Tesla ရဲ့လျှပ်စစ်ကားတစ်စီး ရုတ်တရက် ဘက်ထရီသေသွားခြင်းကြောင့် ကားထဲ ကလေးငယ်တစ်ဦး ပိတ်မိနေမှုဖြစ်ခဲ့ရ

 1911

ရောင်နီ (NP News) - ဇွန် ၂၂

အမေရိကန်နိုင်ငံ၊ အရီဇိုးနားပြည်နယ်မှာ Tesla Model Y လျှပ်စစ် ကားတစ်စီး ရုတ်တရက် ဘက်ထရီသေသွားခြင်းကြောင့် ကားထဲမှာ လသားအရွယ် မိန်းကလေးတစ်ဦး ပိတ်မိမှုဖြစ်ခဲ့ရပါတယ်။
အဆိုပါမိန်းကလေးကို အဖွားဖြစ်သူ မစ္စရီနီဆန်းချက်ဇ်က ဖီးနစ်တိရစ္ဆာန်ရုံကို ခေါ်သွားဖို့ ကားနောက်ထိုင်ခုံမှာ နေရာချပေးခဲ့တာဖြစ်တယ်။ အဲဒီနောက် ကားတံခါးကို ပိတ်ပြီး ကားမောင်းဖို့ ကားရှေ့ထိုင်ခုံတံခါးကို ဆွဲဖွင့်တဲ့အချိန်မှာ ကားဟာ ဘက်ထရီသေသွားပြီး တံခါးဖွင့်လို့မရ၊ ကားသော့ဖွင့်မရဖြစ်ခဲ့ပါတယ်။

ဒါကြောင့် အဖွားဖြစ်သူ ဆနးချက်ဇ် ရွေးချယ်စရာမရှိတဲ့အဆုံး ဒေသခံ မီးသတ်ဌာနကို ချက်ချင်းဖုန်းဆက် အကူအညီတောင်းခဲ့ရပါတယ်။ မီးသတ်သမားတွေက ကားပြတင်းပေါက်မှ အသေးစား ပုဆိန်တစ်ချောင်း အသုံးပြုခွဲထုတ်ပြီး ဖွင့်မှသာ ကားတံခါး ပွင့်လာခဲ့ပြီး ကလေးလည်း အသက်အန္တရာယ်က လွတ်ခဲ့တယ်လို့ သိရပါတယ်။ အရီဇိုးနားရဲ့အပူချိန်အောက် ကလေးငယ်တစ်ယောက် ဒီလို ကားထဲမှာ ပိတ်မိနေခဲ့ရင် မိနစ် ၃ဝ အတွင်း သေဆုံးနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

Tesla ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဖြေရှင်းခြင်းမျိုး မရှိသေးပါဘူး။

Zawgyi Version;
Tesla ရဲ႕လွ်ပ္စစ္ကားတစ္စီး ႐ုတ္တရက္ ဘက္ထရီေသသြားျခင္းေၾကာင့္ ကားထဲ ကေလးငယ္တစ္ဦး
ပိတ္မိေနမႈျဖစ္ခဲ့ရ
ေရာင္နီ (NP News) - ဇြန္ ၂၂

အေမရိကန္ႏိုင္ငံ၊ အရီဇိုးနားျပည္နယ္မွာ Tesla Model Y လွ်ပ္စစ္ ကားတစ္စီး ႐ုတ္တရက္ ဘက္ထရီေသသြားျခင္းေၾကာင့္ ကားထဲမွာ လသားအ႐ြယ္ မိန္းကေလးတစ္ဦး ပိတ္မိမႈျဖစ္ခဲ့ရပါတယ္။
အဆိုပါမိန္းကေလးကို အဖြားျဖစ္သူ မစၥရီနီဆန္းခ်က္ဇ္က ဖီးနစ္တိရစာၦန္႐ုံကို ေခၚသြားဖို႔ ကားေနာက္ထိုင္ခုံမွာ ေနရာခ်ေပးခဲ့တာျဖစ္တယ္။ အဲဒီေနာက္ ကားတံခါးကို ပိတ္ၿပီး ကားေမာင္းဖို႔ ကားေရွ႕ထိုင္ခုံတံခါးကို ဆြဲဖြင့္တဲ့အခ်ိန္မွာ ကားဟာ ဘက္ထရီေသသြားၿပီး တံခါးဖြင့္လို႔မရ၊ ကားေသာ့ဖြင့္မရျဖစ္ခဲ့ပါတယ္။

ဒါေၾကာင့္ အဖြားျဖစ္သူ ဆနးခ်က္ဇ္ ေ႐ြးခ်ယ္စရာမရွိတဲ့အဆုံး ေဒသခံ မီးသတ္ဌာနကို ခ်က္ခ်င္းဖုန္းဆက္ အကူအညီေတာင္းခဲ့ရပါတယ္။ မီးသတ္သမားေတြက ကားျပတင္းေပါက္မွ အေသးစား ပုဆိန္တစ္ေခ်ာင္း အသုံးျပဳခြဲထုတ္ၿပီး ဖြင့္မွသာ ကားတံခါး ပြင့္လာခဲ့ၿပီး ကေလးလည္း အသက္အႏၲရာယ္က လြတ္ခဲ့တယ္လို႔ သိရပါတယ္။ အရီဇိုးနားရဲ႕အပူခ်ိန္ေအာက္ ကေလးငယ္တစ္ေယာက္ ဒီလို ကားထဲမွာ ပိတ္မိေနခဲ့ရင္ မိနစ္ ၃ဝ အတြင္း ေသဆုံးႏိုင္တယ္လို႔ ကြၽမ္းက်င္သူေတြက ဆိုပါတယ္။

Tesla ကေတာ့ ဒီကိစၥနဲ႔ပတ္သက္ၿပီး ေျဖရွင္းျခင္းမ်ိဳး မရွိေသးပါဘူး။

Related news

© 2021. All rights reserved.