ထိုင်းမှာ အမျိုးသားတစ်ဦး ၎င်းလက်ဝှေ့ ဘောင်းဘီတိုထဲ မြွေဟောက်တစ်ကောင် တွေ့ရှိ
1199
ရောင်နီ (NP News) - ဇွန် ၂၃
ထိုင်းနိုင်ငံမှာ အမျိုးသားတစ်ဦးဟာ အိပ်ပျော်နေစဉ် ၎င်းရဲ့လက်ဝှေ့ထိုး အားကစားပြုလုပ်တဲ့ ဘောင်းဘီတိုအတွင်းမှ မြွေဟောက်တစ်ကောင်ကြောင့် လန့်နိုးပြီး ကယ်ဆယ်ရေးကို ခေါ်လိုက်ရပါတယ်။
ဇွန်လ ၈ ရက်က နာခါဝေတိုင် အမည်ရှိ အဆိုပါအမျိုးသား တင်ခဲ့တဲ့ဖေ့စ်ဘွတ်ခ်ဗီဒီယိုတစ်ခုမှာ မြွေကို ကယ်ဆယ်ရေး ဝန်ထမ်းနှစ်ဦးက ဖယ်ရှားပေးနေတာ တွေ့ရပါတယ်။ အဆိုပါအမျိုးသားဟာ အင်္ဂတေကြမ်းပြင်ပေါ်က ကူရှင်တစ်ခုပေါ်မှာ အိပ်နေခြင်းဖြစ်ပြီး ကူရှင်ဘေးက လက်ဝှေ့အားကစားဘောင်းဘီထဲကို မြွေက ဝင်ခွေနေခဲ့တာဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ဟာ ထိုင်းနိုင်ငံ အရှေ့ဘက်ခြမ်း ရာရမ်မြို့က အမျိုးသားရဲ့နေအိမ်မှာ ဖြစ်ပွားခဲ့တာပါ။
မစ္စတာ နာရဲ့မြွေဟောက်ဖယ်ရှားတဲ့ဗီဒီယိုဟာ ကြည့်ရှုသူ တစ်သန်းကျော်ထိ ရှိခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ အခုလို စိုစွတ်တဲ့ ရာသီဥတုမှာ မြွေဟောက်၊ မြွေဆိုးများ လူနေအိမ်ထဲ ခိုအောင်းနေတတ်ကြလေ့ ရှိပါတယ်။
ယခုနှစ် ဖေဖော်ဝါရီလ အစောပိုင်းကလည်း အမေရိကန်အမျိုးသားတစ်ဦး ၎င်းရဲ့ဘောင်းဘီအတွင်း မြန်မာ့စပါးအုံးမြွေ ၃ ကောင်ကို ခိုးယူသွင်းဖို့ ကြိုးပမ်းမှုနဲ့ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ်တစ်နှစ်နဲ့ ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၅,၀၀၀ ချမှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
Zawgyi Version;
ထိုင္းမွာ အမ်ိဳးသားတစ္ဦး ၎လက္ေဝွ႔ ေဘာင္းဘီတိုထဲ ေႁမြေဟာက္တစ္ေကာင္ ေတြ႕ရွိ
ေရာင္နီ (NP News) - ဇြန္ ၂၃
ထိုင္းႏိုင္ငံမွာ အမ်ိဳးသားတစ္ဦးဟာ အိပ္ေပ်ာ္ေနစဥ္ ၎ရဲ႕လက္ေဝွ႔ထိုး အားကစားျပဳလုပ္တဲ့ ေဘာင္းဘီတိုအတြင္းမွ ေႁမြေဟာက္တစ္ေကာင္ေၾကာင့္ လန႔္ႏိုးၿပီး ကယ္ဆယ္ေရးကို ေခၚလိုက္ရပါတယ္။
ဇြန္လ ၈ ရက္က နာခါေဝတိုင္ အမည္ရွိ အဆိုပါအမ်ိဳးသား တင္ခဲ့တဲ့ေဖ့စ္ဘြတ္ခ္ဗီဒီယိုတစ္ခုမွာ ေႁမြကို ကယ္ဆယ္ေရး ဝန္ထမ္းႏွစ္ဦးက ဖယ္ရွားေပးေနတာ ေတြ႕ရပါတယ္။ အဆိုပါအမ်ိဳးသားဟာ အဂၤေတၾကမ္းျပင္ေပၚက ကူရွင္တစ္ခုေပၚမွာ အိပ္ေနျခင္းျဖစ္ၿပီး ကူရွင္ေဘးက လက္ေဝွ႔အားကစားေဘာင္းဘီထဲကို ေႁမြက ဝင္ေခြေနခဲ့တာျဖစ္ပါတယ္။ ဒီအျဖစ္အပ်က္ဟာ ထိုင္းႏိုင္ငံ အေရွ႕ဘက္ျခမ္း ရာရမ္ၿမိဳ႕က အမ်ိဳးသားရဲ႕ေနအိမ္မွာ ျဖစ္ပြားခဲ့တာပါ။
မစၥတာ နာရဲ႕ေႁမြေဟာက္ဖယ္ရွားတဲ့ဗီဒီယိုဟာ ၾကည့္ရႈသူ တစ္သန္းေက်ာ္ထိ ရွိခဲ့ပါတယ္။ ထိုင္းႏိုင္ငံမွာ အခုလို စိုစြတ္တဲ့ ရာသီဥတုမွာ ေႁမြေဟာက္၊ ေႁမြဆိုးမ်ား လူေနအိမ္ထဲ ခိုေအာင္းေနတတ္ၾကေလ့ ရွိပါတယ္။
ယခုႏွစ္ ေဖေဖာ္ဝါရီလ အေစာပိုင္းကလည္း အေမရိကန္အမ်ိဳးသားတစ္ဦး ၎ရဲ႕ေဘာင္းဘီအတြင္း ျမန္မာ့စပါးအုံးေႁမြ ၃ ေကာင္ကို ခိုးယူသြင္းဖို႔ ႀကိဳးပမ္းမႈနဲ႔ဖမ္းဆီးခဲ့ၿပီး ေထာင္ဒဏ္တစ္ႏွစ္နဲ႔ ဒဏ္ေငြ အေမရိကန္ေဒၚလာ ၅,၀၀၀ ခ်မွတ္ခံခဲ့ရတယ္လို႔ သိရပါတယ္။