မုံရွာ-ရေဦး-ကံထူးမလမ်းပိုင်း၌ ကားသမားများကို ရှောင်ကွင်းလမ်းများမှ မောင်းခိုင်းပြီး PDF များက ရွာစဉ်ထွက်၍ အဆမတန် ငွေကြေးကောက်ခံမှုများလုပ်ဆောင်နေ

 7071

Iris (NP News) - ဇူလိုင် ၁၁

မုံရွာ-ရေဦး-ကံထူးမလမ်းပိုင်း၏အဓိက လမ်းမကြီးများပေါ်မှ ဖြတ်သန်းသွားလာပါက မိုင်းဆွဲ တိုက်ခိုက်မည်ဟု PDF များက ခြိမ်းခြောက်ထားပြီး ကုန်ကားနှင့်ခရီးသွားကားများကို ကျေးရွာချင်းဆက် ရှောင်ကွင်းလမ်းများမှတစ်ဆင့်သွားလာခိုင်းကာ ငွေကြေးအဆမတန်တောင်းခံနေကြောင်း သတင်းရရှိသည်။

မုံရွာမြို့ပေါ်သို့ စားသုံးကုန်နှင့် လူသုံးကုန် ပစ္စည်းလာရောက်ဝယ်ယူခြင်းဖြစ်စေ၊ ခရီး သွားလာခြင်းဖြစ်စေ အဓိကလမ်းမကြီးများအတိုင်း သွားလာခြင်းမျိုးကို PDF များက တားမြစ်ထားခြင်းဖြစ်ပြီး ကျေးရွာချင်းဆက်ရှောင်ကွင်းလမ်းများမှ သွားလာခိုင်းခြင်းကလည်း ဖြတ်သန်းခကောက်ခံရန် အတွက် သာ ဖြစ်ကြောင်း ဖြတ်သန်းသွားလာခဲ့သူ သတင်းရင်းမြစ်များက NP News ကို ပြောကြားသည်။

“ မုံရွာ-ရေဦး-တန့်ဆည်-ကံထူးမလမ်း ပိုင်းမှာပါ။ မုံရွာပြီးရင် ဘုတလင်-စိုင်ပြင်ကြီးပေါ့။ အဲ ဒီအထိရောက်ပြီးတာနဲ့ ဒီပဲယင်း-ရေဦး-တန့်ဆည် လမ်းပိုင်းကို ရှောင်ကွင်းသွားခိုင်းတာ။ မြို့သုံးမြို့ကို ရှောင်ပြီး ကြားထဲက တောလမ်းတွေကနေ သွားခိုင်းတာ။ ကားသမားတွေက စိတ်ညစ်ကုန်ရော။ လမ်း လည်းပိုရှည်သွားတယ်။ မိုးတွင်းဆိုတော့ ဗွက်နစ်တယ်။ ဆီဖိုးလည်း ပိုကုန်တယ်။ ရွာတွေကလည်း ရွာစဉ် ထွက်တောင်းနေတာ။ ဂိတ်ချပြီးတော့ ပကဖတို့ ဘာတို့တွေပေါ့။ အရင်က လမ်းမကြီးပေါ်မှာထွက် တောင်းတာ စွန့်စားရတာများတော့ ရွာချင်းဆက် လမ်းကြောင်းကနေ မောင်းခိုင်းပြီးတောင်းနေတာ” ဟု ဖြတ်သန်းသွားလာဖူးသူ လုပ်ငန်းရှင် သတင်းရင်းမြစ်က NP News ကို ပြောသည်။ မူရင်းလမ်းကြောင်းအရ ကံထူးမ-တန့် ဆည်-ရေဦး-ဒီပဲယင်း-စိုင်ပြင်ကြီး-ဘုတလင်-မုံရွာဟူ၍ မိုင်(၆၀)ဝန်းကျင် ခရီးသာရှိသော်လည်း ကုန်ကားများနှင့် ခရီးသည်တင်ကားတိုင်းလိုလိုက နယ်မြေ သတင်းများကြောင့် နှစ်နာရီခန့် အချိန်ကုန်ခံ၍ ရှောင်ကွင်းမောင်းနှင်နေရခြင်းမျိုးဖြစ်ကြောင်း သိရ သည်။ အထူးသဖြင့် မုံရွာမြို့သို့ စားသုံးကုန်ပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းများ လာရောက်ဝယ်ယူကြရ သည့် ကုန်ကားများထံမှလည်း မတန်တဆ ဈေးနှုန်းမျိုးဖြင့် ငွေကြောင်းတောင်းခံနေကြခြင်းဖြစ်ကြောင်း သိရသည်။

“ ဟိုတစ်လောကပဲ မုံရွာကနေ ကုန်ပစ္စည်း သိန်း(၁၀ဝ)ဖိုးလောက် ဝယ်သွားတဲ့ ကားတစ်စီးကို ဖြတ်သန်းခ(၅)သိန်းတောင် တောင်းတယ်။ ဘောက်ချာ ကြည့်ပြီးတော့ကို တောင်းတာ။ အဲဒါကို တပ်က လည်း မြို့ထဲမှာပဲထိုင်နေကြတော့ လိုက်မရှင်းပေးနိုင်ကြဘူးပေါ့” ဟု သတင်းရင်းမြစ်ကပြောသည်။ မုံရွာ-ရေဦး-တန့်ဆည်လမ်းပိုင်းကို စစ်တပ်၏လုံခြုံရေးဂိတ်များက လမ်းမကြီးပေါ်၌ ထိန်းချုပ်ထားနိုင်သော်လည်း အနီးဝန်းကျင်တစ်ဝိုက်မှ ကျေးရွာများကိုမူ ထိန်းချုပ်နိုင်ခြင်းမရှိသေးကြောင်း ကြားသိရသည်။ ကားသမားများကလည်း မုံရွာမှစတင် မောင်းနှင်လာပြီးနောက် စိုင်ပြင်ကြီးတစ်ဝိုက်မှ စတင်၍ ဒီပဲယင်းသို့မဝင်တော့ဘဲ ကံထူးမအထိ တိုက်ရိုက်ရောက်နိုင်သော ကျေးရွာရှောင်ကွင်းလမ်းများ ကို ဦးတည်မောင်းနှင်ကြရကြောင်း သိရသည်။ ဘုတလင် နှင့် စိုင်ပြင်ကြီးကြားထဲတွင်လည်း တိုက်ရိုက် မသွားဘဲ တစ်ကြိမ်ရှောင်ကွင်း၍ သွားပေးရကြောင်း ကြားသိရသည်။

“ မတ်လတုန်းက တစ်ခေါက်ဖြစ်ခဲ့တာရှိတယ်။ ဘုတလင်ကို ကျော်လာတဲ့ကားတွေကို မုံရွာ နမခက မြို့ထဲကို အဝင်မခံဘူး။ ဘုတလင်က ထောက်ခံစာမပါဘဲ ဝင်လာတာမှာ ခွင့်မပြုတာ။ ကား တစ်စီးမှာ ကျားဘယ်လောက် မဘယ်လောက်၊ ပစ္စည်းဘာပါတယ်ဆိုတဲ့ ထောက်ခံစာမျိုးမပါလို့ ဝင်ခွင့် မပြုတော့ ကားအတော်များများက ဘုတလင်ကို မဖြစ်မနေ ပြန်ဝင်ခဲ့ကြသေးတယ်။ နောက်ပိုင်း အဲဒီစနစ်က ရပ်သွားတယ်။ ပုံမှန်က လမ်းမကြီးပေါ်က မြို့တွေကို အကုန်ဖြတ်ကို ဖြတ်ရမှာ။ ကားသမား တွေကို သေချာမေးပြီးတော့ သူတို့(PDF) ရှောင်ကွင်း ခိုင်းတဲ့လမ်းတွေကို ဝင်ရှင်းရမှာ” ဟု သတင်းရင်းမြစ်က ပြောသည်။

ရှောင်ကွင်းလမ်းများမှတစ်ဆင့် မဖြစ်မနေ ဖြတ်သန်းမောင်းနှင်ရသော ကားသမားများအနေဖြင့် ရွာစဉ်တိုင်းလိုလိုရှိ PDF ဂိတ်များထံ သိန်းချီပေးနေရကြောင်းလည်း သိရသည်။ ဂိတ်တစ်ခုချင်းစီ၏ နေ့စဉ်ဝင်ငွေမှာလည်း အနည်းဆုံးကျပ်သိန်း(၃၀)မှ(၅၀)ကြား ရရှိနေကြပြီး လစဉ် ကျပ်သိန်း(၉၀ဝ) ထက်မနည်း ပုံမှန်ရရှိနေကြသည်ဟု ခန့်မှန်းထားကြသည်။ကောက်ခံရရှိသည့်ငွေကြေးများထဲမှ ငါးပုံ တစ်ပုံခန့်ကို နယ်မြေခံ PDF များက ကျေးရွာ စစ်ဘေးရှောင်များထံ ပြန်လည်လှူဒါန်းမှုများလုပ်၍ အခြားသောငွေများကို ၎င်းတို့အဖွဲ့များအတွက် ခွဲဝေသုံးစွဲကြသည်ဟု သိရသည်။

“ တိုက်ပွဲတွေကြောင့် ရွာတွေပျက်ထားလို့ စားဝတ်နေရေးခက်ခဲနေပြီလို့ ကျွန်တော်တို့က ထင် ထားတာ။ ကားတွေနဲ့ ကုန်ဝယ်နိုင်တယ်ဗျာ” ဟု သတင်းရင်းမြစ်က ပြောသည်။ ၎င်း၏ဆိုလိုရင်းမှာ ကျေးရွာချင်းဆက်လမ်းများမှ ဖြတ်သန်းကြရသော ကား သမားများထံမှ တစ်ဂိတ်-တစ်ဖွဲ့လျှင် ကျပ် (၃၀ဝဝဝ)ထက်မနည်း တောင်းခံနေပြီး နေ့စဉ် ကျပ်သိန်း(၃၀) ထက်မနည်း၊ လစဉ် ကျပ်သိန်း(၉၀ဝ)ထက် မနည်း ရရှိထားသည့်ငွေထဲမှPDF များနှင့် စစ်ဘေးရှောင် ကျေးရွာခံများက စားသုံးကုန်ပစ္စည်း ပြန်လည် ဝယ်ယူမှုများ လုပ်ဆောင်နေကြခြင်းမျိုးဖြစ်ကြောင်း သိရသည်။

မုံရွာ-ရေဦး-တန့်ဆည် လမ်းပိုင်းတစ်လျှောက်တွင် မိုင်းဆွဲတိုက်ခိုက်သည့်လုပ်ငန်းစဉ်များ ရှိနေ ပြီး မိုင်းရှင်းလင်းရသည့်လုပ်ငန်းစဉ်များကိုလည်း တပ်မတော်စစ်ကြောင်းများက အချိန်ယူ၍ပုံမှန် လုပ်ဆောင်နေရကြောင်းကြားသိရသည်။ အထူးသဖြင့် လမ်းမကြီးပေါ်သို့ PDF များက ယခင်နှစ်များ ကကဲ့သို့ ပေါ်ပေါ်ထင်ထင် ဂိတ်ထိုင်နိုင်ခြင်းမရှိတော့ဘဲ ရှောင်တ ခင်တက်လာခြင်းမျိုးသာ ရှိထားကြောင်း၊ ယခုနောက်ပိုင်းတွင် လမ်းမကြီးအတိုင်း မောင်းနှင်ပါက မိုင်းခွဲတိုက်ခိုက်မည်ဟု ကားမောင်း သမားများထံသို့PDF များက ခြိမ်းခြောက်မှုလုပ်ထားပြီး ကျေးရွာချင်းဆက်ရှောင်ကွင်းလမ်းများကို မဖြစ်မနေ မောင်းနှင်သွားလာပေးရမည်ဟု သတိပေးထားခြင်းဖြစ်ကြောင်းလည်း သိရသည်။

zawgyi version
မုံ႐ြာ-ေရဦး-ကံထူးမလမ္းပိုင္း၌ ကားသမားမ်ားကို ေရွာင္ကြင္းလမ္းမ်ားမွ ေမာင္းခိုင္းၿပီး PDF မ်ားက ႐ြာစဥ္ထြက္၍ အဆမတန္ ေငြေၾကးေကာက္ခံမႈမ်ားလုပ္ေဆာင္ေန
Iris (NP News) - ဇူလိုင္ ၁၁

မုံ႐ြာ-ေရဦး-ကံထူးမလမ္းပိုင္း၏အဓိက လမ္းမႀကီးမ်ားေပၚမွ ျဖတ္သန္းသြားလာပါက မိုင္းဆြဲ တိုက္ခိုက္မည္ဟု PDF မ်ားက ၿခိမ္းေျခာက္ထားၿပီး ကုန္ကားႏွင့္ခရီးသြားကားမ်ားကို ေက်း႐ြာခ်င္းဆက္ ေရွာင္ကြင္းလမ္းမ်ားမွတစ္ဆင့္သြားလာခိုင္းကာ ေငြေၾကးအဆမတန္ေတာင္းခံေနေၾကာင္း သတင္းရရွိသည္။

မုံ႐ြာၿမိဳ႕ေပၚသို႔ စားသုံးကုန္ႏွင့္ လူသုံးကုန္ ပစၥည္းလာေရာက္ဝယ္ယူျခင္းျဖစ္ေစ၊ ခရီး သြားလာျခင္းျဖစ္ေစ အဓိကလမ္းမႀကီးမ်ားအတိုင္း သြားလာျခင္းမ်ိဳးကို PDF မ်ားက တားျမစ္ထားျခင္းျဖစ္ၿပီး ေက်း႐ြာခ်င္းဆက္ေရွာင္ကြင္းလမ္းမ်ားမွ သြားလာခိုင္းျခင္းကလည္း ျဖတ္သန္းခေကာက္ခံရန္ အတြက္ သာ ျဖစ္ေၾကာင္း ျဖတ္သန္းသြားလာခဲ့သူ သတင္းရင္းျမစ္မ်ားက NP News ကို ေျပာၾကားသည္။

“ မုံ႐ြာ-ေရဦး-တန႔္ဆည္-ကံထူးမလမ္း ပိုင္းမွာပါ။ မုံ႐ြာၿပီးရင္ ဘုတလင္-စိုင္ျပင္ႀကီးေပါ့။ အဲ ဒီအထိေရာက္ၿပီးတာနဲ႔ ဒီပဲယင္း-ေရဦး-တန႔္ဆည္ လမ္းပိုင္းကို ေရွာင္ကြင္းသြားခိုင္းတာ။ ၿမိဳ႕သုံးၿမိဳ႕ကို ေရွာင္ၿပီး ၾကားထဲက ေတာလမ္းေတြကေန သြားခိုင္းတာ။ ကားသမားေတြက စိတ္ညစ္ကုန္ေရာ။ လမ္း လည္းပိုရွည္သြားတယ္။ မိုးတြင္းဆိုေတာ့ ဗြက္နစ္တယ္။ ဆီဖိုးလည္း ပိုကုန္တယ္။ ႐ြာေတြကလည္း ႐ြာစဥ္ ထြက္ေတာင္းေနတာ။ ဂိတ္ခ်ၿပီးေတာ့ ပကဖတို႔ ဘာတို႔ေတြေပါ့။ အရင္က လမ္းမႀကီးေပၚမွာထြက္ ေတာင္းတာ စြန႔္စားရတာမ်ားေတာ့ ႐ြာခ်င္းဆက္ လမ္းေၾကာင္းကေန ေမာင္းခိုင္းၿပီးေတာင္းေနတာ” ဟု ျဖတ္သန္းသြားလာဖူးသူ လုပ္ငန္းရွင္ သတင္းရင္းျမစ္က NP News ကို ေျပာသည္။ မူရင္းလမ္းေၾကာင္းအရ ကံထူးမ-တန႔္ ဆည္-ေရဦး-ဒီပဲယင္း-စိုင္ျပင္ႀကီး-ဘုတလင္-မုံ႐ြာဟူ၍ မိုင္(၆၀)ဝန္းက်င္ ခရီးသာရွိေသာ္လည္း ကုန္ကားမ်ားႏွင့္ ခရီးသည္တင္ကားတိုင္းလိုလိုက နယ္ေျမ သတင္းမ်ားေၾကာင့္ ႏွစ္နာရီခန႔္ အခ်ိန္ကုန္ခံ၍ ေရွာင္ကြင္းေမာင္းႏွင္ေနရျခင္းမ်ိဳးျဖစ္ေၾကာင္း သိရ သည္။ အထူးသျဖင့္ မုံ႐ြာၿမိဳ႕သို႔ စားသုံးကုန္ပစၥည္းႏွင့္ လူသုံးကုန္ပစၥည္းမ်ား လာေရာက္ဝယ္ယူၾကရ သည့္ ကုန္ကားမ်ားထံမွလည္း မတန္တဆ ေဈးႏႈန္းမ်ိဳးျဖင့္ ေငြေၾကာင္းေတာင္းခံေနၾကျခင္းျဖစ္ေၾကာင္း သိရသည္။

“ ဟိုတစ္ေလာကပဲ မုံ႐ြာကေန ကုန္ပစၥည္း သိန္း(၁၀ဝ)ဖိုးေလာက္ ဝယ္သြားတဲ့ ကားတစ္စီးကို ျဖတ္သန္းခ(၅)သိန္းေတာင္ ေတာင္းတယ္။ ေဘာက္ခ်ာ ၾကည့္ၿပီးေတာ့ကို ေတာင္းတာ။ အဲဒါကို တပ္က လည္း ၿမိဳ႕ထဲမွာပဲထိုင္ေနၾကေတာ့ လိုက္မရွင္းေပးႏိုင္ၾကဘူးေပါ့” ဟု သတင္းရင္းျမစ္ကေျပာသည္။ မုံ႐ြာ-ေရဦး-တန႔္ဆည္လမ္းပိုင္းကို စစ္တပ္၏လုံၿခဳံေရးဂိတ္မ်ားက လမ္းမႀကီးေပၚ၌ ထိန္းခ်ဳပ္ထားႏိုင္ေသာ္လည္း အနီးဝန္းက်င္တစ္ဝိုက္မွ ေက်း႐ြာမ်ားကိုမူ ထိန္းခ်ဳပ္ႏိုင္ျခင္းမရွိေသးေၾကာင္း ၾကားသိရသည္။ ကားသမားမ်ားကလည္း မုံ႐ြာမွစတင္ ေမာင္းႏွင္လာၿပီးေနာက္ စိုင္ျပင္ႀကီးတစ္ဝိုက္မွ စတင္၍ ဒီပဲယင္းသို႔မဝင္ေတာ့ဘဲ ကံထူးမအထိ တိုက္႐ိုက္ေရာက္ႏိုင္ေသာ ေက်း႐ြာေရွာင္ကြင္းလမ္းမ်ား ကို ဦးတည္ေမာင္းႏွင္ၾကရေၾကာင္း သိရသည္။ ဘုတလင္ ႏွင့္ စိုင္ျပင္ႀကီးၾကားထဲတြင္လည္း တိုက္႐ိုက္ မသြားဘဲ တစ္ႀကိမ္ေရွာင္ကြင္း၍ သြားေပးရေၾကာင္း ၾကားသိရသည္။

“ မတ္လတုန္းက တစ္ေခါက္ျဖစ္ခဲ့တာရွိတယ္။ ဘုတလင္ကို ေက်ာ္လာတဲ့ကားေတြကို မုံ႐ြာ နမခက ၿမိဳ႕ထဲကို အဝင္မခံဘူး။ ဘုတလင္က ေထာက္ခံစာမပါဘဲ ဝင္လာတာမွာ ခြင့္မျပဳတာ။ ကား တစ္စီးမွာ က်ားဘယ္ေလာက္ မဘယ္ေလာက္၊ ပစၥည္းဘာပါတယ္ဆိုတဲ့ ေထာက္ခံစာမ်ိဳးမပါလို႔ ဝင္ခြင့္ မျပဳေတာ့ ကားအေတာ္မ်ားမ်ားက ဘုတလင္ကို မျဖစ္မေန ျပန္ဝင္ခဲ့ၾကေသးတယ္။ ေနာက္ပိုင္း အဲဒီစနစ္က ရပ္သြားတယ္။ ပုံမွန္က လမ္းမႀကီးေပၚက ၿမိဳ႕ေတြကို အကုန္ျဖတ္ကို ျဖတ္ရမွာ။ ကားသမား ေတြကို ေသခ်ာေမးၿပီးေတာ့ သူတို႔(PDF) ေရွာင္ကြင္း ခိုင္းတဲ့လမ္းေတြကို ဝင္ရွင္းရမွာ” ဟု သတင္းရင္းျမစ္က ေျပာသည္။

ေရွာင္ကြင္းလမ္းမ်ားမွတစ္ဆင့္ မျဖစ္မေန ျဖတ္သန္းေမာင္းႏွင္ရေသာ ကားသမားမ်ားအေနျဖင့္ ႐ြာစဥ္တိုင္းလိုလိုရွိ PDF ဂိတ္မ်ားထံ သိန္းခ်ီေပးေနရေၾကာင္းလည္း သိရသည္။ ဂိတ္တစ္ခုခ်င္းစီ၏ ေန႔စဥ္ဝင္ေငြမွာလည္း အနည္းဆုံးက်ပ္သိန္း(၃၀)မွ(၅၀)ၾကား ရရွိေနၾကၿပီး လစဥ္ က်ပ္သိန္း(၉၀ဝ) ထက္မနည္း ပုံမွန္ရရွိေနၾကသည္ဟု ခန႔္မွန္းထားၾကသည္။ေကာက္ခံရရွိသည့္ေငြေၾကးမ်ားထဲမွ ငါးပုံ တစ္ပုံခန႔္ကို နယ္ေျမခံ PDF မ်ားက ေက်း႐ြာ စစ္ေဘးေရွာင္မ်ားထံ ျပန္လည္လႉဒါန္းမႈမ်ားလုပ္၍ အျခားေသာေငြမ်ားကို ၎တို႔အဖြဲ႕မ်ားအတြက္ ခြဲေဝသုံးစြဲၾကသည္ဟု သိရသည္။

“ တိုက္ပြဲေတြေၾကာင့္ ႐ြာေတြပ်က္ထားလို႔ စားဝတ္ေနေရးခက္ခဲေနၿပီလို႔ ကြၽန္ေတာ္တို႔က ထင္ ထားတာ။ ကားေတြနဲ႔ ကုန္ဝယ္ႏိုင္တယ္ဗ်ာ” ဟု သတင္းရင္းျမစ္က ေျပာသည္။ ၎၏ဆိုလိုရင္းမွာ ေက်း႐ြာခ်င္းဆက္လမ္းမ်ားမွ ျဖတ္သန္းၾကရေသာ ကား သမားမ်ားထံမွ တစ္ဂိတ္-တစ္ဖြဲ႕လွ်င္ က်ပ္ (၃၀ဝဝဝ)ထက္မနည္း ေတာင္းခံေနၿပီး ေန႔စဥ္ က်ပ္သိန္း(၃၀) ထက္မနည္း၊ လစဥ္ က်ပ္သိန္း(၉၀ဝ)ထက္ မနည္း ရရွိထားသည့္ေငြထဲမွPDF မ်ားႏွင့္ စစ္ေဘးေရွာင္ ေက်း႐ြာခံမ်ားက စားသုံးကုန္ပစၥည္း ျပန္လည္ ဝယ္ယူမႈမ်ား လုပ္ေဆာင္ေနၾကျခင္းမ်ိဳးျဖစ္ေၾကာင္း သိရသည္။

မုံ႐ြာ-ေရဦး-တန႔္ဆည္ လမ္းပိုင္းတစ္ေလွ်ာက္တြင္ မိုင္းဆြဲတိုက္ခိုက္သည့္လုပ္ငန္းစဥ္မ်ား ရွိေန ၿပီး မိုင္းရွင္းလင္းရသည့္လုပ္ငန္းစဥ္မ်ားကိုလည္း တပ္မေတာ္စစ္ေၾကာင္းမ်ားက အခ်ိန္ယူ၍ပုံမွန္ လုပ္ေဆာင္ေနရေၾကာင္းၾကားသိရသည္။ အထူးသျဖင့္ လမ္းမႀကီးေပၚသို႔ PDF မ်ားက ယခင္ႏွစ္မ်ား ကကဲ့သို႔ ေပၚေပၚထင္ထင္ ဂိတ္ထိုင္ႏိုင္ျခင္းမရွိေတာ့ဘဲ ေရွာင္တ ခင္တက္လာျခင္းမ်ိဳးသာ ရွိထားေၾကာင္း၊ ယခုေနာက္ပိုင္းတြင္ လမ္းမႀကီးအတိုင္း ေမာင္းႏွင္ပါက မိုင္းခြဲတိုက္ခိုက္မည္ဟု ကားေမာင္း သမားမ်ားထံသို႔PDF မ်ားက ၿခိမ္းေျခာက္မႈလုပ္ထားၿပီး ေက်း႐ြာခ်င္းဆက္ေရွာင္ကြင္းလမ္းမ်ားကို မျဖစ္မေန ေမာင္းႏွင္သြားလာေပးရမည္ဟု သတိေပးထားျခင္းျဖစ္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.