လားရှိုးမြို့မကျရေးအတွက် တပ်မတော်အပေါ်မြို့ခံများ မျှော်လင့်နေ

 5545

သုတကျော် (NP News) - ဇူလိုင် ၇

MNDAA နှင့် ပူးပေါင်းအဖွဲ့က သိမ်းပိုက်ရန်ကြိုးပမ်းနေသည့် လားရှိုးမြို့မကျရေးအ တွက် မြို့ခံများက တပ်မတော်အပေါ် အားကိုး မျှော်လင့်နေကြပြီး လက်နက်ကြီးပစ်ခတ်သံများ ကြားတွင် မြို့ခံအများစုမှာ နေအိမ်များတွင် ရှိနေဆဲ ဖြစ်ကြောင်း NP News သို့ လားရှိုး မြို့ခံများက ဆိုသည်။

လားရှိုးမြို့တွင် တပ်မတော်၏ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တည်ရှိကာ ဇူလိုင်လ ၂ ရက်မှစတင်၍ MNDAA ပူးပေါင်းအဖွဲ့က စတင်တိုက်ခိုက်လာခဲ့ခြင်းဖြစ်သည်။ NP News က သိရှိရသော အချက်အလက်များအရ အဆိုပါ ပူးပေါင်းအဖွဲ့က တပ်မတော်၏ မန်စံရေကျ တပ် စခန်း၊ နမ့်ပေါင် တပ်စခန်း၊ မိုင်းတင်တပ်စခန်း နှင့် ညောင်ကုန် တပ်စခန်းတို့ကို တစ်ပြိုင်နက်တည်း တိုက် ခိုက်ခြင်းဖြစ်ပြီး တပ်မတော်ဘက်ကလည်း လက်နက်ကြီးပစ်ကူများ တောက်လျှောက်ပေးနေခဲ့သည်။

MNDAA နှင့် ပူးပေါင်းအဖွဲ့၏ ထိုးစစ်သည် စီးပွားရေးကောင်းမွန်ပြီး ငြိမ်းချမ်းစွာနေထိုင် အသက်မွေးလိုသည့် လားရှိုးမြို့ခံများအတွက် အိပ် မက်ဆိုးသဖွယ်ဖြစ်သွားခဲ့ပြီးကြုံလာသော စစ်ဘေးတွင် အသက်ရှင်သန်ရေးအတွက် စိုးရိမ်ပူပန်မှုများ စွာဖြစ်လာခဲ့ကြရသည်။ ပစ်ခတ်မှုများအကြားတွင် MNDAA နှင့် ပူးပေါင်းအဖွဲ့က ပစ်ခတ်သော လက်နက်ကြီးများ နေ အိမ်အတွင်း ကျရောက်ပေါက်ကွဲသည့်အတွက် အ ရပ်သား သေဆုံးမှုမှာ (၂၀) ဦး ကျော်သွားပြီဖြစ်ကာ လက်နက်ကြီး ထပ်မံကျရောက်မည်ကို စိုးရိမ်သည့် အတွက် အခိုင်အမာ အဆောက်အအုံများတွင် ပူးပေါင်းစုဝေးနေထိုင်မှုများ ရှိနေသည်။

လားရှိုးမြို့ မှ နေရပ်စွန့် တိမ်းရှောင်သူများ လည်း ရှိနေသော်လည်း မြို့ခံအများအပြားမှာ အိမ် များတွင် ဆက်ရှိနေကာ အခြေအနေကို စောင့်ကြည့် အကဲခတ်နေကြသည်။ 'လားရှိုးမြို့ရဲ့ ဆယ်ပုံ ပုံ တစ်ပုံလောက်ပဲ ထွက်သေးတယ်။ အများကြီး မထွက်ပါဘူး။ အိုးပိုင် အိမ်ပိုင်တွေကတော့ မထွက်သေးဘူး။ အိမ်ခန်းငှား တွေ၊ ဘာတွေကတော့ ပြန်ကုန်ကြပြီ။ လားရှိုးမြို့ကြီးရဲ့ လူဦးရေက နည်းတာမှ မဟုတ်တာ။ လောက်ကိုင်မြို့ ထက်လည်း ကြီးတယ်။ မြို့ကလည်း အများကြီး ကျယ်တာ။ မြို့က အထွက်လမ်းက ၂ လမ်းရှိတယ်။ အခု မနက်ခင်းဆို အုန်းသီးကားတွေ၊ ကွမ်းရွက်ကားတွေ ဝင်လာတယ်'ဟု ဇူလိုင်လ ၅ ရက်တွင် မြို့အခြေအနေနှင့် ပတ်သက်၍ လားရှိုးမြို့ခံ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

လားရှိုးမြို့မှ စစ်ဘေးရှောင်ကြသူများသည် ကားများတွင် အလံဖြူထောင်ကာ ကားတန်းဖြင့် မြို့မှ ထွက်ခွာခြင်း ဖြစ်ပြီး လားရှိုး - သီပေါလမ်းအကြား စဉ့်အင်ကူးတို့ဆိပ်တွင် ကားများ ဖြတ်ကူးရန်အတွက် စောင့်ဆိုင်းရသောကြောင့် ပိတ်မိခြင်းများလည်း ရှိနေကြောင်း သိရသည်။ 'မနေ့က အသိတစ်ယောက်နဲ့ အဆက်အ သွယ်ရတယ်။ သူပြောတာ စဉ့်အင်မှာ ဖောင်နဲ့ကူး တာ ဖောင်ကတစ်ခါကူးရင် ကားနှစ်စီးဆိုတော့ အ ကြာကြီး စောင့်ရတယ်လို့ ပြောတယ်။ အဲဒီမှာတင် တော်တော်ကြာနေတာ'ဟု လားရှိုးမြို့ခံ အမျိုးသမီး တစ်ဦးက ဆိုသည်။

မြို့ခံအများစု မတိမ်းရှောင်ခြင်းမှာ တပ်မတော်၏ ပြန်လည်တိုက်ခိုက်ချေမှုန်းမှုကို မျှော် လင့်သောကြောင့်ဖြစ်ကြောင်း အထက်ပါ မြို့ခံသ တင်းရင်းမြစ် ၂ ဦးက NP News သို့တညီတညွတ်တည်း ဆိုကြသည်။ 'တပ်မတော်ကို အလုံးစုံယုံကြည်တာလည်းပါတယ်။ ဘာလုပ်မလဲလို့ စောင့်ကြည့်နေတာ။ ဘယ်လို လုပ်မလဲပေါ့။ မြို့ခံပြည်သူအရေအတွက်က မနည်းဘူး။ ကျွန်တော်တို့လမ်းဆို ဘယ်သူမှ မြို့က မထွက်သေးဘူး။ အဓိကတော့ စစ်တပ်ကို ယုံတာလို့ပဲ ထင်တယ်။ ဒီမှာက စစ်သည်အင်အားက ဆယ်တပ် ကျော် ဆယ်တစ်တပ်လောက်ရှိတယ်။ နောက်ပြီး တော့ အခု လောလောလတ်လတ်က မြို့နားကို လုံးဝ မကပ်နိုင်ဘူး။ မနေ့က (ဇူလိုင်လ ၄ ရက်) ဆို ရမ်ဘို ကား ကြည့်ရသလိုပဲ။ မြို့နားကပ်လာတာကို တိုက် လေယာဉ်က ဝဲရပ်ပြီး ဆော်သွားတာ။ လေယာဉ်နဲ့ ပစ်တဲ့ အသံကြားတယ်။ အခုလေးတင် ကြားတာ'ဟု လားရှိုးမြို့ခံအမျိုးသားက ဆိုသည်။

ထို့အတူ မြို့ခံ အမျိုးသမီးကလည်း 'ကျွန်မတို့ကတော့ နောက်ဆုံးအချိန်ကျမှ ပြေးမယ်လို့ စိတ်ကူးတယ်။ အခုတော့ မပြေးနိုင်တော့ဘူး။ ထွက်ပြေးရင်လည်း လမ်းပွင့်ပါတော့မလားလည်း မသိဘူး။ မြို့ ကို တပ်ကကာကွယ်ထားမယ်လို့ မျှော်လင့်တယ်။ ဒါ ကြောင့် အခုမရှောင်တာပါ။ ပထမတစ်ခါ ၁၀၂၇ အစ ပိုင်းတုန်းကလည်း ပြေးပြီးပြီလေ။ ငွေတွေလည်း တော်တော်ကုန်သွားတယ်။ အခုက ပြန်လာနေတာ။ မြို့မှာပဲ ကျန်နေတော့မယ်။ အခြေအနေကြောင့် အ ပြင်တော့ မထွက်ရဲဘူး။ ဒါပေမဲ့ ကျွန်မတို့ဘေးက အိမ်တွေလည်း မပြေးသေးဘူး။ ကျန်နေသေးတယ်။ အိမ်ထဲမှာပဲ အကာအရံတွေ လုပ်ပြီး နေနေပါတယ်'ဟု ဆိုသည်။

ထို့အတူ မြို့ခံများ၏ စိတ်တွင်လည်း MNDAA ပူးပေါင်းတပ်၏ အုပ်ချုပ်မှုကို လက်မခံ လိုသူ များပြားနေကြောင်း ဆိုကြသည်။ 'ကျွန်တော်တို့ ဆန္ဒအရတော့ ဘယ်သူမှ (MNDAA) တို့ကိုလက်မခံဘူး။ သူတို့ကိုယ်တိုင် လာပါ လာပါ ခေါ်တဲ့သူတွေတောင် သူတို့အုပ်ချုပ်တာ မကြိုက်ကြဘူးလေ။ နောက်ပြီးတော့ ကျွန်တော်ပြောပေးစေချင်တာ တစ်ခုရှိပါတယ်။ ရှော့တိုက်ဒုံးပစ်တာသည် မြို့လယ်ကောင်ကျဖို့ဆိုတာက သူတို့ မြို့ ပြင်က ပစ်တာဟာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ လားရှိုးမြို့ကြီးဆိုတာက စကားတစ်ခွန်းကိုတောင် လျှပ်တစ်ပြက် ပြောလို့မရတဲ့ နေရာဒေသတစ်ခု၊ အားလုံး ပြည် သူတွေနဲ့ ရောနေနေတာ။ ရှော့တိုက်ဒုံးဟာ မြို့လယ်ကောင် ရောက်တာရှိတယ်။ ဒါက မြို့ထဲကနေ အဆောက်အအုံ အမြင့်ကနေ ပစ်တာဖြစ်မယ်။ မနေ့က ဆို ရန်တိုင်းအောင်ဘုရားမှာ တစ်လုံးမှာ တစ်လုံး ကျတယ်။ မကွဲဘူး မြေကြီးထဲမှာ စိုက်နေတယ်'ဟု အထက်ပါ မြို့ခံအမျိုးသားက ဆိုသည်။

တပ်မတော်ကသာ လက်ခံပါက လားရှိုး မြို့အတွက် လက်နက်ကိုင်ကာ တိုက်ခိုက်လိုကြောင်း လည်း အထက်ပါ မြို့ခံက ဆိုသည်။ 'စစ်တပ်လက်ခံဖို့ပဲ လိုတယ်။ အားလုံးက ကိုယ့်အိမ်၊ ကိုယ်ယာ ပျက်စီးမှာ ကြောက်တဲ့သူတွေ ချည်းပဲ။ အားလုံးက တိုက်ဆို တိုက်ကြမှာပဲ။ ခေါ်တယ်ဆိုရင်တော့ ဝင်ကြမယ့်သူများတယ်။ ကျွန်တော် တို့ ခံယူချက်ကတော့ ဝင်တိုက်ဆို တိုက်မှာပဲ' ဟု သားသမီး ၂ ဦး ဖခင်ဖြစ်သူ အထက်ပါ သတင်းရင်း မြစ်က ဆိုသည်။

ဇူလိုင်လ ၅ ရက်အထိ ရရှိသော သတင်းအ ချက်အလက်များအရ မြို့ကို ဝိုင်းထားသည့် လက် နက်ကိုင်များအနေဖြင့် တပ်မတော် စခန်းများကို ထိ ထိရောက်ရောက် တိုက်ခိုက်နိုင်ခြင်း မရှိသေးကြောင်း လည်း သိရသည်။ 'တပ်ရင်းဌာနချုပ်ကို တစ်ခုမှ မရောက် သေးဘူး။ ကာကင်းတစ်ခုမှ မရသေးဘူး။ ကာကင်း မရရင် တပ်ဌာနချုပ်ဆိုတာ အဝေးကြီး'ဟု ၎င်းက ဆိုသည်။

စစ်ပွဲတစ်ပွဲကို ကြုံရပြီးသည့်နောက် စစ်ဘေးသင့် ဒေသ၊ မြို့ရွာများတွင် ကုန်ဈေးနှုန်းများ လိုက်တက်လေ့ရှိသည်မှာဓမ္မတာပင်။ ထို့အတူ ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်ပြီးနောက် ဒေ သခံများအတွက် သတင်းအချက်အလက် ရရှိမှု လျှော့နည်းခြင်းနှင့် လုံးဝအဆက်အသွယ်ပြတ် တောက်ခြင်းမှာလည်း ဖြစ်လေ့ရှိသည့် သဘော ဖြစ် ပြီး လက်ရှိတွင် လားရှိုးမြို့ခံများမှာ ဆက်သွယ်ရေး လျော့နည်းသည့် အခြေအနေကိုလည်း စတင်ကြုံ တွေ့နေရသည်။ 'ဈေးတွေလည်း တက်တယ်။ ဒါပေမဲ့ ဈေးတက်တာထက် ဆိုင်တွေကိုက ပိတ်သွားတာ။ အခုဆို တယ်လီနောက မရဘူး။ အမ်ပီတီကတော့ နှစ်တုံးပဲ တက်တယ်။ မိုင်တဲတော့ ရတယ်လို့ ပြော တယ်။ အဲဒီလိုပဲ လှည့်ပတ်ပြီး ဆက်သွယ်ရေးအတွက် သုံးနေတာ။ ဝိုင်ဖိုင်ကတော့ မရတော့ဘူး။ အင်တာနက်တော့ သုံးမရဘူးပေါ့'ဟု အထက်ပါ လားရှိုးမြို့ခံ အမျိုးသမီးက ဆိုသည်။

လားရှိုးမြို့တွင် MNDAA အနေဖြင့် လက်ရှိ တိုက်ခိုက်မှုများပြုလုပ်နေရာတွင် လူလှိုင်း စစ်ဆင်ရေးပုံစံ အသုံးပြုခြင်းဖြစ်ပြီး တပ်မတော် ဘက်က ပစ်ခတ်၍ အကျအဆုံးများသည့် အနေအထား ဖြစ်ကြောင်းလည်း သိရသော အခြေအနေကို မူတည်၍ ၎င်းကပြောသည်။ 'ကျွန်မ သိတာက ရောမ ကားထဲကလိုပဲတဲ့။ အုပ်စုလိုက်ကြီး တက်လာတာ။ ပစ်ရင်သေတာပဲ။ ပြီး တော့ အလောင်းကို ပြန်ဆွဲယူသွားတယ်။ ပြီးရင် ထပ် ပြီးတော့ တက်လာတယ်။ အဲဒီလို ပုံစံမျိုးဖြစ်နေတာ။ အင်အား တော်တော်သုံးတာပေါ့။ ဒီဟာ မဖြစ်ခင် တည်းက မြို့အနားမှာ အင်အားအလုံးအရင်းနဲ့ ရောက်နေကြတာ။ သူတို့က ထမင်းချက်ကျွေးခိုင်း တယ်။ အဲဒီလိုမျိုးအရင်တည်းက သူတို့ရောက်နေတာ သိရတယ်'ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။

လားရှိုးသည် စီးပွားရေး ကောင်းမွန်သော မြို့ကြီးတစ်မြို့ဖြစ်ပြီး MNDAA နှင့် ပူးပေါင်းအဖွဲ့ အောက် မြို့ကြီး ကျရောက်သွားပါက မြို့၏ စီးပွားရေး အခြေအနေမှာ ယခင်ကဲ့သို့ မကောင်းနိုင်တော့သည့် အပြင် ကျီးလန့်စာစားနေရသည့် အခြေအနေသို့ ဆိုက်ရောက်သွားနိုင်ကြောင်း လားရှိုးမြို့ခံ စီးပွားရေး သမားတစ်ဦးက သုံးသပ်သည်။ 'လားရှိုးက တော်တော်လေး စီးပွားရေး ကောင်းတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ ဘာလုပ်ငန်း လုပ် လုပ် အဆင်ပြေတဲ့မြို့ပါ။ သူတို့လက်အောက် ရောက် သွားမယ်ဆိုရင် မြို့စီးပွားရေးကကျသွားနိုင်တယ်။ အ ခန့်မသင့်ရင် ဘယ်တော့တိုက်ပွဲဖြစ်မလဲဆိုပြီး ကျီးလန့်စာစားနေရတဲ့ ဘဝမျိုးကို ရောက်သွားလိမ့်မယ်။ အဲဒီအခါကျရင် မြို့ခံတွေလည်းအကုန် ဒုက္ခရောက်မှာ။ ဒါကြောင့် ဒီမြို့ကြီးကို ကာကွယ်ပေးစေချင်တယ်'ဟု ၎င်းက ဆိုသည်။

NP News က စစ်တမ်းငယ်သဖွယ်မေးမြန်းထားသည့် အထက်ပါအချက်အလက်များအရ လားရှိုးမြို့ မကျရေးအတွက် တပ်မ တော်အပေါ် အားကိုးအားထားပြုနေသည် ဆိုသော အချက်ကို သိသာစွာမြင်တွေ့ရသည့်အပြင် တိုက်ပွဲ ကင်းစင်ဒေသအဖြစ်လည်း မြင်တွေ့လိုကြောင်း သ ဘောထားများကို တွေ့မြင်နေရသည်။ လားရှိုးတိုက်ပွဲတွင် MNDAA နှင့် ပူးပေါင်းအဖွဲ့ဘက်က ထုံစံအတိုင်းပင် ဒရုန်းများဖြင့် တပ်မတော် စခန်းနေရာများကို တိုက်ခိုက်ရန် ကြိုး ပမ်းရာ လူနေအိမ်များပေါ်သို့ ကျရောက်သည့် အ တွက် သေဆုံးမှုများလည်းရှိနေရာ အိုးအိမ် မစွန့်ခွာသူ မြို့ခံများအတွက် အဆိုပါအချက်မှာ အလွန်အမင်း စိုးရိမ်ရသော ကိစ္စတစ်ခုလည်းဖြစ်နေသည်။

'ဘယ်အချိန် အိမ်ပေါ် ဗုံးသီးကျမလဲ၊ လက်နက်ကြီး ကျမလဲမသိနိုင်ဘူး။ အိပ်လို့လည်း မရပါဘူး။ ဒုန်းခနဲ ဒုန်းခနဲဆို လန့်လန့်နိုးနေတာ။ အိပ်တယ်ဆိုလည်း အိပ်မက် မက်ချိန်တောင်မရဘူး။ တပ်ကိုလည်း ပစ်မယ်ဆို ပစ်။ လုပ်မယ်ဆို တစ်ခါတည်း လုပ်စေချင်တယ်'ဟု အထက်ပါ လားရှိုးမြို့ခံတစ်ဦးက ဆိုသည်။ MNDAA နှင့် ပူးပေါင်းအဖွဲ့က ၅၀၇ တပ်ရင်းကို အဓိကရည်ရွယ်တိုက်ခိုက်နေခြင်းမျိုး ဖြစ်ပြီး အဆိုပါစခန်းကျသွားပါက လားရှိုးမြို့အတွင်းသို့ လွယ်လွယ်ဝင်လာနိုင်မည်ဟု ပရဟိတသတင်းရင်း မြစ်အချို့က ပြောသည်။ မြို့ထဲတွင်လည်း ရောနှော ရောက်ရှိထားပြီးသား MNDAA တပ်သားများက အရပ်သားဟန်ဆောင်၍ အပြင်မှဝင်လာသောအဖွဲ့ကို စောင့်ဆိုင်းနေကြသည်ဟု ကြားသိရသည်။ တပ်မ တော်အနေဖြင့် MNDAA ၊ TNLA တို့၏ နောက်တန်းစခန်းများနှင့် ထောက်ပို့လမ်းကြောင်း များကို အဓိကချေမှုန်းသင့်သည်ဟု မြို့ခံအချို့က အကြံပြုပြောကြားသည်။

zawgyi version
လားရႈိးၿမိဳ႕မက်ေရးအတြက္ တပ္မေတာ္အေပၚၿမိဳ႕ခံမ်ား ေမွ်ာ္လင့္ေန
သုတေက်ာ္ (NP News) - ဇူလိုင္ ၇

MNDAA ႏွင့္ ပူးေပါင္းအဖြဲ႕က သိမ္းပိုက္ရန္ႀကိဳးပမ္းေနသည့္ လားရႈိးၿမိဳ႕မက်ေရးအ တြက္ ၿမိဳ႕ခံမ်ားက တပ္မေတာ္အေပၚ အားကိုး ေမွ်ာ္လင့္ေနၾကၿပီး လက္နက္ႀကီးပစ္ခတ္သံမ်ား ၾကားတြင္ ၿမိဳ႕ခံအမ်ားစုမွာ ေနအိမ္မ်ားတြင္ ရွိေနဆဲ ျဖစ္ေၾကာင္း NP News သို႔ လားရႈိး ၿမိဳ႕ခံမ်ားက ဆိုသည္။

လားရႈိးၿမိဳ႕တြင္ တပ္မေတာ္၏ အေရွ႕ေျမာက္တိုင္း စစ္ဌာနခ်ဳပ္တည္ရွိကာ ဇူလိုင္လ ၂ ရက္မွစတင္၍ MNDAA ပူးေပါင္းအဖြဲ႕က စတင္တိုက္ခိုက္လာခဲ့ျခင္းျဖစ္သည္။ NP News က သိရွိရေသာ အခ်က္အလက္မ်ားအရ အဆိုပါ ပူးေပါင္းအဖြဲ႕က တပ္မေတာ္၏ မန္စံေရက် တပ္ စခန္း၊ နမ့္ေပါင္ တပ္စခန္း၊ မိုင္းတင္တပ္စခန္း ႏွင့္ ေညာင္ကုန္ တပ္စခန္းတို႔ကို တစ္ၿပိဳင္နက္တည္း တိုက္ ခိုက္ျခင္းျဖစ္ၿပီး တပ္မေတာ္ဘက္ကလည္း လက္နက္ႀကီးပစ္ကူမ်ား ေတာက္ေလွ်ာက္ေပးေနခဲ့သည္။

MNDAA ႏွင့္ ပူးေပါင္းအဖြဲ႕၏ ထိုးစစ္သည္ စီးပြားေရးေကာင္းမြန္ၿပီး ၿငိမ္းခ်မ္းစြာေနထိုင္ အသက္ေမြးလိုသည့္ လားရႈိးၿမိဳ႕ခံမ်ားအတြက္ အိပ္ မက္ဆိုးသဖြယ္ျဖစ္သြားခဲ့ၿပီးႀကဳံလာေသာ စစ္ေဘးတြင္ အသက္ရွင္သန္ေရးအတြက္ စိုးရိမ္ပူပန္မႈမ်ား စြာျဖစ္လာခဲ့ၾကရသည္။ ပစ္ခတ္မႈမ်ားအၾကားတြင္ MNDAA ႏွင့္ ပူးေပါင္းအဖြဲ႕က ပစ္ခတ္ေသာ လက္နက္ႀကီးမ်ား ေန အိမ္အတြင္း က်ေရာက္ေပါက္ကြဲသည့္အတြက္ အ ရပ္သား ေသဆုံးမႈမွာ (၂၀) ဦး ေက်ာ္သြားၿပီျဖစ္ကာ လက္နက္ႀကီး ထပ္မံက်ေရာက္မည္ကို စိုးရိမ္သည့္ အတြက္ အခိုင္အမာ အေဆာက္အအုံမ်ားတြင္ ပူးေပါင္းစုေဝးေနထိုင္မႈမ်ား ရွိေနသည္။

လားရႈိးၿမိဳ႕ မွ ေနရပ္စြန႔္ တိမ္းေရွာင္သူမ်ား လည္း ရွိေနေသာ္လည္း ၿမိဳ႕ခံအမ်ားအျပားမွာ အိမ္ မ်ားတြင္ ဆက္ရွိေနကာ အေျခအေနကို ေစာင့္ၾကည့္ အကဲခတ္ေနၾကသည္။ 'လားရႈိးၿမိဳ႕ရဲ႕ ဆယ္ပုံ ပုံ တစ္ပုံေလာက္ပဲ ထြက္ေသးတယ္။ အမ်ားႀကီး မထြက္ပါဘူး။ အိုးပိုင္ အိမ္ပိုင္ေတြကေတာ့ မထြက္ေသးဘူး။ အိမ္ခန္းငွား ေတြ၊ ဘာေတြကေတာ့ ျပန္ကုန္ၾကၿပီ။ လားရႈိးၿမိဳ႕ႀကီးရဲ႕ လူဦးေရက နည္းတာမွ မဟုတ္တာ။ ေလာက္ကိုင္ၿမိဳ႕ ထက္လည္း ႀကီးတယ္။ ၿမိဳ႕ကလည္း အမ်ားႀကီး က်ယ္တာ။ ၿမိဳ႕က အထြက္လမ္းက ၂ လမ္းရွိတယ္။ အခု မနက္ခင္းဆို အုန္းသီးကားေတြ၊ ကြမ္း႐ြက္ကားေတြ ဝင္လာတယ္'ဟု ဇူလိုင္လ ၅ ရက္တြင္ ၿမိဳ႕အေျခအေနႏွင့္ ပတ္သက္၍ လားရႈိးၿမိဳ႕ခံ သက္လတ္ပိုင္းအ႐ြယ္ အမ်ိဳးသားတစ္ဦးက ဆိုသည္။

လားရႈိးၿမိဳ႕မွ စစ္ေဘးေရွာင္ၾကသူမ်ားသည္ ကားမ်ားတြင္ အလံျဖဴေထာင္ကာ ကားတန္းျဖင့္ ၿမိဳ႕မွ ထြက္ခြာျခင္း ျဖစ္ၿပီး လားရႈိး - သီေပါလမ္းအၾကား စဥ့္အင္ကူးတို႔ဆိပ္တြင္ ကားမ်ား ျဖတ္ကူးရန္အတြက္ ေစာင့္ဆိုင္းရေသာေၾကာင့္ ပိတ္မိျခင္းမ်ားလည္း ရွိေနေၾကာင္း သိရသည္။ 'မေန႔က အသိတစ္ေယာက္နဲ႔ အဆက္အ သြယ္ရတယ္။ သူေျပာတာ စဥ့္အင္မွာ ေဖာင္နဲ႔ကူး တာ ေဖာင္ကတစ္ခါကူးရင္ ကားႏွစ္စီးဆိုေတာ့ အ ၾကာႀကီး ေစာင့္ရတယ္လို႔ ေျပာတယ္။ အဲဒီမွာတင္ ေတာ္ေတာ္ၾကာေနတာ'ဟု လားရႈိးၿမိဳ႕ခံ အမ်ိဳးသမီး တစ္ဦးက ဆိုသည္။

ၿမိဳ႕ခံအမ်ားစု မတိမ္းေရွာင္ျခင္းမွာ တပ္မေတာ္၏ ျပန္လည္တိုက္ခိုက္ေခ်မႈန္းမႈကို ေမွ်ာ္ လင့္ေသာေၾကာင့္ျဖစ္ေၾကာင္း အထက္ပါ ၿမိဳ႕ခံသ တင္းရင္းျမစ္ ၂ ဦးက NP News သို႔တညီတၫြတ္တည္း ဆိုၾကသည္။ 'တပ္မေတာ္ကို အလုံးစုံယုံၾကည္တာလည္းပါတယ္။ ဘာလုပ္မလဲလို႔ ေစာင့္ၾကည့္ေနတာ။ ဘယ္လို လုပ္မလဲေပါ့။ ၿမိဳ႕ခံျပည္သူအေရအတြက္က မနည္းဘူး။ ကြၽန္ေတာ္တို႔လမ္းဆို ဘယ္သူမွ ၿမိဳ႕က မထြက္ေသးဘူး။ အဓိကေတာ့ စစ္တပ္ကို ယုံတာလို႔ပဲ ထင္တယ္။ ဒီမွာက စစ္သည္အင္အားက ဆယ္တပ္ ေက်ာ္ ဆယ္တစ္တပ္ေလာက္ရွိတယ္။ ေနာက္ၿပီး ေတာ့ အခု ေလာေလာလတ္လတ္က ၿမိဳ႕နားကို လုံးဝ မကပ္ႏိုင္ဘူး။ မေန႔က (ဇူလိုင္လ ၄ ရက္) ဆို ရမ္ဘို ကား ၾကည့္ရသလိုပဲ။ ၿမိဳ႕နားကပ္လာတာကို တိုက္ ေလယာဥ္က ဝဲရပ္ၿပီး ေဆာ္သြားတာ။ ေလယာဥ္နဲ႔ ပစ္တဲ့ အသံၾကားတယ္။ အခုေလးတင္ ၾကားတာ'ဟု လားရႈိးၿမိဳ႕ခံအမ်ိဳးသားက ဆိုသည္။

ထို႔အတူ ၿမိဳ႕ခံ အမ်ိဳးသမီးကလည္း 'ကြၽန္မတို႔ကေတာ့ ေနာက္ဆုံးအခ်ိန္က်မွ ေျပးမယ္လို႔ စိတ္ကူးတယ္။ အခုေတာ့ မေျပးႏိုင္ေတာ့ဘူး။ ထြက္ေျပးရင္လည္း လမ္းပြင့္ပါေတာ့မလားလည္း မသိဘူး။ ၿမိဳ႕ ကို တပ္ကကာကြယ္ထားမယ္လို႔ ေမွ်ာ္လင့္တယ္။ ဒါ ေၾကာင့္ အခုမေရွာင္တာပါ။ ပထမတစ္ခါ ၁၀၂၇ အစ ပိုင္းတုန္းကလည္း ေျပးၿပီးၿပီေလ။ ေငြေတြလည္း ေတာ္ေတာ္ကုန္သြားတယ္။ အခုက ျပန္လာေနတာ။ ၿမိဳ႕မွာပဲ က်န္ေနေတာ့မယ္။ အေျခအေနေၾကာင့္ အ ျပင္ေတာ့ မထြက္ရဲဘူး။ ဒါေပမဲ့ ကြၽန္မတို႔ေဘးက အိမ္ေတြလည္း မေျပးေသးဘူး။ က်န္ေနေသးတယ္။ အိမ္ထဲမွာပဲ အကာအရံေတြ လုပ္ၿပီး ေနေနပါတယ္'ဟု ဆိုသည္။

ထို႔အတူ ၿမိဳ႕ခံမ်ား၏ စိတ္တြင္လည္း MNDAA ပူးေပါင္းတပ္၏ အုပ္ခ်ဳပ္မႈကို လက္မခံ လိုသူ မ်ားျပားေနေၾကာင္း ဆိုၾကသည္။ 'ကြၽန္ေတာ္တို႔ ဆႏၵအရေတာ့ ဘယ္သူမွ (MNDAA) တို႔ကိုလက္မခံဘူး။ သူတို႔ကိုယ္တိုင္ လာပါ လာပါ ေခၚတဲ့သူေတြေတာင္ သူတို႔အုပ္ခ်ဳပ္တာ မႀကိဳက္ၾကဘူးေလ။ ေနာက္ၿပီးေတာ့ ကြၽန္ေတာ္ေျပာေပးေစခ်င္တာ တစ္ခုရွိပါတယ္။ ေရွာ့တိုက္ဒုံးပစ္တာသည္ ၿမိဳ႕လယ္ေကာင္က်ဖို႔ဆိုတာက သူတို႔ ၿမိဳ႕ ျပင္က ပစ္တာဟာ ဘယ္လိုမွမျဖစ္ႏိုင္ပါဘူး။ လားရႈိးၿမိဳ႕ႀကီးဆိုတာက စကားတစ္ခြန္းကိုေတာင္ လွ်ပ္တစ္ျပက္ ေျပာလို႔မရတဲ့ ေနရာေဒသတစ္ခု၊ အားလုံး ျပည္ သူေတြနဲ႔ ေရာေနေနတာ။ ေရွာ့တိုက္ဒုံးဟာ ၿမိဳ႕လယ္ေကာင္ ေရာက္တာရွိတယ္။ ဒါက ၿမိဳ႕ထဲကေန အေဆာက္အအုံ အျမင့္ကေန ပစ္တာျဖစ္မယ္။ မေန႔က ဆို ရန္တိုင္းေအာင္ဘုရားမွာ တစ္လုံးမွာ တစ္လုံး က်တယ္။ မကြဲဘူး ေျမႀကီးထဲမွာ စိုက္ေနတယ္'ဟု အထက္ပါ ၿမိဳ႕ခံအမ်ိဳးသားက ဆိုသည္။

တပ္မေတာ္ကသာ လက္ခံပါက လားရႈိး ၿမိဳ႕အတြက္ လက္နက္ကိုင္ကာ တိုက္ခိုက္လိုေၾကာင္း လည္း အထက္ပါ ၿမိဳ႕ခံက ဆိုသည္။ 'စစ္တပ္လက္ခံဖို႔ပဲ လိုတယ္။ အားလုံးက ကိုယ့္အိမ္၊ ကိုယ္ယာ ပ်က္စီးမွာ ေၾကာက္တဲ့သူေတြ ခ်ည္းပဲ။ အားလုံးက တိုက္ဆို တိုက္ၾကမွာပဲ။ ေခၚတယ္ဆိုရင္ေတာ့ ဝင္ၾကမယ့္သူမ်ားတယ္။ ကြၽန္ေတာ္ တို႔ ခံယူခ်က္ကေတာ့ ဝင္တိုက္ဆို တိုက္မွာပဲ' ဟု သားသမီး ၂ ဦး ဖခင္ျဖစ္သူ အထက္ပါ သတင္းရင္း ျမစ္က ဆိုသည္။

ဇူလိုင္လ ၅ ရက္အထိ ရရွိေသာ သတင္းအ ခ်က္အလက္မ်ားအရ ၿမိဳ႕ကို ဝိုင္းထားသည့္ လက္ နက္ကိုင္မ်ားအေနျဖင့္ တပ္မေတာ္ စခန္းမ်ားကို ထိ ထိေရာက္ေရာက္ တိုက္ခိုက္ႏိုင္ျခင္း မရွိေသးေၾကာင္း လည္း သိရသည္။ 'တပ္ရင္းဌာနခ်ဳပ္ကို တစ္ခုမွ မေရာက္ ေသးဘူး။ ကာကင္းတစ္ခုမွ မရေသးဘူး။ ကာကင္း မရရင္ တပ္ဌာနခ်ဳပ္ဆိုတာ အေဝးႀကီး'ဟု ၎က ဆိုသည္။

စစ္ပြဲတစ္ပြဲကို ႀကဳံရၿပီးသည့္ေနာက္ စစ္ေဘးသင့္ ေဒသ၊ ၿမိဳ႕႐ြာမ်ားတြင္ ကုန္ေဈးႏႈန္းမ်ား လိုက္တက္ေလ့ရွိသည္မွာဓမၼတာပင္။ ထို႔အတူ ဆက္သြယ္ေရးလိုင္းမ်ား ျပတ္ေတာက္ၿပီးေနာက္ ေဒ သခံမ်ားအတြက္ သတင္းအခ်က္အလက္ ရရွိမႈ ေလွ်ာ့နည္းျခင္းႏွင့္ လုံးဝအဆက္အသြယ္ျပတ္ ေတာက္ျခင္းမွာလည္း ျဖစ္ေလ့ရွိသည့္ သေဘာ ျဖစ္ ၿပီး လက္ရွိတြင္ လားရႈိးၿမိဳ႕ခံမ်ားမွာ ဆက္သြယ္ေရး ေလ်ာ့နည္းသည့္ အေျခအေနကိုလည္း စတင္ႀကဳံ ေတြ႕ေနရသည္။ 'ေဈးေတြလည္း တက္တယ္။ ဒါေပမဲ့ ေဈးတက္တာထက္ ဆိုင္ေတြကိုက ပိတ္သြားတာ။ အခုဆို တယ္လီေနာက မရဘူး။ အမ္ပီတီကေတာ့ ႏွစ္တုံးပဲ တက္တယ္။ မိုင္တဲေတာ့ ရတယ္လို႔ ေျပာ တယ္။ အဲဒီလိုပဲ လွည့္ပတ္ၿပီး ဆက္သြယ္ေရးအတြက္ သုံးေနတာ။ ဝိုင္ဖိုင္ကေတာ့ မရေတာ့ဘူး။ အင္တာနက္ေတာ့ သုံးမရဘူးေပါ့'ဟု အထက္ပါ လားရႈိးၿမိဳ႕ခံ အမ်ိဳးသမီးက ဆိုသည္။

လားရႈိးၿမိဳ႕တြင္ MNDAA အေနျဖင့္ လက္ရွိ တိုက္ခိုက္မႈမ်ားျပဳလုပ္ေနရာတြင္ လူလႈိင္း စစ္ဆင္ေရးပုံစံ အသုံးျပဳျခင္းျဖစ္ၿပီး တပ္မေတာ္ ဘက္က ပစ္ခတ္၍ အက်အဆုံးမ်ားသည့္ အေနအထား ျဖစ္ေၾကာင္းလည္း သိရေသာ အေျခအေနကို မူတည္၍ ၎ကေျပာသည္။ 'ကြၽန္မ သိတာက ေရာမ ကားထဲကလိုပဲတဲ့။ အုပ္စုလိုက္ႀကီး တက္လာတာ။ ပစ္ရင္ေသတာပဲ။ ၿပီး ေတာ့ အေလာင္းကို ျပန္ဆြဲယူသြားတယ္။ ၿပီးရင္ ထပ္ ၿပီးေတာ့ တက္လာတယ္။ အဲဒီလို ပုံစံမ်ိဳးျဖစ္ေနတာ။ အင္အား ေတာ္ေတာ္သုံးတာေပါ့။ ဒီဟာ မျဖစ္ခင္ တည္းက ၿမိဳ႕အနားမွာ အင္အားအလုံးအရင္းနဲ႔ ေရာက္ေနၾကတာ။ သူတို႔က ထမင္းခ်က္ေကြၽးခိုင္း တယ္။ အဲဒီလိုမ်ိဳးအရင္တည္းက သူတို႔ေရာက္ေနတာ သိရတယ္'ဟု အထက္ပါ အမ်ိဳးသမီးက ဆိုသည္။

လားရႈိးသည္ စီးပြားေရး ေကာင္းမြန္ေသာ ၿမိဳ႕ႀကီးတစ္ၿမိဳ႕ျဖစ္ၿပီး MNDAA ႏွင့္ ပူးေပါင္းအဖြဲ႕ ေအာက္ ၿမိဳ႕ႀကီး က်ေရာက္သြားပါက ၿမိဳ႕၏ စီးပြားေရး အေျခအေနမွာ ယခင္ကဲ့သို႔ မေကာင္းႏိုင္ေတာ့သည့္ အျပင္ က်ီးလန႔္စာစားေနရသည့္ အေျခအေနသို႔ ဆိုက္ေရာက္သြားႏိုင္ေၾကာင္း လားရႈိးၿမိဳ႕ခံ စီးပြားေရး သမားတစ္ဦးက သုံးသပ္သည္။ 'လားရႈိးက ေတာ္ေတာ္ေလး စီးပြားေရး ေကာင္းတဲ့ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ပါတယ္။ ဘာလုပ္ငန္း လုပ္ လုပ္ အဆင္ေျပတဲ့ၿမိဳ႕ပါ။ သူတို႔လက္ေအာက္ ေရာက္ သြားမယ္ဆိုရင္ ၿမိဳ႕စီးပြားေရးကက်သြားႏိုင္တယ္။ အ ခန႔္မသင့္ရင္ ဘယ္ေတာ့တိုက္ပြဲျဖစ္မလဲဆိုၿပီး က်ီးလန႔္စာစားေနရတဲ့ ဘဝမ်ိဳးကို ေရာက္သြားလိမ့္မယ္။ အဲဒီအခါက်ရင္ ၿမိဳ႕ခံေတြလည္းအကုန္ ဒုကၡေရာက္မွာ။ ဒါေၾကာင့္ ဒီၿမိဳ႕ႀကီးကို ကာကြယ္ေပးေစခ်င္တယ္'ဟု ၎က ဆိုသည္။

NP News က စစ္တမ္းငယ္သဖြယ္ေမးျမန္းထားသည့္ အထက္ပါအခ်က္အလက္မ်ားအရ လားရႈိးၿမိဳ႕ မက်ေရးအတြက္ တပ္မ ေတာ္အေပၚ အားကိုးအားထားျပဳေနသည္ ဆိုေသာ အခ်က္ကို သိသာစြာျမင္ေတြ႕ရသည့္အျပင္ တိုက္ပြဲ ကင္းစင္ေဒသအျဖစ္လည္း ျမင္ေတြ႕လိုေၾကာင္း သ ေဘာထားမ်ားကို ေတြ႕ျမင္ေနရသည္။ လားရႈိးတိုက္ပြဲတြင္ MNDAA ႏွင့္ ပူးေပါင္းအဖြဲ႕ဘက္က ထုံစံအတိုင္းပင္ ဒ႐ုန္းမ်ားျဖင့္ တပ္မေတာ္ စခန္းေနရာမ်ားကို တိုက္ခိုက္ရန္ ႀကိဳး ပမ္းရာ လူေနအိမ္မ်ားေပၚသို႔ က်ေရာက္သည့္ အ တြက္ ေသဆုံးမႈမ်ားလည္းရွိေနရာ အိုးအိမ္ မစြန႔္ခြာသူ ၿမိဳ႕ခံမ်ားအတြက္ အဆိုပါအခ်က္မွာ အလြန္အမင္း စိုးရိမ္ရေသာ ကိစၥတစ္ခုလည္းျဖစ္ေနသည္။

'ဘယ္အခ်ိန္ အိမ္ေပၚ ဗုံးသီးက်မလဲ၊ လက္နက္ႀကီး က်မလဲမသိႏိုင္ဘူး။ အိပ္လို႔လည္း မရပါဘူး။ ဒုန္းခနဲ ဒုန္းခနဲဆို လန႔္လန႔္ႏိုးေနတာ။ အိပ္တယ္ဆိုလည္း အိပ္မက္ မက္ခ်ိန္ေတာင္မရဘူး။ တပ္ကိုလည္း ပစ္မယ္ဆို ပစ္။ လုပ္မယ္ဆို တစ္ခါတည္း လုပ္ေစခ်င္တယ္'ဟု အထက္ပါ လားရႈိးၿမိဳ႕ခံတစ္ဦးက ဆိုသည္။ MNDAA ႏွင့္ ပူးေပါင္းအဖြဲ႕က ၅၀၇ တပ္ရင္းကို အဓိကရည္႐ြယ္တိုက္ခိုက္ေနျခင္းမ်ိဳး ျဖစ္ၿပီး အဆိုပါစခန္းက်သြားပါက လားရႈိးၿမိဳ႕အတြင္းသို႔ လြယ္လြယ္ဝင္လာႏိုင္မည္ဟု ပရဟိတသတင္းရင္း ျမစ္အခ်ိဳ႕က ေျပာသည္။ ၿမိဳ႕ထဲတြင္လည္း ေရာေႏွာ ေရာက္ရွိထားၿပီးသား MNDAA တပ္သားမ်ားက အရပ္သားဟန္ေဆာင္၍ အျပင္မွဝင္လာေသာအဖြဲ႕ကို ေစာင့္ဆိုင္းေနၾကသည္ဟု ၾကားသိရသည္။ တပ္မ ေတာ္အေနျဖင့္ MNDAA ၊ TNLA တို႔၏ ေနာက္တန္းစခန္းမ်ားႏွင့္ ေထာက္ပို႔လမ္းေၾကာင္း မ်ားကို အဓိကေခ်မႈန္းသင့္သည္ဟု ၿမိဳ႕ခံအခ်ိဳ႕က အႀကံျပဳေျပာၾကားသည္။

Related news

© 2021. All rights reserved.