ႔ပတ္သက္ၿပီး Ummah အယူ အဆသေဘာတရားကို လက္ခံသူျဖစ္ပါတယ္။ မေလးရွားဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူခ်ိန္အတြင္း စာသင္ေက်ာင္း ေတြမွာ အစၥလာမ္ဘာသာရပ္ ေလ့လာသင္ယူမႈေတြကို အေျပာင္းအလဲလုပ္ဖို႔ႀကိဳးပမ္းတာေတြနဲ႔ပတ္သက္ၿပီး ေဝဖန္ျပစ္ တင္မႈေတြကို ရင္ဆိုင္ေနရသူျဖစ္ပါတယ္။ ဒါ့အျပင္ အီဘရာဟင္ဟာ ဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ ယူခ်ိန္အတြင္းေ႐ြး ေကာက္ပြဲကာလတုန္းကေပးခဲ့တဲ့ ကတိေတြကိုလက္ေတြ႕အေကာင္ထည္ေဖာ္ႏိုင္ျခင္းမ ရွိဘူးလို႔လည္းေဝဖန္ခံေနရ သူျဖစ္ပါတယ္။ ဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူခ်ိန္အတြင္း စိန္ေခၚမႈအမ်ိဳးမ်ိဳးနဲ႔ ရင္ဆိုင္ေနရေပမယ့္ အေကာင္းဆုံးရင္ဆိုင္ ေျဖရွင္းမယ္လို႔ ဆိုထားပါတယ္။ ဝန္ႀကီးခ်ဳပ္ အီဘရာဟင္က ‘ကြၽန္ေတာ္ ဦးေဆာင္တဲ့ မေလးရွားအစိုးရအဖြဲ႕ဟာ ႏိုင္ငံအခ်ဳပ္အျခာ၊ ႏိုင္ငံလုံၿခဳံေရး၊ ႏိုင္ငံအက်ိဳးစီးပြားကို ကာကြယ္ဖို႔ ရပ္တန႔္မႈရွိမွာမ ဟုတ္ဘူး၊ မေလးရွားအစိုးရဟာ မေလးရွားျပည္သူ ေတြအတြက္ မွန္ကန္မွ်တမႈေတြနဲ႔ တရားမွ်တမႈေတြ ရရွိေအာင္အရာရာတိုင္းလုပ္ေဆာင္မယ္လို႔ ယုံၾကည္ ထားတယ္’ လို႔ေျပာပါတယ္။

ဝန္ႀကီးခ်ဳပ္ အီဘရာဟင္ဟာ အာဆီယံေဒသအတြင္းႏိုင္ငံေတြရဲ႕ေခါင္းေဆာင္ေတြထဲမွာအခက္ခဲ ျပသာနာတိုင္းကို ႏုတ္ဆိတ္မႈမရွိဘဲ ေဝဖန္တုံ႔ျပန္မႈေတြ မၾကာခဏလုပ္ေဆာင္ခဲ့ရာ အာဆီယံေခါင္း ေဆာင္ေတြထဲမွာ ေဝဖန္သံအမ်ားဆုံးျပဳလုပ္တဲ့ ဝန္ႀကီးခ်ဳပ္အျဖစ္ သတ္မွတ္ခံထားရပါတယ္။

Related news

© 2021. All rights reserved.