ဥရောပသည် Ariane 6 ဒုံးပျံကို အာကာသထဲသို့ အောင်မြင်စွာလွှင့်တင်နိုင်ခဲ့

 546

ALynn (NP News) - ဇူလိုင် ၁၀

နိုင်ငံရေးအကျပ်အတည်းများနှင့် ရန်ပုံငွေဆိုင်ရာ အခြေအတင် ဆွေးနွေးမှုနှောင့်နှေးကြန့် ကြာခြင်းများအပြီးတွင် ဥရောပ၏ Ariane 6 လောင်ချာကို ပထမဆုံးအကြိမ်လွှင့်တင်နိုင်ခဲ့သည်။ ၅၆ မီတာ (၁၈၄ ပေ) မြင့်သော ဥရောပ၏ နောက်ဆုံးပေါ် ဒုံးပျံသည် အင်္ဂါနေ့ (ဇူလိုင် လ ၉ ရက်)၊ ဒေသစံတော်ချိန် ညနေ ၄ နာရီ (ဂရင်းနစ်စံတော်ချိန် ၁၉:၀၀ နာရီ) ဝန်းကျင်တွင် ဥရောပ၏ နှစ်ရှည်ကြာ ဒုံးပျံစီမံကိန်းရပ်နားထားမှုကို အဆုံးသတ်ကာ လွှတ်တင်ရေးခုံမှ ထွက်ခွာသွားခဲ့သည်။

တွန်းကန်အားနှင့် လမ်းကြောင်းသည် အဆင်ပြေသည်ဟု မစ်ရှင်၏ လွှတ်တင်ရေး ဒါရိုက်တာက ပါရီမြို့ရှိ ဥရောပအာကာသအေဂျင်စီရုံးချုပ်မှ လွှင့်တင်ရေးအစီအစဉ်တွင် ပါဝင်သော ဝန်ထမ်းများအား ရွှင်လန်းစွာ ချီးကျူးဂုဏ်ပြုသည့်အနေဖြင့် ပြောကြားခဲ့သည်။ လွှင့်တင်ခြင်း မစမီ အချက်အလက်များကို စစ်ဆေးရာတွင် ဒေတာသိုလှောင်မှုစနစ်တွင် ပြဿနာအနည်း ငယ်ကို တွေ့ခဲ့ရသော်လည်း စီမံထားသည့်အတိုင်း ဆောင်ရွက်ခဲ့သည်။ အဆိုပါ လွှင့်တင်ခြင်းအစီအစဉ်သည် စီးပွားဖြစ်ပျံသန်းခြင်းမဟုတ်သော်လည်း အားလုံးအဆင်ပြေပါက ဥရောပအေဂျင်စီများ၊ ကုမ္ပဏီများ နှင့် တက္ကသိုလ်များမှ ဂြိုဟ်တုများကို လွှင့်တင်စမ်းသပ်မှုများ ပြုလုပ်ရန်စီစဉ်ထားသည်။

Ariane 6 ကို Airbus နှင့် Safran တို့ ပူးတွဲပိုင်ဆိုင်သော ArianeGroup မှ ခန့်မှန်းချေ ယူရို ၄ ဘီလျံ (ဒေါ်လာ ၄ ဒသမ ၃ ဘီလျံ)ဖြင့် တီထွင်ခဲ့သည်။ ၎င်းကို ၂၀၂၀ ပြည့်နှစ်တွင် အသုံးပြုနိုင်ရန် မူလကသတ်မှတ်ထားသော်လည်း နှောင့်နှေးမှုများရှိခဲ့သည်။ အေဂျင်စီသည် လွန်ခဲ့ သော တစ်နှစ်ကျော်က Ariane 5 ဒုံးပျံတည်ဆောက်ခြင်းကို ရပ်နားပြီးကတည်းက ဥရောပသည် ၎င်း၏ ဂြိုဟ်တုများကို အာကာသထဲသို့ အမှီအခိုကင်းကင်းလွှတ်တင်ရန် မလွယ်ကူတော့ဘဲ ယူကရိန်းစစ်ပွဲကြောင့် အနောက်နိုင်ငံများသည် ရုရှား၏ Soyuz ဒုံးပျံများ စီမံကိန်းများနှင့် ပတ်သက်ဆက်နွှယ်ခြင်းကိုလည်း ဖြတ်တောက်ခဲ့ရပြီး အီတလီ၏ Vega-C ကိုလည်း ရပ်တန့်ထားသည်။ အသေးစားဥရောပလုပ်ငန်းသုံး လောင်ချာများ မျိုးဆက်သစ်သည်လည်း ဖွံ့ဖြိုးဆဲအခြေအနေဖြင့်သာ တန့်နေခဲ့သည်။ ဥရောပသည် Elon Musk ၏ SpaceX ကုမ္ပဏီကဲ့သို့သော ပြိုင်ဘက်များကို အားကိုးခြင်းမရှိဘဲ ဂြိုဟ်တုများ သို့မဟုတ် အခြားဒုံးပျံများကို အာကာသထဲသို့ လွှတ်တင်နိုင်ခြင်း မရှိခဲ့ပေ။ Ariane 6 ကို ယခုနှစ်တွင် နောက်ထပ် တစ်ကြိမ်လွှတ်တင်ရန် စီစဉ်ထားပြီး ၂၀၂၅ ခုနှစ်တွင် (၆) ခုနှင့် ၂၀၂၆ ခုနှစ်တွင် (၈)ခု ပြုလုပ်ရန် စီစဉ်ထားသည်။

zawgyi version
ဥေရာပသည္ Ariane 6 ဒုံးပ်ံကို အာကာသထဲသို႔ ေအာင္ျမင္စြာလႊင့္တင္ႏိုင္ခဲ့
ALynn (NP News) - ဇူလိုင္ ၁၀

ႏိုင္ငံေရးအက်ပ္အတည္းမ်ားႏွင့္ ရန္ပုံေငြဆိုင္ရာ အေျခအတင္ ေဆြးေႏြးမႈေႏွာင့္ေႏွးၾကန႔္ ၾကာျခင္းမ်ားအၿပီးတြင္ ဥေရာပ၏ Ariane 6 ေလာင္ခ်ာကို ပထမဆုံးအႀကိမ္လႊင့္တင္ႏိုင္ခဲ့သည္။ ၅၆ မီတာ (၁၈၄ ေပ) ျမင့္ေသာ ဥေရာပ၏ ေနာက္ဆုံးေပၚ ဒုံးပ်ံသည္ အဂၤါေန႔ (ဇူလိုင္ လ ၉ ရက္)၊ ေဒသစံေတာ္ခ်ိန္ ညေန ၄ နာရီ (ဂရင္းနစ္စံေတာ္ခ်ိန္ ၁၉:၀၀ နာရီ) ဝန္းက်င္တြင္ ဥေရာပ၏ ႏွစ္ရွည္ၾကာ ဒုံးပ်ံစီမံကိန္းရပ္နားထားမႈကို အဆုံးသတ္ကာ လႊတ္တင္ေရးခုံမွ ထြက္ခြာသြားခဲ့သည္။

တြန္းကန္အားႏွင့္ လမ္းေၾကာင္းသည္ အဆင္ေျပသည္ဟု မစ္ရွင္၏ လႊတ္တင္ေရး ဒါ႐ိုက္တာက ပါရီၿမိဳ႕ရွိ ဥေရာပအာကာသေအဂ်င္စီ႐ုံးခ်ဳပ္မွ လႊင့္တင္ေရးအစီအစဥ္တြင္ ပါဝင္ေသာ ဝန္ထမ္းမ်ားအား ႐ႊင္လန္းစြာ ခ်ီးက်ဴးဂုဏ္ျပဳသည့္အေနျဖင့္ ေျပာၾကားခဲ့သည္။ လႊင့္တင္ျခင္း မစမီ အခ်က္အလက္မ်ားကို စစ္ေဆးရာတြင္ ေဒတာသိုေလွာင္မႈစနစ္တြင္ ျပႆနာအနည္း ငယ္ကို ေတြ႕ခဲ့ရေသာ္လည္း စီမံထားသည့္အတိုင္း ေဆာင္႐ြက္ခဲ့သည္။ အဆိုပါ လႊင့္တင္ျခင္းအစီအစဥ္သည္ စီးပြားျဖစ္ပ်ံသန္းျခင္းမဟုတ္ေသာ္လည္း အားလုံးအဆင္ေျပပါက ဥေရာပေအဂ်င္စီမ်ား၊ ကုမၸဏီမ်ား ႏွင့္ တကၠသိုလ္မ်ားမွ ၿဂိဳဟ္တုမ်ားကို လႊင့္တင္စမ္းသပ္မႈမ်ား ျပဳလုပ္ရန္စီစဥ္ထားသည္။

Ariane 6 ကို Airbus ႏွင့္ Safran တို႔ ပူးတြဲပိုင္ဆိုင္ေသာ ArianeGroup မွ ခန႔္မွန္းေခ် ယူ႐ို ၄ ဘီလ်ံ (ေဒၚလာ ၄ ဒသမ ၃ ဘီလ်ံ)ျဖင့္ တီထြင္ခဲ့သည္။ ၎ကို ၂၀၂၀ ျပည့္ႏွစ္တြင္ အသုံးျပဳႏိုင္ရန္ မူလကသတ္မွတ္ထားေသာ္လည္း ေႏွာင့္ေႏွးမႈမ်ားရွိခဲ့သည္။ ေအဂ်င္စီသည္ လြန္ခဲ့ ေသာ တစ္ႏွစ္ေက်ာ္က Ariane 5 ဒုံးပ်ံတည္ေဆာက္ျခင္းကို ရပ္နားၿပီးကတည္းက ဥေရာပသည္ ၎၏ ၿဂိဳဟ္တုမ်ားကို အာကာသထဲသို႔ အမွီအခိုကင္းကင္းလႊတ္တင္ရန္ မလြယ္ကူေတာ့ဘဲ ယူကရိန္းစစ္ပြဲေၾကာင့္ အေနာက္ႏိုင္ငံမ်ားသည္ ႐ုရွား၏ Soyuz ဒုံးပ်ံမ်ား စီမံကိန္းမ်ားႏွင့္ ပတ္သက္ဆက္ႏႊယ္ျခင္းကိုလည္း ျဖတ္ေတာက္ခဲ့ရၿပီး အီတလီ၏ Vega-C ကိုလည္း ရပ္တန႔္ထားသည္။ အေသးစားဥေရာပလုပ္ငန္းသုံး ေလာင္ခ်ာမ်ား မ်ိဳးဆက္သစ္သည္လည္း ဖြံ႕ၿဖိဳးဆဲအေျခအေနျဖင့္သာ တန႔္ေနခဲ့သည္။ ဥေရာပသည္ Elon Musk ၏ SpaceX ကုမၸဏီကဲ့သို႔ေသာ ၿပိဳင္ဘက္မ်ားကို အားကိုးျခင္းမရွိဘဲ ၿဂိဳဟ္တုမ်ား သို႔မဟုတ္ အျခားဒုံးပ်ံမ်ားကို အာကာသထဲသို႔ လႊတ္တင္ႏိုင္ျခင္း မရွိခဲ့ေပ။ Ariane 6 ကို ယခုႏွစ္တြင္ ေနာက္ထပ္ တစ္ႀကိမ္လႊတ္တင္ရန္ စီစဥ္ထားၿပီး ၂၀၂၅ ခုႏွစ္တြင္ (၆) ခုႏွင့္ ၂၀၂၆ ခုႏွစ္တြင္ (၈)ခု ျပဳလုပ္ရန္ စီစဥ္ထားသည္။

Related news

© 2021. All rights reserved.