ပက်ထရိုဒေါ်လာ နိဂုံးနှင့် BRICS အတွက် အခွင့်အလမ်း (ဘာသာပြန်ဆောင်းပါး)

 1683

သန်းထိုက်စိုး (NP News) - ဇူလိုင် ၆

မကြာသေးမီသီတင်းပတ်အတွင်းက ထူးခြားသည့်အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ အဖြစ်အပျက်သည် လတ်တလော အကျိုးသက် ရောက်မှု ရှိချင်မှရှိနိုင်မည်ဖြစ်သော်လည်း တစ်ချိန်ချိန်တွင် သေချာပေါက်ရှိလာမည် ဖြစ်သည်။ အဆိုပါ အဖြစ်အပျက်မှာ ဆော်ဒီအာရေးဗျနိုင်ငံသည် အမေရိကန်နိုင်ငံနှင့် နှစ်ပေါင်း(၅၀)ကြာချုပ်ဆိုထားခဲ့သည့် ပက်ထရိုဒေါ်လာသဘောတူညီချက်ကို သက်တမ်းထပ်မတိုးခဲ့ခြင်းပင် ဖြစ်သည်။

ပက်ထရိုဒေါ်လာ နောက်ခံသမိုင်း
ပက်ထရိုဒေါ်လာဆိုသည့်ဝေါဟာရသည် ရေနံရောင်းချသည့်နိုင်ငံများက ရေနံကို ဒေါ်လာဖြင့် ရောင်းချပြီး ရရှိသည့်ငွေကို ဆိုလိုခြင်းဖြစ်သည်။ ပက်ထရိုဒေါ်လာသဘောတရားသည် ၁၉၇၀ ပြည့်နှစ် အစောပိုင်းတွင်ပေါ်ပေါက်လာခဲ့ပြီး ကမ္ဘာ့စီးပွားရေး နှင့် နိုင်ငံရေးတွင် အရေးပါသည့်အခန်းကဏ္ဍမှပါဝင် ခဲ့သည်။ ၁၉၄၄ ခုနှစ် Bretton Woods သဘောတူညီချက်သည် အမေရိကန်ဒေါ်လာကို ရွှေနှင့်ချိတ်ဆက် ထားသည့် ကမ္ဘာ့အခိုင်မာဆုံးငွေကြေးအဖြစ် နေရာရစေခဲ့သည်။ ဒုတိယကမ္ဘာ့စစ်လွန်ကာလ နိုင်ငံတကာကုန်သွယ်ရေးနှင့် စီးပွားရေးတည်ငြိမ်မှုကိုလည်း အထောက်အပံ့ပေးခဲ့သည်။ အမေရိကန်သမ္မတ ရစ်ချတ်နစ်ဆင်သည် အမေရိကန်ဒေါ်လာကို ရွှေနှင့် ချိတ်ဆက်ထားမှုကိုအဆုံးသတ်ခဲ့ပြီး နှုန်းရှင်ထားကာ ငွေကြေး၏ ပြောင်းလွယ်ပြင်လွယ်ဖြစ်မှုကို မြှင့်တင်ခဲ့ သည်။ ၁၉၇၂ ခုနှစ်တွင် ရေနံထုတ်လုပ်သည့် နိုင်ငံများ (OPEC) သည် Yom Kippur စစ်ပွဲအတွင်း အမေရိကန်နိုင်ငံက အစ္စရေးနိုင်ငံကို ထောက်ပံ့ပေးခဲ့ ခြင်းကိုတုံ့ပြန်သည့်အနေဖြင့် ရေနံ ပိတ်ဆို့အရေးယူ မှုများပြုလုပ်ခဲ့ရာ ရေနံဈေးနှုန်းများ ခေါင်ခိုက်သွားခဲ့သည်။

သို့ဖြစ်ရာ အမေရိကန်နိုင်ငံကလည်း အခြေအနေကိုထိန်းသိမ်းနိုင်ရန်အတွက် ဆော်ဒီအာရေးဗျ အပါအဝင် အခြားသော OPEC နိုင်ငံများနှင့် သဘောတူညီချက်တစ်ရပ်ရယူခဲ့သည်။ အဆိုပါ သဘောတူညီချက်မှာ ရေနံကို အမေရိကန်ဒေါ်လာဖြင့်သာ အရောင်းအဝယ်ပြုလုပ်ရန်ဖြစ်သည်။ အပြန်အလှန်အားဖြင့် အမေရိကန်နိုင်ငံကလည်း စစ်ရေးအရ အကာအကွယ်ပေးမှုနှင့် စီးပွားရေးအရ ကူညီထောက်ပံ့မှုများပေးခဲ့သည်။ အဆိုပါသဘောတူညီချက်သည် ဆော်ဒီအာရေးဗျအတွက်လည်း ဘဏ္ဍာ ရေးအရတည်ငြိမ်မှုကိုဖြစ်စေသကဲ့သို့ အမေရိကန် နိုင်ငံအတွက်လည်း ရေနံပုံမှန်ရရှိကာ နှစ်နိုင်ငံလုံးအတွက် အကျိုးရှိစေခဲ့သည်။

အာရပ်-အစ္စရေး တတိယစစ်ပွဲဖြစ်ပွားချိန် ၁၉၇၄ ခုနှစ်တွင် အာရပ်တို့သည် ၎င်းတို့၏ ရေနံ အရင်းအမြစ်များကို လက်နက်အဖြစ်အသုံးပြုခဲ့ကြ သည်။ ရေနံဖြင့်ဒဏ်ခတ်ပိတ်ဆို့မှုများလည်း ပြုလုပ် ခဲ့ကြသည်။ အမေရိကန်နှင့်ဆော်ဒီတို့သည် ၁၉၇၄ ခုနှစ် ဇွန်လတွင် ရွှေမည်းဟုတင်စားကြသည့် ရေနံကို လက်နက်အဖြစ်အသုံးပြုလာနိုင်ခြေမှကာကွယ်ရန် အတွက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပူးတွဲကော် မရှင်တစ်ခုကိုဖွဲ့စည်းခဲ့သည်။ ဆော်ဒီနိုင်ငံကို အမေရိ ကန်ဒေါ်လာအသုံးပြုနိုင်ရေး အထောက်အကူပေးရန် အဆိုပါကော်မရှင်ကို အခွင့်အာဏာအပ်နှင်းခဲ့ သည်။ အမေရိကန်နှင့်ဆော်ဒီတို့သည် ရေနံဈေးနှင့် ဒေါ်လာကိုချိတ်ဆက်ပေးထားသည့် သဘောတူညီ ချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါသ ဘောတူညီချက်သည် ဒေါ်လာကို ကမ္ဘာပေါ်ရှိ အခြား ငွေကြေးများအပေါ် အသာစီးရရှိစေခဲ့ခြင်းဖြစ်သည်။ ယနေ့ထိတိုင်လည်း လက်ရှိ ကမ္ဘာ့စီးပွားရေးအထိုင် ကို ကျားကန်ပေးထားဆဲဖြစ်သည်။ ဆော်ဒီနိုင်ငံက လည်း ၎င်း၏ငွေပိုငွေလျှံများကို အမေရိကန်ဘွန်းများ တွင်ရင်းနှီးမြှုပ်နှံထားမည်ဟု ကတိပြုထားသည်။ အပြန်အလှန်အားဖြင့် အမေရိကန်နိုင်ငံကလည်း ဆော်ဒီအတွက် စစ်လက်နက်ပစ္စည်းများထောက်ပံ့ ပေးရန် သဘောတူထားခြင်းဖြစ်သည်။

ပက်ထရိုဒေါ်လာသဘောတူညီချက် သက်တမ်း မတိုးခြင်းသည် အမေရိကန်ဒေါ်လာလွှမ်းမိုးမှုအပေါ် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာနိုင်သည်။ ယူကရိန်းစစ်ပွဲနှင့် ပတ်သက်၍ ရုရှားအပေါ် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှု၊ ရုရှားနိုင်ငံကို SWIFT စနစ်အတွင်းမှ ဖယ်ထုတ်ခြင်းတို့ကြောင့်ဖြစ်လာသည့် အကျိုးဆက်မှာ ဖြည်းဖြည်းချင်း စတင်အကျိုးသက်ရောက်နေပြီဖြစ် သည်။ သို့သော် de-dollarization ဖြစ်စဉ်မှာလည်း စတင်ဖြစ်ပေါ်နေသည်။ ယင်းကဲ့သို့သော ဒဏ်ခတ် ပိတ်ဆို့မှုများကိုကာကွယ်ရန်အတွက် နိုင်ငံအများ အပြား၊ အထူးသဖြင့် ဖွံ့ဖြိုးမှုမြန်ဆန်သောနိုင်ငံများ သည် နှစ်နိုင်ငံကုန်သွယ်ရေးအတွက် ဒေသအဆင့် ငွေကြေးများကို စတင်အသုံးပြုလာကြပြီဖြစ်သည်။ အိန္ဒိယနိုင်ငံဆိုလျှင်လည်း ရုရှားနှင့်ကုန်သွယ်ရန် အတွက် ရူပီးငွေကြေးကို စတင်အသုံးပြုနေပြီဖြစ် သည်။ ၂ဝ၂၃ ခုနှစ်အတွင်းကလည်း ယူအေအီးနိုင်ငံမှ ရေနံကို ရူပီးငွေဖြင့် ပထမဆုံးဝယ်ယူခဲ့သည်။

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ရေနံအများဆုံး ဝယ်ယူသည့်နိုင်ငံဖြစ်သည်။ ၂ဝ၂၂ ခုနှစ် စာရင်းများ အရ ဆော်ဒီနိုင်ငံသည် တရုတ်နိုင်ငံသို့ ရေနံတင်ပို့ မှုမှာ အမေရိကန်ဒေါ်လာ ၅၆.၁ ဘီလျံ တန်ဖိုးရှိသည်။ တစ်ချိန်တည်းမှာပင် အိန္ဒိယနိုင်ငံသို့ရေနံတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၃၂.၇ ဘီလျံတန်ဖိုးရှိသည်။ တရုတ်နှင့်ဆော်ဒီတို့ကြား စုစုပေါင်းကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၁ဝ၆ ဘီလျံရှိသည်။ ယင်းတို့အနက် ဆော်ဒီသို့ တရုတ်နိုင်ငံ၏ပို့ကုန်မှာ အမေရိကန် ဒေါ်လာ ၃၆.၅ ဘီလျံရှိသည်။ ဆက်လက်ပြီး တိုးတက်မည့်အခြေအနေလည်းရှိသည်။

တရုတ်နိုင်ငံသည် အမေရိကန်-တရုတ်ပြိုင် ဆိုင်မှုမြင့်တက်လာသည်နှင့်အမျှ ဆော်ဒီအပါအဝင် အခြားနိုင်ငံများနှင့်ကုန်သွယ်ရေးအတွက် ၎င်း၏ ယွမ်ငွေ အသုံးပြုလာစေရန် တွန်းတင်လာခဲ့သည်။ တရုတ်နှင့်ဆော်ဒီတို့သည် ၂၀၂၃ ခုနှစ်တွင် ၎င်းတို့၏ငွေကြေးကိုအသုံးပြုပြီး ကုန်သွယ်မှုမြှင့်တင်ရန်နှင့် ဒေါ်လာအပေါ် မှီခိုမှုလျှော့ချရန် ကြိုးပမ်းအားထုတ်မှု တစ်စိတ်တစ်ပိုင်းအဖြစ် နှစ်နိုင်ငံငွေကြေးဖြင့် အ ရောင်းအဝယ်ပြုလုပ်မည့် အမေရိကန်ဒေါ်လာ ၇ ဘီ လျံတန်ဖိုးရှိ သဘောတူညီချက်တစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့ကြသည်။ ထို့ပြင် ဆော်ဒီနိုင်ငံသည် ၂၀၂၄ ခုနှစ်အတွင်း ဒီဂျစ်တယ်ငွေကြေးများ အသုံးပြုသည့် နယ်စပ်ဖြတ်ကျော်ပေးချေမှုစနစ်တစ်ရပ် ဖြစ်ပေါ် လာစေရေးအတွက် ယူအေအီး၊ ထိုင်း၊ ဟောင်ကောင်နှင့် တရုတ်ဗဟိုဘဏ်တို့ကြား ၂ဝ၂၁ ခုနှစ် တွင်စတင်ခဲ့သည့် mBridge project ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ တရုတ်နိုင်ငံသည် ၂ဝ၂၃ ခုနှစ် အတွင်း အီရန်နှင့်ဆော်ဒီတို့ကို သံတမန်အဆက်အသွယ် ပြန်လည်ထူ ထောင်စေပြီး ဒေသတွင်း ၎င်း၏ ဩဇာကို BRICS အဖွဲ့မှတစ်ဆင့် အဖွဲ့ဝင်နိုင်ငံများကြား အခြားသော ဒေသဆိုင်ရာငွေကြေးဖြင့် အရောင်းအ ဝယ်ပြုလုပ်ရန် ဆွေးနွေးနေပြီဖြစ်သည်။

အိန္ဒိယနိုင်ငံသည်လည်း ၎င်း၏ ရူပီးငွေကြေးကို နိုင်ငံတကာအဆင့်သို့တက်လှမ်းနိုင်ရန် ရည်မှန်းချက်ထားရှိသည်။ ရုရှားနှင့်ကုန်သွယ်ရာတွင်လည်း ရူပီးငွေကြေးကို အသုံးပြုလျက်ရှိသည်။ မကြာသေးမီကပင် ယူအေအီးနိုင်ငံနှင့် ဒေသဆိုင်ရာ ငွေကြေးကုန် သွယ်မှုသဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးခဲ့ပြီး ရူပီးငွေကြေးဖြင့် ပထမဆုံးအကြိမ် ရေနံဝယ်ယူခဲ့သည်။ စင်ကာပူနိုင်ငံနှင့်လည်း ဆွေးနွေးမှုများပြုလုပ်လျက်ရှိပြီး အာဆီယံအဆင့်ထိတက်လှမ်းနိုင်ရန် မျှော်မှန်းထားသည်။ အိန္ဒိယနိုင်ငံအနေဖြင့် ၎င်း၏ နိုင်ငံခြားအရန်ငွေကြေးကို အမျိုးအစားအစုံအလင် ထားရှိရန် ကြိုးစားလာသည်။ ပက်ထရိုဒေါ်လာသ ဘောတူညီချက်ရပ်ဆိုင်းလိုက်ခြင်းသည် အိန္ဒိယနိုင်ငံအပေါ် မည်သို့အကျိုးသက်ရောက်မှုရှိမည်ကို အထင်အရှားမြင်တွေ့ရမည်ဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ ဆော်ဒီနှင့် ကုန်သွယ်မှုတန်ဖိုးမှာ တရုတ်နိုင်ငံနီးပါး ရှိသည်။ တစ်ချိန်တည်းမှာပင် ဆော်ဒီနိုင်ငံသည်လည်း အခြားနိုင်ငံများနည်းတူ အမေရိကန်ဒေါ်လာအပေါ် မှီခိုမှု လျှော့ချရန်နှင့် နိုင်ငံခြားအရန်ငွေကြေးအမျိုးမျိုးထားရှိရန်ကြိုးပမ်းလာသည်။ အမေရိကန်ဒေါ်လာ သည် ကာလတစ်ခုအထိ ဆက်လက် လွှမ်းမိုးမှုရှိနေဦးမည်ဖြစ်သည်။ သို့သော် ကမ္ဘာကြီးသည် အခြားအရန်ငွေကြေးတစ်ခုဆီ ဦးတည်ရွေ့လျားနေ ပြီဆိုသည်မှာလည်း သံသယဖြစ်ဖွယ်ရာမရှိပါ။

ယခုအခါ ဆော်ဒီသည် ပက်ထရိုဒေါ်လာစာချုပ် သက်တမ်းကုန်ဆုံးခဲ့ပြီဖြစ်ရာ ၎င်း၏ရေနံကို ယွမ်၊ ယူရို၊ ရူပီးနှင့် ယန်းငွေတို့ဖြင့် ရောင်းနိုင်ပြီဖြစ်သကဲ့ သို့ ဘစ်ကွိုင်ဖြင့်ပါရောင်းနိုင်ရန် စဉ်းစားနိုင်ပြီဖြစ်သည်။ အဆိုပါအရွေ့သည် အမေရိကန်ဒေါ်လာ၏ ကမ္ဘာလုံးဆိုင်ရာလွှမ်းမိုးမှုကို အားနည်းစေနိုင်သကဲ့သို့ နိုင်ငံတကာကုန်သွယ်ရေးအတွက် အခြားသော ငွေကြေးများလည်း အသုံးပြုလာနိုင်ခြေကို အရှိန် မြင့်လာစေနိုင်သည်။ ကမ္ဘာတွင် ဒေါ်လာလိုအပ်ချက် ကျဆင်းလာခြင်းသည် ငွေကြေးဖောင်းပွမှုနှင့်အတိုး နှုန်းများကို မြင့်တက်စေနိုင်သကဲ့သို့ အမေရိကန် နိုင်ငံတွင် ဘွန်းဈေးကွက်အားနည်းကာ ကမ္ဘာလုံးဆိုင်ရာဘဏ္ဍာရေးဈေးကွက်တွင် ကြီးမားသည့်အ ပြောင်းအလဲများ ဖြစ်လာနိုင်ခြေရှိသည်။

ဆော်ဒီ၏ဆုံးဖြတ်ချက်သည် ရေနံထုတ်လုပ် သည့် အခြားနိုင်ငံများကိုလည်း အလားတူ လိုက်ပါ လုပ်ဆောင်လာစေရန် အားပေးသကဲ့သို့ ဖြစ်စေနိုင်ပြီး ရေနံအရောင်းအဝယ်ပြုလုပ်ရာတွင် ဒေါ်လာလိုအပ်ချက် လျော့ကျလာနိုင်သည်။ ရေတိုတွင် ရေနံသွင်းကုန်များအပေါ် အလွန်အကျွံ မှီခိုနေရသည့်နိုင်ငံများတွင် ငွေကြေးဖောင်းပွမှုမြင့်တက်ခြင်းတို့ဖြစ်နိုင်သည်။ ဗဟိုဘဏ်များအနေဖြင့် ငွေကြေးများတည် ငြိမ်စေရန် ၎င်းတို့၏ငွေကြေးမူဝါဒများကိုထိန်းညှိရန် လိုအပ်ကောင်း လိုအပ်နိုင်သည်။ ယခုအရွေ့သည် ပက်ထရိုဒေါ်လာစနစ်အောက်တွင် တည်ငြိမ်မှု ကောင်းကောင်းရနေသည့် စီးပွားရေး ပူးပေါင်းဆောင် ရွက်မှုများအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နိုင်သည်။

ဆော်ဒီ၏ ရင်းနှီးမြှုပ်နှံမှုမဟာဗျူဟာ
ဆော်ဒီသည် ရေနံဖြင့် ဝင်ငွေရရှိမှုအပေါ် မှီခိုနေရခြင်းကိုလျှော့ချပြီး ကဏ္ဍအသီးသီးတွင် ပိုမိုရင်း နှီးမြှုပ်နှံရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ ကဏ္ဍအသီးသီးဆိုသည်မှာ နည်းပညာ၊ ခရီးသွားလုပ်ငန်းနှင့် ပြန် လည်ပြည့်ဖြိုးမြဲစွမ်းအင်တို့ကို ရည်မှန်းချက်ထားခြင်း လည်းဖြစ်နိုင်သည်။ ဆော်ဒီအနေဖြင့် အမေရိကန်၏ ဘဏ္ဍာရေးစနစ်အတွင်း ပက်ထရိုဒေါ်လာ သံသရာလည်ခြင်းမှခွဲထွက်လိုက်ခြင်းသည် ဘဏ္ဍာရေးဈေး ကွက်များနှင့် အခြားသော ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ် နှံမှုများအတွင်းသို့ ပြန်လည်တိုးဝင်လိုက်ခြင်းပင် ဖြစ်သည်။ ဆော်ဒီ၏အရွေ့သည် အစဉ်အလာအားဖြင့် ဆော်ဒီအရင်းအနှီးများမှ ဝင်ငွေရနေသည့်နိုင်ငံများအပေါ် အကျိုးသက်ရောက်စေမည်ဖြစ်သည်။ ထို့ပြင် နိုင်ငံတကာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွင်လည်း အရွေ့များဖြစ်ပေါ်စေနိုင်သည်။

ပက်ထရိုဒေါ်လာ သဘောတူညီချက် သက်တမ်းမတိုးတော့ခြင်းသည် အမေရိကန်ဒေါ်လာကို ကမ္ဘာ့အရန်ငွေကြေးအဖြစ် ထားရှိမှုမှ အားနည်းစေမည်ဖြစ် သည်။ လက်ရှိတွင် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံခြားအရန် ငွေကြေး၏ ၆ဝ ရာခိုင်နှုန်းမှာ အမေရိကန်ဒေါ်လာကို ကိုင်ထားကြခြင်းဖြစ်သည်။ ဒေါ်လာအခြေပြု ရေနံရောင်းချခြင်းမှဖယ်ခွာလိုက်ခြင်းသည် နိုင်ငံတကာ တွင် ဒေါ်လာလိုအပ်ချက်လျော့ကျစေမည်ဖြစ်သည်။ ဗဟိုဘဏ်များနှင့် ဘဏ္ဍာရေးအင်စတီကျူးရှင်းများ အနေဖြင့် ဒေါ်လာအပြင် အခြားငွေကြေးများကိုလည်း အရန်ငွေကြေးအဖြစ်ထားရှိလာကြမည်ဖြစ်ရာ ဘဏ္ဍာရေးဈေးကွက်များတွင် ဒေါ်လာလွှမ်းမိုးမှု လျော့နည်း လာမည်ဖြစ်သည်။ ဘရာဇီး၊ ရုရှား၊ တရုတ်၊ အိန္ဒိယနှင့် တောင်အာဖရိကစသည့် BRICS အဖွဲ့ဝင်နိုင်ငံများ သည်လည်း ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးတွင် ခြေကုပ်အခိုင်အမာရရှိလာနိုင်ပြီး စီးပွားရေးတွင် အမေရိကန်၏ ကာလရှည်ကြာအသာစီးယူထားမှုကို စိန်ခေါ်လာနိုင်သည်။

အမေရိကန်-ဆော်ဒီဆက်ဆံရေးအပြောင်းအလဲ
ပက်ထရိုဒေါ်လာသဘောတူညီချက် အဆုံးသတ် ရန် ဆော်ဒီ၏ဆုံးဖြတ်ချက်သည် အမေရိကန်နှင့် ဆက်ဆံရေးတွင် အဖုအထစ်ဖြစ်ကောင်းဖြစ်နိုင်သည်။ အမေရိကန်နိုင်ငံသည် ကမ္ဘာ့ရေနံဈေးကွက်တွင် အမေရိကန်ဒေါ်လာ၏လွှမ်းမိုးထားမှုကိုထိန်း သိမ်းရန် ပက်ထရိုဒေါ်လာ သဘော တူညီချက်အပေါ် အဓိကအားပြုထားခြင်းဖြစ်သည်။ ယင်း သဘောတူညီချက်မရှိတော့ပါက ဆော်ဒီအနေဖြင့် ၎င်း၏ရေနံကို အခြားငွေကြေးများဖြင့်လည်း ရောင်းချနိုင်တော့မည်ဖြစ်ရာ အမေရိကန်ဒေါ်လာလွှမ်းမိုးမှုကို အားနည်းစေမည်ဖြစ်သည်။ ဆော်ဒီ၏အရွေ့သည် အမေရိကန်နိုင်ငံကို ၎င်း၏ နိုင်ငံခြားရေးမူဝါဒနှင့် ဆော်ဒီ အပေါ်ထားရှိသည့် စီးပွားရေးမဟာဗျူဟာအပေါ် ပြန်လည်သုံးသပ်လာနိုင်သည်။ မကြာသေးမီကပင် ဆော် ဒီနိုင်ငံကိုBRICS အဖွဲ့သို့ဝင်ရောက်ရန် ကမ်း လှမ်းခဲ့ရာ မိတ်ဖက်အမျိုးမျိုးဖြင့် ဆက်ဆံလိုသည့်ဆော်ဒီကို de-dollarization ဆီ အမြန်ရွှေ့ရန် တွန်းအားပေး သကဲ့သို့ဖြစ်စေနိုင်သည်။ ထို့ပြင် ဆော်ဒီနိုင်ငံအနေ ဖြင့် တရုတ်၊ ရုရှားကဲ့သို့သောနိုင်ငံများနှင့် ခိုင်မာ သည့်ဆက်ဆံရေးတစ်ရပ်ထူထောင်ပြီး အမေရိကန် တို့အခြေစိုက်နေသော ဒေသတွင်းတွင် ပါဝါဟန်ချက် ညီမှု ဖြစ်စေနိုင်သည်။

ပက်ထရိုဒေါ်လာသဘောတူညီချက် အဆုံးသတ်လိုက်ခြင်းသည် အရှေ့အလယ်ပိုင်းတွင် မိတ် ဖက်ဖြစ်မှုနှင့် ပါဝါဒိုင်းနမစ်ဖြစ်မှုအရွေ့များလည်း ဖြစ်လာနိုင်သည်။ ရေနံကို ငွေကြေးအမျိုးမျိုးဖြင့် ရောင်းချရန် ဆော်ဒီ၏ဆုံးဖြတ်ချက်သည် တရုတ်ကဲ့သို့သော အနောက်မဟုတ်သည့်နိုင်ငံများနှင့် စီးပွားရေးအရဆက်ဆံမှု ပိုမိုနီးကပ်အောင် ရွှေ့လိုက်ခြင်း ဟုလည်းဆိုနိုင်သည်။ မိတ်ဖက်ဖြစ်မှုများ အားကောင်းလာပါက ဒေသတွင်းတွင် အမေရိကန်၏လွှမ်းမိုးမှု လျော့ကျလာနိုင်သည်။ အစ္စရေးနှင့်အခြားသော အမေရိကန်၏မဟာမိတ်များသည်လည်း ယခု ပထဝီ နိုင်ငံရေးမြင်ကွင်းသစ်နောက် လိုက်ပါ စီးမျောနိုင်ရန် အတွက် ၎င်းတို့၏မဟာဗျူဟာကို ပြန်လည်သုံးသပ် ရန်လိုအပ်နိုင်သည်။ ဆော်ဒီ၏အရွေ့သည် အရှေ့အလယ်ပိုင်းနိုင်ငံများကိုလည်း ရေနံအပေါ်မှီခိုမှုလျှော့ ချပြီး အခြားကဏ္ဍများဖြင့် စီးပွားရေးတိုးတက်ခိုင်မာ လာအောင် လုပ်ဆောင်လာစေနိုင်သည်။

တရုတ်ကဲ့သို့သောနိုင်ငံသည် ယခုအပြောင်းအလဲမှ အကျိုးအမြတ်ကောင်းကောင်းရနိုင်သည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့ဈေးကွက်တွင် အဓိကပလေယာတစ်ဦးဖြစ်ပြီး ၎င်း၏ငွေကြေးကိုခိုင်မာစေနိုင်မည့် အခွင့်အလမ်းကိုဖမ်းဆုပ်ရန် အထူးစိတ်ဝင်စားမည် သာဖြစ်သည်။ BRICS အဖွဲ့ဝင်နိုင်ငံများသည် ဆော်ဒီ၏ ဆုံးဖြတ်ချက်မှ အကျိုးအမြတ်တစ်လှေကြီး ရရှိမည်ဟု မျှော်လင့်ထားကြသည်။ ဆော်ဒီသည်လည်း BRICS အဖွဲ့ဝင်ဖြစ်လာခဲ့ပြီဖြစ်ရာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို မြင်တွေ့လာရနိုင်သည်။ အကျိုးဆက်အဖြစ် ဒေါ်လာလွှမ်းမိုးမှုလျော့ကျ လာကာဝင်ရိုးစုံ ကမ္ဘာသို့ဦးတည်သည့်အရွေ့ကိုလည်း ထင်ထင်ရှားရှား မြင်တွေ့လာနေရသည်။

BRICS အတွက် အခွင့်အလမ်းလား
တရုတ်နှင့် ရုရှားနိုင်ငံတို့သည် ၎င်းတို့၏ ပထဝီ နိုင်ငံရေးလွှမ်းမိုးမှုကို အရှိန်မြှင့်နိုင်ရေး ကြိုးပမ်းလာ ကြမည်ဖြစ်သည်။ BRICS အဖွဲ့သည် de-dollarization ဖြစ်လာစေရန် ပြိုင်တူတွန်းမှုသည် နိုင်ငံတကာကုန်သွယ်ရေးတွင် အခြားငွေကြေးကို ကျယ်ကျယ်ပြန့်ပြန့်လက်ခံလာစေရေး ဦးတည်လာ နိုင်သည်။ ဆော်ဒီ၏အရွေ့သည် ကမ္ဘာ့ဘဏ္ဍာရေးတွင် အမေရိကန်၏ လွှမ်းမိုးထားမှုကို စိန်ခေါ်မှုတစ် ရပ်ဖြစ်နိုင်သကဲ့သို့ ပိုမိုဟန်ချက်ညီသည့် ကမ္ဘာလုံး ဆိုင်ရာစီးပွားရေးမြင်ကွင်းတစ်ရပ်ကိုလည်း ဖန်တီး နိုင်မည်ဖြစ်သည်။ BRICS အဖွဲ့ ဝင်နိုင်ငံများသည်လည်း ကုန်သွယ်ရေးအတွက် ၎င်းတို့၏ ကိုယ်ပိုင်ငွေကြေးများကို စတင်အသုံးပြုနေကြပြီး အမေရိကန်ဒေါ်လာကို မှီခိုခြင်းမရှိသည့် ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့တစ်ဖွဲ့ကိုလည်း ဖွဲ့စည်းထားပြီးဖြစ်သည်။ ဒေသတွင်း မဟာမိတ်များသည် ၎င်းတို့၏ ကိုယ်ပိုင်ကုန်သွယ်ရေး သဘောတူညီချက်များကို ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်လာနိုင်ကြပြီး ကမ္ဘာ့ကုန်သွယ်ရေးတွင် ဗဟိုချုပ်ကိုင်မှုပိုမိုလျှော့ချလာနိုင်ကြသည်။ အဆိုပါ အရွေ့သည် ဒေသအလိုက်စီးပွားရေးမူဝါဒများ ချမှတ်လာခြင်း၊ နိုင်ငံတစ်နိုင်ငံတည်း၊ ငွေကြေး တစ်မျိုးတည်းဖြင့် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လွှမ်းမိုးထားနိုင်မှုကိုလည်း လျော့ကျစေနိုင်မည်ဖြစ်သည်။ တရုတ် ယွမ်ကဲ့သို့သော အခြားငွေကြေးများကိုပြောင်း လဲလိုက်ခြင်းသည် ငွေကြေးဈေးကွက်များနှင့် ဘဏ္ဍာရေးတည်ငြိမ်မှုဖြစ်စေနိုင်သည်။ ကုမ္ပဏီများ၏ စတော့ဈေးနှုန်းများသည် ရေနံတွင် အဓိကရင်းနှီး မြှုပ်နှံထားခြင်းဖြစ်ပြီး ကုန်သွယ်မှုမှာလည်း အပြောင်းအလဲဖြစ်နိုင်သည်။ သို့ဖြစ်ရာ ဖွံ့ဖြိုးတိုးတက်လာသည့် နိုင်ငံများအနေဖြင့် ဈေးကွက်တွင် လွှမ်းမိုးမှုရရှိလာနိုင်သည်။ ပက်ထရိုဒေါ်လာသဘောတူညီမှု အဆုံးသတ်ခြင်းနှင့်အတူ နိုင်ငံများအနေဖြင့် ၎င်းတို့ ၏ နိုင်ငံခြား အရန်ငွေကြေးကို အမျိုးမျိုးသော ငွေကြေးများဖြင့်ထားရှိလာနိုင်သည်။ ဆော်ဒီနှင့် အခြားသော ရေနံကြွယ်ဝသည့်နိုင်ငံများအနေဖြင့် တရုတ် နိုင်ငံ၏ရင်း နှီးမြှုပ်နှံမှုကို လမ်းဖွင့်ပေးသကဲ့သို့ဖြစ်နိုင် ပြီး တရုတ်ငွေကြေး ယွမ်သည်လည်း အားကောင်း မောင်သန် ပြိုင်ဘက်တစ်ဦးဖြစ်လာနိုင်သည်။

ဆော်ဒီ၏အရွေ့သည် BRICS နှင့် ပို၍နီးကပ်သည့်အရွေ့တစ်ခုဖြစ်နိုင်ပြီး အမေရိကန်နှင့် ဆက်ဆံ ရေးအပေါ် အကျိုးသက်ရောက်မှုရှိနိုင်သည်။ ဆော်ဒီ အနေဖြင့် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင် မည့်နည်းလမ်းကိုရှာဖွေနေခြင်းဖြစ်ရာ ကာကွယ်ရေး မိတ်ဖက်သစ်များကိုလည်း ရှာဖွေလာနိုင်သည်။ တရုတ် နှင့်ရုရှားကဲ့သို့သောနိုင်ငံများသည်လည်း စစ်ရေးအရ ပူးပေါင်းဆောင်ရွက်နိုင်မည့် မိတ်ဖက် သစ်များဖြစ်နိုင် သည်။ ဆော်ဒီအနေဖြင့် မကြာသေးမီကပင် BRICS အဖွဲ့သို့ဝင်ရောက်ခဲ့ခြင်းမှာ အမေရိကန်ဒေါ်လာအ ပေါ်မှီခိုနေရမှုကိုလျှော့ချရန် ရည်ရွယ်ခြင်းဖြစ်သည်။ ပက်ထရိုဒေါ်လာသဘောတူညီချက် အဆုံးသတ်လိုက်ခြင်းသည် အလှည့်အပြောင်းတစ်ခုဖြစ်ကြောင်း အချက်ပြလိုက်ခြင်းဖြစ်သည်။ အနာဂတ်တွင် ရေနံ ရောင်းချမှုကို ဒေါ်လာတစ်ခုတည်းဖြင့် ရောင်းချခြင်း ထက် အခြားသောငွေကြေးအမျိုးမျိုးဖြင့် ရောင်းချ ခြင်းသည် ကမ္ဘာလုံးဆိုင်ရာစီးပွားရေး ဒိုင်းနမစ်ကို ပြန်လည်ပုံဖော်နေခြင်းဖြစ်သည်။ ဖြစ်ပေါ်နေသည့် အခြေအနေအရပ်ရပ်ကို ကမ္ဘာတစ်ဝန်းရှိ အစိုးရများ နှင့် ဘဏ္ဍာရေးဈေးကွက်များက အနီးကပ်စောင့်ကြည့် နေကြပါကြောင်း တင်ပြရသည်။

zawgyi version
ပက္ထ႐ိုေဒၚလာ နိဂုံးႏွင့္ BRICS အတြက္ အခြင့္အလမ္း (ဘာသာျပန္ေဆာင္းပါး)
သန္းထိုက္စိုး (NP News) - ဇူလိုင္ ၆

မၾကာေသးမီသီတင္းပတ္အတြင္းက ထူးျခားသည့္အျဖစ္အပ်က္တစ္ခု ျဖစ္ေပၚခဲ့သည္။ အဆိုပါ အျဖစ္အပ်က္သည္ လတ္တေလာ အက်ိဳးသက္ ေရာက္မႈ ရွိခ်င္မွရွိႏိုင္မည္ျဖစ္ေသာ္လည္း တစ္ခ်ိန္ခ်ိန္တြင္ ေသခ်ာေပါက္ရွိလာမည္ ျဖစ္သည္။ အဆိုပါ အျဖစ္အပ်က္မွာ ေဆာ္ဒီအာေရးဗ်ႏိုင္ငံသည္ အေမရိကန္ႏိုင္ငံႏွင့္ ႏွစ္ေပါင္း(၅၀)ၾကာခ်ဳပ္ဆိုထားခဲ့သည့္ ပက္ထ႐ိုေဒၚလာသေဘာတူညီခ်က္ကို သက္တမ္းထပ္မတိုးခဲ့ျခင္းပင္ ျဖစ္သည္။

ပက္ထ႐ိုေဒၚလာ ေနာက္ခံသမိုင္း
ပက္ထ႐ိုေဒၚလာဆိုသည့္ေဝါဟာရသည္ ေရနံေရာင္းခ်သည့္ႏိုင္ငံမ်ားက ေရနံကို ေဒၚလာျဖင့္ ေရာင္းခ်ၿပီး ရရွိသည့္ေငြကို ဆိုလိုျခင္းျဖစ္သည္။ ပက္ထ႐ိုေဒၚလာသေဘာတရားသည္ ၁၉၇၀ ျပည့္ႏွစ္ အေစာပိုင္းတြင္ေပၚေပါက္လာခဲ့ၿပီး ကမာၻ႔စီးပြားေရး ႏွင့္ ႏိုင္ငံေရးတြင္ အေရးပါသည့္အခန္းက႑မွပါဝင္ ခဲ့သည္။ ၁၉၄၄ ခုႏွစ္ Bretton Woods သေဘာတူညီခ်က္သည္ အေမရိကန္ေဒၚလာကို ေ႐ႊႏွင့္ခ်ိတ္ဆက္ ထားသည့္ ကမာၻ႔အခိုင္မာဆုံးေငြေၾကးအျဖစ္ ေနရာရေစခဲ့သည္။ ဒုတိယကမာၻ႔စစ္လြန္ကာလ ႏိုင္ငံတကာကုန္သြယ္ေရးႏွင့္ စီးပြားေရးတည္ၿငိမ္မႈကိုလည္း အေထာက္အပံ့ေပးခဲ့သည္။ အေမရိကန္သမၼတ ရစ္ခ်တ္နစ္ဆင္သည္ အေမရိကန္ေဒၚလာကို ေ႐ႊႏွင့္ ခ်ိတ္ဆက္ထားမႈကိုအဆုံးသတ္ခဲ့ၿပီး ႏႈန္းရွင္ထားကာ ေငြေၾကး၏ ေျပာင္းလြယ္ျပင္လြယ္ျဖစ္မႈကို ျမႇင့္တင္ခဲ့ သည္။ ၁၉၇၂ ခုႏွစ္တြင္ ေရနံထုတ္လုပ္သည့္ ႏိုင္ငံမ်ား (OPEC) သည္ Yom Kippur စစ္ပြဲအတြင္း အေမရိကန္ႏိုင္ငံက အစၥေရးႏိုင္ငံကို ေထာက္ပံ့ေပးခဲ့ ျခင္းကိုတုံ႔ျပန္သည့္အေနျဖင့္ ေရနံ ပိတ္ဆို႔အေရးယူ မႈမ်ားျပဳလုပ္ခဲ့ရာ ေရနံေဈးႏႈန္းမ်ား ေခါင္ခိုက္သြားခဲ့သည္။

သို႔ျဖစ္ရာ အေမရိကန္ႏိုင္ငံကလည္း အေျခအေနကိုထိန္းသိမ္းႏိုင္ရန္အတြက္ ေဆာ္ဒီအာေရးဗ် အပါအဝင္ အျခားေသာ OPEC ႏိုင္ငံမ်ားႏွင့္ သေဘာတူညီခ်က္တစ္ရပ္ရယူခဲ့သည္။ အဆိုပါ သေဘာတူညီခ်က္မွာ ေရနံကို အေမရိကန္ေဒၚလာျဖင့္သာ အေရာင္းအဝယ္ျပဳလုပ္ရန္ျဖစ္သည္။ အျပန္အလွန္အားျဖင့္ အေမရိကန္ႏိုင္ငံကလည္း စစ္ေရးအရ အကာအကြယ္ေပးမႈႏွင့္ စီးပြားေရးအရ ကူညီေထာက္ပံ့မႈမ်ားေပးခဲ့သည္။ အဆိုပါသေဘာတူညီခ်က္သည္ ေဆာ္ဒီအာေရးဗ်အတြက္လည္း ဘ႑ာ ေရးအရတည္ၿငိမ္မႈကိုျဖစ္ေစသကဲ့သို႔ အေမရိကန္ ႏိုင္ငံအတြက္လည္း ေရနံပုံမွန္ရရွိကာ ႏွစ္ႏိုင္ငံလုံးအတြက္ အက်ိဳးရွိေစခဲ့သည္။

အာရပ္-အစၥေရး တတိယစစ္ပြဲျဖစ္ပြားခ်ိန္ ၁၉၇၄ ခုႏွစ္တြင္ အာရပ္တို႔သည္ ၎တို႔၏ ေရနံ အရင္းအျမစ္မ်ားကို လက္နက္အျဖစ္အသုံးျပဳခဲ့ၾက သည္။ ေရနံျဖင့္ဒဏ္ခတ္ပိတ္ဆို႔မႈမ်ားလည္း ျပဳလုပ္ ခဲ့ၾကသည္။ အေမရိကန္ႏွင့္ေဆာ္ဒီတို႔သည္ ၁၉၇၄ ခုႏွစ္ ဇြန္လတြင္ ေ႐ႊမည္းဟုတင္စားၾကသည့္ ေရနံကို လက္နက္အျဖစ္အသုံးျပဳလာႏိုင္ေျခမွကာကြယ္ရန္ အတြက္ စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈ ပူးတြဲေကာ္ မရွင္တစ္ခုကိုဖြဲ႕စည္းခဲ့သည္။ ေဆာ္ဒီႏိုင္ငံကို အေမရိ ကန္ေဒၚလာအသုံးျပဳႏိုင္ေရး အေထာက္အကူေပးရန္ အဆိုပါေကာ္မရွင္ကို အခြင့္အာဏာအပ္ႏွင္းခဲ့ သည္။ အေမရိကန္ႏွင့္ေဆာ္ဒီတို႔သည္ ေရနံေဈးႏွင့္ ေဒၚလာကိုခ်ိတ္ဆက္ေပးထားသည့္ သေဘာတူညီ ခ်က္ကို လက္မွတ္ေရးထိုးခဲ့ၾကသည္။ အဆိုပါသ ေဘာတူညီခ်က္သည္ ေဒၚလာကို ကမာၻေပၚရွိ အျခား ေငြေၾကးမ်ားအေပၚ အသာစီးရရွိေစခဲ့ျခင္းျဖစ္သည္။ ယေန႔ထိတိုင္လည္း လက္ရွိ ကမာၻ႔စီးပြားေရးအထိုင္ ကို က်ားကန္ေပးထားဆဲျဖစ္သည္။ ေဆာ္ဒီႏိုင္ငံက လည္း ၎၏ေငြပိုေငြလွ်ံမ်ားကို အေမရိကန္ဘြန္းမ်ား တြင္ရင္းႏွီးျမႇဳပ္ႏွံထားမည္ဟု ကတိျပဳထားသည္။ အျပန္အလွန္အားျဖင့္ အေမရိကန္ႏိုင္ငံကလည္း ေဆာ္ဒီအတြက္ စစ္လက္နက္ပစၥည္းမ်ားေထာက္ပံ့ ေပးရန္ သေဘာတူထားျခင္းျဖစ္သည္။

ပက္ထ႐ိုေဒၚလာသေဘာတူညီခ်က္ သက္တမ္း မတိုးျခင္းသည္ အေမရိကန္ေဒၚလာလႊမ္းမိုးမႈအေပၚ စိန္ေခၚမႈတစ္ရပ္ျဖစ္လာႏိုင္သည္။ ယူကရိန္းစစ္ပြဲႏွင့္ ပတ္သက္၍ ႐ုရွားအေပၚ အေမရိကန္၏ ဒဏ္ခတ္ပိတ္ဆို႔မႈ၊ ႐ုရွားႏိုင္ငံကို SWIFT စနစ္အတြင္းမွ ဖယ္ထုတ္ျခင္းတို႔ေၾကာင့္ျဖစ္လာသည့္ အက်ိဳးဆက္မွာ ျဖည္းျဖည္းခ်င္း စတင္အက်ိဳးသက္ေရာက္ေနၿပီျဖစ္ သည္။ သို႔ေသာ္ de-dollarization ျဖစ္စဥ္မွာလည္း စတင္ျဖစ္ေပၚေနသည္။ ယင္းကဲ့သို႔ေသာ ဒဏ္ခတ္ ပိတ္ဆို႔မႈမ်ားကိုကာကြယ္ရန္အတြက္ ႏိုင္ငံအမ်ား အျပား၊ အထူးသျဖင့္ ဖြံ႕ၿဖိဳးမႈျမန္ဆန္ေသာႏိုင္ငံမ်ား သည္ ႏွစ္ႏိုင္ငံကုန္သြယ္ေရးအတြက္ ေဒသအဆင့္ ေငြေၾကးမ်ားကို စတင္အသုံးျပဳလာၾကၿပီျဖစ္သည္။ အိႏၵိယႏိုင္ငံဆိုလွ်င္လည္း ႐ုရွားႏွင့္ကုန္သြယ္ရန္ အတြက္ ႐ူပီးေငြေၾကးကို စတင္အသုံးျပဳေနၿပီျဖစ္ သည္။ ၂ဝ၂၃ ခုႏွစ္အတြင္းကလည္း ယူေအအီးႏိုင္ငံမွ ေရနံကို ႐ူပီးေငြျဖင့္ ပထမဆုံးဝယ္ယူခဲ့သည္။

တ႐ုတ္ႏိုင္ငံသည္ ကမာၻေပၚတြင္ ေရနံအမ်ားဆုံး ဝယ္ယူသည့္ႏိုင္ငံျဖစ္သည္။ ၂ဝ၂၂ ခုႏွစ္ စာရင္းမ်ား အရ ေဆာ္ဒီႏိုင္ငံသည္ တ႐ုတ္ႏိုင္ငံသို႔ ေရနံတင္ပို႔ မႈမွာ အေမရိကန္ေဒၚလာ ၅၆.၁ ဘီလ်ံ တန္ဖိုးရွိသည္။ တစ္ခ်ိန္တည္းမွာပင္ အိႏၵိယႏိုင္ငံသို႔ေရနံတင္ပို႔မႈမွာ အေမရိကန္ေဒၚလာ ၃၂.၇ ဘီလ်ံတန္ဖိုးရွိသည္။ တ႐ုတ္ႏွင့္ေဆာ္ဒီတို႔ၾကား စုစုေပါင္းကုန္သြယ္မႈမွာ အေမရိကန္ေဒၚလာ ၁ဝ၆ ဘီလ်ံရွိသည္။ ယင္းတို႔အနက္ ေဆာ္ဒီသို႔ တ႐ုတ္ႏိုင္ငံ၏ပို႔ကုန္မွာ အေမရိကန္ ေဒၚလာ ၃၆.၅ ဘီလ်ံရွိသည္။ ဆက္လက္ၿပီး တိုးတက္မည့္အေျခအေနလည္းရွိသည္။

တ႐ုတ္ႏိုင္ငံသည္ အေမရိကန္-တ႐ုတ္ၿပိဳင္ ဆိုင္မႈျမင့္တက္လာသည္ႏွင့္အမွ် ေဆာ္ဒီအပါအဝင္ အျခားႏိုင္ငံမ်ားႏွင့္ကုန္သြယ္ေရးအတြက္ ၎၏ ယြမ္ေငြ အသုံးျပဳလာေစရန္ တြန္းတင္လာခဲ့သည္။ တ႐ုတ္ႏွင့္ေဆာ္ဒီတို႔သည္ ၂၀၂၃ ခုႏွစ္တြင္ ၎တို႔၏ေငြေၾကးကိုအသုံးျပဳၿပီး ကုန္သြယ္မႈျမႇင့္တင္ရန္ႏွင့္ ေဒၚလာအေပၚ မွီခိုမႈေလွ်ာ့ခ်ရန္ ႀကိဳးပမ္းအားထုတ္မႈ တစ္စိတ္တစ္ပိုင္းအျဖစ္ ႏွစ္ႏိုင္ငံေငြေၾကးျဖင့္ အ ေရာင္းအဝယ္ျပဳလုပ္မည့္ အေမရိကန္ေဒၚလာ ၇ ဘီ လ်ံတန္ဖိုးရွိ သေဘာတူညီခ်က္တစ္ရပ္ကို လက္မွတ္ ေရးထိုးခဲ့ၾကသည္။ ထို႔ျပင္ ေဆာ္ဒီႏိုင္ငံသည္ ၂၀၂၄ ခုႏွစ္အတြင္း ဒီဂ်စ္တယ္ေငြေၾကးမ်ား အသုံးျပဳသည့္ နယ္စပ္ျဖတ္ေက်ာ္ေပးေခ်မႈစနစ္တစ္ရပ္ ျဖစ္ေပၚ လာေစေရးအတြက္ ယူေအအီး၊ ထိုင္း၊ ေဟာင္ေကာင္ႏွင့္ တ႐ုတ္ဗဟိုဘဏ္တို႔ၾကား ၂ဝ၂၁ ခုႏွစ္ တြင္စတင္ခဲ့သည့္ mBridge project ကို လက္မွတ္ေရးထိုးခဲ့ၾကသည္။ တ႐ုတ္ႏိုင္ငံသည္ ၂ဝ၂၃ ခုႏွစ္ အတြင္း အီရန္ႏွင့္ေဆာ္ဒီတို႔ကို သံတမန္အဆက္အသြယ္ ျပန္လည္ထူ ေထာင္ေစၿပီး ေဒသတြင္း ၎၏ ဩဇာကို BRICS အဖြဲ႕မွတစ္ဆင့္ အဖြဲ႕ဝင္ႏိုင္ငံမ်ားၾကား အျခားေသာ ေဒသဆိုင္ရာေငြေၾကးျဖင့္ အေရာင္းအ ဝယ္ျပဳလုပ္ရန္ ေဆြးေႏြးေနၿပီျဖစ္သည္။

အိႏၵိယႏိုင္ငံသည္လည္း ၎၏ ႐ူပီးေငြေၾကးကို ႏိုင္ငံတကာအဆင့္သို႔တက္လွမ္းႏိုင္ရန္ ရည္မွန္းခ်က္ထားရွိသည္။ ႐ုရွားႏွင့္ကုန္သြယ္ရာတြင္လည္း ႐ူပီးေငြေၾကးကို အသုံးျပဳလ်က္ရွိသည္။ မၾကာေသးမီကပင္ ယူေအအီးႏိုင္ငံႏွင့္ ေဒသဆိုင္ရာ ေငြေၾကးကုန္ သြယ္မႈသေဘာတူညီခ်က္တစ္ရပ္ လက္မွတ္ေရးထိုးခဲ့ၿပီး ႐ူပီးေငြေၾကးျဖင့္ ပထမဆုံးအႀကိမ္ ေရနံဝယ္ယူခဲ့သည္။ စင္ကာပူႏိုင္ငံႏွင့္လည္း ေဆြးေႏြးမႈမ်ားျပဳလုပ္လ်က္ရွိၿပီး အာဆီယံအဆင့္ထိတက္လွမ္းႏိုင္ရန္ ေမွ်ာ္မွန္းထားသည္။ အိႏၵိယႏိုင္ငံအေနျဖင့္ ၎၏ ႏိုင္ငံျခားအရန္ေငြေၾကးကို အမ်ိဳးအစားအစုံအလင္ ထားရွိရန္ ႀကိဳးစားလာသည္။ ပက္ထ႐ိုေဒၚလာသ ေဘာတူညီခ်က္ရပ္ဆိုင္းလိုက္ျခင္းသည္ အိႏၵိယႏိုင္ငံအေပၚ မည္သို႔အက်ိဳးသက္ေရာက္မႈရွိမည္ကို အထင္အရွားျမင္ေတြ႕ရမည္ျဖစ္သည္။ အိႏၵိယႏိုင္ငံ၏ ေဆာ္ဒီႏွင့္ ကုန္သြယ္မႈတန္ဖိုးမွာ တ႐ုတ္ႏိုင္ငံနီးပါး ရွိသည္။ တစ္ခ်ိန္တည္းမွာပင္ ေဆာ္ဒီႏိုင္ငံသည္လည္း အျခားႏိုင္ငံမ်ားနည္းတူ အေမရိကန္ေဒၚလာအေပၚ မွီခိုမႈ ေလွ်ာ့ခ်ရန္ႏွင့္ ႏိုင္ငံျခားအရန္ေငြေၾကးအမ်ိဳးမ်ိဳးထားရွိရန္ႀကိဳးပမ္းလာသည္။ အေမရိကန္ေဒၚလာ သည္ ကာလတစ္ခုအထိ ဆက္လက္ လႊမ္းမိုးမႈရွိေနဦးမည္ျဖစ္သည္။ သို႔ေသာ္ ကမာၻႀကီးသည္ အျခားအရန္ေငြေၾကးတစ္ခုဆီ ဦးတည္ေ႐ြ႕လ်ားေန ၿပီဆိုသည္မွာလည္း သံသယျဖစ္ဖြယ္ရာမရွိပါ။

ယခုအခါ ေဆာ္ဒီသည္ ပက္ထ႐ိုေဒၚလာစာခ်ဳပ္ သက္တမ္းကုန္ဆုံးခဲ့ၿပီျဖစ္ရာ ၎၏ေရနံကို ယြမ္၊ ယူ႐ို၊ ႐ူပီးႏွင့္ ယန္းေငြတို႔ျဖင့္ ေရာင္းႏိုင္ၿပီျဖစ္သကဲ့ သို႔ ဘစ္ကြိဳင္ျဖင့္ပါေရာင္းႏိုင္ရန္ စဥ္းစားႏိုင္ၿပီျဖစ္သည္။ အဆိုပါအေ႐ြ႕သည္ အေမရိကန္ေဒၚလာ၏ ကမာၻလုံးဆိုင္ရာလႊမ္းမိုးမႈကို အားနည္းေစႏိုင္သကဲ့သို႔ ႏိုင္ငံတကာကုန္သြယ္ေရးအတြက္ အျခားေသာ ေငြေၾကးမ်ားလည္း အသုံးျပဳလာႏိုင္ေျခကို အရွိန္ ျမင့္လာေစႏိုင္သည္။ ကမာၻတြင္ ေဒၚလာလိုအပ္ခ်က္ က်ဆင္းလာျခင္းသည္ ေငြေၾကးေဖာင္းပြမႈႏွင့္အတိုး ႏႈန္းမ်ားကို ျမင့္တက္ေစႏိုင္သကဲ့သို႔ အေမရိကန္ ႏိုင္ငံတြင္ ဘြန္းေဈးကြက္အားနည္းကာ ကမာၻလုံးဆိုင္ရာဘ႑ာေရးေဈးကြက္တြင္ ႀကီးမားသည့္အ ေျပာင္းအလဲမ်ား ျဖစ္လာႏိုင္ေျခရွိသည္။

ေဆာ္ဒီ၏ဆုံးျဖတ္ခ်က္သည္ ေရနံထုတ္လုပ္ သည့္ အျခားႏိုင္ငံမ်ားကိုလည္း အလားတူ လိုက္ပါ လုပ္ေဆာင္လာေစရန္ အားေပးသကဲ့သို႔ ျဖစ္ေစႏိုင္ၿပီး ေရနံအေရာင္းအဝယ္ျပဳလုပ္ရာတြင္ ေဒၚလာလိုအပ္ခ်က္ ေလ်ာ့က်လာႏိုင္သည္။ ေရတိုတြင္ ေရနံသြင္းကုန္မ်ားအေပၚ အလြန္အကြၽံ မွီခိုေနရသည့္ႏိုင္ငံမ်ားတြင္ ေငြေၾကးေဖာင္းပြမႈျမင့္တက္ျခင္းတို႔ျဖစ္ႏိုင္သည္။ ဗဟိုဘဏ္မ်ားအေနျဖင့္ ေငြေၾကးမ်ားတည္ ၿငိမ္ေစရန္ ၎တို႔၏ေငြေၾကးမူဝါဒမ်ားကိုထိန္းညႇိရန္ လိုအပ္ေကာင္း လိုအပ္ႏိုင္သည္။ ယခုအေ႐ြ႕သည္ ပက္ထ႐ိုေဒၚလာစနစ္ေအာက္တြင္ တည္ၿငိမ္မႈ ေကာင္းေကာင္းရေနသည့္ စီးပြားေရး ပူးေပါင္းေဆာင္ ႐ြက္မႈမ်ားအတြက္ စိန္ေခၚမႈတစ္ရပ္ျဖစ္ႏိုင္သည္။

ေဆာ္ဒီ၏ ရင္းႏွီးျမႇဳပ္ႏွံမႈမဟာဗ်ဴဟာ
ေဆာ္ဒီသည္ ေရနံျဖင့္ ဝင္ေငြရရွိမႈအေပၚ မွီခိုေနရျခင္းကိုေလွ်ာ့ခ်ၿပီး က႑အသီးသီးတြင္ ပိုမိုရင္း ႏွီးျမႇဳပ္ႏွံရန္ ႀကိဳးပမ္းေနျခင္းျဖစ္သည္။ က႑အသီးသီးဆိုသည္မွာ နည္းပညာ၊ ခရီးသြားလုပ္ငန္းႏွင့္ ျပန္ လည္ျပည့္ၿဖိဳးၿမဲစြမ္းအင္တို႔ကို ရည္မွန္းခ်က္ထားျခင္း လည္းျဖစ္ႏိုင္သည္။ ေဆာ္ဒီအေနျဖင့္ အေမရိကန္၏ ဘ႑ာေရးစနစ္အတြင္း ပက္ထ႐ိုေဒၚလာ သံသရာလည္ျခင္းမွခြဲထြက္လိုက္ျခင္းသည္ ဘ႑ာေရးေဈး ကြက္မ်ားႏွင့္ အျခားေသာ ကမာၻလုံးဆိုင္ရာ ရင္းႏွီးျမႇဳပ္ ႏွံမႈမ်ားအတြင္းသို႔ ျပန္လည္တိုးဝင္လိုက္ျခင္းပင္ ျဖစ္သည္။ ေဆာ္ဒီ၏အေ႐ြ႕သည္ အစဥ္အလာအားျဖင့္ ေဆာ္ဒီအရင္းအႏွီးမ်ားမွ ဝင္ေငြရေနသည့္ႏိုင္ငံမ်ားအေပၚ အက်ိဳးသက္ေရာက္ေစမည္ျဖစ္သည္။ ထို႔ျပင္ ႏိုင္ငံတကာ စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈတြင္လည္း အေ႐ြ႕မ်ားျဖစ္ေပၚေစႏိုင္သည္။

ပက္ထ႐ိုေဒၚလာ သေဘာတူညီခ်က္ သက္တမ္းမတိုးေတာ့ျခင္းသည္ အေမရိကန္ေဒၚလာကို ကမာၻ႔အရန္ေငြေၾကးအျဖစ္ ထားရွိမႈမွ အားနည္းေစမည္ျဖစ္ သည္။ လက္ရွိတြင္ ကမာၻလုံးဆိုင္ရာ ႏိုင္ငံျခားအရန္ ေငြေၾကး၏ ၆ဝ ရာခိုင္ႏႈန္းမွာ အေမရိကန္ေဒၚလာကို ကိုင္ထားၾကျခင္းျဖစ္သည္။ ေဒၚလာအေျချပဳ ေရနံေရာင္းခ်ျခင္းမွဖယ္ခြာလိုက္ျခင္းသည္ ႏိုင္ငံတကာ တြင္ ေဒၚလာလိုအပ္ခ်က္ေလ်ာ့က်ေစမည္ျဖစ္သည္။ ဗဟိုဘဏ္မ်ားႏွင့္ ဘ႑ာေရးအင္စတီက်ဴးရွင္းမ်ား အေနျဖင့္ ေဒၚလာအျပင္ အျခားေငြေၾကးမ်ားကိုလည္း အရန္ေငြေၾကးအျဖစ္ထားရွိလာၾကမည္ျဖစ္ရာ ဘ႑ာေရးေဈးကြက္မ်ားတြင္ ေဒၚလာလႊမ္းမိုးမႈ ေလ်ာ့နည္း လာမည္ျဖစ္သည္။ ဘရာဇီး၊ ႐ုရွား၊ တ႐ုတ္၊ အိႏၵိယႏွင့္ ေတာင္အာဖရိကစသည့္ BRICS အဖြဲ႕ဝင္ႏိုင္ငံမ်ား သည္လည္း ကမာၻလုံးဆိုင္ရာကုန္သြယ္ေရးတြင္ ေျခကုပ္အခိုင္အမာရရွိလာႏိုင္ၿပီး စီးပြားေရးတြင္ အေမရိကန္၏ ကာလရွည္ၾကာအသာစီးယူထားမႈကို စိန္ေခၚလာႏိုင္သည္။

အေမရိကန္-ေဆာ္ဒီဆက္ဆံေရးအေျပာင္းအလဲ
ပက္ထ႐ိုေဒၚလာသေဘာတူညီခ်က္ အဆုံးသတ္ ရန္ ေဆာ္ဒီ၏ဆုံးျဖတ္ခ်က္သည္ အေမရိကန္ႏွင့္ ဆက္ဆံေရးတြင္ အဖုအထစ္ျဖစ္ေကာင္းျဖစ္ႏိုင္သည္။ အေမရိကန္ႏိုင္ငံသည္ ကမာၻ႔ေရနံေဈးကြက္တြင္ အေမရိကန္ေဒၚလာ၏လႊမ္းမိုးထားမႈကိုထိန္း သိမ္းရန္ ပက္ထ႐ိုေဒၚလာ သေဘာ တူညီခ်က္အေပၚ အဓိကအားျပဳထားျခင္းျဖစ္သည္။ ယင္း သေဘာတူညီခ်က္မရွိေတာ့ပါက ေဆာ္ဒီအေနျဖင့္ ၎၏ေရနံကို အျခားေငြေၾကးမ်ားျဖင့္လည္း ေရာင္းခ်ႏိုင္ေတာ့မည္ျဖစ္ရာ အေမရိကန္ေဒၚလာလႊမ္းမိုးမႈကို အားနည္းေစမည္ျဖစ္သည္။ ေဆာ္ဒီ၏အေ႐ြ႕သည္ အေမရိကန္ႏိုင္ငံကို ၎၏ ႏိုင္ငံျခားေရးမူဝါဒႏွင့္ ေဆာ္ဒီ အေပၚထားရွိသည့္ စီးပြားေရးမဟာဗ်ဴဟာအေပၚ ျပန္လည္သုံးသပ္လာႏိုင္သည္။ မၾကာေသးမီကပင္ ေဆာ္ ဒီႏိုင္ငံကိုBRICS အဖြဲ႕သို႔ဝင္ေရာက္ရန္ ကမ္း လွမ္းခဲ့ရာ မိတ္ဖက္အမ်ိဳးမ်ိဳးျဖင့္ ဆက္ဆံလိုသည့္ေဆာ္ဒီကို de-dollarization ဆီ အျမန္ေ႐ႊ႕ရန္ တြန္းအားေပး သကဲ့သို႔ျဖစ္ေစႏိုင္သည္။ ထို႔ျပင္ ေဆာ္ဒီႏိုင္ငံအေန ျဖင့္ တ႐ုတ္၊ ႐ုရွားကဲ့သို႔ေသာႏိုင္ငံမ်ားႏွင့္ ခိုင္မာ သည့္ဆက္ဆံေရးတစ္ရပ္ထူေထာင္ၿပီး အေမရိကန္ တို႔အေျခစိုက္ေနေသာ ေဒသတြင္းတြင္ ပါဝါဟန္ခ်က္ ညီမႈ ျဖစ္ေစႏိုင္သည္။

ပက္ထ႐ိုေဒၚလာသေဘာတူညီခ်က္ အဆုံးသတ္လိုက္ျခင္းသည္ အေရွ႕အလယ္ပိုင္းတြင္ မိတ္ ဖက္ျဖစ္မႈႏွင့္ ပါဝါဒိုင္းနမစ္ျဖစ္မႈအေ႐ြ႕မ်ားလည္း ျဖစ္လာႏိုင္သည္။ ေရနံကို ေငြေၾကးအမ်ိဳးမ်ိဳးျဖင့္ ေရာင္းခ်ရန္ ေဆာ္ဒီ၏ဆုံးျဖတ္ခ်က္သည္ တ႐ုတ္ကဲ့သို႔ေသာ အေနာက္မဟုတ္သည့္ႏိုင္ငံမ်ားႏွင့္ စီးပြားေရးအရဆက္ဆံမႈ ပိုမိုနီးကပ္ေအာင္ ေ႐ႊ႕လိုက္ျခင္း ဟုလည္းဆိုႏိုင္သည္။ မိတ္ဖက္ျဖစ္မႈမ်ား အားေကာင္းလာပါက ေဒသတြင္းတြင္ အေမရိကန္၏လႊမ္းမိုးမႈ ေလ်ာ့က်လာႏိုင္သည္။ အစၥေရးႏွင့္အျခားေသာ အေမရိကန္၏မဟာမိတ္မ်ားသည္လည္း ယခု ပထဝီ ႏိုင္ငံေရးျမင္ကြင္းသစ္ေနာက္ လိုက္ပါ စီးေမ်ာႏိုင္ရန္ အတြက္ ၎တို႔၏မဟာဗ်ဴဟာကို ျပန္လည္သုံးသပ္ ရန္လိုအပ္ႏိုင္သည္။ ေဆာ္ဒီ၏အေ႐ြ႕သည္ အေရွ႕အလယ္ပိုင္းႏိုင္ငံမ်ားကိုလည္း ေရနံအေပၚမွီခိုမႈေလွ်ာ့ ခ်ၿပီး အျခားက႑မ်ားျဖင့္ စီးပြားေရးတိုးတက္ခိုင္မာ လာေအာင္ လုပ္ေဆာင္လာေစႏိုင္သည္။

တ႐ုတ္ကဲ့သို႔ေသာႏိုင္ငံသည္ ယခုအေျပာင္းအလဲမွ အက်ိဳးအျမတ္ေကာင္းေကာင္းရႏိုင္သည္။ တ႐ုတ္ႏိုင္ငံသည္ ကမာၻ႔ေဈးကြက္တြင္ အဓိကပေလယာတစ္ဦးျဖစ္ၿပီး ၎၏ေငြေၾကးကိုခိုင္မာေစႏိုင္မည့္ အခြင့္အလမ္းကိုဖမ္းဆုပ္ရန္ အထူးစိတ္ဝင္စားမည္ သာျဖစ္သည္။ BRICS အဖြဲ႕ဝင္ႏိုင္ငံမ်ားသည္ ေဆာ္ဒီ၏ ဆုံးျဖတ္ခ်က္မွ အက်ိဳးအျမတ္တစ္ေလွႀကီး ရရွိမည္ဟု ေမွ်ာ္လင့္ထားၾကသည္။ ေဆာ္ဒီသည္လည္း BRICS အဖြဲ႕ဝင္ျဖစ္လာခဲ့ၿပီျဖစ္ရာ စီးပြားေရး ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို ျမင္ေတြ႕လာရႏိုင္သည္။ အက်ိဳးဆက္အျဖစ္ ေဒၚလာလႊမ္းမိုးမႈေလ်ာ့က် လာကာဝင္႐ိုးစုံ ကမာၻသို႔ဦးတည္သည့္အေ႐ြ႕ကိုလည္း ထင္ထင္ရွားရွား ျမင္ေတြ႕လာေနရသည္။

BRICS အတြက္ အခြင့္အလမ္းလား
တ႐ုတ္ႏွင့္ ႐ုရွားႏိုင္ငံတို႔သည္ ၎တို႔၏ ပထဝီ ႏိုင္ငံေရးလႊမ္းမိုးမႈကို အရွိန္ျမႇင့္ႏိုင္ေရး ႀကိဳးပမ္းလာ ၾကမည္ျဖစ္သည္။ BRICS အဖြဲ႕သည္ de-dollarization ျဖစ္လာေစရန္ ၿပိဳင္တူတြန္းမႈသည္ ႏိုင္ငံတကာကုန္သြယ္ေရးတြင္ အျခားေငြေၾကးကို က်ယ္က်ယ္ျပန႔္ျပန႔္လက္ခံလာေစေရး ဦးတည္လာ ႏိုင္သည္။ ေဆာ္ဒီ၏အေ႐ြ႕သည္ ကမာၻ႔ဘ႑ာေရးတြင္ အေမရိကန္၏ လႊမ္းမိုးထားမႈကို စိန္ေခၚမႈတစ္ ရပ္ျဖစ္ႏိုင္သကဲ့သို႔ ပိုမိုဟန္ခ်က္ညီသည့္ ကမာၻလုံး ဆိုင္ရာစီးပြားေရးျမင္ကြင္းတစ္ရပ္ကိုလည္း ဖန္တီး ႏိုင္မည္ျဖစ္သည္။ BRICS အဖြဲ႕ ဝင္ႏိုင္ငံမ်ားသည္လည္း ကုန္သြယ္ေရးအတြက္ ၎တို႔၏ ကိုယ္ပိုင္ေငြေၾကးမ်ားကို စတင္အသုံးျပဳေနၾကၿပီး အေမရိကန္ေဒၚလာကို မွီခိုျခင္းမရွိသည့္ ဘ႑ာေရးဆိုင္ရာ အဖြဲ႕တစ္ဖြဲ႕ကိုလည္း ဖြဲ႕စည္းထားၿပီးျဖစ္သည္။ ေဒသတြင္း မဟာမိတ္မ်ားသည္ ၎တို႔၏ ကိုယ္ပိုင္ကုန္သြယ္ေရး သေဘာတူညီခ်က္မ်ားကို ဖြံ႕ၿဖိဳးတိုးတက္လာေအာင္ ေဆာင္႐ြက္လာႏိုင္ၾကၿပီး ကမာၻ႔ကုန္သြယ္ေရးတြင္ ဗဟိုခ်ဳပ္ကိုင္မႈပိုမိုေလွ်ာ့ခ်လာႏိုင္ၾကသည္။ အဆိုပါ အေ႐ြ႕သည္ ေဒသအလိုက္စီးပြားေရးမူဝါဒမ်ား ခ်မွတ္လာျခင္း၊ ႏိုင္ငံတစ္ႏိုင္ငံတည္း၊ ေငြေၾကး တစ္မ်ိဳးတည္းျဖင့္ တစ္ကမာၻလုံးအတိုင္းအတာျဖင့္ လႊမ္းမိုးထားႏိုင္မႈကိုလည္း ေလ်ာ့က်ေစႏိုင္မည္ျဖစ္သည္။ တ႐ုတ္ ယြမ္ကဲ့သို႔ေသာ အျခားေငြေၾကးမ်ားကိုေျပာင္း လဲလိုက္ျခင္းသည္ ေငြေၾကးေဈးကြက္မ်ားႏွင့္ ဘ႑ာေရးတည္ၿငိမ္မႈျဖစ္ေစႏိုင္သည္။ ကုမၸဏီမ်ား၏ စေတာ့ေဈးႏႈန္းမ်ားသည္ ေရနံတြင္ အဓိကရင္းႏွီး ျမႇဳပ္ႏွံထားျခင္းျဖစ္ၿပီး ကုန္သြယ္မႈမွာလည္း အေျပာင္းအလဲျဖစ္ႏိုင္သည္။ သို႔ျဖစ္ရာ ဖြံ႕ၿဖိဳးတိုးတက္လာသည့္ ႏိုင္ငံမ်ားအေနျဖင့္ ေဈးကြက္တြင္ လႊမ္းမိုးမႈရရွိလာႏိုင္သည္။ ပက္ထ႐ိုေဒၚလာသေဘာတူညီမႈ အဆုံးသတ္ျခင္းႏွင့္အတူ ႏိုင္ငံမ်ားအေနျဖင့္ ၎တို႔ ၏ ႏိုင္ငံျခား အရန္ေငြေၾကးကို အမ်ိဳးမ်ိဳးေသာ ေငြေၾကးမ်ားျဖင့္ထားရွိလာႏိုင္သည္။ ေဆာ္ဒီႏွင့္ အျခားေသာ ေရနံႂကြယ္ဝသည့္ႏိုင္ငံမ်ားအေနျဖင့္ တ႐ုတ္ ႏိုင္ငံ၏ရင္း ႏွီးျမႇဳပ္ႏွံမႈကို လမ္းဖြင့္ေပးသကဲ့သို႔ျဖစ္ႏိုင္ ၿပီး တ႐ုတ္ေငြေၾကး ယြမ္သည္လည္း အားေကာင္း ေမာင္သန္ ၿပိဳင္ဘက္တစ္ဦးျဖစ္လာႏိုင္သည္။

ေဆာ္ဒီ၏အေ႐ြ႕သည္ BRICS ႏွင့္ ပို၍နီးကပ္သည့္အေ႐ြ႕တစ္ခုျဖစ္ႏိုင္ၿပီး အေမရိကန္ႏွင့္ ဆက္ဆံ ေရးအေပၚ အက်ိဳးသက္ေရာက္မႈရွိႏိုင္သည္။ ေဆာ္ဒီ အေနျဖင့္ ကိုယ့္ေျခေထာက္ေပၚကိုယ္ ရပ္တည္ႏိုင္ မည့္နည္းလမ္းကိုရွာေဖြေနျခင္းျဖစ္ရာ ကာကြယ္ေရး မိတ္ဖက္သစ္မ်ားကိုလည္း ရွာေဖြလာႏိုင္သည္။ တ႐ုတ္ ႏွင့္႐ုရွားကဲ့သို႔ေသာႏိုင္ငံမ်ားသည္လည္း စစ္ေရးအရ ပူးေပါင္းေဆာင္႐ြက္ႏိုင္မည့္ မိတ္ဖက္ သစ္မ်ားျဖစ္ႏိုင္ သည္။ ေဆာ္ဒီအေနျဖင့္ မၾကာေသးမီကပင္ BRICS အဖြဲ႕သို႔ဝင္ေရာက္ခဲ့ျခင္းမွာ အေမရိကန္ေဒၚလာအ ေပၚမွီခိုေနရမႈကိုေလွ်ာ့ခ်ရန္ ရည္႐ြယ္ျခင္းျဖစ္သည္။ ပက္ထ႐ိုေဒၚလာသေဘာတူညီခ်က္ အဆုံးသတ္လိုက္ျခင္းသည္ အလွည့္အေျပာင္းတစ္ခုျဖစ္ေၾကာင္း အခ်က္ျပလိုက္ျခင္းျဖစ္သည္။ အနာဂတ္တြင္ ေရနံ ေရာင္းခ်မႈကို ေဒၚလာတစ္ခုတည္းျဖင့္ ေရာင္းခ်ျခင္း ထက္ အျခားေသာေငြေၾကးအမ်ိဳးမ်ိဳးျဖင့္ ေရာင္းခ် ျခင္းသည္ ကမာၻလုံးဆိုင္ရာစီးပြားေရး ဒိုင္းနမစ္ကို ျပန္လည္ပုံေဖာ္ေနျခင္းျဖစ္သည္။ ျဖစ္ေပၚေနသည့္ အေျခအေနအရပ္ရပ္ကို ကမာၻတစ္ဝန္းရွိ အစိုးရမ်ား ႏွင့္ ဘ႑ာေရးေဈးကြက္မ်ားက အနီးကပ္ေစာင့္ၾကည့္ ေနၾကပါေၾကာင္း တင္ျပရသည္။

Related news

© 2021. All rights reserved.