စင်ကာပူနိုင်ငံ၊ RTS Link ဘူတာရုံဆောက်လုပ်ရေးမှာ စတီးတန်း ပြုတ်ကျခြင်းကြောင့် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး သေဆုံး

 1728

ရောင်နီ (NP News) - ဇွန် ၃ဝ

ဇွန်လ ၂၇ ရက် (ကြာသပတေးနေ့) က စင်ကာပူနိုင်ငံ၊ Johor Bahru-Singapore Rapid Transit System (RTS) Link ဘူတာရုံမှာ စတီးတန်းကျိုးကျပြီး ရွှေ့ပြောင်းဆောက်လုပ်ရေးလုပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်ကတော့ သံမဏိအားဖြည့်လုပ်ငန်းဆောင်ရွက်စဉ် အပေါ်သံမဏိတန်းကျိုးကျပြီး သံမဏိတုံးတွေ စင်အောက်က အလုပ်သမား ၂ ဦးဆီ ပြုတ်ကျခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ နံနက် ၉ နာရီ ၃ဝ မိနစ်ခန့်က ဖြစ်ပွားခဲ့တာဖြစ်ပြီး အသက် ၄၈ နှစ်အရွယ် ဘင်္ဂလားဒေ့ရှ် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး သေဆုံးခဲ့ပါတယ်။ ကျန်တစ်ဦးကတော့ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

ဒီဖြစ်ရပ်အတွက် အာဏာပိုင်များ၊ လူအင်အားဝန်ကြီးဌာန (MOM) နဲ့ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
Land Transport Authority (LTA) ကလည်း ကွယ်လွန်သူရဲ့မိသားစုကို ကူညီဖို့အတွက် အဓိက ကန်ထရိုက်တာ၊ sub-contractor တို့နဲ့ပူးပေါင်းလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Zawgyi Version;
စင္ကာပူႏိုင္ငံ၊ RTS Link ဘူတာ႐ုံေဆာက္လုပ္ေရးမွာ စတီးတန္း ျပဳတ္က်ျခင္းေၾကာင့္ ေ႐ႊ႕ေျပာင္းအလုပ္သမားတစ္ဦး ေသဆုံး
ေရာင္နီ (NP News) - ဇြန္ ၃ဝ

ဇြန္လ ၂၇ ရက္ (ၾကာသပေတးေန႔) က စင္ကာပူႏိုင္ငံ၊ Johor Bahru-Singapore Rapid Transit System (RTS) Link ဘူတာ႐ုံမွာ စတီးတန္းက်ိဳးက်ၿပီး ေ႐ႊ႕ေျပာင္းေဆာက္လုပ္ေရးလုပ္သားတစ္ဦး ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။

ျဖစ္စဥ္ကေတာ့ သံမဏိအားျဖည့္လုပ္ငန္းေဆာင္႐ြက္စဥ္ အေပၚသံမဏိတန္းက်ိဳးက်ၿပီး သံမဏိတုံးေတြ စင္ေအာက္က အလုပ္သမား ၂ ဦးဆီ ျပဳတ္က်ခဲ့ျခင္းျဖစ္တယ္လို႔ သိရပါတယ္။ နံနက္ ၉ နာရီ ၃ဝ မိနစ္ခန႔္က ျဖစ္ပြားခဲ့တာျဖစ္ၿပီး အသက္ ၄၈ ႏွစ္အ႐ြယ္ ဘဂၤလားေဒ့ရွ္ ေ႐ႊ႕ေျပာင္းအလုပ္သမားတစ္ဦး ေသဆုံးခဲ့ပါတယ္။ က်န္တစ္ဦးကေတာ့ ထိခိုက္ဒဏ္ရာ ရခဲ့တယ္လို႔ သိရပါတယ္။

ဒီျဖစ္ရပ္အတြက္ အာဏာပိုင္မ်ား၊ လူအင္အားဝန္ႀကီးဌာန (MOM) နဲ႔ ရဲတပ္ဖြဲ႕က စုံစမ္းစစ္ေဆးေနတယ္လို႔ သိရပါတယ္။
Land Transport Authority (LTA) ကလည္း ကြယ္လြန္သူရဲ႕မိသားစုကို ကူညီဖို႔အတြက္ အဓိက ကန္ထ႐ိုက္တာ၊ sub-contractor တို႔နဲ႔ပူးေပါင္းလုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.