မည်သည့်ပါတီမျှ အများစုအနိုင်ရရှိခဲ့ခြင်းမရှိသော ပြင်သစ်ရွေးကောက်ပွဲ

 497

ALynn (NP News) - ဇူလိုင် ၉

ပြင်သစ်လွှတ်တော် ရွေးကောက်ပွဲတွင် ဒုတိယအကျော့ မဲခွဲမှုအပြီး၌ လက်ဝဲပါတီများ ဦးဆောင်သော မဟာမိတ်အဖွဲ့က အမတ်နေရာအများဆုံး အနိုင်ရခဲ့သည်။ လက်ဝဲယိမ်းညွန့်ပေါင်းအဖွဲ့သည် တနင်္ဂနွေနေ့ (ဇူလိုင်လ ၇ ရက်) တွင် ပြီးဆုံးခဲ့သော ရွေးကောက်ပွဲများတွင် ပြင်သစ်၏ လက်ယာယိမ်းပါတီများအား အာဏာရရှိခြင်းမှ ဝေးကွာရန် ထိန်းထားနိုင်ခဲ့သော် လည်း မည်သည့်နိုင်ငံရေးပါတီ သို့မဟုတ် မဟာမိတ်ပါတီမှ ပြတ်ပြတ်သားသား အများစုအနိုင်ရရှိခဲ့ခြင်း မရှိပေ။ ပါတီ သို့မဟုတ် မဟာမိတ်အဖွဲ့သည် အပြတ်အသတ်အများစုအနိုင်ရရန် အမျိုးသားလွှတ်တော်၏ ၅၇၇ နေရာအနက် အနည်းဆုံး ၂၈၉ နေရာရရှိရန် လိုအပ်သည်။ မဲရေတွက်ပြီးနောက် မဟာမိတ်သုံးဖွဲ့က ထိပ်ဆုံးမှ ထွက်ပေါ်လာသော်လည်း ၎င်းတို့အားလုံးမှာ လိုအပ်သည့် မဲအရေအတွက်ကို မရရှိခဲ့ကြပေ။

New Popular Front (NFP) သည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပါတီများဖြင့် ဖွဲ့စည်းထားသော လက်ဝဲဝါဒီ မဟာမိတ်အဖွဲ့ဖြစ်ပြီး ထိုင်ခုံအရေအတွက် ၁၈၈ နေရာဖြင့် အများဆုံးရရှိခဲ့သည်။ ပြင်သစ်သမ္မတ Emmanuel Macron ဦးဆောင်သော ဗဟိုဝါဒီညွန့်ပေါင်းအဖွဲ့ Ensemble သည် ၁၆၁ နေရာဖြင့် ဒုတိယနေရာတွင် ရပ်တည်ခဲ့သည်။ လက်ယာစွန်းခေါင်းဆောင် Marine Le Pen ဦးဆောင်သော National Rally (RN) နှင့် ၎င်း၏ မဟာမိတ်များက အမတ်နေရာ ၁၄၂ နေရာဖြင့် တတိယနေရာ ရရှိခဲ့သည်။ အစုအဖွဲ့ သုံးခုအနက် တစ်ခုမှ အပြတ်အသတ် အများစုအနိုင်ရခဲ့ခြင်း မရှိသောကြောင့် ယခုအခါ ပြင်သစ်တွင် ပါလီမန်ဖွဲ့စည်းနိုင်ရန် မဟာမိတ်များ သို့မဟုတ် နိုင်ငံရေးပါတီများအကြား ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရန် လိုအပ်လာမည်ဖြစ်သည်။ ကျွမ်းကျင် သူများက Macron ၏ Ensemble မဟာမိတ်အဖွဲ့သည် လက်ဝဲဝါဒီမဟာမိတ်အဖွဲ့တွင်ပါဝင်သည့် ဆိုရှယ်လစ်များ၊ Greens များနှင့် ညွန့်ပေါင်းဖွဲ့ရန် ကြိုးစားမည်ဖြစ်ကြောင်း သုံးသပ်ထားကြသည်။

လက်ဝဲအစုအဖွဲ့နှင့် မက်ခရွန်ကြား တင်းမာမှု၏ အဓိကအကြောင်းအရင်းမှာ ၎င်း၏ပင်စင် လစာများ ပြုပြင်ပြောင်းလဲရေးကိစ္စဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် မက်ခရွန်သည် နိုင်ငံတော် ပင်စင်သက်တမ်းကို ၆၂ မှ ၆၄ သို့ တိုးမြှင့်ခဲ့သည်။ ထို့ကြောင့် မက်ခရွန်ဦးဆောင်သော ဗဟိုဝါဒီ အစုအဖွဲ့အနေဖြင့် လက်ဝဲနှင့် လက်ယာဝါဒီအစုအဖွဲ့များထဲမှ အလယ်အလတ်များကို စုစည်းပြီး ညွှန့်ပေါင်းဖွဲ့နိုင်သည်ဟု သုံးသပ်ထားကြသည်။

၂၀၂၂ ခုနှစ် ရွေးကောက်ပွဲတွင် မက်ခရွန်၏ပါတီသည် ၂၄၅ နေရာအနိုင်ရခဲ့သည်။ သို့သော် ထိုအချိန်က ၎င်း၏ အစိုးရသည် ရှေးရိုးစွဲ ရီပတ်ဘလီကန်ပါတီထံမှ တိတ်တဆိတ် ထောက်ခံမှု ရရှိခဲ့သည်ဟု ဖော်ပြကြသည်။ မျက်မှောက်ခေတ်တွင် ပြင်သစ်ပါလီမန်၌ လွှမ်းမိုးနိုင်သည့် ပါတီဟူ၍ မရှိတော့ပေ။ ၁၉၈၆-၁၉၈၈၊ ၁၉၉၃-၁၉၉၅ နှင့် ၁၉၉၇-၂၀၀၂ ကာလများတွင် သမ္မတနှင့် ဝန်ကြီးချုပ်တို့သည် ဆန့်ကျင်ဘက်ပါတီများထံမှ အာဏာရလာကြသည်။ သို့သော် ထိုအခြေအနေ မျိုးတွင် ဝန်ကြီးချုပ်များသည် အမျိုးသားလွှတ်တော်တွင် အများစုကို လွှမ်းမိုးနိုင်ခဲ့သည်။ ယခုကဲ့သို့အခြေအနေမျိုးမှာမူ မကြုံစဖူးဟု ဆိုရမည်။

မက်ခရွန်၏သမ္မတသက်တမ်းသည် ၂၀၂၇ ခုနှစ်တွင်ကုန်ဆုံးမည်ဖြစ်ပြီး ၎င်းမတိုင်မီရာထူးမှ နုတ်ထွက်ရန် ရည်ရွယ်ချက်မရှိကြောင်း ဇွန်လ ၁၂ ရက်က ကြေညာချက်တွင် ပြောကြားခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မက်ခရွန်အား နိုင်ငံခြားရေးမူဝါဒနှင့် လက်နက်ကိုင်တပ်ဖွဲ့များအပေါ် အာဏာပေးထားသည်။ ယခုရွေးကောက်ပွဲတွင် လက်ဝဲမဟာမိတ်များ၏ အောင်မြင်မှုသည် မက်ခရွန်၏ အားနည်းမှုကို ဖော်ပြနေသည်။ မက်ခရွန်သည် တနင်္ဂနွေနေ့ ရွေးကောက်ပွဲ ရလဒ်ကို အယုံအကြည်မရှိမဲဖြင့် ပယ်ချနိုင်ပြီး ရာထူးမှနုတ်ထွက်ကာ လျှပ်တပြက်သမ္မတရွေးကောက်ပွဲကို စတင်နိုင်သည်ဟု ကျွမ်းကျင်သူအချို့က ခန့်မှန်းနေကြသည်။

zawgyi version
မည္သည့္ပါတီမွ် အမ်ားစုအႏိုင္ရရွိခဲ့ျခင္းမရွိေသာ ျပင္သစ္ေ႐ြးေကာက္ပြဲ
ALynn (NP News) - ဇူလိုင္ ၉

ျပင္သစ္လႊတ္ေတာ္ ေ႐ြးေကာက္ပြဲတြင္ ဒုတိယအေက်ာ့ မဲခြဲမႈအၿပီး၌ လက္ဝဲပါတီမ်ား ဦးေဆာင္ေသာ မဟာမိတ္အဖြဲ႕က အမတ္ေနရာအမ်ားဆုံး အႏိုင္ရခဲ့သည္။ လက္ဝဲယိမ္းၫြန႔္ေပါင္းအဖြဲ႕သည္ တနဂၤေႏြေန႔ (ဇူလိုင္လ ၇ ရက္) တြင္ ၿပီးဆုံးခဲ့ေသာ ေ႐ြးေကာက္ပြဲမ်ားတြင္ ျပင္သစ္၏ လက္ယာယိမ္းပါတီမ်ားအား အာဏာရရွိျခင္းမွ ေဝးကြာရန္ ထိန္းထားႏိုင္ခဲ့ေသာ္ လည္း မည္သည့္ႏိုင္ငံေရးပါတီ သို႔မဟုတ္ မဟာမိတ္ပါတီမွ ျပတ္ျပတ္သားသား အမ်ားစုအႏိုင္ရရွိခဲ့ျခင္း မရွိေပ။ ပါတီ သို႔မဟုတ္ မဟာမိတ္အဖြဲ႕သည္ အျပတ္အသတ္အမ်ားစုအႏိုင္ရရန္ အမ်ိဳးသားလႊတ္ေတာ္၏ ၅၇၇ ေနရာအနက္ အနည္းဆုံး ၂၈၉ ေနရာရရွိရန္ လိုအပ္သည္။ မဲေရတြက္ၿပီးေနာက္ မဟာမိတ္သုံးဖြဲ႕က ထိပ္ဆုံးမွ ထြက္ေပၚလာေသာ္လည္း ၎တို႔အားလုံးမွာ လိုအပ္သည့္ မဲအေရအတြက္ကို မရရွိခဲ့ၾကေပ။

New Popular Front (NFP) သည္ သဘာဝပတ္ဝန္းက်င္ဆိုင္ရာ ပါတီမ်ားျဖင့္ ဖြဲ႕စည္းထားေသာ လက္ဝဲဝါဒီ မဟာမိတ္အဖြဲ႕ျဖစ္ၿပီး ထိုင္ခုံအေရအတြက္ ၁၈၈ ေနရာျဖင့္ အမ်ားဆုံးရရွိခဲ့သည္။ ျပင္သစ္သမၼတ Emmanuel Macron ဦးေဆာင္ေသာ ဗဟိုဝါဒီၫြန႔္ေပါင္းအဖြဲ႕ Ensemble သည္ ၁၆၁ ေနရာျဖင့္ ဒုတိယေနရာတြင္ ရပ္တည္ခဲ့သည္။ လက္ယာစြန္းေခါင္းေဆာင္ Marine Le Pen ဦးေဆာင္ေသာ National Rally (RN) ႏွင့္ ၎၏ မဟာမိတ္မ်ားက အမတ္ေနရာ ၁၄၂ ေနရာျဖင့္ တတိယေနရာ ရရွိခဲ့သည္။ အစုအဖြဲ႕ သုံးခုအနက္ တစ္ခုမွ အျပတ္အသတ္ အမ်ားစုအႏိုင္ရခဲ့ျခင္း မရွိေသာေၾကာင့္ ယခုအခါ ျပင္သစ္တြင္ ပါလီမန္ဖြဲ႕စည္းႏိုင္ရန္ မဟာမိတ္မ်ား သို႔မဟုတ္ ႏိုင္ငံေရးပါတီမ်ားအၾကား ၫြန႔္ေပါင္းအစိုးရ ဖြဲ႕စည္းရန္ လိုအပ္လာမည္ျဖစ္သည္။ ကြၽမ္းက်င္ သူမ်ားက Macron ၏ Ensemble မဟာမိတ္အဖြဲ႕သည္ လက္ဝဲဝါဒီမဟာမိတ္အဖြဲ႕တြင္ပါဝင္သည့္ ဆိုရွယ္လစ္မ်ား၊ Greens မ်ားႏွင့္ ၫြန႔္ေပါင္းဖြဲ႕ရန္ ႀကိဳးစားမည္ျဖစ္ေၾကာင္း သုံးသပ္ထားၾကသည္။

လက္ဝဲအစုအဖြဲ႕ႏွင့္ မက္ခ႐ြန္ၾကား တင္းမာမႈ၏ အဓိကအေၾကာင္းအရင္းမွာ ၎၏ပင္စင္ လစာမ်ား ျပဳျပင္ေျပာင္းလဲေရးကိစၥျဖစ္သည္။ ၂၀၂၃ ခုႏွစ္တြင္ မက္ခ႐ြန္သည္ ႏိုင္ငံေတာ္ ပင္စင္သက္တမ္းကို ၆၂ မွ ၆၄ သို႔ တိုးျမႇင့္ခဲ့သည္။ ထို႔ေၾကာင့္ မက္ခ႐ြန္ဦးေဆာင္ေသာ ဗဟိုဝါဒီ အစုအဖြဲ႕အေနျဖင့္ လက္ဝဲႏွင့္ လက္ယာဝါဒီအစုအဖြဲ႕မ်ားထဲမွ အလယ္အလတ္မ်ားကို စုစည္းၿပီး ၫႊန႔္ေပါင္းဖြဲ႕ႏိုင္သည္ဟု သုံးသပ္ထားၾကသည္။

၂၀၂၂ ခုႏွစ္ ေ႐ြးေကာက္ပြဲတြင္ မက္ခ႐ြန္၏ပါတီသည္ ၂၄၅ ေနရာအႏိုင္ရခဲ့သည္။ သို႔ေသာ္ ထိုအခ်ိန္က ၎၏ အစိုးရသည္ ေရွး႐ိုးစြဲ ရီပတ္ဘလီကန္ပါတီထံမွ တိတ္တဆိတ္ ေထာက္ခံမႈ ရရွိခဲ့သည္ဟု ေဖာ္ျပၾကသည္။ မ်က္ေမွာက္ေခတ္တြင္ ျပင္သစ္ပါလီမန္၌ လႊမ္းမိုးႏိုင္သည့္ ပါတီဟူ၍ မရွိေတာ့ေပ။ ၁၉၈၆-၁၉၈၈၊ ၁၉၉၃-၁၉၉၅ ႏွင့္ ၁၉၉၇-၂၀၀၂ ကာလမ်ားတြင္ သမၼတႏွင့္ ဝန္ႀကီးခ်ဳပ္တို႔သည္ ဆန႔္က်င္ဘက္ပါတီမ်ားထံမွ အာဏာရလာၾကသည္။ သို႔ေသာ္ ထိုအေျခအေန မ်ိဳးတြင္ ဝန္ႀကီးခ်ဳပ္မ်ားသည္ အမ်ိဳးသားလႊတ္ေတာ္တြင္ အမ်ားစုကို လႊမ္းမိုးႏိုင္ခဲ့သည္။ ယခုကဲ့သို႔အေျခအေနမ်ိဳးမွာမူ မႀကဳံစဖူးဟု ဆိုရမည္။

မက္ခ႐ြန္၏သမၼတသက္တမ္းသည္ ၂၀၂၇ ခုႏွစ္တြင္ကုန္ဆုံးမည္ျဖစ္ၿပီး ၎မတိုင္မီရာထူးမွ ႏုတ္ထြက္ရန္ ရည္႐ြယ္ခ်က္မရွိေၾကာင္း ဇြန္လ ၁၂ ရက္က ေၾကညာခ်က္တြင္ ေျပာၾကားခဲ့သည္။ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ မက္ခ႐ြန္အား ႏိုင္ငံျခားေရးမူဝါဒႏွင့္ လက္နက္ကိုင္တပ္ဖြဲ႕မ်ားအေပၚ အာဏာေပးထားသည္။ ယခုေ႐ြးေကာက္ပြဲတြင္ လက္ဝဲမဟာမိတ္မ်ား၏ ေအာင္ျမင္မႈသည္ မက္ခ႐ြန္၏ အားနည္းမႈကို ေဖာ္ျပေနသည္။ မက္ခ႐ြန္သည္ တနဂၤေႏြေန႔ ေ႐ြးေကာက္ပြဲ ရလဒ္ကို အယုံအၾကည္မရွိမဲျဖင့္ ပယ္ခ်ႏိုင္ၿပီး ရာထူးမွႏုတ္ထြက္ကာ လွ်ပ္တျပက္သမၼတေ႐ြးေကာက္ပြဲကို စတင္ႏိုင္သည္ဟု ကြၽမ္းက်င္သူအခ်ိဳ႕က ခန႔္မွန္းေနၾကသည္။

Related news

© 2021. All rights reserved.