“၂၀၂၅ ရွေးကောက်ပွဲ တကယ်ဖြစ်လာမည်လား ”
2770
သုတကျော် (NP News) - ဇွန် ၂၇
ဦးကိုကိုကြီး(ဥက္ကဋ္ဌ - ပြည်သူ့ပါတီ)
အဓိကကတော့ ရွေးကောက်ပွဲကျင်းပပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ အာဏာပြန်လွှဲမယ်ဆိုတာက ၂၀၂၁ နစက အာဏာရယူကတည်းက လမ်းပြမြေပုံမှာ အတိအလင်း ဖော်ပြထားတာဖြစ်ပါတယ်။ သို့သော် သာမန်အခြေ အနေမဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ တစ်နှစ်နဲ့ခြောက်လ ၂ ကြိမ်ပြည့်တဲ့အချိန်မှာ သက်တမ်းတိုးလာ တာ အခုဆို ဒါသုံးနှစ်ကျော်သွားပါပြီ။ တကယ်လို့ ကျွန်တော်တို့က ရွေးကောက်ပွဲမလုပ်နိုင်ဘူးဆိုရင် သဘောက ဖွဲ့စည်းပုံပျက်ပြယ်တဲ့ပုံစံမျိုး သဘောမျိုး သက်ရောက်သွားနိုင်တယ်။ ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ကာလ ကြာလာ တာကလည်းပဲ ဒါနစကရဲ့တာဝန်ယူမှုအပေါ်မှာ ထောက်ပြဝေဖန်စရာတွေ ပိုပိုပြီး များလာမယ်။ ဒါတပ်ချုပ်အနေနဲ့ အရင်တုန်းက အကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပမယ်လို့ ပြောဆိုခဲ့ပေမယ့် နောက်ပိုင်းမှာ အကြားအလပ်မရှိ ဆိုတဲ့ဟာကို မသုံးနှုန်းတော့ဘဲနဲ့ ရွေးကောက်ပွဲ လုပ်ပေးဖို့ ကတိကဝတ် ကိုလည်းပေးလာတဲ့ အခါကျတော့ ကျွန် တော်တို့နိုင်ငံမှာ သမိုင်းကြောင်းအရလည်းပဲ ဒါရန်ကုန်အစိုးရဆိုတဲ့အခြေအနေမျိုးအထိ လက်နက်ကိုင်ကာလ ပြင်းထန်တဲ့ကာလမှာ ၁၉၅၂ ရွေးကောက်ပွဲကို အလီလီခွဲပြီး ကျင်းပခဲ့ရတဲ့ အတွေ့အကြုံရှိခဲ့တဲ့ အခါကျတော့ အခုလည်းပဲရွေးကောက်ပွဲ ကျင်းပနိုင်တဲ့ နေရာတွေမှာ စတင်ပြီးတော့ကျင်းပမယ့် သဘောမျိုးလို့ ကျွန်တော် ကတော့ ယူဆပါတယ်။ နိုင်ငံရေးပါတီလို့ ပြောရင် နိုင်ငံရေးပါရမယ်။ မှတ်ပုံတင်ကျရုံနဲ့ နိုင်ငံရေး အားကောင်းတဲ့ ပါတီတွေ ဖြစ်မလာနိုင်ဘူး။ တကယ် နိုင်ငံရေးအားကောင်း တဲ့ပါတီတွေက မှတ်ပုံတင်ထားပြီးတော့ မှတ်ပုံတင် ပြန်မကျသေးတာ တစ်နှစ် ကျော်ကျော် စောင့်ဆိုင်း နေရတဲ့ ပါတီတွေလည်း ရှိတယ်။ တချို့ကျတော့ မှတ်ပုံမတင် သေးဘူး။ နိုင်ငံရေးအနေအထား ကောင်းမွန်လာရင်၊ ပြောင်းလဲလာရင် ပြန်ပြီးမှတ်ပုံတင်ကောင်းတင်မယ်ဆိုတဲ့ ပါတီတွေလည်း ရှိတယ်။ ဒါကြောင့် နိုင်ငံရေးပါတီတွေလို့ ပြောရင် နိုင်ငံရေးအားကောင်းတဲ့ပါတီတွေ ဒီအခင်း အကျင်းမှာပါလာဖို့ အရေးကြီးတယ်လို့ ကျွန်တော်ကတော့ မြင်တယ်။ သာမန်အားဖြင့် ပါတီကြီးတွေ မပါလာရင် ကျန်တဲ့ပါတီတွေက ကိုယ်တွေအတွက် အလားအလာကောင်းမှာပဲဆိုတဲ့ စဉ်းစားချက်မျိုးက တော့မစဉ်းစားသင့် ဘူး။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်က သေရေးရှင်ရေးဆိုတဲ့ အခြေအနေမျိုးဖြစ်တဲ့အချိန်မှာ ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့အင်အားစုတွေကို ကျွန်တော်တို့က တတ်နိုင်သလောက် ကျယ်ပြန့်လာအောင် ဆွဲခေါ်သင့်တယ်။ စည်းရုံးသင့်တယ်လို့ ပြောတယ်။ ဒါက နိုင်ငံရေးပါတီနဲ့ အပိုင်းပေါ့။ ဆိုတော့ အခုကတော့ အကျပ်အတည်းတွေ ကတော့ ဘက်ပေါင်းစုံပဲ။ တစ်ခုကလည်း နိုင်ငံရေးပါတီမှတ်ပုံတင်တာနဲ့စပြီးတော့ ကော်မရှင်ရဲ့ ညွှန်ကြားချက် တွေက သာမန်ငြိမ်းငြိမ်းချမ်းချမ်းကာလမှာတောင် ဒီလောက် မကျပ်တည်းဘူး။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌလက်ထက်မှာဆိုရင် ထုတ်ပြန်တဲ့ညွှန်ကြားချက်တွေ အမိန့်တွေဟာ ပါတီတွေလုပ်ရကိုင်ရတာ ခက်ပါတယ် ဆိုမှ ပါတီတွေ အထောက်အကူမဖြစ်တဲ့အပြင် ထပ်ပြီးတော့ ချုပ်ချယ်ထားတဲ့တင်းကျပ်ထားတဲ့ဟာတွေ ရင်ဆိုင်ရ တယ်။ နောက်ပြီးတော့ ဌာနဆိုင်ရာတွေရဲ့ ပြဿနာကလည်း သူတို့မှာ နိုင်ငံရေးလည်းကြောက်ရတယ်၊ နောက်ဆုံး ရွေးကောက်ပွဲကော်မရှင်ရုံးတွေကိုယ်တိုင်က ကိုယ့်ဘာသာကိုယ် သီးခြားမဖွင့်နိုင်လို့ ထွေအုပ်တို့၊ ရဲစခန်းနဲ့ နီးတဲ့ နေရာတို့မှာ ကပ်ပြီးတော့ဖွင့်နေရတာ ဖြစ်တော့ ကျွန်တော်တို့က ပိုပြီး အကာအကွယ်မဲ့တာပေါ့။ နိုင်ငံရေးပါတီ ဆိုတာက ကိုယ့်ကိုလုံခြုံရေး ယူပေးမယ့်သူ ဘယ်သူမှ မရှိဘူးလေ။ အဲဒီလို အကြပ် အတည်းတွေ ရှိတယ်။ ပြီးတော့ ပြည်သူတွေရဲ့အမြင်သဘောထား။ နောက်ပြီးတော့ ပြည်သူတွေရဲ့ အမြင်မှာလည်းနိုင်ငံရေး ပါတီတွေထောင်ပြီး တော့ ကျွန်တော်တို့က သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲ နိုင်တဲ့ မျှော်လင့်ချက်တွေ မပေးနိုင်ဘူး၊ မဖန်တီးနိုင်ဘူး ဆိုရင် နိုင်ငံရေးပါတီဆိုတာ ပါတီထောင်ပြီးတော့ ရွေးကောက်ပွဲနီးရင် ကားပေါ်ကို ဆောင်းဘောက်တွေတင်ပြီး တော့ မဲ တောင်းတာလောက်ပဲ ဖြစ်သွားရင်တော့ ပြည်သူကလည်း အထင်မကြီးဘူးဗျ။ အဓိကတော့ ပြည်သူက နိုင်ငံရေး ယုံကြည်လာအောင်၊ နိုင်ငံရေးသမားတွေကလည်း ဖရော်ဖက်ရှင်နယ် နိုင်ငံရေးသမား ပီပီသသဖြစ်ဖို့ လိုတယ်။ ပြည်သူတွေကလည်း နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ရင် ဒီအကျပ်အတည်းတွေကို နိုင်ငံရေး နည်းလမ်း နဲ့ မျှော်လင့်ချက်ကောင်းကောင်း ဖန်တီးနိုင်တယ်ဆိုတာ ပြည်သူတွေကလည်း လက်ခံနိုင်ဖို့လိုတယ်။ လက်ခံလာဖို့ ဆိုတာက ပါတီတွေနဲ့ လက်ရှိတာဝန်ယူထားတဲ့ နစကနဲ့ကြားမှာလဲ သိသာမြင်သာတဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို ဖန်တီးပြဖို့ လိုတယ်။ ဒါကြောင့် တွေ့ဆုံဆွေးနွေးပွဲတွေကို မျှော်လင့်တယ် ဆိုတာကတော့ ပြည်သူတွေရဲ့ အမြင်မှာ နိုင်ငံရေး ပါတီတွေကတော့ ပြည်သူလူထုရဲ့ အခက်အခဲတွေကို ကိုယ်စားပြုပြီးဆွေးနွေးနေတယ်၊ ရလဒ်တွေလည်း မြင်နေရပြီဆိုတာကို ပြနိုင်ဖို့လိုတယ်။ တစ်ခုကတော့ လိုအပ်ချက်တွေ အားနည်းချက်တွေ ရှိတယ်ဆိုပေမယ့်လည်း ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ရွေးကောက်ပွဲလုပ်မယ်ဆိုရင်တော့ သူ့ရဲ့ ပြဋ္ဌာန်းချက်အရ ပုဒ်မ၁၂၈(က)မှာ လွှတ်တော်ကိုယ်စားလှယ် ထက်ဝက်ကျော်ဆိုရင် လွှတ်တော်အစည်းအဝေး အထမြောက်တယ်။ အဲဒီတော့ တပ်မတော်သား ကိုယ်စားလှယ်၂၅ ရာခိုင်နှုန်းရှိပြီးသားအတွက်ကြောင့် ၂၅ ရာခိုင်နှုန်း ရွေးကောက်ခံရှိရင် လွှတ်တော် အထမြောက်တယ်။ ဒါက ပထမအဆင့်ပေါ့။ ပုဒ်မ ၁၂၈ (ခ) မှာ အကယ်၍ ပထမအကြိမ် လွှတ်တော် အစည်းအဝေး အထမမြောက်ခဲ့ဘူးဆိုရင် သုံးပုံ တစ်ပုံ ဆိုရင် အထမြောက်တယ်။ ၃၃ ရာခိုင်နှုန်းဆိုတော့ လက်ရှိ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရှိတော့ ရွေးကောက်ခံ ၈ ရာခိုင်နှုန်းရှိရင် လွှတ် တော် အထမြောက် တယ်။ လက်ရှိ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော်ပေါ်လာအောင် လုပ်တဲ့ အဆင့်ကတော့ အောင်မြင် တယ်။ လုပ်နိုင်တယ်။ ကျွန်တော်မြင်တယ်။ သို့သော် ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုရင်တော့ လက်ရှိလည်း NSPNC နဲ့ ဆွေးနွေးတဲ့အခါ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်တဲ့ကိစ္စတွေကို ကျွန်တော်တို့ ဆွေးနွေးကြမှာတွေရှိပါတယ်။ အဲဒီတော့ အဲဒီကနေ ဖွဲ့စည်းပုံမှာ ဘယ်အချက်တွေကိုတော့ ပထမအဆင့် သဘောတူညီမှု အနေနဲ့ ညှိနှိုင်းပြီးတော့ ဖြစ်ပေါ်လာမယ့် လွှတ်တော်မှာ ဒါတွေကို ပြင်ဆင်မယ်။ လိုအပ်တာတွေကို သုံးသပ်တာတွေ ပြင်ဆင်တာတွေ လုပ်သွားမယ်ဆိုရင် ထိခိုက်နာကျင်မှု အနည်းဆုံးနဲ့ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းကို ပြန်ရောက်လာမယ်။ မဟုတ်ရင်တော့ ထိခိုက်ပျက်စီးမှုတွေ၊ အိုးအိမ်စွန့်ခွာမှုတွေ၊ မီးလောင် ပျက်စီးတာတွေ ဒီအနိဋ္ဌာရုံကြီးက ဘယ် လောက်ကြာကြာ ဆက်ဖြစ်မလဲဆိုတာ မသိဘူး။ မြို့ပြတွေမှာက စားဝတ်နေရေး၊ ကုန်ဈေးနှုန်း ပြဿနာ၊ လုံခြုံမှု မရှိတဲ့ပြဿနာ အဲဒါတွေက အကန့်အသတ်မရှိ ဒီအတိုင်းကြီး ဖြစ်နေရင် တိုင်းပြည်က သိပ်နစ်နာတယ်။ ဒါကြောင့် မို့လို့ တပ်ချုပ်က ရှေ့နှစ်မှာ ရွေးကောက်ပွဲလုပ်မယ်လို့ပြောတာက လက်ရှိ ပြဿနာတွေ အားလုံးကို ဖြေရှင်းဖို့က မဖြစ်နိုင်ဘူး။ သို့သော် အဲဒီပြဿနာတွေကို ဖြေရှင်းနိုင်တဲ့အဆင့် တစ်ဆင့်ကို ကူးပြောင်းသွားလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်တယ်။ အဲဒီတက်လာတဲ့ လွှတ်တော်နဲ့ အစိုးရဟာ အာဏာရူးလို့ရတဲ့၊ အာဏာယစ်မူးလို့ရ တဲ့ လွှတ်တော်နဲ့ အစိုးရ မဟုတ်ဘူး။ ပြဿနာတွေ အားလုံးကိုခေါင်းခံပြီး ဖြေရှင်းမယ်လို့ သတ္တိရှိတဲ့ တာဝန်ယူရဲတဲ့ သူတွေမှသာလျှင် ဒီရွေးကောက်ပွဲကို ဝင်သင့်တယ်လို့ ကျွန်တော်ကတော့ မြင်တယ်။ ဘာကြောင့်လဲဆိုတော့ သူက ဒီပြဿနာတွေအားလုံးကို ခေါင်းခံပြီးတော့ ရှင်းရတော့မယ့် အခြေအနေရှိတယ်။ နစက အနေနဲ့ တစ်အချက် က ပြည်သူ စိတ်ပါဝင်စားမှု၊ ပူးပေါင်းဆောင်ရွက်မှုမြင့် တက်လာဖို့လိုတယ်။ ဒါကြောင့်မို့လို့ လူထုထောက်ခံမှုရှိတဲ့ နိုင်ငံရေးပါတီတွေ ဒီအခင်းအကျင်းမှာ ပါလာဖို့လိုတယ်။ နစက အနေနဲ့ ဒီကိစ္စကို အလေးအနက်ထားပြီး လုပ်သင့် တယ်။ နောက်တစ်ခုက အဲဒီနိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး ဒီပြဿနာတွေကို ဖြေရှင်းနိုင်မယ်လို့ဆိုတဲ့ နိုင်ငံရေးမျှော်လင့်ချက်၊ နိုင်ငံရေးနည်းလမ်းဟာ ယုံကြည်အားကိုးလို့ ရတယ်ဆိုတဲ့အသိ ပြည်သူတွေ ကြားထဲမှာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာဖို့လိုတယ်။ နိုင်ငံရေးသမားတွေ နိုင်ငံရေးပါတီတွေကလည်း ကိုယ်ဘယ်လောက် တာဝန်ကြီးတယ်ဆိုတာကို နားလည်ဖို့လိုတယ်။
ဒေါက်တာ အေးမောင်
(ဥက္ကဋ္ဌ - ရခိုင့်ဦးဆောင်)
ရွေးကောက်ပွဲတစ်ခုဆိုတာက တည်ငြိမ်အေးချမ်းတဲ့ အခင်းအကျင်းမှာ ဖြတ်သန်းကြရတာ။ တရားဥပဒေ စိုးမိုးရမယ်၊ တည်ငြိမ်အေးချမ်းရမယ်။ လူတိုင်း လွတ်လွတ်လပ်လပ် မဲလာပေးနိုင်တဲ့ အနေအထား၊ အခွင့်အရေးရှိရ မယ်ဆိုတာက အခြေခံလိုအပ်ချက်ပေါ့။ အဲဒီအတွက်လည်း နစကဘက်က မဲစာရင်း တိကျမှန်ကန်ဖို့ အရေးကြီး တယ်။ မဲစာရင်းကြောင့် ဖြစ်ခဲ့တဲ့ လက်ရှိအနေအထားဆိုတာကို သူက ခဏခဏ နောက်ကြောင်းပြန်သုံးသပ်တာ လည်း တွေ့တယ်။ အဲဒီတော့ တည်ငြိမ်အေးချမ်းပြီး ရွေးကောက်ပွဲ တစ်ခုကျင်းပပေးပြီးမှပဲ နစကရယူထားတဲ့ တာဝန်က ပြီးမြောက်မှာကိုး။ အဲဒီလို အခင်း အကျင်း ဖြစ်မှပဲ ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကို ရွေးကောက်ပွဲ တစ်ခုကျင်းပပေးဖို့အတွက် တည်ငြိမ်အေးချမ်းတဲ့ အခင်းအကျင်း ဖြစ်ဖို့အတွက် မြန်မာ့တပ်မတော်ဘက်က ဆောင်ရွက်လို့ ပြီးပါပြီလို့ အစီရင်ခံရမှာကိုး။ ဆိုတော့ အခုလွန်ခဲ့တဲ့ သုံးနှစ်ကျော်လောက်တည်းက ကြိုးစားလာတဲ့ အနေအထားနဲ့ အခုအနေအထားကို တည်ငြိမ်အေးချမ်းတဲ့ ရွေးကောက်ပွဲတစ်ခုကျင်းပဖို့ ဖြစ်နိုင်၊ မဖြစ်နိုင်လူထု ကကော နိုင်ငံရေးပါတီဘက်ကကော၊ ကာ/လုံကော နစကဘက်ကကော စဉ်းစားကြမှာပေါ့။ သူ့ဘက်ကတော့ သူ့ရဲ့လမ်းပြမြေပုံအတိုင်း ရွေးကောက်ပွဲ တစ်ခုကျင်းပပြီး ရွေးကောက်ခံ အစိုးရတစ်ရပ်ပေါ်ပေါက်အောင် ဆောင်ရွက်ပြီးမှပဲ အခြေခံဥပဒေအရ သူ့တာဝန်လည်း ပြီးမြောက် မှာကိုး။ ဒါက လိုလားချက်လိုအပ်ချက်ပေါ့။ ၂၀၂၅ ခုနှစ် ဘယ်လမှာ ရွေးကောက်ပွဲလုပ်မယ်ဆိုတာက သူ့ ဘက်ကတော့ သေသေချာချာ Highlight လုပ်တာ မတွေ့ဘူး။ အဲဒီတော့ ကျွန်တော်တို့ကတော့ ဖြစ်နိုင် ခြေ ကာလလေးကို မှန်းကြည့်တာပေါ့။ အခုက ဇူလိုင် ၃၁ ရက် ဆိုရင် ခြောက်လတာဖြတ်ပြီးပြီပေါ့ဗျာ။ ဒီကာလမတိုင်ခင်လေးမှာ ဒီအသံလေးထွက်တယ်ဆိုရင် ၂၀၂၅ ဘယ်လလဲ ဆိုတာ ကြိုးစားခန့်မှန်းဖို့ လိုအပ်လာတာပေါ့။ လာမယ့်ဩဂုတ်လ ၁ ရက်ကနေ့ စပြီးတော့ ခြောက်လတာကို နစက က တာဝန်ယူမှပဲ အောက်တိုဘာလ သန်းခေါင်စာရင်းကို ကျော်ဖြတ်နိုင်မယ်လေ။ အခု ခြောက်လကတော့ သူမဖြစ် မနေ ယူမယ့်သဘောတွေ့ရပါတယ်။ အဲဒီလိုယူမယ်ဆိုရင် ကာလအားဖြင့် ဇန်နဝါရီ ၃၁ ရက်ကို ရောက်မှာပေါ့။ ဖေဖော်ဝါရီလ ၁ ရက်မှာ ၂၀၂၅ ကို ရောက်သွားတော့ ဖေဖော်ဝါရီလ ၁ ရက်ကစပြီး ဇူလိုင် ၃၁ ရက်အထိ ခြောက်လတာကာလအတွင်း ရွေးကောက်ပွဲ လုပ်ဖြစ်မှာလားဆိုတာ တစ်ခေါက် စဉ်းစားဖို့ လိုမှာပေါ့။ အဲဒီလိုလုပ် ဖြစ်မယ်ဆိုရင် လာမယ့် ဇန်နဝါရီ ၂၀၂၅ ဇန်နဝါရီ ၃၁ ရက်မတိုင်ခင်တည်းက တည်ငြိမ် အေးချမ်းတဲ့ အခင်းအကျင်းဖြစ်ကို ဖြစ်နေရမှာပေါ့။ ဒါမှ ကာ/လုံ ကို ဇွန်နဝါရီ ၃၁ ရက် မှာ အာဏာပြန် လွှဲနိုင်မှာပေါ့။ ဒါပေမဲ့ လက်ရှိ အနေအထားက တည်ငြိမ်အေးချမ်းတဲ့ အခင်းအကျင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ဖြစ်ချင်မှလည်း ဖြစ်မှာပေါ့။ ဒါပေမဲ့ ကာ/လုံကို အပ်ရမယ့်ကာလက ဖေဖော်ဝါရီ ၁ ရက် ကနေ ဇူလိုင် ၃၁ ရက်ဆိုတဲ့ ကာလကို ကြည့်ရင် ရွေးကောက်ပွဲကာလ မဟုတ်ပြန်ဘူး။ မိုးတွင်းကာလ ကလည်းများသလို ပူပြင်းတဲ့ကာလ ကလည်း များတယ်။ အဲဒီ ကာလတွေကို SAC များ ထပ်ယူနိုင် မလားပေါ့။ အဲဒါဆို SAC သည် ခြောက်လ (၂) ကြိမ်ထပ်ယူပြီးမှ တည်ငြိမ်အေးချမ်းတဲ့ အခင်းအကျင်းကို မရရအောင်လုပ်ဖို့ သံန္ဓိဋ္ဌာန်ချထားခဲ့ပြီလားပေါ့။ အဲဒီလိုချထားခဲ့ရင် ရွေးကောက်ပွဲသည် ၂၀၂၅ နိုဝင်ဘာ လ လောက်မှာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ အစောဆုံး၊ နောက်အကျဆုံး ဖြစ်နိုင် တဲ့ ကာလက ၂၀၂၅ ဩဂုတ်လ ၁ ရက် ကနေ ၂၀၂၆ ဇန်န ဝါရီ ၃၁ ရက်ကြား ကာလပဲ။ အစောက နိုဝင်ဘာလ ဖြစ်နိုင်ခြေ များတယ်။ နောက်အကျဆုံးက ဒီဇင်ဘာ ဖြစ်နိုင်ခြေများတာပေါ့။ ဒါကတော့ အကြမ်းဖျင်း ခန့်မှန်းနိုင် တာပေါ့။ ဆိုတော့ အဲဒီလို အခင်းအကျင်း သူ့ဘက်က သတ်မှတ်ထားပြီဆိုရင် ရွေးကောက်ပွဲကို အောင် အောင်မြင်မြင်ဖြစ်ဖို့အတွက် အခု ခြောက်လ နှစ်ကြိမ်အတွင်းမှာ ရုန်းလုပ်၊ ကုန်းလုပ်ဖို့ လိုအပ်လာတာ ပေါ့။ မြန်မာနိုင်ငံ အနှံ့အပြားကလည်း မြင်တဲ့အတိုင်းပဲလေ။ ပဋိပက္ခတွေက များတယ်။ စစ်မီးက တလျှံလျှံနဲ့ ကြီးလာ တာကိုး။ အဲဒီတော့ သူ့ဘက်ကလည်း ရွေးကောက်ပွဲကို လမ်းပြမြေပုံဆွဲပြီးက တည်းက အကြိမ်ကြိမ်ပြောတာ ရှိပါတယ်။ ကျွန်တော် မှတ်မိသလောက် အကြားအလပ်မရှိ ရွေး ကောက်ပွဲ လုပ်မယ်လို့ စီစဉ်ထားခဲ့တာပေါ့။ နောက်ပိုင်း စစ်ရေးတင်းမာလာတဲ့အခါကျတော့ အကြား အလပ်ဆိုတာကို သူ့ဘက်က ပြန်သုံးသပ်တာပေါ့။ အဲဒီမှာ ရွေးကောက်ပွဲ အထမြောက်အောင် ကျင်းပ မယ်ဆိုတာကို ပြန့်ချဲ့ရင် ရွေးကောက်ပွဲကျင်းပနိုင်ခြေရှိတဲ့ နေရာတွေပေါ့ဗျာ။ သူရည်မှန်းတာက ဖိအား မပါဘဲနဲ့ ကျင်းပနိုင်တဲ့နေရာပေါ့ဗျာ။ ဥပမာ- လက်နက်ကိုင် အဖွဲ့ အစည်းတစ်ခုခု ထိန်းချုပ်ထားတဲ့ ဧရိယာဆိုရင် လွှမ်းမိုးမှုက ရှိတယ်လေ။ ပြည်သူတွေကလည်း သူ့ရဲ့ဆန္ဒအတိုင်း မဲပေးနိုင်ခွင့်ရှိချင်မှ ရှိမှာ ပေါ့။
အဲဒီလိုသုံးသပ်ရင် လက်ရှိစစ်ရေးတင်းမာနေတဲ့ ဧရိယာတွေအားလုံးကိုဖယ်ထုတ်ပြီးမှ အခြေခံ ဥပဒေပါအတိုင်း ရွေးကောက်ပွဲကို ကျင်းပနိုင်ခြေရှိတာပေါ့။ အေးချမ်းတဲ့တိုင်းဒေသကြီးတွေမှာ ကျင်းပ နိုင်တယ်။ တချို့ပြည်နယ်တွေမှာ စစ်မက်ဖြစ်နေတဲ့ ဧရိယာတွေကို ရှောင်ကွင်းပြီးတော့ အခြေခံဥပဒေပါအတိုင်း မြို့နယ်တွေ မှာ ဆိုရင် တစ်ခုလုံး ကျင်းပပေးရမယ်လို့ ပြဋ္ဌာန်းထားတာ မဟုတ်ဘူး။ ရွေးကောက်ပွဲ ဥပဒေကလည်း ခြွင်းချက် တွေရှိတာပေါ့။ မြို့နယ်တစ်ခုမှာ လူထုက လွတ်လွတ်လပ်လပ် မဲလာပေးနိုင်ခွင့် ရှိတဲ့ ဧရိယာထဲမှာ ကျင်းပနိုင် တယ်။ အကြိမ်ကြိမ်လည်း ကျင်းပပေးနိုင်တယ်။ ဒါပေမဲ့ ပထမအကြိမ်ကျင်းပတဲ့ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲ အထမြောက်အောင် ကျင်းပပေးနိုင်သလို အစိုးရအဖွဲ့ အထမြောက်အောင်ပေါ့။ ရွေးကောက်ပွဲ အထမြောက် အောင်ဆိုတာ ဒီလိုပါ။ သူခဏခဏ ပြောနေတဲ့ လွှတ်တော်ကျင်းပတဲ့အခါ လွှတ်တော် အထမြောက်ဖို့လိုတာပေါ့။ လွှတ်တော်တစ်ရပ်ကို ကျင်းပတဲ့အခါ လွှတ်တော်တက်ရောက်ခွင့်ရှိတဲ့ ကိုယ်စားလှယ်များ အားလုံးရဲ့ တစ်ဝက်ကျော်တက်မှ အထမြောက်တာကိုး။ မဟုတ်ရင် လွှတ်တော်တွေက ကျင်းပခွင့် မရှိဘူးလေ။ တစ်ဝက် ကျော်ဆိုတာ (၅၀) အပေါင်း (၁)ပေါ့ဗျာ။ တပ်မတော်ဘက်က လွှတ်တော် ကိုယ်စားလှယ် (၂၅)ရာခိုင်နှုန်းက နေရာတိုင်း၊ လွှတ်တော်တိုင်းမှာရှိနေတဲ့အခါကျတော့ ကျန်တဲ့ ရာခိုင်နှုန်းကိုရွေးကောက်ပွဲ အမတ် အရေအတွက် အတိုင်း ရအောင်လုပ်နိုင်ရင် ပြီးတဲ့သဘောဖြစ်ပါတယ်။ အဲဒီလို အထမြောက်အောင် ပထမအကြိမ်ကျင်းပလို့ အထမမြောက်နိုင်ခဲ့ရင်တောင်မှ လွှတ်တော်ကို နောက်တစ်ကြိမ်ထပ်ခေါ်ပြီး တက်လာတဲ့ လွှတ်တော် ကိုယ်စားလှယ်များရဲ့ (၅၀)အပေါင်း (၁)ရာခိုင်နှုန်း မဟုတ်တော့ပဲနဲ့ တော်တော်လေးလျှော့ပြီး ထပ်လျှော့တာ လည်း အခြေခံဥပဒေမှာ တွေ့ပါတယ်။ အဲဒီလိုမျိုး အထမြောက်အောင် ကျင်းပနိုင်သလို အထမြောက်တဲ့ အစိုးရ အဖွဲ့ကို ဖွဲ့စည်းနိုင်တာပေါ့။ ဒါကတော့ အနိမ့်ဆုံးကို တွေးထားတာပေါ့။ အမြင့်ဆုံးကတော့ လာမယ့်ရွေးကောက်ပွဲ ကို အများကြီး အောင်အောင်မြင်မြင် ကျင်းပနိုင်အောင် လာမယ့်(၆)လ (၂)ကြိမ် အတွင်းမှာ တရားဥပဒေစိုးမိုးမှုရှိ အောင် သူ့ဘက်က လုပ်နိုင်တဲ့အနေအထားလည်းတွေ့ရပါတယ်။ အဲဒီလိုကျင်းပတဲ့ ရွေးကောက်ပွဲမှာ ရွေးကောက်ခံအမတ်လောင်းတွေအဖြစ် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့လည်း လိုသလို မဲဆွယ်စည်းရုံးဖို့လည်း လိုအပ်တယ်လေ။ အဲဒီတော့ တရားမျှတပြီး လွတ်လပ်တဲ့ရွေးကောက်ပွဲတစ်ခုဖြစ်ဖို့အတွက် ရွေးကောက်ပွဲကို လာ ရောက်လေ့လာသူတွေရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးတာပေါ့။ အားလုံးကို တစ်ပြိုင်တည်း ရွေးကောက်ပွဲ ကော်မရှင်ဘက်က အောင်အောင်မြင်မြင်ဖြစ်အောင် ပူးပေါင်းဆောင်ရွက်ပေးမှပဲ ဒီရွေးကောက်ပွဲက ဖြစ်လာနိုင် တာပေါ့။ ဒါပေမဲ့ စစ်ဘောင်ကကျယ်ပြီး နိုင်ငံရေးဘောင်က ကျဉ်းနေတဲ့ အခါကျတော့ တချို့နေရာတွေမှာ အမတ် အဖြစ် ယှဉ်ပြိုင်ဖို့တောင် တချို့နေရာတွေမှာ စိန်ခေါ်မှုရှိနိုင် ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ကြိုတင်ပြီးတော့ ဘယ်လိုရွေးကောက်ပွဲကို အောင်မြင် အောင် ကျင်းပနိုင်ဖို့ ကာကွယ်တဲ့ ဥပဒေတွေပေါ့ဗျာ။ နှောင့်ယှက်သူများ ရန်က ကာကွယ်မယ့် ဥပဒေ တွေလည်း ပေါ်ပေါက်လာနိုင်ပါတယ်။ နောက်တစ်ချက်က ရွေးကောက်ပွဲပုံစံကလည်း လူထုနဲ့တွေ့ပြီး မဲဆွယ်စည်းရုံးတဲ့ပုံစံအစား လုံခြုံတဲ့နေရာတွေမှာ မဲဆွယ်စည်းရုံးတာ မျိုး၊ အွန်လိုင်းကနေ စည်းရုံးတာမျိုး၊ စတေကာတို့ တခြား ကြော်ငြာနဲ့ မဲဆွယ်စည်းရုံတာမျိုးလည်း ရွေးကောက်ပွဲ အကြိုနဲ့ ရွေးကောက်ပွဲကာလတွေမှာ ပေါ်ပေါက်လာနိုင်ပါတယ်။
ဒေါ်စန္ဒာမင်း (လွှတ်တော်ကိုယ်စားလှယ်ဟောင်း)
ကျွန်မတို့ နိုင်ငံရေး အကျပ်အတည်းဖြစ်နေတဲ့အချိန်မှာ ရွေးကောက်ပွဲကတော့ တစ်ခုတည်း သော နိုင်ငံရေး ထွက်ပေါက်တစ်ခုအနေနဲ့ မြင်ပါတယ်။ တပ်ချုပ်ကြီးရဲ့အခြေပြမိန့်ခွန်းတွေ၊ သူပြောတဲ့ မိန့်ခွန်းတွေကို ကြည့်လိုက်တဲ့အခါ ၂၀၂၂ ခုနှစ်တုန်းက အိမ်ထောင်စုစာရင်းကောက်မယ်၊ PR စနစ်နဲ့ ရွေး ကောက်ပွဲလုပ်မယ်ဆိုတဲ့ ဟာကို တည်ငြိမ်တဲ့အချိန်မှာလုပ်မယ်ဆိုတာကို သူစပြောတာသတိထားမိ တယ်။ အခု ၂၀၂၄ ခုနှစ်ကျတော့ သူရွေးကောက်ပွဲလုပ်မယ်ဆိုတာကို တိတိကျကျ ပြောလာပြီပေါ့နော်။ ပထမကတော့ သူပြောထားတယ် သန်းခေါင်စာရင်း အပြီးကောက်ပြီးရင်ဖြစ်နိုင်သမျှ အစောဆုံး ဆောင်ရွက်မယ်ဆိုတာ ပြောထားတာရှိတယ်။ သေချာတာကတော့ နိုင်ငံ့ခေါင်းဆောင်တစ်ယောက်က ဒီလိုပြောတယ်ဆိုရင်တော့ သံတမန်တွေနဲ့ တွေ့တဲ့အခါ ရွေးကောက်ပွဲ တကယ်လုပ်မှာလား၊ လုပ်မယ်လို့မြင် သလားပေါ့နော် ဒီလိုမျိုးတွေ ပြောနေတယ်ဆိုရင်တော့ ရွေးကောက်ပွဲ တကယ်လုပ်မယ်ဆိုတာ ယုံကြည်တယ်။ နောက်တစ်ခု ကျွန်မတို့ ၂၀၂၃ ခုနှစ်က ဂျပန်သွားတဲ့အခါ သက်ဆိုင်တဲ့ လူကြီးတွေနဲ့ တွေ့ရတဲ့အခါ ဂျပန်မှာကျွန်မတို့ကို မေးနိုင်တယ်၊ ကျွန်မတို့ကို ရွေးကောက်ပွဲ တကယ် လုပ်မလား မေးတဲ့အခါ ဘယ်လိုဖြေရမလဲဆိုပြီး ကျွန်မတို့ ပြောတဲ့အခါ လုပ်မှာပါ ဒါပေမဲ့ လတွေ ဘာတွေကိုတော့ အတိအကျ မပြောနိုင်ဘူးပေါ့နော်။ ဒါပေမဲ့ ၂၄-၂၅ ခုနှစ်မှာ လုပ်မှာပဲဆိုပြီး ကျွန်မတို့ကို ပြောလိုက်တာရှိပါတယ်။ ဒါကြောင့် ကျွန်မတို့က လုပ်တာကတော့ လုပ်မယ်ဆိုတာသိတယ်။ ဒါပေမဲ့ ဘယ်တော့လုပ်မလဲဆိုတာ မသိဘူး ဆိုတဲ့အဖြေကတော့ ကျွန်မတို့ ဒါမျိုးပြောတာပေါ့။ ရွေးကောက်ပွဲ ကော်မရှင် ဘက်မှာဆိုရင်လည်း PR စနစ်နဲ့ ပတ်သက်ပြီးတော့လည်း ရှင်းပြတာတွေ၊ ပြောပြတာတွေ ဘယ်လိုမျိုး လုပ်မယ်ဆိုတာကိုလည်း ဌာနဆိုင်ရာတွေမှာ အကြိုမဲပေးတဲ့စနစ်ကို သရုပ်ပြတာ လုပ်နေတာဖြစ်တဲ့အတွက် ရွေးကောက်ပွဲကို မလုပ်ဘူးဆိုတာကို သံသယ မရှိဘူးလို့ ပြောချင်တယ်။ အခက်အခဲတွေကတော့ ဖြစ်လာနိုင်ပါတယ်။ ကျွန်မတို့တစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ လုပ်နိုင်တဲ့ဟာ မရှိဘူးဆိုတာ လူတိုင်းလည်း သိပါတယ်။ လူတွေက အဲဒီတော့ ဘယ်နေရာသွားလုပ်မှာလဲ ပြောတယ်။ ကျွန်မတို့က တစ်နိုင်ငံလုံးမှာ မြို့နယ်ပေါင်း (၃၃၀)ရှိတယ်။ ဟုတ်တယ် တချို့မြို့တွေမှာ စစ်ဖြစ်နေတာ ရှိ တယ်။ စစ်ဖြစ်နေတဲ့နေရာတွေကို ချန်လှပ်ထားပြီး လုပ်နိုင်တဲ့နေရာတွေဟာ (၃၃၀) မှာ (၂၀ဝ)လုပ်နိုင် တယ်ဆို ရွေးကောက်ပွဲကို လုပ်လို့ရပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ပြဋ္ဌာန်းထားပြီးသား ပဲပေါ့နော်။ ဘယ်လောက်မြို့နယ်တွေကို လုပ်နိုင်မှ ရွေးကောက်ပွဲ လုပ်ရမယ်လို့ မပြဋ္ဌာန်းထားဘူး။ ဒါကြောင့်မို့လို့ ကျွန်မတို့က အခုဆိုရင် တိုင်းနဲ့ပြည်နယ်တွေမှာ ကြည့်လိုက်လို့ သက်ဆိုင်တဲ့ မြို့ကြီး တွေက ကျသွား တယ်ဆိုတာမရှိဘူးဆိုတဲ့ အနေအထားတွေလည်း အများကြီးတွေ့ရတယ်။ အဲဒီတော့ လုပ်နိုင်တဲ့ အခြေအနေက ဗမာနယ်မြေတွေမှာဆိုရင် အများဆုံးလုပ်နိုင်တဲ့အခြေအနေတွေ့ရတယ်။ ဒါကြောင့်မို့လို့ ပီအာစနစ်ကိုလည်း ကျင့်သုံးမှာဖြစ်တဲ့အတွက် လုပ်နိုင်တဲ့နေရာတွေမှာ တစ်ခုပြီးတစ်ခု လုပ်သွားရင်တော့ ဒါရွေးကောက်ပွဲဖြစ်သွားမယ် ပြောနိုင်တယ်။ တဖက်က လည်း ရွေးကောက်ပွဲလုပ်မယ်ဆိုရင် အများကြီး ကန့်ကွက်နေတာရှိတယ်။ အဲဒါက ၂၀၂၂ ခုနှစ်၊ ၂၀၂၃ ခုနှစ်ဆိုရင် တော့ တအား ကန့်ကွက်မှာပေါ့။ ဒါပေမဲ့ ကျွန်မတို့က ပြန်ရှင်းပြရတယ်။ ပြည်သူ့လွှတ်တော်မှာ မဲဆန္ဒနယ် (၃၃၀)ရှိ တယ်။ မဖြစ်မနေ ကျင်းပရမယ့် မဲဆန္ဒနယ် အနည်းဆုံး အရေအတွက်ဆိုပြီး ဖွဲ့စည်းပုံမှာသတ်မှတ်ထားတာ မရှိဘူး ဆိုတဲ့အတွက် ဒီလွှတ်တော်အထမြောက်ခြင်းက လွှတ်တော်တစ်ခုအထမြောက်ဖို့ကို အရေအတွက် ဘယ်လောက် လုပ်မှ မဲဆန္ဒနယ်အရေအတွက်မှာ တည်မှီနေတာမရှိဘူး။ ဒါကြောင့် လုပ်နိုင်တဲ့နေရာတွေကို လုပ်လို့ရတဲ့အခြေ အနေမှာ စစ်ဖြစ်နေပေမယ့်လုပ်လို့ ရတဲ့အခြေအနေ အများကြီးရှိတယ်။ ကျွန်မပြောသလို ၂၀၂၂ - ၂၀၂၃ လောက်ဆို ရင် တူးတူးခါးခါး အနောက်နိုင်ငံတွေက ရွေးကောက်ပွဲလုပ်ဖို့ ဆိုတဲ့ဟာလေးကို တူးတူးခါးခါး အခြေအနေကနေ ကျွန်မတို့လည်း သံတမန်တွေနဲ့ စကားပြောနေတာပဲ။ တဖြည်းဖြည်းနဲ့ သူတို့မှာစိုးရိမ်မှုတွေ မြင့်တက်လာတယ်။ တစ်နိုင်ငံလုံးရဲ့အခြေအနေကို ကြည့်ပြီးတော့ စိုးရိမ်မှုတွေ မြင့်တက်လာတယ်။ တချို့နိုင်ငံတွေဆိုရင် ဗဟိုအစိုးရ မပြုတ်ကျရေးဆိုတာကို ဦးတည်လာတယ်ဆိုတဲ့ဟာ တွေ့ရတယ်။ ရွေးကောက်ပွဲသည်သာ မှန်ကန်တဲ့ထွက်ပေါက် ဖြစ်တယ်ဆိုတာကို ၂၀၂၄ လောက်မှာ လက်ခံလာတယ်ဆိုတာ တွေ့ရတယ်။ နဂိုတုန်းက ငါတို့ရွေးကောက်ပွဲ လုပ်တာကို ဘယ်သူက သဘောတူတူ မတူတူဆိုပြီး လုပ်လိုက်ရင်လည်း ရတာပဲ။ သို့သော်လည်း တခြားနိုင်ငံတွေ က Credit ပေးတဲ့အခါမှ ရွေးကောက်ပွဲက ပိုအဓိပ္ပာယ်ရှိတာပေါ့။ မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်နိုင်မယ်ဆိုတဲ့ ဒီလို အခြေအနေမျိုးကို ကျွန်မတို့အစိုးရက လိုချင်မှာပေါ့လေ။ နဂိုတုန်း ကတော့ တခြားနိုင်ငံတွေရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်တာတွေ၊ သဘောမတူတာ၊ ဆန့်ကျင်တာတွေ ကြုံခဲ့ရပေမယ့် အခုတော့ အဲဒီစိန်ခေါ်မှုတွေက တဖြည်းဖြည်းနည်းလာတယ်လို့ ပြောနိုင်တယ်။ ရွေး ကောက်ပွဲကို လက်ခံလာတဲ့ အခြေအနေ ဖြစ်လာတယ်။ ဗဟို အစိုးရမပြုတ်ကျရေးအတွက် ရွေးကောက်ပွဲသည်သာ မှန်ကန်တဲ့ ထွက်ပေါက်တစ်ခုဖြစ်တယ် ငြိမ်းချမ်းတဲ့ ထွက်ပေါက်တစ်ခုဖြစ်တယ်ဆိုတာ လက်ခံလာတဲ့အတွက် စိန်ခေါ်မှုတွေက ရှိပေမယ့် တဖြည်းဖြည်းနဲ့ အချိန် ကာလအလျောက်နည်းလာတာကို တွေ့ရတယ်။ တစ်ဖက်က ရွေးကောက်ပွဲကို အသိအမှတ်မပြုအောင်၊ နိုင်ငံရေး အရ တရားဝင်မှု မရှိအောင် အနှောင့်အယှက် အဖျက်ဆိုတာလည်း လုပ်လာနိုင်တယ်ဆိုတာလည်း တွေ့ရပါတယ်။ ကျွန်မတို့နိုင်ငံမှာ အကုန်လုံး ဒုက္ခရောက်နေတဲ့အချိန်မှာ ရွေးကောက်ပွဲ လုပ်တာကို လက်ခံပါတယ်။ ဒါပေမဲ့ အားလုံး သုံးသပ်ထားတာကတော့ နစက လုပ်တဲ့ ရွေးကောက်ပွဲကို ပါတီကြီးတစ်ခုကပဲ အပြတ်အသတ် နိုင်သွား တယ်ဆိုတာမျိုး မဖြစ်စေဖို့အတွက်မျှတတဲ့ ရွေးကောက်ပွဲဖြစ်ပြီး ပါသင့်ပါထိုက် တဲ့ ပါတီတွေပါဖို့ ဆောင်ရွက်သင့် တယ်လို့ အကြံပေးချင်ပါတယ်။
“၂၀၂၅ ေ႐ြးေကာက္ပြဲ တကယ္ျဖစ္လာမည္လား ”
သုတေက်ာ္ (NP News) - ဇြန္ ၂၇
ဦးကိုကိုႀကီး(ဥကၠ႒ - ျပည္သူ႔ပါတီ)
အဓိကကေတာ့ ေ႐ြးေကာက္ပြဲက်င္းပၿပီးေတာ့ ဖြဲ႕စည္းပုံအေျခခံဥပေဒနဲ႔အညီ အာဏာျပန္လႊဲမယ္ဆိုတာက ၂၀၂၁ နစက အာဏာရယူကတည္းက လမ္းျပေျမပုံမွာ အတိအလင္း ေဖာ္ျပထားတာျဖစ္ပါတယ္။ သို႔ေသာ္ သာမန္အေျခ အေနမဟုတ္ဘူးဆိုတဲ့ အဓိပၸာယ္ဖြင့္ဆိုခ်က္အရ တစ္ႏွစ္နဲ႔ေျခာက္လ ၂ ႀကိမ္ျပည့္တဲ့အခ်ိန္မွာ သက္တမ္းတိုးလာ တာ အခုဆို ဒါသုံးႏွစ္ေက်ာ္သြားပါၿပီ။ တကယ္လို႔ ကြၽန္ေတာ္တို႔က ေ႐ြးေကာက္ပြဲမလုပ္ႏိုင္ဘူးဆိုရင္ သေဘာက ဖြဲ႕စည္းပုံပ်က္ျပယ္တဲ့ပုံစံမ်ိဳး သေဘာမ်ိဳး သက္ေရာက္သြားႏိုင္တယ္။ ေ႐ြးေကာက္ပြဲ မလုပ္ႏိုင္တဲ့ကာလ ၾကာလာ တာကလည္းပဲ ဒါနစကရဲ႕တာဝန္ယူမႈအေပၚမွာ ေထာက္ျပေဝဖန္စရာေတြ ပိုပိုၿပီး မ်ားလာမယ္။ ဒါတပ္ခ်ဳပ္အေနနဲ႔ အရင္တုန္းက အၾကားအလပ္မရွိ ေ႐ြးေကာက္ပြဲက်င္းပမယ္လို႔ ေျပာဆိုခဲ့ေပမယ့္ ေနာက္ပိုင္းမွာ အၾကားအလပ္မရွိ ဆိုတဲ့ဟာကို မသုံးႏႈန္းေတာ့ဘဲနဲ႔ ေ႐ြးေကာက္ပြဲ လုပ္ေပးဖို႔ ကတိကဝတ္ ကိုလည္းေပးလာတဲ့ အခါက်ေတာ့ ကြၽန္ ေတာ္တို႔ႏိုင္ငံမွာ သမိုင္းေၾကာင္းအရလည္းပဲ ဒါရန္ကုန္အစိုးရဆိုတဲ့အေျခအေနမ်ိဳးအထိ လက္နက္ကိုင္ကာလ ျပင္းထန္တဲ့ကာလမွာ ၁၉၅၂ ေ႐ြးေကာက္ပြဲကို အလီလီခြဲၿပီး က်င္းပခဲ့ရတဲ့ အေတြ႕အႀကဳံရွိခဲ့တဲ့ အခါက်ေတာ့ အခုလည္းပဲေ႐ြးေကာက္ပြဲ က်င္းပႏိုင္တဲ့ ေနရာေတြမွာ စတင္ၿပီးေတာ့က်င္းပမယ့္ သေဘာမ်ိဳးလို႔ ကြၽန္ေတာ္ ကေတာ့ ယူဆပါတယ္။ ႏိုင္ငံေရးပါတီလို႔ ေျပာရင္ ႏိုင္ငံေရးပါရမယ္။ မွတ္ပုံတင္က်႐ုံနဲ႔ ႏိုင္ငံေရး အားေကာင္းတဲ့ ပါတီေတြ ျဖစ္မလာႏိုင္ဘူး။ တကယ္ ႏိုင္ငံေရးအားေကာင္း တဲ့ပါတီေတြက မွတ္ပုံတင္ထားၿပီးေတာ့ မွတ္ပုံတင္ ျပန္မက်ေသးတာ တစ္ႏွစ္ ေက်ာ္ေက်ာ္ ေစာင့္ဆိုင္း ေနရတဲ့ ပါတီေတြလည္း ရွိတယ္။ တခ်ိဳ႕က်ေတာ့ မွတ္ပုံမတင္ ေသးဘူး။ ႏိုင္ငံေရးအေနအထား ေကာင္းမြန္လာရင္၊ ေျပာင္းလဲလာရင္ ျပန္ၿပီးမွတ္ပုံတင္ေကာင္းတင္မယ္ဆိုတဲ့ ပါတီေတြလည္း ရွိတယ္။ ဒါေၾကာင့္ ႏိုင္ငံေရးပါတီေတြလို႔ ေျပာရင္ ႏိုင္ငံေရးအားေကာင္းတဲ့ပါတီေတြ ဒီအခင္း အက်င္းမွာပါလာဖို႔ အေရးႀကီးတယ္လို႔ ကြၽန္ေတာ္ကေတာ့ ျမင္တယ္။ သာမန္အားျဖင့္ ပါတီႀကီးေတြ မပါလာရင္ က်န္တဲ့ပါတီေတြက ကိုယ္ေတြအတြက္ အလားအလာေကာင္းမွာပဲဆိုတဲ့ စဥ္းစားခ်က္မ်ိဳးက ေတာ့မစဥ္းစားသင့္ ဘူး။ ဘာေၾကာင့္လဲဆိုေတာ့ တိုင္းျပည္က ေသေရးရွင္ေရးဆိုတဲ့ အေျခအေနမ်ိဳးျဖစ္တဲ့အခ်ိန္မွာ ျပႆနာေတြကို ေျဖရွင္းႏိုင္တဲ့အင္အားစုေတြကို ကြၽန္ေတာ္တို႔က တတ္ႏိုင္သေလာက္ က်ယ္ျပန႔္လာေအာင္ ဆြဲေခၚသင့္တယ္။ စည္း႐ုံးသင့္တယ္လို႔ ေျပာတယ္။ ဒါက ႏိုင္ငံေရးပါတီနဲ႔ အပိုင္းေပါ့။ ဆိုေတာ့ အခုကေတာ့ အက်ပ္အတည္းေတြ ကေတာ့ ဘက္ေပါင္းစုံပဲ။ တစ္ခုကလည္း ႏိုင္ငံေရးပါတီမွတ္ပုံတင္တာနဲ႔စၿပီးေတာ့ ေကာ္မရွင္ရဲ႕ ၫႊန္ၾကားခ်က္ ေတြက သာမန္ၿငိမ္းၿငိမ္းခ်မ္းခ်မ္းကာလမွာေတာင္ ဒီေလာက္ မက်ပ္တည္းဘူး။ ၿပီးခဲ့တဲ့ ေ႐ြးေကာက္ပြဲေကာ္မရွင္ ဥကၠ႒လက္ထက္မွာဆိုရင္ ထုတ္ျပန္တဲ့ၫႊန္ၾကားခ်က္ေတြ အမိန႔္ေတြဟာ ပါတီေတြလုပ္ရကိုင္ရတာ ခက္ပါတယ္ ဆိုမွ ပါတီေတြ အေထာက္အကူမျဖစ္တဲ့အျပင္ ထပ္ၿပီးေတာ့ ခ်ဳပ္ခ်ယ္ထားတဲ့တင္းက်ပ္ထားတဲ့ဟာေတြ ရင္ဆိုင္ရ တယ္။ ေနာက္ၿပီးေတာ့ ဌာနဆိုင္ရာေတြရဲ႕ ျပႆနာကလည္း သူတို႔မွာ ႏိုင္ငံေရးလည္းေၾကာက္ရတယ္၊ ေနာက္ဆုံး ေ႐ြးေကာက္ပြဲေကာ္မရွင္႐ုံးေတြကိုယ္တိုင္က ကိုယ့္ဘာသာကိုယ္ သီးျခားမဖြင့္ႏိုင္လို႔ ေထြအုပ္တို႔၊ ရဲစခန္းနဲ႔ နီးတဲ့ ေနရာတို႔မွာ ကပ္ၿပီးေတာ့ဖြင့္ေနရတာ ျဖစ္ေတာ့ ကြၽန္ေတာ္တို႔က ပိုၿပီး အကာအကြယ္မဲ့တာေပါ့။ ႏိုင္ငံေရးပါတီ ဆိုတာက ကိုယ့္ကိုလုံၿခဳံေရး ယူေပးမယ့္သူ ဘယ္သူမွ မရွိဘူးေလ။ အဲဒီလို အၾကပ္ အတည္းေတြ ရွိတယ္။ ၿပီးေတာ့ ျပည္သူေတြရဲ႕အျမင္သေဘာထား။ ေနာက္ၿပီးေတာ့ ျပည္သူေတြရဲ႕ အျမင္မွာလည္းႏိုင္ငံေရး ပါတီေတြေထာင္ၿပီး ေတာ့ ကြၽန္ေတာ္တို႔က သိသာထင္ရွားတဲ့ ျပဳျပင္ေျပာင္းလဲ ႏိုင္တဲ့ ေမွ်ာ္လင့္ခ်က္ေတြ မေပးႏိုင္ဘူး၊ မဖန္တီးႏိုင္ဘူး ဆိုရင္ ႏိုင္ငံေရးပါတီဆိုတာ ပါတီေထာင္ၿပီးေတာ့ ေ႐ြးေကာက္ပြဲနီးရင္ ကားေပၚကို ေဆာင္းေဘာက္ေတြတင္ၿပီး ေတာ့ မဲ ေတာင္းတာေလာက္ပဲ ျဖစ္သြားရင္ေတာ့ ျပည္သူကလည္း အထင္မႀကီးဘူးဗ်။ အဓိကေတာ့ ျပည္သူက ႏိုင္ငံေရး ယုံၾကည္လာေအာင္၊ ႏိုင္ငံေရးသမားေတြကလည္း ဖေရာ္ဖက္ရွင္နယ္ ႏိုင္ငံေရးသမား ပီပီသသျဖစ္ဖို႔ လိုတယ္။ ျပည္သူေတြကလည္း ႏိုင္ငံေရးနည္းလမ္းနဲ႔ ေျဖရွင္းႏိုင္ရင္ ဒီအက်ပ္အတည္းေတြကို ႏိုင္ငံေရး နည္းလမ္း နဲ႔ ေမွ်ာ္လင့္ခ်က္ေကာင္းေကာင္း ဖန္တီးႏိုင္တယ္ဆိုတာ ျပည္သူေတြကလည္း လက္ခံႏိုင္ဖို႔လိုတယ္။ လက္ခံလာဖို႔ ဆိုတာက ပါတီေတြနဲ႔ လက္ရွိတာဝန္ယူထားတဲ့ နစကနဲ႔ၾကားမွာလဲ သိသာျမင္သာတဲ့ ျဖစ္ေပၚတိုးတက္မႈေတြကို ဖန္တီးျပဖို႔ လိုတယ္။ ဒါေၾကာင့္ ေတြ႕ဆုံေဆြးေႏြးပြဲေတြကို ေမွ်ာ္လင့္တယ္ ဆိုတာကေတာ့ ျပည္သူေတြရဲ႕ အျမင္မွာ ႏိုင္ငံေရး ပါတီေတြကေတာ့ ျပည္သူလူထုရဲ႕ အခက္အခဲေတြကို ကိုယ္စားျပဳၿပီးေဆြးေႏြးေနတယ္၊ ရလဒ္ေတြလည္း ျမင္ေနရၿပီဆိုတာကို ျပႏိုင္ဖို႔လိုတယ္။ တစ္ခုကေတာ့ လိုအပ္ခ်က္ေတြ အားနည္းခ်က္ေတြ ရွိတယ္ဆိုေပမယ့္လည္း ၂၀ဝ၈ ဖြဲ႕စည္းပုံအေျခခံ ဥပေဒအရ ေ႐ြးေကာက္ပြဲလုပ္မယ္ဆိုရင္ေတာ့ သူ႔ရဲ႕ ျပ႒ာန္းခ်က္အရ ပုဒ္မ၁၂၈(က)မွာ လႊတ္ေတာ္ကိုယ္စားလွယ္ ထက္ဝက္ေက်ာ္ဆိုရင္ လႊတ္ေတာ္အစည္းအေဝး အထေျမာက္တယ္။ အဲဒီေတာ့ တပ္မေတာ္သား ကိုယ္စားလွယ္၂၅ ရာခိုင္ႏႈန္းရွိၿပီးသားအတြက္ေၾကာင့္ ၂၅ ရာခိုင္ႏႈန္း ေ႐ြးေကာက္ခံရွိရင္ လႊတ္ေတာ္ အထေျမာက္တယ္။ ဒါက ပထမအဆင့္ေပါ့။ ပုဒ္မ ၁၂၈ (ခ) မွာ အကယ္၍ ပထမအႀကိမ္ လႊတ္ေတာ္ အစည္းအေဝး အထမေျမာက္ခဲ့ဘူးဆိုရင္ သုံးပုံ တစ္ပုံ ဆိုရင္ အထေျမာက္တယ္။ ၃၃ ရာခိုင္ႏႈန္းဆိုေတာ့ လက္ရွိ တပ္မေတာ္သားကိုယ္စားလွယ္ ၂၅ ရာခိုင္ႏႈန္းရွိေတာ့ ေ႐ြးေကာက္ခံ ၈ ရာခိုင္ႏႈန္းရွိရင္ လႊတ္ ေတာ္ အထေျမာက္ တယ္။ လက္ရွိ ၂၀ဝ၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒအရ လႊတ္ေတာ္ေပၚလာေအာင္ လုပ္တဲ့ အဆင့္ကေတာ့ ေအာင္ျမင္ တယ္။ လုပ္ႏိုင္တယ္။ ကြၽန္ေတာ္ျမင္တယ္။ သို႔ေသာ္ ဖြဲ႕စည္းပုံျပင္ဆင္ေရးဆိုရင္ေတာ့ လက္ရွိလည္း NSPNC နဲ႔ ေဆြးေႏြးတဲ့အခါ ဖြဲ႕စည္းပုံျပင္ဆင္ေရးနဲ႔ပတ္သက္တဲ့ကိစၥေတြကို ကြၽန္ေတာ္တို႔ ေဆြးေႏြးၾကမွာေတြရွိပါတယ္။ အဲဒီေတာ့ အဲဒီကေန ဖြဲ႕စည္းပုံမွာ ဘယ္အခ်က္ေတြကိုေတာ့ ပထမအဆင့္ သေဘာတူညီမႈ အေနနဲ႔ ညႇိႏႈိင္းၿပီးေတာ့ ျဖစ္ေပၚလာမယ့္ လႊတ္ေတာ္မွာ ဒါေတြကို ျပင္ဆင္မယ္။ လိုအပ္တာေတြကို သုံးသပ္တာေတြ ျပင္ဆင္တာေတြ လုပ္သြားမယ္ဆိုရင္ ထိခိုက္နာက်င္မႈ အနည္းဆုံးနဲ႔ ျပဳျပင္ေျပာင္းလဲေရး လမ္းေၾကာင္းကို ျပန္ေရာက္လာမယ္။ မဟုတ္ရင္ေတာ့ ထိခိုက္ပ်က္စီးမႈေတြ၊ အိုးအိမ္စြန႔္ခြာမႈေတြ၊ မီးေလာင္ ပ်က္စီးတာေတြ ဒီအနိ႒ာ႐ုံႀကီးက ဘယ္ ေလာက္ၾကာၾကာ ဆက္ျဖစ္မလဲဆိုတာ မသိဘူး။ ၿမိဳ႕ျပေတြမွာက စားဝတ္ေနေရး၊ ကုန္ေဈးႏႈန္း ျပႆနာ၊ လုံၿခဳံမႈ မရွိတဲ့ျပႆနာ အဲဒါေတြက အကန႔္အသတ္မရွိ ဒီအတိုင္းႀကီး ျဖစ္ေနရင္ တိုင္းျပည္က သိပ္နစ္နာတယ္။ ဒါေၾကာင့္ မို႔လို႔ တပ္ခ်ဳပ္က ေရွ႕ႏွစ္မွာ ေ႐ြးေကာက္ပြဲလုပ္မယ္လို႔ေျပာတာက လက္ရွိ ျပႆနာေတြ အားလုံးကို ေျဖရွင္းဖို႔က မျဖစ္ႏိုင္ဘူး။ သို႔ေသာ္ အဲဒီျပႆနာေတြကို ေျဖရွင္းႏိုင္တဲ့အဆင့္ တစ္ဆင့္ကို ကူးေျပာင္းသြားလိမ့္မယ္လို႔ ကြၽန္ေတာ္တို႔ ေမွ်ာ္လင့္တယ္။ အဲဒီတက္လာတဲ့ လႊတ္ေတာ္နဲ႔ အစိုးရဟာ အာဏာ႐ူးလို႔ရတဲ့၊ အာဏာယစ္မူးလို႔ရ တဲ့ လႊတ္ေတာ္နဲ႔ အစိုးရ မဟုတ္ဘူး။ ျပႆနာေတြ အားလုံးကိုေခါင္းခံၿပီး ေျဖရွင္းမယ္လို႔ သတၱိရွိတဲ့ တာဝန္ယူရဲတဲ့ သူေတြမွသာလွ်င္ ဒီေ႐ြးေကာက္ပြဲကို ဝင္သင့္တယ္လို႔ ကြၽန္ေတာ္ကေတာ့ ျမင္တယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူက ဒီျပႆနာေတြအားလုံးကို ေခါင္းခံၿပီးေတာ့ ရွင္းရေတာ့မယ့္ အေျခအေနရွိတယ္။ နစက အေနနဲ႔ တစ္အခ်က္ က ျပည္သူ စိတ္ပါဝင္စားမႈ၊ ပူးေပါင္းေဆာင္႐ြက္မႈျမင့္ တက္လာဖို႔လိုတယ္။ ဒါေၾကာင့္မို႔လို႔ လူထုေထာက္ခံမႈရွိတဲ့ ႏိုင္ငံေရးပါတီေတြ ဒီအခင္းအက်င္းမွာ ပါလာဖို႔လိုတယ္။ နစက အေနနဲ႔ ဒီကိစၥကို အေလးအနက္ထားၿပီး လုပ္သင့္ တယ္။ ေနာက္တစ္ခုက အဲဒီႏိုင္ငံေရးပါတီေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးၿပီး ဒီျပႆနာေတြကို ေျဖရွင္းႏိုင္မယ္လို႔ဆိုတဲ့ ႏိုင္ငံေရးေမွ်ာ္လင့္ခ်က္၊ ႏိုင္ငံေရးနည္းလမ္းဟာ ယုံၾကည္အားကိုးလို႔ ရတယ္ဆိုတဲ့အသိ ျပည္သူေတြ ၾကားထဲမွာ က်ယ္က်ယ္ျပန႔္ျပန႔္ျဖစ္လာဖို႔လိုတယ္။ ႏိုင္ငံေရးသမားေတြ ႏိုင္ငံေရးပါတီေတြကလည္း ကိုယ္ဘယ္ေလာက္ တာဝန္ႀကီးတယ္ဆိုတာကို နားလည္ဖို႔လိုတယ္။
ေဒါက္တာ ေအးေမာင္
(ဥကၠ႒ - ရခိုင့္ဦးေဆာင္)
ေ႐ြးေကာက္ပြဲတစ္ခုဆိုတာက တည္ၿငိမ္ေအးခ်မ္းတဲ့ အခင္းအက်င္းမွာ ျဖတ္သန္းၾကရတာ။ တရားဥပေဒ စိုးမိုးရမယ္၊ တည္ၿငိမ္ေအးခ်မ္းရမယ္။ လူတိုင္း လြတ္လြတ္လပ္လပ္ မဲလာေပးႏိုင္တဲ့ အေနအထား၊ အခြင့္အေရးရွိရ မယ္ဆိုတာက အေျခခံလိုအပ္ခ်က္ေပါ့။ အဲဒီအတြက္လည္း နစကဘက္က မဲစာရင္း တိက်မွန္ကန္ဖို႔ အေရးႀကီး တယ္။ မဲစာရင္းေၾကာင့္ ျဖစ္ခဲ့တဲ့ လက္ရွိအေနအထားဆိုတာကို သူက ခဏခဏ ေနာက္ေၾကာင္းျပန္သုံးသပ္တာ လည္း ေတြ႕တယ္။ အဲဒီေတာ့ တည္ၿငိမ္ေအးခ်မ္းၿပီး ေ႐ြးေကာက္ပြဲ တစ္ခုက်င္းပေပးၿပီးမွပဲ နစကရယူထားတဲ့ တာဝန္က ၿပီးေျမာက္မွာကိုး။ အဲဒီလို အခင္း အက်င္း ျဖစ္မွပဲ ကာကြယ္ေရးနဲ႔လုံၿခဳံေရးေကာင္စီကို ေ႐ြးေကာက္ပြဲ တစ္ခုက်င္းပေပးဖို႔အတြက္ တည္ၿငိမ္ေအးခ်မ္းတဲ့ အခင္းအက်င္း ျဖစ္ဖို႔အတြက္ ျမန္မာ့တပ္မေတာ္ဘက္က ေဆာင္႐ြက္လို႔ ၿပီးပါၿပီလို႔ အစီရင္ခံရမွာကိုး။ ဆိုေတာ့ အခုလြန္ခဲ့တဲ့ သုံးႏွစ္ေက်ာ္ေလာက္တည္းက ႀကိဳးစားလာတဲ့ အေနအထားနဲ႔ အခုအေနအထားကို တည္ၿငိမ္ေအးခ်မ္းတဲ့ ေ႐ြးေကာက္ပြဲတစ္ခုက်င္းပဖို႔ ျဖစ္ႏိုင္၊ မျဖစ္ႏိုင္လူထု ကေကာ ႏိုင္ငံေရးပါတီဘက္ကေကာ၊ ကာ/လုံေကာ နစကဘက္ကေကာ စဥ္းစားၾကမွာေပါ့။ သူ႔ဘက္ကေတာ့ သူ႔ရဲ႕လမ္းျပေျမပုံအတိုင္း ေ႐ြးေကာက္ပြဲ တစ္ခုက်င္းပၿပီး ေ႐ြးေကာက္ခံ အစိုးရတစ္ရပ္ေပၚေပါက္ေအာင္ ေဆာင္႐ြက္ၿပီးမွပဲ အေျခခံဥပေဒအရ သူ႔တာဝန္လည္း ၿပီးေျမာက္ မွာကိုး။ ဒါက လိုလားခ်က္လိုအပ္ခ်က္ေပါ့။ ၂၀၂၅ ခုႏွစ္ ဘယ္လမွာ ေ႐ြးေကာက္ပြဲလုပ္မယ္ဆိုတာက သူ႔ ဘက္ကေတာ့ ေသေသခ်ာခ်ာ Highlight လုပ္တာ မေတြ႕ဘူး။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ကေတာ့ ျဖစ္ႏိုင္ ေျခ ကာလေလးကို မွန္းၾကည့္တာေပါ့။ အခုက ဇူလိုင္ ၃၁ ရက္ ဆိုရင္ ေျခာက္လတာျဖတ္ၿပီးၿပီေပါ့ဗ်ာ။ ဒီကာလမတိုင္ခင္ေလးမွာ ဒီအသံေလးထြက္တယ္ဆိုရင္ ၂၀၂၅ ဘယ္လလဲ ဆိုတာ ႀကိဳးစားခန႔္မွန္းဖို႔ လိုအပ္လာတာေပါ့။ လာမယ့္ဩဂုတ္လ ၁ ရက္ကေန႔ စၿပီးေတာ့ ေျခာက္လတာကို နစက က တာဝန္ယူမွပဲ ေအာက္တိုဘာလ သန္းေခါင္စာရင္းကို ေက်ာ္ျဖတ္ႏိုင္မယ္ေလ။ အခု ေျခာက္လကေတာ့ သူမျဖစ္ မေန ယူမယ့္သေဘာေတြ႕ရပါတယ္။ အဲဒီလိုယူမယ္ဆိုရင္ ကာလအားျဖင့္ ဇန္နဝါရီ ၃၁ ရက္ကို ေရာက္မွာေပါ့။ ေဖေဖာ္ဝါရီလ ၁ ရက္မွာ ၂၀၂၅ ကို ေရာက္သြားေတာ့ ေဖေဖာ္ဝါရီလ ၁ ရက္ကစၿပီး ဇူလိုင္ ၃၁ ရက္အထိ ေျခာက္လတာကာလအတြင္း ေ႐ြးေကာက္ပြဲ လုပ္ျဖစ္မွာလားဆိုတာ တစ္ေခါက္ စဥ္းစားဖို႔ လိုမွာေပါ့။ အဲဒီလိုလုပ္ ျဖစ္မယ္ဆိုရင္ လာမယ့္ ဇန္နဝါရီ ၂၀၂၅ ဇန္နဝါရီ ၃၁ ရက္မတိုင္ခင္တည္းက တည္ၿငိမ္ ေအးခ်မ္းတဲ့ အခင္းအက်င္းျဖစ္ကို ျဖစ္ေနရမွာေပါ့။ ဒါမွ ကာ/လုံ ကို ဇြန္နဝါရီ ၃၁ ရက္ မွာ အာဏာျပန္ လႊဲႏိုင္မွာေပါ့။ ဒါေပမဲ့ လက္ရွိ အေနအထားက တည္ၿငိမ္ေအးခ်မ္းတဲ့ အခင္းအက်င္းလည္း ျဖစ္ေကာင္း ျဖစ္ႏိုင္တယ္။ ျဖစ္ခ်င္မွလည္း ျဖစ္မွာေပါ့။ ဒါေပမဲ့ ကာ/လုံကို အပ္ရမယ့္ကာလက ေဖေဖာ္ဝါရီ ၁ ရက္ ကေန ဇူလိုင္ ၃၁ ရက္ဆိုတဲ့ ကာလကို ၾကည့္ရင္ ေ႐ြးေကာက္ပြဲကာလ မဟုတ္ျပန္ဘူး။ မိုးတြင္းကာလ ကလည္းမ်ားသလို ပူျပင္းတဲ့ကာလ ကလည္း မ်ားတယ္။ အဲဒီ ကာလေတြကို SAC မ်ား ထပ္ယူႏိုင္ မလားေပါ့။ အဲဒါဆို SAC သည္ ေျခာက္လ (၂) ႀကိမ္ထပ္ယူၿပီးမွ တည္ၿငိမ္ေအးခ်မ္းတဲ့ အခင္းအက်င္းကို မရရေအာင္လုပ္ဖို႔ သံႏၶိ႒ာန္ခ်ထားခဲ့ၿပီလားေပါ့။ အဲဒီလိုခ်ထားခဲ့ရင္ ေ႐ြးေကာက္ပြဲသည္ ၂၀၂၅ ႏိုဝင္ဘာ လ ေလာက္မွာ ျဖစ္ေကာင္းျဖစ္ႏိုင္တယ္။ အေစာဆုံး၊ ေနာက္အက်ဆုံး ျဖစ္ႏိုင္ တဲ့ ကာလက ၂၀၂၅ ဩဂုတ္လ ၁ ရက္ ကေန ၂၀၂၆ ဇန္န ဝါရီ ၃၁ ရက္ၾကား ကာလပဲ။ အေစာက ႏိုဝင္ဘာလ ျဖစ္ႏိုင္ေျခ မ်ားတယ္။ ေနာက္အက်ဆုံးက ဒီဇင္ဘာ ျဖစ္ႏိုင္ေျခမ်ားတာေပါ့။ ဒါကေတာ့ အၾကမ္းဖ်င္း ခန႔္မွန္းႏိုင္ တာေပါ့။ ဆိုေတာ့ အဲဒီလို အခင္းအက်င္း သူ႔ဘက္က သတ္မွတ္ထားၿပီဆိုရင္ ေ႐ြးေကာက္ပြဲကို ေအာင္ ေအာင္ျမင္ျမင္ျဖစ္ဖို႔အတြက္ အခု ေျခာက္လ ႏွစ္ႀကိမ္အတြင္းမွာ ႐ုန္းလုပ္၊ ကုန္းလုပ္ဖို႔ လိုအပ္လာတာ ေပါ့။ ျမန္မာႏိုင္ငံ အႏွံ႔အျပားကလည္း ျမင္တဲ့အတိုင္းပဲေလ။ ပဋိပကၡေတြက မ်ားတယ္။ စစ္မီးက တလွ်ံလွ်ံနဲ႔ ႀကီးလာ တာကိုး။ အဲဒီေတာ့ သူ႔ဘက္ကလည္း ေ႐ြးေကာက္ပြဲကို လမ္းျပေျမပုံဆြဲၿပီးက တည္းက အႀကိမ္ႀကိမ္ေျပာတာ ရွိပါတယ္။ ကြၽန္ေတာ္ မွတ္မိသေလာက္ အၾကားအလပ္မရွိ ေ႐ြး ေကာက္ပြဲ လုပ္မယ္လို႔ စီစဥ္ထားခဲ့တာေပါ့။ ေနာက္ပိုင္း စစ္ေရးတင္းမာလာတဲ့အခါက်ေတာ့ အၾကား အလပ္ဆိုတာကို သူ႔ဘက္က ျပန္သုံးသပ္တာေပါ့။ အဲဒီမွာ ေ႐ြးေကာက္ပြဲ အထေျမာက္ေအာင္ က်င္းပ မယ္ဆိုတာကို ျပန႔္ခ်ဲ႕ရင္ ေ႐ြးေကာက္ပြဲက်င္းပႏိုင္ေျခရွိတဲ့ ေနရာေတြေပါ့ဗ်ာ။ သူရည္မွန္းတာက ဖိအား မပါဘဲနဲ႔ က်င္းပႏိုင္တဲ့ေနရာေပါ့ဗ်ာ။ ဥပမာ- လက္နက္ကိုင္ အဖြဲ႕ အစည္းတစ္ခုခု ထိန္းခ်ဳပ္ထားတဲ့ ဧရိယာဆိုရင္ လႊမ္းမိုးမႈက ရွိတယ္ေလ။ ျပည္သူေတြကလည္း သူ႔ရဲ႕ဆႏၵအတိုင္း မဲေပးႏိုင္ခြင့္ရွိခ်င္မွ ရွိမွာ ေပါ့။
အဲဒီလိုသုံးသပ္ရင္ လက္ရွိစစ္ေရးတင္းမာေနတဲ့ ဧရိယာေတြအားလုံးကိုဖယ္ထုတ္ၿပီးမွ အေျခခံ ဥပေဒပါအတိုင္း ေ႐ြးေကာက္ပြဲကို က်င္းပႏိုင္ေျခရွိတာေပါ့။ ေအးခ်မ္းတဲ့တိုင္းေဒသႀကီးေတြမွာ က်င္းပ ႏိုင္တယ္။ တခ်ိဳ႕ျပည္နယ္ေတြမွာ စစ္မက္ျဖစ္ေနတဲ့ ဧရိယာေတြကို ေရွာင္ကြင္းၿပီးေတာ့ အေျခခံဥပေဒပါအတိုင္း ၿမိဳ႕နယ္ေတြ မွာ ဆိုရင္ တစ္ခုလုံး က်င္းပေပးရမယ္လို႔ ျပ႒ာန္းထားတာ မဟုတ္ဘူး။ ေ႐ြးေကာက္ပြဲ ဥပေဒကလည္း ႁခြင္းခ်က္ ေတြရွိတာေပါ့။ ၿမိဳ႕နယ္တစ္ခုမွာ လူထုက လြတ္လြတ္လပ္လပ္ မဲလာေပးႏိုင္ခြင့္ ရွိတဲ့ ဧရိယာထဲမွာ က်င္းပႏိုင္ တယ္။ အႀကိမ္ႀကိမ္လည္း က်င္းပေပးႏိုင္တယ္။ ဒါေပမဲ့ ပထမအႀကိမ္က်င္းပတဲ့ေ႐ြးေကာက္ပြဲမွာ ေ႐ြးေကာက္ပြဲ အထေျမာက္ေအာင္ က်င္းပေပးႏိုင္သလို အစိုးရအဖြဲ႕ အထေျမာက္ေအာင္ေပါ့။ ေ႐ြးေကာက္ပြဲ အထေျမာက္ ေအာင္ဆိုတာ ဒီလိုပါ။ သူခဏခဏ ေျပာေနတဲ့ လႊတ္ေတာ္က်င္းပတဲ့အခါ လႊတ္ေတာ္ အထေျမာက္ဖို႔လိုတာေပါ့။ လႊတ္ေတာ္တစ္ရပ္ကို က်င္းပတဲ့အခါ လႊတ္ေတာ္တက္ေရာက္ခြင့္ရွိတဲ့ ကိုယ္စားလွယ္မ်ား အားလုံးရဲ႕ တစ္ဝက္ေက်ာ္တက္မွ အထေျမာက္တာကိုး။ မဟုတ္ရင္ လႊတ္ေတာ္ေတြက က်င္းပခြင့္ မရွိဘူးေလ။ တစ္ဝက္ ေက်ာ္ဆိုတာ (၅၀) အေပါင္း (၁)ေပါ့ဗ်ာ။ တပ္မေတာ္ဘက္က လႊတ္ေတာ္ ကိုယ္စားလွယ္ (၂၅)ရာခိုင္ႏႈန္းက ေနရာတိုင္း၊ လႊတ္ေတာ္တိုင္းမွာရွိေနတဲ့အခါက်ေတာ့ က်န္တဲ့ ရာခိုင္ႏႈန္းကိုေ႐ြးေကာက္ပြဲ အမတ္ အေရအတြက္ အတိုင္း ရေအာင္လုပ္ႏိုင္ရင္ ၿပီးတဲ့သေဘာျဖစ္ပါတယ္။ အဲဒီလို အထေျမာက္ေအာင္ ပထမအႀကိမ္က်င္းပလို႔ အထမေျမာက္ႏိုင္ခဲ့ရင္ေတာင္မွ လႊတ္ေတာ္ကို ေနာက္တစ္ႀကိမ္ထပ္ေခၚၿပီး တက္လာတဲ့ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားရဲ႕ (၅၀)အေပါင္း (၁)ရာခိုင္ႏႈန္း မဟုတ္ေတာ့ပဲနဲ႔ ေတာ္ေတာ္ေလးေလွ်ာ့ၿပီး ထပ္ေလွ်ာ့တာ လည္း အေျခခံဥပေဒမွာ ေတြ႕ပါတယ္။ အဲဒီလိုမ်ိဳး အထေျမာက္ေအာင္ က်င္းပႏိုင္သလို အထေျမာက္တဲ့ အစိုးရ အဖြဲ႕ကို ဖြဲ႕စည္းႏိုင္တာေပါ့။ ဒါကေတာ့ အနိမ့္ဆုံးကို ေတြးထားတာေပါ့။ အျမင့္ဆုံးကေတာ့ လာမယ့္ေ႐ြးေကာက္ပြဲ ကို အမ်ားႀကီး ေအာင္ေအာင္ျမင္ျမင္ က်င္းပႏိုင္ေအာင္ လာမယ့္(၆)လ (၂)ႀကိမ္ အတြင္းမွာ တရားဥပေဒစိုးမိုးမႈရွိ ေအာင္ သူ႔ဘက္က လုပ္ႏိုင္တဲ့အေနအထားလည္းေတြ႕ရပါတယ္။ အဲဒီလိုက်င္းပတဲ့ ေ႐ြးေကာက္ပြဲမွာ ေ႐ြးေကာက္ခံအမတ္ေလာင္းေတြအျဖစ္ ေ႐ြးေကာက္ပြဲမွာ ယွဥ္ၿပိဳင္ဖို႔လည္း လိုသလို မဲဆြယ္စည္း႐ုံးဖို႔လည္း လိုအပ္တယ္ေလ။ အဲဒီေတာ့ တရားမွ်တၿပီး လြတ္လပ္တဲ့ေ႐ြးေကာက္ပြဲတစ္ခုျဖစ္ဖို႔အတြက္ ေ႐ြးေကာက္ပြဲကို လာ ေရာက္ေလ့လာသူေတြရဲ႕ အခန္းက႑ကလည္း အေရးႀကီးတာေပါ့။ အားလုံးကို တစ္ၿပိဳင္တည္း ေ႐ြးေကာက္ပြဲ ေကာ္မရွင္ဘက္က ေအာင္ေအာင္ျမင္ျမင္ျဖစ္ေအာင္ ပူးေပါင္းေဆာင္႐ြက္ေပးမွပဲ ဒီေ႐ြးေကာက္ပြဲက ျဖစ္လာႏိုင္ တာေပါ့။ ဒါေပမဲ့ စစ္ေဘာင္ကက်ယ္ၿပီး ႏိုင္ငံေရးေဘာင္က က်ဥ္းေနတဲ့ အခါက်ေတာ့ တခ်ိဳ႕ေနရာေတြမွာ အမတ္ အျဖစ္ ယွဥ္ၿပိဳင္ဖို႔ေတာင္ တခ်ိဳ႕ေနရာေတြမွာ စိန္ေခၚမႈရွိႏိုင္ ပါတယ္။ ဒါေၾကာင့္ ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္လို႔ ႀကိဳတင္ၿပီးေတာ့ ဘယ္လိုေ႐ြးေကာက္ပြဲကို ေအာင္ျမင္ ေအာင္ က်င္းပႏိုင္ဖို႔ ကာကြယ္တဲ့ ဥပေဒေတြေပါ့ဗ်ာ။ ေႏွာင့္ယွက္သူမ်ား ရန္က ကာကြယ္မယ့္ ဥပေဒ ေတြလည္း ေပၚေပါက္လာႏိုင္ပါတယ္။ ေနာက္တစ္ခ်က္က ေ႐ြးေကာက္ပြဲပုံစံကလည္း လူထုနဲ႔ေတြ႕ၿပီး မဲဆြယ္စည္း႐ုံးတဲ့ပုံစံအစား လုံၿခဳံတဲ့ေနရာေတြမွာ မဲဆြယ္စည္း႐ုံးတာ မ်ိဳး၊ အြန္လိုင္းကေန စည္း႐ုံးတာမ်ိဳး၊ စေတကာတို႔ တျခား ေၾကာ္ျငာနဲ႔ မဲဆြယ္စည္း႐ုံတာမ်ိဳးလည္း ေ႐ြးေကာက္ပြဲ အႀကိဳနဲ႔ ေ႐ြးေကာက္ပြဲကာလေတြမွာ ေပၚေပါက္လာႏိုင္ပါတယ္။
ေဒၚစႏၵာမင္း (လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း)
ကြၽန္မတို႔ ႏိုင္ငံေရး အက်ပ္အတည္းျဖစ္ေနတဲ့အခ်ိန္မွာ ေ႐ြးေကာက္ပြဲကေတာ့ တစ္ခုတည္း ေသာ ႏိုင္ငံေရး ထြက္ေပါက္တစ္ခုအေနနဲ႔ ျမင္ပါတယ္။ တပ္ခ်ဳပ္ႀကီးရဲ႕အေျချပမိန႔္ခြန္းေတြ၊ သူေျပာတဲ့ မိန႔္ခြန္းေတြကို ၾကည့္လိုက္တဲ့အခါ ၂၀၂၂ ခုႏွစ္တုန္းက အိမ္ေထာင္စုစာရင္းေကာက္မယ္၊ PR စနစ္နဲ႔ ေ႐ြး ေကာက္ပြဲလုပ္မယ္ဆိုတဲ့ ဟာကို တည္ၿငိမ္တဲ့အခ်ိန္မွာလုပ္မယ္ဆိုတာကို သူစေျပာတာသတိထားမိ တယ္။ အခု ၂၀၂၄ ခုႏွစ္က်ေတာ့ သူေ႐ြးေကာက္ပြဲလုပ္မယ္ဆိုတာကို တိတိက်က် ေျပာလာၿပီေပါ့ေနာ္။ ပထမကေတာ့ သူေျပာထားတယ္ သန္းေခါင္စာရင္း အၿပီးေကာက္ၿပီးရင္ျဖစ္ႏိုင္သမွ် အေစာဆုံး ေဆာင္႐ြက္မယ္ဆိုတာ ေျပာထားတာရွိတယ္။ ေသခ်ာတာကေတာ့ ႏိုင္ငံ့ေခါင္းေဆာင္တစ္ေယာက္က ဒီလိုေျပာတယ္ဆိုရင္ေတာ့ သံတမန္ေတြနဲ႔ ေတြ႕တဲ့အခါ ေ႐ြးေကာက္ပြဲ တကယ္လုပ္မွာလား၊ လုပ္မယ္လို႔ျမင္ သလားေပါ့ေနာ္ ဒီလိုမ်ိဳးေတြ ေျပာေနတယ္ဆိုရင္ေတာ့ ေ႐ြးေကာက္ပြဲ တကယ္လုပ္မယ္ဆိုတာ ယုံၾကည္တယ္။ ေနာက္တစ္ခု ကြၽန္မတို႔ ၂၀၂၃ ခုႏွစ္က ဂ်ပန္သြားတဲ့အခါ သက္ဆိုင္တဲ့ လူႀကီးေတြနဲ႔ ေတြ႕ရတဲ့အခါ ဂ်ပန္မွာကြၽန္မတို႔ကို ေမးႏိုင္တယ္၊ ကြၽန္မတို႔ကို ေ႐ြးေကာက္ပြဲ တကယ္ လုပ္မလား ေမးတဲ့အခါ ဘယ္လိုေျဖရမလဲဆိုၿပီး ကြၽန္မတို႔ ေျပာတဲ့အခါ လုပ္မွာပါ ဒါေပမဲ့ လေတြ ဘာေတြကိုေတာ့ အတိအက် မေျပာႏိုင္ဘူးေပါ့ေနာ္။ ဒါေပမဲ့ ၂၄-၂၅ ခုႏွစ္မွာ လုပ္မွာပဲဆိုၿပီး ကြၽန္မတို႔ကို ေျပာလိုက္တာရွိပါတယ္။ ဒါေၾကာင့္ ကြၽန္မတို႔က လုပ္တာကေတာ့ လုပ္မယ္ဆိုတာသိတယ္။ ဒါေပမဲ့ ဘယ္ေတာ့လုပ္မလဲဆိုတာ မသိဘူး ဆိုတဲ့အေျဖကေတာ့ ကြၽန္မတို႔ ဒါမ်ိဳးေျပာတာေပါ့။ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ ဘက္မွာဆိုရင္လည္း PR စနစ္နဲ႔ ပတ္သက္ၿပီးေတာ့လည္း ရွင္းျပတာေတြ၊ ေျပာျပတာေတြ ဘယ္လိုမ်ိဳး လုပ္မယ္ဆိုတာကိုလည္း ဌာနဆိုင္ရာေတြမွာ အႀကိဳမဲေပးတဲ့စနစ္ကို သ႐ုပ္ျပတာ လုပ္ေနတာျဖစ္တဲ့အတြက္ ေ႐ြးေကာက္ပြဲကို မလုပ္ဘူးဆိုတာကို သံသယ မရွိဘူးလို႔ ေျပာခ်င္တယ္။ အခက္အခဲေတြကေတာ့ ျဖစ္လာႏိုင္ပါတယ္။ ကြၽန္မတို႔တစ္ႏိုင္ငံလုံး အတိုင္းအတာ အေနနဲ႔ လုပ္ႏိုင္တဲ့ဟာ မရွိဘူးဆိုတာ လူတိုင္းလည္း သိပါတယ္။ လူေတြက အဲဒီေတာ့ ဘယ္ေနရာသြားလုပ္မွာလဲ ေျပာတယ္။ ကြၽန္မတို႔က တစ္ႏိုင္ငံလုံးမွာ ၿမိဳ႕နယ္ေပါင္း (၃၃၀)ရွိတယ္။ ဟုတ္တယ္ တခ်ိဳ႕ၿမိဳ႕ေတြမွာ စစ္ျဖစ္ေနတာ ရွိ တယ္။ စစ္ျဖစ္ေနတဲ့ေနရာေတြကို ခ်န္လွပ္ထားၿပီး လုပ္ႏိုင္တဲ့ေနရာေတြဟာ (၃၃၀) မွာ (၂၀ဝ)လုပ္ႏိုင္ တယ္ဆို ေ႐ြးေကာက္ပြဲကို လုပ္လို႔ရပါတယ္။ ဖြဲ႕စည္းပုံအေျခခံဥပေဒမွာလည္း ျပ႒ာန္းထားၿပီးသား ပဲေပါ့ေနာ္။ ဘယ္ေလာက္ၿမိဳ႕နယ္ေတြကို လုပ္ႏိုင္မွ ေ႐ြးေကာက္ပြဲ လုပ္ရမယ္လို႔ မျပ႒ာန္းထားဘူး။ ဒါေၾကာင့္မို႔လို႔ ကြၽန္မတို႔က အခုဆိုရင္ တိုင္းနဲ႔ျပည္နယ္ေတြမွာ ၾကည့္လိုက္လို႔ သက္ဆိုင္တဲ့ ၿမိဳ႕ႀကီး ေတြက က်သြား တယ္ဆိုတာမရွိဘူးဆိုတဲ့ အေနအထားေတြလည္း အမ်ားႀကီးေတြ႕ရတယ္။ အဲဒီေတာ့ လုပ္ႏိုင္တဲ့ အေျခအေနက ဗမာနယ္ေျမေတြမွာဆိုရင္ အမ်ားဆုံးလုပ္ႏိုင္တဲ့အေျခအေနေတြ႕ရတယ္။ ဒါေၾကာင့္မို႔လို႔ ပီအာစနစ္ကိုလည္း က်င့္သုံးမွာျဖစ္တဲ့အတြက္ လုပ္ႏိုင္တဲ့ေနရာေတြမွာ တစ္ခုၿပီးတစ္ခု လုပ္သြားရင္ေတာ့ ဒါေ႐ြးေကာက္ပြဲျဖစ္သြားမယ္ ေျပာႏိုင္တယ္။ တဖက္က လည္း ေ႐ြးေကာက္ပြဲလုပ္မယ္ဆိုရင္ အမ်ားႀကီး ကန႔္ကြက္ေနတာရွိတယ္။ အဲဒါက ၂၀၂၂ ခုႏွစ္၊ ၂၀၂၃ ခုႏွစ္ဆိုရင္ ေတာ့ တအား ကန႔္ကြက္မွာေပါ့။ ဒါေပမဲ့ ကြၽန္မတို႔က ျပန္ရွင္းျပရတယ္။ ျပည္သူ႔လႊတ္ေတာ္မွာ မဲဆႏၵနယ္ (၃၃၀)ရွိ တယ္။ မျဖစ္မေန က်င္းပရမယ့္ မဲဆႏၵနယ္ အနည္းဆုံး အေရအတြက္ဆိုၿပီး ဖြဲ႕စည္းပုံမွာသတ္မွတ္ထားတာ မရွိဘူး ဆိုတဲ့အတြက္ ဒီလႊတ္ေတာ္အထေျမာက္ျခင္းက လႊတ္ေတာ္တစ္ခုအထေျမာက္ဖို႔ကို အေရအတြက္ ဘယ္ေလာက္ လုပ္မွ မဲဆႏၵနယ္အေရအတြက္မွာ တည္မွီေနတာမရွိဘူး။ ဒါေၾကာင့္ လုပ္ႏိုင္တဲ့ေနရာေတြကို လုပ္လို႔ရတဲ့အေျခ အေနမွာ စစ္ျဖစ္ေနေပမယ့္လုပ္လို႔ ရတဲ့အေျခအေန အမ်ားႀကီးရွိတယ္။ ကြၽန္မေျပာသလို ၂၀၂၂ - ၂၀၂၃ ေလာက္ဆို ရင္ တူးတူးခါးခါး အေနာက္ႏိုင္ငံေတြက ေ႐ြးေကာက္ပြဲလုပ္ဖို႔ ဆိုတဲ့ဟာေလးကို တူးတူးခါးခါး အေျခအေနကေန ကြၽန္မတို႔လည္း သံတမန္ေတြနဲ႔ စကားေျပာေနတာပဲ။ တျဖည္းျဖည္းနဲ႔ သူတို႔မွာစိုးရိမ္မႈေတြ ျမင့္တက္လာတယ္။ တစ္ႏိုင္ငံလုံးရဲ႕အေျခအေနကို ၾကည့္ၿပီးေတာ့ စိုးရိမ္မႈေတြ ျမင့္တက္လာတယ္။ တခ်ိဳ႕ႏိုင္ငံေတြဆိုရင္ ဗဟိုအစိုးရ မျပဳတ္က်ေရးဆိုတာကို ဦးတည္လာတယ္ဆိုတဲ့ဟာ ေတြ႕ရတယ္။ ေ႐ြးေကာက္ပြဲသည္သာ မွန္ကန္တဲ့ထြက္ေပါက္ ျဖစ္တယ္ဆိုတာကို ၂၀၂၄ ေလာက္မွာ လက္ခံလာတယ္ဆိုတာ ေတြ႕ရတယ္။ နဂိုတုန္းက ငါတို႔ေ႐ြးေကာက္ပြဲ လုပ္တာကို ဘယ္သူက သေဘာတူတူ မတူတူဆိုၿပီး လုပ္လိုက္ရင္လည္း ရတာပဲ။ သို႔ေသာ္လည္း တျခားႏိုင္ငံေတြ က Credit ေပးတဲ့အခါမွ ေ႐ြးေကာက္ပြဲက ပိုအဓိပၸာယ္ရွိတာေပါ့။ မွ်တတဲ့ ေ႐ြးေကာက္ပြဲ ျဖစ္ႏိုင္မယ္ဆိုတဲ့ ဒီလို အေျခအေနမ်ိဳးကို ကြၽန္မတို႔အစိုးရက လိုခ်င္မွာေပါ့ေလ။ နဂိုတုန္း ကေတာ့ တျခားႏိုင္ငံေတြရဲ႕ ေ႐ြးေကာက္ပြဲကို ဆန႔္က်င္တာေတြ၊ သေဘာမတူတာ၊ ဆန႔္က်င္တာေတြ ႀကဳံခဲ့ရေပမယ့္ အခုေတာ့ အဲဒီစိန္ေခၚမႈေတြက တျဖည္းျဖည္းနည္းလာတယ္လို႔ ေျပာႏိုင္တယ္။ ေ႐ြး ေကာက္ပြဲကို လက္ခံလာတဲ့ အေျခအေန ျဖစ္လာတယ္။ ဗဟို အစိုးရမျပဳတ္က်ေရးအတြက္ ေ႐ြးေကာက္ပြဲသည္သာ မွန္ကန္တဲ့ ထြက္ေပါက္တစ္ခုျဖစ္တယ္ ၿငိမ္းခ်မ္းတဲ့ ထြက္ေပါက္တစ္ခုျဖစ္တယ္ဆိုတာ လက္ခံလာတဲ့အတြက္ စိန္ေခၚမႈေတြက ရွိေပမယ့္ တျဖည္းျဖည္းနဲ႔ အခ်ိန္ ကာလအေလ်ာက္နည္းလာတာကို ေတြ႕ရတယ္။ တစ္ဖက္က ေ႐ြးေကာက္ပြဲကို အသိအမွတ္မျပဳေအာင္၊ ႏိုင္ငံေရး အရ တရားဝင္မႈ မရွိေအာင္ အေႏွာင့္အယွက္ အဖ်က္ဆိုတာလည္း လုပ္လာႏိုင္တယ္ဆိုတာလည္း ေတြ႕ရပါတယ္။ ကြၽန္မတို႔ႏိုင္ငံမွာ အကုန္လုံး ဒုကၡေရာက္ေနတဲ့အခ်ိန္မွာ ေ႐ြးေကာက္ပြဲ လုပ္တာကို လက္ခံပါတယ္။ ဒါေပမဲ့ အားလုံး သုံးသပ္ထားတာကေတာ့ နစက လုပ္တဲ့ ေ႐ြးေကာက္ပြဲကို ပါတီႀကီးတစ္ခုကပဲ အျပတ္အသတ္ ႏိုင္သြား တယ္ဆိုတာမ်ိဳး မျဖစ္ေစဖို႔အတြက္မွ်တတဲ့ ေ႐ြးေကာက္ပြဲျဖစ္ၿပီး ပါသင့္ပါထိုက္ တဲ့ ပါတီေတြပါဖို႔ ေဆာင္႐ြက္သင့္ တယ္လို႔ အႀကံေပးခ်င္ပါတယ္။