VPN နှင့်ပတ်သက်၍ ဖမ်းဆီးမှုရှိနေပါက တိုင်ကြားနိုင်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြော

 54979

သုတကျော် (NP News) - ဇွန် ၂၄

VPN နှင့်ပတ်သက်၍ ဖမ်းသည်ဟု ဆိုပါက တိုင်ကြားနိုင်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက BBC သတင်းဌာနသို့ ဖြေကြားရာတွင်ထည့်သွင်းပြောကြားထားသည်။

လက်ရှိ အခြေအနေအရ ပြည်သူများအကြားတွင် ဖုန်းအတွင်း VPN ဆော့ဝဲလ် ထည့်ထားပါက ဖမ်းဆီး ခြင်း၊ ဒဏ်ငွေဆောင်ခိုင်းခြင်းများရှိနေသည်ဟု လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာများထက်တွင် သတင်းများထွက်ပေါ်နေသည့်အပေါ် BBC က မေးမြန်းသည့်အပေါ် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ မြို့နယ်တို့ ဘာတို့မှာ သူ့အုပ်ချုပ်မှုအဖွဲ့ အဆင့်ဆင့်ရှိပြီးဖြစ်တယ်။ နယ်မြေခံရဲတွေရှိပြီး ဖြစ် ပါတယ်။ ဒါနဲ့ပတ်သက်ပြီး တိုင်ကြားနိုင်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

အချို့နေရာများတွင် ဖုန်းများကို စစ်ဆေးခြင်း ရှိကောင်းရှိနိုင်ပြီး ထိုသို့ စစ်ဆေးခြင်းမှာ အကြမ်း ဖက် အဖွဲ့နှင့်ပတ်သက်၍ ဆောင်ရွက်ခြင်း၊ ဆက်သွယ်ခြင်း ရှိ၊ မရှိကို စစ်ဆေးခြင်းသာ ဖြစ်ကြောင်း လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက အတိအလင်းပြောကြားသည်။

“ VPN နဲ့ပတ်သက်ပြီး လမ်းပေါ်တက်ဖမ်းတယ်ဆိုတာက ဒါဖြစ်နိုင်လား၊ မဖြစ်နိုင်လား ဆိုတာ ကတော့ ကိုယ့်ဘာသာ စဉ်းစားကြည့်ရင်တော့ ပိုပြီး သိနိုင်ပါတယ်ဗျာ။ VPN ဆိုတာလည်း Hide လုပ်ပြီး လုပ်လို့ရတာပဲလေ။ ကျွန်တော်တို့အနေနဲ့ နည်းပညာအရ လုပ်ဆောင်နေတာရှိတယ်။ ကမ္ဘာမှာ နည်း ပညာ အရရော၊ အင်အားအရရော အဆင့်အမြင့်ဆုံးဖြစ်နေတဲ့ အမေရိကန်တောင်မှ Tiktok နဲ့ပတ်သက်ပြီး ဘယ်လို သဘောထားရှိနေလဲ လက်တွေ့မြင်နေရတာပဲ။ ခုနက ပြောသလို မြေပြင်မှာ ဖြစ်နေတယ် ဆိုတာကတော့ ဒါတွေအပေါ်မှာမူတည်ပြီး ကောလာဟလ ဆောင်ရွက်တာ ဖြစ်ပါတယ်။ လူတစ်ယောက်မှာ ဖုန်း နှစ်လုံး၊ သုံးလုံး ကိုင်နေတဲ့ခေတ်မှာ ဒီဥစ္စာသည် ဟုတ်၊ မဟုတ်ဆိုတာ ကိုယ်တိုင် စဉ်းစားကြည့်ရင် သိနိုင်မယ်လို့ပြောနိုင်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

VPN များကို နည်းပညာအရ တားမြစ်ခြင်းများ လုပ်ထားသည်ဆိုရာတွင် ပြည်ပနည်းပညာရှင် များ ပါဝင်သည်ဆိုသော မေးခွန်းနှင့်ပတ်သက်၍ ဗိုလ်ချုပ် ဇော်မင်းထွန်းက နိုင်ငံခြားအကူအညီမပါ ကြောင်းလည်း ဖြေကြားခဲ့သည်။ ပြည်တွင်း အင်တာနက်ကွန်ရက်တွင် တားမြစ်ပိတ်ပင်ထားသော ဝက်ဘ်ဆိုက်များကို ဝင်မရစေရန်အတွက် တားဆီးသော Firewall နည်းပညာကို တရုတ်အကူအညီဖြင့် တည် ဆောက်ကာ ပြည်တွင်းက နည်းပညာကုမ္ပဏီ တစ်ခုကိုလည်း လုပ်ကိုင်ခွင့်ပေးထားသည်ဟု သတင်းထွက်ပေါ်နေသည့် အခြေ အနေနှင့်ပတ်သက်၍ မေးခွန်းတွင် မရှိပါဘူး။ နိုင်ငံတော်အဆင့် ဆောင်ရွက်တဲ့ လုပ်ငန်းတွေပဲ ဖြစ်တယ်။ နိုင်ငံတော် အဆင့်ဆောင်ရွက်တဲ့ လုပ်ငန်းတွေကို နိုင်ငံတော်အဆင့်ပဲ ဆောင် ရွက်ရတာ ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြေကြားသည်။

zawgyi version
VPN ႏွင့္ပတ္သက္၍ ဖမ္းဆီးမႈရွိေနပါက တိုင္ၾကားႏိုင္ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း ေျပာ
သုတေက်ာ္ (NP News) - ဇြန္ ၂၄

VPN ႏွင့္ပတ္သက္၍ ဖမ္းသည္ဟု ဆိုပါက တိုင္ၾကားႏိုင္ေၾကာင္း နစက သတင္းထုတ္ျပန္ေရးအဖြဲ႕မွ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက BBC သတင္းဌာနသို႔ ေျဖၾကားရာတြင္ထည့္သြင္းေျပာၾကားထားသည္။

လက္ရွိ အေျခအေနအရ ျပည္သူမ်ားအၾကားတြင္ ဖုန္းအတြင္း VPN ေဆာ့ဝဲလ္ ထည့္ထားပါက ဖမ္းဆီး ျခင္း၊ ဒဏ္ေငြေဆာင္ခိုင္းျခင္းမ်ားရွိေနသည္ဟု လူမႈကြန္ရက္ ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာမ်ားထက္တြင္ သတင္းမ်ားထြက္ေပၚေနသည့္အေပၚ BBC က ေမးျမန္းသည့္အေပၚ အထက္ပါအတိုင္း ထည့္သြင္းေျပာၾကားခဲ့ျခင္း ျဖစ္သည္။

“ ၿမိဳ႕နယ္တို႔ ဘာတို႔မွာ သူ႔အုပ္ခ်ဳပ္မႈအဖြဲ႕ အဆင့္ဆင့္ရွိၿပီးျဖစ္တယ္။ နယ္ေျမခံရဲေတြရွိၿပီး ျဖစ္ ပါတယ္။ ဒါနဲ႔ပတ္သက္ၿပီး တိုင္ၾကားႏိုင္ပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

အခ်ိဳ႕ေနရာမ်ားတြင္ ဖုန္းမ်ားကို စစ္ေဆးျခင္း ရွိေကာင္းရွိႏိုင္ၿပီး ထိုသို႔ စစ္ေဆးျခင္းမွာ အၾကမ္း ဖက္ အဖြဲ႕ႏွင့္ပတ္သက္၍ ေဆာင္႐ြက္ျခင္း၊ ဆက္သြယ္ျခင္း ရွိ၊ မရွိကို စစ္ေဆးျခင္းသာ ျဖစ္ေၾကာင္း လည္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက အတိအလင္းေျပာၾကားသည္။

“ VPN နဲ႔ပတ္သက္ၿပီး လမ္းေပၚတက္ဖမ္းတယ္ဆိုတာက ဒါျဖစ္ႏိုင္လား၊ မျဖစ္ႏိုင္လား ဆိုတာ ကေတာ့ ကိုယ့္ဘာသာ စဥ္းစားၾကည့္ရင္ေတာ့ ပိုၿပီး သိႏိုင္ပါတယ္ဗ်ာ။ VPN ဆိုတာလည္း Hide လုပ္ၿပီး လုပ္လို႔ရတာပဲေလ။ ကြၽန္ေတာ္တို႔အေနနဲ႔ နည္းပညာအရ လုပ္ေဆာင္ေနတာရွိတယ္။ ကမာၻမွာ နည္း ပညာ အရေရာ၊ အင္အားအရေရာ အဆင့္အျမင့္ဆုံးျဖစ္ေနတဲ့ အေမရိကန္ေတာင္မွ Tiktok နဲ႔ပတ္သက္ၿပီး ဘယ္လို သေဘာထားရွိေနလဲ လက္ေတြ႕ျမင္ေနရတာပဲ။ ခုနက ေျပာသလို ေျမျပင္မွာ ျဖစ္ေနတယ္ ဆိုတာကေတာ့ ဒါေတြအေပၚမွာမူတည္ၿပီး ေကာလာဟလ ေဆာင္႐ြက္တာ ျဖစ္ပါတယ္။ လူတစ္ေယာက္မွာ ဖုန္း ႏွစ္လုံး၊ သုံးလုံး ကိုင္ေနတဲ့ေခတ္မွာ ဒီဥစၥာသည္ ဟုတ္၊ မဟုတ္ဆိုတာ ကိုယ္တိုင္ စဥ္းစားၾကည့္ရင္ သိႏိုင္မယ္လို႔ေျပာႏိုင္ပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။

VPN မ်ားကို နည္းပညာအရ တားျမစ္ျခင္းမ်ား လုပ္ထားသည္ဆိုရာတြင္ ျပည္ပနည္းပညာရွင္ မ်ား ပါဝင္သည္ဆိုေသာ ေမးခြန္းႏွင့္ပတ္သက္၍ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ႏိုင္ငံျခားအကူအညီမပါ ေၾကာင္းလည္း ေျဖၾကားခဲ့သည္။ ျပည္တြင္း အင္တာနက္ကြန္ရက္တြင္ တားျမစ္ပိတ္ပင္ထားေသာ ဝက္ဘ္ဆိုက္မ်ားကို ဝင္မရေစရန္အတြက္ တားဆီးေသာ Firewall နည္းပညာကို တ႐ုတ္အကူအညီျဖင့္ တည္ ေဆာက္ကာ ျပည္တြင္းက နည္းပညာကုမၸဏီ တစ္ခုကိုလည္း လုပ္ကိုင္ခြင့္ေပးထားသည္ဟု သတင္းထြက္ေပၚေနသည့္ အေျခ အေနႏွင့္ပတ္သက္၍ ေမးခြန္းတြင္ မရွိပါဘူး။ ႏိုင္ငံေတာ္အဆင့္ ေဆာင္႐ြက္တဲ့ လုပ္ငန္းေတြပဲ ျဖစ္တယ္။ ႏိုင္ငံေတာ္ အဆင့္ေဆာင္႐ြက္တဲ့ လုပ္ငန္းေတြကို ႏိုင္ငံေတာ္အဆင့္ပဲ ေဆာင္ ႐ြက္ရတာ ျဖစ္ပါတယ္”ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျဖၾကားသည္။

Related news

© 2021. All rights reserved.