ခရိုင်းမီးယားကျွန်းဆွယ်အား ယူကရိန်းတိုက်ခိုက်ခဲ့မှုနှင့်ပတ်သက်၍ ပင်တဂွန်က မှတ်ချက်ပြုရန် ငြင်းဆို

 522

ALynn (NP News) - ဇွန် ၂၄

ခရိုင်းမီးယားကျွန်းဆွယ်၊ Sevastopol မြို့ရှိ လူစည်ကားသော ကမ်းခြေတွင် တနင်္ဂနွေနေ့ (ဇွန်လ ၂၃ ရက်) က ဖြစ်ပွားခဲ့သော ယူကရိန်း၏ ဗုံးကြဲတိုက်ခိုက်မှုနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် ပင်တဂွန်က ငြင်းဆိုခဲ့ကြောင်း ရုရှားသတင်းဌာန RIA Novosti က ဖော်ပြခဲ့သည်။

ယူကရိန်း၏ တိုက်ခိုက်မှုတွင် အမေရိကန်က ထောက်ပံ့ပေးထားသော ATACMS ဒုံးကျည်များကို အသုံးပြုခဲ့ခြင်းကြောင့် အနည်းဆုံး လူလေးဦးသေဆုံးပြီး ၎င်းတို့အနက် နှစ်ဦးမှာ ကလေးများဖြစ်ပြီး ၁၅၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ဒုံးကျည်လေးစင်းကို လေကြောင်းရန်ကာကွယ်ရေးက ကြားဖြတ်ဟန့်တားခဲ့ပြီး ပဉ္စမမြောက်ဒုံးကျည်မှာမူ ၎င်း၏ နောက်ဆုံးပစ်မှတ်ကို လွဲချော်ကာ လူစည်ကားသော ပင်လယ်နက်ကမ်းခြေတွင် ထိပ်ဖူးပေါက်ကွဲခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့တွင် ထုတ်ပြန်ခဲ့သည်။

တနင်္ဂနွေနေ့က တိုက်ခိုက်မှုတွင် အမေရိကန်က ထောက်ပံ့ပေးထားသည့် လက်နက်များ အသုံးပြုမှုနှင့်ပတ်သက်၍ RIA က ပင်တဂွန်ကို မေးမြန်းသည့်အခါ တာဝန်ရှိသူတစ်ဦးက “အစီရင်ခံစာတွေကို သိရှိပြီးဖြစ်၍ မှတ်ချက်ပြုစရာမရှိပါဘူး”ဟု ပြန်ဖြေခဲ့သည်။ ဝါရှင်တန် သည် “ကြိုတင်ပြင်ဆင်ထားသော အကြမ်းဖက်ဒုံးကျည်တိုက်ခိုက်မှု”ကို လုပ်ဆောင်ခဲ့သည်ဟု မော်စကိုက စွပ်စွဲပြစ်တင်ခဲ့သည်။ ယူကရိန်းတပ်များထံ ထောက်ပံ့ထားသော အဆိုပါ ဒုံးကျည်များ၏ ပစ်မှတ်ကို အမေရိကန်အထူးကျွမ်းကျင်သူများက ထိန်းချုပ်ထားကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ပျံသန်းမှုခြေရာခံ Flightradar မှ အချက်အလက်များအရ အမေရိကန် RQ-4B Global Hawk ကင်းထောက်ဒရုန်းသည် ယူကရိန်းဒုံးကျည်တိုက်ခိုက်မှုအတွင်း ခရိုင်းမီးယားတောင်ပိုင်း ပင်လယ် နက်တွင် ကင်းလှည့်နေကြောင်း သိရသည်။ Sevastopol မြို့အုပ်ချုပ်ရေးမှူး Mikhail Razvozhaev ၏အဆိုအရ တနင်္ဂနွေနေ့ညတိုက်ခိုက်မှုကြောင့်ဒဏ်ရာရသူ ၁၅၁ ဦး ရှိခဲ့ပြီး တနင်္လာနေ့အစောပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ဘေးအန္တရာယ်ဆိုင်ရာ ဆေးပညာ ဗဟိုဌာနမှ အထူးကုအဖွဲ့တစ်ဖွဲ့သည် ဒဏ်ရာရသူများကို ကုသရန် Sevastopol မြို့သို့ ရောက်ရှိလာခဲ့ကြောင်း ဖော်ပြထားသည်။

ကိယက်ဗ်သည် လူစုလူဝေးကို ပစ်မှတ်အဖြစ် အထိတ်တလန့်ဖြစ်စေရန် တမင်တကာ ရွေးချယ်ခဲ့သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က တိုက်ခိုက်မှုအပြီးတွင် ပြောကြားခဲ့သည်။ ထို့ပြင် ခရစ်ယာန်တို့၏ အထွတ်အမြတ်ထားရာ Holy Trinity အားလပ်ရက်ကို တမင်ရွေး၍ တိုက်ခိုက်ခဲ့ကြောင်းလည်း သူမက စွပ်စွဲထား သည်။ ယူကရိန်းသည် ယခင်က အမေရိကန်ကပေးသော ATACMS ဒုံးကျည်များဖြင့် ခရိုင်းမီးယား ကျွန်းဆွယ်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ဖူးသည်။ မေလတွင် မဟာဗျူဟာကျသော ခရိုင်းမီးယား တံတားကို ပစ်မှတ်ထားသည့် ATACMS ၁၀ စင်းကို ပစ်ချခဲ့ရကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး Andrey Belousov က ဖော်ပြခဲ့သည်။

zawgyi version
ခ႐ိုင္းမီးယားကြၽန္းဆြယ္အား ယူကရိန္းတိုက္ခိုက္ခဲ့မႈႏွင့္ပတ္သက္၍ ပင္တဂြန္က မွတ္ခ်က္ျပဳရန္ ျငင္းဆို
ALynn (NP News) - ဇြန္ ၂၄

ခ႐ိုင္းမီးယားကြၽန္းဆြယ္၊ Sevastopol ၿမိဳ႕ရွိ လူစည္ကားေသာ ကမ္းေျခတြင္ တနဂၤေႏြေန႔ (ဇြန္လ ၂၃ ရက္) က ျဖစ္ပြားခဲ့ေသာ ယူကရိန္း၏ ဗုံးႀကဲတိုက္ခိုက္မႈႏွင့္ ပတ္သက္၍ မွတ္ခ်က္ေပးရန္ ပင္တဂြန္က ျငင္းဆိုခဲ့ေၾကာင္း ႐ုရွားသတင္းဌာန RIA Novosti က ေဖာ္ျပခဲ့သည္။

ယူကရိန္း၏ တိုက္ခိုက္မႈတြင္ အေမရိကန္က ေထာက္ပံ့ေပးထားေသာ ATACMS ဒုံးက်ည္မ်ားကို အသုံးျပဳခဲ့ျခင္းေၾကာင့္ အနည္းဆုံး လူေလးဦးေသဆုံးၿပီး ၎တို႔အနက္ ႏွစ္ဦးမွာ ကေလးမ်ားျဖစ္ၿပီး ၁၅၁ ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း ေဒသဆိုင္ရာ တာဝန္ရွိသူမ်ားက ေျပာၾကားခဲ့သည္။ ဒုံးက်ည္ေလးစင္းကို ေလေၾကာင္းရန္ကာကြယ္ေရးက ၾကားျဖတ္ဟန႔္တားခဲ့ၿပီး ပၪၥမေျမာက္ဒုံးက်ည္မွာမူ ၎၏ ေနာက္ဆုံးပစ္မွတ္ကို လြဲေခ်ာ္ကာ လူစည္ကားေသာ ပင္လယ္နက္ကမ္းေျခတြင္ ထိပ္ဖူးေပါက္ကြဲခဲ့ေၾကာင္း ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက တနဂၤေႏြေန႔တြင္ ထုတ္ျပန္ခဲ့သည္။

တနဂၤေႏြေန႔က တိုက္ခိုက္မႈတြင္ အေမရိကန္က ေထာက္ပံ့ေပးထားသည့္ လက္နက္မ်ား အသုံးျပဳမႈႏွင့္ပတ္သက္၍ RIA က ပင္တဂြန္ကို ေမးျမန္းသည့္အခါ တာဝန္ရွိသူတစ္ဦးက “အစီရင္ခံစာေတြကို သိရွိၿပီးျဖစ္၍ မွတ္ခ်က္ျပဳစရာမရွိပါဘူး”ဟု ျပန္ေျဖခဲ့သည္။ ဝါရွင္တန္ သည္ “ႀကိဳတင္ျပင္ဆင္ထားေသာ အၾကမ္းဖက္ဒုံးက်ည္တိုက္ခိုက္မႈ”ကို လုပ္ေဆာင္ခဲ့သည္ဟု ေမာ္စကိုက စြပ္စြဲျပစ္တင္ခဲ့သည္။ ယူကရိန္းတပ္မ်ားထံ ေထာက္ပံ့ထားေသာ အဆိုပါ ဒုံးက်ည္မ်ား၏ ပစ္မွတ္ကို အေမရိကန္အထူးကြၽမ္းက်င္သူမ်ားက ထိန္းခ်ဳပ္ထားေၾကာင္း ႐ုရွား ကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ခဲ့သည္။

ပ်ံသန္းမႈေျခရာခံ Flightradar မွ အခ်က္အလက္မ်ားအရ အေမရိကန္ RQ-4B Global Hawk ကင္းေထာက္ဒ႐ုန္းသည္ ယူကရိန္းဒုံးက်ည္တိုက္ခိုက္မႈအတြင္း ခ႐ိုင္းမီးယားေတာင္ပိုင္း ပင္လယ္ နက္တြင္ ကင္းလွည့္ေနေၾကာင္း သိရသည္။ Sevastopol ၿမိဳ႕အုပ္ခ်ဳပ္ေရးမႉး Mikhail Razvozhaev ၏အဆိုအရ တနဂၤေႏြေန႔ညတိုက္ခိုက္မႈေၾကာင့္ဒဏ္ရာရသူ ၁၅၁ ဦး ရွိခဲ့ၿပီး တနလၤာေန႔အေစာပိုင္းတြင္ က်န္းမာေရးဝန္ႀကီးဌာန၏ ေဘးအႏၲရာယ္ဆိုင္ရာ ေဆးပညာ ဗဟိုဌာနမွ အထူးကုအဖြဲ႕တစ္ဖြဲ႕သည္ ဒဏ္ရာရသူမ်ားကို ကုသရန္ Sevastopol ၿမိဳ႕သို႔ ေရာက္ရွိလာခဲ့ေၾကာင္း ေဖာ္ျပထားသည္။

ကိယက္ဗ္သည္ လူစုလူေဝးကို ပစ္မွတ္အျဖစ္ အထိတ္တလန႔္ျဖစ္ေစရန္ တမင္တကာ ေ႐ြးခ်ယ္ခဲ့သည္ဟု ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ Maria Zakharova က တိုက္ခိုက္မႈအၿပီးတြင္ ေျပာၾကားခဲ့သည္။ ထို႔ျပင္ ခရစ္ယာန္တို႔၏ အထြတ္အျမတ္ထားရာ Holy Trinity အားလပ္ရက္ကို တမင္ေ႐ြး၍ တိုက္ခိုက္ခဲ့ေၾကာင္းလည္း သူမက စြပ္စြဲထား သည္။ ယူကရိန္းသည္ ယခင္က အေမရိကန္ကေပးေသာ ATACMS ဒုံးက်ည္မ်ားျဖင့္ ခ႐ိုင္းမီးယား ကြၽန္းဆြယ္ကို ပစ္မွတ္ထားတိုက္ခိုက္ခဲ့ဖူးသည္။ ေမလတြင္ မဟာဗ်ဴဟာက်ေသာ ခ႐ိုင္းမီးယား တံတားကို ပစ္မွတ္ထားသည့္ ATACMS ၁၀ စင္းကို ပစ္ခ်ခဲ့ရေၾကာင္း ႐ုရွားကာကြယ္ေရးဝန္ႀကီး Andrey Belousov က ေဖာ္ျပခဲ့သည္။

Related news

© 2021. All rights reserved.