လိင်အကြမ်းဖက်သမား ဆလိုင်းအိုက်ဇက်ခင်ကို NUG ၏ အရေးယူမှု အယုံအကြည်မရှိသူတိုးပွားနေ

 6850

သန့်ဇင် (NP News) - ဇူလိုင် ၂

ချင်းတိုင်းရင်းသူ အတွင်းရေးမှူးအမျိုးသမီးအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့သည့် အတွက် တိုင်ကြားခံထားရသူ ဆလိုင်းအိုက်ဇက်ခင်ကို စစ်ဆေးနေစဉ်ကာလအတွင်း ရာထူးမှ ယာယီရပ်နားထားသည်ဟုဆိုသော်လည်း စစ်ဆေးချက်ကို အကောင်းမြင်မှု နည်းပါးနေနေကြောင်း NP News က မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။

ဆလိုင်း အိုက်ဇက်ခင်သည်လက်ရှိတွင် NUG ၏ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာကိုယ်စား လှယ်ရုံးတွင် ကိုယ်စားလှယ်ဖြစ် တာဝန်ယူထားသူဖြစ်ကာ ၎င်းသည် NLD အစိုးရခေတ်ကလည်း ချင်းပြည်နယ် အစိုးရအဖွဲ့တွင် ဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ် သည်။ ၎င်း၏ရုံးတွင် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ချင်းတိုင်းရင်းသူအမျိုးသမီးကို လိင်ပိုင်းဆိုင်ရာ စိတ်အနှောင့်အယှက်ဖြစ်စေမှုများ၊ လုပ်ငန်းခွင်အတွင်း အထက်လူကြီးမပီသစွာ ဝန်ထမ်း များအပေါ် နှိမ့်ချပြောဆိုမှုများကြောင့် တိုင်ကြားခဲ့ရာ NUG နိုင်ငံခြားရေး ဝန်ကြီး ဌာနက အလားတူ မဖြစ်ရန် နှုတ်ဖြင့် သတိပေးခဲ့သည်ဟု ဆိုသော်လည်း နစ်နာသူနှင့် အခြားဝန်ထမ်းတစ်ဦးကို ဧပြီလ ၃၀ ရက်နေ့စွဲဖြင့် NUG က ရာထူးမှ ရပ်နားစာထုတ်ပြန်ခဲ့ သော ကြောင့် ကျူးလွန်ခံရသူက အလုပ်မှနုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။

ဆလိုင်းအိုက်ဇင်ခင်၏အပြုအမူနှင့်ပတ်သက် ၍ ဝေဖန်ချက်များ လူမှုကွန်ရက်တွင် ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာပြီးနောက် အိန္ဒိယကိုယ်စားလှယ်ရုံးနှင့် ပတ်သက်သော တိုင်ကြားစာပါ အကြောင်းအရာကို ဌာနတွင်း စစ်ဆေးအရေးယူ ဆောင်ရွက်နေသည်ဟု ဇွန်လ ၂၁ ရက်တွင် NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြီးနောက် ဇွန်လ ၂၅ ရက်က ထပ်မံထုတ်ပြန်ရာတွင် ထိုသို့ စစ်ဆေးပြီးနောက် စစ်ဆေးချက်များကို လိင်ပိုင်း ဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းတို့မှ ကာကွယ်ခြင်းဆိုင်ရာ မူဝါဒအကောင်အထည်ဖော်ရေးကော်မတီကို လွှဲပြောင်းပေးထားကြောင်းနှင့် ထိုသို့ ဌာနတွင်း စစ်ဆေးနေစဉ် ကာလအတွင်းကပင် ဆလိုင်းအိုက် ဇက်ခင်ကိုတာဝန်ယာယီရပ်ဆိုင်းထားပြီး ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

“ပထမဆုံး ပြောရရင် NUG ရဲ့ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ ကိုင်တွယ်နေပုံကို မေးခွန်းထုတ်ချင်တယ်။ မဲဆောက်မှာ NLD မြို့နယ်အတွင်း ရေးမှူးက CDM ဆရာမရဲ့ သမီးကို သက်ငယ်မုဒိမ်း ကျူးလွန်တာ စစ်ဆေးနေတယ်ဆိုတာက အခုထိ မထူးသေးဘူး။ ဖြစ်တာက ကြာခဲ့ပြီလေ။ အခု တစ်ခါပေါ့။ စစ်ဆေးပြီးလို့ပေါ်ရင် သေချာပေါက် အရေးယူစေချင်တယ်။ တော်လှန်ရေးလုပ်တယ် ဆိုတယ်ဆိုပြီးတော့ ဖော့ပေးလို့မရဘူး။ ဒီဟာက မဲဆောက်ကိစ္စလို ဇာတ်မြောဖြစ်မှာ စိုးတယ်။ ပထမ တစ်ကြိမ်တုန်းကလည်း အခုထိ အဖြစ်မှန်မှ မပေါ်တာ။ အခုလို ယာယီရပ်နားတယ် ဆိုတာကလည်း အားလုံးက ဝိုင်းအော်လို့ဖြစ်တာ။ ဘယ်လို စီမံ ခန့်ခွဲနေကြတာလဲဆိုတာကတော့ မေးခွန်းထုတ်ရတော့မယ်။ တော်တော်လေး သတိ ထားစောင့်ကြည့်ပေးကြဖို့လိုတယ်။ မဟုတ်ရင် ဒီအတိုင်း ဇာတ်မြော ဖြစ်သွားမှာ။ ပထမတစ်ကြိမ် မဲဆောက်ဟာ စီမံခန့်ခွဲတာကို အားမရလို့ အခုဘယ်လို စီမံခန့်ခွဲမလဲ ဆိုတာကို တော်တော်လေး စိုးရိမ်မိတယ်' ဟု ပြည်ပရောက် NUG ထောက်ခံသူတစ်ဦးက NP News ကို ပြောသည်။

ဆလိုင်းအိုက်ဇက်ခင်က အတွင်းရေးမှူး အမျိုးသမီးကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့် ယှက် အမြတ်ထုတ်မှုအပေါ် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)၏ ထုတ်ပြန်ကြေညာချက်အတွင်း၌ ၂၀၂၃ ခုနှစ်က ထိုင်းနိုင်ငံမဲဆောက်မြို့တွင် NLD ပါတီ မြို့နယ် အလုပ်အမှုဆောင်၊ အတွင်းရေးမှူး ဦးအောင်မင်းက CDM ဆရာမ၏ (၅) နှစ်အရွယ် သမီးငယ်ကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ မုဒိမ်းမှု ကျူးလွန်ခဲ့ကြောင်း NUG ထံ တိုင်ကြားခဲ့သော်လည်း ကျူးလွန်ခံရသူမှာ ယနေ့အချိန်ထိ တရားမျှတမှုမရသေးကြောင်းနှင့် ကျူးလွန်သူကိုလည်း ပြစ်ဒဏ်ပေးခြင်းမှ ကင်းလွတ်ခွင့်ပေး လျက်ရှိကြောင်း ဖော်ပြထားသည်။

ဆလိုင်း အိုက်ဇက်ခင်နှင့် ပတ်သက်၍လည်း ၎င်း၏အကြောင်းကို သိရှိသူ တစ်ဦးဖြစ်သော ဒေါ်ခွန်ဂျာက ၎င်း၏ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်တွင် 'ဆလိုင်းအိုက်ဇက်ခင်သည် ကချင်ပြည်နယ်တွင်ရှိစဉ်က အမျိုးသမီးကိစ္စနဲ့ ပတ်သက်ပြီး ကချင်ရိုးရာ ဓလေ့ထုံးတမ်းနဲ့ပါ စုံစမ်းခံခဲ့ရသူဖြစ်ကာ CSO လောကတွင်လည်း နစ်နာစေသူများရှိသော်လည်း အရေး ယူမှုမခံရသူဖြစ်ကြောင်း'ဖော်ပြရေးသားခဲ့ဖူးသည်။

zawgyi version
လိင္အၾကမ္းဖက္သမား ဆလိုင္းအိုက္ဇက္ခင္ကို NUG ၏ အေရးယူမႈ အယုံအၾကည္မရွိသူတိုးပြားေန
သန႔္ဇင္ (NP News) - ဇူလိုင္ ၂

ခ်င္းတိုင္းရင္းသူ အတြင္းေရးမႉးအမ်ိဳးသမီးအေပၚ လိင္ပိုင္းဆိုင္ရာက်ဴးလြန္ခဲ့သည့္ အတြက္ တိုင္ၾကားခံထားရသူ ဆလိုင္းအိုက္ဇက္ခင္ကို စစ္ေဆးေနစဥ္ကာလအတြင္း ရာထူးမွ ယာယီရပ္နားထားသည္ဟုဆိုေသာ္လည္း စစ္ေဆးခ်က္ကို အေကာင္းျမင္မႈ နည္းပါးေနေနေၾကာင္း NP News က ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။

ဆလိုင္း အိုက္ဇက္ခင္သည္လက္ရွိတြင္ NUG ၏ အိႏၵိယႏိုင္ငံဆိုင္ရာ ျမန္မာကိုယ္စား လွယ္႐ုံးတြင္ ကိုယ္စားလွယ္ျဖစ္ တာဝန္ယူထားသူျဖစ္ကာ ၎သည္ NLD အစိုးရေခတ္ကလည္း ခ်င္းျပည္နယ္ အစိုးရအဖြဲ႕တြင္ ဝန္ႀကီးအျဖစ္ တာဝန္ယူခဲ့ဖူးသူျဖစ္ သည္။ ၎၏႐ုံးတြင္ အတြင္းေရးမႉးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သည့္ ခ်င္းတိုင္းရင္းသူအမ်ိဳးသမီးကို လိင္ပိုင္းဆိုင္ရာ စိတ္အေႏွာင့္အယွက္ျဖစ္ေစမႈမ်ား၊ လုပ္ငန္းခြင္အတြင္း အထက္လူႀကီးမပီသစြာ ဝန္ထမ္း မ်ားအေပၚ ႏွိမ့္ခ်ေျပာဆိုမႈမ်ားေၾကာင့္ တိုင္ၾကားခဲ့ရာ NUG ႏိုင္ငံျခားေရး ဝန္ႀကီး ဌာနက အလားတူ မျဖစ္ရန္ ႏႈတ္ျဖင့္ သတိေပးခဲ့သည္ဟု ဆိုေသာ္လည္း နစ္နာသူႏွင့္ အျခားဝန္ထမ္းတစ္ဦးကို ဧၿပီလ ၃၀ ရက္ေန႔စြဲျဖင့္ NUG က ရာထူးမွ ရပ္နားစာထုတ္ျပန္ခဲ့ ေသာ ေၾကာင့္ က်ဴးလြန္ခံရသူက အလုပ္မွႏုတ္ထြက္ခဲ့ျခင္း ျဖစ္သည္။

ဆလိုင္းအိုက္ဇင္ခင္၏အျပဳအမူႏွင့္ပတ္သက္ ၍ ေဝဖန္ခ်က္မ်ား လူမႈကြန္ရက္တြင္ က်ယ္က်ယ္ေလာင္ေလာင္ထြက္ေပၚလာၿပီးေနာက္ အိႏၵိယကိုယ္စားလွယ္႐ုံးႏွင့္ ပတ္သက္ေသာ တိုင္ၾကားစာပါ အေၾကာင္းအရာကို ဌာနတြင္း စစ္ေဆးအေရးယူ ေဆာင္႐ြက္ေနသည္ဟု ဇြန္လ ၂၁ ရက္တြင္ NUG ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ၿပီးေနာက္ ဇြန္လ ၂၅ ရက္က ထပ္မံထုတ္ျပန္ရာတြင္ ထိုသို႔ စစ္ေဆးၿပီးေနာက္ စစ္ေဆးခ်က္မ်ားကို လိင္ပိုင္း ဆိုင္ရာ ထိပါးေႏွာင့္ယွက္ျခင္း၊ အျမတ္ထုတ္ျခင္းႏွင့္ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္ျခင္းတို႔မွ ကာကြယ္ျခင္းဆိုင္ရာ မူဝါဒအေကာင္အထည္ေဖာ္ေရးေကာ္မတီကို လႊဲေျပာင္းေပးထားေၾကာင္းႏွင့္ ထိုသို႔ ဌာနတြင္း စစ္ေဆးေနစဥ္ ကာလအတြင္းကပင္ ဆလိုင္းအိုက္ ဇက္ခင္ကိုတာဝန္ယာယီရပ္ဆိုင္းထားၿပီး ျဖစ္ေၾကာင္းလည္း ေဖာ္ျပထားသည္။

“ပထမဆုံး ေျပာရရင္ NUG ရဲ႕ ဒီကိစၥေတြနဲ႔ ပတ္သက္လို႔ ကိုင္တြယ္ေနပုံကို ေမးခြန္းထုတ္ခ်င္တယ္။ မဲေဆာက္မွာ NLD ၿမိဳ႕နယ္အတြင္း ေရးမႉးက CDM ဆရာမရဲ႕ သမီးကို သက္ငယ္မုဒိမ္း က်ဴးလြန္တာ စစ္ေဆးေနတယ္ဆိုတာက အခုထိ မထူးေသးဘူး။ ျဖစ္တာက ၾကာခဲ့ၿပီေလ။ အခု တစ္ခါေပါ့။ စစ္ေဆးၿပီးလို႔ေပၚရင္ ေသခ်ာေပါက္ အေရးယူေစခ်င္တယ္။ ေတာ္လွန္ေရးလုပ္တယ္ ဆိုတယ္ဆိုၿပီးေတာ့ ေဖာ့ေပးလို႔မရဘူး။ ဒီဟာက မဲေဆာက္ကိစၥလို ဇာတ္ေျမာျဖစ္မွာ စိုးတယ္။ ပထမ တစ္ႀကိမ္တုန္းကလည္း အခုထိ အျဖစ္မွန္မွ မေပၚတာ။ အခုလို ယာယီရပ္နားတယ္ ဆိုတာကလည္း အားလုံးက ဝိုင္းေအာ္လို႔ျဖစ္တာ။ ဘယ္လို စီမံ ခန႔္ခြဲေနၾကတာလဲဆိုတာကေတာ့ ေမးခြန္းထုတ္ရေတာ့မယ္။ ေတာ္ေတာ္ေလး သတိ ထားေစာင့္ၾကည့္ေပးၾကဖို႔လိုတယ္။ မဟုတ္ရင္ ဒီအတိုင္း ဇာတ္ေျမာ ျဖစ္သြားမွာ။ ပထမတစ္ႀကိမ္ မဲေဆာက္ဟာ စီမံခန႔္ခြဲတာကို အားမရလို႔ အခုဘယ္လို စီမံခန႔္ခြဲမလဲ ဆိုတာကို ေတာ္ေတာ္ေလး စိုးရိမ္မိတယ္' ဟု ျပည္ပေရာက္ NUG ေထာက္ခံသူတစ္ဦးက NP News ကို ေျပာသည္။

ဆလိုင္းအိုက္ဇက္ခင္က အတြင္းေရးမႉး အမ်ိဳးသမီးကို လိင္ပိုင္းဆိုင္ရာ ထိပါးေႏွာင့္ ယွက္ အျမတ္ထုတ္မႈအေပၚ အမ်ိဳးသမီးမ်ားအဖြဲ႕ခ်ဳပ္(ျမန္မာႏိုင္ငံ)၏ ထုတ္ျပန္ေၾကညာခ်က္အတြင္း၌ ၂၀၂၃ ခုႏွစ္က ထိုင္းႏိုင္ငံမဲေဆာက္ၿမိဳ႕တြင္ NLD ပါတီ ၿမိဳ႕နယ္ အလုပ္အမႈေဆာင္၊ အတြင္းေရးမႉး ဦးေအာင္မင္းက CDM ဆရာမ၏ (၅) ႏွစ္အ႐ြယ္ သမီးငယ္ကို လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈ၊ မုဒိမ္းမႈ က်ဴးလြန္ခဲ့ေၾကာင္း NUG ထံ တိုင္ၾကားခဲ့ေသာ္လည္း က်ဴးလြန္ခံရသူမွာ ယေန႔အခ်ိန္ထိ တရားမွ်တမႈမရေသးေၾကာင္းႏွင့္ က်ဴးလြန္သူကိုလည္း ျပစ္ဒဏ္ေပးျခင္းမွ ကင္းလြတ္ခြင့္ေပး လ်က္ရွိေၾကာင္း ေဖာ္ျပထားသည္။

ဆလိုင္း အိုက္ဇက္ခင္ႏွင့္ ပတ္သက္၍လည္း ၎၏အေၾကာင္းကို သိရွိသူ တစ္ဦးျဖစ္ေသာ ေဒၚခြန္ဂ်ာက ၎၏ လူမႈကြန္ရက္ေဖ့စ္ဘြတ္ခ္တြင္ 'ဆလိုင္းအိုက္ဇက္ခင္သည္ ကခ်င္ျပည္နယ္တြင္ရွိစဥ္က အမ်ိဳးသမီးကိစၥနဲ႔ ပတ္သက္ၿပီး ကခ်င္႐ိုးရာ ဓေလ့ထုံးတမ္းနဲ႔ပါ စုံစမ္းခံခဲ့ရသူျဖစ္ကာ CSO ေလာကတြင္လည္း နစ္နာေစသူမ်ားရွိေသာ္လည္း အေရး ယူမႈမခံရသူျဖစ္ေၾကာင္း'ေဖာ္ျပေရးသားခဲ့ဖူးသည္။

Picture

A Kyee Kaung

02/07/2024 21:09

ပေါက်ကရ လိမ်တာပဲ ဘာတွေတင်နေတာလဲ

Related news

© 2021. All rights reserved.