မုံရွာ-မန္တလေး လမ်းပိုင်း၌ ဂိတ်(၁၃)ခုထက်မနည်းက ငွေတောင်းကြမ်းနေသဖြင့် ခရီးသွားနှင့် ကုန်ကားသမားများက ရှောင်ကွင်းလမ်းများကို ပြောင်းလဲအသုံးပြုနေရ

 7473

Iris (NP News) - ဇူလိုင် ၁၀

မုံရွာ-မန္တလေးလမ်းမကြီး၏ မုံရွာ-စစ်ကိုင်း လမ်းပိုင်းကို အဝေးပြေးကားလိုင်းများနှင့် ကုန်ကား အများစုက လုံခြုံရေးဂိတ်များ၏ ငွေကြေးတောင်း ရမ်းမှုများကြောင့် တိုက်ရိုက်သွားလာခြင်းမလုပ်ဘဲ အရာတော်-ရွာသာကြီး-ဆားထောင်-အုန်းတော-စစ်ကိုင်းလမ်းပိုင်းမှရှောင်ကွင်း၍ သွားလာနေကြသည့် ဖြစ်စဉ်များဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။

မုံရွာမှ မန္တလေးမြို့သို့ မူရင်းလမ်းမကြီးအတိုင်း မိုင်(၈၀)ကျော်ခရီးကို ကားဖြင့်သွားလာမည်ဆိုပါက သုံးနာရီထက်ပို၍မမောင်းရသည့်အပြင် ဖြတ်သန်းသွားလာရမည့် လမ်းပိုင်းများမှာ မုံရွာ-ချောင်းဦး-မြင်းမူ-အုန်းတော-စစ်ကိုင်း-မန္တလေးဟူ၍ အဓိက လမ်းပိုင်းများဖြစ် ကြောင်းသိရသည်။ သို့သော်လည်း ၂၀၂၁ ခုနှစ် နိုင်ငံရေးပြဿနာနောက်ပိုင်း၌ မုံရွာ-မန္တလေးလမ်းပိုင်းကို ရာနှုန်းပြည့် အန္တရာယ်ကင်းကင်း သုံးစွဲခွင့်မရဘဲ အခက်အခဲများစွာဖြင့် ယာဉ်လိုင်းများ နှင့်ကားမျိုးစုံတို့က ဖြတ်သန်းသွားလာနေရခြင်းဖြစ် ကြောင်းသိရသည်။ "မုံရွာနဲ့မန္တလေးကြားမှာ တပ်ဂိတ်တွေက (၁၃)ဂိတ်လောက်ရှိတယ်။ အဓိကကတော့ စစ်ကိုင်းနဲ့မုံရွာဘက်ခြမ်းမှာ အများဆုံးပဲ။ ငွေ တောင်းလည်းကြမ်းတယ်။ စစ်ကိုင်းနဲ့မုံရွာကြား မိုင်(၇၀) ကျော်ကို နယ်မြေစိုးမိုးရေးအတွက် တပ်က ဂိတ်ထိုင်တယ်။ ကားတွေဆီကနေ ဂိတ်တိုင်းလိုလိုက ငွေတောင်းတော့ တချို့ဆိုရင် မုံရွာကနေ မန္တလေးအထိ တစ်ကြောင်းကို လေးသိန်းကနေ ခြောက်သိန်း လောက်ကုန်တယ်"ဟု နယ်မြေခံသတင်းရင်းမြစ်က NP News ကို ပြောသည်။ ယခင်က အဆိုပါ လမ်းပေါ်သို့ နယ်မြေခံ PDF အဖွဲ့(၁၃)ဖွဲ့ထက်မနည်းကြီးစိုးနေခဲ့ပြီး ဖြတ်သန်းသွားလာသောကားများထံမှ ငွေကြေးတောင်းခံမှုများလုပ်ဆောင်ခဲ့ကြောင်း၊ အလားတူ တပ်မတော်ယာဉ်တန်းများကို ဖြတ် တောက်တိုက်ခိုက်လေ့ရှိကြောင်း သိရသည်။

သို့သော်လည်း နစက၏ နယ်မြေရှင်းလင်းရေးအဖွဲ့များက ယခုနှစ်ပိုင်းအတွင်း ဆက်တိုက်နှိမ်နင်းလာခဲ့သည့် အတွက် မုံရွာ-မန္တလေး အဓိကလမ်းမကြီးပေါ်၌ PDF အဖွဲ့များမရှိတော့ကြောင်း သတင်းရင်းမြစ်က ပြောသည်။ PDF များက လမ်းမကြီးပေါ်သို့ တက်လာခြင်းများ အလွန်နည်းပါးသွားခဲ့ပြီဖြစ်သော်လည်း အခြားသောပြဿနာတစ်ခုအဖြစ် လမ်းဘေးဝဲယာမှ မိုင်းထောင်မိုင်းဆွဲတိုက်ခိုက်ခြင်းအန္တရာယ်များက ရှိ နေသေးသည်ဟု ဆိုသည်။ "နေ့တိုင်း မိုင်းရှင်းတယ်။ ကင်းလှည့်တယ်။ ဒါလည်း နေ့တိုင်းနီးပါး ကွဲနေတာ ပါပဲ။ လမ်းမကြီးပေါ်ကို PDF တွေ တက်လာဖို့ကတော့ အရင်တုန်းက(၁၃)ဖွဲ့လောက်ရှိတာတောင် အခုလုံးဝ နီးပါး လမ်းမပေါ်တက်မလာနိုင်တော့ဘူး။ ပျောက်သွားပြီ"ဟု ၎င်းက ပြောသည်။ ကုန်ကားမောင်းသူ အချို့နှင့် ဖြတ်သန်းသွားလာဖူးသူအချို့၏ သတင်းပေးချက်အရ PDF များ၏ အန္တရာယ်ကင်းသွားသော်လည်း အခြားသောဆိုးကျိုးအဖြစ် ဂိတ်ထိုင်သော လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ငွေကြေးတောင်းရမ်းမှုများက သယ်ယူပို့ဆောင်ရေးစရိတ်ကို ကြီးမြင့်စေခဲ့ကြောင်း လည်း ဆိုသည်။ "ကားပိုင်ရှင်တွေကို ကောင်းကောင်း မွန်မွန်ခေါ်မေးကြည့်လိုက်ပါ။ မင်းတို့ အဲဒီလမ်းပေါ်မှာ ဘယ်ဂိတ်တွေပေးရသလဲဆိုရင် အကုန်လုံးဖြေပေးကြလိမ့်မယ်။ အဓိကက ကိုယ့်လူကိုကိုယ် အရင်နိုင် အောင်လုပ်ကြဖို့လိုတာ။ သူတို့ကို ခရီးသွားကားတွေ၊ ကုန်ကားတွေက မကြိုက်တော့ အရာတော်လမ်းဘက် ကနေ ပတ်ပြီးသွားနေတော့တာပဲ။ ပြောရရင် လမ်း ကြေးက လေးသိန်းလောက် သက်သာတယ်။ ဒီဘက် ဆိုရင် (၁၃)ဂိတ်လောက်ဖြတ်ရမယ့်ဟာမှာ ဟိုဘက် ကို ရှောင်ပြီးမောင်းတော့(၃)ဂိတ်လောက်ပဲ ဖြတ်ရတယ်။ ကုန်ကျစရိတ် သက်သာတယ်ပေါ့ဗျာ"ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

၎င်းဆိုလိုသော လမ်းမှာ မုံရွာ-ချောင်းဦး-မြင်းမူ-အုန်းတော-စစ်ကိုင်း-မန္တလေးလမ်းပိုင်းကို ရှောင်ကွင်း၍ မုံရွာ-အရာတော်-ရွာသာကြီး-ဆားထောင်-အုန်းတော-စစ်ကိုင်း-မန္တလေးလမ်းပိုင်းကို ပြောင်းလဲသုံးစွဲခြင်းမျိုးဖြစ်ကြောင်း သိရသည်။ အဆိုပါလမ်းပိုင်းများ၌ လုံခြုံရေးဂိတ်များက ငွေကြေးတောင်းခံမှု အမှန်တကယ်ရှိမရှိနှင့်ပတ်သက်၍ ကုန်ကားသမားများနှင့် ဖြတ်သန်းသွားလာဖူးသော ခရီးသွားကားများကို မေးမြန်းနိုင်ကြောင်းလည်း ဆိုသည်။ သို့သော်လည်း မေးမြန်းမှုများတွင် ပူးပေါင်းဆောင်ရွက်ရဲစေရန်အတွက် အမှန်တကယ်အရေးယူမည့်မေးမြန်းခြင်းမျိုး သာဖြစ်သင့်ကြောင်းလည်း ၎င်းက ထောက်ပြသည်။ မုံရွာ တိုင်းရုံးအစည်းအဝေးများ၌မူ ယင်းကဲ့သို့ ငွေကြေးတောင်းခံမှုများရှိနေပါက တိုင်ကြားနိုင်သည်ဟုသာ မကြာခဏ ထိုင်ရာမထအစည်းအဝေးများ၏စကားအတိုင်း ပြောဆိုမှုများရှိသော်လည်း အမှန်တ ကယ်အရေးယူနိုင်မှုအားနည်းနေကြောင်း ၎င်းကဆိုသည်။ "ဂိတ်တွေကလည်း စာရွက်ပါလည်းမရဘူး။ ဘာစာရွက်ပါပါ ခင်ဗျားတို့ အဲဒီစာရွက်လာမပြနဲ့ဆိုပြီး တောင်းတာ။ ဝန်ကြီးချုပ်ထောက်ခံထားတဲ့ စာတွေဘာတွေလည်း မရဘူး။ တစ်လ တာဝန်ကျကျ၊ သုံးလပဲ ကျကျရသလောက် ယူထားမယ်ဆိုသလိုတွေ ဖြစ်ကုန်ပြီ"ဟု သတင်းရင်းမြစ်ကပြောသည်။

အခြားတစ်ဖက်တွင်မူ ကုန်ကားမောင်းသမားများနှင့် ကုန်ကားပိုင်ရှင်အချို့ကလည်း ဂိတ် ကြေးပေးရသောကြောင့်ဟုဆိုကာ ကုန်ဈေးနှုန်းများ လိုအပ်သည်ထက် ပိုမိုဈေးတင်ရောင်း ချ၍ နာမည်ဖျက်ခြင်းများလည်း ရှိနိုင်ကြောင်း ၎င်းက ထည့်သွင်းပြောကြားသည်။ သို့သော် အများစုမှာမူ ချောင်းဦး-မြင်းမူကို ဖြတ်သန်းသည့် မုံရွာ-စစ်ကိုင်းလမ်းပိုင်းအတွင်း၌ လုံခြုံရေး ဂိတ်ပေါင်း(၁၃)ခုထက်မနည်းကို ကားတစ်စီးလျှင် ကုန်ပါသည့်အနေအထားပေါ်မူတည်၍ ကျပ် (၄၀ဝဝဝ) မှ တစ်သိန်းခန့်အထိ ပေးနေကြရကြောင်းသိရသည်။ အဆိုပါ မုံရွာ-မန္တလေးလမ်းပိုင်းကို ပြည်သူများ သွား လာအသုံးပြုခြင်းမလုပ်ကြရန် PDF များက ဇွန်လ ကုန်ပိုင်း၌ ထုတ်ပြန်ကြေညာထားပြီး အနီးစပ်ဆုံး ဖြစ်စဉ်တစ်ခုအဖြစ် ဇွန်လ(၃၀)ရက်တွင် ချောင်း ဦးမြို့နယ်အတွင်းရှိ တပ်လုံခြုံရေးဂိတ်ကို PDF များ ဝင်ရောက်ပစ်ခတ်ခဲ့ရာမှ အရပ်သားခရီး သည်တင်ကားများကိုထိမှန်ကာ ခရီးသည်(၂၀)ကျော်ဒဏ်ရာရခဲ့ပြီး တစ်ဦးသေဆုံးခဲ့ရကြောင်း သိရသည်။

zawgyi version
မုံ႐ြာ-မႏၲေလး လမ္းပိုင္း၌ ဂိတ္(၁၃)ခုထက္မနည္းက ေငြေတာင္းၾကမ္းေနသျဖင့္ ခရီးသြားႏွင့္ ကုန္ကားသမားမ်ားက ေရွာင္ကြင္းလမ္းမ်ားကို ေျပာင္းလဲအသုံးျပဳေနရ
Iris (NP News) - ဇူလိုင္ ၁၀

မုံ႐ြာ-မႏၲေလးလမ္းမႀကီး၏ မုံ႐ြာ-စစ္ကိုင္း လမ္းပိုင္းကို အေဝးေျပးကားလိုင္းမ်ားႏွင့္ ကုန္ကား အမ်ားစုက လုံၿခဳံေရးဂိတ္မ်ား၏ ေငြေၾကးေတာင္း ရမ္းမႈမ်ားေၾကာင့္ တိုက္႐ိုက္သြားလာျခင္းမလုပ္ဘဲ အရာေတာ္-႐ြာသာႀကီး-ဆားေထာင္-အုန္းေတာ-စစ္ကိုင္းလမ္းပိုင္းမွေရွာင္ကြင္း၍ သြားလာေနၾကသည့္ ျဖစ္စဥ္မ်ားျဖစ္ေပၚေနေၾကာင္း သတင္းရရွိသည္။

မုံ႐ြာမွ မႏၲေလးၿမိဳ႕သို႔ မူရင္းလမ္းမႀကီးအတိုင္း မိုင္(၈၀)ေက်ာ္ခရီးကို ကားျဖင့္သြားလာမည္ဆိုပါက သုံးနာရီထက္ပို၍မေမာင္းရသည့္အျပင္ ျဖတ္သန္းသြားလာရမည့္ လမ္းပိုင္းမ်ားမွာ မုံ႐ြာ-ေခ်ာင္းဦး-ျမင္းမူ-အုန္းေတာ-စစ္ကိုင္း-မႏၲေလးဟူ၍ အဓိက လမ္းပိုင္းမ်ားျဖစ္ ေၾကာင္းသိရသည္။ သို႔ေသာ္လည္း ၂၀၂၁ ခုႏွစ္ ႏိုင္ငံေရးျပႆနာေနာက္ပိုင္း၌ မုံ႐ြာ-မႏၲေလးလမ္းပိုင္းကို ရာႏႈန္းျပည့္ အႏၲရာယ္ကင္းကင္း သုံးစြဲခြင့္မရဘဲ အခက္အခဲမ်ားစြာျဖင့္ ယာဥ္လိုင္းမ်ား ႏွင့္ကားမ်ိဳးစုံတို႔က ျဖတ္သန္းသြားလာေနရျခင္းျဖစ္ ေၾကာင္းသိရသည္။ "မုံ႐ြာနဲ႔မႏၲေလးၾကားမွာ တပ္ဂိတ္ေတြက (၁၃)ဂိတ္ေလာက္ရွိတယ္။ အဓိကကေတာ့ စစ္ကိုင္းနဲ႔မုံ႐ြာဘက္ျခမ္းမွာ အမ်ားဆုံးပဲ။ ေငြ ေတာင္းလည္းၾကမ္းတယ္။ စစ္ကိုင္းနဲ႔မုံ႐ြာၾကား မိုင္(၇၀) ေက်ာ္ကို နယ္ေျမစိုးမိုးေရးအတြက္ တပ္က ဂိတ္ထိုင္တယ္။ ကားေတြဆီကေန ဂိတ္တိုင္းလိုလိုက ေငြေတာင္းေတာ့ တခ်ိဳ႕ဆိုရင္ မုံ႐ြာကေန မႏၲေလးအထိ တစ္ေၾကာင္းကို ေလးသိန္းကေန ေျခာက္သိန္း ေလာက္ကုန္တယ္"ဟု နယ္ေျမခံသတင္းရင္းျမစ္က NP News ကို ေျပာသည္။ ယခင္က အဆိုပါ လမ္းေပၚသို႔ နယ္ေျမခံ PDF အဖြဲ႕(၁၃)ဖြဲ႕ထက္မနည္းႀကီးစိုးေနခဲ့ၿပီး ျဖတ္သန္းသြားလာေသာကားမ်ားထံမွ ေငြေၾကးေတာင္းခံမႈမ်ားလုပ္ေဆာင္ခဲ့ေၾကာင္း၊ အလားတူ တပ္မေတာ္ယာဥ္တန္းမ်ားကို ျဖတ္ ေတာက္တိုက္ခိုက္ေလ့ရွိေၾကာင္း သိရသည္။

သို႔ေသာ္လည္း နစက၏ နယ္ေျမရွင္းလင္းေရးအဖြဲ႕မ်ားက ယခုႏွစ္ပိုင္းအတြင္း ဆက္တိုက္ႏွိမ္နင္းလာခဲ့သည့္ အတြက္ မုံ႐ြာ-မႏၲေလး အဓိကလမ္းမႀကီးေပၚ၌ PDF အဖြဲ႕မ်ားမရွိေတာ့ေၾကာင္း သတင္းရင္းျမစ္က ေျပာသည္။ PDF မ်ားက လမ္းမႀကီးေပၚသို႔ တက္လာျခင္းမ်ား အလြန္နည္းပါးသြားခဲ့ၿပီျဖစ္ေသာ္လည္း အျခားေသာျပႆနာတစ္ခုအျဖစ္ လမ္းေဘးဝဲယာမွ မိုင္းေထာင္မိုင္းဆြဲတိုက္ခိုက္ျခင္းအႏၲရာယ္မ်ားက ရွိ ေနေသးသည္ဟု ဆိုသည္။ "ေန႔တိုင္း မိုင္းရွင္းတယ္။ ကင္းလွည့္တယ္။ ဒါလည္း ေန႔တိုင္းနီးပါး ကြဲေနတာ ပါပဲ။ လမ္းမႀကီးေပၚကို PDF ေတြ တက္လာဖို႔ကေတာ့ အရင္တုန္းက(၁၃)ဖြဲ႕ေလာက္ရွိတာေတာင္ အခုလုံးဝ နီးပါး လမ္းမေပၚတက္မလာႏိုင္ေတာ့ဘူး။ ေပ်ာက္သြားၿပီ"ဟု ၎က ေျပာသည္။ ကုန္ကားေမာင္းသူ အခ်ိဳ႕ႏွင့္ ျဖတ္သန္းသြားလာဖူးသူအခ်ိဳ႕၏ သတင္းေပးခ်က္အရ PDF မ်ား၏ အႏၲရာယ္ကင္းသြားေသာ္လည္း အျခားေသာဆိုးက်ိဳးအျဖစ္ ဂိတ္ထိုင္ေသာ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား၏ ေငြေၾကးေတာင္းရမ္းမႈမ်ားက သယ္ယူပို႔ေဆာင္ေရးစရိတ္ကို ႀကီးျမင့္ေစခဲ့ေၾကာင္း လည္း ဆိုသည္။ "ကားပိုင္ရွင္ေတြကို ေကာင္းေကာင္း မြန္မြန္ေခၚေမးၾကည့္လိုက္ပါ။ မင္းတို႔ အဲဒီလမ္းေပၚမွာ ဘယ္ဂိတ္ေတြေပးရသလဲဆိုရင္ အကုန္လုံးေျဖေပးၾကလိမ့္မယ္။ အဓိကက ကိုယ့္လူကိုကိုယ္ အရင္ႏိုင္ ေအာင္လုပ္ၾကဖို႔လိုတာ။ သူတို႔ကို ခရီးသြားကားေတြ၊ ကုန္ကားေတြက မႀကိဳက္ေတာ့ အရာေတာ္လမ္းဘက္ ကေန ပတ္ၿပီးသြားေနေတာ့တာပဲ။ ေျပာရရင္ လမ္း ေၾကးက ေလးသိန္းေလာက္ သက္သာတယ္။ ဒီဘက္ ဆိုရင္ (၁၃)ဂိတ္ေလာက္ျဖတ္ရမယ့္ဟာမွာ ဟိုဘက္ ကို ေရွာင္ၿပီးေမာင္းေတာ့(၃)ဂိတ္ေလာက္ပဲ ျဖတ္ရတယ္။ ကုန္က်စရိတ္ သက္သာတယ္ေပါ့ဗ်ာ"ဟု သတင္းရင္းျမစ္တစ္ဦးက ေျပာသည္။

၎ဆိုလိုေသာ လမ္းမွာ မုံ႐ြာ-ေခ်ာင္းဦး-ျမင္းမူ-အုန္းေတာ-စစ္ကိုင္း-မႏၲေလးလမ္းပိုင္းကို ေရွာင္ကြင္း၍ မုံ႐ြာ-အရာေတာ္-႐ြာသာႀကီး-ဆားေထာင္-အုန္းေတာ-စစ္ကိုင္း-မႏၲေလးလမ္းပိုင္းကို ေျပာင္းလဲသုံးစြဲျခင္းမ်ိဳးျဖစ္ေၾကာင္း သိရသည္။ အဆိုပါလမ္းပိုင္းမ်ား၌ လုံၿခဳံေရးဂိတ္မ်ားက ေငြေၾကးေတာင္းခံမႈ အမွန္တကယ္ရွိမရွိႏွင့္ပတ္သက္၍ ကုန္ကားသမားမ်ားႏွင့္ ျဖတ္သန္းသြားလာဖူးေသာ ခရီးသြားကားမ်ားကို ေမးျမန္းႏိုင္ေၾကာင္းလည္း ဆိုသည္။ သို႔ေသာ္လည္း ေမးျမန္းမႈမ်ားတြင္ ပူးေပါင္းေဆာင္႐ြက္ရဲေစရန္အတြက္ အမွန္တကယ္အေရးယူမည့္ေမးျမန္းျခင္းမ်ိဳး သာျဖစ္သင့္ေၾကာင္းလည္း ၎က ေထာက္ျပသည္။ မုံ႐ြာ တိုင္း႐ုံးအစည္းအေဝးမ်ား၌မူ ယင္းကဲ့သို႔ ေငြေၾကးေတာင္းခံမႈမ်ားရွိေနပါက တိုင္ၾကားႏိုင္သည္ဟုသာ မၾကာခဏ ထိုင္ရာမထအစည္းအေဝးမ်ား၏စကားအတိုင္း ေျပာဆိုမႈမ်ားရွိေသာ္လည္း အမွန္တ ကယ္အေရးယူႏိုင္မႈအားနည္းေနေၾကာင္း ၎ကဆိုသည္။ "ဂိတ္ေတြကလည္း စာ႐ြက္ပါလည္းမရဘူး။ ဘာစာ႐ြက္ပါပါ ခင္ဗ်ားတို႔ အဲဒီစာ႐ြက္လာမျပနဲ႔ဆိုၿပီး ေတာင္းတာ။ ဝန္ႀကီးခ်ဳပ္ေထာက္ခံထားတဲ့ စာေတြဘာေတြလည္း မရဘူး။ တစ္လ တာဝန္က်က်၊ သုံးလပဲ က်က်ရသေလာက္ ယူထားမယ္ဆိုသလိုေတြ ျဖစ္ကုန္ၿပီ"ဟု သတင္းရင္းျမစ္ကေျပာသည္။

အျခားတစ္ဖက္တြင္မူ ကုန္ကားေမာင္းသမားမ်ားႏွင့္ ကုန္ကားပိုင္ရွင္အခ်ိဳ႕ကလည္း ဂိတ္ ေၾကးေပးရေသာေၾကာင့္ဟုဆိုကာ ကုန္ေဈးႏႈန္းမ်ား လိုအပ္သည္ထက္ ပိုမိုေဈးတင္ေရာင္း ခ်၍ နာမည္ဖ်က္ျခင္းမ်ားလည္း ရွိႏိုင္ေၾကာင္း ၎က ထည့္သြင္းေျပာၾကားသည္။ သို႔ေသာ္ အမ်ားစုမွာမူ ေခ်ာင္းဦး-ျမင္းမူကို ျဖတ္သန္းသည့္ မုံ႐ြာ-စစ္ကိုင္းလမ္းပိုင္းအတြင္း၌ လုံၿခဳံေရး ဂိတ္ေပါင္း(၁၃)ခုထက္မနည္းကို ကားတစ္စီးလွ်င္ ကုန္ပါသည့္အေနအထားေပၚမူတည္၍ က်ပ္ (၄၀ဝဝဝ) မွ တစ္သိန္းခန႔္အထိ ေပးေနၾကရေၾကာင္းသိရသည္။ အဆိုပါ မုံ႐ြာ-မႏၲေလးလမ္းပိုင္းကို ျပည္သူမ်ား သြား လာအသုံးျပဳျခင္းမလုပ္ၾကရန္ PDF မ်ားက ဇြန္လ ကုန္ပိုင္း၌ ထုတ္ျပန္ေၾကညာထားၿပီး အနီးစပ္ဆုံး ျဖစ္စဥ္တစ္ခုအျဖစ္ ဇြန္လ(၃၀)ရက္တြင္ ေခ်ာင္း ဦးၿမိဳ႕နယ္အတြင္းရွိ တပ္လုံၿခဳံေရးဂိတ္ကို PDF မ်ား ဝင္ေရာက္ပစ္ခတ္ခဲ့ရာမွ အရပ္သားခရီး သည္တင္ကားမ်ားကိုထိမွန္ကာ ခရီးသည္(၂၀)ေက်ာ္ဒဏ္ရာရခဲ့ၿပီး တစ္ဦးေသဆုံးခဲ့ရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.