ကျစ်ဆံမြီး ဧရာဝတီ (AYARWADDY The BRAIDED HAIR River) အပိုင်း (၂) (အခန်းဆက်ဆောင်းပါးရှည်)
963
ဇာမဏီစံမောင်(NP News) - ဇွန် ၂၈
မြစ်ကြေပိုင်း
ဧရာဝတီမြစ်သည် မြောက်မှတောင်သို့စီးဆင်းပြီး မြန်မာပြည်အရှေ့ခြမ်းနှင့်အနောက်ခြမ်းကို အ လယ်မှ ပိုင်းခြားထားသည်။ ချင်းတွင်းမြစ်လက်တက် နှင့်ဆုံရာမှစ၍ ဧရာဝတီမြစ်သည် ပိုမိုကျယ်ပြန့် သော မြေနုလွင်ပြင်ကိုဖြတ်သန်းစီးဆင်းလေရကား ရေစီး နှေးသည်။ ချင်းတွင်းသယ်နုန်းအနှစ်များ ပါလာသည်။ ဧရာဝတီမြစ်သည် ယခုထက်ပို၍ မျက်နှာပြင်မြင့်ခဲ့ပြီး၊ သဲကျောက်တောင်ပြတ်၍ တွန့် ခေါက်ကျောက်မြေသည် ရေနံထွက်ခြင်းနှင့်ဆက်စပ်နေလေသည်။ အထူးသဖြင့် မြစ်ကြောင်းသည် အကွဲ ကွဲအပြားပြားနှင့် မကွေးဧရာဝတီတံတားနှင့်ဆင်ဖြူကျွန်းနားတွင် မြစ်ကြောင်းမလှ ရေတိမ်သောင်ထွန်းပြီး ခြေသလုံးမြုပ် ရုံ “ ကျစ်ဆံမြီးဧရာဝတီ ”ဘဝ ရောက်နေပါတော့သည်။ ရေလယ်ကျွန်းများဆိုသည်မှာ မြစ်တို့၏အိုစာရင့်ရော်မှု၊ အလှဖျက်သည့် ရန်သူတည်း။ ဥရောပတစ်ခွင်ကမြစ်များကို လေ့လာကြည့်ရာ တွင် သစ်တောများ မြစ်ကမ်းတံလျှောက်ထိန်းသိမ်းထားပြီး ရေတိုက်စားမှု လုံးဝမရှိစေဘဲ သောင်ထွန်းမှု နှင့် မြစ်လယ်ကျွန်း အလွန်ရှား၏။ ဤအပိုင်းတွင် ဧရာဝတီ မြစ်ကြောင်းသည် တစ်ဖြောင့်တည်းမနေဘဲ ဝေ့ဝိုက်ကာစီးဆင်းသည်။ မြေနုလွင်ပြင်ကိုဖြတ်စီးသည့်အခါ မြစ်ကမ်းပါးသည် သဲတို့ဖြင့်ဖုံးလွှမ်း၍ နိမ့်သည်။ တောင်ကုန်းကြား ဖြတ်စီးသည့်အခါ မြစ်ကမ်းပါးသည် မြင့်၏။
ဧရာဝတီမြစ်ဝကျွန်းပေါ်တွင် ပင်လယ်ထဲသို့စီးဝင်သော မြစ်ဝကိုးခုရှိသော်လည်း ပုသိမ်မြစ်ဝနှင့် ရန်ကုန်မြစ်ဝ နှစ်ခုတွင်းသို့သာလျှင် ပင်လယ်ကူး သင်္ဘောကြီးများ ဝင်ထွက်ဆိုက်ကပ်နိုင်ကြသည်။ ပုသိမ်မြစ်ဝနှင့် ရန်ကုန်မြစ်ဝသည် တစ်ခုနှင့်တစ်ခု မိုင် ၁၆၀ ခန့်ဝေးသည်။ ရန်ကုန်မြစ်သည် ဧရာဝတီ မြစ်ဝကျွန်းပေါ်နှင့် ဆက်လျက်ရှိသော်လည်း ဧရာဝတီမြစ်ဝကြီးမှရေသည် ရန်ကုန်မြစ်အတွင်းသို့ လုံးဝ စီးဝင်ခြင်းမရှိချေ။ အဘယ်ကြောင့်ဆိုသော် ရန်ကုန် မြစ်သည် ဧရာဝတီမြစ်မှခွဲထွက်လာသည်မဟုတ်ဘဲ ဧရာဝတီမြစ်အတွင်းသို့ ပူးပေါင်းစီးဝင်သည့် မြစ်မခ မြစ်ဖြစ်သည်။ ထို့အတူပင် ပုသိမ်မြစ်သည် ဧရာဝတီ မြစ်၏မြစ်ခွဲဖြစ်သော်လည်း ဧရာဝတီမြစ်ရေသည် ပုသိမ်မြစ်ထဲသို့ အနည်းငယ်သာစီးဝင်လေသည်။ အဘယ်ကြောင့်ဆိုသော် ပုသိမ်မြစ်နှင့်ဧရာဝတီမြစ်ကို ဆက်သောချောင်းသည် ကိုက် ၃၀ဝ ခန့်သာကျယ် ၍ ချောင်းတစ်ခုလုံး သဲသောင်ပြင်နှင့် ပြည့်နေသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ယင်းမြစ်ဝနှစ်ခုကို ဧရာဝတီမြစ်အစစ်ဟု ခေါ်ရန်မလွယ်ချေ။ ဧရာဝတီမြစ်မကြီးမှ ရေသည် ပင်လယ်ထဲသို့ အမှန်စီးထွက်ရာ ထွက်ပေါက်ကား ဧရာမြစ်ဝဖြစ်သည်။
လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ဝဝဝ၀ ကျော်က ဧရာဝတီမြစ်ဝသည် ပြည်မြို့နား၌ရှိသည်ဟု ခန့်မှန်း ကြသည်။ လွန်ခဲ့သည့်နှစ်ပေါင်း ၁၂၀ဝ၀ ခန့်ကပင် ဧရာဝတီမြစ်ဝသည် ယခုအခြေအတိုင်း မရှိသေးချေ။ ယခုဖြစ်ပေါ်နေသော မြစ်ဝကျွန်းပေါ်နေရာတစ်ခုလုံးသည် တွံတေး၊ မြောင်းမြ၊ ပုသိမ် စသော ဂဝံ ကျောက် ကုန်းရိုးများ ရေပြင်ပေါ်၌တက်နေသည့်ကျွန်းသဖွယ် ဖြစ်ပေါ်နေသော နေရာများမှတစ်ပါး အားလုံးပင် ပင်လယ်ရေပြင်ကြီး ဖြစ်လျက်ရှိသည်ဟု ဆိုကြသည်။ ထိုခေတ်အခါက ဒီတက် ဒီကျသည် ပြည်မြို့အထက်တွင်ဖြစ်သော်လည်း ယခုအခါ၌မူ ဒီရေသည် ညောင်တုန်းမြို့အထိပင် တစ်ခါတစ်ရံ မရောက်ချေ။ ဧရာဝတီမြစ်တစ်လျှောက် ရေစီးနှင့်အတူပါလာသော နုန်းမြေသည် ယခုမြစ်ဝကျွန်းပေါ် ဖြစ်နေသောနေရာ၌ တဖြည်းဖြည်းပို့ချကာ မြေနုကျွန်းပေါ်ဒေသဟူ၍ဖြစ်လာခြင်းဖြစ်သည်။
ဧရာဝတီမြစ်တစ်လျှောက်မှ မြစ်ဝသို့ တစ်နှစ်လျှင် နုန်းမြေတန်ပေါင်း ၂၆၁ သန်း စီးပါလာ သည်ဟု ခန့်မှန်းကြသည်။ မန္တလေးမြို့နေရာအထိ နုန်းမြေတန် ပေါင်း ၃၂ သန်း စီးပါလာပြီးလျှင် ချင်းတွင်းမြစ်ဘက် မှ တန်ပေါင်း ၁၀၉ သန်းပါလာ၍ အခြားမြစ်ချောင်းများ မှ တန်ပေါင်း သန်း ၁၂၀ ခန့် မျောပါလာသည်ဟု တွက်ဆကြသည်။ ၁၈၆၀/၁၈၇၀ ပြည့်နှစ်များနှင့် ၁၉၀၉/၁၉၁၀ ပြည့်နှစ်များက တိုင်းတာရေးဆွဲထား သော မြေမျက်နှာပြင်အနိမ့်အမြင့်တိုင်းတာချက်အရ ဘူမိဗေဒပညာရှင် ဒေါက်တာချစ်ဗား၏ယူဆချက်မှာ မြစ်ဝကျွန်းပေါ်ကမ်းခြေသည် အနှစ် (၁၀ဝ) ခန့်တွင် သုံးမိုင်ခန့်သာ အများဆုံးမြေဖို့၍ ကျယ်ထွက်လာသည် ဟုဆိုသည်။ ဆာအက်ဒွင်ပတ်စကိုဆိုသူ ဘူမိဗေဒပ ညာရှင်ကမူ တစ်နှစ်လျှင် ပေ ၂၀ဝ သို့မဟုတ် အနှစ်တစ်ရာလျှင် ၃.၇၉ မိုင် ပင်လယ်ထဲသို့ ပြန့်ထွက်လာသည်ဟု ယူဆသည်။ ပင်လယ်နှင့်စပ်လျက်ရှိသော မြေနုကျွန်းပေါ်ဒေသတွင် ကနစိုတောများပေါက်ရောက်၍ မြစ်ဝကျွန်းပေါ်တစ်ခုလုံး၌မူ ဆန်စပါးအကြီးအကျယ်စိုက်ပျိုးသည်။ ဧရာဝတီမြစ်တွင် ငါးမျိုးစိတ်ပေါင်း (၇၉) မျိုး ခိုလှုံရာနေထိုင်ကြသည့်အပြင် ၂၀ဝ၂ ခုနှစ်အထိလေ့လာချက်များအရ ဧရာဝတီမြစ်ဝှမ်း၌ လူအများအသိအမှတ်ပြုထားသော ငှက်စား ကျက်နယ်မြေ (၄) ခုလည်းရှိသည်။ မြစ်၏ ဇီဝသတ္တ စုံလင် ထွေပြားမှုအကြောင်းနှင့်ပတ်သက်၍ ကောင်း စွာလေ့လာထားသည်များလည်း မရှိသေးချေ။ ရေနေ သတ္တဝါ မျိုးစိတ်ပေါင်းများစွာ မှီတင်းနေထိုင်ကြသည်။ ထိုမျိုးစိတ်များအနက်မှ အထူးထင်ရှားသည့် မျိုးစိတ်သတ္တဝါမှာ ဧရာဝတီလင်းပိုင်ဖြစ်သည်။ မကြာသေးမီက တောင်ကျချောင်း ငါးခူမျိုးစိတ်သစ်များ ကို ထပ်မံတွေ့ရှိခဲ့ပြီး၊ ဧရာဝတီမြစ်ဆုံနှင့် သိပ်မဝေးလှသောနေရာများတွင် ၂၀ဝ၅ ခုနှစ်က တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ ဧရာဝတီမြစ်သည် ကမ္ဘာပေါ်တွင် ပဉ္စမမြောက် နုန်းတင်မြေနှစ်များ အများဆုံး ပို့ချပေးနိုင်သော မြစ်လည်းဖြစ်သည်။
မြစ်ဆုံဆည်စီမံကိန်းနှင့် မြစ်ဆုံကော်မရှင်ပေါ်ပေါက်လာခြင်း၏ နောက်ခံသမိုင်းဖြစ်ရပ်မှန် ထိုသို့ နုန်း မြေများပို့ချနေခြင်း၊ မြစ်ကြောင်းတစ်လျှောက် သဲ သောင်များထွန်းပေါ်ခြင်း၊နွေအခါတွင်ရေနည်း လွန်းပြီး မိုးအခါတွင် ရေကြီးရေလျှံခြင်းများကို လွန်ခဲ့သည့် နှစ်(၁၀ဝ)တွင်းခံစားခဲ့ရသည်။ မြစ်ကြောင်း တိမ်ကောမှု သောင်ထွန်းမှုများကြောင့် မူလရာသီမရွေး သွားလာနိုင်သည့်ရေကြောင်းတို့မှာ မိုးတွင်း ကာလတွင်သာ သွားလာရနိုင်တော့သည်ကိုတွေ့ရသည်။
မေလ မှ နိုဝင်ဘာလအထိသာသုံးနိုင်ပါတော့သည်။ ရာဇဝင်များ၏သတို့သမီးမြစ်ကြီးဧရာဝတီကို River Management Project မြစ်ကြောင်းပြုပြင်ထိန်းသိမ်းရေး စီမံခန့်ခွဲမှုလုပ်ငန်းများလုပ်ရန် ဘတ်ဂျက် မရှိသည့် အဆင့်ဆင့်သောအစိုးရများ မျှော်လင့် အိမ်မက်များစွာမက်ခဲ့ကြသည်။ သို့သော်၂၀ဝ၀ ပြည့် လွန်နှစ်များတွင် ထိုအိမ်မက်များ စတင်အကောင်အထည်ဖော်နိုင်မည့်အခြေအနေများ စတင်မြင်တွေ့ လာရသည်။ အိမ်မက်များရှည်လျားလှပါ၏။
ထိုစဉ်က တပ်မတော်အစိုးရအကြီးအကဲသည် လက်ရှိအငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေဖြစ် သည်။ ယင်းလက်ထက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်အစိုးရက နေပြည်တော်သို့ “တရုတ်-မြန်မာရေကြောင်းခါးပတ်လမ်း” စီမံကိန်းညှိနှိုင်းမှုများစတင်လာခဲ့ပြီး ထိုစဉ်က နိုငငံတော်အကြီးအကဲကလည်း စိတ်ဝင်စားမှုရှိခဲ့ကြောင်းသိရသည်။
မြစ်ဆုံစီမံကိန်းအစပြုလာရာလမ်းကြောင်း ဖြစ်စဉ်များ
“ တရုတ်-မြန်မာ ဧရာဝတီမြစ် စီးပွားရေးရပ်ဝန်း” သို့မဟုတ် “တရုတ်-မြန်မာ ရေကြောင်း ခါးပတ်လမ်း” စီမံကိန်းသည် အိန္ဒိယသမုဒ္ဒရာကို လက်လှမ်းမီရန် ကြိုးပမ်းသည့် တရုတ်၏ စီမံကိန်း များအနက်မှ တစ်ခုဖြစ်သည်။ ဘေဂျင်းက ကျောထောက်နောက်ခံပြုပေးထားပြီး ယူနန်ပြည်နယ်မှ တာဝန်ယူအကောင်အထည်ဖော်ရန်စီမံထားသော စီမံကိန်းလည်းဖြစ်သည်။
မြန်မာနိုင်ငံ၏ အသက်သွေးကြောဖြစ်ပြီး နိုင်ငံ၏ မြောက်မှတောင်သို့ ဖြတ်သန်းစီးဆင်းနေသော ဧရာဝတီမြစ်ပေါ်တွင် ဆိပ်ကမ်းများတည်ဆောက်ကာ တရုတ်နိုင်ငံမှကုန်ပစ္စည်းများနှင့် ဒေသတွင်းနိုင်ငံများမှ ထွက်ကုန်ပစ္စည်းများကို အပြန်အလှန်တင်ပို့ ရန်စီစဉ်ထားသည်။
စီမံကိန်း၏ အဓိကရည်ရွယ်ချက်မှာ တရုတ်နိုင်ငံ၏ အကြီးဆုံးဆိပ်ကမ်းတစ်ခုဖြစ်ပြီး ကမ္ဘာတွင် ကုန်စည်သင်္ဘော အဝင်အထွက်အများဆုံးဆိပ်ကမ်းမြို့ဖြစ်သည့် ရှန်ဟိုင်းမှကုန်စည်များကို ကုန်းလမ်း ကြောင်းမှတစ်ဆင့် ယူနန်ပြည်နယ်၏မြို့တော်ဖြစ်သော ကူမင်းမြို့သို့တင်ပို့မည်ဖြစ်သည်။ ကူမင်းမြို့မှ တစ်ဆင့် ကုန်ပစ္စည်းများကို တရုတ်-မြန်မာနယ်စပ်မြို့ လုံချွန်းခရိုင်မှတစ်ဆင့် ကျန်းဖုန်း/လွယ်ဂျယ် နယ်စပ်ဂိတ်ကိုဖြတ်သန်းကာ ဗန်းမော်မြို့သို့ ရထားလမ်း သို့မဟုတ် ကုန်လမ်းကြောင်းမှတင်ပို့မည်။ ထိုမှတစ်ဆင့် ဗန်းမော်မြို့ဆိပ်ကမ်းမှ မကွေးမြို့၊ မန္တလေးမြို့၊ ရန်ကုန်မြို့တို့ကိုဖြတ်သန်း၍ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှ အက်ဒမန်ပင်လယ်ပြင်၊ ထို့မှတစ်ဆင့် အိန္ဒိယသမုဒ္ဒရာသို့ ဆက်သွယ်မည် ဖြစ်သည်။
ကနဦးအစီအစဉ်မှာ ကူမင်းနှင့်ဗန်းမော်မြို့တို့ကို ကုန်လမ်းကြောင်း၊ ရထားလမ်း ကြောင်း နှစ်သွယ်ဖြင့် ဆက်သွယ်ရန်ဖြစ်သည်။ ကုန်စည်များကို ကျန်းဖုန်း နှင့် ဗန်းမော်မြို့သို့ တင်ပို့ချိတ်ဆက်နိုင် မည့် နယ်စပ်ပူးပေါင်းစီးပွားဇုန်တစ်ခုတည်ဆောက်ရန်ကိုလည်း မြန်မာကို တရုတ်က အဆိုပြုထားသည်။
ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏အရေးကြီးဆုံး ရေလမ်းကြောင်းဖြစ်ကာ ဧရာဝတီမြစ်ဝကျွန်း ပေါ်မှ တစ်ဆင့် အက်ဒမန်ပင်လယ်ထဲသို့စီးဝင်သည်။ ရာဇဝင်များ၏သတို့သမီးဧရာဝတီသည် မြန်မာ နိုင်ငံ၏ အဓိကကျသော မြို့ပေါင်း ၆၀ နီးပါးနှင့် ချိတ်ဆက်နေပြီး မြစ်ကြောင်းတစ်လျှောက်တွင် လူ သန်း ပေါင်း ၃၀ ခန့် နေထိုင် အသက်မွေးဝမ်းကြောင်းပြုလျက်ရှိမည်ဟု ခန့်မှန်းထားသည်။ လက်ရှိအချိန်တွင် ထိုစီမံကိန်းကို တရုတ်မြန်မာ စီးပွားရေးစင်္ကြံအောက်ရှိ အထူးဦးစားပေး စီမံကိန်းစာရင်းတွင်ထည့်သွင်းရန် တရုတ်နိုင်ငံဘက်က ယနေ့အထိ စဉ်ဆက်မပြတ် စိတ်ရှည်စွာ ကြိုးပမ်းလျက်ရှိသည်။
စီမံကိန်းဖြစ်စဉ်နောက်ခံ
ယူနန်ပြည်နယ်နှင့် အိန္ဒိယသမုဒ္ဒရာကို ချိတ်ဆက်သည့် မဟာဗျူဟာကျကုန်သွယ်မှု လမ်း ကြောင်းကို အကောင်အထည်ဖော်ရန် တရုတ်နိုင်ငံသည် လွန်ခဲ့သည့် နှစ်၂၀ ကျော်ကတည်းက ကြိုးပမ်း မှုများ ရှိခဲ့သည်။ ဧရာဝတီမြစ်ကိုအသုံးပြု၍ ကုန်ပစ္စည်းများ တင်ပို့တင်သွင်းသည့် ရေလမ်းကြောင်း ဖောက်ရန် ယူနန်ပြည်နယ်အစိုးရသည် ၁၉၈၉ ခုနှစ်ကပင် မြန်မာ့တပ်မတော်အစိုးရနှင့် ဆွေးနွေးချက်များရှိခဲ့သည်။
ထိုအချိန်က တရုတ်သမ္မတကျန်းကျိရိ မြန်မာနိုင်ငံသို့လာရောက်သည့် နိုင်ငံတော်အဆင့်ခရီးစဉ် တွင် တပ်မတော်အစိုးရခေါင်းဆောင်များနှင့်တွေ့ဆုံပြီးနောက် အဆိုပါစီမံကိန်းကို အကောင်အထည်ဖော် ရန် နှစ်ဖက်သဘောတူခဲ့သည်။ ယင်းစီမံကိန်းမှာ လက်ရှိတွင် ယခုအကောင်အထည်ဖော်ရန်ကြိုးပမ်းနေသည့် တရုတ်-မြန်မာ ဧရာဝတီမြစ်စီးပွားရေးရပ်ဝန်းလမ်းကြောင်းနှင့်အတူတူပင်ဖြစ်သည်။ တပ်မတော်အစိုးရလက်ထက်တွင် ထိုစီမံကိန်းကိုအကောင်အထည်ဖော်ရန် နှစ်ဖက်အကြား အကြိမ်ကြိမ်အစည်းအဝေးပြုလုပ်ခဲ့ကြသည်။
ထိုကာလက စီမံကိန်း၏အမည်မှာ “ တရုတ်၊ ကူမင်း-မြန်မာ၊ ရန်ကုန် ဧရာဝတီမြစ်ကြောင်း သယ်ယူပို့ ဆောင်ရေးစင်္ကြံ (China Kunming-Myanmar Yangon-Ayeyarwaddy «Irrawaddy» River Portage Passage) ဖြစ်သည်။ ထို့ပြင် “ တရုတ်-မြန်မာ ကုန်းလမ်းရေလမ်းကြောင်း သယ်ယူပို့ ဆောင်ရေးစင်္ကြံ (Sino-Myanmar Land and Water Transportation Passage)အဖြစ်လည်း ခေါ်ဆိုကြသည်။ တရုတ်အစိုးရနှင့် မြန်မာအစိုးရအကြား အကျေအလည်ဆွေးနွေးပြီးနောက် အချောသပ် လက်မှတ်ထိုးရန်ပြင်ဆင်ခဲ့သည်။ အချောသပ် လက်မှတ်ထိုးမည့်အဆင့်တွင် နှစ်ဖက်အကြား သဘောထားကွဲလွဲခဲ့သောကြောင့် စီမံကိန်းအကောင်အထည်ဖော်ရေး ဆွေးနွေးမှုအားလုံးကို ၂၀ဝ၄ ခုနှစ်တွင် ရပ်ဆိုင်းလိုက်သည်။ သဘောထားကွဲလွဲမှုများနှင့် ပတ်သတ်ပြီး နှစ်ဖက်စလုံးမှထုတ်ဖော် ပြောခြင်းမပြုခဲ့ပေ။ ယနေ့မှ စတင်ပြီး နိုင်ငံသားများအပေါ်တွင် အမှန်တိုင်းသိရှိနိုင်စေရန်ဖော်ထုတ်သင့် သည်။ ထိုအချိန်က အခြေအနေများကိုသိသူများ ပင်စင်သွားပြီလား သို့မဟုတ် အရပ်သားအစိုးရ က လည်း လက်လှမ်းမီဖို့ ကြိုတင်ပြင်ဆင်ထားသည့်အစီအစဉ်များ လုံးဝ မတွေ့ရပါချေ။ ထိုစီမံကိန်း အကောင်အထည်ဖော်ရေး အစီအမံသည် တရုတ်နိုင်ငံ၊ နိုင်ငံတော်ကောင်စီ၏အခြေခံ အဆောက် အအုံများ တစ်ပြိုင်တည်းဆက်သွယ်တည်ဆောက်ခြင်း မဟာအစီအမံ(၂၀၁၄-၂၀၃၅)တွင် ထည့်သွင်း ထားသည်။ ထို့ပြင် ယူနန်ပြည်နယ်၏ ရေလမ်းကြောင်းသယ်ယူပို့ဆောင်ရေးဖွံ့ဖြိုးမှုစီမံကိန်း (၂၀၁၄ - ၂၀၂၀ )၊ ယူနန်ပြည်နယ် နယ်စပ်ဒေသများဖွံ့ဖြိုးမှု အစီအမံ(၂၀၁၄-၂၀၂၀)တွင်လည်း ထည့်သွင်းထား သည်။ ဒဲဟုန်(တက်ဟုန်း)ပြည်နယ်ခွဲသည် ထိုအစီအမံကို လုံချွန်း ဒေသဖွံ့ဖြိုးရေးအစီ အမံ(၂၀၁၉)တွင်လည်းထည့်သွင်းထားသည်။ ကာလကြာရှည်ရပ်ဆိုင်းနေသောစီမံကိန်းကို “ ဧရာဝတီ စီးပွားရေးရပ် ဝန်း” သို့မဟုတ် “ ရေကြောင်းခါးပတ်လမ်း စီမံကိန်း” အဖြစ်အသက်သွင်းရန် ၂၀၁၈ ခုနှစ်တွင် တရုတ် နိုင်ငံဘက်က တစ်ဖန်ကြိုးပမ်းလာခဲ့သည်။
အပိုင်း(၃)ကို ဆက်လက်ဖော်ပြမည် . . .
zawgyi version
က်စ္ဆံၿမီး ဧရာဝတီ (AYARWADDY The BRAIDED HAIR River) (အခန္းဆက္ေဆာင္းပါးရွည္)
ဇာမဏီစံေမာင္(NP News) - ဇြန္ ၂၈
ျမစ္ေၾကပိုင္း
ဧရာဝတီျမစ္သည္ ေျမာက္မွေတာင္သို႔စီးဆင္းၿပီး ျမန္မာျပည္အေရွ႕ျခမ္းႏွင့္အေနာက္ျခမ္းကို အ လယ္မွ ပိုင္းျခားထားသည္။ ခ်င္းတြင္းျမစ္လက္တက္ ႏွင့္ဆုံရာမွစ၍ ဧရာဝတီျမစ္သည္ ပိုမိုက်ယ္ျပန႔္ ေသာ ေျမႏုလြင္ျပင္ကိုျဖတ္သန္းစီးဆင္းေလရကား ေရစီး ေႏွးသည္။ ခ်င္းတြင္းသယ္ႏုန္းအႏွစ္မ်ား ပါလာသည္။ ဧရာဝတီျမစ္သည္ ယခုထက္ပို၍ မ်က္ႏွာျပင္ျမင့္ခဲ့ၿပီး၊ သဲေက်ာက္ေတာင္ျပတ္၍ တြန႔္ ေခါက္ေက်ာက္ေျမသည္ ေရနံထြက္ျခင္းႏွင့္ဆက္စပ္ေနေလသည္။ အထူးသျဖင့္ ျမစ္ေၾကာင္းသည္ အကြဲ ကြဲအျပားျပားႏွင့္ မေကြးဧရာဝတီတံတားႏွင့္ဆင္ျဖဴကြၽန္းနားတြင္ ျမစ္ေၾကာင္းမလွ ေရတိမ္ေသာင္ထြန္းၿပီး ေျခသလုံးျမဳပ္ ႐ုံ “ က်စ္ဆံၿမီးဧရာဝတီ ”ဘဝ ေရာက္ေနပါေတာ့သည္။ ေရလယ္ကြၽန္းမ်ားဆိုသည္မွာ ျမစ္တို႔၏အိုစာရင့္ေရာ္မႈ၊ အလွဖ်က္သည့္ ရန္သူတည္း။ ဥေရာပတစ္ခြင္ကျမစ္မ်ားကို ေလ့လာၾကည့္ရာ တြင္ သစ္ေတာမ်ား ျမစ္ကမ္းတံေလွ်ာက္ထိန္းသိမ္းထားၿပီး ေရတိုက္စားမႈ လုံးဝမရွိေစဘဲ ေသာင္ထြန္းမႈ ႏွင့္ ျမစ္လယ္ကြၽန္း အလြန္ရွား၏။ ဤအပိုင္းတြင္ ဧရာဝတီ ျမစ္ေၾကာင္းသည္ တစ္ေျဖာင့္တည္းမေနဘဲ ေဝ့ဝိုက္ကာစီးဆင္းသည္။ ေျမႏုလြင္ျပင္ကိုျဖတ္စီးသည့္အခါ ျမစ္ကမ္းပါးသည္ သဲတို႔ျဖင့္ဖုံးလႊမ္း၍ နိမ့္သည္။ ေတာင္ကုန္းၾကား ျဖတ္စီးသည့္အခါ ျမစ္ကမ္းပါးသည္ ျမင့္၏။
ဧရာဝတီျမစ္ဝကြၽန္းေပၚတြင္ ပင္လယ္ထဲသို႔စီးဝင္ေသာ ျမစ္ဝကိုးခုရွိေသာ္လည္း ပုသိမ္ျမစ္ဝႏွင့္ ရန္ကုန္ျမစ္ဝ ႏွစ္ခုတြင္းသို႔သာလွ်င္ ပင္လယ္ကူး သေဘၤာႀကီးမ်ား ဝင္ထြက္ဆိုက္ကပ္ႏိုင္ၾကသည္။ ပုသိမ္ျမစ္ဝႏွင့္ ရန္ကုန္ျမစ္ဝသည္ တစ္ခုႏွင့္တစ္ခု မိုင္ ၁၆၀ ခန႔္ေဝးသည္။ ရန္ကုန္ျမစ္သည္ ဧရာဝတီ ျမစ္ဝကြၽန္းေပၚႏွင့္ ဆက္လ်က္ရွိေသာ္လည္း ဧရာဝတီျမစ္ဝႀကီးမွေရသည္ ရန္ကုန္ျမစ္အတြင္းသို႔ လုံးဝ စီးဝင္ျခင္းမရွိေခ်။ အဘယ္ေၾကာင့္ဆိုေသာ္ ရန္ကုန္ ျမစ္သည္ ဧရာဝတီျမစ္မွခြဲထြက္လာသည္မဟုတ္ဘဲ ဧရာဝတီျမစ္အတြင္းသို႔ ပူးေပါင္းစီးဝင္သည့္ ျမစ္မခ ျမစ္ျဖစ္သည္။ ထို႔အတူပင္ ပုသိမ္ျမစ္သည္ ဧရာဝတီ ျမစ္၏ျမစ္ခြဲျဖစ္ေသာ္လည္း ဧရာဝတီျမစ္ေရသည္ ပုသိမ္ျမစ္ထဲသို႔ အနည္းငယ္သာစီးဝင္ေလသည္။ အဘယ္ေၾကာင့္ဆိုေသာ္ ပုသိမ္ျမစ္ႏွင့္ဧရာဝတီျမစ္ကို ဆက္ေသာေခ်ာင္းသည္ ကိုက္ ၃၀ဝ ခန႔္သာက်ယ္ ၍ ေခ်ာင္းတစ္ခုလုံး သဲေသာင္ျပင္ႏွင့္ ျပည့္ေနေသာေၾကာင့္ျဖစ္သည္။ ထို႔ေၾကာင့္ ယင္းျမစ္ဝႏွစ္ခုကို ဧရာဝတီျမစ္အစစ္ဟု ေခၚရန္မလြယ္ေခ်။ ဧရာဝတီျမစ္မႀကီးမွ ေရသည္ ပင္လယ္ထဲသို႔ အမွန္စီးထြက္ရာ ထြက္ေပါက္ကား ဧရာျမစ္ဝျဖစ္သည္။
လြန္ခဲ့သည့္ႏွစ္ေပါင္း ၃၀ဝဝဝ၀ ေက်ာ္က ဧရာဝတီျမစ္ဝသည္ ျပည္ၿမိဳ႕နား၌ရွိသည္ဟု ခန႔္မွန္း ၾကသည္။ လြန္ခဲ့သည့္ႏွစ္ေပါင္း ၁၂၀ဝ၀ ခန႔္ကပင္ ဧရာဝတီျမစ္ဝသည္ ယခုအေျခအတိုင္း မရွိေသးေခ်။ ယခုျဖစ္ေပၚေနေသာ ျမစ္ဝကြၽန္းေပၚေနရာတစ္ခုလုံးသည္ တြံေတး၊ ေျမာင္းျမ၊ ပုသိမ္ စေသာ ဂဝံ ေက်ာက္ ကုန္း႐ိုးမ်ား ေရျပင္ေပၚ၌တက္ေနသည့္ကြၽန္းသဖြယ္ ျဖစ္ေပၚေနေသာ ေနရာမ်ားမွတစ္ပါး အားလုံးပင္ ပင္လယ္ေရျပင္ႀကီး ျဖစ္လ်က္ရွိသည္ဟု ဆိုၾကသည္။ ထိုေခတ္အခါက ဒီတက္ ဒီက်သည္ ျပည္ၿမိဳ႕အထက္တြင္ျဖစ္ေသာ္လည္း ယခုအခါ၌မူ ဒီေရသည္ ေညာင္တုန္းၿမိဳ႕အထိပင္ တစ္ခါတစ္ရံ မေရာက္ေခ်။ ဧရာဝတီျမစ္တစ္ေလွ်ာက္ ေရစီးႏွင့္အတူပါလာေသာ ႏုန္းေျမသည္ ယခုျမစ္ဝကြၽန္းေပၚ ျဖစ္ေနေသာေနရာ၌ တျဖည္းျဖည္းပို႔ခ်ကာ ေျမႏုကြၽန္းေပၚေဒသဟူ၍ျဖစ္လာျခင္းျဖစ္သည္။
ဧရာဝတီျမစ္တစ္ေလွ်ာက္မွ ျမစ္ဝသို႔ တစ္ႏွစ္လွ်င္ ႏုန္းေျမတန္ေပါင္း ၂၆၁ သန္း စီးပါလာ သည္ဟု ခန႔္မွန္းၾကသည္။ မႏၲေလးၿမိဳ႕ေနရာအထိ ႏုန္းေျမတန္ ေပါင္း ၃၂ သန္း စီးပါလာၿပီးလွ်င္ ခ်င္းတြင္းျမစ္ဘက္ မွ တန္ေပါင္း ၁၀၉ သန္းပါလာ၍ အျခားျမစ္ေခ်ာင္းမ်ား မွ တန္ေပါင္း သန္း ၁၂၀ ခန႔္ ေမ်ာပါလာသည္ဟု တြက္ဆၾကသည္။ ၁၈၆၀/၁၈၇၀ ျပည့္ႏွစ္မ်ားႏွင့္ ၁၉၀၉/၁၉၁၀ ျပည့္ႏွစ္မ်ားက တိုင္းတာေရးဆြဲထား ေသာ ေျမမ်က္ႏွာျပင္အနိမ့္အျမင့္တိုင္းတာခ်က္အရ ဘူမိေဗဒပညာရွင္ ေဒါက္တာခ်စ္ဗား၏ယူဆခ်က္မွာ ျမစ္ဝကြၽန္းေပၚကမ္းေျခသည္ အႏွစ္ (၁၀ဝ) ခန႔္တြင္ သုံးမိုင္ခန႔္သာ အမ်ားဆုံးေျမဖို႔၍ က်ယ္ထြက္လာသည္ ဟုဆိုသည္။ ဆာအက္ဒြင္ပတ္စကိုဆိုသူ ဘူမိေဗဒပ ညာရွင္ကမူ တစ္ႏွစ္လွ်င္ ေပ ၂၀ဝ သို႔မဟုတ္ အႏွစ္တစ္ရာလွ်င္ ၃.၇၉ မိုင္ ပင္လယ္ထဲသို႔ ျပန႔္ထြက္လာသည္ဟု ယူဆသည္။ ပင္လယ္ႏွင့္စပ္လ်က္ရွိေသာ ေျမႏုကြၽန္းေပၚေဒသတြင္ ကနစိုေတာမ်ားေပါက္ေရာက္၍ ျမစ္ဝကြၽန္းေပၚတစ္ခုလုံး၌မူ ဆန္စပါးအႀကီးအက်ယ္စိုက္ပ်ိဳးသည္။ ဧရာဝတီျမစ္တြင္ ငါးမ်ိဳးစိတ္ေပါင္း (၇၉) မ်ိဳး ခိုလႈံရာေနထိုင္ၾကသည့္အျပင္ ၂၀ဝ၂ ခုႏွစ္အထိေလ့လာခ်က္မ်ားအရ ဧရာဝတီျမစ္ဝွမ္း၌ လူအမ်ားအသိအမွတ္ျပဳထားေသာ ငွက္စား က်က္နယ္ေျမ (၄) ခုလည္းရွိသည္။ ျမစ္၏ ဇီဝသတၱ စုံလင္ ေထြျပားမႈအေၾကာင္းႏွင့္ပတ္သက္၍ ေကာင္း စြာေလ့လာထားသည္မ်ားလည္း မရွိေသးေခ်။ ေရေန သတၱဝါ မ်ိဳးစိတ္ေပါင္းမ်ားစြာ မွီတင္းေနထိုင္ၾကသည္။ ထိုမ်ိဳးစိတ္မ်ားအနက္မွ အထူးထင္ရွားသည့္ မ်ိဳးစိတ္သတၱဝါမွာ ဧရာဝတီလင္းပိုင္ျဖစ္သည္။ မၾကာေသးမီက ေတာင္က်ေခ်ာင္း ငါးခူမ်ိဳးစိတ္သစ္မ်ား ကို ထပ္မံေတြ႕ရွိခဲ့ၿပီး၊ ဧရာဝတီျမစ္ဆုံႏွင့္ သိပ္မေဝးလွေသာေနရာမ်ားတြင္ ၂၀ဝ၅ ခုႏွစ္က ေတြ႕ရွိခဲ့ရျခင္း ျဖစ္သည္။ ဧရာဝတီျမစ္သည္ ကမာၻေပၚတြင္ ပၪၥမေျမာက္ ႏုန္းတင္ေျမႏွစ္မ်ား အမ်ားဆုံး ပို႔ခ်ေပးႏိုင္ေသာ ျမစ္လည္းျဖစ္သည္။
ျမစ္ဆုံဆည္စီမံကိန္းႏွင့္ ျမစ္ဆုံေကာ္မရွင္ေပၚေပါက္လာျခင္း၏ ေနာက္ခံသမိုင္းျဖစ္ရပ္မွန္ ထိုသို႔ ႏုန္း ေျမမ်ားပို႔ခ်ေနျခင္း၊ ျမစ္ေၾကာင္းတစ္ေလွ်ာက္ သဲ ေသာင္မ်ားထြန္းေပၚျခင္း၊ေႏြအခါတြင္ေရနည္း လြန္းၿပီး မိုးအခါတြင္ ေရႀကီးေရလွ်ံျခင္းမ်ားကို လြန္ခဲ့သည့္ ႏွစ္(၁၀ဝ)တြင္းခံစားခဲ့ရသည္။ ျမစ္ေၾကာင္း တိမ္ေကာမႈ ေသာင္ထြန္းမႈမ်ားေၾကာင့္ မူလရာသီမေ႐ြး သြားလာႏိုင္သည့္ေရေၾကာင္းတို႔မွာ မိုးတြင္း ကာလတြင္သာ သြားလာရႏိုင္ေတာ့သည္ကိုေတြ႕ရသည္။
ေမလ မွ ႏိုဝင္ဘာလအထိသာသုံးႏိုင္ပါေတာ့သည္။ ရာဇဝင္မ်ား၏သတို႔သမီးျမစ္ႀကီးဧရာဝတီကို River Management Project ျမစ္ေၾကာင္းျပဳျပင္ထိန္းသိမ္းေရး စီမံခန႔္ခြဲမႈလုပ္ငန္းမ်ားလုပ္ရန္ ဘတ္ဂ်က္ မရွိသည့္ အဆင့္ဆင့္ေသာအစိုးရမ်ား ေမွ်ာ္လင့္ အိမ္မက္မ်ားစြာမက္ခဲ့ၾကသည္။ သို႔ေသာ္၂၀ဝ၀ ျပည့္ လြန္ႏွစ္မ်ားတြင္ ထိုအိမ္မက္မ်ား စတင္အေကာင္အထည္ေဖာ္ႏိုင္မည့္အေျခအေနမ်ား စတင္ျမင္ေတြ႕ လာရသည္။ အိမ္မက္မ်ားရွည္လ်ားလွပါ၏။
ထိုစဥ္က တပ္မေတာ္အစိုးရအႀကီးအကဲသည္ လက္ရွိအၿငိမ္းစား ဗိုလ္ခ်ဳပ္မႉးႀကီးသန္းေ႐ႊျဖစ္ သည္။ ယင္းလက္ထက္တြင္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ ယူနန္ျပည္နယ္အစိုးရက ေနျပည္ေတာ္သို႔ “တ႐ုတ္-ျမန္မာေရေၾကာင္းခါးပတ္လမ္း” စီမံကိန္းညႇိႏႈိင္းမႈမ်ားစတင္လာခဲ့ၿပီး ထိုစဥ္က ႏိုငငံေတာ္အႀကီးအကဲကလည္း စိတ္ဝင္စားမႈရွိခဲ့ေၾကာင္းသိရသည္။
ျမစ္ဆုံစီမံကိန္းအစျပဳလာရာလမ္းေၾကာင္း ျဖစ္စဥ္မ်ား
“ တ႐ုတ္-ျမန္မာ ဧရာဝတီျမစ္ စီးပြားေရးရပ္ဝန္း” သို႔မဟုတ္ “တ႐ုတ္-ျမန္မာ ေရေၾကာင္း ခါးပတ္လမ္း” စီမံကိန္းသည္ အိႏၵိယသမုဒၵရာကို လက္လွမ္းမီရန္ ႀကိဳးပမ္းသည့္ တ႐ုတ္၏ စီမံကိန္း မ်ားအနက္မွ တစ္ခုျဖစ္သည္။ ေဘဂ်င္းက ေက်ာေထာက္ေနာက္ခံျပဳေပးထားၿပီး ယူနန္ျပည္နယ္မွ တာဝန္ယူအေကာင္အထည္ေဖာ္ရန္စီမံထားေသာ စီမံကိန္းလည္းျဖစ္သည္။
ျမန္မာႏိုင္ငံ၏ အသက္ေသြးေၾကာျဖစ္ၿပီး ႏိုင္ငံ၏ ေျမာက္မွေတာင္သို႔ ျဖတ္သန္းစီးဆင္းေနေသာ ဧရာဝတီျမစ္ေပၚတြင္ ဆိပ္ကမ္းမ်ားတည္ေဆာက္ကာ တ႐ုတ္ႏိုင္ငံမွကုန္ပစၥည္းမ်ားႏွင့္ ေဒသတြင္းႏိုင္ငံမ်ားမွ ထြက္ကုန္ပစၥည္းမ်ားကို အျပန္အလွန္တင္ပို႔ ရန္စီစဥ္ထားသည္။
စီမံကိန္း၏ အဓိကရည္႐ြယ္ခ်က္မွာ တ႐ုတ္ႏိုင္ငံ၏ အႀကီးဆုံးဆိပ္ကမ္းတစ္ခုျဖစ္ၿပီး ကမာၻတြင္ ကုန္စည္သေဘၤာ အဝင္အထြက္အမ်ားဆုံးဆိပ္ကမ္းၿမိဳ႕ျဖစ္သည့္ ရွန္ဟိုင္းမွကုန္စည္မ်ားကို ကုန္းလမ္း ေၾကာင္းမွတစ္ဆင့္ ယူနန္ျပည္နယ္၏ၿမိဳ႕ေတာ္ျဖစ္ေသာ ကူမင္းၿမိဳ႕သို႔တင္ပို႔မည္ျဖစ္သည္။ ကူမင္းၿမိဳ႕မွ တစ္ဆင့္ ကုန္ပစၥည္းမ်ားကို တ႐ုတ္-ျမန္မာနယ္စပ္ၿမိဳ႕ လုံခြၽန္းခ႐ိုင္မွတစ္ဆင့္ က်န္းဖုန္း/လြယ္ဂ်ယ္ နယ္စပ္ဂိတ္ကိုျဖတ္သန္းကာ ဗန္းေမာ္ၿမိဳ႕သို႔ ရထားလမ္း သို႔မဟုတ္ ကုန္လမ္းေၾကာင္းမွတင္ပို႔မည္။ ထိုမွတစ္ဆင့္ ဗန္းေမာ္ၿမိဳ႕ဆိပ္ကမ္းမွ မေကြးၿမိဳ႕၊ မႏၲေလးၿမိဳ႕၊ ရန္ကုန္ၿမိဳ႕တို႔ကိုျဖတ္သန္း၍ ဧရာဝတီ ျမစ္ဝကြၽန္းေပၚေဒသမွ အက္ဒမန္ပင္လယ္ျပင္၊ ထို႔မွတစ္ဆင့္ အိႏၵိယသမုဒၵရာသို႔ ဆက္သြယ္မည္ ျဖစ္သည္။
ကနဦးအစီအစဥ္မွာ ကူမင္းႏွင့္ဗန္းေမာ္ၿမိဳ႕တို႔ကို ကုန္လမ္းေၾကာင္း၊ ရထားလမ္း ေၾကာင္း ႏွစ္သြယ္ျဖင့္ ဆက္သြယ္ရန္ျဖစ္သည္။ ကုန္စည္မ်ားကို က်န္းဖုန္း ႏွင့္ ဗန္းေမာ္ၿမိဳ႕သို႔ တင္ပို႔ခ်ိတ္ဆက္ႏိုင္ မည့္ နယ္စပ္ပူးေပါင္းစီးပြားဇုန္တစ္ခုတည္ေဆာက္ရန္ကိုလည္း ျမန္မာကို တ႐ုတ္က အဆိုျပဳထားသည္။
ဧရာဝတီျမစ္သည္ ျမန္မာႏိုင္ငံ၏အေရးႀကီးဆုံး ေရလမ္းေၾကာင္းျဖစ္ကာ ဧရာဝတီျမစ္ဝကြၽန္း ေပၚမွ တစ္ဆင့္ အက္ဒမန္ပင္လယ္ထဲသို႔စီးဝင္သည္။ ရာဇဝင္မ်ား၏သတို႔သမီးဧရာဝတီသည္ ျမန္မာ ႏိုင္ငံ၏ အဓိကက်ေသာ ၿမိဳ႕ေပါင္း ၆၀ နီးပါးႏွင့္ ခ်ိတ္ဆက္ေနၿပီး ျမစ္ေၾကာင္းတစ္ေလွ်ာက္တြင္ လူ သန္း ေပါင္း ၃၀ ခန႔္ ေနထိုင္ အသက္ေမြးဝမ္းေၾကာင္းျပဳလ်က္ရွိမည္ဟု ခန႔္မွန္းထားသည္။ လက္ရွိအခ်ိန္တြင္ ထိုစီမံကိန္းကို တ႐ုတ္ျမန္မာ စီးပြားေရးစႀကႍေအာက္ရွိ အထူးဦးစားေပး စီမံကိန္းစာရင္းတြင္ထည့္သြင္းရန္ တ႐ုတ္ႏိုင္ငံဘက္က ယေန႔အထိ စဥ္ဆက္မျပတ္ စိတ္ရွည္စြာ ႀကိဳးပမ္းလ်က္ရွိသည္။
စီမံကိန္းျဖစ္စဥ္ေနာက္ခံ
ယူနန္ျပည္နယ္ႏွင့္ အိႏၵိယသမုဒၵရာကို ခ်ိတ္ဆက္သည့္ မဟာဗ်ဴဟာက်ကုန္သြယ္မႈ လမ္း ေၾကာင္းကို အေကာင္အထည္ေဖာ္ရန္ တ႐ုတ္ႏိုင္ငံသည္ လြန္ခဲ့သည့္ ႏွစ္၂၀ ေက်ာ္ကတည္းက ႀကိဳးပမ္း မႈမ်ား ရွိခဲ့သည္။ ဧရာဝတီျမစ္ကိုအသုံးျပဳ၍ ကုန္ပစၥည္းမ်ား တင္ပို႔တင္သြင္းသည့္ ေရလမ္းေၾကာင္း ေဖာက္ရန္ ယူနန္ျပည္နယ္အစိုးရသည္ ၁၉၈၉ ခုႏွစ္ကပင္ ျမန္မာ့တပ္မေတာ္အစိုးရႏွင့္ ေဆြးေႏြးခ်က္မ်ားရွိခဲ့သည္။
ထိုအခ်ိန္က တ႐ုတ္သမၼတက်န္းက်ိရိ ျမန္မာႏိုင္ငံသို႔လာေရာက္သည့္ ႏိုင္ငံေတာ္အဆင့္ခရီးစဥ္ တြင္ တပ္မေတာ္အစိုးရေခါင္းေဆာင္မ်ားႏွင့္ေတြ႕ဆုံၿပီးေနာက္ အဆိုပါစီမံကိန္းကို အေကာင္အထည္ေဖာ္ ရန္ ႏွစ္ဖက္သေဘာတူခဲ့သည္။ ယင္းစီမံကိန္းမွာ လက္ရွိတြင္ ယခုအေကာင္အထည္ေဖာ္ရန္ႀကိဳးပမ္းေနသည့္ တ႐ုတ္-ျမန္မာ ဧရာဝတီျမစ္စီးပြားေရးရပ္ဝန္းလမ္းေၾကာင္းႏွင့္အတူတူပင္ျဖစ္သည္။ တပ္မေတာ္အစိုးရလက္ထက္တြင္ ထိုစီမံကိန္းကိုအေကာင္အထည္ေဖာ္ရန္ ႏွစ္ဖက္အၾကား အႀကိမ္ႀကိမ္အစည္းအေဝးျပဳလုပ္ခဲ့ၾကသည္။
ထိုကာလက စီမံကိန္း၏အမည္မွာ “ တ႐ုတ္၊ ကူမင္း-ျမန္မာ၊ ရန္ကုန္ ဧရာဝတီျမစ္ေၾကာင္း သယ္ယူပို႔ ေဆာင္ေရးစႀကႍ (China Kunming-Myanmar Yangon-Ayeyarwaddy «Irrawaddy» River Portage Passage) ျဖစ္သည္။ ထို႔ျပင္ “ တ႐ုတ္-ျမန္မာ ကုန္းလမ္းေရလမ္းေၾကာင္း သယ္ယူပို႔ ေဆာင္ေရးစႀကႍ (Sino-Myanmar Land and Water Transportation Passage)အျဖစ္လည္း ေခၚဆိုၾကသည္။ တ႐ုတ္အစိုးရႏွင့္ ျမန္မာအစိုးရအၾကား အေက်အလည္ေဆြးေႏြးၿပီးေနာက္ အေခ်ာသပ္ လက္မွတ္ထိုးရန္ျပင္ဆင္ခဲ့သည္။ အေခ်ာသပ္ လက္မွတ္ထိုးမည့္အဆင့္တြင္ ႏွစ္ဖက္အၾကား သေဘာထားကြဲလြဲခဲ့ေသာေၾကာင့္ စီမံကိန္းအေကာင္အထည္ေဖာ္ေရး ေဆြးေႏြးမႈအားလုံးကို ၂၀ဝ၄ ခုႏွစ္တြင္ ရပ္ဆိုင္းလိုက္သည္။ သေဘာထားကြဲလြဲမႈမ်ားႏွင့္ ပတ္သတ္ၿပီး ႏွစ္ဖက္စလုံးမွထုတ္ေဖာ္ ေျပာျခင္းမျပဳခဲ့ေပ။ ယေန႔မွ စတင္ၿပီး ႏိုင္ငံသားမ်ားအေပၚတြင္ အမွန္တိုင္းသိရွိႏိုင္ေစရန္ေဖာ္ထုတ္သင့္ သည္။ ထိုအခ်ိန္က အေျခအေနမ်ားကိုသိသူမ်ား ပင္စင္သြားၿပီလား သို႔မဟုတ္ အရပ္သားအစိုးရ က လည္း လက္လွမ္းမီဖို႔ ႀကိဳတင္ျပင္ဆင္ထားသည့္အစီအစဥ္မ်ား လုံးဝ မေတြ႕ရပါေခ်။ ထိုစီမံကိန္း အေကာင္အထည္ေဖာ္ေရး အစီအမံသည္ တ႐ုတ္ႏိုင္ငံ၊ ႏိုင္ငံေတာ္ေကာင္စီ၏အေျခခံ အေဆာက္ အအုံမ်ား တစ္ၿပိဳင္တည္းဆက္သြယ္တည္ေဆာက္ျခင္း မဟာအစီအမံ(၂၀၁၄-၂၀၃၅)တြင္ ထည့္သြင္း ထားသည္။ ထို႔ျပင္ ယူနန္ျပည္နယ္၏ ေရလမ္းေၾကာင္းသယ္ယူပို႔ေဆာင္ေရးဖြံ႕ၿဖိဳးမႈစီမံကိန္း (၂၀၁၄ - ၂၀၂၀ )၊ ယူနန္ျပည္နယ္ နယ္စပ္ေဒသမ်ားဖြံ႕ၿဖိဳးမႈ အစီအမံ(၂၀၁၄-၂၀၂၀)တြင္လည္း ထည့္သြင္းထား သည္။ ဒဲဟုန္(တက္ဟုန္း)ျပည္နယ္ခြဲသည္ ထိုအစီအမံကို လုံခြၽန္း ေဒသဖြံ႕ၿဖိဳးေရးအစီ အမံ(၂၀၁၉)တြင္လည္းထည့္သြင္းထားသည္။ ကာလၾကာရွည္ရပ္ဆိုင္းေနေသာစီမံကိန္းကို “ ဧရာဝတီ စီးပြားေရးရပ္ ဝန္း” သို႔မဟုတ္ “ ေရေၾကာင္းခါးပတ္လမ္း စီမံကိန္း” အျဖစ္အသက္သြင္းရန္ ၂၀၁၈ ခုႏွစ္တြင္ တ႐ုတ္ ႏိုင္ငံဘက္က တစ္ဖန္ႀကိဳးပမ္းလာခဲ့သည္။
အပိုင္း(၃)ကို ဆက္လက္ေဖာ္ျပမည္ . . .