ဓာတ်မြေဩဇာဈေးနှုန်းများကို သတ်မှတ်ဈေးနှုန်းဖြင့်ရောင်းချရန် ကုမ္ပဏီများကို ညွှန်ကြားထားပြီး ရောင်းချခြင်းမရှိပါက တိုင်ကြားနိုင်ဟု အသိပေး

 2012

ယွန်း (NP News) - ဇူလိုင် ၅

ဓာတ်မြေဩဇာဈေးနှုန်းများကို သတ်မှတ် ဈေးနှုန်းဖြင့်ရောင်းချရန် ကုမ္ပဏီများကိုညွှန်ကြားထားပြီး ရောင်းချခြင်းမရှိပါက တိုင်ကြားနိုင်ကြောင်း မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေး လုပ်ငန်းရှင်များအသင်း (MFSPEA) မှ အသိပေးထုတ်ပြန်ထား သည်။

ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်မှုဖြင့် ယူရီး ယားမြေ ဩဇာ(အလုံးကြီး) ၅၀ ကီလိုတစ်အိတ်လျှင် ရန်ကုန် အထိုင်ဈေးနှုန်း ငွေကျပ် ၇၃၀ဝ၀ နှုန်းဖြင့်ရောင်းချရန် ညွှန်ကြားထားကြောင်းသိရသည်။ MFSPEA အနေဖြင့် မြေဩဇာနှင့်ပတ်သက်၍ လစဉ်ဈေးပြိုင်တင်ဒါခေါ်ယူလျက်ရှိပြီး ဈေး အနည်းဆုံး ဖြန့်ဖြူးရောင်းချနိုင်မည့်ကုမ္ပဏီများကို ဦးဆောင်ကော်မတီမှ သွင်းကုန်လိုင်စင်ချပေးပြီး မြေဩဇာ သွင်းခွင့်ပေးထားကြောင်း သိရသည်။

“လစဉ်ဈေးပြိုင်တင်ဒါခေါ်ပြီးတော့ အနည်းဆုံး ဈေးပေးတဲ့ဟာကို ယူလိုက်တာ။ တင်ဒါဈေးပြိုင်နဲ့ပဲသွားတာ။ အဓိကကတော့ ဈေးအနည်းဆုံးဖြန့်ဖြူးရောင်းချနိုင်မယ့် ကုမ္ပဏီတွေကို ဦးစားပေး ပြီးတော့ သွင်းကုန်လိုင်စင်ကိုချပေးတာပေါ့။ အခုကတော့ ထုတ်ပြန်ထားတဲ့ ဈေးတွေနဲ့ရောင်းဖို့ကို ကုမ္ပဏီတွေကိုလည်း တိုက်တွန်းထားပါတယ်။ သတ်မှတ်ထားတဲ့ဈေးနဲ့ မရောင်းတဲ့ ကုမ္ပဏီတွေနဲ့ ဆိုင်တွေအကုန်လုံးကို တိုင်နိုင်ပါတယ်။ ဒီဈေးနှုန်းတွေကို ယူရီးယားမြေဩဇာ ဦးဆောင်ကော်မတီ ကနေပဲ သတ်မှတ်ထားတာပါ”ဟု မြန်မာ နိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေး လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

ထို့ပြင် ဧရာဝတီတိုင်းအတွင်း၌ ပြီးခဲ့သည့်နှစ်တွင် ဓာတ်မြေဩဇာတစ်အိတ်လျှင် ငွေကျပ် (၁၀ဝဝဝ၀)နီးပါးအထိရှိခဲ့ပြီး ယခုသတ်မှတ်လိုက်သည့်ဈေးနှုန်းသည် တောင်သူများအတွက် အဆင် ပြေနိုင်ကြောင်း သိရသည်။ “မနှစ်က နွေစပါးအတွက်တောင် ၇၈၅၀ဝ လောက်ရှိတဲ့အတွက် ဒီဈေးကဈေးကျသွားတဲ့ သ ဘောပေါ့။ အခုဟာက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေအတွက် ထုတ်ပြန်တဲ့သဘောပဲ။ လိုသလောက် ဝယ်နိုင်ဖို့ကတော့ ကုမ္ပဏီတွေနဲ့ပိုဆိုင်တာပေါ့။ ဝယ်နိုင်မယ်လို့တော့ထင်ပါတယ်။ အသင်းကလုပ်တာဖြစ်တဲ့အတွက် ကုမ္ပဏီ တွေလည်းပါတယ်လေ။ အခု ရည်ညွှန်းသတ်မှတ်တဲ့ဈေးဆိုရင်တော့ တောင်သူတွေအတွက် မကိုက်စရာအကြောင်းတော့မရှိပါဘူး” ဟု ဆန်စက်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

အလားတူ MFSPEA အသင်းအနေဖြင့် Rock Phosphate အခြေခံ ၁၅ ပတ်လည် ၅၀ ကီလို တစ်အိတ်လျှင် ၁၀ဝဝဝ၀ ကျပ်၊ Di Ammonium Phosphate အခြေခံ ၁၅ ပတ်လည် ၅၀ ကီလိုတစ် အိတ်လျှင် ၁၁၅၀ဝ၀ ကျပ်နှင့် Complex ၁၅ ပတ်လည် ၅၀ ကီလိုတစ်အိတ်လျှင် ၁၂၂၀ဝ၀ ကျပ် သတ် မှတ်ထားကြောင်း သိရသည်။ သို့သော် အထက်ပါဈေးနှုန်းများသည် ရန်ကုန်အထိုင်ဈေးနှုန်းများဖြစ်သောကြောင့် ဒေသအလိုက် သယ်ယူပို့ဆောင်စရိတ်များအပေါ်တွင်မူတည်၍ ဈေးနှုန်း အနည်းငယ်ပြောင်းလဲမှုရှိနိုင်ကြောင်း MFSPEA က ဆိုသည်။

“ မနေ့ကတော့ ဆန်တွေရော၊ မြေဩဇာတွေရော လိုက်ဖမ်းပြီး ဈေးလျှော့ရောင်းခိုင်းတယ်။ အရင်တုန်းကတော့ တစ်အိတ်ကို သိန်းချီပြီးဝယ်ခဲ့ရတယ်။ အရင်ဈေးနဲ့ အခုဈေးနဲ့ယှဉ်ရင်တော့ အခုကနည်းနည်း သက်သာသွားတာပေါ့။ ဒါပေမဲ့ သယ်ယူစရိတ်တွေတော့ ရှိသေးတယ်လေ။ ဈေးကကျပေမယ့် အချိန်တန်လို့ စပါးဈေး၊ ဆန်ဈေးမကောင်းရင်လည်း ရှုံးဦးမှာ။ ဈေးကျတာကတော့ ကောင်းတာပေါ့။ အချိန်တန်လို့ စပါး ဈေးတွေပါကျရင်တော့အဆင်မပြေဘူးပေါ့။ မြေဩဇာတွေ ဈေးတက်မရောင်းရဘူးဆိုရင်လည်း ပိုက်ဆံရှိတဲ့ ဆိုင်တွေကတော့ ဈေးကြီးပေးဝယ်ထားရတော့ အ ကုန်လုံး လှောင်ထားကြမှာပေါ့။ ဝယ်တုန်းကသူတို့လည်း ဈေးကြီးပေးဝယ်ထားရတာလေ” ဟု စပါးစိုက် တောင်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် မိုးစပါးစိုက်ပျိုးချိန် ရောက်ရှိနေပြီး ဈေးကွက်အတွင်း၌ လယ်ယာစိုက်ပျိုးရေး အတွက် သွင်းအားစုဈေးနှုန်းများမြင့်တက်နေခြင်း၊ အထွေထွေ ကုန်ကျစရိတ်မြင့်တက်ခြင်းတို့ကို ကြုံတွေ့နေရခြင်းကြောင့် လယ်သမားများ အခက်အခဲကြုံတွေ့နေရကြောင်းသိရသည်။ MFSPEAအနေဖြင့် အဆိုပါရည်ညွှန်းဈေးများကို သတ်မှတ်ချက်များနှင့်အညီ ဆက်လက်ထုတ် ပြန်ပေးသွားမည်ဖြစ်ပြီး ရည်ညွှန်းဈေးများနှင့်အညီ ရောင်းချခြင်းမရှိသည့် ကုမ္ပဏီများနှင့် ဆိုင်များကို ဦးဆောင်ကော်မတီ(ဝ၆၇- ၄၁၀ဝ၃၂)၊ MFSPEA အသင်း(ဝ၉- ၈၈၃၃၅၃၃၅၈) တို့ကိုဆက်သွယ် တိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။

လက်ရှိ မြန်မာနိုင်ငံတွင် မိုးစပါးစိုက်ဧကပေါင်း (၁၅)သန်းခန့်ရှိပြီး နှစ်စဉ်စပါးထွက်ရှိမှုနှုန်းမှာ တင်းသန်းပေါင်း (၁၀၈၈) သန်းရှိ၍ နွေစပါးစိုက်ဧက ပေါင်းမှာလည်း နှစ်သန်းရှိသည့်အတွက် စပါးတင်း သန်းပေါင်း (၂၁၃)သန်းခန့် ထွက်ရှိကြောင်းသိရသည်။

zawgyi version
ဓာတ္ေျမဩဇာေဈးႏႈန္းမ်ားကို သတ္မွတ္ေဈးႏႈန္းျဖင့္ေရာင္းခ်ရန္ ကုမၸဏီမ်ားကို ၫႊန္ၾကားထားၿပီး ေရာင္းခ်ျခင္းမရွိပါက တိုင္ၾကားႏိုင္ဟု အသိေပး
ယြန္း (NP News) - ဇူလိုင္ ၅

ဓာတ္ေျမဩဇာေဈးႏႈန္းမ်ားကို သတ္မွတ္ ေဈးႏႈန္းျဖင့္ေရာင္းခ်ရန္ ကုမၸဏီမ်ားကိုၫႊန္ၾကားထားၿပီး ေရာင္းခ်ျခင္းမရွိပါက တိုင္ၾကားႏိုင္ေၾကာင္း ျမန္မာႏိုင္ငံေျမဩဇာ၊ မ်ိဳးေစ့ႏွင့္ စိုက္ပ်ိဳးေရးေဆး လုပ္ငန္းရွင္မ်ားအသင္း (MFSPEA) မွ အသိေပးထုတ္ျပန္ထား သည္။

ယူရီးယားေျမဩဇာ ဝယ္ယူျဖန႔္ျဖဴးေရာင္းခ်ေရး ဦးေဆာင္ေကာ္မတီ၏ ႀကီးၾကပ္မႈျဖင့္ ယူရီး ယားေျမ ဩဇာ(အလုံးႀကီး) ၅၀ ကီလိုတစ္အိတ္လွ်င္ ရန္ကုန္ အထိုင္ေဈးႏႈန္း ေငြက်ပ္ ၇၃၀ဝ၀ ႏႈန္းျဖင့္ေရာင္းခ်ရန္ ၫႊန္ၾကားထားေၾကာင္းသိရသည္။ MFSPEA အေနျဖင့္ ေျမဩဇာႏွင့္ပတ္သက္၍ လစဥ္ေဈးၿပိဳင္တင္ဒါေခၚယူလ်က္ရွိၿပီး ေဈး အနည္းဆုံး ျဖန႔္ျဖဴးေရာင္းခ်ႏိုင္မည့္ကုမၸဏီမ်ားကို ဦးေဆာင္ေကာ္မတီမွ သြင္းကုန္လိုင္စင္ခ်ေပးၿပီး ေျမဩဇာ သြင္းခြင့္ေပးထားေၾကာင္း သိရသည္။

“လစဥ္ေဈးၿပိဳင္တင္ဒါေခၚၿပီးေတာ့ အနည္းဆုံး ေဈးေပးတဲ့ဟာကို ယူလိုက္တာ။ တင္ဒါေဈးၿပိဳင္နဲ႔ပဲသြားတာ။ အဓိကကေတာ့ ေဈးအနည္းဆုံးျဖန႔္ျဖဴးေရာင္းခ်ႏိုင္မယ့္ ကုမၸဏီေတြကို ဦးစားေပး ၿပီးေတာ့ သြင္းကုန္လိုင္စင္ကိုခ်ေပးတာေပါ့။ အခုကေတာ့ ထုတ္ျပန္ထားတဲ့ ေဈးေတြနဲ႔ေရာင္းဖို႔ကို ကုမၸဏီေတြကိုလည္း တိုက္တြန္းထားပါတယ္။ သတ္မွတ္ထားတဲ့ေဈးနဲ႔ မေရာင္းတဲ့ ကုမၸဏီေတြနဲ႔ ဆိုင္ေတြအကုန္လုံးကို တိုင္ႏိုင္ပါတယ္။ ဒီေဈးႏႈန္းေတြကို ယူရီးယားေျမဩဇာ ဦးေဆာင္ေကာ္မတီ ကေနပဲ သတ္မွတ္ထားတာပါ”ဟု ျမန္မာ ႏိုင္ငံေျမဩဇာ၊ မ်ိဳးေစ့ႏွင့္ စိုက္ပ်ိဳးေရးေဆး လုပ္ငန္းရွင္မ်ားအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

ထို႔ျပင္ ဧရာဝတီတိုင္းအတြင္း၌ ၿပီးခဲ့သည့္ႏွစ္တြင္ ဓာတ္ေျမဩဇာတစ္အိတ္လွ်င္ ေငြက်ပ္ (၁၀ဝဝဝ၀)နီးပါးအထိရွိခဲ့ၿပီး ယခုသတ္မွတ္လိုက္သည့္ေဈးႏႈန္းသည္ ေတာင္သူမ်ားအတြက္ အဆင္ ေျပႏိုင္ေၾကာင္း သိရသည္။ “မႏွစ္က ေႏြစပါးအတြက္ေတာင္ ၇၈၅၀ဝ ေလာက္ရွိတဲ့အတြက္ ဒီေဈးကေဈးက်သြားတဲ့ သ ေဘာေပါ့။ အခုဟာက ႏိုင္ငံ့စီးပြားျမႇင့္တင္ေရးရန္ပုံေငြအတြက္ ထုတ္ျပန္တဲ့သေဘာပဲ။ လိုသေလာက္ ဝယ္ႏိုင္ဖို႔ကေတာ့ ကုမၸဏီေတြနဲ႔ပိုဆိုင္တာေပါ့။ ဝယ္ႏိုင္မယ္လို႔ေတာ့ထင္ပါတယ္။ အသင္းကလုပ္တာျဖစ္တဲ့အတြက္ ကုမၸဏီ ေတြလည္းပါတယ္ေလ။ အခု ရည္ၫႊန္းသတ္မွတ္တဲ့ေဈးဆိုရင္ေတာ့ ေတာင္သူေတြအတြက္ မကိုက္စရာအေၾကာင္းေတာ့မရွိပါဘူး” ဟု ဆန္စက္လုပ္ငန္းရွင္တစ္ဦးက ဆိုသည္။

အလားတူ MFSPEA အသင္းအေနျဖင့္ Rock Phosphate အေျခခံ ၁၅ ပတ္လည္ ၅၀ ကီလို တစ္အိတ္လွ်င္ ၁၀ဝဝဝ၀ က်ပ္၊ Di Ammonium Phosphate အေျခခံ ၁၅ ပတ္လည္ ၅၀ ကီလိုတစ္ အိတ္လွ်င္ ၁၁၅၀ဝ၀ က်ပ္ႏွင့္ Complex ၁၅ ပတ္လည္ ၅၀ ကီလိုတစ္အိတ္လွ်င္ ၁၂၂၀ဝ၀ က်ပ္ သတ္ မွတ္ထားေၾကာင္း သိရသည္။ သို႔ေသာ္ အထက္ပါေဈးႏႈန္းမ်ားသည္ ရန္ကုန္အထိုင္ေဈးႏႈန္းမ်ားျဖစ္ေသာေၾကာင့္ ေဒသအလိုက္ သယ္ယူပို႔ေဆာင္စရိတ္မ်ားအေပၚတြင္မူတည္၍ ေဈးႏႈန္း အနည္းငယ္ေျပာင္းလဲမႈရွိႏိုင္ေၾကာင္း MFSPEA က ဆိုသည္။

“ မေန႔ကေတာ့ ဆန္ေတြေရာ၊ ေျမဩဇာေတြေရာ လိုက္ဖမ္းၿပီး ေဈးေလွ်ာ့ေရာင္းခိုင္းတယ္။ အရင္တုန္းကေတာ့ တစ္အိတ္ကို သိန္းခ်ီၿပီးဝယ္ခဲ့ရတယ္။ အရင္ေဈးနဲ႔ အခုေဈးနဲ႔ယွဥ္ရင္ေတာ့ အခုကနည္းနည္း သက္သာသြားတာေပါ့။ ဒါေပမဲ့ သယ္ယူစရိတ္ေတြေတာ့ ရွိေသးတယ္ေလ။ ေဈးကက်ေပမယ့္ အခ်ိန္တန္လို႔ စပါးေဈး၊ ဆန္ေဈးမေကာင္းရင္လည္း ရႈံးဦးမွာ။ ေဈးက်တာကေတာ့ ေကာင္းတာေပါ့။ အခ်ိန္တန္လို႔ စပါး ေဈးေတြပါက်ရင္ေတာ့အဆင္မေျပဘူးေပါ့။ ေျမဩဇာေတြ ေဈးတက္မေရာင္းရဘူးဆိုရင္လည္း ပိုက္ဆံရွိတဲ့ ဆိုင္ေတြကေတာ့ ေဈးႀကီးေပးဝယ္ထားရေတာ့ အ ကုန္လုံး ေလွာင္ထားၾကမွာေပါ့။ ဝယ္တုန္းကသူတို႔လည္း ေဈးႀကီးေပးဝယ္ထားရတာေလ” ဟု စပါးစိုက္ ေတာင္သူတစ္ဦးက ေျပာသည္။

လက္ရွိတြင္ မိုးစပါးစိုက္ပ်ိဳးခ်ိန္ ေရာက္ရွိေနၿပီး ေဈးကြက္အတြင္း၌ လယ္ယာစိုက္ပ်ိဳးေရး အတြက္ သြင္းအားစုေဈးႏႈန္းမ်ားျမင့္တက္ေနျခင္း၊ အေထြေထြ ကုန္က်စရိတ္ျမင့္တက္ျခင္းတို႔ကို ႀကဳံေတြ႕ေနရျခင္းေၾကာင့္ လယ္သမားမ်ား အခက္အခဲႀကဳံေတြ႕ေနရေၾကာင္းသိရသည္။ MFSPEAအေနျဖင့္ အဆိုပါရည္ၫႊန္းေဈးမ်ားကို သတ္မွတ္ခ်က္မ်ားႏွင့္အညီ ဆက္လက္ထုတ္ ျပန္ေပးသြားမည္ျဖစ္ၿပီး ရည္ၫႊန္းေဈးမ်ားႏွင့္အညီ ေရာင္းခ်ျခင္းမရွိသည့္ ကုမၸဏီမ်ားႏွင့္ ဆိုင္မ်ားကို ဦးေဆာင္ေကာ္မတီ(ဝ၆၇- ၄၁၀ဝ၃၂)၊ MFSPEA အသင္း(ဝ၉- ၈၈၃၃၅၃၃၅၈) တို႔ကိုဆက္သြယ္ တိုင္ၾကားႏိုင္ေၾကာင္း အသိေပးထားသည္။

လက္ရွိ ျမန္မာႏိုင္ငံတြင္ မိုးစပါးစိုက္ဧကေပါင္း (၁၅)သန္းခန႔္ရွိၿပီး ႏွစ္စဥ္စပါးထြက္ရွိမႈႏႈန္းမွာ တင္းသန္းေပါင္း (၁၀၈၈) သန္းရွိ၍ ေႏြစပါးစိုက္ဧက ေပါင္းမွာလည္း ႏွစ္သန္းရွိသည့္အတြက္ စပါးတင္း သန္းေပါင္း (၂၁၃)သန္းခန႔္ ထြက္ရွိေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.