မကွေးနှင့်ချင်းနယ်စပ် မင်းတပ်-ကန်ပက်လက်-ယော-ဆော တစ်ဝိုက်၌ ကုန်ကား (၂၀ဝ) နီးပါးဖြင့် AA လက်နက်ကိုင်အဖွဲ့က နေ့စဉ်ကုန်သွယ်မှုများလုပ်နေ

 22282

Iris (NP News) - ဇူလိုင် ၅

ထီးလင်း-ယော-ဆော-မင်းတပ်-ကန်ပက်လက် လမ်းကြောင်းတစ်ဝိုက် ချင်းပြည်နယ် နှင့် မကွေးတိုင်းဒေသကြီးနယ်စပ်လမ်းများပေါ်၌ (၁၀)ဘီးကား အစီးရေရာချီ နေ့စဉ်အသုံးပြု၍ ပြည်မဘက်မှ ကုန်စည်များကို AA လက်နက်ကိုင်များက သယ်ဆောင်မှုများလုပ်နေကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့ရသူ ချင်းတိုင်းရင်းသားစစ်ဘေးရှောင်များက ပြောသည်။

ချင်းပြည်နယ်နှင့် မကွေးတိုင်းဒေသကြီး အစပ်နယ်မြေများတွင် AA လက်နက်ကိုင်အဖွဲ့များက ကြီးစိုးနေခြင်းဖြစ်ပြီး AA လက်အောက်ခံ ရခိုင်လုပ်ငန်းရှင်အချို့က ပြည်မဘက်မှစားသုံးကုန်ပစ္စည်းမျိုးစုံကို ကြားခံကုန်သွယ်ပေးနေခြင်းမျိုးဖြစ်ကြောင်း ချင်းတိုင်းရင်းသားသတင်းရင်းမြစ်အချို့က NP News ကို အတည်ပြုပြောကြားလာကြခြင်းဖြစ်သည်။

“ကျောက်ထုဘက်က သွားလည်းရတယ်။ ကျင်ဒွေးဘက်က သွားလည်းရတယ်။ ထီးလင်းကနေလည်းရတယ်။ အဓိကက မင်းတပ်နဲ့ ကန်ပက်လက် ပိုင်နက်နယ်စပ်တောတွင်း လမ်းကြောင်းတွေနဲ့ လမ်းမကြီးတချို့မှာ ကုန်ကားတွေနဲ့သယ်နေကြတာ။ မကွေးနဲ့ ပြည်မဘက်က စားသုံးကုန်တွေကို ကုန်ကားကြီးတွေနဲ့ သယ်ပြီးတော့ မကွေး-ချင်း နယ်စပ်နားမှာ စခန်းချကြတယ်။ (၁၀)ဘီးကား၊ (၁၂) ဘီးကားချည်းပဲ ကုန်ကားစီးရေ(၂၀ဝ)ကျော် နေ့စဉ်ရှိနေတယ် ”ဟု သတင်းရင်းမြစ်က ပြောသည်။

AA လက်နက်ကိုင်အဖွဲ့များက ချင်းပြည်နယ် ပလက်ဝမြို့ကို သိမ်းပိုက်ထားပြီးနောက် ချင်း ပြည်နယ်ထဲမှ အခြားသောမြို့များဖြစ်သည့် ကန်ပက်လက်နှင့်မတူပီကိုလည်း ထိန်းချုပ်နိုင်ရန် ကြိုးစား နေသည်ဟု ဆိုသည်။ အဆိုပါလမ်းကြောင်းများကို ထိန်းချုပ်လိုသည့်ရည်ရွယ်ချက်မှာ ရခိုင်ပြည်နယ် ကျောက်တော်နှင့် ကုလားတန်မြစ်ကြောင်းတစ်ဝိုက်ရှိ AA သိမ်းပိုက်ထားသော နယ်မြေများထံ စားနပ်ရိက္ခာများ ပို့ဆောင်နိုင်စေရေးအတွက် ကြံစည်နေကြခြင်းမျိုးဖြစ်ကြောင်း သိရသည်။

“ ရခိုင်ဘက်ကို လမ်းပိတ်ထားတော့ AA ဘက်က ချင်းပြည်နယ်နဲ့ မကွေး အစပ်ကို ပစ်မှတ် ထားလိုက်တာ။ မတူပီကနေ ပလက်ဝကို နီးနီးလေးပဲလေ။ အဲဒီကနေ ကျောက်တော်ဘက်ကို မိုးတွင်း ဆိုရင် သင်္ဘောတွေ၊ လှေတွေနဲ့ ဆင်းလို့ရတယ်။ ရေလမ်းကြောင်းကို သုံးလို့ရတယ်။ အဲဒါကြောင့် မကွေး နဲ့ ကန်ပက်လက်၊ မင်းတပ်အစပ်မှာ ကုန်သွယ်တဲ့ မြို့တော်ကြီးလိုဖြစ်နေတာ။ ဘယ်ကနေ ဘယ်လိုမျိုးပစ္စည်းတွေ သယ်ထားတာလဲတော့ မသိဘူး။ ဆီတွေ၊ ဆားတွေ၊ ကြက်သွန်၊ ငရုတ် အကုန်လုံး ကုန်ကားတွေ နဲ့ သယ်ထားတာ” ဟု ၎င်းက ပြောသည်။

AA လက်နက်ကိုင်အဖွဲ့၏ အဝယ်တော် ရခိုင်သားများက ပြည်မဘက်သို့ ဈေးဝယ်ထွက်သည့် အပြင် အိန္ဒိယမီဇိုရမ်ဘက်သို့လည်း ဈေးဝယ်ထွက်ကြပြီး လမ်းကြောင်းတစ်လျှောက်ရှိ ဈေးဆိုင်များတွင် စားသုံးကုန်ပစ္စည်းများကို ခေါ်ဈေးပေး၍ ဝယ်ယူသိုလှောင်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်းလည်း သိရသည်။

“ ပလက်ဝ-မီဇိုရမ်လမ်းဆိုတာရှိတယ်လေ။ အခု မီဇိုရမ်ဘက်က စာတောင်ထုတ်ရတယ်။ စားသုံးကုန်တွေကို ဈေးနှစ်ဆပေးဝယ်တာမျိုးတွေနဲ့ သိမ်းကျုံး ဝယ်နေတာမျိုးတွေကို အရမ်းမရောင်းဖို့ တဲ့။ ရခိုင် ကုန်သည်တွေက ထပ်ပြီးချမ်းသာပြီပေါ့ဗျာ။ အဲဒီအလုပ်ကို ချင်းတွေကို လုပ်ခွင့်မပေးဘူး။ ချင်းတွေကို ကူလီ နေရာကနေပဲ ခိုင်းနေတယ်။ ဒီစကားက ရခိုင်တွေကို မနာလိုလို့ဆိုပြီး ထင်နိုင်တယ်။ မြေပြင်မှာ ကျွန်တော်ပြောတာထက် ဆိုးတယ်” ဟု ချင်းတိုင်းရင်းသား သတင်းရင်းမြစ်က ပြောသည်။ ဝယ်ယူသိုလှောင်ထားသော စားသုံး ကုန်များကို AA လက်နက်ကိုင်အဖွဲ့၏ ခွဲခြမ်းပေးသည့်အတိုင်း ရခိုင်နှင့်ချင်းပြည်နယ်ထဲမှ စစ်ဘေးမရှောင်နိုင်သော ပြည်သူများအားဈေးကြီးကြီးဖြင့် ပြန်လည်ရောင်းချမှုများ လုပ်ဆောင်နေကြောင်း ကြားသိရသည်။ AA လက်နက်ကိုင်များအတွက် ရိက္ခာ အဖြစ်စုဆောင်းပြီးနောက် ပိုလာသောစားသုံးကုန်များကို AA လက်အောက်ခံ အဝယ်တော်ရခိုင်ကုန်သည်များက တစ်ဆင့်ပြန်လည်ရောင်းချခြင်းမျိုးဟုဆိုသည်။

လက်ရှိအချိန်တွင် မတူပီမြို့နယ်အတွင်း၌ တိုက်ပွဲများဖြစ်ပွားနေပြီး မြို့ခံစစ်ဘေးရှောင်များက ပခုက္ကူအထိ ရောက်ရှိရေးအတွက် ရသည့်နည်းလမ်းမှတစ်ဆင့် တိမ်းရှောင်နေရသည်ဟု သိရသည်။ မ တူပီမှ ပခုက္ကူအထိ မူရင်းလမ်းကြောင်းမှာ မတူပီ-မင်းတပ်-ယော-ကျောက်ထု-ပေါက်-ရေပြာ-ကံ မ-ပခုက္ကူဟူ၍ မိုင်(၂၀ဝ)ဝန်းကျင်ရှိထားကြောင်း၊ သို့သော် လည်း အဆိုပါလမ်းမှာ သွားလာရန် အဆင်မ ပြေတော့သည့်အတွက် မတူပီမှတစ်ဆင့် ရေဇွာသို့ လည်းကောင်း၊ ယင်းမှတစ်ဆင့် ဂန့်ဂေါသို့လည်း ကောင်း၊ ထို့နောက် ပခုက္ကူသို့လည်းကောင်း သုံးဆနီးပါးဝေးသည်အထိ လှည့်ပတ်သွားလာနေရသည်ဟု ဆိုသည်။

AA တို့ အသုံးပြုနေသော ချင်းပြည်နယ် နှင့် မကွေးအစပ်ဒေသများသည် လောင်းရှည်-ဆော -ယော-ကျောက်ထု-ထီးလင်း အစရှိသည့်နယ်စပ်ဒေသများဖြစ်ပြီး မင်းတပ်နှင့်ကန်ပက်လက်ကြားမှ မကွေးနယ်စပ်ဒေသမှာ ကုန်ကားစီးရေ(၂၀ဝ)ထက် မနည်း နေ့စဉ်ရပ်နားနေသော နေရာများဖြစ်နိုင်သည်ဟု ကြားသိရသည်။

zawgyi version
မေကြးႏွင့္ခ်င္းနယ္စပ္ မင္းတပ္-ကန္ပက္လက္-ေယာ-ေဆာ တစ္ဝိုက္၌ ကုန္ကား (၂၀ဝ) နီးပါးျဖင့္ AA လက္နက္ကိုင္အဖြဲ႕က ေန႔စဥ္ကုန္သြယ္မႈမ်ားလုပ္ေန
Iris (NP News) - ဇူလိုင္ ၅

ထီးလင္း-ေယာ-ေဆာ-မင္းတပ္-ကန္ပက္လက္ လမ္းေၾကာင္းတစ္ဝိုက္ ခ်င္းျပည္နယ္ ႏွင့္ မေကြးတိုင္းေဒသႀကီးနယ္စပ္လမ္းမ်ားေပၚ၌ (၁၀)ဘီးကား အစီးေရရာခ်ီ ေန႔စဥ္အသုံးျပဳ၍ ျပည္မဘက္မွ ကုန္စည္မ်ားကို AA လက္နက္ကိုင္မ်ားက သယ္ေဆာင္မႈမ်ားလုပ္ေနေၾကာင္း ကိုယ္တိုင္ျမင္ေတြ႕ခဲ့ရသူ ခ်င္းတိုင္းရင္းသားစစ္ေဘးေရွာင္မ်ားက ေျပာသည္။

ခ်င္းျပည္နယ္ႏွင့္ မေကြးတိုင္းေဒသႀကီး အစပ္နယ္ေျမမ်ားတြင္ AA လက္နက္ကိုင္အဖြဲ႕မ်ားက ႀကီးစိုးေနျခင္းျဖစ္ၿပီး AA လက္ေအာက္ခံ ရခိုင္လုပ္ငန္းရွင္အခ်ိဳ႕က ျပည္မဘက္မွစားသုံးကုန္ပစၥည္းမ်ိဳးစုံကို ၾကားခံကုန္သြယ္ေပးေနျခင္းမ်ိဳးျဖစ္ေၾကာင္း ခ်င္းတိုင္းရင္းသားသတင္းရင္းျမစ္အခ်ိဳ႕က NP News ကို အတည္ျပဳေျပာၾကားလာၾကျခင္းျဖစ္သည္။

“ေက်ာက္ထုဘက္က သြားလည္းရတယ္။ က်င္ေဒြးဘက္က သြားလည္းရတယ္။ ထီးလင္းကေနလည္းရတယ္။ အဓိကက မင္းတပ္နဲ႔ ကန္ပက္လက္ ပိုင္နက္နယ္စပ္ေတာတြင္း လမ္းေၾကာင္းေတြနဲ႔ လမ္းမႀကီးတခ်ိဳ႕မွာ ကုန္ကားေတြနဲ႔သယ္ေနၾကတာ။ မေကြးနဲ႔ ျပည္မဘက္က စားသုံးကုန္ေတြကို ကုန္ကားႀကီးေတြနဲ႔ သယ္ၿပီးေတာ့ မေကြး-ခ်င္း နယ္စပ္နားမွာ စခန္းခ်ၾကတယ္။ (၁၀)ဘီးကား၊ (၁၂) ဘီးကားခ်ည္းပဲ ကုန္ကားစီးေရ(၂၀ဝ)ေက်ာ္ ေန႔စဥ္ရွိေနတယ္ ”ဟု သတင္းရင္းျမစ္က ေျပာသည္။

AA လက္နက္ကိုင္အဖြဲ႕မ်ားက ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕ကို သိမ္းပိုက္ထားၿပီးေနာက္ ခ်င္း ျပည္နယ္ထဲမွ အျခားေသာၿမိဳ႕မ်ားျဖစ္သည့္ ကန္ပက္လက္ႏွင့္မတူပီကိုလည္း ထိန္းခ်ဳပ္ႏိုင္ရန္ ႀကိဳးစား ေနသည္ဟု ဆိုသည္။ အဆိုပါလမ္းေၾကာင္းမ်ားကို ထိန္းခ်ဳပ္လိုသည့္ရည္႐ြယ္ခ်က္မွာ ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ႏွင့္ ကုလားတန္ျမစ္ေၾကာင္းတစ္ဝိုက္ရွိ AA သိမ္းပိုက္ထားေသာ နယ္ေျမမ်ားထံ စားနပ္ရိကၡာမ်ား ပို႔ေဆာင္ႏိုင္ေစေရးအတြက္ ႀကံစည္ေနၾကျခင္းမ်ိဳးျဖစ္ေၾကာင္း သိရသည္။

“ ရခိုင္ဘက္ကို လမ္းပိတ္ထားေတာ့ AA ဘက္က ခ်င္းျပည္နယ္နဲ႔ မေကြး အစပ္ကို ပစ္မွတ္ ထားလိုက္တာ။ မတူပီကေန ပလက္ဝကို နီးနီးေလးပဲေလ။ အဲဒီကေန ေက်ာက္ေတာ္ဘက္ကို မိုးတြင္း ဆိုရင္ သေဘၤာေတြ၊ ေလွေတြနဲ႔ ဆင္းလို႔ရတယ္။ ေရလမ္းေၾကာင္းကို သုံးလို႔ရတယ္။ အဲဒါေၾကာင့္ မေကြး နဲ႔ ကန္ပက္လက္၊ မင္းတပ္အစပ္မွာ ကုန္သြယ္တဲ့ ၿမိဳ႕ေတာ္ႀကီးလိုျဖစ္ေနတာ။ ဘယ္ကေန ဘယ္လိုမ်ိဳးပစၥည္းေတြ သယ္ထားတာလဲေတာ့ မသိဘူး။ ဆီေတြ၊ ဆားေတြ၊ ၾကက္သြန္၊ င႐ုတ္ အကုန္လုံး ကုန္ကားေတြ နဲ႔ သယ္ထားတာ” ဟု ၎က ေျပာသည္။

AA လက္နက္ကိုင္အဖြဲ႕၏ အဝယ္ေတာ္ ရခိုင္သားမ်ားက ျပည္မဘက္သို႔ ေဈးဝယ္ထြက္သည့္ အျပင္ အိႏၵိယမီဇိုရမ္ဘက္သို႔လည္း ေဈးဝယ္ထြက္ၾကၿပီး လမ္းေၾကာင္းတစ္ေလွ်ာက္ရွိ ေဈးဆိုင္မ်ားတြင္ စားသုံးကုန္ပစၥည္းမ်ားကို ေခၚေဈးေပး၍ ဝယ္ယူသိုေလွာင္မႈမ်ား ဆက္တိုက္လုပ္ေဆာင္ေနေၾကာင္းလည္း သိရသည္။

“ ပလက္ဝ-မီဇိုရမ္လမ္းဆိုတာရွိတယ္ေလ။ အခု မီဇိုရမ္ဘက္က စာေတာင္ထုတ္ရတယ္။ စားသုံးကုန္ေတြကို ေဈးႏွစ္ဆေပးဝယ္တာမ်ိဳးေတြနဲ႔ သိမ္းက်ဳံး ဝယ္ေနတာမ်ိဳးေတြကို အရမ္းမေရာင္းဖို႔ တဲ့။ ရခိုင္ ကုန္သည္ေတြက ထပ္ၿပီးခ်မ္းသာၿပီေပါ့ဗ်ာ။ အဲဒီအလုပ္ကို ခ်င္းေတြကို လုပ္ခြင့္မေပးဘူး။ ခ်င္းေတြကို ကူလီ ေနရာကေနပဲ ခိုင္းေနတယ္။ ဒီစကားက ရခိုင္ေတြကို မနာလိုလို႔ဆိုၿပီး ထင္ႏိုင္တယ္။ ေျမျပင္မွာ ကြၽန္ေတာ္ေျပာတာထက္ ဆိုးတယ္” ဟု ခ်င္းတိုင္းရင္းသား သတင္းရင္းျမစ္က ေျပာသည္။ ဝယ္ယူသိုေလွာင္ထားေသာ စားသုံး ကုန္မ်ားကို AA လက္နက္ကိုင္အဖြဲ႕၏ ခြဲျခမ္းေပးသည့္အတိုင္း ရခိုင္ႏွင့္ခ်င္းျပည္နယ္ထဲမွ စစ္ေဘးမေရွာင္ႏိုင္ေသာ ျပည္သူမ်ားအားေဈးႀကီးႀကီးျဖင့္ ျပန္လည္ေရာင္းခ်မႈမ်ား လုပ္ေဆာင္ေနေၾကာင္း ၾကားသိရသည္။ AA လက္နက္ကိုင္မ်ားအတြက္ ရိကၡာ အျဖစ္စုေဆာင္းၿပီးေနာက္ ပိုလာေသာစားသုံးကုန္မ်ားကို AA လက္ေအာက္ခံ အဝယ္ေတာ္ရခိုင္ကုန္သည္မ်ားက တစ္ဆင့္ျပန္လည္ေရာင္းခ်ျခင္းမ်ိဳးဟုဆိုသည္။

လက္ရွိအခ်ိန္တြင္ မတူပီၿမိဳ႕နယ္အတြင္း၌ တိုက္ပြဲမ်ားျဖစ္ပြားေနၿပီး ၿမိဳ႕ခံစစ္ေဘးေရွာင္မ်ားက ပခုကၠဴအထိ ေရာက္ရွိေရးအတြက္ ရသည့္နည္းလမ္းမွတစ္ဆင့္ တိမ္းေရွာင္ေနရသည္ဟု သိရသည္။ မ တူပီမွ ပခုကၠဴအထိ မူရင္းလမ္းေၾကာင္းမွာ မတူပီ-မင္းတပ္-ေယာ-ေက်ာက္ထု-ေပါက္-ေရျပာ-ကံ မ-ပခုကၠဴဟူ၍ မိုင္(၂၀ဝ)ဝန္းက်င္ရွိထားေၾကာင္း၊ သို႔ေသာ္ လည္း အဆိုပါလမ္းမွာ သြားလာရန္ အဆင္မ ေျပေတာ့သည့္အတြက္ မတူပီမွတစ္ဆင့္ ေရဇြာသို႔ လည္းေကာင္း၊ ယင္းမွတစ္ဆင့္ ဂန႔္ေဂါသို႔လည္း ေကာင္း၊ ထို႔ေနာက္ ပခုကၠဴသို႔လည္းေကာင္း သုံးဆနီးပါးေဝးသည္အထိ လွည့္ပတ္သြားလာေနရသည္ဟု ဆိုသည္။

AA တို႔ အသုံးျပဳေနေသာ ခ်င္းျပည္နယ္ ႏွင့္ မေကြးအစပ္ေဒသမ်ားသည္ ေလာင္းရွည္-ေဆာ -ေယာ-ေက်ာက္ထု-ထီးလင္း အစရွိသည့္နယ္စပ္ေဒသမ်ားျဖစ္ၿပီး မင္းတပ္ႏွင့္ကန္ပက္လက္ၾကားမွ မေကြးနယ္စပ္ေဒသမွာ ကုန္ကားစီးေရ(၂၀ဝ)ထက္ မနည္း ေန႔စဥ္ရပ္နားေနေသာ ေနရာမ်ားျဖစ္ႏိုင္သည္ဟု ၾကားသိရသည္။

Related news

© 2021. All rights reserved.